← Chapters

ယောက်ျားတစ်ယောက်က သဘောထားကြီးသင့်တယ်

Vol. 19 Ch. 280

ယောက်ျားတစ်ယောက်က သဘောထားကြီးသင့်တယ်

Vol. 19 Ch. 280

အခန်း (၂၈၀) : ယောက်ျားတစ်ယောက်က သဘောထားကြီးသင့်တယ်

အားလုံးသိထားသည့်အတိုင်း ရွှေအမြုတေက ကျင့်ကြံသူ သင်ယူခဲ့သော ကျင့်ကြံရေးပညာရပ်များအားလုံး၏ သရုပ်ဖော်မှု တစ်ခုဖြစ်သည်။

ကျင့်ကြံသူ၏ ကျင့်ကြံရေး ပညာရပ်က ပိုပို စွမ်းအားကြီးပြီး နက်နဲလာသည်နှင့်အမျှ ရွှေအမြုတေ အဆင့်တွင် နတ်သင်္ကေတ ထွင်းမှု ပိုပြီးအားကောင်းလာလေလေ ဖြစ်၏။

ပုံမှန်အားဖြင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံသော အံ့ဖွယ်မိုးကောင်းကင်၏ ပင်မတပည့်များအနေဖြင့် တတိယမြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်နှင့်အထက်သို့ ရောက်ရှိနိုင်သည်။

နည်းလမ်းကျကျ ပြောရလျှင် ရှန်ထျန်းက နတ်မိုးကြိုးငါးပါး ကျင့်စဉ်ဖြင့် ရွှေအမြုတေကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည့်အတွက် ကျန်းယွင်ရှီးထက်တော့ မဆိုးရွားနိုင်သလို ဓာတ်ငါးပါး၏ ယင်နှင့်ယန်လည်း ရှိနေပြီ ဖြစ်သည်။

သို့သော် သူ့ခေါင်းပေါ်ရှိ ရွှေအမြုတေပေါ်တွင် နတ်သင်္ကေတ တစ်ခုမှ မရှိနေဖို့ကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။

ဟုတ်တယ်…သူ့မျက်လုံးတွေကို ဘယ်လောက်ပဲ ပွတ်ကြည့်ကြည့် သူ အမြင်မှားတာ မဟုတ်ဘူး

ရှန်ထျန်းရဲ့ ခေါင်းပေါ်မှာ ရှိနေတဲ့ ရွှေအမြုတေဆီမှာ ဘာနတ်သင်္ကေတမှ မရှိဘူး

သို့သော်ငြား ရှန်ထျန်း၏ ရွှေအမြုတေက သာမန်ဖြစ်သည်ဟု မဆိုလိုနိုင်ပေ။ တစ်နည်းအားဖြင့် သူ့ရွှေအမြုတေက လုံးဝ သာမန် မဟုတ်ပေ။

အံ့ဩမှင်သက်စရာပင် ကောင်းနေသေးသည်။

လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းတုန်းက နယ်မြေငါးခုရှိ ကျင့်ကြံသူများ၏ ရွှေအမြုတေများက နှင်းသီးအရွယ်လောက်သာ ရှိသည်။

ကျင့်ကြံသူ၏ ရွှေအမြုတေက ဘယ်လောက်ပဲ ဆန်းကြယ်နေပါစေ ဘေးပတ်လည်ရှိ ရွှေအမြုတေနှင့်နတ်သင်္ကေတများ၏ သာမန်ဖြစ်စဉ်နှင့်သာ ကွဲထွက်ပြီး အရွယ်အစားက ပြောင်းလဲမှု မရှိပေ။

သို့သော် ရှန်ထျန်း၏ ရွှေအမြုတေက ပန်းသီးလောက်ရှိပြီး သာမန်ရွှေအမြုတေများထက် ဆယ်ဆ ပိုကြီးသည်။

ထိုရွှေအမြုတေက ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ အမြုတေပေါ်တွင် နတ်သင်္ကေတ တစ်ခုမှ မရှိဘဲ မိုးကြိုးဖြင့် လွှမ်းခြုံထားသည်။

ရှန်ထျန်း၏ ရွှေအမြုတေ၏ ပတ်လည်တွင် မိုးကြိုးဖြင့် ရစ်ပတ်ထားကာ ပြိုင်ဘက်ကင်း အရှိန်အဝါကို လွှတ်ထုတ်လိုက်သည်။

ထိုအရာက ရှန်ထျန်း၏ ရွှေအမြုတေကို မိုးကြိုးဘောလုံးနှင့် တူသွားစေသည်။

ရှန်ထျန်းက သူ့ခေါင်းပေါ်ရှိ ရွှေမိုးကြိုးလုံးကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဒီလိုအရာကို ရွှေအမြုတေလို့ ခေါ်နိုင်သေးရဲ့လား။ ရွှေအမြုတေက ဘာလို့ ဒီလောက်ထိ ကြီးနေရတာလဲ

ရွှေအမြုတေကို စားလိုက်ရင် ငါက ငါ့ကိုယ်ပိုင် ကံကြမ္မာရဲ့ သခင်ဖြစ်လာမှာလား

ဟုတ်တယ် ဒီစကားတွေကတော့ မှားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ဒီလောက်ထိ ကြီးတဲ့ ရွှေအမြုတေကို မျိုချရမယ်ဆိုရင် နင်ပြီး သေသွားလိမ့်မယ်

ရှန်ထျန်းက လက်ဆန့်ကာ ဧရာမ ရွှေအမြုတေကို ထိကြည့်လိုက်သည်။

သူ့ ရွှေအမြုတေ မျက်နှာပြင်ပေါ်ရှိ ဓာတ်နှောနတ်မိုးကြိုးက သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်ပေ။ ထို့အပြင် သူ အဲဒါကို ထိရင်း သက်တောင့်သက်သာ ဖြစ်လာရသည်။

ကံကောင်းစွာဖြင့် ရွှေအမြုတေက ပန်းသီးလောက် ကြီးနေသည့်အတွက် သာမန်အခြေအနေများတွင် မျိုချနိုင်မည် မဟုတ်သော်လည်း ရှန်ထျန်း မျိုချစရာမလိုဘဲ စွမ်းအင်ဗဟိုချက်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။

သူ့ စွမ်းအင်ဗဟိုချက်က အနည်းငယ် ဖောင်းပွနေသည်ဟု ခံစားရပြီး သူ ခွန်အား နည်းနည်းလောက် အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ထွက်လာတော့မည်ဟု ခံစားနေရသည်။

ယဲ့ချန်းခန်က ရှန်ထျန်းက ပြဿနာကို ကြည့်ပြီး ပြုံးကာ နှစ်သိမ့်လိုက်သည်

“ ထျန်းအာ စိတ်ပူဖို့ မလိုပါဘူး။

ဒီလိုမျိုး ရွှေအမြုတေက သန္ဓေပြောင်း အမျိုးအစားတွေပဲ ပိုင်ဆိုင်သင့်တာ။ ဒါက သေမျိုးလောကမှာ ရှားပါးပေမဲ့ နတ်ဘုရားလောကမှာတော့ ဖြစ်နေကျပဲ။

မင်းရဲ့ ရွှေအမြုတေက နည်းနည်းလေး ကြီးနေရုံပဲ။ အမျိုးသားတစ်ယောက်အနေနဲ့ စိတ်သဘောထား ကြီးသင့်တယ်။

ရွှေအမြုတေအဆင့်ရဲ့ အကောင်းဆုံးအရာက မင်းရဲ့ ရွှေအမြုတေကို သုံးပြီးတော့ ကာကွယ်ရေး နယ်ပယ်အဆင့်တစ်ခု ဖန်တီးလို့ရသလို မင်းရဲ့ ဓမ္မပညာရပ်တွေကိုလည်း မြှင့်တင်လို့ရတယ်။

ရွှေအမြုတေပေါ်မှာရှိတဲ့ နတ်သင်္ကေတတွေက ဖော်ပြတဲ့ ပုံစံတစ်ခု သက်သက်ပဲ။ အရေးကြီးဆုံးကိစ္စက မင်းရဲ့ တိုက်ခိုက်စွမ်းရည် ဘယ်လောက်ထိ မြင့်တက်သွားမလဲဆိုတာပဲ။

ဒါကြောင့် သူ့စွမ်းအားကို စမ်းသပ်ကြည့်”

ယဲ့ချန်းခန်၏ နှစ်သိမ့်မှုက စိတ်မပါတပါ ဖြစ်နေသော်လည်း ဘယ်သူမှ သူ့ကို နှစ်မသိမ့်တာထက်တော့ တော်သေးသည်။

ရှန်ထျန်းက သက်ပြင်းချကာ သူ့ ရွှေအမြုတေကြီးကို ဘယ်လို အသုံးပြုရမလဲဆိုတာကို လေ့လာနေသည်။

ရွှေအမြုတေ ကျင့်ကြံသူများကို အကြမ်းထည် စိတ်အာရုံနယ်ပယ် ဖန်တီးနိုင်သည့် ရွှေအမြုတေ ကန့်သတ်နယ်ပယ်အဆင့်ဖြင့် ခွဲခြားကြသည်။

အကြမ်းထည် စိတ်အာရုံနယ်ပယ်က ဝိဇ္ဇာတစ်ယောက်၏ စိတ်အာရုံနယ်ပယ်နှင့် လုံးဝ ကွဲပြားသော်လည်း အရေးကြီးသော စတင်မှု တစ်ခု ဖြစ်၏။

ရှန်ထျန်းက အာရုံစိုက်ကာ ပြောင်းလဲမှုကို အာရုံခံမိလာသည်။

သိပ်မကြာခင်မှာပဲ ရှန်ထျန်းကို ဗဟိုပြုပြီး ဘေးပတ်ပတ်လည် ဆယ်ပေအကွာရှိ လေထုက သိသိသာသာ ပြောင်းလဲသွားသည်။

အရမ်းကျက်သရေရှိသော ရွှေရောင်မိုးကြိုး လေထဲတွင် ဖြစ်တည်လာပြီး နတ်သားရဲများ၏ ပုံရိပ်များကိုပင် ရှင်းလင်းစွာ မြင်နေရသည်။

ရှန်ထျန်းက နတ်ဘုရားတစ်ပါး မိုးကြိုးကို ထိန်းချုပ်နေသကဲ့သို့ အလယ်တွင် အေးစက်စွာ ရပ်တန့်နေသည်။ သူ့ဘေးတွင်ရှိသော ကျိုးအာက ရှန်ထျန်း၏ ထူးခြားသော ပုံရိပ်ကို ကြည့်ကာ အကြည့်များ တောက်ပနေသည်။

“ သခင်က အရမ်းအံ့ဩဖို့ ကောင်းတာပဲ။ ဒီလိုမျိုး မိုးကြိုးနယ်ပယ်အဆင့်ကနေ ဖြစ်တည်လာတဲ့ ဖိနှိပ်မှုက အရမ်းကို စွမ်းအားကြီးတာပဲ”

ရှန်ထျန်းက ဓာတ်တော်ကို သူ့ရွှေအမြုတေဆီ ရောက်အောင် သန့်စင်ခြင်းအတွက် အားလုံးပေါင်း ခုနစ်ရက်ကုန်ဆုံးခဲ့သည်။

ကျိုးအာမှာလည်း ထိုခုနစ်ရက်အတွင်း အံ့ဩစရာကောင်းသည့် ကံအပြောင်းအလဲ အခွင့်အရေးရှိနေသည့်အတွက် သူမလည်း အလုပ်များနေသည်။

ယခင်က မြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်ထဲတွင် ယဲ့ချန်းခန်က ကျိုးအာကို ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ပေးဖို့အတွက် ကတိပေးခဲ့ပြီး ယခု သူ့ကတိကို တည်လိုက်ခြင်း ဖြစ်သည်။

သူက ပြန့်ဟွားပန်းဘုရင်ဆီမှ ပွင့်ဖတ်တစ်ခုကို ခူးကာ သရဲမဆီ ပေးလိုက်ပြီး သူမကို အမှောင်ယင် သရဲကျမ်းကို သင်ကြားပေးလိုက်သည်။

ကျိုးအာက မူလက ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိသည့် သန့်စင်သော ယင်အမျိုးသမီးဖြစ်သည့်အတွက် အမှောင်ယင် ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။

ပြန့်ဟွားပန်း၏ စွမ်းအားက သရဲကျင့်ကြံသူများအတွက် တစ်သက်မှ တစ်ခါသာရနိုင်သော ကြီးမားသည့် ကံအပြောင်းအလဲ အခွင့်အရေးကြီး ဖြစ်သည်။

ဤခုနစ်ရက်ထဲတွင် ကျိုးအာက အမှောင်ယင် သရဲကျမ်းကို စတင်ကျင့်ကြံပြီး ပြန့်ဟွားပန်း၏ ပွင့်ဖတ်စွမ်းအားကို လုံးဝ စုပ်ယူလိုက်သည်။

သူမ၏ ကျင့်ကြံဆင့် တဟုန်ထိုးမြင့်တက်သွားရုံတင် မကပဲ ရွှေအမြုတေ ထိပ်သီးအဆင့်သို့ ရောက်ရှိသွားပြီး သူမ၏ သာမန် သရဲခန္ဓာတည်ဆောက်ပုံကလည်း ထူးခြားသော တည်ဆောက်ပုံအဖြစ်သို့ ပြောင်းလဲသွားသည်။

သူက ပြန့်ဟွားပန်း၏ အရည်အချင်း တစ်စိတ်တစ်ပိုင်းကို အမွေအနှစ် ရလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ယင်နှင့်ယန် အခြေအနေကြား၊ ဝိညာဉ်နှင့် အစိုင်အခဲကြား ပြောင်းလဲလို့ ရသွားသည်။

သူမ၏ ခွန်အားတင် တိုးတက်လာသည် မဟုတ်ဘဲ သူမ၏ ပုံပန်းသဏ္ဌာန်နှင့် အကျင့်စရိုက်တို့ကလည်း ပိုပြီးတော့ ဆွဲဆောင်မှု ရှိလာသည်။

သူမ၏ အကြည့်တစ်ချက် သို့မဟုတ် အပြုံးလေးတစ်ပွင့်ကပင် တခြားသူတွေကို သူမဆီမှာ ရှုံးနိမ့်စေသည်။

ယဲ့ချန်းခန် ပြောတာအရတော့ သူမက နတ်ဘုရားလောကမှာဆိုရင် သရဲမျိုးနွယ်ရဲ့ ပါရမီရှင်တွေတောင် သူမကြောင့် ရူးသွပ်ကုန်မယ်တဲ့

ကျစ်…ကျစ်… သူမက မင်းအတွက် အရမ်းကောင်းနေတယ် ရှက်စရာပဲ

“ ကာကွယ်ရေး အစီအရင်ကို ဒုတိယအဆင့် ထားလိုက်ပြီးတော့ ငါ့ကို တိုက်ခိုက်”

ရှန်ထျန်းက သူတော်စင် အမှတ်အသားပြားကို ထိန်းချုပ်ကာ သူ့ကို တိုက်ခိုက်ဖို့အတွက် သူတော်စင်တောင်၏ မိုးကြိုးကို ဆင့်ခေါ်လိုက်သည်။

သူ့ ရွှေအမြုတေ ကန့်သတ်နယ်ပယ်အဆင့်က သူ့ကို ဘယ်လောက် ကာကွယ်နိုင်လဲဆိုတာကို သူ စမ်းသပ်လိုခြင်း ဖြစ်၏။ ယခုလက်ရှိတွင် သူတော်စင်တောင်ပေါ်၌ ဘယ်သူမှ မရှိသည့်အတွက် ဤကာကွယ်အရေး အစီအရင်ကို စမ်းသပ်ဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်သည်။

သူတော်စင်တောင်၏ ကာကွယ်ရေးအစီအရင် ဒုတိယအဆင့်က ကနဦးဝိညာဉ်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုနှင့် တူညီသောကြောင့် သူတော်စင်တောင်ထဲသို့ ခိုးဝင်သည့် များပြားသော ကျူးကျော်သူများကို တားနိုင်သည်။

ယခုလက်ရှိတွင် ရှန်ထျန်းက သူ့ကို ပြန်တိုက်ခိုက်ဖို့အတွက် ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် အမျိုးအစားစုံလင်သော နတ်မိုးကြိုးများ ထွက်လာကာ ရှန်ထျန်းအပေါ်သို့ ပစ်ချလိုက်သည်။

ပထမ နတ်မိုးကြိုး (သစ်သား)၊ ဒုတိယနတ်မိုးကြိုး (သစ်သား)၊ တတိယနတ်မိုးကြိုး (မီး)၊ စတုတ္ထနတ်မိုးကြိုး (မီး)…

အရောင်စုံသော မိုးကြိုးများက ရှန်ထျန်း ပေါ်သို့ ကျရောက်လာပြီး ထိုမိုးကြိုးများက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

ကျိုးအာက ဘေးဖက်သို့ ရှောင်နေလိုက်သည်။ သူမ၏ ခန္ဓာတည်ဆောက်ပုံနှင့် ကျင့်ကြံဆင့်ကြောင့် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကို တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်ပြီ ဖြစ်သော်လည်း ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်များထဲတွင်ပင် ကာကွယ်ရေးအစီအရင်၏ တိုက်ခိုက်မှုများက အတော်လေး အားကောင်းနေသည်။ တစ်ချိန်တည်းမှာပဲ မိုးကြိုးဓာတ်က သရဲကျင့်ကြံသူတစ်ယောက်၏ အားနည်းချက် ဖြစ်နေသည်။

ကျိုးအာက ပြန့်ဟွားပန်း၏ တစ်စိတ်တစ်ပိုင်းသော ခွန်အားကိုသာ စုပ်ယူခဲ့သည့်အတွက် သူမက ထိုအရာနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူမက ထိုကဲ့သို့သော ကာကွယ်ရေး အစီအရင်မျိုးကို ရင်မဆိုင်နိုင်ပေ။

“ ရွှေအမြုတေ ကန့်သတ်နယ်ပယ်အဆင့် အသက်သွင်းခြင်း”

ရှန်ထျန်းက လက်ဟန် ပြုလုပ်လိုက်သည့်အခါ သူ၏ ပန်းသီးလောက်ကြီးသည့် ရွှေအမြုတေက တောက်ပလာသည်။

ရှန်ထျန်း၏ ဆယ်ပေပတ်လည်တွင် ရွှေမိုးကြိုးပင်လယ်တစ်ခု ချက်ချင်းပေါ်လာသည်။ ထိုထဲတွင် အဆုံးမရှိသော ကြောက်စရာကောင်းသည့် မိုးကြိုးများ ပါဝင်သည်။

ကာကွယ်ရေးအစီအရင်မှ ထုတ်လွှတ်သော ဓာတ်နှောနတ်မိုးကြိုးက ရှန်ထျန်း၏ ရွှေအမြုတေကန့်သတ်ခြင်း နယ်ပယ်အဆင့်ကို အက်ကြောင်းထင်အောင်ပင် မလုပ်နိုင်ပေ။

ထိုအရာတင် မကသေးပဲ ရှန်ထျန်း၏ ရွှေအမြုတေ  ကန့်သတ်နယ်ပယ်အဆင့်မှ မိုးကြိုးကို ဝါးမျိုလိုက်ခြင်း ထိုနယ်ပယ်အဆင့်ထဲရှိ မိုးကြိုးကို မြှင့်တင်ပေးလိုက်သည်။

ယဲ့ချန်းခန်က ခေါင်းညိတ်ကာ ပြောလိုက်သည်

“ ကြည့်ရတာ မင်းရဲ့ ရွှေအမြုတေကြီးရဲ့ စွမ်းအားက အတော်လေး ထူးခြားပုံပေါ်တယ်။ နယ်ပယ်အဆင့်ရဲ့ ခွန်အားကို အနည်းဆုံး ၆ ဆင့်မြောက် သန့်စင်ခြင်းအဆင့်နဲ့ နှိုင်းယှဉ်လို့ရနိုင်ပါတယ်။

မင်းရဲ့ နယ်ပယ်အဆင့်မှာ ဓာတ်နှောနတ်မိုးကြိုးရှိလို့ မိုးကြိုးဓာတ် ကျင့်ကြံသူတွေ၊ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေနဲ့ သရဲကျင့်ကြံသူတွေကို သေချာပေါက် ရင်ဆိုင်နိုင်တယ်”

ရှန်ထျန်းက သူ့ရွှေအမြုတေ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ခံစားမိလိုက်ရသည့်အတွက် စိတ်ဓာတ်မကျတော့ပေ။

ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအသိစိတ်က သူတို့ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားသည့်အခါ သိသိသာသာ အားကောင်းလာပြီး နားလည်နိုင်စွမ်းလည်း တိုးလာသည်။

သူ့ဆီမှာ ပြောင်းလဲမှုကို ခံစားရပြီးနောက် ခဏနားပြီး ရှန်ထျန်းအနေဖြင့် ဆန်းကြယ်ပညာရပ်ကို စတင် ကျင့်ကြံချင်အ်သည်။

သူ့မှာ သင်ယူဖို့အတွက် အမွေအနှစ်တွေ အများကြီး ဖြစ်နေတာ

တော်ဝင်ကျမ်းများမှ အမွေအနှစ်များမှာ နဂါးစစ်တော်ဝင်ကျမ်း၊ စစ်နတ်ဘုရား မီးစာကျမ်း၊ အံ့ဖွယ်မိုးကောင်းကင် တော်ဝင် မိုးကြိုးကျမ်း၊ သက်တံအံ့ဖွယ် အလင်းတန်း စသည်တို့ပင် ဖြစ်ကြသည်။

ယခု သူက လတ်တလော စဉ်းစားဉာဏ်လည်း တိုးလာပြီဖြစ်သည့်အတွက် ရှန်ထျန်းက ထို အမွေအနှစ် ပညာရပ်များအားလုံးကို လေးလေးနက်နက် ကျင့်ကြံဖို့အတွက် ဆုံးဖြတ်လိုက်သည်။

သူက မိစ္ဆာဂိုဏ်းရဲ့ အသက်မဲ့ဘုရင်ကို ခုခံထားတာဆိုတော့ အပြင်မထွက်ဖို့ ဆုံးဖြတ်ထားတာနဲ့အတော်ပဲ

ဟင်း…ငါက လူမသိ သူမသိနေတဲ့နေရာမှာ အရမ်းတော်တာပဲ

ရှန်ထျန်းက သူတော်စင်တောင်တွင် အာရုံစိုက်ကျင့်ကြံနေစဉ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကတော့ ပျာယာခတ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ကို စိန်ခေါ်သူတစ်ယောက် ရှိလာသောကြောင့် ဖြစ်သည်။

ဟုတ်တယ်…သူတို့ကို စိန်ခေါ်ဖို့အတွက် တစ်စုံတစ်ယောက် အထွတ်အမြတ်မြေကို ရောက်ရှိလာပြီ

ထိုသူက နတ်ဧကရာဇ် ဖြစ်ဖို့အတွက် အလားအလာရှိသောသူဟု ပြောကြသည့် ခရမ်းစံအိမ် အထွတ်အမြတ်မြေ၏ သူတော်စင် ချီရှောက်ရွှမ် ဖြစ်သည်။

သိပ်မကြာခင်က သူသည် အရှေ့ပိုင်းလွင်ပြင်ရှိ အမျိုးမျိုးသော အထွတ်အမြတ်မြေများမှ သူနှင့် အဆင့်တူသူအားလုံးကို အနိုင်ယူထားခဲ့သည်။

သူ့ရှေ့တွင် တိုက်ကွက် ဆယ်ခုအထက် ခံနိုင်သူ မရှိဘဲ အတော်ဆုံးသူပင် ၁၂ ချက်အထိသာ ခံနိုင်သည်။

အထွတ်အမြတ်မြေတစ်ခု၏ ကနဦးဝိညာဉ်အဆင့် သူတော်စင်ဟောင်းပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သည့် ချီရှောက်ရွှမ်နှင့် တိုက်ခိုက်ပြီး ရှုံးနိမ့်သွားသည်။

သူက ကောင်းကင်ပုဆိန်လှံရှည်ဖြင့် ပြိုင်ဘက်ကင်းလှသည်။ ပြိုင်ဘက်က ဘယ်သူပဲဖြစ်ပါစေ ချီရှောက်ရွှမ် အနိုင်ရလေ့ ရှိသည်။

ချီရှောက်ရွှမ် ပါရမီရှင်များကို စိန်မခေါ်ခင်အထိ လူအများက သူ ကံကောင်းသည့်အတွက် စွမ်းအားကြီးနေသည့်ပုံ ပေါ်သည်ဟု တွေးထင်ခဲ့ကြသော်လည်း ယခုတွင် သူက အရှေ့ပိုင်းလွင်ပြင်၏ အသန်မာဆုံး ပါရမီရှင် ဖြစ်ကြောင်း ဘယ်သူမှ မယုံသင်္ကာ မဖြစ်ကြတော့ပေ။

အရှေ့ပိုင်းလွင်ပြင်ရှိ ပါရမီရှင် အားလုံးနီးပါးကို အနိုင်ယူပြီးနောက် သူ့ ပစ်မှတ်ကို အံ့ဖွယ်မိုးကောင်းကင်ဆီသို့ ဦးတည်လိုက်သည်။

လွန်ခဲ့သောသုံးရက်က ခရမ်းစံအိမ် အထွတ်အမြတ်မြေမှ အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးသို့ စစ်ကြေညာချက် ပို့လိုက်သည်။

ချီရှောက်ရွှမ်၏ စစ်ကြေညာချက်ထဲတွင် သူက အံ့ဖွယ်မိုးကောင်းကင်၏ ပါရမီရှင် လေးယောက်၏ ခွန်အားကို စမ်းသပ်ချင်ကြောင်း ပြောထားသည်။

ဆိုလိုချင်သည်က သူက ရှန်ထျန်း၊ ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့ဖြင့် တိုက်ခိုက်ချင်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး သူ၏ ဂုဏ်မောက်မှုက အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ခဏအတွင်းမှာပင် အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံးက ထိုစိန်ခေါ်မှုအပေါ်တွင် အာရုံစိုက်လာကြသည်။ ထို့ကြောင့် လောင်းကြေးထပ်သည့် နေရာများလည်း ရှိလာသည်။

ချီရှောက်ရွှမ်က သူ၏ အနိုင်ရခြင်း ဒဏ္ဍာရီကို ဆက်လက် ရေးသားနိုင်ပြီး ပြီးပြည့်စုံသော ဆယ်ဆင့်မြောက် သန့်စင်ခြင်းအဆင့်နှင့်အတူ ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားမည်ဟု တချို့က ယုံကြည်နေကြသည်။

သို့သော် တချို့ကလည်း ချီရှောက်ရွှမ်က အသန်မာဆုံး ဖြစ်သော်လည်း ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့ကလည်း ရွှေအမြုတေ ထိပ်ဆုံးဆယ်ယောက် စာရင်းတွင် ထူးချွန်သော အရည်အချင်းရှိသူများ ဖြစ်ကြသည်။

ချီရှောက်ရွှမ်သာ တစ်ယောက်ချင်းစီ တိုက်ခိုက်ပါက သူ အနိုင်ရမှာ သေချာသည်။ သို့သော် တစ်ယောက် သုံးယောက် တိုက်ခိုက်မည်ဆိုပါက သံသယဖြစ်ဖွယ်ရာ ရှိသည်။

ကျန်းယွင်ထင်၊ ကျန်းယွင်ရှီးနှင့် ဖန်ချန်းအပြင် ထူးခြားဆန်းကြယ်သော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လည်း ရှိသေးသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အသစ်ဖြစ်သော ရှန်ထျန်းက လွန်ခဲ့သော လအနည်းငယ်လောက်ကမှ စတင်ကျော်ကြားလာပြီး ဖန်ချန်းနှင့် တခြားသူတို့၏ ဂုဏ်သိက္ခာများကို မယှဉ်နိုင်သေးပေ။ သို့သော် သူက သူတော်စင် ဖြစ်လာဖို့အတွက် ဖန်ချန်းနှင့် ကျန်းယွင်ထင်ကို အနိုင်ရသောကြောင့် သူ့တည်ရှိမှုကို ဘယ်သူမှ လျစ်လျူရှုထားလို့ မရနိုင်ပေ။

တစ်ချိန်တည်းမှာပဲ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် ပတ်သက်သော ဒဏ္ဍာရီလာ ပုံပြင်များက အမှောင်ဈေးကွက်တွင် ပျံ့နှံ့သွားသည်။

ထိုကဲ့သို့ ယုံကြည်မှုရှိသော သတင်းများက “အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အတွင်းလူတွေ ပြောပြတာ” ဆိုသောစကားကြောင့် ပိုပြီး ပုံကြီးချဲ့သလို ဖြစ်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တွင် ချောမောသော ရုပ်ရည်နှင့် ထူးခြားသော အကျင့်စရိုက်ကို ပိုင်ဆိုင်ထားကြောင်း၊ သူ သွားသော နေရာတိုင်းက ပြန်လည် နုပျိုသွားစေကြောင်း …

 ညှိုးသွားသော ပန်းများ ပြန်လည် ပွင့်လန်းလာရုံသာမက ငယ်ရွယ်သော အမျိုးသမီးလေး၏ နှလုံးသားပင် အခိုးခံလိုက်ရသည်ဆိုတဲ့ အကြောင်း…

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဝိညာဉ်သတ္တုရိုင်းတုံး ဥယျာဉ်တွင် သတ္တုရိုင်းတုံး ၁၀ခုကို ကောက်ယူခဲ့ရာတွင် ခုနစ်ခုမှာ ထူးခြားအံ့ဖွယ်ပစ္စည်းများ၊ နှစ်ခုမှာ ထာဝရအသုံးအဆောင် ပစ္စည်းများဖြစ်ပြီး တစ်ခုမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား ဖြစ်ခဲ့ကြောင်း…

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မြူခိုးဟင်းလင်းပြင်ထဲကို တစ်ယောက်ထဲ ဝင်သွားပြီးတော့ ဝိဇ္ဇာအဆင့် ရောက်ခါနီး နွယ်ပင်နတ်ဆိုးကို သတ်ပြီးတော့ သူကိုယ်တိုင် လူတွေအများကြီးကို ကယ်ခဲ့တယ်ဆိုတဲ့ အကြောင်း…

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပြိုင်ဘက်ကင်း နတ်အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ကမ္ဘာဦးတိုက်ပွဲနယ်မြေရှိ စစ်နတ်ဘုရား မျှော်နန်းဆောင်၏ အထပ်ကိုးထပ်လုံးကို ဖြတ်ကျော်သွားပြီးတော့ ကြယ်ကိုးပွင့် ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်ဆိုတဲ့အကြောင်း၊ အဲဒါကြောင့် သူ့ကို စစ်နတ်ဘုရား မျှော်နန်းဆောင်က သခင်အဖြစ် သတ်မှတ်ပြီးတော့ အံ့ဖွယ်မိုးကောင်းကင်မှာ အခြေချသွားတာဆိုတဲ့အကြောင်း…

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မှာ နတ်ဧကရာဇ်တစ်ယောက်ရဲ့ အရည်အချင်းရှိပြီးတော့ သူ ရွှေအမြုတေအဆင့် ရောက်သွားတာနဲ့ နတ်သင်္ကေတ ၉ ခုပေါ်လာတယ် ဆိုတဲ့အကြောင်း…

ကောလဟာလတွေ အမျိုးမျိုး ရှိပြီး ဘယ်လောက်ပဲ ရယ်ရပါစေ ဘယ်လောက်လူတွေအများကြီးက နောက်ထပ် အကျယ်ချဲ့ပြီးတော့ ပြောလား မပြောဘူးလားဆိုတာ မသိနိုင်ဘူး

ထိုကဲ့သို့သော ကောလဟာလ အများစုကြောင့် ရှန်ထျန်းကိုလည်း အရှေ့ပိုင်းလွင်ပြင်တွင် လူသိများလာကြသည်။

လူအနည်းငယ်သာ ကောလဟာလများကို ယုံသော်လည်း ထိုကဲ့သို့သော ကောလဟာလများ ဖြစ်ပေါ်လာရသည်မှာလည်း သေချာပေါက် အကြောင်းအရင်းတစ်ခု ရှိသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောလဟာလတွေမှာ ဒီလောက်ထိ ကျော်ကြားမှတော့ သူ့မှာလည်း အရည်အချင်း ရှိလို့သာ ဒီလိုကောလဟာလမျိုးတွေ ရှိလာတာဖြစ်မယ်

ထို့ကြောင့် လူအများစုက ခရမ်းစံအိမ်နှင့် အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်များကြားထဲက တိုက်ပွဲကို မျှော်လင့်စောင့်စားနေကြသည်။

သုံးရက်တာက အလျင်အမြန် ကုန်ဆုံးသွားပြီ ဖြစ်သည်။

ချီရှောက်ရွှမ်က သူတို့ကို အကြာကြီး မစောင့်ခိုင်းဘဲ အထင်ကြီးလောက်ဖွယ် နဂါးနက်ရထားလုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ဆိုက်ရောက်လာကြသည်။

မုန်တိုင်းအသစ်က အံ့ဖွယ်မိုးကောင်းကင်ကို လွှမ်းခြုံခါနီး ဖြစ်နေသည်။

အရှေ့ပိုင်းလွင်ပြင် တစ်ခွင်လုံး၏ ပါရမီရှင်များနှင့် စွမ်းအားကြီးသူများက အထွတ်အမြတ်မြေ နှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်ခြင်းအပေါ် အာရုံစိုက်ထားကြသည်။

ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က သူတော်စင်တောင်အောက်တွင် တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူတို့က စိန်ခေါ်မှုအတွက် သူတို့၏ အခြေအနေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေသည်။

ထိုအချိန်တွင် ရှန်ထျန်းက အေးချမ်းသော ဘဝကို ဖြတ်သန်းနေသည်။ သူက နိဗာနတော်ဝင်ရေစင်ကို အသုံးပြုပြီး ရေချိုးနေသည်။

ရှန်ထျန်းမှာ နိဗာနတော်ဝင်ရေစင် အများကြီး မရှိတော့သည့်အတွက် ရှန်ထျန်း အများကြီး မဖြုန်းတီးပစ်ဘဲ နိဗာနတော်ဝင် ရေစင်တစ်ဝက် ရေတစ်ဝက် ရောထည့်ထားသည်။

အစက သူ ရေတစ်ခါသာ ချိုးပြီး ဖြုန်းတီးသော်လည်း ယခု ထိုရေစင်ဖြင့် ရေနှစ်ခါ ချိုးပြီးတာတောင် လန်းဆန်းနေဆဲ ဖြစ်သည်။

နိဗာနတော်ဝင်ရေစင်၏ အားဖြည့်မှုကြောင့် သူ့ခန္ဓာကိုယ် ပိုမိုသန်မာလာသည်ဟု ခံစားနေရသည်။

ရှန်ထျန်းလည်း မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။

ငါက တကယ်ကို အရမ်းဉာဏ်ကောင်းတာပဲ

ကမ္ဘာပေါ်မှာ ငါ့လောက် ခြိုးခြံချွေတာတဲ့ ယောက်ျား ရှိမှာ မဟုတ်တော့ဘူး

All Chapters