ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်က တကယ်ဒုက္ခပေးတယ်
Vol. 19 Ch. 276
အခန်း (၂၇၆) : ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်က တကယ်ဒုက္ခပေးတယ်
အာကာပြင် ပြိုလဲသွားသည့်အခါ ရှန်ထျန်း၏ ရှေ့တွင် မှောင်မဲနေသော အာကာပြင် လမ်းကြောင်းတစ်ခု ပေါ်လာသည်။
ခရမ်းရောင် သလင်းကျောက်ကဲ့သို့သော မျှော်နန်းဆောင်က လမ်းကြောင်းမှ ပေါ်လာကာ ကောင်းကင်တွင် မြောနေသည်။
ထိုမျှော်နန်းဆောင်က ပေတစ်သိန်းမြင့်မားပြီး နံရံများတွင် အနီရောင်အက်ကြောင်းများ ထင်နေသည်။ မျှော်နန်းဆောင်၏ ဘေးဖက်များက ပတ်ဝန်းကျင်ထဲသို့ ကောင်းကောင်း ရောနှောထားသည့်အတွက် သက်တံအရောင်များ ထွက်နေသည်။
ခရမ်းရောင်မျှော်နန်းဆောင် ပေါ်လာသည့်အတွက် မိစ္ဆာများနှင့် နတ်ဘုရားများ အချင်းချင်း တိုက်ခိုက်နေသည့်အသံ အာကာပြင်ဘက်မှ ထွက်ပေါ်လာသည်။ ထိုပြင်းထန်သော အရှိန်အဝါကို အာကာပြင်၏ အပြင်ဘက်မှ ခံစားကြည့်လို့ရသည်။
တစ်ချိန်တည်းမှာပဲ အာကာပြင်ထဲတွင် ကြောက်စရာကောင်းသော မြင်ကွင်းများကို ပြသနေသည်။ ထိုနေရာက ကြီးသော တိုက်ပွဲကွင်းပြင်တစ်ခုဖြစ်ပြီး ကြီးမားပြီး သွေးသံရဲရဲဖြစ်နေသော နဂါးများ ကောင်းကင်ပေါ်မှ တောင်ပံများ စုတ်ဖြဲခံရပြီး ပြုတ်ကျလာသလို ရွှေရောင်ဗုဒ္ဓရုပ်ထုလည်း ပျက်စီးသွားသည်။
နေရာတစ်ခုလုံးတွင် သွေးညှီနံ့များဖြင့် ဖုံးအုပ်ထားပြီး များပြားသော အက်ကြောင်းများ ပေါ်လာကာ မငြိမ်မသက် လှိုင်းလုံးများကို ပစ်လွှတ်နေသည်။
သတ်ဖြတ်ခြင်း ရည်ရွယ်ချက်က အသက်မဲ့ဘုရင်၏ စစ်နတ်ဘုရား ဓားချက်ထက် ပိုပြီး အားကောင်းသည်။
“ ဒါက စစ်နတ်ဘုရား မျှော်နန်းဆောင်ပဲ”
ကြာဖြူ ကောင်းကင်အသျှင်နှင့် တခြားသူများက အစတုန်းက ရှန်ထျန်းကို စိတ်ပူခဲ့ကြသည်။ သို့သော် မျှော်နန်းဆောင်က မိုင်တစ်သောင်းလောက် အကွာကတည်းက ထွက်ပေါ်လာမည်ဟု ထင်မထားခဲ့ပေ။
ဒါဆိုရင် ဂိုဏ်းချုပ်က ဒါကို ကြိုသိထားလို့ မျှော်နန်းဆောင်ကို အရင်ကြိုတင်ပြင်ဆင်ထားတာလား။
ကြာဖြူ ကောင်းကင်အသျှင်က တောက်တောက်ပပ အကြည့်များဖြင့် ဂိုဏ်းချုပ်ကို ကြည့်နေသည်။
ငါ့ရဲ့အစ်ကိုက အရမ်းတော်တာပဲ
အနက်ရောင် မီးတောက်များက စစ်နတ်ဘုရား ဓားချက်ကို ဖုံးလွှမ်းသွားကာ အသက်မဲ့ဘုရင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်
“ မင်းက ငါ့ကို ဒီညစ်ပတ်နေတဲ့ မျှော်နန်းဆောင်နဲ့ တားချင်တယ်ပေါ့ ဟုတ်လား။ အဲဒါက ထာဝရအသုံးအဆောင် ပစ္စည်းဆိုရင်တောင် အရမ်းသန်မာမှာ မဟုတ်ပါဘူး”
အာကာပြင် ပြိုလဲသွားကာ သဘာဝနိယာမများ ပြောင်းလဲသွားသလို ယင်နှင့်ယန်လည်း ပြောင်းလဲသွားသည်။
ဓားသွားက မျှော်နန်းဆောင်ကို ထိလိုက်သည့်နေရာတွင် နယ်မြေတစ်ခုလုံး ဖျက်စီးခံရသလိုမျိုး အနက်ရောင် အပေါက်ကြီး ဖြစ်သွားသည်။ ထိုအကျိုးသက်ရောက်မှုတွင် မည်သည့်အလင်းရောင်မှ ထိုးဖောက် ထွက်မလာနိုင်ပေ။ ထိုအရာက အပျက်အစီးများကို မယုံနိုင်လောက်သော မြန်သော အရှိန်ဖြင့် လွင့်စင်သွားစေသည်။
ရှန်ထျန်းက လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း အပျက်အစီးများကို ရှောင်ရှားဖို့အတွက် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရမည် ဖြစ်သည်။
တစ်ဖက်တွင် ခုနစ်သွယ် သတ်ဖြတ်ရေး၊ ဖိုကျွင့်ထန်းနှင့် လောဘကြီး ဝံပုလွေတို့လည်း ရှုံးနိမ့်သွားသည်။
သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မူလဂိုဏ်းသခင်များဖြစ်ပြီး စမ်းသပ်ချက် တစ်ခုမှ သုံးခုအထိ ခံယူထားကြသော ဝိဇ္ဇာအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပဲ သူတို့၏ အမွေအနှစ် ကျင့်ကြံရေးပညာရပ်က ကျင့်ကြံဆင့်ဖြင့် ကန့်သတ်ခံလိုက်ရသည်။ ထို့ကြောင့် သူတို့က အထွတ်အမြတ်မြေများ၏ အဆင့်တူ ကျင့်ကြံသူများနှင့် ပြိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ပေ။
ထိုအရာတင် မကသေးဘဲ သူတို့ ဖန်တီးထားသော အားလုံးတန်းတူ ပိုင်နက် ဖျက်စီးခံလိုက်ရသည့်အတွက် သူတို့၏ အုတ်မြစ်က ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားသည်။ သူတို့၏ စွမ်းအားများက ယခု ဝိဇ္ဇာတစ်ယောက်ထက် အားနည်းနေလေပြီ။
အဆင့်မြင့် ရဲရဲနီကကြိုးအသျှင်ပင် သူတို့ကို အလွယ်လေး အနိုင်ယူနိုင်သည့်အတွက် ကျန်သည့် အထွတ်အမြတ်မြေနှစ်ခု၏ ဂိုဏ်းချုပ်များအား စကားထဲ ထည့်ပြောစရာပင် မလိုတော့ပေ။
သူတို့သုံးယောက်က အချိန်တိုအတွင်းမှာပဲ ရှုံးနိမ့်သွားသည်။
အသက်မဲ့ဘုရင် တစ်ယောက်တည်းသာ စစ်နတ်ဘုရား ဓားချက် အသွင်ပြောင်းပြီးတော့ တိုက်ပွဲထဲမှာ ရုန်းကန်နေရသည်။
ဝုန်း…
ရုတ်တရက် ပြင်းထန်သော လေများ ရပ်တန့်သွားကာ “ အနက်ရောင် အပေါက်”ထဲမှ ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်က ထွက်ပေါ်လာကာ လေထဲတွင် ခိုင်မာစွာ ရပ်တည်နေသည်။ မျှော်နန်းဆောင် ထွက်ပေါ်လာသည့်အခါ အနက်ရောင် လေဆင်နှာမောင်း တိုက်ခိုက်မှုလည်း လျင်မြန်စွာ ငြိမ်ကျသွားကာ အသက်မဲ့ဘုရင်လည်း ပျောက်ကွယ်သွားသည်။
“ ဘာ…ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ဘုရင်ကြီးက ရှုံးနိမ့်သွားတာတဲ့လား”
ခုနစ်သွယ် သတ်ဖြတ်ရေး၊ ဖိုကျွင့်ထန်းနှင့် လောဘကြီးဝံပုလွေတို့က အံ့အားသင့် ထိတ်လန့်သွားကြသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဘုရင်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက်မဲ့ဘုရင်က သူ့ရဲ့ ကျင့်ကြံရေးတွေ အားလုံးကို စတေးတာတောင် မျှော်နန်းဆောင်ကို ရှုံးနိမ့်သွားတယ်တဲ့လား
ဒါက ဖြစ်ရောဖြစ်နိုင်လို့လား
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အဲလို လုပ်နိုင်လို့လား
ထိုအခိုက်အတန့်တွင် အားလုံးက နောင်တရနေကြသည်။ ဒီလိုအဆုံးသတ်သွားမည်ဆိုတာကိုသာ သိခဲ့ပါက အထွတ်အမြတ်မြေ အင်အားစုကို တိုက်ခိုက်ဖို့အတွက် လောဘကြီးခဲ့မည် မဟုတ်ပေ။
ထိုဆုံးဖြတ်ချက်ကြောင့် သူတို့၏ အသက်များကို ပေးဆပ်လိုက်ရသည်။
“ ဒီကောင်လေးက တကယ့် ပါရမီရှင်ပဲ။ ဗုဒ္ဓသုံးပါး တိုက်ခိုက်စွမ်းရည်ကို သူကိုယ်တိုင် ရှာတွေ့တယ်။ သူသာ နတ်ဘုရားလောကမှာ မွေးဖွားခဲ့ရင် ကမ္ဘာလောကအတွက် အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်” ယဲ့ချန်းချန်က ရှန်ထျန်းကို ပြောလိုက်သည်။
“ စိတ်မကောင်းဖြစ်စရာ ကောင်းတာက ဒီနေ့ သူ ကံကောင်းတဲ့နေ့ မဟုတ်ဘူး။ မင်းကို လာရှုပ်တာက သူ့ရဲ့အမှားကြီးတစ်ခုပဲ”
ရှန်ထျန်းက သူ့နဖူးပေါ်မှ ချွေးစေးကို သုတ်လိုက်သည်။
“ ဒီနေ့ သူ ကံကောင်းတဲ့နေ့ မဟုတ်ဘူး” နဲ့ “ မင်းကို လာရှုပ်တာက အမှားကြီးတစ်ခုပဲ” ဆိုတာ ဘာကိုဆိုလိုတာလဲ
ကျွန်တော်က အားနည်းတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ
ဒီဝိဇ္ဇာ သေသွားတာက ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်အပြစ်ဖြစ်သွားရတာလဲ
ရှန်ထျန်းက မေးလိုက်သည်
“ အဖိုးယဲ့ ဗုဒ္ဓသုံးပါး တိုက်ခိုက်စွမ်းရည်ဆိုတာ ဘာလဲဟင်”
ယဲ့ချန်းခန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ ဒါက မင်းဆီမှာ ရှိတဲ့ သွေးနတ်ဘုရားကျမ်းနဲ့ ဆင်တူတယ်။ ဒါပေမဲ့ အရမ်းကြီး ခုခံအားမကောင်းဘူး။
ဗုဒ္ဓလမ်းစဉ် ကျင့်သုံးနေတဲ့ အရည်အချင်းရှိ ဘုန်းကြီးတွေပဲ ဗုဒ္ဓသုံးပါး တိုက်ခိုက်စွမ်းရည် ကျင့်ကြံလို့ရတယ်။
အဲဒီတိုက်ခိုက်စွမ်းရည်နဲ့ဆိုရင် “အတိတ်က ခန္ဓာ”နဲ့ “အနာဂတ်က ခန္ဓာ”ကို “ယခုလက်ရှိ ခန္ဓာ”ကနေ ခွဲထုတ်လို့ရတယ်။ အားလုံးက တစ်ချိန်ထဲမှာ အရမ်းကြီးမားတဲ့ ခွန်အားကို ပိုင်ဆိုင်သွားလိမ့်မယ်။
မင်းဆီမှာ ရှိတာနဲ့ ခြားနားချက်က မင်းရဲ့ သွေးနတ်ဘုရားသားတော်ကို ဖျက်စီးပြီးသွားရင် အဲဒါက အမြန်ပြန်လည် လည်ပတ်နိုင်တယ်။ ဆုံးရှုံးမှုလည်း နည်းတယ်။
ကံမကောင်းစွာနဲ့ သူ့အတွက်တော့ ငါက သူ့ရဲ့ “အတိတ်က ခန္ဓာ”ကို ဖျက်စီးလိုက်တော့ ပြန်လည်သက်သာလာဖို့အတွက် အနည်းဆုံး နှစ်ပေါင်းတစ်ထောင်တော့ ကြာလိမ့်မယ်။
ခန္ဓာကိုယ်သုံးခုထဲက တစ်ခု ဖျက်စီးခံရမယ်ဆိုရင် သူ့ရဲ့ မူလကျင့်ကြံဆင့်လည်း ကျသွားလိမ့်မယ်”
ရှန်ထျန်းက ခဏလောက် ကြောင်အသွားကာ ပြောလိုက်သည်
“ ဘာ…ဒါက အရမ်းအသုံးမဝင်တာပဲ။ ဘာလို့ တိုက်ခိုက်စွမ်းရည်က ဘာလို့ အရမ်းအားနည်းနေရတာလဲ”
ယဲ့ချန်းခန်က စိတ်မရှည်သည့်ပုံစံဖြင့် ပြန်ဖြေလိုက်သည်
“ တိုက်ခိုက်စွမ်းရည်အားလုံးက မင်းရဲ့ သွေးနတ်ဘုရားကျမ်းလိုမျိုး လွတ်မြောက်ဖို့အတွက် သုံးကျတာ မဟုတ်ဘူး။
ဗုဒ္ဓသုံးပါး တိုက်ခိုက်စွမ်းရည်က စိန်ခေါ်မှု လေ့ကျင့်ရေး လိုအပ်တယ်။ ကျင့်ကြံသူအနေဖြင့် အတိတ်၊ လက်ရှိနှင့် အနာဂတ်တို့ကို တစ်ချိန်တည်းမှာ သင်ယူရမှာ။
အဲဒါကြောင့် လိုအပ်ရင် ခန္ဓာကိုယ်သုံးခုလုံးက တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းလိုက်ရင် သူ့ခွန်အားတွေက နောက်ထပ်တစ်ဆင့် တိုးမြင့်သွားနိုင်တယ်
ဥပမာအနေနဲ့ ဒီအသက်မဲ့ကိုပဲ ကြည့်လိုက်လေ။ သူက အနည်းဆုံး စမ်းသပ်ချက် ၂၀ ဖြတ်ကျော်ထားလို့ မူလအရည်အချင်းက အကောင်းဆုံးအဆင့်မှာ ရှိတယ်။
သူက ခန္ဓာသုံးခုလုံးကို ကျင့်ကြံပြီးစီးသွားပြီးတော့ စမ်းသပ်ချက် ၂၄ ခုကို အောင်မြင်ပြီး ဧကရာဇ်တစ်ပါးလိုမျိုး ဖြစ်လာခဲ့တာ”
အော်…
ထိုအရာက ဘာကိုဆိုလိုမှန်း မသိသော်လည်း ရှန်ထျန်း ထိတ်လန့်သော မျက်နှာထားကို ထုတ်ဖော်ပြသလိုက်သည်။
သူက အားနည်းသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည့်အတွက် မိုးကြိုးစမ်းသပ်ချက် ၂၄ ခုကို ဖြတ်ကျော်ခြင်းက ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို သူ မသိပေ။
ခဏနေပါဦး
ရှန်ထျန်း တစ်စုံတစ်ခုကို သတိထားမိသွားကာ သူ့နှုတ်ခမ်းကို တွန့်ချိုးသွားမိသည်။ သူက မျက်ရည်ကျခါနီးဖြစ်သွားကာ ပြောလိုက်သည်
“ အဖိုးယဲ့ .ဆိုလိုတာက … ဒါက ခန္ဓာကိုယ်တွေထဲက တစ်ခုပဲ ရှိသေးတယ်လို့ ပြောချင်တာလား”
ယဲ့ချန်းခန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဒါပေါ့… မဟုတ်ရင် သူ့ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ အနိုင်ရနိုင်ပါ့မလဲ။ သူ့ရဲ့ ခန္ဓာကိုယ်အစစ်သာ ဒီမှာရှိနေမယ်ဆိုရင် ငါတော့ အရမ်းပင်ပန်းနေလို့ ရလဒ်က ကွဲပြားသွားမှာပဲ”
ခန္ဓာကိုယ်ထဲက တစ်ခုက အထွတ်အမြတ်မြေ နှစ်ခု၊ ချိုင့်ဝှမ်း ခြောက်ခုနဲ့ ကောင်းချီးနယ်မြေ ၁၂ ခု ကို ဒီလို ရှုပ်ထွေးသွားအောင် လုပ်နိုင်တယ်တဲ့လား
သူ့ရဲ့ခန္ဓာကိုယ်အခွဲမှာတောင် အဆင့်ငါး မဟာဝိဇ္ဇာတစ်ယောက်ရဲ့ စွမ်းအားရှိနေတယ်
သူ့ရဲ့ ခန္ဓာကိုယ်အစစ်သာ ဒီနေရာမှာရှိခဲ့ရင် သူ ဘယ်လောက်ထိ သန်မာနေမလဲဆိုတာကို နတ်ဘုရားပဲ သိလိမ့်မယ်
ရှန်ထျန်း ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားသည်။
ကြည့်ရတာ အဲဒီလူကို သွားရှုပ်မိတာ ရှန်ထျန်း ဖြစ်မယ်
ရှန်ထျန်းက ဂရုတစိုက်ဖြင့် မေးလိုက်သည်
“ အဖိုးယဲ့ အသက်မဲ့ဘုရင်ရဲ့ ခန္ဓာကိုယ်ခွဲ ဖျက်စီး ခံလိုက်ရလို့ သူ ကျွန်တော်ကို မုန်းနေမှာလားဟင်”
ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့။ သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် မင်းကို မုန်းမှာ မဟုတ်ဘူး။ သူက နည်းလမ်းရှာပြီးတော့ မင်းကို တစ်ခါထဲ အဆုံးသတ်လိုက်မှာ။ မင်းကိုယ်မင်း အရမ်းအထင်ကြီးမနေနဲ့”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်နေသည်။
ဘာလဲ။ စကားတစ်ခွန်းတည်းနဲ့ စကားတွေကို အဆုံးသတ်နိုင်မလား
ရှန်ထျန်းက မျက်ရည်ကျမလို ဖြစ်နေကာ ပြောလိုက်သည်
“ ဒီကိစ္စအတွက် တာဝန်ရှိတာက ကျွန်တော် မဟုတ်ဘူးလေ”
ယဲ့ချန်းခန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ ငါ မမှားဘူးဆိုရင် ဒီအသက်မဲ့ဘုရင်က အားလုံးတန်းတူ ပိုင်နက်ကို ကောင်းကင်နတ်ဆိုးရက်မြတ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတာ။
ထို့နောက် သူက ဒီပိုင်နက်ထဲမှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံးကို သတ်ပြီးတော့ အဲဒီအထွတ်အထိပ်ရှင်နှင့် ကောင်းကင်အသျှင်တို့ရဲ့ သွေးအဆီအနှစ်တွေကို ပြန့်ဟွားပန်းဘုရင်ကို ကျွေးဖို့ သုံးမှာလေ။
ပြန်းဟွားပန်းဘုရင် ပွင့်လာတာနဲ့ သူ စုပ်ယူနိုင်မှာလေ။ ဒါဆိုရင် သူ့ရဲ့ ကျင့်ကြံဆင့်ကို အဆမတန် မြင့်တက်သွားစေမှာ။
သူသာ ကံကောင်းရင် နောက်ထပ် မိုးကြိုးစမ်းသပ်ချက် တစ်ခု၊ နှစ်ခုလောက်ကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ဦးမှာ”
စစ်နတ်ဘုရား မျှော်နန်းဆောင်က အာကာပြင်ထဲမှ ထွက်လာကာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ချက်ချင်း မပြန်ပေ။ အဲဒီအစား အဆုံးမဲ့ရှေးဟောင်းနယ်မြေပေါ်တွင် လည်ပတ်နေသည်။
ထိုအရာက ပြင်းထန်သော စုပ်ယူအားကို ထုတ်ကာ မြေအောက်ကမ္ဘာ စမ်းချောင်းဝါပိုင်နက်၏ စွမ်းအားများကို စတင်စုပ်ယူတော့သည်။
တစ်ချိန်တည်းမှာပဲ ယဲ့ချန်းခန်က ရှန်ထျန်းနှင့် ဆက်လက် ပြောဆိုနေသည်။
“ သူ့ရဲ့ အစီအစဉ်က အလုပ်ဖြစ်တော့မလို ဖြစ်သွားတယ်။ မြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်ထဲမှာ ပိတ်မိနေတဲ့သူတွေရဲ့ ကျင့်ကြံဆင့်တွေကို ဖိနှိပ်ခံထားရတယ်လေ ကျန်းလုံယွမ်ကလွဲလို့ပေါ့”
ရှန်ထျန်းက အံ့ဩစွာဖြင့် ပြောလိုက်သည်
“ နေပါဦး…ဘာလဲ။ ဆရာရဲ့ ကျင့်ကြံဆင့်က ဖိနှိပ်မခံထားရဘူးတဲ့လား”
ယဲ့ချန်းခန် ရယ်လိုက်မိသည်
“ မင်း ဘယ်လိုထင်လဲ။ မင်းရဲ့ဆရာက မင်းထက် ပါးနပ်တယ်။ မင်းက အဲဒါလေးကို မသိရုံပဲ။
ဒီနေရာထဲမှာ ဖြစ်ပျက်လာမဲ့ အရာအများစုကို သူ ခန့်မှန်းပြီးသားဆိုတာကို ငါ မင်းကို အာမခံပြီး ပြောရဲတယ်။ အဲဒီမှာ တကယ်အန္တရာယ်ဖြစ်တာ ရှားတယ်။
မစဉ်းစားပဲနဲ့ ရှေ့တက်သွားတာ မင်းတစ်ယောက်ထဲပဲ ရှိတယ်။ အဲဒါကြောင့် ဒီနေရာက အကျိုးအမြတ်တစ်ချို့ကို မင်း ရိတ်သိမ်းတော့ရော ဘာဖြစ်လဲ။ ဒီပိုင်နက်ရဲ့အပြင်ဘက်မှာ မင်းထက် တော်တဲ့သူတွေ အများကြီး ရှိတယ်။
ဥပမာပြောရရင် ငါသာ စစ်နတ်ဘုရား ဓားချက်ကို မတားဆီးပေးလိုက်ရင် အားလုံးတန်းတူ ပိုင်နက်က ဖျက်စီးခံရမှာ”
ရှန်ထျန်းက ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်
“ ဒါဆို…ကျွန်တော် သေသွားမှာလား”
ယဲ့ချန်းခန်က ပြန်ဖြေလိုက်သည်
“ အဲလိုလည်း မဟုတ်ပါဘူး။ ကျန်းလုံယွမ်က မင်းကို တစ်ချိန်လုံး ကြည့်နေတာလေ။ မင်းဆီမှာ တကယ်ပဲ တစ်ခုခုဖြစ်တော့မယ်ဆိုရင် သူ ဘာမှမလုပ်ပဲ လိုက်ပိုက်ကြည့်နေမှာတော့ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ငါသာ အဲဒီကောင်လေးကို သဘောမကျပေမဲ့လည်း မင်း သူ့ဆီကနေ သင်ယူရမယ်။ သူက မင်းရဲ့ဆရာပဲလေ။
သစ်ပင်တစ်ပင်က တောအုပ်ထဲကနေ ထိုးထွက်နေရင် လေရဲ့ ဖျက်စီးခြင်းကို ခံရမယ်။ အကြွားသန်လို့ အသက်ကို ဆုံးရှုံးလိုက်ရတဲ့ အရည်အချင်းရှိ ကျင့်ကြံသူတွေလည်း အများကြီး ရှိတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘာလို့ ပြိုလဲသွားရတာလဲ။ ဘာလို့ ချူးလုံဟယ်က အတိုက်ခိုက်ခံခဲ့ရတာလဲ။ စစ်နတ်ဘုရား နန်းတော်တောင်…”
ယဲ့ချန်းခန်က ယခင်အကြောင်းများကို တွေးမိသွားသည့်အတွက် သက်ပြင်းချကာ ပြောလိုက်သည်
“ မသိမသာလေးနေပြီးတော့ ကိုယ့်ကိုယ်တိုးတက်အောင် လုပ်တာ ကောင်းလိမ့်မယ်”
ထိုစကားလုံးများက ရှန်ထျန်း၏ စိတ်ထဲ ဆွဲသွားစေသည်။
ငါ အရမ်းမောနေပြီ
ငါ့ရဲ့ စွမ်းအားတွေကို မထိန်းနိုင်ခဲ့ဘူး
အထွတ်အမြတ်မြေက ငါ့နောက်မှာ ရှိနေလို့သာ၊ အရွယ်တူတွေကို ယှဉ်နိုင်လောက်တဲ့အထိ သန်မာလို့သာ … ငါ့ရဲ့ အနက်ရောင် ရောင်ဝါစက်ဝန်းမရှိတော့ဘဲ အနီရောင်ပြောင်းလာလို့သာ … ငါ့မှာ ပရိတ်သတ်တွေရှိလို့ ငါ့ကိုယ်ငါ အရမ်းကျေနပ်နေခဲ့မိတာ
ငါက အရမ်းငယ်ပြီးတော့ အလေးအနက်မထားတတ်ဘူး
အရည်အချင်းရှိ ကျင့်ကြံသူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်ဆိုတာ သဘာဝကျပါတယ်
သို့သော် ယဲ့ချန်းခန် ပြောတာကို နားထောင်ပြီးနောက် ရှန်ထျန်း သူ အရမ်းမှားသွားပြီဆိုတာကို သတိထားမိသွားသည်။ သူက မတည်ငြိမ်ပေ။
သူသာ တည်ငြိမ်ပါက အသက်မဲ့ဘုရင်လို လူမျိုးနှင့် သွားရှုပ်မိမည် မဟုတ်ပေ။
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ ဒါဆိုရင် ဆိုလိုချင်တာက အသက်မဲ့ဘုရင်က ကျွန်တော်ကို မုန်းပြီးတော့ သတ်မှာလို့ ပြောချင်တာလား။”
ယဲ့ချန်းခန်က ရယ်ကာ ပြောလိုက်သည်
“ ဒါက အရမ်းများသွားပြီ။ သူ့ရဲ့ အတိတ်ခန္ဓာ ဖျက်စီးခံထားရတော့ သူလည်း မောပန်းနေလိမ့်မယ်။
သူ့ရဲ့ ခန္ဓာကိုယ်သုံးခုလုံး ပြန်လည် သန်မာလာဖို့လိုတယ်။ ခန္ဓာကိုယ်သုံးခုထဲက တစ်ခု ဖျက်စီးခံရရင် မူလခန္ဓာကိုယ်လည်း အနည်းငယ် ထိခိုက်သွားမှာ သေချာတယ်။ သူ့အတွက် ကုသဖို့ အချိန်ယူရဦးမယ်။
မိစ္ဆာဝိညာဉ်ဂိုဏ်းကိုလည်း အထင်ကြီးမနေနဲ့ဦး။ သူတို့က ဒီချုံခိုတိုက်ခိုက်မှုကို လုပ်ဖို့အတွက် ကြီးမားတဲ့ စတေးမှုတွေ လုပ်ခဲ့တာ။
မင်းတို့ကို တိုက်ခိုက်တယ်ဆိုတာက လွယ်ကူတဲ့ အလုပ်မှ မဟုတ်တာ။
လွယ်ကူတယ်ဆိုရင်တော့ အထွတ်အမြတ်မြေ ၁၂ခုက အရည်အချင်းရှိ ကျင့်ကြံသူတွေ ကျန်မှာ မဟုတ်တော့ဘူး”
ယဲ့ချန်းခန်က စိတ်အေးသွားအောင် ပြောလိုက်သော်လည်း ရှန်ထျန်းက စိတ်ပူနေဆဲ ဖြစ်သည်။
တစ်ခုခု ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အသက်မဲ့ဘုရင်က သူကိုယ်တိုင် ငါ့ကို မတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအစား တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ ငါ့အသက်ကို ယူခိုင်းရင်ရော….
ဒါတော့ မကောင်းဘူး … ငါ ဘေးကင်းအောင်နေမှ ဖြစ်မယ်
ငါ ဝိဇ္ဇဖြစ်လာတဲ့အထိ အထွတ်အမြတ်မြေမှာပဲ ကျင့်ကြံနေရမယ်
တခြားသူတွေနဲ့ ကံအပြောင်းအလဲ အခွင့်အရေး မျှယူဖို့အတွက်ပဲ အပြင်ထွက်မယ်
ဟုတ်တယ် အဲလိုပဲ လုပ်ရမယ်
ရှန်ထျန်း စိတ်ဆုံးဖြတ်ပြီးသွားသည့်အခါတွင် စစ်နတ်ဘုရား မျှော်နန်းဆောင်က မြေအောက်ကမ္ဘာ စမ်းချောင်းဝါပိုင်နက်၏ အများစုကို စုပ်ယူလိုက်သည်။
စုပေါင်းအင်အားစုက တခြားခြိမ်းခြောက်မှုများ ရှိနိုင်သေးလားဆိုပြီး မြေပြင်တွင် ဂရုတစိုက် ရှာဖွေနေကြသည်။
ခုနစ်သွယ် သတ်ဖြတ်ရေး ဝိဇ္ဇာနှင့် ကောင်းကင်အသျှင်များအားလုံးကို ဖမ်းဆီးထားသော်လည်း အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ရှိနေဆဲ ဖြစ်သည်။ သူတို့က အဆုံးမဲ့ရှေးဟောင်းနယ်မြေကို ကျွမ်းကျင်သောကြောင့် ကောင်းကောင်း ပုန်းကွယ်နိုင်သည်။ စုပေါင်းအင်အားစုအနေဖြင့် သူတို့ကို သေချာဂရုတစိုက် ရှာဖို့ လိုအပ်သည်။
အများအားဖြင့် အထွတ်အထိပ်ရှင်များနှင့် စံပြပုဂ္ဂိုလ်များသာ ဤအလုပ်ကို လုပ်ကြသည်။ ထိုအရာက သူတို့အတွက် ဆုလာဘ်တစ်ခုလည်း ဖြစ်ပေသည်။
ထို့အပြင် ထိုမိစ္ဆာဝိညာဉ်ဂိုဏ်းသားများက ရတနာကောင်းများကို သယ်ဆောင်ထားကြသည်။ ပစ္စည်းအားလုံးကို အသုံးပြုလို့ မရသော်လည်း ပစ္စည်းများကို ရောင်းချကာ ပိုက်ဆံရှာလို့ ရသည်။
နှစ်ပေါင်းသောင်းချီကြာ တည်ရှိနေခဲ့သော နန်းတော်တစ်ခုလုံးတွင် ကောင်းမွန်သော ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းသားများ၏ ခေါင်းနှင့် သူတို့၏ အဖိုးတန်ရတနာများကို ဂိုဏ်းအသီးသီးသို့ ပေးလိုက်ပါက သူတို့ ဆုချခံရမည် ဖြစ်သည်။
ဆုလာဘ်တွေက အရမ်းရက်ရက်ရောရော အပေးခံရလိမ့်မယ်
“ ဒီတိုက်ခိုက်မှုကို အောင်မြင်အောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်” ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ပေါ်လာကာ ပြောလိုက်သည်
“ သူရဲကောင်းတွေက ငယ်ရွယ်တဲ့ မျိုးဆက်တွေကနေ လာတယ်ဆိုတာ အမှန်ပဲ”
ထို့နောက် သူမက အိပ်ကပ်ထဲရှိ ကျောက်စိမ်း အမှတ်သားပြားကို ထုတ်လိုက်သည်။ အမှတ်အသားပြားပေါ်တွင် “ ကျောက်စိမ်းရေကန်” ဟု ထွင်းထားသည်။
“ ဒါက ကျောက်စိမ်းရေကန် ဝိဇ္ဇာအမှတ်အသားပြားပဲ။ ဒါနဲ့ဆိုရင် ငါတို့အထွတ်အမြတ်မြေကို လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရပြီးတော့ ဧည့်ဝတ်ကျေပွန်မှုကို ခံယူလို့ရပါတယ်။ ဒါကို သိမ်းထားလိုက်နော်။
မင်း ရှေ့လျှောက် အကူအညီတစ်ခုခု လိုလာရင် ဒီအမှတ်အသားပြားကို ကျောက်စိမ်းရေကန် ဂိုဏ်းသားတွေကို ပြလိုက်လို့ရတယ်။
သူတို့ တတ်နိုင်တဲ့ အခြေအနေဆိုရင် သူတို့ ငါ့ကို လေးစားသလိုမျိုး မင်းကိုလည်း ကူညီကြလိမ့်မယ်”
ကျောက်စိမ်းရေကန် ဝိဇ္ဇာအမှတ်အသားပြားတဲ့လား
ထိုအရာကို မြင်လိုက်သောသူအားလုံးက ထိတ်လန့်သွားကြသည်။
ကောလဟာလများအရ မိုးကြိုးလှိုင်း၏ ဗုဒ္ဓအရှင်က သီးသန့်နေပြီး မကျင့်ကြံခင် ရှန်ထျန်းအား မိုးကြိုးလှိုင်းဝိဇ္ဇာအမှတ်အသားပြားကို ပေးလိုက်သည်ဟု ဆိုကြသည်။
မိုးကြိုးလှိုင်း အထွတ်အမြတ်မြေက အင်အားကြီး အထွတ်အမြတ်မြေများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် အားလုံးက ရှန်ထျန်းကို အားကျနေသည်။ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေနှင့် မိတ်ဆွေဖြစ်ရဖို့က အားလုံး၏ အိပ်မက် တစ်ခု ဖြစ်သည်။
သို့သော် လူအများစုက ကျောက်စိမ်းရေကန် ဝိဇ္ဇာအမှတ်အသားပြားကို ပိုပြီး လိုချင်ကြသည်။
ဘာလို့လဲ
အကြောင်းအရင်းက အရမ်းရိုးရှင်းပါတယ်
နှစ်ဖက်လုံးက သူတို့ရဲ့ အထွတ်အမြတ်မြေကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ ရတဲ့အပြင် သူတို့ဂိုဏ်းသားများကိုလည်း အကူအညီတောင်းလို့ ရသေးသည်ဟု ပြောထားသည်။
တစ်ဖက်က ဘုန်းကြီးတွေ
တစ်ဖက်က မိန်းမလှလေးတွေ
ဘယ်လိုလုပ်ပြီးတော့ ရွေးချယ်နိုင်ပါ့မလဲ
စိတ်ပါလက်ပါ မရှိသောလူများမှ လွဲ၍ အားလုံးက ကျောက်စိမ်းရေကန် ဝိဇ္ဇာအမှတ်အသားပြားကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က မိုးကြိုးအရှိန်အဝါများဖြင့် လွှမ်းခြုံထားသည်။ သူမ၏ လက်ချောင်းသွယ်သွယ်ဖြင့် အမှတ်အသားပြားကို ရှန်ထျန်းဆီ ပြုံးကာ ပေးလိုက်သည်။
“ မင်း အားတဲ့အချိန်တိုင်း ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေကို လာလည်လို့ ရတယ်နော်။ ငါတို့ဆီမှာ ရှုခင်းလှတဲ့ နေရာတွေ အများကြီးရှိတယ်။ မင်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”
ရှန်ထျန်းက လူအုပ်ဆီမှာ ထူးဆန်းသော အကြည့်များကို ခံစားမိသည့်အတွက် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။ သူ ဘာစကားပြန်ပြောရမလဲဆိုတာ မသိတော့သလို ထိုအမှတ်အသားပြားကိုလည်း အာလူးပူပူ တစ်လုံးလို ခံစားလာရသည်။
ဒီအမှတ်အသားပြားကို တိတ်တိတ်လေး ပေးသင့်တာ မဟုတ်ဘူးလား
အားလုံးကြည့်နေတဲ့ရှေ့မှာ ဒါကို ဘယ်လိုလုပ်ပြီးတော့ သိမ်းနိုင်မှာလဲ
ငါ ဒါကိုသာ ယူလိုက်မယ်ဆိုရင် ငါ့ဘဝက အတော်လေး စိတ်ရှုပ်စရာကောင်းသွားမယ်လို့ ခံစားနေရတယ်…
ဟင်း…
ဒီကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က တကယ်ဒုက္ခပေးတာပဲ