← Chapters

တပည့် မင်းရဲ့ဆရာအတွက် လက်စားချေပေးရမယ်

Vol. 19 Ch. 278

တပည့် မင်းရဲ့ဆရာအတွက် လက်စားချေပေးရမယ်

Vol. 19 Ch. 278

အခန်း (၂၇၈) : တပည့် မင်းရဲ့ဆရာအတွက် လက်စားချေပေးရမယ်

မင်း ငါ့ကို တကယ်အနိုင်ရမယ်လို့ ထင်နေတာလားတဲ့

နှစ်တွေ အများကြီး ကြာသွားတာတောင် သူက အခုထိ မောက်မာနေတုန်းပဲ

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်

“ ကျန်းလုံယွမ် အဲလောက်ထိ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့။ အချိန်တွေက ပြောင်းလဲသွားပြီ။

ငါက ခရမ်းစံအိမ် တော်ဝင်ကျမ်းကိုလည်း ကျင့်ကြံပြီးပြီဖြစ်သလို နိဗာနထာဝရ တော်ဝင်ကျမ်းကိုလည်း ကျင့်ကြံပြီးပြီ။ မင်း အရမ်းတော်နေတယ်ထင်ရင် ငါနဲ့လာပြီးတော့ တိုက်ခိုက်လေ။ ငါ ဒီနှစ်တွေအတွင်း ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ ပြမယ်”

သူတို့၏ ခရမ်းစံအိမ် ဂိုဏ်းချုပ်က တည်ငြိမ်နေရာမှာ ဒေါသထွက်သည့် မျက်နှာထားသို့ ပြောင်းလဲသွားသည့်အတွက် သူနှင့် မျိုးဆက်တစ်ဆက်ထဲသော ကျင့်ကြံသူများကလည်း နားလည်ကြောင်း အရိပ်အယောင် ပြလိုက်ကြသည်။ သူတို့လည်း တစ်ချိန်တုန်းက ငယ်ရွယ်ခဲ့သည်။

သူက ထူးခြားသော ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း ထိုအံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ လူနှစ်ယောက်ဆီတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည်။ သူ့အငြိုးအတေး ဘယ်လောက်ထိ နက်နဲနေလဲ တွေးကြည့်လို့ရသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်နေသော ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည့်အခါ သူမက ပြောလိုက်သည်

“ ဒီတိုက်ပွဲမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အားအင်စိုက်ထုတ်မှုသာ မပါရင် ဘာတွေဖြစ်သွားမယ်ဆိုတာကို ကျွန်မ စိတ်ကူးတောင် မယဉ်ရဲပါဘူး။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် … ခရမ်းစံအိမ် ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်လိုက်ပါ။ ဘာတွေပဲဖြစ်လာလာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက ရှင့်နောက်မှာ ရှိနေပေးမယ်”

အထွတ်အမြတ်မြေ နှစ်ခုက ထိုတိုက်ပွဲကို အသိအမှတ်ပြုလိုက်ပြီဖြစ်သည့်အတွက် ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများက ဝင်ရောက် မစွက်ဖက်ရဲတော့ပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အတွေးထဲ နစ်မြောနေပုံပေါ်သည်။ အံ့ဖွယ်အလင်းတန်း လွှမ်းခြုံထားသော ဓားတစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာကာ ပြောလိုက်သည်

“ ငါတို့ရဲ့ တိုက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ တိုက်ခိုက်ချင်လဲဆိုတာ ပြောပါဦး”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် သူ၏ တည်ငြိမ်နေသော ကောင်းကင်အရှိန်အဝါကို ကြည့်ကာ ပြောလိုက်သည်

“ မင်းနဲ့ငါက ငါတို့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေဆိုတော့ မင်းရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာတဲ့အနေနဲ့ မင်းကို လူပုံအလယ်မှာ ရှုံးနိမ့်ပြီး အရှက်ကွဲအောင် မလုပ်ချင်ဘူး။ မင်းနဲ့ အာကာပြင်ထဲမှာ သွားပြီး တိုက်ခိုက်ချင်တယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ အနည်းငယ် တုန်လှုပ်သွားကာ ပြောလိုက်သည်

“ ဒါဆိုရင်လည်း မင်းရဲ့ အမြော်အမြင်ကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ထွက်သွားသည်။

အမည်မသိ အာကာပြင်ထဲသို့ ဦးတည်နေသော အနက်ရောင် တံခါးတစ်ချပ် ပေါ်လာသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ထိုတံခါးထဲသို့ ဝင်သွားကာ အားလုံး၏ ရှေ့မှ ပျောက်ကွယ်သွားသည်။ သူ၏ ဂုဏ်သရေရှိသော အပြုအမူက ဂိုဏ်းချုပ်တစ်ယောက်နှင့် အရမ်းကိုက်ညီသည်။

“ ငါတို့ အာကာပြင်မုခ်ဝ နည်းနည်းလေးမှ လှုပ်ခတ်သွားတာကို မခံစားလိုက်ရဘူး။ ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အာကာပြင်ဆီ ရောက်ဖို့ မုခ်ဝကို အောင်မြင်အောင် ဖွင့်လိုက်နိုင်တာပဲ”

သာမန်လူတစ်ယောက်က ပွဲကို ကြည့်ရတာ ပျော်နေတဲ့အချိန် စစ်မှန်တဲ့သူကတော့ အဲဒီနောက်မှာရှိတဲ့ ကျွမ်းကျင်မှုကို ချီးကျူးလိမ့်မယ်

စမ်းသပ်ချက်များကို ဖြတ်ကျော်ထားသော ဝိဇ္ဇာတစ်ယောက်အနေဖြင့် အချိန်နှင့်နေရာအားလုံးကို ဖြတ်ကျော်နိုင်သည်ဟု အားလုံးက သိထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် သမုဒ္ဒရာနှင့် တောင်များကို ဖြတ်ကျော်ကာ မိုင်ပေါင်း ထောင်ချီပြီး ခရီးသွားနိုင်ကြသည်။

သို့သော် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကဲ့သို့သော အဆင့်မြင့် ဝိဇ္ဇာသာလျှင် အာကာပြင်မုခ်ဝကို တုန်လှုပ်ခြင်း နည်းနည်းလေးမှ မရှိဘဲ ဖွင့်ရတာ ဘယ်လောက် ခက်ခဲလဲဆိုတာကို သိလိမ့်မည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အတွက် ထိုလုပ်ဆောင်ချက် တစ်ခုတည်းကပင် ဝိဇ္ဇာအဆင့် ကျင့်ကြံသူများကို အံ့ဩသွားအောင် လုပ်လိုက်နိုင်သည်။

ဒါက ဘာကိုဆိုလိုတာလဲ

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အာကာပြင် ထိန်းချုပ်ခြင်းပညာရပ်က အရမ်းအဆင့်မြင့်ကြောင်း ဆိုလိုခြင်း ဖြစ်၏။ ထိုအရာက စမ်းသပ်ချက် ခံယူထားသော ဝိဇ္ဇာများထက်ပင် အများကြီး အဆင့်မြင့်နေသည်။

အာကာပြင် ထိန်းချုပ်ခြင်းကို ကျွမ်းကျင်သော ဝိဇ္ဇာများအနေဖြင့် အာကာပြင် ထိန်းချုပ်ခြင်းထဲတွင် တိုက်ခိုက်ပါက အခွင့်ကောင်း ပိုမိုရရှိနိုင်သည်။

“ ကျန်းလုံယွမ်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ မိုးကြိုးပညာရပ်ကို လေ့ကျင့်ခဲ့တာ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီးတော့ အာကာပြင်ကိုပါ ထိန်းချုပ်နိုင်နေရတာလဲ”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က စိတ်ပူစွာဖြင့် ပြောလိုက်သည်

“ ခရမ်းစံအိမ် ဂိုဏ်းချုပ်…သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင်… အာကာပြင်ထဲမှာ သူနဲ့ တိုက်ခိုက်ရင်…ကျွန်တော် စိုးရိမ်မိတယ်…ဒါကို ဒီအတိုင်း ထားလိုက်လို့ မရဘူးလားဟင်”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ဒါက မျက်လှည့်ပြကွက် သက်သက်ပါ”

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ နောက်ရှိ ခရမ်းရောင် အရှိန်အဝါက ကြောက်စရာကောင်းစွာ ထိုးဖောက်ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ သူ့ကို နတ်ဘုရားဘုရင်ကဲ့သို့ ပုံပေါ်စေသည်။

“ ကျန်းလုံယွမ် … ဒီနေ့ ငါ မင်းရဲ့ အံ့ဖွယ်စွမ်းရည်တွေကို ဖျက်စီးပြမယ်”

ခရမ်းရောင်ပုံရိပ်က အာကာပြင်ထဲသို့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နောက်မှ လိုက်သွားသည်။

အာကာပြင်ထဲတွင် အခြေအနေက မတည်ငြိမ်ပေ။ ထို့ကြောင့် တိုက်ပွဲကို ကြည့်ဖို့အတွက် ကျင့်ကြံသူ၏ နတ်ဘုရားအသိစိတ်ကို ပို့ရန် ခက်ခဲလှသည်။

ဝိဇ္ဇာအဆင့်အောက်ရှိ ကျင့်ကြံသူအများစုအတွက် တိုက်ခိုက်ပွဲကို ကြည့်ဖို့ ထိုအာကာပြင်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အနည်းနှင့်အများ မဖြစ်နိုင်ပေ။

ဝိဇ္ဇာအဆင့်နှင့်အထက် ရှိသော ပရိသတ်များက ထိုလူနှစ်ယောက်၏ ကိုယ်ရေးကိုယ်တာကို လေးစားသည့်အနေဖြင့် ချောင်းကြည့်ဖို့ မကြိုးစားကြပေ။

သနားညှာတာမှု ကင်းမဲ့သော တိုက်ခိုက်သံ၊ အော်ဟစ်သံများကို အနက်ရောင်အာကာပြင်သို့ သွားသည့် မုခ်ဝဆီမှာ ကြားနေရသည်။

အာကာပြင်ထဲရှိ လေထုက ပြင်းထန်လာလေလေ အသံတွေက ပိုပြီးကျယ်လာလေလေ ဖြစ်သည်။

ထိုမုခ်ဝထဲသို့ ဝိဇ္ဇာနှစ်ယောက် ဝင်သွားပြီးနောက် အားလုံး၏ အာရုံက ထိုနေရာမှာပဲ ရှိနေပြီး မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေကြသည်။

အချိန်တွေ တဖြည်းဖြည်းချင်း ကုန်လာပြီ ဖြစ်သည်။

ရုတ်တရက် အာကာပြင်မုခ်ဝ ပွင့်လာကာ အထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။

တစ်ယောက်က နတ်မိုးကြိုးများဖြင့် လွှမ်းခြုံထားပြီး ကျန်တစ်ယောက်က ခရမ်းရောင် အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။ သူတို့၏ မျက်နှာများကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ ကျယ်လောင်သောရယ်သံကို ခရမ်းရောင် အံ့ဖွယ်အလင်းတန်းထဲမှ ကြားလိုက်ရသည်

“ ဟား…ဟား…ဟား…ကျန်းလုံယွမ်။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ မင်း ငါ့ကို ဆက်ပြီး အနိုင်ကျင့်လို့ ရတုန်းပဲလို့ ထင်မနေနဲ့။

နှစ်ပေါင်းတစ်ထောင် ရှိပြီ။ နှစ်ပေါင်းတစ်ထောင်လုံး ဖြတ်ကျော်လာခဲ့ပြီးပြီ။ မင်းက အရမ်းမောက်မာတော့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က ခရမ်းစံအိမ် ဂိုဏ်းချုပ် ပြုံးနေတာကို မြင်ပြီး မေးလိုက်သည်

“ အစ်ကို အနိုင်ရခဲ့ပြီလား”

ခရမ်းစံအိမ်က ပြုံးကာ ပြောလိုက်သည်

“ ငါက သူ့ကို အနိုင်မယူနိုင်သလို သူလည်း ငါ့ကို အနိုင်မယူနိုင်ဘူး။

ပြဿနာ မရှိပါဘူး။ ဒီနေ့ ကောင်းကောင်း တိုက်ခိုက်ခဲ့တယ်။ ဒီမိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ပစ္စည်းတွေက ဘာမှအရေးမပါဘူး။ သူတို့ကိုပဲ ယူခိုင်းလိုက်”

ထို့နောက် ခရမ်းစံအိမ် ဂိုဏ်းချုပ်က အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ခရမ်းစံအိမ် အထွတ်အမြတ်မြေဆီသို့ တန်းပြန်သွားသည်။

သူ့နောက်ရှိ ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်နှင့် အကြီးအကဲ ဝိဇ္ဇာနှစ်ယောက်က အံ့အားသင့်စွာဖြင့် ကျန်နေခဲ့သည်။

ဘာတွေဖြစ်ကုန်တာလဲ

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ဒီအတိုင်းထွက်သွားတာလား

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ စွမ်းအားကို အနိုင်ယူပြီးတော့ သူတို့ဆီကနေ ပစ္စည်းတစ်ဝက်ကို လုမယ်လို့ ပြောခဲ့တယ် မဟုတ်လား

သူတို့နှစ်ယောက်ကြားက တိုက်ပွဲက သရေပဲဆိုရင် ခရမ်းစံအိမ် ဂိုဏ်းချုပ်က ဘာလို့ ဘာမှမတောင်းဆိုပဲနဲ့ ထွက်သွားရတာလဲ

ထိုအခိုက်အတန့်တွင် ခုနစ်စဉ်ကြယ်ဂိုဏ်းချုပ်၊ အကြီးအကဲဝိဇ္ဇာနှစ်ယောက်နှင့် အတူလိုက်လာသော ကောင်းကင်အသျှင်တို့က အနည်းငယ် ကို့ရို့ကားရား ဖြစ်သွားကြသည်။

“ ခရမ်းစံအိမ် ဂိုဏ်းချုပ်က ထွက်သွားပြီဆိုတော့ ခုနစ်စဉ်ကြယ်ဂိုဏ်းချုပ်ကရော ကျုပ်နဲ့ တိုက်ခိုက်မလို့လား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်ကို စိုက်ကြည့်ရင်း အနည်းငယ် လှုပ်ခတ်သွားသည်။

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က တုန်လှုပ်သွားသည်။

သူ့ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းရည်က ခရမ်းစံအိမ် ဂိုဏ်းချုပ်လောက် မမြင့်ပေ။

ခရမ်းစံအိမ် ဂိုဏ်းချုပ်ပင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့်တိုက်ခိုက်ခြင်းတွင် သရေသာကျခဲ့သည်။ ထို့ကြောင့် ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်အနေဖြင့် အနိုင်ရနိုင်ချေ အနည်းငယ်သာ ရှိသည်။

ထိုအတွေးကြောင့် ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ အဆုံးမဲ့ရှေးဟောင်းနယ်မြေက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ခရမ်းစံအိမ် အထွတ်အမြတ်မြေကြားမှာပဲ ရှိတာလေ။ ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေနဲ့ ဘာမှမဆိုင်ပါဘူး။

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ဒီလုပ်ဆောင်မှုမှာ မပါဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုတော့ ကျွန်တော်လည်း သူ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ သွားလိုက်ပါဦးမယ်”

ထို့နောက် ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က သူ၏ ကြယ်အလင်းတန်းပညာရပ်ကို အသက်သွင်းကာ ကြယ်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ခရမ်းစံအိမ် ဂိုဏ်းချုပ်နောက်သို့ လိုက်သွားသည်။

အဖြစ်အပျက်တစ်ခုလုံးက ထူးဆန်းပြီး ကို့ရို့ကားရားနိုင်သော အခြေအနေဖြင့် အဆုံးသတ်သွားသည်။

အားလုံးက ထိုတိုက်ပွဲ၏ အပြောင်းအလဲကြောင့် မူးနောက်နေပြီ ဖြစ်သည်။ သူတို့အနေဖြင့် ခရမ်းစံအိမ် ဂိုဏ်းချုပ် ဘာတွေးနေလဲဆိုတာကို သူတို့ မစဉ်းစားတတ်တော့ပေ။

………….

ခရမ်းစံအိမ် အထွတ်အမြတ်မြေတွင်…

ခရမ်းရောင် အလင်းတန်း ဖြတ်သန်းလာကာ နောက်မှ ကြယ်အလင်းတန်းတစ်ခုလည်း လိုက်လာသည်။

သိပ်မကြာခင်မှာပဲ ကြယ်အလင်းတန်းက ခရမ်းရောင်အလင်းတန်းကို တားဆီးလိုက်ပြီးနောက် ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ် ပေါ်လာသည်။

သူက ခရမ်းစံအိမ် ဂိုဏ်းချုပ်ကို တားဆီးကာ မခံမရပ်နိုင်သောအသံဖြင့် မေးလိုက်သည်

“ အစ်ကို စောနက ကျွန်တော်တို့က သေချာပေါက် အသာစီးရနေတာလေ။ အဲဒါကို ဘာလို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရှေ့မှာ အဲဒီအခွင့်အရေးကို လက်လွှတ်လိုက်ရတာလဲ”

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ တည်ငြိမ်သောအသံက သိပ်သည်းသော ခရမ်းရောင်အံ့ဖွယ်အလင်းတန်းထဲမှ ထွက်ပေါ်လာသည်

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ခရမ်းစံအိမ် အထွတ်အမြတ်မြေက မတည့်ကြဘူးဆိုပေမဲ့လည်း ငါတို့က အထွတ်အမြတ်မြေတွေပဲလေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေနဲ့ အသက်မဲ့ဘုရင်ကို သတ်ဖို့အတွက် သူတို့ရဲ့အသက်တွေကို စတေးထားရတာလေ။

အဲဒါကြောင့် တိုက်ပွဲကရလာတဲ့ ပစ္စည်းတွေ အကုန်လုံးက သူတို့အပိုင်ပဲ။ ငါ အဲလိုမျိုး သူခိုးလုပ်ရပ်ကို မလုပ်နိုင်ဘူး”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က ဘာပြန်ပြောရမယ်မှန်းမသိဖြစ်သွားသည်။

ဘာလဲ … အစ်ကို ဘယ်တုန်းက စပြီးတော့ ရုတ်တရက် စည်းမျဉ်းတွေကို လိုက်နာတတ်သွားတာလဲ

ပြီးတော့ ခင်ဗျားပဲ ကျုပ်ကို အရင်လာရှာပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ တိုက်ခိုက်တဲ့အခါ ကူပြီးတိုက်ခိုက်ပေးဖို့ တောင်းဆိုပေးခဲ့တာလေ

အခု ပြဿနာရှာတဲ့သူက ကျုပ်ဖြစ်အောင် ဘာလို့ လုပ်နေရတာလဲ။ ခိုးယူတာနဲ့ ပတ်သက်ပြီးတော့ ပြောနေတာလား။ အဲလိုအရာမျိုးတွေ ပြောနေရတာ မရှက်ဘူးလား။

ခဏနေပါဦး

ခုနစ်စဉ်ကြယ်ဂိုဏ်းချုပ်က ရုတ်တရက် တစ်ခုခုတွေးမိကာ ပြောလိုက်သည်

“ အစ်ကိုနဲ့ ကျန်းလုံယွမ်ရဲ့ တိုက်ပွဲက တကယ်ပဲ သရေအနေနဲ့ ပြီးသွားတာလား”

ခရမ်းရောင် အံ့ဖွယ်အလင်းတန်းက ပြင်းထန်းစွာ တုန်ခါသွားသည်။ ခရမ်းစံအိမ်ဂိုဏ်းချုပ်၏ အသံက အနည်းငယ် တုန်လှုပ်သွားပုံပေါ်သည်

“ အဟမ်း… ဟုတ်… ဟုတ်တယ်လေ… သရေပေါ့”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်၏ မျက်နှာထား အနည်းငယ် ထူးဆန်းသွားကာ ပြောလိုက်သည်

“ ကျွန်တော်တို့က နှစ်ပေါင်းတစ်ထောင်လောက် ညီအစ်ကိုအရင်းတွေလို နေလာကြတာ။ ကျွန်တော်ကို လှည့်စားလို့ရမယ်များ ထင်နေတာလား။ အစ်ကို အရိုက်ခံလာရတယ် မဟုတ်လား”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်၏ စကားလုံးများက ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ မျက်နှာဖုံးကို ကွာကျသွားစေသည်။

သူ တုန်လှုပ်လာကာ ခရမ်းရောင် အံ့ဖွယ်အရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။

ဒဏ်ရာများဖြင့် ဖူးယောင်နေသော မျက်နှာတစ်ခု ခုနစ်စင်ကြယ်ဂိုဏ်းချုပ်၏ မျက်လုံးရှေ့တွင် ပေါ်လာသည်။

ဝိဇ္ဇာတစ်ယောက်အတွက် အရိုးကျိုးသောဒဏ်ရာများပင် အချိန်တိုအတွင်း ပြန်လည်ကောင်းသွားနိုင်သည်။

သို့သော် ခရမ်းစံအိမ်ဂိုဏ်းချုပ်၏ မျက်နှာဒဏ်ရာများက ဓမ္မတာအိုစွမ်းအင်များ ပါနေသည်။ ထို့ကြောင့် စွမ်းအင် မပျောက်သွားခင်အထိ ပြန်လည်ကုစားဖို့အတွက် မဖြစ်နိုင်ပေ။

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

“ ကျန်းလုံယွမ်… သူက အနိုင်ကျင့်သူ အကြီးစားပဲ။

သူက ငါ့ကို ဓာတ်နှောနတ်မိုးကြိုးပစ်ချက် ၃၀၀ ကျော်နဲ့ ဆက်တိုက် တိုက်ခိုက်ပြီးတော့…ပြီးတော့… ပစ်ချက်တစ်ခုချင်းစီက ငါ့မျက်နှာကို ဦးတည်ပြီး ပစ်တာ”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်၏ နှုတ်ခမ်းတို့ တွန့်ချိုးလိုက်မိသည်။ သူ ပြောပြသော မြင်ကွင်းကို အနည်းနှင့်အများ ပုံဖော်ကြည့်လို့ရသည်

“ သူက အဲလောက်ထိ လုပ်မှတော့ ဘာလို့ ပြန်ပြီးတော့ မတိုက်ခိုက်တာလဲ”

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ မျက်လုံးတို့ ပိုပြီးတော့ပင် နီရဲလာရသည်

“ ငါ သူ့ကို အနိုင်မယူနိုင်ဘူး။ သူ…သူက ငါ့ကို တိုက်ခိုက်တာနဲ့ ကျမ်းတွေကို ဆက်တိုက် ရွတ်ဆိုနေတာ။ ငါ့ရဲ့တိုက်ခိုက်မှုတွေအားလုံး ပိတ်ဆို့ခံလိုက်ရတယ်။ နောက်ဆုံးမှာတော့ သူက သတ္တုချိန်းကြိုးတစ်ခု ဖန်တီးပြီးတော့ ငါ့ကို ချိတ်ဆွဲထားပြီးတော့ ရိုက်နှက်ထားတာ။ ငါ…ငါ့ဘဝမှာ အဲလောက်ထိ တစ်ခါမှ ပြက်ရယ် ပြုမခံဖူးဘူး”

ထို့နောက် ခရမ်းစံအိမ် ဂိုဏ်းချုပ်က ငိုချတော့မလို ဖြစ်နေသည်။

ယနေ့အခြေအနေက သူမျှော်မှန်းထားသည်နှင့် လုံးဝ ကွဲပြားခြားနားခဲ့သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ တားမြစ်အခန်းရယ် ပင်မတပည့်တွေရယ် မရှိလို့ စွမ်းအားနည်းတယ် မဟုတ်လား

ဒီကျန်းလုံယွမ်ဆိုတဲ့ကောင်က ဝိဇ္ဇာအဆင့်ကို ရောက်ပြီးမှ ဘာလို့ ပိုပြီးတော့ ရက်စက်လာရတာလဲ။ ကောင်းကင်ဘုံဆိုတာ ရှိသေးရဲ့လား။ ဒီကမ္ဘာမှာ လူသားဆန်မှုဆိုတာရော ကျန်သေးရဲ့လား

ခရမ်းစံအိမ် ဂိုဏ်းချုပ်အနေဖြင့် ခရမ်းစံအိမ်တော်ဝင်ကျမ်းနှင့် နိဗာနထာဝရ တော်ဝင်ကျမ်းကို ကျင့်ကြံပြီးသည်နှင့် အနည်းဆုံး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် တန်းတူဖြစ်နိုင်မည်ဟု ထင်ထားခဲ့သည်။

သို့သော် သူ့စိတ်ကူးယဉ်မှုက အရမ်းကောင်းသော်လည်း လက်တွေ့က အရမ်းရက်စက်လှသည်။

မိုးကြိုးဖြင့် အကြိမ်၃၀၀ ကျော် ပစ်ခံရသည်က ရယ်စရာမဟုတ်ပေ။

ငါ့ဘဝ အရမ်းခါးတာပဲ

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က ခရမ်းစံအိမ်ဂိုဏ်းချုပ်၏ မျက်နှာမှ ဒဏ်ရာများကို ကြည့်ပြီး ကြောက်ရွံ့နေမိသည်။

သူ ကံကောင်းလို့ စောစောက မတိုက်ခိုက်မိတာ။ မဟုတ်ရင် သူလည်း ဆိုးရွားတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေမှာ

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်ကလည်း ရယ်ရမလား ငိုရမလားဆိုတာကို မသိတော့ပေ

“ ကျန်းလုံယွမ်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက လူမသိသူမသိပုံစံနဲ့ပဲ နေလာတာလေ။ သူ့ကျင့်ကြံဆင့်က ဒီလိုမျိုး ပြိုင်ဘက်ကင်းအဆင့်ထိ ရောက်သွားမယ်လို့ ထင်မထားခဲ့ဘူး”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ခုနစ်စဉ်ကြယ်ဂိုဏ်းချုပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ငါက သူရိုက်တာကို ဆိုးဆိုးရွားရွား ခံခဲ့ရတာကို မင်းက သူ့ကို ချီးကျူးချင်နေသေးတာလား။ မင်းက ငါ့ရဲ့  မိတ်ဆွေ မဟုတ်တော့ဘူး”

ခုနစ်စဉ်ကြယ်ဂိုဏ်းချုပ်က နှုတ်ခမ်းတွန့်ချိုးလိုက်မိသည်။ သူ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည့်အတွက် ပြောလိုက်သည်

“ အဟမ်း…အမှန်တကယ်တော့ အဲလောက်ထိ စိတ်မကောင်း ဖြစ်စရာမလိုပါဘူး။ ကျွန်တော်ဆီမှာ ဘယ်လိုလက်စားချေရမလဲဆိုတဲ့ အကြံရှိတယ်။ အစ်ကို စိတ်ဝင်စားလား”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က သံသယဝင်စွာဖြင့် ပြောလိုက်သည်

“ ဘယ်လိုအကြံဉာဏ်မျိုးလဲ။ ပြောကြည့်စမ်းပါဦး”

ခုနစ်စဉ်ကြယ်ဂိုဏ်းချုပ်က ပြုံးပြကာ ပြောလိုက်သည်

“ သားက အဖေရဲ့ အကြွေးကို ပြန်ဆပ်ရတယ်ဆိုတဲ့ စကားရှိတယ်လေ။ အစ်ကိုက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို နိုင်အောင် မတိုက်နိုင်မှတော့…”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က လေထုထဲတွင် အငြိုးအတေးကြီးထွားလာသည်ကို ခံစားရသော်လည်း ဆက်ပြောလိုက်သည်

“ အစ်ကိုရဲ့ မျှော်လင့်ချက်ကို နောက်မျိုးဆက်ပေါ်မှာ ထားရင်ရော ဘယ်လိုလဲ”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ညည်းညူလိုက်သည်

“ ငါ့သားက ကျန်းယွင်ထင်ကို နိုင်အောင် မတိုက်ခိုက်နိုင်ဘူး။ သူက ကျန်းယွင်ရှီးကိုတောင် နိုင်မှာ မဟုတ်ဘူး”

ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်က မခံမရပ်နိုင်ဖြင့် ပြောလိုက်သည်

“ ဒါက အစ်ကိုရဲ့ သွေးသားအရင်း ဖြစ်စရာ မလိုဘူးလေ။ တပည့်တွေပါ ထည့်တွက်လို့ရတယ်။

ရှောက်ရွှမ်က ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ပါရမီရှင်တစ်ယောက်လေ။ သူက သူ့မျိုးဆက်ထဲမှာ ပြိုင်ဖက် မရှိဘူးဆိုတာ သေချာတယ်။

ရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းပဲ။ သူက တခြားအထွတ်အမြတ်မြေက ပါရမီရှင်တွေအားလုံးကို အနိုင်ယူထားတာ။ သူ့ကို ရှေ့ထွက်ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဘာလို့ စိန်မခေါ်ခိုင်းရတာလဲ”

ခရမ်းစံအိမ်ဂိုဏ်းချုပ်၏ အကြည့်များက ခုနစ်စဉ်ကြယ် ဂိုဏ်းချုပ်၏ စကားများကြောင့် တောက်ပလာသည်။

ဟုတ်တယ် … ငါက ကျန်းလုံယွမ်ကို အနိုင်မယူနိုင်ပေမဲ့ ငါ့တပည့်က နတ်ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် အလားအလာရှိတယ်

ဆရာက အဖေတစ်ယောက်လိုမျိုးပဲဆိုရင် ရှောက်ရွှမ်က ငါ့အတွက်တော့ သားတစ်ယောက်လိုပဲ

ငါက ကျန်းလုံယွမ်ရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာ။ ငါ ရှောက်ရွှမ်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ စေလွှတ်ပြီးတော့ သူနဲ့ မျိုးဆက်တစ်ဆက်ထဲဖြစ်တဲ့ ပါရမီရှင်တွေကို လွှမ်းမိုးနိုင်အောင် လုပ်ခိုင်းပြီးတော့ ငါ့ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ရမယ်။

တပည့်လေးရေ  မင်းရဲ့ ဆရာအတွက် လက်စားချေပေးရမယ်

ခရမ်းစံအိမ် ဂိုဏ်းချုပ်က စိတ်တည်ငြိမ်အောင် အရင်ဆုံး အသက်ပြင်းပြင်းရှူလိုက်သည်။

သိပ်သည်းသော ခရမ်းရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ထပ်မံလွှမ်းခြုံသွားပြီး သူ့ကို ဂုဏ်သိက္ခာရှိသည့်ပုံ ပေါ်သွားစေသည်။

သူက ခရမ်းစံအိမ် ဂိုဏ်းချုပ်စံအိမ်တော်သို့ သွားလိုက်ပြီး နတ်ဘုရားအသိစိတ်ကို သူတော်စင်တောင်ဆီသို့ စေလွှတ်လိုက်သည်။

“ ရှောက်ရွှမ် … ငါ့ကို အခုလာတွေ့ဦး”

ခဏအတွင်းမှာပင် မိုင်ပေါင်းထောင်ကျော်ကို ဖြတ်ကာ နဂါးခြောက်ကောင် ဆွဲထားသော ရွှေရောင်ရထားလုံး တစ်စီး စံအိမ်တော်သို့ ဆိုက်ရောက်လာသည်။

“ ဆရာ့ကို ဂါရဝပြုပါတယ် ”

သတ္တိရှိပုံပေါ်သော အမျိုးသားတစ်ယောက် ရထားလုံးပေါ်မှ ဆင်းသက်လာသည်။ သူက နဂါးနက် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားသည်။ သူ့နောက်တွင် နတ်နဂါးပျံ ပုံရိပ်သဏ္ဌာန်တစ်ခု ရှိနေသည်။

သူက ငယ်ရွယ်သော နတ်ဘုရားအရှင်နှင့် တူသည်။ သူ့ကို စိုက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မူလက စိတ်ဓာတ်ကျနေသော ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ နှလုံးသားလည်း ကုစားပြီးသားဖြစ်သွားသည်။

သူက “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တိုက်ခိုက်ပြီး သမိုင်းမှာ အဆိုးရွားဆုံး ရှုံးနိမ့်ခဲ့တဲ့ ခရမ်းစံအိမ် သူတော်စင်”ဆိုတဲ့ နာမည်ပြောင် ရှိသော်လည်း အနည်းဆုံး သူ့တပည့်က ထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။

ရှောက်ရွှမ်က သူ့မျိုးဆက်တွင် ရန်သူမရှိဖို့ ကံကြမ္မာဖန်လာခဲ့သည်။ သူက သူနှင့် အဆင့်တူသူများကို ဖိနှိပ်ခဲ့သည့်အတွက် ဘယ်သူမှ သူ့ကို ပြန်ခံမပြောရဲပေ။

ငါ ခံစားခဲ့ရတဲ့ လှောင်ပြောင်မှုအတွက် ငါ့တပည့်က မင်းကို ဆယ်ဆ ပြန်ပေးဆပ်ရအောင် လုပ်လိမ့်မယ်

ခရမ်းစံအိမ်ဂိုဏ်းချုပ်က စကားပြောလိုက်သည်

“ ရှောက်ရွှမ် … မင်းရဲ့ ကျင့်ကြံရေး အဆင်ပြေရဲ့လား”

ချီရှောက်ရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်

“ ဆရာ ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကြီးမြတ်တဲ့ အထွတ်အမြတ်မြေ ခုနစ်ခုကို စိန်ခေါ်ပြီးခဲ့ပါပြီ။

ရွှေအမြုတေ စာရင်းဝင် သူတော်စင်တွေတောင် ကျွန်တော်ရဲ့ လှုပ်ရှားမှု ၁၀ခါ အထက်ဆိုရင် မကိုင်တွယ်နိုင်ကြဘူး။ မဟာဟင်းလင်းပြင် သူတော်စင် ဝမ်ရှန်းယုကတော့ ပျောက်နေတယ်။

သူက ကျွန်တော် ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်သွားတယ်ကြားလို့ ကြောက်လန့်တုန်လှုပ်ပြီး ထွက်ပြေးသွားတာ ထင်တယ်။ ဟား…ဟား…ဟား…”

ခရမ်းစံအိမ် ဂိုဏ်းချုပ်က ချီရှောက်ရွှမ်၏ ဂုဏ်မောက်သော အပြုအမူကိုကြည့်ပြီး အဖေတစ်ယောက်လိုမျိုး ပြုံးလိုက်မိသည်။

ချီရှောက်ရွှမ်ကို တပည့်အဖြစ် လက်ခံလိုက်ခြင်းက သူ့ဘဝတွင် လုပ်ခဲ့သော ဆုံးဖြတ်ချက်တွေထဲမှ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်။

သူခံစားရတာ တင်းတိမ်ရောင့်ရဲသလောက် သူ့ရဲ့ ခက်ထန်တဲ့ပုံရိပ်ကို ထိန်းသိမ်းထားမှ ဖြစ်မယ်

ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ တည်ငြိမ်သောအသံက ခရမ်းရောင်အံ့ဖွယ်အလင်းတန်းထဲမှ ထွက်လာသည်

“ အရမ်းတော်တယ်။ ရှောက်ရွှမ်…မင်းမှာ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် အလားအလာ ရှိတယ်။

မင်းနဲ့ အဆင့်တူကျင့်ကြံသူတွေ အားလုံးအပေါ် အလွယ်တကူလေး လွှမ်းမိုးလို့ရတယ်။ မင်းရဲ့မျိုးဆက်ထဲမှာ ပြိုင်ဖက် မရှိတာက မင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် မဟုတ်ဘူး။

မင်းရဲ့ ပန်းတိုင်က ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီးတော့ အနာဂတ်မှာ နတ်ဧကရာဇ် နယ်ပယ်အဆင့်ထဲကို ဝင်နိုင်ဖို့ပဲ။ အဲဒါကြောင့် အခုထိ ကိုယ့်ကိုယ်ကို အရမ်းကျေနပ်မနေနဲ့ဦး”

ချီရှောက်ရွှမ်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ နားလည်ပါပြီဆရာ။ ကျန်တဲ့ ပါရမီရှင်တွေက အရေးမပါဘူး။ ကျွန်တော်ကိုယ်တိုင်ကသာ ကျွန်တော်ရဲ့ အဆိုးဆုံးရန်သူပဲ”

ခရမ်းစံအိမ် ဂိုဏ်းချုပ် အရမ်းကျေနပ်နေမိသည်။

သူပြုံးကာ ပြောလိုက်သည်

“ အရမ်းကောင်းတယ်။ ဒါပေမဲ့ အဲလိုဆိုရင်တောင် ရှောက်ရွှမ်…မင်းကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ သွားစေချင်တယ်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဒီမျိုးဆက်အတွက် အရမ်းထူးခြားတဲ့ ကံကြမ္မာကောင်းတွေ ရှိခဲ့တယ်။ ပထမဆုံးအနေနဲ့ သူတို့မှာ ထိပ်သီးတပည့် သုံးယောက်ဖြစ်တဲ့ ကျန်းယွင်ထင်ရယ် တခြားနှစ်ယောက်ရယ် အခု သူတို့ဆီမှာ ရှန်ထျန်းပါ ရှိလာပြီ။

မင်း အဲဒီကို သွားပြီးတော့ အဲဒီလေးယောက်ကို အနိုင်ယူစေချင်တယ်။ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ကံကြမ္မာကို လုံးဝ ဖိနှိပ်ခဲ့။ အဲဒီအချိန်ကစပြီးတော့ မင်း တကယ်ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်။ မင်း လုပ်နိုင်မလား”

ချီရှောက်ရွှမ်၏ လက်ထဲရှိ ကောင်းကင်ပုဆိန်လှံရှည်က ညင်သာစွာ တုန်ခါသွားပြီး သူ့မျက်နှာတွင် တိုက်ခိုက်လိုစိတ်တို့ ပြင်းထန်နေသည်။

သူ ပြုံးကာ ပြောလိုက်သည်

“ အဲဒီလေးယောက်ပေါင်းပြီးတော့ ကျွန်တော်ကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ပြိုင်ဖက်မရှိဘဲ နေရတာ အရမ်းပျင်းဖို့ကောင်းတယ်”

All Chapters