ကံမကောင်းသော အသက်မဲ့ဘုရင်
Vol. 19 Ch. 275
အခန်း (၂၇၅) : ကံမကောင်းသော အသက်မဲ့ဘုရင်
အမလေး …နောက်ထပ်တစ်ခါ ထပ်ပြီး မဖြစ်ပါနဲ့တော့လား
သူတို့ဆီ ခုန်အုပ်နေသော မရေတွက်နိုင်သည့် အငြိုးကြီး သရဲများကိုကြည့်ပြီး ရှန်ထျန်း ခေါင်းကိုက်လာမိသည်။ သူက သောင်းချီနေသော အငြိုးကြီးသရဲများကို အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်သော်လည်း အဓိပ္ပာယ် မရှိပေ။
သူက ဓားတစ်ချက်လွှဲလို့ ရွှေအမြုတေအဆင့် အငြိုးကြီး သရဲဆယ်ကောင်ကို သတ်နိုင်လျှင်ပင် သောင်းချီနေသော အငြိုးကြီးသရဲများကို သတ်ဖို့အတွက် ဓားကို အကြိမ်ရေ ထောင်ချီပြီး လွှဲယမ်းရမည် ဖြစ်သည်။
ထိုအငြိုးကြီးသရဲများက အတော်လေး အားနည်းသော်လည်း ငတုံး မဟုတ်သည့်အတွက် ဘယ်လိုရှောင်ရမလဲဆိုတာကို သိနေပြန်သည်။ ရှန်ထျန်းသာ ရွှေအမြုတေအဆင့် အငြိုးကြီး သရဲများအားလုံးကို သတ်မည်ဆိုပါက သူ့ကို မောပန်းစေလိမ့်မည်။
ရှန်ထျန်းက ဤအငြိုးကြီးသရဲများနှင့် အချိန်များစွာ ကုန်ဆုံးပြီးပြီဖြစ်သည့်အတွက် သူသာ ပြဿနာကို မဖြေရှင်းနိုင်ပါက ညံ့ဖျင်းရာ ကျလိမ့်မည်။ ကံကောင်းစွာဖြင့် အငြိုးကြီးသရဲများ၏ အဖွဲ့လိုက်လုပ်ဆောင်မှုက ထိန်းချုပ်ပေးမည့် မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များ မရှိတော့သည့်အတွက် ဖရိုဖရဲ ဖြစ်လာသည်။
ထို့ကြောင့် အငြိုးကြီး သရဲများက ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစု၏ ကာကွယ်ရေး အစီအရင်ကို မချိုးဖောက်နိုင်ကြပေ။
“ လူအိုကြီးယဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်တွေ သေသွားတာတောင် ဒီအငြိုးကြီး သရဲတွေက ဘာလို့ ဆက်ပြီးတော့ တိုက်ခိုက်နေကြတာလဲ”
ရှန်ထျန်း၏ မေးခွန်းကြောင့် ယဲ့ချန်းခန်က ပြုံးကာ ဖြေလိုက်သည်
“အဆုံးမဲ့ဝိညာဉ် ရွက်လှေက အငြိုးကြီးသရဲတွေကို ထိန်းချုပ်ဖို့အတွက် သုံးတဲ့ ဓမ္မအသုံးအဆောင် ပစ္စည်းလေးတစ်ခုပဲ။ ဒါက သူတို့ရဲ့ သက်တမ်း မဟုတ်ဘူးလေ။
အဆုံးမဲ့ဝိညာဉ် ရွက်လှေက ပျက်စီးသွားတဲ့နောက် အဲဒီအငြိုးကြီးသရဲတွေက ထိန်းချုပ်ခံထားရာကနေ လွတ်သွားရုံပဲ။ အဲဒါကြောင့် သူတို့ မပျောက်ကွယ်သွားတာ။ ဒီအငြိုးကြီးသရဲတွေက ဒီမြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်ထဲမှာ ထာဝရရှင်သန်သူနီးပါးပဲ။
မင်း သူတို့ကို တစ်ခါထဲ အသေမသတ်သရွေ့ ဘယ်လောက်ပဲ ဒဏ်ရာပြင်းပြင်း ရသွားသွား အမြန်ဆုံးနည်းလမ်းနဲ့ ပြန်ပြီးတော့ နလန်ထူလာမှာပဲ”
ယဲ့ချန်းခန်၏ ပြောစကား မှန်ကန်ကြောင်းကို ရှန်ထျန်းနှင့် ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုတွေ တိုက်ခိုက်ပြီးတော့ ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း ယခုတွင် ပြန်လည်ကောင်းမွန်လာသော အငြိုးကြီးသရဲများက သက်သေပြလိုက်သည်။
လက်၊ ခြေထောက် နှင့် ခေါင်းများ အဖြတ်ခံရပါစေ ယခု ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။
ထိုအရာက ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုကို ကြက်သီးဖြန်းဖြန်း ထသွားစေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အသက်မဲ့ဘုရင် မျှော်လင့်ထားသည့်အတိုင်း ထိုအခြေအနေကို ဖြေရှင်းရန် ဘာနည်းလမ်းမှ မရှိတော့ပေ။
ရှန်ထျန်းက ရောင်ဝါစက်ဝန်းများကို ကြည့်ပြီး ယဲ့ချန်းခန်၏ ညွှန်ကြားမှုတိုင်း မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များ၏ ခေါင်းကို အားအင်အပြည့်ဖြင့် မဖြတ်တောက်ပါက ထို အငြိုးကြီးသရဲများကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။
ယခု အငြိုးကြီးသရဲများကို ထိန်းချုပ်နေသောသူ သေသွားလျှင်ပင် ထို အငြိုးကြီးသရဲများ၏ ကုစားနိုင်စွမ်းက အရမ်းအားကောင်းသည့်အတွက် ရင်ဆိုင်ဖို့ အခက်တွေ့နေဆဲ ဖြစ်သည်။
“ ဒါပေမဲ့ ဒီအငြိုးကြီး သရဲတွေကို အမြစ်ဖြတ် သုတ်သင်ပစ်ဖို့က အရမ်းရိုးရှင်းပါတယ်”
ယဲ့ချန်းခန်က ပျော်ရွှင်မြူးထူးစွာဖြင့် ပြောလိုက်သည်
“ မင်း သိချင်လား။ ထျန်းအာ မင်းငါ့ကို မွေးစားအဖိုးလို့ ခေါ်တာနဲ့ မင်းကို ပြောပြမယ်”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားသည်။
သူက ဘာလို့ ငါ့ကို ဘာလို့ ခဏခဏ မွေးစားအဖိုးလို့ ခေါ်ခိုင်းနေရတာလဲ
ပုံမှန်ဆိုရင် မွေးစားအဖေ၊ မွေးစားသမီး ဒါမှမဟုတ် မွေးစားအမေ ဖြစ်သင့်တာ မဟုတ်လား
ဘယ်တုန်းကမှ မွေးစားအဖိုးလို့ မကြားဖူးပါဘူး။ နတ်ဘုရားလောကက အမျိုးတော်စပ်မှုတွေက ဒီလောက်ထိ ရှုပ်ထွေးတယ်ဆိုတာ ဖြစ်နိုင်လို့လား
ရှန်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါ်လိုက်သည်
“ မွေးစားအဖိုး”
ယဲ့ချန်းခန် ပျော်ရွှင်မြူးတူးစွာဖြင့် ပြောလိုက်သည်
“ အမှန်တော့ ဒီအငြိုးကြီး သရဲ ပြဿနာကို ရှင်းဖို့က အရမ်းရိုးရှင်းပါတယ်။ မင်းဆီမှာ ရှိနေတဲ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားနဲ့ ပြန့်ဟွားပန်း ဘုရင်ပဲ။ အထူးသဖြင့်တော့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားပေါ့။ နှစ်ခုလုံးက ပြန်လည်ဝင်စားခြင်း နယ်မြေရဲ့ အထွတ်အထိပ်အဆင့် ရတနာတွေပဲ။
ဓမ္မအသုံးအဆောင် ပစ္စည်းကို ဖန်တီးခဲ့တဲ့သူက အားနည်းပေမဲ့ ဒီဓမ္မအသုံးအဆောင် ပစ္စည်းကို အသုံးပြုတဲ့နေရာမှာတော့ မမှားယွင်းခဲ့ဘူး။ အဲဒါကြောင့် မင်း ရိုးရှင်းတဲ့ ပြန်လည်ဝင်စားခြင်း စက်ဝန်းကို လုံးဝ ဖန်တီးနိုင်တယ်။
မင်းက သန့်စင်ခြင်းဓမ္မပညာရပ်တွေ အသုံးပြုပြီးတော့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို အသက်သွင်းတာနဲ့ ဒီမြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်ထဲမှာ ရိုးရှင်းတဲ့ ပြန်လည်ဝင်စားခြင်း စက်ဝန်းတစ်ခု ဖန်တီးနိုင်တယ်။
အဲဒီအချိန်မှာ အငြိုးအတေး၊ ယင်အရှိန်အဝါ၊ အဆိပ်နဲ့ ငရဲမီးတောက်အားလုံးက ပြန်လည်ဝင်စားခြင်းကို ခံယူပြီးတော့ သန့်စင်ဆေးကြောခံရမှာ။
အဲဒါက အငြိုးကြီး သရဲပြဿနာကို ဖြေရှင်းနိုင်ရုံတင် မကပဲနဲ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကိုလည်း သန်မာလာစေမှာ”
ဒါဆို ငါက ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်မှာလဲ
ရှန်ထျန်း ကြောင်အသွားသော်လည်း စိတ်အားတက်ကြွလာသည်။
သို့သော် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် သန့်စင်ခြင်းဓမ္မပညာရပ်ရှိသော်လည်း ရှန်ထျန်း မသင်ယူခဲ့ရပေ။ ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်ရှိတာ ဘယ်လောက်မှ မကြာသေးသော်လည်း သူ့ဆီမှာ အမျိုးမျိုးသော တော်ဝင်ကျမ်းများ ရှိနေပြီဖြစ်သည်။
သူ့မှာ တော်ဝင်ကျမ်းများကို လေ့ကျင့်ဖို့ အချိန်မရှိသည့်အတွက် ဝိညာဉ်များကို သန့်စင်လုပ်နိုင်သည့် နည်းလမ်းများကို သင်ယူဖို့ အချိန်လည်း မရှိပေ။
“ အဟမ်း .. အဖိုးယဲ့ ကျွန်တော်က ဘယ် သန့်စင်ခြင်းဓမ္မပညာရပ်ကိုမှ မသိဘူး”
ရှန်ထျန်းက ရိုးသားစွာဖြင့် ခေါင်း ကုတ်လိုက်သည်။
ယဲ့ချန်းခန်က ငိုရမလိုလို ရယ်ရမလိုလိုဖြစ်သွားသည်
“ ကိစ္စမရှိပါဘူး။ မင်းဆီမှာ ရှိတဲ့ စွမ်းအားကိုသာ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားထဲ ထည့်လိုက်။ ကျန်တာကို ငါ့ဆီ အပ်ထားလိုက်”
စွမ်းအင်ကို ထည့်ရမယ်တဲ့လား။ ငါက အဲဒီနေရာမှာ ကျွမ်းကျင်တယ်
ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ပျော်ရွှင်စွာ ထုတ်ကာ မီးစားကျမ်းထဲရှိ စွမ်းအင်ကို ထိုထဲသို့ အဆက်မပြတ် လောင်းထည့်လိုက်သည်။ ထို့နောက် ငှက်မွေးထာဝရသတ္တု၊ အံ့ဖွယ်ဝါးမျိုနွယ်ပင်၊ ရှေးဦးအဆီအနှစ်ရေစင်၊ နန်မင်လီမီးတောက်၊ ပြန်လည်ဝင်စားခြင်း သန့်စင်မြေနှင့် ဓာတ်နှောနတ်မိုးကြိုးတို့၏ စွမ်းအင်ကိုလည်း လောင်းထည့်လိုက်သည်။
စွမ်းအင်ခြောက်မျိုးက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို လည်ပတ်သွားကာ သေးငယ်သော ငွေရောင်စက်ဝန်းပြားက မျက်စိရှေ့မှာတင် လျင်မြန်စွာ ကြီးထွားလာသည်။
သေးငယ်သော ကြွေပန်းကန် အရွယ်အစားမှ ကြီးသော ကြွေပန်းကန် အရွယ်အစားသို့ တိုးမြှင့်သွားသည်။ ထို့နောက် ခြေဆေးဇလုံ အရွယ်အစား ဖြစ်သွားသည်။ ထို့နောက် ဆက်လက်ပြီး ကြိတ်ဆုံကျော် အရွယ်အစားသို့ ရောက်ရှိသွားသည်။
အဆုံးတွင် စတုရန်းပေ ၉၀ လောက်ရှိသော ကြီးမားသည့် ငွေရောင်စက်ဝန်းပြားက အားလုံးရှေ့တွင် ပေါ်လာသည်။
ထိုငွေရောင် စက်ဝန်းပြားကို အပိုင်းခြောက်ပိုင်း ခွဲထားကာ တစ်ပိုင်းချင်းစီတွင် ကြီးကျယ်ပြီး ခန့်မှန်းရခက်ခဲသော အင်မတန် ဆန်းကြယ်နက်နဲသည့် ပုံစံကွက်များကို ထွင်းထုထားသည်။
ထိုအရာက တောက်ပစွာ လင်းလက်ပြီးနောက် အားလုံး၏ အပေါ်သို့ အလင်းဖြာကျသွားသည်။ အငြိုးကြီးသရဲဆီမှ အဆိပ်ရှိသော ကုတ်ချက်ဖြစ်စေ၊ ငရဲမီးတောက်လောင်ကျွမ်းခြင်းမှ ရရှိသော ပြည်ဖုများဖြစ်စေ ဖြည်းဖြည်းချင်း စတင်သက်သာလာသည်။
ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားရှေ့တွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့အပေါ်သို့ မြင့်မြတ်သော အလင်းတန်း ဖြာကျနေသည့်အတွက် နတ်ဘုရားတစ်ပါးလိုမျိုး တည်ငြိမ်ခန့်ညားနေသည်။
သူက ပါးစပ်ကို လှုပ်နေသော်လည်း အသံထွက်မလာပေ။ သို့သော် သိမ်မွေ့သော ခါးသီးမှု၏ ရွတ်ဆိုသံက လေထဲတွင် ပျံ့နှံ့လာသည်။
“ သေမျိုးဘဝရဲ့နည်းလမ်းက ကြိုမမြင်နိုင်ဘူး။ ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီး ဖမ်းဆုပ်ဖို့ ခဲယဉ်းလှတယ်။ သရဲတွေရဲ့ နည်းလမ်းက လူတွေကို ခဏတာပျော်ရွှင်မှု ယူဆောင်ပေးလာနိုင်တယ်။ ဒါပေမဲ့ လူသားတစ်ယောက်အနေနဲ့ ကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းသင့်တယ်။
ကျင့်ကြံရေး လမ်းကြောင်းဆိုတာက ကိုယ့်ဘဝကို တန်ဖိုးထားမြတ်နိုးပြီးတော့ တခြားသူတွေကို ကူညီလို့လည်း ရတယ်။ သရဲတစ်ကောင် ဖြစ်ရခြင်းကတော့ အဆုံးသတ်နှင့် အဆုံးသတ်ရခြင်းအပေါ် အလေးပေးထားတယ်။
ကျင့်ကြံရေးလမ်းကြောင်းက သဘာဝကျကျနဲ့ ကံကောင်းမှုကို ယူဆောင်လာပြီးတော့ သရဲတွေရဲ့ လမ်းစဉ်မှာတော့ တစ်စုံတစ်ယောက်ကို အန္တရာယ် ကျရောက်စေပြီး တစ်စုံတစ်ယောက်ကို ရက်စက်စေတယ်”
ကျမ်းစာကို ရွတ်ဆိုပြီးနောက် လေထဲတွင် အက္ခရာများ ပေါ်လာကာ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားထဲသို့ ဝင်သွားသည်။
သိပ်မကြာခင်တွင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ပိုပြီးလင်းလက်လာကာ ဖြည်းဖြည်းချင်း စတင်လည်ပတ်တော့သည်။ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားမှ ထုတ်လွှတ်လိုက်သော အင်မတန် အားပြင်းသည့် စွမ်းအားက ကျင့်ကြံသူများအပေါ် သက်ရောက်ခြင်းမရှိဘဲ အငြိုးကြီး သရဲများသာ ဆွဲဆောင်ခံလိုက်ရသည်။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား၏ အလင်းရောင်ဖြာကျမှုကို ခံရပြီးနောက် မူလက ရူးကြောင်ကြောင် ဖြစ်နေကြသော အငြိုးကြီးသရဲများ တိတ်ဆိတ်သွားသည်။
သူတို့၏ နီရဲနေသော မျက်လုံးများလည်း အနက်ရောင်သို့ ပြောင်းလဲသွားကာ ထိုထဲတွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မြင်နေရသည်။
သူတို့က လေထဲတွင် မြောနေသော ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဆီသို့ ကြည့်ကာ အငြိုးကြီးသရဲများအားလုံး၏ မျက်နှာတွင် လိုအင်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။
ဒါက ပြန်လည်ဝင်စားခြင်းပဲ
ဒါက အသစ်ပြန်လည်မွေးဖွားဖို့အတွက် အခွင့်အရေးပဲ
ပုံမှန်အားဖြင့် အငြိုးကြီးသရဲ၏ အငြိုးပြင်းထန်လေလေ သန့်စင်ဖို့အတွက် ခက်ခဲလေလေ ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူများက သူတို့က တိုက်ရိုက်သုတ်သင်ရှင်းလင်းပစ်မည်။
သို့သော် ယခု အငြိုးကြီး သရဲများအားလုံးမှာ တူညီသော အတွေးတစ်ခုရှိနေကြသည်။ သူတို့သာ ဤပြန်လည်ဝင်စားခြင်း စက်ဝန်းပြားထဲသို့ ဝင်ရောက်နိုင်ပါက သူတို့ဘာသာသူတို့ သန့်စင်ပြီး ပြန်လည်မွေးဖွားနိုင်မည်ဆိုသော အတွေးပင် ဖြစ်သည်။
အငြိုးကြီးသရဲများက ချက်ချင်းပင် စိတ်လွတ်သွားကြသည်။
သူတို့က ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဆီသို့ ဆူနာမီလိုမျိုး တိုးဝင်နေကြသည်။
အငြိုးကြီးသရဲများက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားထဲ ဝင်ဖို့အတွက် အလျင်အမြန် သွားနေကြသည်။ သူတို့က ထို စက်ဝန်းပြားထဲတွင် လျင်မြန်စွာဖြင့် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။
ထိုကဲ့သို့သော ပြိုကွဲခြင်းက သူတို့ကို သုတ်သင်ရှင်းလင်းခြင်း မဟုတ်ဘဲ သူတို့၏ စစ်မှန်သော ဝိညာဉ်ကို “အငြိုးအတေး”၊ “ယင် အရှိန်အဝါ”၊ “ အဆိပ်”၊ “ ငရဲမီးတောက်”တို့ဆီမှ ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။
သူတို့၏ ဝိညာဉ်များ အခြေခံအကျဆုံး အခြေအနေသို့ ရောက်ရှိသွားမှသာ သန့်စင်ပြီး ပြန်လည်မွေးဖွားနိုင်မည် ဖြစ်သည်။
တစ်စုံတစ်ယောက်က မမွေးဖွားခင်ကတည်းက ကြောက်စရာကောင်းတဲ့ အငြိုးအတေး၊ အဆိပ်နဲ့ ငရဲမီးတောက်တွေကို ယူဆောင်လာနိုင်တာမျိုး ရှိလို့လား
ဒါဆိုရင် ကိုယ်ဝန်ဆောင်မိခင် သေသွားလိမ့်မယ်။
အားလုံးက နီကျားရဲ့ အမေလိုမှ မဟုတ်တာ …
များပြားသော အငြိုးကြီးသရဲများက ပြန်လည်မွေးဖွားခြင်း စက်ဝန်းပြားထဲတွင် သန့်စင်ပြီးနောက် သူတို့၏ သန့်ရှင်းအသန့်စင်ဆုံးပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
သူတို့က စက်ဝန်းပြား၏ ရှေ့တွင်ထိုင်နေသော ရှန်ထျန်းကို ကြည့်ကာ ရိုသေစွာ ဒူးထောက်လိုက်ရင်း ကျေးဇူးတင်ကြောင်း ပြောနေကြသည်။
“ ကျေးဇူးတင်ပါတယ် ထာဝရရှင်သန်သူ စီနီယာ။ ကျွန်တော် စီနီယာအပေါ်မှာ တစ်သက်လုံးစာ အကြွေးတင်သွားပါပြီ”
“ ကျေးဇူးတင်ပါတယ် ထာဝရရှင်သန်သူ စီနီယာ။ ကျွန်တော် စီနီယာအပေါ်မှာ တစ်သက်လုံးစာ အကြွေးတင်သွားပါပြီ”
“ ကျေးဇူးတင်ပါတယ် ထာဝရရှင်သန်သူ စီနီယာ။ ကျွန်မ စီနီယာအပေါ်မှာ တစ်သက်လုံးစာ အကြွေးတင်သွားပါပြီ”
“ ကျေးဇူးတင်ပါတယ် စီနီယာရယ်။ စီနီယာရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် စီနီယာရဲ့ ဘေးမှာနေပြီးတော့ အစေခံလုပ်ပြီး အကြွေးဆပ်ပါရစေ”
များပြားသော အငြိုးကြီး သရဲများကို သန့်စင်ပြီးနောက် လေထဲတွင် ရွှေရောင်အလင်းတန်းများ ဖြည်းဖြည်းချင်း ပေါ်လာသည်။
ထိုအလင်းတန်းများ၏ တစ်ဝက်က ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားထဲသို့ ဝင်သွားပြီး ကျန်တစ်ဝက်က ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ ရှန်ထျန်း၏ နောက်တွင် ပေါ်လာသော ဖျော့တော့သည့် ရွှေရောင် ရောင်ဝါစက်ဝန်းက သူ့ကို ဂုဏ်သရေတိုးအောင် လုပ်ပေးနေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး သက်သာရာရသွားသလိုမျိုး ရှန်ထျန်း ချက်ချင်း ခံစားလာရသည်။
သို့သော် ထိုကဲ့သို့သော ခံစားချက်မျိုးက သူကံကြမ္မာ မြင့်တက်သွားသောကြောင့် ဖြစ်လာသော ခံစားချက်မျိုး မဟုတ်ဘဲ သူ့ဝိညာဉ် အဆင့်မြင့်တက်သွားသလိုမျိုး ခံစားရပြီး ထိုကဲ့သို့သော ခံစားချက်မျိုးကို စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ပေ။
“ မင်း အဲဒါကို ခံစားမိလား။ ဒါကကောင်းမှုပဲ။ မင်း သန့်စင်ပေးလိုက်တဲ့ အငြိုးကြီးသရဲ အရေအတွက်တွေလည်း များပြီးတော့ သူတို့ရဲ့ ခွန်အားက ကြီးမားတယ်”
ယဲ့ချန်းခန်က ရှန်ထျန်းကို စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်
“ အဲလို ကုသိုလ်မျိုးက အရမ်းဆန်းကြယ်တယ်။ ဒါက ကောင်းကင်တာအိုက အပ်နှင်းတဲ့ အသိအမှတ်ပြုတဲ့ ဆုလာဘ်တစ်ခုပဲ။
ပုံမှန်ဆိုရင် ကျင့်ကြံသူတွေက ဝိညာဉ်တွေကို သန့်စင်ပေးပြီးတော့ ကုသိုလ်ကို ရရှိနိုင်တယ်။ ဒါပေမဲ့ အရေအတွက်က အရမ်းနည်းပြီး အရည်အသွေးကလည်း ပျမ်းမျှလောက်ပဲရှိတယ်ဆိုတော့ ရရှိထားတဲ့ ကုသိုလ်က အခြေခံအားဖြင့် မမြင်ရသလောက်ပဲ။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ကျေးဇူးတင်လိုက်။ မင်း ပထမဆုံးအကြိမ် ဝိညာဉ်သန့်စင်ပေးတဲ့အချိန်မှာတင် အငြိုးကြီးသရဲပေါင်း သောင်းချီပြီးတော့ သန့်စင်ပေးလိုက်နိုင်တယ်လေ။
ဒီအငြိုးကြီးသရဲတွေက ရွှေအမြုတေအဆင့်အထက်မှာရှိတဲ့ သန္ဓေပြောင်း သရဲတွေလေ။ သူတို့ရဲ့ အရည်အသွေးကလည်း အရမ်းမြင့်မားတယ်
ကျစ်…ကျစ်…အဲ ဒီဘုန်းကြီးအတုက တကယ်ကို ကောင်းတဲ့သူပဲ။ သူက မင်းကို ပြန့်ဟွားပန်းကို ပေးရုံတင်မကဘူး ကုသိုလ်ကိုပါ အလကား ပေးခဲ့သေးတယ်”
ရှန်ထျန်းက မေးလိုက်သည်
“ကုသိုလ်တဲ့လား။ အဲဒါက ဘယ်လိုအသုံးဝင်တာလဲ”
ယဲ့ချန်းခန်က ပြုံးကာ ပြန်ဖြေလိုက်သည်
“ကုသိုလ်က အရမ်းအသုံးဝင်တယ်။ အဲဒါကို အသုံးအဆောင်ပစ္စည်းနဲ့ ဆေးလုံးတွေ ဖန်တီးဖို့အတွက် အသုံးပြုတဲ့အပြင် ကျင့်ကြံရေး အရှိန်ကိုလည်း တိုးမြှင့်ပေးနိုင်တယ်။
ဒါပေမဲ့ အဲဒီအရာတွေအတွက် ကုသိုလ်အသုံးပြုလိုက်မယ်ဆိုရင် ဖြုန်းတီးရာကျလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းက မင်းကိုယ်မင်း သန်မာလာအောင် ကုသိုလ်ရောင်ဝါစက်ဝန်း ဖန်တီးဖို့ပဲ။
အဲဒါက မင်းရဲ့နားလည်နိုင်စွမ်းကို တိုးတက်စေရုံတင် မကဘူး။ ကျင့်ကြံရေးပညာရပ်တွေ အားလုံးကို လေ့ကျင့်တဲ့အခါမှာလည်း အားစိုက်ထုတ်လိုက်တာရဲ့ ရလဒ်နှစ်ဆ ရရှိနိုင်တယ်။
ဒီထက်ပိုပြီးတော့ အရေးကြီးတာက အဲဒီ ကုသိုလ်ရောင်ဝါ စက်ဝန်းနဲ့ဆိုရင် တခြားဘယ်ပုံရိပ်သဏ္ဌာန်ကို ပိုင်ဆိုင်ထားတဲ့သူကိုဖြစ်ဖြစ် ခြိမ်းခြောက်နိုင်ပြီ”
ဟမ်…
အရမ်းကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ပဲ။ ငါ တကယ်ကို ဆွံ့အသွားပြီ
သောင်းချီနေသော အငြိုးကြီးသရဲများကို သန့်စင်ပေးခြင်းက အချိန်တို အတွင်းပြီးဆုံးနိုင်သည့် ကိစ္စမဟုတ်သည့်အတွက် ရှန်ထျန်းက လေထဲတွင် ဘာစကားတစ်ခွန်းမှမပြောဘဲ ထိုင်နေသည်။
ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုမှ ပြုလုပ်ထားသော ကာကွယ်ရေးအစီအရင်ထဲတွင်…
အဓိကအထွတ်အမြတ်မြေ နှစ်ခု၊ အဓိကချိုင့်ဝှမ်း ခြောက်ခုနှင့် ကောင်းချီနယ်မြေ ၁၂ ခုမှ အထွတ်အထိပ်ရှင်များနှင့် ကောင်းကင်အသျှင်များက အံ့ဩမှင်သက်သွားကြသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါသည်လည်း ပြင်းထန်စွာ တုန်ခါလာသည်။
ဒါကဘာလဲ
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ် ပြောသလိုမျိုး ကံကြမ္မာသားတော်ဖြစ်တဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ သော့ချက် ဖြစ်လာမယ်ဆိုတာ တကယ်ဖြစ်နိုင်လို့လား
ဒါက တကယ်ကို ဟာသပဲ
ဒါပေမဲ့ သောင်းချီနေတဲ့ အငြိုးကြီး သရဲတွေကို အသုံးချပြီးတော့ မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင် ၉ ယောက် ထောင်ထားတဲ့ မလွတ်မြောက်နိုင်တဲ့ ထောင်ချောက်ကိုတော့ ဒီ သူတော်စင်က ရှင်းပေးလိုက်တာ မဟုတ်ဘူးလား။
ရွှေကိုယ်ထည် ကျင့်ကြံသူတစ်ယောက်ကလား
အရိုးရှင်းဆုံးပြောရလျှင် ရှန်ထျန်း၏ အပြုအမူများက ပါရမီရှင်များ၏ အမြင်ကို လုံးဝ ပြောင်းပြန်လှန်လိုက်နိုင်သည်။
ရှန်ထျန်းက အငြိုးကြီး သရဲအုပ်စုကြားထဲရှိ ကောင်းကင်အသျှင်၏ ခေါင်းကို ဖြတ်နိုင်ခဲ့သည်ဆိုသော အချက်ကို မေ့လိုက်လျှင်ပင် သူက အဆင့်တူကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်ပေသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တိုက်ပွဲတွေမှာပဲ ကျွမ်းကျင်တာ မဟုတ်ဘူး။ ဝိညာဉ်တွေကို သန့်စင်ပေးတဲ့ စွမ်းရည်ကလည်း ဒီလောက်ထိ အားကောင်းနေတယ်
သောင်းချီနေတဲ့ ရွှေအမြုတေအဆင့် အငြိုးကြီးသရဲတွေကို သန့်စင်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ
သန့်စင်ခြင်းက သုတ်သင်ရှင်းလင်းခြင်းထက် ပိုမိုခက်ခဲသည်။
ကောင်းကင်အသျှင် ကျင့်ကြံသူတစ်ယောက်ပင် ရှစ်နှစ်မှ ဆယ်နှစ်အထိ မရပ်မနား သန့်စင်လျှင်ပင် ပြီးပြည့်စုံအောင် သန့်စင်နိုင်မည် မဟုတ်ပေ။
တစ်ဖက်တွင် ရွှေကိုယ်ထည် ကျင့်ကြံခြင်းအဆင့်သာရှိသော ရှန်ထျန်းကတော့ ထိုအငြိုးကြီးသရဲများ၏ တစ်ဝက်ကို နှစ်နာရီအတွင်း သန့်စင်ပြီးသွားပြီ ဖြစ်၏။
ရှန်ထျန်းက သူကိုယ်တိုင် ခေါင်းဆောင်ဖြစ်နေပြီ
ဒါက မယုံနိုင်စရာပဲ
“ စောနက ထျန်းအာ ရွတ်ဆိုလိုက်တာက အံ့ဖွယ်မိုးကောင်းကင် သန့်စင်ရေး ကျမ်း မဟုတ်ဘူးမလား”
ကြာဖြူ ကောင်းကင်အသျှင်က ရှန်ထျန်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ ဒါပေမဲ့ ဒီသန့်စင်ခြင်းပညာရပ်က အံ့ဖွယ်မိုးကောင်းကင် သန့်စင်ရေးကျမ်းထက် ပိုပြီးတော့ လေးနက်ပုံပေါ်တယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါများ စတင်လှုပ်ခတ်လာကာ ပြောလိုက်သည်
“ ထျန်းအာက ကံကြမ္မာသားတော်လေ။ တခြားသန့်စင်ရေး ပညာရပ်တွေကို ရထားတယ်ဆိုတာက သူ့အတွက်တော့ လုံးဝသာမန်ပဲ။ ဒါက ငါတို့ဂိုဏ်းအတွက်လည်း ကံကောင်းမှုတစ်ခုပဲ”
သူက သူ့တပည့်ကို တစ်လျှောက်လုံး စိုက်ကြည့်နေခဲ့သည်။ သူက မှန်ကန်သော ရွေးချယ်မှုအတွက် ကျေနပ်နေသည်။
ထျန်းအာကို အတူခေါ်လာခဲ့တာက တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ
ဒီလို မတော်တဆမှုတွေ ဖြစ်ခဲ့ပေမဲ့လည်း အဆုံးမှာတော့ ထျန်းအာရဲ့ ကူညီမှုကြောင့် အဆိုးထဲက အကောင်း ဖြစ်သွားခဲ့တာ
ဒါက ရှေးဟောင်းစာအုပ်ထဲမှာ ပြောထားတဲ့ အကြောင်းအရာနဲ့ အတူတူပဲ ဒါမှမဟုတ် စာအုပ်ထဲက အကြောင်းအရာတွေထက် အနည်းငယ် ပိုပိုသာသာ ပြောလို့လည်း ရတယ်
ထျန်းအာနဲ့အတူ ငါတို့ဂိုဏ်း မြင့်တက်လာဖို့အတွက် မျှော်လင့်ချက် ရှိတယ်
ဟားဟားဟား …
အချိန်ကြာလာသည်နှင့်အမျှ သန့်စင်ပြီးသော အငြိုးကြီးသရဲများ၏ အရေအတွက်လည်း တိုးမြင့်လာခဲ့သည်။
ထိုအချိန်တွင် အငြိုးကြီးသရဲများ၏ စွမ်းအင်ဖြစ်သော အငြိုးအတေး၊ ယင်အရှိန်အဝါ၊ အဆိပ်၊ ငရဲမီးတောက်စသည်တို့ကို ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားမှ လုံးဝ စုပ်ယူသွားကာ အသန့်စင်ဆုံး မူလစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ များပြားသော မူလစွမ်းအားကို စုပ်ယူပြီးနောက် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားမှ ထုတ်လွှတ်သော အရှိန်အဝါက ပိုမိုလေးနက်ကာ ကျယ်ပြန့်လာသည်။
လေထုထဲ အားလုံးတန်းတူ ပိုင်နက်ကို ဖြတ်ပြီး မိုးကြိုးလျှပ်စီးများကို မြင်နေရသည်။
“ ဒါက ထာဝရအသုံးအဆောင် ပစ္စည်းအတွက် မိုးကြိုးစမ်းသပ်ချက်ပဲ။ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား တကယ် အဆင့်တက်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
မိုးကြိုးအရှိန်အဝါထဲမှ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အေးစက်စက်ာ အသံကို ကြားလိုက်ရသည်
“ စီနီယာ အသက်မဲ့က ကံကြမ္မာသားတော်ကို တကယ်ဆန့်ကျင်ရဲတာပဲ။ အခုတော့ စီနီယာ ဒုက္ခရောက်ပြီ”
ဟား…ဟား…ဟား…
အားလုံးသိတဲ့အတိုင်းပဲ သာမန်လူတွေက အတိဒုက္ခလွန်ဖြတ်ကျော်ခြင်းပြီးမှ ဝိဇ္ဇာ ဖြစ်လာနိုင်ကြတာ။ သူတို့ မိုးကြိုးစမ်းသပ်ချက် ၁၂ခါ ခံယူပြီး အသက်ရှင်မှ ထာဝရရှင်သန်သူတွေ ဖြစ်လာနိုင်တာ
ထာဝရတပိုင်း အသုံးအဆောင် ပစ္စည်းတွေကလည်း ထာဝရအသုံးအဆောင် ပစ္စည်းဖြစ်လာဖို့အတွက် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ဖို့ လိုအပ်တယ်
ပုံမှန်ဆိုရင် လူသားဖြစ်ဖြစ်၊ ထာဝရတပိုင်း အသုံးအဆောင် ပစ္စည်းဖြစ်ဖြစ် အတိဒုက္ခလွန်စမ်းသပ်ချက်ကို ခံယူတဲ့အခါ ဝေးလံတဲ့နေရာကို ရွေးချယ်ကြလိမ့်မယ်
အဲဒါဆိုရင် သတိထားခံရမှာလည်းမဟုတ်သလို လိုချင်စိတ်လည်း ပြင်းပြနေမှာ မဟုတ်တော့ဘူး။ တခြားသူတွေကိုလည်း ပါဝင်ခိုင်းမှာ မဟုတ်တော့ဘူး
သို့သော် ရှန်ထျန်းတို့က အသက်မဲ့ဘုရင် ဖန်တီးထားသော အားလုံးတန်းတူ ပိုင်နက်ထဲတွင် ပိတ်မိသွားသည်။
အားလုံးတန်းတူ ပိုင်နက်ကို ဖန်တီးလိုက်သည်နှင့် ကာကွယ်ရေးအစီအရင်ကို ဖန်တီးလိုက်သောသူက ကာကွယ်ရေးအစီအရင်နှင့် တစ်သားတည်းလိုမျိုး ဖြစ်သွားသည့်အတွက် ကြိုက်သည့်အချိန်မှာ ရှင်းထုတ်ပစ်လို့ မရနိုင်တော့ပေ။
ပြီးဆုံးဖို့အတွက် မူလသတ်မှတ်ထားသည့် အချိန်ပြီးအောင် စောင့်ရမည့် နည်းလမ်းနှင့် ကာကွယ်ရေးအစီအရင်ကို စွမ်းအားပြင်းပြင်းဖြင့် ထိုးဖောက်နိုင်သည့် နည်းလမ်းအပြင် မရှိပေ။
အားလုံးတန်းတူ ပိုင်နက်က မထင်ထားလောက်အောင် စွမ်းအားကြီးပြီး ကျင့်ကြံသူအားလုံးကို အဆင့်တူညီအောင် လုပ်ပစ်လိုက်သော်လည်း ကာကွယ်ရေးအစီအရင်ကိုသာ ဖျက်စီးခံရပါက တုံ့ပြန်မှုကလည်း အင်မတန် ကြောက်စရာကောင်းလိမ့်မည်။ ထိုအရာက ဝိဇ္ဇာ၏ တာအိုအုတ်မြစ်ကိုပင် ဖျက်စီးပစ်ဖို့ လုံလောက်သည်။
သို့သော် အစီအရင်ကို တည်ဆောက်သူက ထိုကဲ့သို့သော အခြေအနေမျိုးကို ပုံမှန်အားဖြင့် ထည့်မတွက်ပေ။ အကြောင်းအရင်းက အရမ်းရိုးရှင်းလှသည်။ ကာကွယ်ရေးအစီအရင်ကို ဖန်တီးလိုက်သည်နှင့်တစ်ပြိုင်နက် လူလေးယောက်၏ ခွန်အားက လုံးဝ ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။
ရှန်ထျန်းတို့ကို ဖမ်းထည့်ထားသည့် အားလုံးတန်းတူ ပိုင်နက်ကို ဝိဇ္ဇာလေးယောက်ဖြစ်သည့် အသက်မဲ့၊ ခုနစ်သွယ် သတ်ဖြတ်ခြင်း၊ ဖိုကျွင့်ထန်းနှင့် လောဘကြီး ဝံပုလွေတို့ ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့အထဲတွင် ခုနစ်သွယ် သတ်ဖြတ်ရေး၊ ဖိုကျွင့်ထန်းနှင့် လောဘကြီးဝံပုလွေတို့က ဝိဇ္ဇာများ ဖြစ်ကြပြီး အသက်မဲ့ဘုရင်က ၅ ဆင့်မြောက် သန့်စင်ခြင်းအဆင့်အထက်သို့ ရောက်ရှိနေသည့် မဟာဝိဇ္ဇာ ဖြစ်သည်။
၇ဆင့်မြောက် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသော မဟာဝိဇ္ဇာတစ်ပါးပင် အားလုံးတန်းတူ ပိုင်နက်ကို ဖျက်စီးဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း အသက်မဲ့ဘုရင်က သူ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရှန်ထျန်း လုယူတာ ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။
ရှန်ထျန်း လုယူလိုက်သော ကံအပြောင်းအလဲ အခွင့်အရေး၏ ပိုင်ရှင်သည်လည်း အဆုံးသတ်မလှကြောင်း သိထားရပေမည်။
ရှန်ထျန်း၏ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ထိုအငြိုးကြီးသရဲများကို သန့်စင်ပေးပြီးနောက် အတိဒုက္ခလွန်စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး စစ်မှန်သော ထာဝရအသုံးအဆောင် ပစ္စည်းအစစ်ဖြစ်လာဖို့အတွက် မမျှော်လင့်နိုင်ပေ။
မပြည့်စုံသော စည်းမျည်းများနှင့် အဆင့်နိမ့် ကျင့်ကြံရေးလောကတွင် နတ်ဘုရားလောကမှ ထာဝရအသုံးအဆောင် ပစ္စည်းများမှ လွဲ၍ ထာဝရအဆင့်သို့ ရောက်နိုင်သော အသုံးအဆောင်ပစ္စည်းများမှာ နည်းပါးလှသည်။
လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းတွင် နယ်မြေငါးခုမှာ ရှိသည့် ထာဝရအသုံးအဆောင် ပစ္စည်းကို လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရနိုင်သည်။
ထိုသောင်းချီနေသော အငြိုးကြီးသရဲများကို သန့်စင်ပြီး တိတ်တဆိတ် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို အင်အားကြီးအောင် လုပ်ဖို့အတွက် ယဲ့ချန်းခန်သာ ကုသိုလ်နှင့် စွမ်းအင်အဆီအနှစ်တို့၏ စွမ်းအားက မချေးငှားပေးခဲ့ပါက သူတို့ သောင်းချီနေသော အငြိုးကြီးသရဲများကို အမှန်တကယ် သန့်စင်ပေးနိုင်လျှင်ပင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ထာဝရအသုံးအဆောင် ပစ္စည်းဖြစ်လာအောင် လုပ်ဖို့ ခက်ခဲနေဆဲ ဖြစ်လိမ့်မည်။
အကယ်၍ဆိုသော စကားလုံး မရှိတာ သနားစရာပဲ။ အဆုံးမှာ တကယ်ဖြစ်သွားပြီ
အားလုံးတန်းတူ ပိုင်နက်၏ အပြင်ဘက်တွင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အဆုံးစွန်ထိ လုပ်ပြီးသွားပြီဖြစ်သည်။
ဂျိန်း…
ကြောက်စရာကောင်းသော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး အားလုံးတူညီပိုင်နက်ကို တည့်တည့်ပစ်ချလိုက်သည်။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ပြန်လည်ဝင်စားခြင်း သန့်စင်မြေဆီမှ ဖန်တီးခဲ့သည့်အတွက် ကုသိုလ်တွေ အများကြီးရှိသည့်အတွက် မိုးကြိုးစွမ်းအားက သိပ်မပြင်းပေ။
မိုးကြိုးက ပျောက်ကွယ်မသွားခင် အားလုံးတန်းတူ ပိုင်နက်ကို အနည်းငယ် လှုပ်ခတ်သွားအောင်သာ လုပ်နိုင်သည်။
သို့သော် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ မိုးကြိုးတိုက်ခိုက်မှုက အားလုံးတန်းတူ ပိုင်နက် အလိုအလျောက် ပြန်လည်ခုခံမှုကို အစပျိုးပေးလိုက်ပုံပေါ်သည်။
အနီရောင်ဗုဒ္ဓများ ကာကွယ်ရေးအစီအရင်၏ အလွှာပါးပါးမှ မြင့်တက်လာသည်ကို မြင်နိုင်ပြီး ကောင်းကင်မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များကို သူတို့လက်ဖဝါးဖြင့် ခုတ်နေသည်။
ဝုန်း…
ဝိဇ္ဇာလေးယောက်၏ ကာကွယ်ရေး အစီအရင်က သဘာဝအတိုင်း အင်မတန်စွမ်းအားကြီးသည့်အတွက် သွေးဗုဒ္ဓများ၏ ခွန်အားကလည်း ပြိုင်ဘက်ကင်းသည်။ ထို့ကြောင့် ကောင်းကင်ရှိ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်သွားသည်။
အားလုံးတန်းတူ ပိုင်နက်ထဲရှိ ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုက ချက်ချင်းအံ့အားသင့်သွားကြသည်။
ရှန်ထျန်း ကိုယ့်နဖူးပေါ် လက်တင်လိုက်ပြီး ဝိဇ္ဇာလေးယောက်ကို သနားနေမိသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်က ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်များကို နွယ်ဖြင့် လွှဲယမ်းပြီးနောက် ဘယ်လိုဆိုးရွားစွာ အဆုံးသတ်ခဲ့လဲဆိုတာကို သူ ကောင်းကောင်း မှတ်မိသည်။
ဟုတ်တယ်…ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ပျောက်ကွယ်သွားလည်း ဒါက အဆုံးသတ်မဟုတ်သေးဘူး
ဘာလို့လဲဆိုတာ ဒီထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့ ကောင်းကင်မိုးကြိုးတွေ ထပ်ပြီးတော့ စုဝေးလာပြီ။ ပြိုင်ဘက်မရှိသော ရွှေရောင်ကောင်းကင်မိုးကြိုးတွေ ပြန်ပြီးတော့ စုဝေးလာပြီ
အဆုံးမဲ့သော ရွှေရောင်တိမ်တိုက်များ စုဝေးလာကာ လေထဲတွင် ခမ်းနားသော ပုံရိပ်တစ်ခုကို ဖန်တီးနေသည်။
ထိုပုံရိပ်က ရွှေရောင်နတ်ချပ်ဝတ် တန်ဆာကို ဝတ်ဆင်ထားကာ တခြားသူများ စေ့စေ့မကြည့်ရဲလောက်သည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်နေသည်။ ပုံရိပ်၏ နောက်တွင် နတ်သားရဲငါးကောင် ရှိနေသည်။
တစ်ချိန်တည်းမှာပဲ အဆုံးမဲ့ရွှေရောင် ဓာတ်နှောနတ်မိုးကြိုးက ပြိုင်ဘက်ကင်း နတ်ဘုရားလှံတံများကဲ့သို့ ထိုပုံရိပ်အနားတွင် စုဝေးလာသည်။
“ထိုအရာက ဓာတ်နှောနတ်မိုးကြိုးဆီမှ ဖြစ်ပေါ်လာသည့် မိုးကြိုးစစ်သူကြီးပဲ။ အသက်မဲ့ဘုရင်ရဲ့ ကံ တကယ်ကို ဆိုးတာပဲ”
ကြာပြာ ကောင်းကင်အသျှင်က ပြုံးလိုက်မိသည်။ ဓာတ်နှောနတ်မိုးကြိုး၏ စွမ်းအားကို သူ တခြားသူများထက် ပိုပြီး ကောင်းကောင်းသိသည်။
ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က ဖန်တီးတဲ့ ဓာတ်နတ်မိုးကြိုးက ရိုးရိုးမဟုတ်ဘဲ မူလဓာတ်နှောနတ်မိုးကြိုးဆိုရင်တော့ ပြောမနေနဲ့တော့
ရှေးခေတ်အခါကတည်းက ကောင်းကင်တာအို ပိုင်ဆိုင်သော စွမ်းအားဖြစ်သည့် မူလဓာတ်နှောနတ်မိုးကြိုးကို ဘယ်သူမှ မထိန်းချုပ်နိုင်ပေ။ ထိုအရာက ကမ္ဘာပေါ်ရှိ မကောင်းသော အရာများအားလုံးကို ပြေးမလွတ်နိုင်စေသောအရာလည်း ဖြစ်သည်။
လူတစ်ယောက်သာ မူလဓာတ်နှောနတ်မိုးကြိုးကို အောင်မြင်စွာ ထိန်းချုပ်နိုင်သွားပါက ထိုလူအနေဖြင့် မိုးကြိုးပညာရပ်တွင် ဆရာတစ်ဆူဖြစ်လာပြီး မိစ္ဆာရန်သူများအားလုံးကို ကြောက်ဒူးတုန်သွားအောင် လုပ်နိုင်သည်။
ယခုလက်ရှိတွင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က မူလဓာတ်နှောနတ်မိုးကြိုးကို ဖန်တီးနေသည့်အတွက် အားလုံးတန်းတူ ပိုင်နက်၏ သွေးဗုဒ္ဓများကြောင့် စိတ်တိုနေပုံပေါ်သည်။
ထိုကဲ့သို့ဖြစ်နိုင်ချေက အရမ်းသေးငယ်သည့်အတွက် လျစ်လျူရှုထားလို့ ရခဲ့သည်။
အသက်မဲ့ဘုရင်က အတော်လေး ကံဆိုးတယ်လို့ ပြောလို့ရတယ်
ဝုန်း…
အဆုံးမဲ့ရှေးဟောင်းနယ်မြေတွင် ကျယ်လောင်သော မိုးခြိမ်းသံများကို ကြားနေရပြီး ဓာတ်နှောနတ်မိုးကြိုးမှ ဖန်တီးထားသည့် ရွှေရောင်လှံတံများက မိုးရွာသလို ကျလာသည်။
ဇွက်….ဇွက်…ဇွက်…
မူလက ထိုးဖောက်မရနိုင်သော ကာကွယ်ရေးအစီအရင်သည်လည်း ဓာတ်နှောနတ်မိုးကြိုး၏ တိုက်ခိုက်မှုများအောက်တွင် စာရွက်တစ်ခုကဲ့သို့ ပါးလွှာသွားပုံရပြီး ချက်ချင်း ထိုးဖောက်လို့ ရသွားသည်။
ထိုအခိုက်အတန့်တွင် အနီရောင် တိမ်တိုက်များနှင့် မိုးကြိုးအရှိန်အဝါများက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်အနားတွင် ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကိုတော့ မိုးကြိုးအရှိန်အဝါ ပြန်လည် မလွှမ်းခြုံသေးပေ။
ထိုအခိုက်အတန့်တွင် ကျင့်ကြံဆင့် ဖိနှိပ်ခံထားရသော အထွတ်အထိပ်ရှင်များနှင့် ကောင်းကင်အသျှင်များက သူတို့၏ ခွန်အားများကို ပြန်လည်စုဆောင်းနိုင်လာသည်။
ဟုတ်တယ် အားလုံးတန်းတူ ပိုင်နက်က ပြိုလဲသွားပြီ
“ အော်မိတောဖော ဘာတွေဖြစ်သွားတာလဲ”
သက်မဲ့ဘုရင်နှင့် တခြားဝိဇ္ဇာသုံးယောက်တို့က လေထဲတွင် ထပ်ပြီးပေါ်လာကြသည်။
သူတို့လေးယောက်လုံး အကျိုးဆက်ကြောင့် သွေးများအန်ကာ မျက်နှာများလည်း ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။ ထို့ကြောင့် သူတို့ဒဏ်ရာအပြင်းအထန် ရထားတာ သေချာသည်။
သူတို့က အားလုံးတန်းတူ ပိုင်နက်ကို တည်ဆောက်ဖို့အတွက် ခွန်အားအမြောက်အများ အသုံးပြုထားရသည်။ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က သူတို့၏ ဒဏ်ရာများကို ပိုမိုဆိုးရွားအောင် လုပ်လိုက်သည့်အတွက် သူတို့၏ အမြုတေများပင် ဒဏ်ရာရသွားသည်။
အသက်မဲ့ဘုရင်က ကောင်းကင်ရှိ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ကြည့်ပြီး စိတ်ဓာတ်ကျမလို ဖြစ်သွားသည်။
သူ ဖြစ်နိုင်ချေအားလုံးကို ဘယ်လောက်ထိ အသေးစိတ် တွက်ချက်ထားပါစေ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ပေါ်ထွက်လာဖို့ကိုတော့ လုံးဝ မမျှော်လင့်ထားပေ။
သူက ရှန်ထျန်း၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားနှင့် စက်ဝန်းပြား ပတ်လည်ရှိ မရေတွက်နိုင်သော ဝိညာဉ်များကို ငုံ့ကြည့်လိုက်ပြီး ချက်ချင်း စိတ်မကောင်း ဖြစ်သွားသည်။
ငါ အချိန်အများကြီးယူ အားတွေအများကြီး စိုက်ထုတ်ပြီး ပြင်ဆင်ထားတဲ့ အရာက ဒီကလေးကို အကျိုးအမြတ် ရှိသွားစေတာတဲ့လား
သေစမ်း…သေစမ်း…သေစမ်း…သေစမ်း…
အသက်မဲ့ဘုရင် ဒေါသမထွက်ရသေးခင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က နောက်ထပ်တစ်ကြိမ် ကျရောက်လာပြန်သည်။
ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က လွတ်မြောက်နိုင်သောအရာ မဟုတ်ပေ။ ထိုအရာက မိစ္ဆာဝိညာဉ်ဂိုဏ်း တပည့်များအတွက် ပြဿနာတစ်ခု ဖြစ်နေသည်။ သူတို့က မိစ္ဆာအသုံးအဆောင် ပစ္စည်းများဖန်တီးရန်အတွက် အသက်များကို စတေးခဲ့သည့်အတွက် သူတို့က ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ မျက်လုံးထဲတွင် အမုန်းဆုံးသူ ဖြစ်နေမှာ သေချာသည်။
သူတို့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ကြုံတွေ့သည်နှင့် တစ်ပြိုင်ဘက် သူတို့ သေတဲ့အထိ ကောင်းကင်တာအို၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် ဤကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားအနေဖြင့် ထာဝရအသုံးအဆောင် ပစ္စည်းဖြစ်ရန်အတွက် ခံယူနေခြင်း ဖြစ်သော်လည်း ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ စိတ်ဝင်စားမှုက အသက်မဲ့ဘုရင်နှင့် ဝိဇ္ဇာသုံးယောက်ဆီသို့ အာရုံလွှဲပြောင်းသွားသည်။
ရွှေမိုးကြိုးက ပစ်ချလိုက်ပြီး သူတို့ကို အသက်ရှူချိန်ပင် မပေးပေ။ ဝိဇ္ဇာလေးယောက်က စိတ်ဓာတ်ကျသွားကြသည်။
“ ညီမလေးကြာဖြူ၊ ညီမလေး ကြာနီ ဒါက ရှားပါးတဲ့ မူလဓာတ်နှောနတ်မိုးကြိုးပဲ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်သွားကာ ပြောလိုက်သည်
“ ညီမလေးတို့ အဆီအနှစ်အချို့ စုပ်ယူလို့ရအောင် နည်းလမ်းလေးတွေ စဉ်းစားလိုက်ဦးမယ်။
မူလဓာတ်နှောနတ်မိုးကြိုးက ကျင့်ကြံသူတွေ သန့်စင်ပြီးသွားရင် သူ့အလိုလို မူလဓာတ်နှော နတ်မိုးကြိုးအဆီအနှစ်အဖြစ် ပြောင်းလဲသွားမှာဆိုတော့ အရမ်းကို တန်ဖိုးရှိသွားမှာ။
ညီမလေးတို့ နှစ်ယောက်လုံးသာ အဆီအနှစ်ကို အပြည့်အဝ စုပ်ယူနိုင်မယ်ဆိုရင် မင်းတို့ရဲ့ ခွန်အားလည်း အရမ်းတိုးတက်လာလိမ့်မယ်။ ဝိဇ္ဇာဖြစ်ဖို့အတွက် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ခံယူမယ်ဆိုရင် အောင်မြင်နိုင်ချေက ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မယ်”
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ် စကားဆုံးသွားသည့်အခါ ကောင်းကင်အသျှင်နှစ်ယောက်၏ အကြည့်တို့ ချက်ချင်း တောက်ပသွားသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ စွမ်းအားကြီးသူများအတွက် သူတို့၏ မိုးကြိုးစွမ်းအားက သူတို့၏ တိုက်ပွဲစွမ်းရည်ကို အဆုံးအဖြတ် ပေးနိုင်သည်။
ကျန်းယွင်ရှီးကို ဥပမာအဖြစ် ကြည့်နိုင်သည်။ သူမက ခုနစ်ဆင့်မြောက် သာမန်ရွှေအမြုတေအဆင့် ပါရမီရှင်တစ်ယောက်သာ ဖြစ်ခဲ့ပြီး ဖန်ချန်း၏ တိုက်ခိုက်စွမ်းရည်က သူမထက် ပိုမြင့်သည်။
သို့သော် ဓာတ်နှောနတ်မိုးကြိုး၏ အရင်းအမြစ်ကို ရရှိပြီးနောက် သူမက ၈ဆင့်မြောက် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားကာ သူမ၏ တိုက်ပွဲစွမ်းရည်ကလည်း ဖန်ချန်းကို ယှဉ်နိုင်သွားသည်။
ကြာဖြူ ကောင်းကင်အသျှင်နှင့် ကြာနီ ကောင်းကင်အသျှင်တို့ ကပ်ဘေးတစ်ဖန် ပညာရပ်ကို မကျင့်ကြံခဲ့လျှင်ပင် သူတို့ ဓာတ်နှောနတ်မိုးကြိုး လုံလုံလောက်လောက် စုပ်ယူနိုင်ပါက ဓာတ်နှောနတ်မိုးကြိုးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ နားလည်နိုင်စွမ်း မြင့်မားသွားမည် ဖြစ်သည်။
ထို့နောက် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ခံယူပြီး ဝိဇ္ဇာဖြစ်လာဖို့အတွက် အခွင့်အရေးလည်း ပိုမိုမြင့်တက်လာလိမ့်မည်။
“ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ကြာဖြူ ကောင်းကင်အသျှင်၏ အကြည့်များက တောက်ပလွန်းပြီး ရောင်စဉ်များပင် ပစ်လွှတ်တော့မလိုဖြစ်နေသည်။
အမှန်ပဲ။ ဂိုဏ်းချုပ်က ငါ့ကို ဂရုစိုက်တယ်။ သူက ငါ ဓာတ်နှောနတ်မိုးကြိုးရအောင် ကိုယ်တိုင်တောင် ကြိုးစားပေးနေတယ်။ ငါ အရမ်းစိတ်လှုပ်ရှားသွားပြီ
“ သေစမ်း…တကယ်လို့ ငါ ဒီနေ့ ကျရှုံးခဲ့မယ်ဆိုရင်တောင် မင်းတို့အားလုံးကို အောင်မြင်ခွင့် မပေးနိုင်ဘူး”
ထိုအခိုက်အတန့်တွင် အသက်မဲ့ဘုရင်၏ ပျာယာခတ်နေသောအသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“သတ်ဖြတ်ခြင်း စစ်နတ်ဘုရားဓားချက်”
သူ စကားပြောပြီးသွားသည့်နှင့် တစ်ပြိုင်နက် အသက်မဲ့ဘုရင်၏ ခန္ဓာကိုယ်က မီးတောက်များဖြင့် ပြင်းထန်စွာ လောင်ကျွမ်းပြီး သိပ်သည်းသော အနက်ရောင် မီးတောက် ထွက်နေသည်။
အဆုံးမဲ့ခါနီး အနက်ရောင် မီးတောက်များက ဓားတစ်ချောင်းပုံစံအဖြစ် ပြောင်းသွားကာ ဓားသွားပတ်လည်ရှိ နေရာက တွန့်လိမ်နေသည်။
သိပ်မကြာခင်မှာပဲ အနက်ရောင် စစ်နတ်ဘုရားဓားက ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။
အရှိန်က အရမ်းမြန်နေသည့်အတွက် ဝိဇ္ဇာတစ်ယောက်ပင် အမြင်နှင့် လိုက်ပြီး မကြည့်နိုင်ပေ။
“စိတ်ဝင်စားစရာပဲ။ ဒီကောင်လေးမှာ လျှို့ဝှက်ထားတဲ့ စွမ်းရည်တွေ ရှိနေတယ်”
ယဲ့ချန်းခန်က စိတ်ချင်းဆက်သွယ်ကာ ရယ်ရင်း ပြောလိုက်သည်
“ သူသာ နတ်ဘုရားလောကမှာ မွေးဖွားလာခဲ့ရင် စွမ်းအားကြီးအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်မှာ သေချာတယ်”
သူ ပြောပြီးသွားသည့်အချိန် ရှန်ထျန်းနှင့် စစ်နတ်ဘုရားဓားတို့ ကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။