ပြန့်ဟွားပန်း ပွင့်လန်းခြင်း … ဝိဇ္ဇာ၏ တိုက်ခိုက်မှု
Vol. 19 Ch. 272
အခန်း (၂၇၂) : ပြန့်ဟွားပန်း ပွင့်လန်းခြင်း … ဝိဇ္ဇာ၏ တိုက်ခိုက်မှု
အသက်မဲ့ဘုရင်က အတော်လေး စိတ်ဓာတ်ကျနေလေပြီ။ သူ၏ နတ်ဘုရားအသိစိတ်နှင့် ဆက်နွယ်နေသော မြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်ကို သူ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ပိုင်နက်၏ ပင်မနယ်မြေ ပျက်စီးသွားသည့်အခါ ချက်ချင်း ခံစားသိရှိလိုက်သည်။
ပိုင်နက်ပျက်စီးသွားတာက ကိစ္စအသေးလေးပါ။ သူ နောက်ထပ်တစ်ခု တည်ဆောက်ဖို့အတွက် အချိန်အနည်းငယ်ပဲ လိုအပ်တာ
ပြဿနာက ပိုင်နက်ထဲမှာရှိတဲ့ ရတနာက ထွက်ပေါ်သွားပြီ
အသက်မဲ့ဘုရင်က ထူးခြားသော ရတနာကို ကျင့်ကြံပြီး သန့်စင်ကာ သူ့ကိုယ်ပိုင်လက်နက်အဖြစ် ပြောင်းလဲဖို့အတွက် မြေအောက်ကမ္ဘာ စမ်းချောင်းဝါပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုအရာက ပိုင်နက်ထဲတွင် ကျင့်ကြံနေတာ နှစ်ပေါင်းတစ်သောင်းကျော်နေလေပြီ။
ထိုကျင့်ကြံခြင်းကို ပြီးမြောက်နိုင်ဖို့အတွက် ကောင်းကင်နတ်ဆိုးရက်မြတ်ကို အခွင့်ကောင်းယူဖို့ ဆုံးဖြတ်ထားသော်လည်း ထိုကဲ့သို့သော အရေးကြီးသည့် အချိန်အခါမျိုးတွင် အထွတ်အမြတ်မြေများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ မင်းတို့ အံ့ဖွယ်မိုးကောင်းကင်နဲ့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက လူတွေ … မင်းတို့က ငါ့ရဲ့ အဖိုးတန်ရတနာကို ခိုးယူရဲတယ်ပေါ့လေ။ အရမ်းလွန်သွားပြီ”
အသက်မဲ့ဘုရင်၏ ညာဘက်တွင်ရှိသော အနက်ရောင်အရှိန်အဝါက ဒေါသများဖြင့် တောက်လောင်နေသည်။ ဆန့်ကျင်ဘက်ကျမ်းမှ အက္ခရာများက ထပ်မံပေါ်ထွန်းလာသည်။
အက္ခရာများက ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ခုနစ်သွယ် သတ်ဖြတ်ရေး ဂိုဏ်းသခင်၊ ဖိုကျွင့်ထန်း ဂိုဏ်းသခင်၊ လောဘကြီးဝံပုလွေ ဂိုဏ်းသခင်။ အခြေအနေတွေက ပြောင်းလဲသွားပြီ။ ငါ့အမိန့်ကို နားထောင်။ ရန်သူကို သတ်ဖို့အတွက် စမ်းချောင်းဝါပိုင်နက်ကို သွားကြ”
ထိုသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ အသက်မဲ့ဘုရင်က ဒေါသထွက်နေသည်ကို သူတို့ သတိထားမိသည့်အတွက် လိုက်နာတာ အကောင်းဆုံးဖြစ်ကြောင်း စဉ်းစားမိကြသည်။
“ အမိန့်အတိုင်းပါ ဘုရင်ကြီး”
လေထဲတွင် လှိုဏ်ခေါင်းတစ်ခုပေါ်လာကာ သူတို့သုံးယောက်လည်း အတွင်းထဲသို့ ဝင်သွားသည်။
တစ်ချိန်တည်းမှာပဲ အဆုံးမဲ့ရှေးဟောင်းနယ်မြေ၌…
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်တို့က တစ်စုံတစ်ခုကို ခံစားသိရှိလိုက်ရသည့်အတွက် မျက်လုံးအကြည့်များပင် ခက်ထန်လာသည်။
“ သူတို့ နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ”
ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်၏ လခြမ်းသဏ္ဌာန် လက်နက်လည်း တောက်ပလာကာ ပြောလိုက်သည်
“ သူတို့ဆီမှာ ဝိဇ္ဇာသုံးယောက် ရှိတယ်။ ဒီ ခုနစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းက ရိုးရှင်းတဲ့ ပစ်မှတ်တစ်ခုတော့ မဟုတ်ဘူး”
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက မသိမသာ လှုပ်ခတ်သွားပြီးနောက် ပြောလိုက်သည်
“ ထျန်းအာသာ အနားမှာရှိနေရင် ခုနစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းအနေနဲ့ ခေါင်တွေကို မထုတ်တာက အရမ်းကို ထူးဆန်းနေလိမ့်မယ်။
ထျန်းအာက အရမ်းကို ကောင်းမွန်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ တွေ့သွားပုံရတယ်။ မဟုတ်ရင် ဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေက ဒီလောက်ထိ သောကရောက်နေမှာ မဟုတ်ဘူး”
ရှန်ထျန်းကို တစ်ခါတည်း ခေါ်လာခဲ့တာ တကယ်မှန်တဲ့ ဆုံးဖြတ်ချက်ပဲ
အတွေ့အကြုံနဲ့စွန့်စားမှုက ကံကြမ္မာသားတော်ကို ပိုပြီးသန်မာလာစေမဲ့ အမြန်ဆုံးနည်းလမ်းတွေပဲ
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်သွားပြီးနောက် ရုတ်တရက် သူက များပြားသော မိုးကြိုးများအဖြစ် ပြောင်းလဲသွားကာ လုံးဝ ပျောက်ကွယ်သွားသည်။
နောက်ထပ် အမှတ်တရဖြစ်နေမဲ့ တန်ဖိုးရှိတဲ့ အချိန်အခါတစ်ခု ထပ်ရောက်လာပြန်ပြီ။ ထျန်းအာ မင်းရဲ့ ရတနာကို အေးအေးဆေးဆေး ရှာနော်။ မင်းရဲ့နောက်က လူဆိုးတွေကို ငါ ကိုင်တွယ်ထားလိုက်မယ်
မင်းတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကံကောင်းတဲ့ သူတော်စင်ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားရဲတယ်ပေါ့လေ။ မင်းတို့က ငရဲသွားချင်နေတာပဲ
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့် အံ့အားသင့်သွားရသည်။
သူတော်စင်ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အတွက် အရမ်းအရေးပါသည်ဆိုသော ကောလဟာလများကို သူမ ကြားထားသည်။ ဒီနေ့မှာတော့ ထိုကောလဟာလများက အပိုမဟုတ်ကြောင်း သူမကိုယ်တိုင် မြင်တွေ့လိုက်ရပြီဖြစ်သည်။
သို့သော် ဆက်စပ် တွေးကြည့်လိုက်အခါ ထိုအရာက အံ့အားသင့်စရာ မဟုတ်ပေ။ ရှန်ထျန်း၏ အံ့အားသင့်ဖွယ်ကောင်းသော အတွေ့အကြုံများက တကယ်ကို ထူးခြားပြောင်မြောက်သည်။ သူ့ ကံတရားကလည်း အင်မတန် ကောင်းမွန်လှသည်။ ထို့ကြောင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ရှန်ထျန်းသာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေထဲသို့ ဝင်ဖို့ ဆန္ဒရှိပါက “အမျိုးသား တပည့်များ မရှိရ” ဆိုသောစည်းကမ်းကို သူ့အတွက် ချွင်းချက်လုပ်ပေးလိုက်မည်။
အနည်းဆုံးတော့ သူတို့ဂိုဏ်း၏ အပျိုကြီး အကြီးအကဲများက သူ့ကို ငြင်းကြမည် မဟုတ်ကြောင်း ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် ယုံကြည်ထားသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းချောမောသည့်အတွက် အထူးအခွင့်အရေးများကို ခံစားနိုင်သည်။
“ ဟင်း…အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဒီလိုသူတော်စင်မျိုးကို ရထားတာ ကံကောင်းလိုက်တာနော်။ အရမ်းအားကျတာပဲ”
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က သက်ပြင်းချပြီးနောက် လရောင်ထဲသို့ တိုးဝင်သွားသည်။ ထိုမိစ္ဆာဝိညာဉ် ဂိုဏ်းဝိဇ္ဇာများကို တားမြစ်နိုင်ဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကူညီမည်ဟု ဆုံးဖြတ်လိုက်သည်။
အနည်းဆုံးတော့ သူမ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။
သူ့ကြောင့် ထိခိုက်သွားသော ဝိဇ္ဇာအုပ်စု တစ်စု ရှိကြောင်း ရှန်ထျန်း မသိလိုက်ပေ။ ရှန်ထျန်းက သူ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားပေါ်သို့ ကျလာသော တောက်ပသော ပြန့်ဟွားပန်းကိုသာ စိုက်ကြည့်နေသည်။
တစ်ဖက်တွင် ကြာနီ ကောင်းကင်အသျှင်၏ အကြည့်တို့ တောက်ပနေသည်
“ ဒီပန်းပွင့် ပေါ်လာတာနဲ့ ပြန့်ဟွားပန်းတွေက လေးစားသမှုနဲ့ ပွင့်ဖတ်တွေ ပိတ်ကုန်ကြတယ်။ ဒါက…ပြန့်ဟွားပန်း ဘုရင်များလား”
မြေအောက်ကမ္ဘာ စမ်းချောင်းဝါပိုင်နက်ထဲတွင် ပြန့်ဟွားပန်းတို့ ပြည့်နှက်စွာ ဖူးပွင့်နေကြသော်လည်း ထိုအရာများက အစစ်မဟုတ်ဘဲ ပုံရိပ်ယောင်မျှသာ ဖြစ်သည်။
ရှန်ထျန်း၏ လက်ထဲရှိ ပန်းအဖူးတစ်ခုကသာ ဝိညာဉ်သစ်ပင်စာရင်းတွင် အဆင့် ၃ ချိတ်သည့် စစ်မှန်သော ရတနာတစ်ပါးဖြစ်သော ပြန့်ဟွားပန်း ဘုရင် ဖြစ်သည်။
ဒဏ္ဍာရီများအရ ဤပြန့်ဟွားပန်းဘုရင်က လောကအားလုံးတွင် အရေးပါဆုံးသော ပန်းတစ်မျိုးဖြစ်ပြီး သူက အနီနှင့် အဖြူဆိုပြီး အခြေအနေနှစ်ရပ် ရှိသည်။ ထိုပန်းက သေခြင်းနှင့်ရှင်ခြင်းကြား၊ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြား၊ ယင်နှင့်ယန်ကြားတွင် တည်ရှိပြီး ဆန်းကြယ်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
သူတို့၏ ဝေးကွာနေသော မျိုးကွဲများဖြစ်သည့် အနီရောင်လီလီနှင့် အဖြူရောင် နတ်ဆိုးထောင်ချောက်တို့သည်လည်း ကျင့်ကြံရေးလောကတွင် လိုချင်ဆုံးသော အံ့ဖွယ်ပန်းပွင့်များထဲတွင် အပါအဝင် ဖြစ်သည်။
တစ်စုံတစ်ယောက်သာ ပြီးပြည့်စုံပြီး ပွင့်နေသည့် ပြန့်ဟွားပန်းဘုရင်ကို ရရှိပြီး ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရပါက ရှင်ခြင်းနှင့် သေခြင်းကို ထိန်းချုပ်နိုင်ပြီး ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ကာ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကိုလည်း ပြောင်းလဲလို့ရမည် ဖြစ်သည်။
နတ်ဘုရားလောက၌ပင် ထိပ်သီးအင်အားစုများ လိုချင်တပ်မက်ကြသည့် ရတနာမျိုး ဖြစ်၏။
ယဲ့ချန်းခန်က ရှန်ထျန်းကို စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်
“ ကြည့်ရတာ ဒီ ပြန့်ဟွားပန်းရဲ့ နတ်ဘုရားအသိစိတ်က အစကတည်းက သန့်ရှင်းနေပြီးတော့ အခြေခံပင်မစွမ်းရည်ပဲ ကျန်တော့တယ် ထင်တယ်။
ဒီပန်းကို ကျင့်ကြံတဲ့သူက ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရဖို့အတွက် ဆန္ဒရှိတဲ့ပုံ မပေါ်ဘူး။ ဒါကို ဝါးမျိုပြီးတော့ သက်ရှိလက်နက်အဖြစ် သန့်စင်ဖို့အတွက်ပဲ ထားထားတာ ဖြစ်မယ်”
သက်ရှိလက်နက် တစ်ခုဆိုသည်မှာ ခန္ဓာကိုယ်အတွင်းမှာရှိပြီး လူနှင့်အတူ အဆင့်တက်သွားသော လက်နက်မျိုးကို ဆိုလိုသည်။
တစ်နည်းအားဖြင့် ရှန်ထျန်း၏ ရှေးဦးအဆီအနှစ်ရေစင်၊ အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် ငှက်မွေးထာဝရသတ္တုတို့သည်လည်း သက်ရှိလက်နက်များ ဖြစ်ကြသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပြန့်ဟွားပန်းဘုရင်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပြီး သူတို့ကိုယ်ပိုင် သက်ရှိလက်နက်အဖြစ် သန့်စင်နိုင်ပါက လောကတစ်ခုလုံးပေါ် သက်ရောက်မှုကြီးကြီး ဖြစ်လာစေမည်။
ထိုအရာက သမာသမတ် ကျင့်ကြံရေးဂိုဏ်းများအတွက် သတင်းဆိုး ဖြစ်လိမ့်မည်။
ရှန်ထျန်းက မေးလိုက်သည်
“ပြန့်ဟွားပန်းဘုရင်ရဲ့ ပိုင်ရှင်က ဘာလို့ အရင်ဆုံး မျိုမချလိုက်ရတာလဲ”
ယဲ့ချန်းခန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ ဒီပြန့်ဟွားပန်းဘုရင်က ဘယ်လောက်ထိ အဖိုးတန်လဲဆိုတာကို မင်းသိရဲ့လား။ အဲဒါက ပြန်လည်ဝင်စားခြင်း နယ်မြေမှာပဲ ပွင့်လန်းတာ။ စွမ်းအင်အပြည့်ကို အဲဒီပန်းပွင့် အစွမ်းကုန် ပွင့်လန်းပြီး ပေါင်းစပ်လိုက်မှ ပိုင်ဆိုင်နိုင်မယ်။
အဲဒီလူက ပြန့်ဟွားပန်းဘုရင်ရဲ့ နတ်ဘုရားအသိစိတ်ကို လုံးဝ အထူးသန့်စင်ပေးထားတယ်။ ပြီးတော့ ပြန်လည်ဝင်စားခြင်း နယ်မြေလိုမျိုး ဖြစ်နေဖို့အတွက် မြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက် ပုံရိပ်ယောင်ကို ရင်နာနာနဲ့ ဖန်တီးထားတာပဲ။
ထို့နောက် သူတို့က ပြန့်ဟွားပန်းဘုရင်ကို ပွင့်လာအောင် လှည့်ဖြားပြီးနောက် သန့်စင်လိုက်မှာလေ။ ဒီပန်းက သူ့ရဲ့ နတ်ဘုရားအသိစိတ်ကို ဆုံးရှုံးသွားပြီဆိုပေမဲ့ သူ့ရဲ့ မူလပင်ကိုယ်စွမ်းရည်တွေက အကောင်းပကတိအတိုင်းပဲ ရှိသေးတယ်။
သူတို့က အဲဒီပုံရိပ်ယောင်ကို အသုံးပြုပြီးတော့ ပန်းပွင့်လာအောင် လှည့်စားလို့ရဖို့ မျှော်လင့်နေကြတာ။ အဲဒါက အဲလောက်ထိ လွယ်ကူမယ်လို့ ထင်နေတာလား။ နေ့အဆုံးသတ်မှာတော့ မင်းရဲ့ ပြန်လည်ဝင်စားခြင်း သန့်စင်မြေကြီးက ပိုပြီးတော့ ဆွဲဆောင်မှု ရှိနေသေးတုန်းပဲ”
ရှန်ထျန်း၏ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ပြန်လည်ဝင်စားခြင်း သန့်စင်မြေကြီးမှ ဖြစ်ပေါ်လာသည့်အတွက် ပြန်လည်ဝင်စားခြင်း အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ရှန်ထျန်း၏ လက်မှတစ်ဆင့် ကာကွယ်ရေး အစီအရင်ကို ချိုးဖောက်လိုက်စဉ်က ယဲ့ချန်းခန်က ပြန်လည်ဝင်စားခြင်း အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြန့်ဟွားပန်းဘုရင်လည်း သူ့အလိုလို ပျံသန်းထွက်သွားသည်။
အဆုံးတွင် အတုယောင်က အတုယောင်ဖြစ်ပြီး အစစ်ကို ဘယ်တော့မှ အစားထိုးလို့ မရနိုင်ပေ။
“ ထျန်းအာ ... ပြန့်ဟွားပန်းအနေနဲ့ အရှိန်အဝါအနည်းငယ် စုပ်ယူလို့ရအောင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို အသက်သွင်းလိုက်”
ယဲ့ချန်းခန်၏ လမ်းညွှန်မှုကြောင့် ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို အသက်သွင်းရန်အတွက် စွမ်းအားအချို့ကို အသုံးပြုလိုက်သည်။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားမှ အနက်ရောင် အရှိန်အဝါကို ပြန့်ဟွားပန်းက ဖြည်းဖြည်းချင်း စုပ်ယူနေသည်။
ပြန့်ဟွားပန်းဘုရင်က များပြားသော ပြန်လည်ဝင်စားခြင်း သန့်စင်မြေကြီး၏ အရှိန်အဝါကို စုပ်ယူရလေလေ တင်းကြပ်စွာပိတ်ထားသော ပန်းဖူးလည်း စတင် ပွင့်အာလာသည်။
ဒီပန်းက အရင်တုန်းက ဘယ်သူ့အတွက်မှ မပွင့်ခဲ့ဖူးဘူး။
အခုတော့ ရှန်ထျန်းအတွက် ဖူးပွင့်နေပြီ
ပြန့်ဟွားပန်း၏ ပြိုင်ဘက်ကင်းအလှကို ရှန်ထျန်း၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်။
ဤပန်း၏ ချစ်စရာကောင်းမှုကို မည်သည့်စကားလုံးများနှင့်မျှ ဖော်ပြလို့မရနိုင်ပေ။ ပန်းပွင့်က မီးတောက်ကဲ့သို့ တောက်ပနေပြီး တစ်ချိန်တည်းမှာပဲ မိန်းမပျိုလေးတစ်ယောက်လို ချိုမြိန်နေပြန်သည်။
အနှေးနှင့်အမြန် ဝိဇ္ဇာအဆင့် အဖြူရောင်အလင်းတစ်ခု ထွက်လာပြီး ပန်း၏ သေဆုံးခြင်းကဲ့သို့ ဖြစ်နေသော ကြောက်စရာကောင်းသည့် အမှောင်ယင်စွမ်းအင်ကို ထုတ်လွှတ်နေသည်။
ပန်းပွင့်က ထိုပုံစံနှစ်မျိုးကြားတွင် အဆုံးမဲ့စွာ ကူးပြောင်းနေသည်က ရှုပ်ထွေးလှသော်လည်း ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်လှသည်။
ပန်း၏ ပွင့်လန်းခြင်းက သဘာဝအကျဆုံး အခြေအနေသို့ ရောက်ရှိနေသည်။
“ ပြန့်ဟွားပန်းဘုရင် ပွင့်လန်းသွားပြီ”
ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားသော အသံတစ်သံ ထွက်ပေါ်လာသည်။
အာကာပြင် ပွင့်လာကာ ကြီးမားသော အနီရောင် လက်ဖဝါးပုံစံက ရှန်ထျန်း၏ ခေါင်းပေါ်တွင် ပေါ်လာသည်။
ကြီးမားသော လက်ဝါးကြီးက လွတ်မြောက်နိုင်သော ပြေးလမ်းများ အားလုံးကို ပိတ်ဆို့ကာ ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။
“ ထျန်းအာ သတိထား”
ထိုအချိန်တွင် တောက်ပသော ငွေရောင်အလင်းတန်းက ရှန်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ တောက်ပသွားသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သူမ၏ အံ့ဖွယ်အသုံးအဆောင်ပစ္စည်းဖြစ်သည့် ကျောက်စိမ်းကြေးမုံကို အသက်သွင်းကာ ရှန်ထျန်းကို မထိခိုက်အောင် ကာကွယ်ပေးလိုက်သည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က စွမ်းအားကြီးသော ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူမ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းကို ခံယူဖို့ ခြေလှမ်းတစ်လှမ်းလောက်သာ လိုတော့သည်။
သူမ၏ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းဖြစ်သော ကျောက်စိမ်းကြေးမုံဖြင့်ဆိုလျှင် သူမ၏ တိုက်ခိုက်စွမ်းရည်က ဝိဇ္ဇာတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လုံလောက်မှု ရှိသည်။
ထိုအရာက ရှားပါးသော အရာဖြစ်သည်။ ဝိဇ္ဇာတစ်ယောက်နှင့် ဝိဇ္ဇာမဟုတ်သောသူ တစ်ယောက်တို့၏ တည်ရှိမှုက လုံးဝခြားနားသည်။ သူတို့၏ တိုက်ခိုက်စွမ်းရည်က လုံးဝ မတူညီသောအဆင့်မှာ ရှိနေသင့်သည်။
အနီရောင်လက်ဝါးက ငွေရောင်အလင်းတန်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။ ရဲရဲနီကကြိုး ကောင်းကင်အသျှင်က မကျေနပ်သော မျက်နှာထားဖြင့် သူမ၏ အရှိန်အဝါကလည်း ပြင်းထန်စွာ တုန်ခါနေသည်။
“ ချုံခိုတိုက်ခိုက်တယ်တဲ့။ သနားစရာကောင်းတဲ့သူရဲ့ လှုပ်ရှားမှုပဲ။ ရှင့်ကိုယ်ရှင် ဝိဇ္ဇာတစ်ယောက်လို့ရော ခေါ်နိုင်သေးရဲ့လား”
ကြာနီ ကောင်းကင်အသျှင်က နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ လခြမ်းကွေး နဂါးဓားသွားကို လွှဲယမ်းလိုက်သည့်အခါ သူမ၏ ဓားမှ တောက်လောင်နေသော ငှက်မွေးများကဲ့သို့ အလင်းပြန်သွားသည်။
ချွင်…
စွမ်းအားပြင်းသော ဓားသွားက ကောင်းကင်ကို ဖြတ်သန်းကာ အာကာပြင်ကို စုတ်ဖြဲလိုက်သည်။
ဓားသွားဖြတ်လိုက်သည့်နေရာတွင် ကြောက်စရာကောင်းသည့် အနက်ရောင် အာကာပြင်တစ်ခုပေါ်လာပြီး ကပ်ရောဂါတစ်ခုလိုမျိုး လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အနီရောင်လက်ဝါးနှင့် လခြမ်းကွေးဓားသွားတို့ ပြင်းထန်စွာ တိုက်မိကြသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာနီ ကောင်းကင်အသျှင်တို့က အကျော်ကြားဆုံးသော အထွတ်အမြတ်မြေ ကောင်းကင်အသျှင် နှစ်ယောက်ဖြစ်သည်။ အတူတူတိုက်ခိုက်ကြသည့်အခါ သူတို့၏ တိုက်ခိုက်မှုနှင့် ခုခံမှုက ပုန်းကွယ်နေသော ဝိဇ္ဇာနှင့် အတူတူ ဖြစ်သွားသည်။
သူတို့ကို တိုက်ခိုက်နေသည်က ဝိဇ္ဇာတစ်ယောက်တည်းသာ ဖြစ်ပါက သူ့အနေဖြင့် ထိုနှစ်ယောက်ကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
သို့သော် ထိုအခိုက်အတန့်တွင် ပထမမိစ္ဆာဝိညာဉ် ဂိုဏ်းဝိဇ္ဇာနှင့်အတူ တိုက်ခိုက်ပေးရန်အတွက် နောက်ထပ် ဝိဇ္ဇာနှစ်ယောက် ထပ်ပေါ်လာသည်။
“ ဟား…ဟား… ခုနစ်သွယ် သတ်ဖြတ်ရေး … မင်းက တော်တော်ညံ့တာပဲ။ မင်းက ဒီကြက်ပေါက်လေး နှစ်ကောင်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား”
“ အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောမနေနဲ့။ အဲဒီကြက်ပေါက်လေးနှစ်ကောင်မှာ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းတွေရှိနေတယ်။ အဲဒီအထွတ်အမြတ်မြေတွေက အရမ်းချမ်းသာတာပဲ။ သူတို့က ဘယ်လိုလုပ်ပြီးတော့ ကိုင်တွယ်ဖို့ လွယ်ကူပါ့မလဲ”
“ သူတို့ဆီမှာ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းတွေရှိတော့ရော ဘာဖြစ်လဲ။ ကျောက်စိမ်းကြေးမုံ၊ မီးလခြမ်းကွေးဓား နဲ့ ငရဲမီးတောက်ကြာပန်း။ သူတို့ဆီမှာက အံ့ဖွယ်အသုံးအဆောင် ပစ္စည်းသုံးခု ရှိရုံပဲလေ။ ငါတို့သုံးယောက်ပေါင်းပြီး သူတို့ကို သတ်မယ် ပြီးရင် ပစ္စည်းတွေ ခွဲယူကြမယ်”
ဝိဇ္ဇာသုံးပါးက အံ့အားသင့်စရာ ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သူတို့သုံးယောက်က အချိန်နှင့်နေရာ၏ ဥပဒေသများကို ပြောင်းလဲသည့် ဖျော့တော့သော စွမ်းအင်တစ်မျိုးကိုလည်း ထုတ်လွှတ်နေသည်။ ထိုစွမ်းအင်က နေရာတစ်ခုလုံးကို ပျံ့နှံ့သွားကာ အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေပြီး အာကာပြင်ထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက် ပြင်းထန်ပြီး လွှမ်းခြုံထားသော ဝိဇ္ဇာနယ်ပယ်အဆင့်က ရဲရဲနီကကြိုး ကောင်းကင်အသျှင်၊ ကြာနီ ကောင်းကင်အသျှင်နှင့် ရှန်ထျန်း တို့ကို လွှမ်းမိုးထားသည်။
ထိုအရာက ဝိဇ္ဇာတစ်ပါး၏ စွမ်းအား ဖြစ်သည်။ ဝိဇ္ဇာတိုင်းက သူတို့၏ ကိုယ်ပိုင် အချိန်နှင့် နေရာစွမ်းရည်ကို နားလည်ထားသည့်အတွက် သူတို့ ပတ်ဝန်းကျင်၏ အာကာပြင်စည်းမျည်းများအပေါ် ထိန်းချုပ်နိုင်စွမ်း မြှင့်တင်လိုက်သည်။
ထိုကဲ့သို့သော အချိန်နှင့်နေရာကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို “ ဝိဇ္ဇာနယ်ပယ်အဆင့်” ဟု ခေါ်သည်။ သူတို့၏ ကိုယ်ပိုင်ဝိဇ္ဇာ နယ်ပယ်အဆင့်ထဲတွင် ရန်သူနှင့် တိုက်ခိုက်ပါက ကြီးမားသော အကျိုးအမြတ် ရှိသည်။
သို့သော် ထိုမိစ္ဆာဝိညာဉ်ဂိုဏ်း ဝိဇ္ဇာသုံးယောက်က သူတို့၏ စွမ်းအင်များကို ပေါင်းစည်းကာ စုပေါင်း ဝိဇ္ဇာနယ်ပယ် ပိုင်နက်ကို ဖန်တီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအရာက သူတို့၏ စွမ်းအားကိုလည်း ပိုမိုပြင်းထန်သွားစေသည်။
ကြာနီ ကောင်းကင်အသျှင်က သူမ၏ မီးလခြမ်းကွေးဓားဖြင့် ဝိဇ္ဇာနယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစားသော်လည်း သေးငယ်သော လှိုင်းတွန့်များ ထသွားအောင်သာ လုပ်နိုင်ခဲ့သည်။
“ မင်းရဲ့ စွမ်းအင်ကို ဖြုန်းတီးမနေနဲ့တော့။ ဒီ နယ်ပယ်ပိုင်နက်က ငါတို့သုံးယောက် ဖန်တီးထားတာ။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တောင် ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ မင်းက ဝိညာဉ်အသွင်ပြောင်း မိန်းကလေးတစ်ယောက်ပဲဆိုတော့ လက်လျှော့လိုက်တာ မင်းအတွက် ပိုကောင်းပါတယ်”
ခပ်ဩဩအသံတစ်ခု ထွက်ပေါ်လာသည်။ အနီဝတ်ဝိဇ္ဇများထဲမှ တစ်ယောက်က ရဲရဲနီကကြိုး ကောင်းကင်အသျှင်ကို ပြီတီတီဖြင့် ကြည့်ကာ ပြောလိုက်သည်
“ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက ထိပ်သီးအဆင့် နတ်မိမယ်လေးပဲ။ မင်းမှာ ကြီးမြတ်တဲ့ အရှိန်အဝါရှိတယ်။
ငါ ဒီနေ့ ကံကောင်းတာပဲ။ ဒီမိန်းကလေးကို ငါကိုင်တွယ်လိုက်မယ်။ မင်းတို့နှစ်ယောက်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အဲဒီကြွက်စုတ်လေးကို ယူခွင့်ပေးမယ်။ ပြဿနာ မရှိဘူးမလား”
ကြွက်စုတ်တဲ့လား…လူယုတ်မာ…ငါ့ကို ဘယ်လိုလုပ်ပြီးတော့ စော်ကားရဲရတာလဲ
ကြာနီ ကောင်းကင်အသျှင်၏ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့် တောက်လောင်လာသည့်အတွက် သူမ ခေါင်းပေါ်ရှိ အာကာပြင်ပင် အပူကြောင့် အက်ကွဲသွားသည်။
ကောင်းကင်တွင် ကြက်သွေးရောင် ဇာမဏီပုံရိပ်သဏ္ဌာန်ကြီးတစ်ခု ပေါ်လာသည်။ ကြာနီ ကောင်းကင်အသျှင်၏ လက်ထဲမှ ဓားသွားကလည်း အသက်ဝင်လာပုံပေါ်ပြီး ကျယ်လောင်စူးရှသော ဇာမဏီငှက်အော်သံများကို ထုတ်လွှတ်နေသည်။
“ ငရဲသွားပေတော့”
ဓားသွားက တိမ်များကို ဖြတ်သန်းကာ စုပေါင်းနယ်ပယ်အပေါ် ပြင်းထန်စွာ ကျဆင်းသွားသည်။
ဝိဇ္ဇာသုံးယောက်၏ မျက်နှာတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်က ငါတို့ရဲ့ စုပေါင်းနယ်ပယ်ကို ဖျက်စီးမယ်တဲ့လား။ သူမက တကယ်ကို ကိုယ့်နေရာကို မသိဘူး…
ဝုန်း…
ဝိဇ္ဇာသုံးပါး၏ မျက်နှာထားများက ချက်ချင်းပြောင်းလဲသွားသည်။
သူတို့၏ ဖျက်စီးမရနိုင်သော ဝိဇ္ဇာနယ်ပယ်ပိုင်နက်တွင် အက်ကြောင်းတစ်ခုပေါ်လာသည်။
အက်ကြောင်းက အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် နယ်ပယ်ပိုင်နက်က တစ်စစီ ကျိုးပဲ့သွားသည်။
ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ
ဝိဇ္ဇာသုံးပါး တုံ့ပြန်ဖို့ အချိန်မရခင် ကျယ်လောင်သော အသံတစ်ခု လေထုထဲသို့ ပျံ့နှံ့သွားသည်။
“ နတ်ဆိုးတွေရဲ့ ကမ္ဘာကို ပထုတ်ပြီးတော့ ရတနာတွေ ရှာမယ်။ ဘယ်သူမှ ငါ့ကို စိန်ခေါ်ဖို့ မစဉ်းစားသင့်ဘူး။
ထျန်းအာ… ညီမလေး ရဲရဲနီကကြိုးနဲ့ ကြာနီ။ မကြောက်နဲ့နော်။ မင်းတို့အားလုံးကို ကယ်တင်ဖို့အတွက် အားလုံးကို ခေါ်လာပြီ”
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ဆံဖြူတာအိုကိုယ်တော်ကြီးက ကောင်းကင်မှ ဆင်းသက်လာသည်။ သူ့မှာ ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိပြီး တောက်ပသော အပြာရောင်မီးတောက်က သူ့ခေါင်းထက်တွင် လောင်ကျွမ်းနေသည်။
သူ့လက်ထဲရှိ ရွှေတုတ်က တောင်ကဲ့သို့ လေးလံပုံပေါ်ပြီး လေနှင့်အတူ ကြီးထွားလာပုံပေါ်သည်။ လေထဲတွင် တုတ်ဝှေ့ယမ်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း ကောင်းကင်ထောက်တိုင်”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း နဂါးဝါ တိုက်ခိုက်မှု”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း ပင်လယ်ကို သွန်မှောက်ခြင်း”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း ရန်သူတစ်ထောင် အနိုင်ပိုင်းခြင်း”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း အလုံးစုံလွှမ်းမိုးခြင်း”
“ အထွတ်အထိတ်ပင်လယ် တုတ်ချောင်း တုတ်တစ်ချောင်းနဲ့ လွှမ်းမိုးခြင်း”
တာအိုကိုယ်တော်ကြီးက ရွှေတုတ်ကို လွှဲယမ်းနေသည်။
လှုပ်ရှားမှု တစ်ခုချင်းစီတွင် အာကာပြင်ကို မွှေနှောက်ပြီး ကွဲအက်နေပြီဖြစ်သော ဝိဇ္ဇာနယ်ပယ်ပိုင်နက်ကို တစ်စစီဖြစ်အောင် လုပ်လိုက်သည်။
သူ့တိုက်ခိုက်မှုတိုင်းက ဝိဇ္ဇာလောဘကြီး ဝံပုလွေ၏ ဓားရှည်ပေါ်သို့ ကျရောက်ပြီး သူ့ကို လုံးဝ ဖိနှိပ်ထားသည်။
ကောင်းကင်အသျှင် တစ်ယောက်အနေဖြင့် ဝိဇ္ဇာတစ်ယောက်ကို ပြန်လည်ခုခံနိုင်ပြီး အာဏာကြီးသော ပုံစံဖြင့်ပင် ဖိနှိပ်ထားနိုင်သည်။
အခု ချူးလုံဟယ်ကို ကြည့်ရတာ ဘယ်လောက်တောင် ပြိုင်ဘက်ကင်းလိုက်လဲ
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ချူးလုံဟယ် သူ့အပြာရောင်မီးတောက်ထဲတွင် လွှမ်းခြုံခံထားရသော မြင်ကွင်းတွင် ညှို့ယူဖမ်းစားခံလိုက်ရသည်။
အစ်ကိုချူးက အရင်ကလိုမျိုး စွမ်းအားကြီးနေတုန်းပဲ။
မြင်ကွင်း၏ ညှို့ယူဖမ်းစားခြင်းကို ခံနေရသည်။
အစ်ကိုချူးရဲ့ တုတ်ကွက် တိုက်ခိုက်မှုက တကယ်ကို အထင်ကြီးလောက်စရာပဲ။ ငါ ရုတ်တရက် အရမ်းလုံခြုံသွားတယ်လို့ ခံစားရတယ်။ သူက ငါ့ကို ကယ်ဖို့ အထူးလာခဲ့တာ ဖြစ်လိမ့်မယ်
ထိုအတွေးကြောင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ နှလုံးသားလည်း စတင်ခုန်နေတော့သည်။ သူမက နှစ်တစ်ထောင် အပျိုကြီးဖြစ်နေပြီဆိုတာက အရေးမကြီးပေ။
“ ခုနစ်သွယ် သတ်ဖြတ်ရေး…ဖိုကျွင့်ထန်း အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ ငါ့ကို လာပြီး ကူညီပေးကြလေ”
နောက်ထပ် ရိုက်ခတ်မှုကြောင့် ဝိဇ္ဇာလောဘကြီး ဝံပုလွေ လေထဲသို့ ပျံသန်းသွားကာ နောက်စေ့တွင် အဖုကြီးတစ်ခုပေါ်လာပြီး စိတ်ထဲမှာလည်း တွေဝေနေသည်။
သူ့အနေဖြင့် ဝိဇ္ဇာတစ်ယောက်၏ ဂုဏ်သိက္ခာကို ဒီထက်ပိုပြီး မစဉ်းစားတော့ပေ။ အဘယ်ကြောင့်ဆိုသော် အကြောက်တရားက စိတ်ထဲသို့ ဝင်ရောက်လာသောကြောင့် ဖြစ်၏။
သူသာ ဒီလိုမျိုး ဆက်ပြီးတော့ အရိုက်ခံနေရမယ်ဆိုရင် တကယ် သေသွားလိမ့်မယ်
ဒီကြာပြာက တကယ်စွမ်းအားကြီးတာပဲ