← Chapters

တစ်.. နှစ်.. သုံး.. လေး.. ငါး ~

Vol. 9 Ch. 135

တစ်.. နှစ်.. သုံး.. လေး.. ငါး ~

Vol. 9 Ch. 135

ကျန်းနန်တက္ကသိုလ်က ကြီးမားသော်လည်း လင်းမို့၏ အိပ်ဆောင်ကို ရှာရန် မခက်ခဲ ။

ဆယ့်ငါးမိနစ်အကြာတွင် ချီဖုန့်ပိုက လင်းမို့၏ တံခါးတွင် ရပ်၍ ဘဲလ်တီးလိုက်သည် ။

' ဘယ်သူလဲဟ.. '

လင်းမို့လည်း တံခါးထဖွင့်ရင်း ရှုပ်ထွေးသွားသည် ။ ဟောက်ရန်နှင့် လီကျားရွှမ် လာလည်လျှင် ဖုန်းအရင်ဆက်သင့်ပေသည် ။

သူ တံခါးကို ဖွင့်လိုက်လျှင် သူစိမ်းတစ်ယောက်အား တွေ့လိုက်ရသည် ။

" မင်းက.."

လင်းမို့က ရှုပ်ထွေးစွာ ကြည့်၍ မေးလိုက်၏ ။

" ငါ့ကိုငါ မိတ်ဆက်ပေးမယ်.. "

ချီဖုန့်ပိုက ဂုဏ်ယူဟန်ဖြင့် ပြုံး၍ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။

" ငါ့နာမည် ချီဖုန့်ပို.. နင် ဒီနေရာကို ရောက်နေပြီဆိုတော့.. ငါ့နာမည်ကို ကြားဖူးမှာပေါ့.. "

သူမက ဒုတိယနှစ်၏ အဆင့် ၂ ပါရမီရှင် ဖြစ်သဖြင့် ကျန်းနန် တက္ကသိုလ်တွင် သူမအား မသိသူ မရှိ ။ ထို့ကြောင့် ယုံကြည်မှု အပြည့်ဖြင့် မေးလိုက်ခြင်းဖြစ်သည် ။

ကျန်းနန်တက္ကသိုလ်တွင်သာမက ရှားနိုင်ငံ၏ သိုင်းလောက တစ်ခုလုံးတွင်ပင် သူမ၏ ဂုဏ်သတင်းမှာ ပြန့်လွှင့် နေချေသည် ။ သူမက သိုင်းလောက၏ ကြယ်ပွင့် လှလှလေး တစ်ပွင့်ပင် ။

" ချီဖုန့်ပိုလား .."

လင်းမို့က သေချာကြည့်လိုက်၏ ။

" ဟုတ်တယ်.. "

ချီဖုန့်ပိုက ကြိုးကြားတစ်ကောင်လို လည်ကိုမော့၍ မာနကြီးဟန်ဖြင့် ဖြေလိုက်သည် ။ ပြီးမှ သူမ၏ ခေါင်းကို တဖြည်းဖြည့်း နှိမ့်ချလိုက်ပြီး သူမ၏ ဂျူနီယာလေးကို ကြည့်လိုက်သည် ။

လင်းမို့က ခဏကြာအောင် စဥ်းစားလိုက်သော်လည်း မှတ်ညဏ်ထဲတွင် ပေါ်မလာ ။

" ငါ တစ်ခါမှ မကြားဖူးဘူး.. "

" ငါ.... "

ချီဖုန့်ပို သွေးအန်လုနီးပါး ဖြစ်သွားသည် ။

' နင်ယဥ်ကျေးမှုကို နားမလည်ဘူးလား..'

' ဒီမှာ ငါကြွားနေတဲ့ ပုံကို မမြင်ဘူးလား..'

' နင်မသိရင်အောင် နည်းနည်းလောက် ဟန်ဆောင်ပန်ဆောင် ဖြေလို့မရဘူးလား..'

' နင် လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုစကားပြောရမယ်ဆိုတာ မသိဘူးလား..'

" လူငယ်တွေက ဘယ်လို စကားပြောရမလဲ မသိဘူးပဲ.. "

ချီဖုန့်ပိုက ဆရာမကြီးလေသံဖြင့် ပြောလိုက်သည် ။

" ဒါပင်မဲ့.. ငါမှ မကြားဘူးတာ.. "

လင်းမို့က ပြတ်ပြတ်သားသား ပြောလိုက်ပြီး...

" ဒါနဲ့ နင်ဘာလို့ ငါ့ကို လာရှာတာလဲ.. "

" ဟမ့်.."

ချီဖုန့်ပိုက နှာခေါင်းရှုံံ့လိုက်ပြီး အေးစက်စက် ဟန်ဖြင့် ပြောလိုက်သည် ။ သူမ လင်းမို့အား မကျေနပ်တော့ ။

သူမ အရင်က လမ်းညွှန်တိုက်ပွဲတွင် လင်းမို့အား ပညာအနည်းငယ်သာ ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုတော့ မည်သို့ စကားပြောရမည်ကို သိသည်အထိ ရိုက်နှက်ရန် ဆုံးဖြတ်လိုက်သည် ။

" သေချာနားထောင်စမ်း.."

ချီဖုန့်ပိုက မာနကြီးစွာဖြင့်...

" ငါ ချီဖုန့်ပိုက ဒုတိယနှစ် က အဆင့် ၂ ပါရမီရှင်.. လမ်းညွှန်တိုက်ပွဲမှာ နင်နဲ့ တိုက်ရမယ့်သူပဲ.."

" အိုး..."

လင်းမို့ နားလည်သွားသည် ။ သူမက သူ၏ ပြိုင်ဘက်ပင် ။

' အဲ့တာပြောဖို့များ ဘာတွေလျောက်ပြောနေတာလည်း.. '

ယဥ်ကျေးသော ရန်သူများကို လင်းမို့ကြားဖူးသော်လည်း တိုက်ပွဲမစမီ အိမ်သို့ အလည်လာတက်သည့် သူမျိုးကိုတော့ လင်းမို့မကြားဘူး ။

လင်းမို့ ဆုံးဖြတ်လိုက်၏ ။ ဤမျှ ယဥ်ကျေးသော ပြိုင်ဘက်ကို တိုက်ပွဲတွင် ညှာတာရပေမည် ။ သိုင်းလောက ဟူသည်ကား တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ခေါ်သည်မဟုတ် ။ ရှင်သန် လှုပ်ရှားရာ လမ်းစဥ်တစ်ခုပင် ။

" ဟုတ်ပါပြီ.. နင်က ချီဖုန့်ပို နော်.. ငါနားလည်ပြီ.."

လင်းမို့က ပြောပြီးသည်နှင့် တံခါး ပြန်ပိတ်ရန် ပြင်လိုက်သည် ။

' ဘာနားလည်တာလဲ.. '

ချီဖုန့်ပို ဆွံ့အသွား၏ ။

' ငါ့ကို ငါ မိတ်ဆက်ပေးရုံပဲ ရှိသေးတယ်လေ နင်က ဘာနားလည်သွားတာလဲ.. '

" နေအုံး... "

သူမ တံခါးကို ဆွဲထားလိုက်ပြီး...

" ငါ ဘာလို့ လာတာလဲ နင်နားမလည်ပါဘူး.. "

" နင်ငါ့ကို လာမိတ်ဆက်တာ မဟုတ်ဘူးလား..."

လင်းမို့က မေးလိုက်မိ၏ ။

" ခု နင်ငါ့ကို သိသွားပြီလေ ..."

" မိတ်ဆက်ရုံတင် လာတာမဟုတ်ဘူး.. "

ချီဖုန့်ပို က နှာခေါင်းရှုံ့လိုက်ပြီး...

" ငါလာတာက နင်နဲ့ ငါ့အကြား ဘယ်လောက်ကွာခြားလဲဆိုတာ သိအောင်လာပြောတာ.. "

' ကွာခြားတာလား..'

လင်းမို့ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ။ သူမ က သူ့အား မိတ်ဆွေလာဖွဲ့သည်ဟု ထင်လိုက်သော်လည်း ရန်စနေ၏ ။

' ဒီကံမကောင်းတဲ့ ကလေး..'

လင်းမို့က သူမအား စာနာစွာ ကြည့်၍ စိတ်ထဲမှ ခေါင်းယမ်းလိုက်မိသည် ။ သူက တိုက်ပွဲတွင် သူမအား ညှာတာရန် ဆုံးဖြတ်လိုက်သော်လည်း ဤကောင်မလေးက နာခံတက်ပုံမပေါ် ။ ရန်စကားပြောနေ၏ ။ အကိုမို့ကို ရန်လာစလျှင် ဘာရနိုင်မည်နည်း ။

" လင်းမို့... "

ချီဖုန့်ပိုက...

" နင်အသန်မာဆုံးက လက်သီးပြင်းအားဆိုတာ ငါသိတယ်.. "

' ငါ အသန်မာဆုံးက လက်သီးပြင်းအားလား..'

လင်းမို့ ထိုသို့မထင် ။ သူ၏ လက်သီးပြင်းအားမှာ သိုင်းပညာရှင် ကြယ်နှစ်ပွင့် အဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၅ အလယ်ဆင့်သို့ ရောက်နေသဖြင့် ငွေလအဆင့် ဖြစ်နေလေပြီ ။

" နင်ကံကောင်းတာက.. ငါတို့ ပထမနှစ်တုန်းက အခြေခံခိုင်အောင် လေ့ကျင့်နေရလို့ ခု ငါတို့ ဒုတိယနှစ်တွေရဲ့ အားအနည်းဆုံးက လက်သီးပြင်းအားပဲ.."

ချီဖုန့်ပိုက မာနကြီးဟန်ဖြင့်...

" ခု ငါ့ရဲ့ အားအနည်းဆုံး လက်သီးပြင်းအားနဲ့ နင်နဲ့ကို ယှဥ်ပြမယ်.. "

" မနေ့က နင်စမ်းသပ်တုန်းက နင်ရဲ့ လက်သီးပြင်းအားက ၃၂၂၆ ကီလိုပဲရှိတယ် .. နင့်လက်သီးပြင်းအားက ပထမနှစ်ထဲမှာ အားအကောင်းဆုံးဖြစ်ပြီးတော့ ဒုတိယနှစ်တွေနဲ့တောင် ယှဥ်နိုင်တယ်.. ငါ့ကိုတော့ မမီသေးဘူး.. "

" နင့် လက်သီးပြင်းအားက ဘယ်လောက်လဲ .."

လင်းမို့က ပူးပေါင်းဆောင်ရွက်ပေးလိုက်သည် ။

" ဟမ့်.. "

ချီဖုန့်ပိုက ဂုဏ်ယူဟန်ဖြင့်...

" ငါ့လက်သီးပြင်းအားက ၃၃၅၀ ကီလို ရောက်နေပြီ.. "

' ၃၃၅၀ လား..'

လင်မို့က သူ၏ စနစ် မျက်နှာပြင်ကို ကြည့်လိုက်သည် ။ ယခု နေအနည်းငယ် မြင့်လာသဖြင့် တက်ကြွအညွှန်းကိန်းမှာ ၁၅၀၀ ကျော်သွားပြီဖြစ်သည် ။ လက်သီးပြင်းအားက တစ်နာရီလျှင် ၁၀၀ ကီလိုနှုန်း တိုးလာသဖြင့် တစ်မိနှစ်တွင် ၂ ကီလို နီးပါးပင် ။ သူ၏ လက်သီးမှာ လက်ရှိ ၃၄၉၉.၈ ဖြစ်သည် ။

" ငါ အားအနည်းဆုံးမှာတောင် နင့်ထက် ကီလို ၃၀၀ ကျော်သာနေသေးတယ်.. နင့်လက်သီးပြင်းအားက ငါ့ကို ကျော်နိုင်ဖို့ အချိန်ဘယ်လော​က် လိုမယ်ထင်လဲ.."

' ဘယ်လောက်ကြာမှာလဲ '

လင်းမို့လည်း သေချာမသိသဖြင့် ရေတွက်ကြည့်လိုက်သည် ။

' တစ်.. နှစ်..သုံး..လေး..ငါး.. ကျော်သွားပြီ..'

ငါးစက္ကန့်အတွင်း လင်းမို့၏ လက်သီးပြင်းအားမှာ ၃၃၅၀ ကီလိုကို ကျော်လွန်သွားသည် ။

ချီဖုန့်ပိုက မသိဘဲ ဆက်ကြွားနေ၏ ။

" တိုက်ခိုက်ရေးစွမ်းရည်ကတော့ ပြောနေစရာတောင် မလိုဘူး.. ဆရာတွေဆီက လမ်းညွှန်မှုနဲ့ တစ်နှစ်ကြိုးစားလိုက်တာ အဆင့် ၄ နောက်ဆုံးအဆင့် ရောက်နေပြီ.. "

ဒုတိယနှစ်တွင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ နောက်ဆုံးအဆင့် ရောက်နေခြင်းက အထင်ကြီးစရာပင် ။ နောက်ထပ် သုံးနှစ် တက်ရအုံးမည်ဖြစ်သဖြင့် စတုတ္ထနှစ်တွင် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကဘအဆင့် ၅ သို့ ရောက်နိုင်လေသည် ။

" ဘယ်လိုလဲ ကြောက်စရာကောင်းတယ်မလား.."

သူမက ဆက်လက်လှောင်ပြောင်လိုက်ပြီး...

" နင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၃ အစောပိုင်း မှလား.."

လင်းမို့က ပြန်မဖြေသော်လည်း ချီဖုန့်ပိုက ...

" အဆင့် ၃ အစောပိုင်းနဲ့ အဆင့် ၄ နောက်ဆုံး ကြားကွာခြားချက်ကို နင်သိလား.."

" အင်း ငါသိတယ်.. "

သူ အဆင့် ၅ အလယ်ဆင့်သို့ ရောက်နေသဖြင့် သိပေသည် ။

" နင် ဘယ်သိမှာလဲ.. "

ချီဖုန့်ပိုက ...

" နင် အဆင့် ၄ နောက်ဆုံးအဆင့်ကို မရောက်ဘူးပဲနဲ့ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ နင်ဘယ်သိမှာလဲ.. "

" အေးပါ.. အေးပါ.."

လင်းမို့က ယုံကြည်မှုအပြည့်ဖြင့် စကားပြောနေသော ချီဖုန့်ပို အား ရှင်းမပြချင်တော့ ။

ချီဖုန့်ပိုက ဆက်ပြောလိုက်သည် ။

" ဒါပင်မယ့် ကိစ္စမရှိပါဘူး.. လမ်းညွှန်တိုက်ပွဲ ကြရင် ငါတို့ကြား ဘယ်လောက်ကွာခြားလဲ နင်သိလိမ့်မယ်... "

" အင်း.."

လင်းမို့ သည် တဖက်လူ၏ စကားကို နားကြားပြင်းကပ်လာသဖြင့် လက်ယားလာသည် ။ သူမေးလိုက်မိ၏ ။

" ကျောင်းထဲမှာ အချိန်မရွေး တိုက်ခိုက်လို့ရလား.."

" မကြောက်ပါနဲ့.. ငါနင့်ကို ဘာမှ မလုပ်ဘူး.. "

ချီဖုန့်ပိုက ပြုံးလိုက်ပြီး...

" နင်ကျောင်းထဲမှာ တိုက်ခိုက်ချင်ရင် တိုက်ပွဲကွင်းကို သွားမှရမယ်.. နင့်လုံခြုံရေးအတွက် ဆရာတစ်ယောက်က အနားမှာ စောင့်ကြည့်ပေးနေမှာ.. ခု ငါအနိုင်ကျင့်မှာကို ကြောက်မနေပါနဲ့.. "

' ငါကြောက်နေရမှာလား..'

လင်းမို့က ဘာမှ ပြန်မပြောတော့ပေ ။ သူက ချီဖုန့်ပိုအား သေချာမှတ်မိအောင် စိုက်ကြည့်နေလိုက်သည် ။ လမ်းညွှန်တိုက်ပွဲကြမှ ချီးထွက်အောင် ရိုက်ပစ်ပေမည် ။

ချီဖုန့်ပိုက ထိုသည်ကို မသိ ။

" လင်းမို့.. နောက် ၇ ရက်အတွင်း တွေ့ကြတာပေါ့..."

All Chapters