← Chapters

တခြားသူတော်စင်၏ နှစ်တစ်ထောင်ကြာ အငြိုးအတေး

Vol. 19 Ch. 277

တခြားသူတော်စင်၏ နှစ်တစ်ထောင်ကြာ အငြိုးအတေး

Vol. 19 Ch. 277

အခန်း (၂၇၇) : တခြားသူတော်စင်၏ နှစ်တစ်ထောင်ကြာ အငြိုးအတေး

အဆုံးသတ်တွင် ရှန်ထန်းက ကျောက်စိမ်းရေကန် ဝိဇ္ဇာအမှတ်အသားပြားကို လက်ခံလိုက်သည်။

သူမက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ဖြစ်သည့်အပြင် အရှေ့ပိုင်းလွင်ပြင်ရှိ စွမ်းအားကြီး အမျိုးသမီးများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။

သူမက အမှတ်အသားပြားကို ထုတ်ပြီး သူ့ကို ပေးနေပြီဖြစ်သည့်အတွက် သူသာ လက်မခံပါက သူမကို မလေးစားရာ ကျသွားပေမည်။ စစ်နတ်ဘုရား မျှော်နန်းဆောင်က အသက်မဲ့ဘုရင်၏ ခန္ဓာကိုယ်ကို ဖျက်စီးလိုက်သည့်အချိန်တွင် ခုနစ်သွယ် သတ်ဖြတ်ရေးဝိဇ္ဇာ၊ ဖိုကျွင့်ထန်းနှင့် လောဘကြီး ဝံပုလွေတို့ကို ဖမ်းဆီးထားလိုက်သည်။

ထိုတိုက်ပွဲကား ပြီးဆုံးသွားလေပြီ။

ထို့နောက် ရရှိလာသော ပစ္စည်းများကို ခွဲခြမ်းဖို့အတွက် ပျော်ရွင်ဖွယ် တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ကျရောက်လာပြီဖြစ်သည်။

လုပ်ဆောင်မှု၏ အစတွင် အထွတ်အမြတ်မြေ နှစ်ခုနှင့် တခြားကျင့်ကြံရေးဂိုဏ်းများက ရရှိလာသော ပစ္စည်းများကို ဘယ်လိုခွဲခြမ်းမလဲဆိုတာကို သဘောတူညီမှုထားပြီးပြီ ဖြစ်သည်။

သို့သော် သဘောတူညီချက်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ရတနာသိုက်မှာ အမျိုးမျိုးသော ရတနာများအတွက်သာ ဖြစ်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းသားများ သေဆုံးခြင်းမှ ရရှိလာသော တိုက်ပွဲရပစ္စည်းများ မပါဝင်ပေ။

လူတွေက တိုက်ပွဲမှာ ရန်သူကို သတ်ပြီးတော့ ရလာမဲ့ ပစ္စည်းတစ်ဝက်ကို လက်လွှတ်ရမယ်ဆိုရင် ဘယ်သူက အားအင်စိုက်ထုတ်ချင်ပါ့မလဲ

ထို့ကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင် ၉ ယောက်ကို သတ်၍ ရရှိလာသော ပစ္စည်းများအားလုံးကို ရှန်ထျန်းကို ပေးအပ်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။

အမှန်တော့ သူ့ကို ခုနစ်သွယ် သတ်ဖြတ်ရေး၊ ဖိုကျွင့်ထန်းနှင့် လောဘကြီး ဝံပုလွေတို့ကို ဖမ်းမိရာမှ ရရှိလာသော ဝေစု တစ်စိတ်တစ်ပိုင်းကိုလည်း ပေးသင့်သည်။

သို့သော် ဒီမှာ ဝိဇ္ဇာသုံးယောက် ရှိသည့်အတွက် ကျန်းလုံယွမ်၊ ကြာပြာ ကောင်းကင်အသျှင်နှင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်တို့ကို ယူစေချင်သည်။

နောက်ထပ် စဉ်းစားကြည့်လိုက်သည့်အခါ ရှန်ထျန်းက သူ့ကိုယ်ပိုင်ဝေစုအကြောင်းကို ထုတ်မပြောဖို့အတွက် ဆုံးဖြတ်လိုက်သည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နှစ်ယောက်လုံး ဂိုဏ်းချုပ်များ ဖြစ်ကြသည်။ သူတို့က မသင့်တော်သောသူများ မဟုတ်ကြပေ။

ရှန်ထျန်းက အန္တရာယ်ရှိသော အခြေအနေကြီးကို ဖြေရှင်းဖို့အတွက် ကူညီပေးခဲ့သလို ထိုဝိဇ္ဇာသုံးယောက်ကို ဖမ်းဖို့အတွက်လည်း ကူညီခဲ့သည်။ သူက အားလုံးကို ကြီးမားသော အကူအညီပေးခဲ့ပြီးပြီ ဖြစ်သည်။

သူတို့၏ ရာထူးကြောင့် သူ့ကူညီမှုကို ငြင်းမည့်သူများ မဟုတ်ပေ။ ထိုအရာကို ရှန်ထျန်းအနေဖြင့် သူတို့ကို ပြန်လည် အသိပေးစရာ မလိုအပ်ပေ။ သူသာ လုပ်လိုက်ပါက သူ့ကို ပိုပြီး ကြည့်ရဆိုးသွားစေမည်။

ကြာပြာ ကောင်းကင်အသျှင်ကိုတော့ ရှန်ထျန်းက သူ့ဝေစုနှင့် ပတ်သတ်ပြီး မမေးမြန်းခဲ့ပေ။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် အသုံးမဝင်သော အပြုအမူဖြစ်သွားမှာ သေချာသည်ကို သူ သိနေသောကြောင့် ဖြစ်သည်။

ဒီကပ်စေးနည်းတဲ့ ဆရာဦးလေးရဲ့ ကံကြမ္မာနဲ့ဆိုရင် ဒါက နှစ်ရာပေါင်းများစွာ ကြာပြီး ရလာတဲ့အထဲမှာ အကြီးမားဆုံး တိုက်ခိုက်လို့ရတဲ့ ပစ္စည်းထင်တာပဲ။ ဒါကြောင့် သူ့အနေနဲ့ ရှန်ထျန်းကို ဝေစုပေးဖို့အတွက် စိတ်ပါမှာ မဟုတ်ဘူး

ပြဿနာ မရှိပါဘူး။ သူတို့ တစ်ဂိုဏ်းတည်းသားတွေဆိုတော့ အဲလောက်ထိ ဇီဇာကြောင်ဖို့ မလိုအပ်ပါဘူး

ဘယ်လိုပဲဖြစ်ဖြစ် ရှန်ထျန်းမှာလည်း အရင်းအမြစ်နှင့် ပိုက်ဆံ မရှားပါးပေ။

ရှန်ထျန်းက လုံယွမ်ချပ်ဝတ်တန်ဆာကို လူမသိသူမသိ အနေအထားသို့ ပြောင်းလဲကာ ရွှေတောင်ပံကိုလည်း သိမ်းဆည်းလိုက်သည်။

သူ့ရဲ့ ထူးခြားစွာ ချောမောနေတဲ့ ရုပ်ရည်ကြောင့်သာ မဟုတ်ရင် သူက သာမန်လူတွေလို ဖြစ်နေမှာပဲ

ဟင်း…ရှန်ထျန်း ဘယ်လောက်ပဲ လူမသိသူမသိနေဖို့ ကြိုးစားနေပါစေ သူ့မျက်နှာက အမြဲတမ်း သူ့ကို ထင်ပေါ်အောင် လုပ်နေသည်။

သူတို့ တိုက်ပွဲရပစ္စည်းတွေကို ပျော်ရွှင်စွာ ဆက်လက် ခွဲခြမ်းနေသည့်အချိန် အဆုံးမဲ့ရှေးဟောင်းနယ်မြေအထက်တွင် ထုထည်ကြီးမားသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်လာသည်။

စွမ်းအားကြီး စွမ်းအင်အကြောင်းများ ကောင်းကင်တွင် ပစ်လွှတ်နေသည်။ သူတို့က အနည်းဆုံး ကောင်းကင်အသျှင်နှင့်အထက်သာ ရှိသော အင်မတန် စွမ်းအားကြီးသည့် ကျင့်ကြံသူများဖြစ်ကြသည်။

ရှေ့တွင် လေးယောက်ရှိပြီး အင်မတန် ကြောက်စရာကောင်းသော စွမ်းအားများကို လွှတ်ထုတ်နေသည်။

သူတို့က စမ်းသပ်ချက် ဖြတ်ကျော်ပြီးပြီဖြစ်သည့်အတွက် အံ့ဖွယ်အလင်းတန်းများဖြင့် လွှမ်းခြုံခံထားရသည်။

သူတို့က ဝိဇ္ဇာတွေပဲ

အဆုံးမဲ့ပုံရိပ်သဏ္ဌာန်များ ထိုလေးယောက်အနောက်တွင် ပေါ်လာပြီး ကြယ်အလင်းတန်နှင့် ခရမ်းရောင် အရှိန်အဝါတို့ကိုလည်း မြင်နေရသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးက လုံးဝ စိတ်ဖိစီးစေသည်။

ထိုသူများ ထွက်ပေါ်လာသည့်အချိန်တွင် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ မျက်နှာထား တည်သွားသည်

“ ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်၊ ခရမ်းစံအိမ် ဂိုဏ်းချုပ်၊ ခရမ်းမွေးဝိဇ္ဇာနဲ့ ဝိညာဉ်စစ် ဝိဇ္ဇာတို့  ဒါ ဘာသဘောလဲ”

ဟုတ်တယ်…ဒီ ဝိဇ္ဇာလေးယောက်က ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေနဲ့ ခရမ်းစံအိမ် အထွတ်အမြတ်မြေကနေ လာကြတာလေ

သူတို့က အဓိက အထွတ်အမြေနှစ်ခု ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ ဖြစ်ကြသည်။

အထွတ်အမြတ်မြေ၏ ချုံခိုတိုက်ပွဲ ပြီးသွားသည်နှင့် ထိုဝိဇ္ဇာလေးယောက်နှင့် ကောင်းကင်အသျှင်တချို့တို့ ရောက်ရှိလာကြသည်။

သူတို့ ဒီနေရာကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကဘာလဲ

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ မိစ္ဆာဝိညာဉ်ဂိုဏ်းက အဆုံးမဲ့ရှေးဟောင်းနယ်မြေမှာ ပေါ်လာတယ်လို့ သိရတယ်။ ငါ သူတို့နဲ့တိုက်ခိုက်ဖို့အတွက် ဒီနေရာကို လာခဲ့တာ”

သူတို့နဲ့ တိုက်ခိုက်ဖို့အတွက် လာတယ်တဲ့လား

သွေးသံရဲရဲတိုက်ပွဲတွင် စောနလေးကမှ ပါဝင်ဆင်နွှဲထားသော ကျင့်ကြံသူအားလုံးက ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်၏ စကားကြောင့် မကျေမနပ်ဖြစ်သွားကြသည်။

ဒီနေရာကို တိုက်ခိုက်ဖို့အတွက် အထူးတလည် လာရတယ်ဆိုရင်လည်း အားလုံးတန်းတူ ပိုင်နက်ထဲမှာ ငါတို့တွေ ပိတ်မိနေတုန်းက ဘာလို့ မလာရတာလဲ

ခင်ဗျားတို့က ကျုပ်တို့ တိုက်ပွဲအဆုံးသတ်ပြီးတော့ ပစ္စည်းတွေခွဲနေတဲ့အချိန်ကျမှ ပေါ်လာတယ်တဲ့လား

ခင်ဗျားတို့က အဲလောက်အထိ အရှက်မဲ့တာလား

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က မထုံတက်သေးပုံစံဖြင့် ပြောလိုက်သည်

“ တိုက်ပွဲက ပြီးသွားပြီဆိုတော့ ရှင်တို့ အဲဒီအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ အဆုံးမဲ့ရှေးဟောင်းနယ်မြေက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ခရမ်းစံအိမ် အထွတ်အမြတ်မြေကြားမှာ တည်ရှိတာလေ။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဒီလိုမျိုး ချုံခိုတိုက်ခိုက်ဖို့ လုပ်တဲ့အကြောင်း ငါတို့ကို ကြိုတင်အသိပေးသင့်တယ် မဟုတ်လား”

ထိုကဲ့သို့ပြောရင်း ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ အရှိန်အဝါက မြင့်တက်လာသည်။

သူ့နောက်တွင် ပြင်းထန်သော ခရမ်းရောင်စွမ်းအင်က လှည့်ပတ်နေသည့်အတွက် နတ်ဘုရားတစ်ပါး ဆင်းသက်လာသလို ခံစားရစေသည်။

ခရမ်းစံအိမ် ဂိုဏ်းချုပ်က သူ့ တပည့်ဖြစ်သော ချီရှောက်ရွှမ် ပေးထားသည့် နိဗာနထာဝရ တော်ဝင်ကျမ်းကြောင့် တိုက်ပွဲစွမ်းရည် အဆမတန် မြင့်တက်လာသည်။

အရှေ့ပိုင်းလွင်ပြင်ရှိ ဂိုဏ်းချုပ် ၁၂ယောက်အနက် ခရမ်းစံအိမ်ဂိုဏ်းချုပ်၏ တိုက်ပွဲစွမ်းရည်က ထိပ်ဆုံးအနည်းငယ်ထဲတွင် ပါဝင်သည်။ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ပင် သူ့၏ လက်ရှိအရှိန်အဝါကြောင့် ပြင်းထန်သော ဖိအားကို ခံစားလာရပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပျော့ပျောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်

“ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မေးနေတာလား”

ထိုသူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဖြစ်သည်။ သူ ရှေ့တိုးကာ ခရမ်းစံအိမ် ဂိုဏ်းချုပ်ကို စိတ်ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်သည်။

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ မိတ်ဆွေတို့ ငါ့ကို အထင်မလွဲကြပါနဲ့။ မင်းတို့ကို အခက်တွေ့အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အထွတ်အမြတ်မြေ အားလုံးမှာ ကိုယ်ပိုင် ပိုင်နက် ရှိတယ်ဆိုတာကို ပြောပြချင်တာပါ။

အဆုံးမဲ့ရှေးဟောင်းနယ်မြေရဲ့ တစ်ဝက်က ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိတာလေ။ အဲဒါကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်တဲ့ မစ်ရှင်ကနေ ရလာတဲ့ ပစ္စည်းတစ်ဝက်ကို ငါတို့ မရသင့်ဘူးလား”

သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်တွေ ပေါ်လာပြီပဲ

ဝိဇ္ဇာသုံးယောက်ကို ဖမ်းပြီးပြီ ဖြစ်သော်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းတပည့်များက အဆုံးမဲ့ ရှေးဟောင်းနယ်မြေထဲတွင် ပုန်းနေဆဲ ဖြစ်သည်။

သူတို့ထဲတွင် ပင်မတပည့် အရေအတွက် များပြားလိမ့်မည်ဖြစ်သည့်အတွက် သူတို့၏ သိုလှောင်လက်စွပ်ထဲတွင် ကောင်းမွန်သော အရင်းအမြစ်များ ရှိနေနိုင်သည်။

ထိုမိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို ရှင်းလင်းလိုက်ပါက အတော်လေး အကျိုးအမြတ် ရရှိမည် ဖြစ်သည်။

ဝိဇ္ဇာများဆီမှ ရရှိသော ပစ္စည်းများထက် အဆင့်နိမ့်မည်ဖြစ်သော်လည်း အထွတ်အမြတ်မြေများကို ဆွဲဆောင်ဖို့အတွက်တော့ လုံလောက်မှု ရှိသေးသည်။

“ မင်းတို့က တိုက်ပွဲထဲမှာ မရှိခဲ့ဘဲနဲ့ တိုက်ပွဲပြီးမှ ရောက်လာပြီးတော့ အကျိုးအမြတ် လိုချင်နေတာတဲ့လား။ မင်းရဲ့ ခေါင်းကိုခွဲပစ်တော့မယ်ဆိုတာကို မင်းယုံကြည်လား”

စိတ်ဆိုးလွယ်သော တာအိုကိုယ်တော်ကြီးက သူ့ဝေစုကို ပျော်ရွှင်စွာ ရေတွက်နေခဲ့သည်။ သူ အခုလိုမျိုး မပျော်ရတာလည်း အတော်လေး ကြာနေပြီ ဖြစ်သည်။

ဒါပေမဲ့အခု ခရမ်းစံအိမ် ဂိုဏ်းချုပ်က သူတို့ကို ဝေစုတစ်ဝက်ကို စွန့်လွှတ်ခိုင်းနေတာလား

ကြာပြာ ကောင်းကင်အသျှင်ဆီရှိ တုတ်က ကြီးလာသည်။

သူက ထိုအရှက်မဲ့သောသူများနှင့် ပြင်းထန်သော တိုက်ခိုက်မှုလုပ်ရန်အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ မျက်နှာမှေးမှိန်သွားကာ ပြောလိုက်သည်

“ အဆုံးမဲ့ရှေးဟောင်း နယ်မြေတစ်ဝက်က ငါတို့ပိုင်တာလေ။ ဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို မရှင်းထုတ်ခင် ငါတို့ကို အရင် သတိပေးခဲ့သင့်တာလေ။

ပြီးတော့ ငါတို့ ရပ်နေတဲ့ ဒီနေရာကလည်း ခရမ်းစံအိမ် အထွတ်အမြတ်မြေနဲ့ ပိုပြီးတော့ နီးတယ်လေ။ တစ်ဝက်ပဲ တောင်းတယ်ဆိုတာ အရမ်းကို ရက်ရောနေပါပြီ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က အကျိုးအကြောင်း သင့်လျော်အောင် လုပ်ဖို့ စိတ်ကူးမရှိမှတော့ ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့မှာပဲ”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က သံလက်အိတ်အစွပ်ကို ပစ်ချလိုက်သည်။

ဝိဇ္ဇာလေးယောက်နှင့် ကောင်းကင်အသျှင်တချို့၏ အရှိန်အဝါများက စုပေါင်းအင်အားစုဆီ ထိုးဖောက်ဝင်ရောက်နေသည်။

ကြာပြာ ကောင်းကင်အသျှင်က မဲ့ပြုံးပြုံးကာ သူ့တုတ်ကို ဝေ့ယမ်းကာ ပြောလိုက်သည်

“ ဒီမိစ္ဆာဂိုဏ်းခွဲလေးက မင်းတို့အထွတ်အမြတ်မြေနဲ့ နီးတာကြောင့်နဲ့တင် မင်းက အကျိုးအမြတ် ရရှိမယ်ပေါ့ ဟုတ်လား။

ခရမ်းစံအိမ် အထွတ်အမြတ်မြေက ငါတို့ရဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ အရမ်းနီးနေမှတော့ မင်းတို့က ငါတို့နဲ့ လာပြီး ပူးပေါင်းသင့်တယ် မဟုတ်လား …  မင်းတို့က တကယ်ကို အရှက်မရှိတဲ့သူတွေပဲ။ မင်းတို့ တစ်ယောက်ချင်းစီတိုင်းကို ရိုက်နှက်ပစ်မယ်”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ မျက်နှာထားလည်း အေးစက်သွားကာ ပြောလိုက်သည်

“ ငါ့ရဲ့ စွမ်းအားတွေကို ဒီမိစ္ဆာတွေ ဖမ်းဖို့ အသုံးပြုလိုက်ပေမဲ့ ဆက်ပြီးတော့ တိုက်ခိုက်နိုင်ပါသေးတယ်။ လုပ်လိုက်ကြတာပေါ့”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ပြီတီတီပြုံးလိုက်ပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ကျန်းလုံယွမ် … မင်းကလည်း အရူးတစ်ယောက်လိုမျိုး ပြုမူမလို့လား”

အရှင်းဆုံးပြောရလျှင် ခရမ်းစံအိမ် ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။

နှစ်ပေါင်းတစ်သောင်းကြာသည်အထိ အံ့ဖွယ်မိုးကောင်းကင်နှင့် ခရမ်းစံအိမ်တို့က ပွင့်လင်းစွာ ပဋိပက္ခ မဖြစ်ကြဘဲ တိုးတိုးတိတ်တိတ် လျှို့ဝှက်စွာ ပြဿနာများစွာတော့ ရှိနေကြသည်။

အဘယ်ကြောင့်ဆိုသော် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တားမြစ်အခန်းဆက်ကို ပျောက်သွားသည့်အတွက် ခရမ်းစံအိမ် အထွတ်အမြတ်မြေက အခွင့်ကောင်း ယူလိုက်သည်။

သို့သော် လက်ရှိနှစ်များအတွင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရမ်းတက်ကြွပျော်ရွှင်နေခဲ့ကြသည်။

စွမ်းအားကြီးသူ နှစ်ယောက်ဖြစ်သည့် ကျန်းလုံယွမ်နှင့် ချူးလုံဟယ်ကို လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက မွေးခဲ့သည်။

ထိုအချိန်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ကြီးမြတ်သော ခေတ်တစ်ခု ဖြစ်ခဲ့သည်။ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်နှစ်ဦးက သူတို့၏ ကိုယ်ပိုင်မျိုးဆက်အပေါ်တွင် သိပ်ကို အာဏာကြီးပြီး လွှမ်းမိုးနိုင်ခဲ့သည်။

အထူးသဖြင့် ချူးလုံဟယ် ငယ်ရွယ်စဉ်က လက်ဗလာဖြင့် ခရမ်းစံအိမ် တပည့် ၁၈ယောက်ကို ရိုက်နှက်နိုင်ခဲ့သည်။

ကျန်းလုံယွမ်က ချူးလုံဟယ်ထက် ပိုပြီးတော့ သိုသိုသိပ်သိပ် နေတတ်သော်လည်း သူက ဉာဏ်ပိုကောင်းပြီး ပရိယာယ်ကြွယ်ဝသော အကြံဉာဏ်များ ထုတ်သည့်နေရာတွင် အရမ်းတော်သည်။

အခြေခံအားဖြင့် ချူးလုံဟယ် ပြဿနာရှာတိုင်း ထိုကောင်လေးက အမှောင်ထဲတွင် အကွက်ချကာ လွတ်မြောက်သည့်လမ်းကို ရှာပေးနေကြ ဖြစ်သည်။

သူသာ မရှိပါက ချူးလုံဟယ် သေသွားတာကြာလောက်လေပြီ။

အမှန်တကယ်တော့ ကျန်းလုံယွမ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ စစ်မှန်သော ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်၏။

ထိုခေတ်အခါတုန်းက အရှေ့ပိုင်းလွင်ပြင်ရှိ ကြီးမြတ်သော သူတော်စင်များပင် သူတို့နှစ်ယောက်ရှေ့ရောက်လျှင် ကြောက်ဒူးတုန်နေခဲ့ကြသည်။

ခရမ်းစံအိမ် သူတော်စင်က သူတို့အရိပ်အောက်မှာ နေခဲ့သည့်အတွက် သူ့ကို သာမန်ဟုသာ ထင်စေသည်။ သူက ခရမ်းစံအိမ် အထွတ်အမြတ်မြေတွင် ရှားပါးသော တစ်သက်မှ တစ်ခါသာရှိနိုင်သည့် ပါရမီရှင်မျိုး ဖြစ်သည်။ သူ့ကို အရှေ့ပိုင်းလွင်ပြင်ရှိ သူတော်စင်များထဲတွင် ထူးချွန်သော ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သို့သော် တစ်ခေတ်တည်း ဖြစ်နေသော ခရမ်းစံအိမ် အထွတ်အမြတ်မြေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေများမှ သူတော်စင်များက အချင်းချင်း အငြင်းပွားခိုက်ရန်ဖြစ်လေ့ ရှိကြသည်။ ခရမ်းစံအိမ် သူတော်စင်များက ထုံးစံအတိုင်း အနိုင်ရခဲ့ကြသည်။

ကံမကောင်းစွာဖြင့် သူ့ခေတ်တွင် အံ့ဖွယ်မိုးကောင်းကင် အစ်ကိုကြီးက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ရုံသာမက အစ်ကို(၂)ကပါ သူ့ကို စုတ်ပြတ်သွားအောင် ရိုက်နှက်လိုက်သည်။

လူအများက ချူးလုံဟယ်နှင့် ကျန်းလုံယွမ်တို့အကြောင်းကို ပြောလိုက်တိုင်း သူ့အကြောင်းကို ထည့်ထည့်ပြောကာ နှိုင်းယှဉ်ကြသည်။

ထိုနှိုင်းယှဉ်မှုများက သူ့ကို ဒေါသထွက်စေသည်။

အိမ်နီးချင်း အထွတ်အမြတ်မြေက စွမ်းအားကြီးသူနှစ်ယောက်ကြောင့် ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ အစ်ကိုကြီးဖြစ်တဲ့သူက ဘယ်လိုလုပ်ပြီးတော့ ခေါင်းမော့နေနိုင်တော့မှာလဲ

လူတချို့က သူ့ကို ရယ်စရာကောင်းတဲ့ နာမည်တစ်ခုပေးလိုက်သေးတယ်

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့တိုက်ခိုက်ပြီး သမိုင်းမှာ အဆိုးရွား ဆုံးရှုံးနိမ့်မှုကို ရရှိခဲ့တဲ့ ခရမ်းစံအိမ် သူတော်စင်တဲ့လေ

ဒီထက်ပိုပြီးဆိုးရွားပြီး လှောင်ပြောင်ခံရတဲ့ နာမည်ရှိပါဦးမလား

လှောင်ပြောင်ခံရတယ်…ဆိုးရွားတဲ့ လှောင်ပြောင်ခံရခြင်းပဲ

ချူးလုံဟယ် ကိုယ်တိုင်  မဖောက်ခွဲပစ်ခင်အထိပဲ …

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြဿနာများကို တစ်ယောက်ထဲ ဖြေရှင်းဖို့ ခက်ခဲသည့်အတွက် ရွေးချယ်စရာ မရှိတော့ဘဲ ကောင်းကင်တာအိုကျမ်းကို ကျင့်ကြံရတော့သည်။

ထိုအချိန်မှစ၍ စွမ်းအားကြီးသော အံ့ဖွယ်မိုးကောင်းကင်မှ လူနှစ်ယောက်အကြောင်းကို အရှေ့ပိုင်းလွင်ပြင်မှာ ဆက်မပြောကြတော့ပေ။ ထိုအချိန်တွင် ခရမ်းစံအိမ်ဂိုဏ်းချုပ်၏ ကောင်းမွန်သော နေ့ရက်များ ရောက်ရှိလာခဲ့သည်။

ထိုကဲ့သို့ဆိုလျှင်ပင် ခရမ်းစံအိမ် ဂိုဏ်းချုပ်က သူတို့နှစ်ယောက်အပေါ် အငြိုးအတေး ရှိနေသေးသည်။ ထိုအငြိုးအတေးက နှစ်ပေါင်းတစ်သောင်း ကြာမြင့်ခဲ့သည်။

နှစ်တွေကြာလေလေ အငြိုးအတေးများက ပိုမိုပြင်းထန်လေလေ ဖြစ်၏။

မင်းတို့နှစ်ယောက် ငယ်ရွယ်တုန်းက အာဏာကြီးတော့လည်း ဘာဖြစ်လဲ

ကျင့်ကြံရေးလောကမှာ နောက်ဆုံးမှ ရယ်ရတဲ့သူက အကျယ်ကြီးရယ်နိုင်လိမ့်မယ်

ငါက ခရမ်းစံအိမ် တော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းကိုလည်း ကျင့်ကြံလို့ပြီးသွားပြီဖြစ်သလို နိဗာနထာဝရ တော်ဝင်ကျမ်းကိုလည်း ရထားပြီးပြီ

တစ်ချိန်ထဲမှာပဲ ငါ့တပည့် ချီရှောက်ရွှမ်ကလည်း ၁၀ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီ။ သူ့ အရည်အချင်းတွေက ချူးလုံဟယ် ငယ်ငယ်တုန်းကထက်ကို ကျော်လွန်နေပြီ

ငါ့တပည့်နဲ့ ငါက ကျန်းလုံယွမ်နဲ့ သူ့တပည့်ထက် ကျော်လွန်နေပြီ

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်တုန်းက လှောင်ပြောင်မှုအတွက် မင်း ဆယ်ဆပြန်ပေးဆပ်ရမယ်

ရှန်ထျန်း၏ ဟာရီတီပုတီးစေ့များက နူးညံ့စွာ တုန်ခါသွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ စကားများနားထောင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်

“ မင်း တစ်ဝက် လိုချင်လို့လား”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ မင်းဆန္ဒရှိတယ်ဆိုရင် ငါလည်း ရွေးချယ်စရာမရှိဘဲ အောင်နိုင်တဲ့ဘယ်သူလဲဆိုတာ သိရဖို့အတွက် တိုက်ခိုက်ရတော့မှာပဲ။

မင်း ငါ့ကို အနိုင်ရတယ်ဆိုရင် ငါ လှည့်ထွက်သွားလိုက်မယ်။ မင်းရှုံးမယ်ဆိုရင်တော့ ခရမ်းစံအိမ်နဲ့ ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေတွေက ငါတို့ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို ယူသွားမယ်။”

အရှင်းဆုံးပြောရရင် ပစ္စည်းတွေရဖို့က အဓိကရည်ရွယ်ချက် မဟုတ်ဘူး

ခရမ်းစံအိမ် ဂိုဏ်းချုပ်က သူ့အရည်အချင်းတွေကို သက်သေပြဖို့အတွက် ဒီတိုက်ပွဲကို အသုံးချလိုက်တာ

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သက်ပြင်းချလိုက်မိသည်။

“ စာအုပ်တွေ အများကြီးဖတ်။ စာအုပ်ကောင်းတွေကို ဖတ်။ စာအုပ်ဖတ်ခြင်းက ယဉ်ကျေးစေပြီးတော့ အသိဉာဏ် တိုးပွားစေတယ်”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က အံ့ဩထိတ်လန့်စွာဖြင့် မေးလိုက်သည်

“ မင်း ဘာကို ဆိုလိုတာလဲ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခရမ်းစံအိမ်ဂိုဏ်းချုပ်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်

“ မင်း ငါ့ကို အနိုင်ရမယ်လို့ တကယ် ထင်နေတာလား”

All Chapters