← Chapters

ဓားတစ်ချက်နှင့် ပိုင်းခုတ်ရာ၌ သူရဲကောင်းတို့ လွင့်ထွက်လေသည်

Vol. 129 Ch. 1664

ဓားတစ်ချက်နှင့် ပိုင်းခုတ်ရာ၌ သူရဲကောင်းတို့ လွင့်ထွက်လေသည်

Vol. 129 Ch. 1664

“နောက်ဆုံးတော့ ခင်ဗျားတို့အားလုံး သရုပ်မှန်တွေကို ထုတ်ပြကြတော့မှာပေါ့”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း စားပွဲခုံကို လှန်ချလိုက်သည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် အဘိုးအိုနှင့် အဘွားအိုက တစ်ချိန်တည်း လှုပ်ရှား၍ စားပွဲခုံကို သူတို့၏ လက်လေးဖက်ဖြင့် ဖိထားလိုက်ကြသည်။ ချင်မူမှာ ခွန်အားအကုန် သုံး၍ စားပွဲခုံအား လှန်ရန် ကြိုးစားနေသော်လည်း မြောက်တက်သွားခြင်း မရှိပေ။

“ငါတို့ ဒီမှာရှိနေရင် သခင်လေးခုနစ် ဖြစ်နေလည်း စားပွဲခုံကို လှန်လို့မရဘူး”

အဘိုးအိုနှင့် အဘွားအိုတို့မှာ ပြုံးနေသော်လည်း မျက်နှာများက နီရဲနေသည်။ သူတို့နှစ်ယောက်၏ လက်လေးဖက်က တဂျွတ်ဂျွတ် မြည်နေပြီး ချင်မူ့ကြောင့် လွင့်ထွက်ပေတော့မည်။ သူတို့စိတ်ထဲတွင် တုန်လှုပ်လာကြလေသည်။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်… ရုပ်ခန္ဓာခွန်အားက အတော် အားကောင်းတာပဲ”

အဘိုးအိုနှင့် အဘွားအိုသည် စကြ၀ဠာခေတ် လေးခေတ်မှ ငါးခေတ်တိုင်အောင် တာအို ရရှိခဲ့သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဤနေရာတွင် ဖိနှိပ်ခံထားကြရသော်လည်း ချင်မူက သူတို့၏ ခွန်အားကို တွန်းလှန်ကာ သူတို့လက်များအား မြှောက်တင်နိုင်မည်ဟု ထင်မထားခဲ့ပေ။

ချင်မူ စားပွဲခုံကို လှန်တော့မည်အချိန်တွင် သစ်ပင်အောက်တွင် ရှိနေခဲ့သည့် ကျစ်ဆံမြှီးဖြင့် ကလေးမလေးက ဖြတ်ခနဲ ရောက်လာပြီး ဖိချထားလိုက်သည်။

ကလေးမလေး၏ ခြေလက်များမှာ သေးသွယ်ပြီး သူမလက်ထဲရှိ ခွက်က ပြောင်စင်နေပြီဖြစ်သည်။ သူမက ၎င်းဖြင့် ချင်မူ့မျက်နှာကို ရိုက်ချလိုက်သည်။

“နင့်ကို သစ်သီးပေးတာတောင် နင်က မစားဘူးပေါ့လေ… ဒီနေ့ နင်စားဖို့ ဘာသစ်သီးမှ မပေးတော့ဘူး”

အဖြူရောင်အလင်းတန်းများက ချင်မူ့မျက်လုံးများအရှေ့တွင် ပြိုးပြိုးပြက်ပြက် လင်းလက်သွားပြီး ခွက်ထဲရှိ နေရာဟင်းလင်းပြင်က အလျင်အမြန် ကျုံ့လာသည်။ သူ့အရှေ့ရှိ အရာအားလုံးက ချာချာလည်လာသောကြောင့် မူလဝိညာဉ်ပင်လျှင် မူးဝေလာသည်။ သူ့အား ခွက်ထဲသို့ ဆွဲယူရန် ကြိုးစားနေချေပြီ။

ထိုစဉ်မှာပဲ ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး မှုန်၀ါး၀ါး ခရမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာ၏။ ဒေါင်ခနဲ အသံနှင့်အတူ ၎င်းက ပုံပျက်နေ‌သော နေရာဟင်းလင်းပြင်ကို ဖြတ်သန်း၍ ခွက်အောက်ခြေအား ထိမှန်သွားသည်။

“နင် ကောင်းကင်နတ်သိုင်းတွေ သုံးလို့ရတယ်ပေါ့”

ကလေးမလေး၏လက်မောင်းမှာ သက်ရောက်အားကြောင့် တုန်ခါသွားသဖြင့် သူမလက်ထဲရှိ ခွက်လည်း လွင့်ထွက်သွားသည်။ ထို့နောက် သူမက စားပွဲခုံပေါ်တွင် ရပ်၍ ခြေရောလက်ပါသုံးလျက် ချင်မူ့အား အသည်းအသန် တိုက်ခိုက်တော့သည်။

ချင်မူက လက်တစ်ဖက်ဖြင့် စားပွဲခုံကို လှန်နေပြီး ကျန်လက်တစ်ဖက်ဖြင့် ကလေးမလေး၏တိုက်ကွက်များကို ရင်ဆိုင်နေသည်။

သူ၏ ခွန်အားက အလွန်တရာ အားကောင်း၏။ တိုက်ကွက်အနည်းငယ်အတွင်း စားပွဲခုံပေါ်ရှိ ကလေးမလေးကို လွင့်ထွက်သွားစေသည်။

ကလေးမလေးက ညည်းညူ၍ အော်ဟစ်လိုက်၏။ “သူ ကောင်းကင်နတ်သိုင်းတွေ သုံးလို့ရတယ်… သူ့ရဲ့ရုပ်ခန္ဓာကလည်း ကြောက်စရာကောင်းလောက်အောင် သန်မာတယ်… သတိထားကြ..”

ဝုန်း…

ကလေးမလေးမှာ သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်သွားသည့်အတွက် တုန်ခါမှုများက သစ်ပင်၏ အလင်းရောင်နှင့် တာအိုစည်းချက်ကို ချက်ချင်း ပေါက်ကွဲထွက်လာစေသည်။ ၎င်းက အလွန်တရာ လှပလေသည်။

ချင်မူ့အနောက်တွင် အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ “အိမ်ရှင်တွေ ဖော်ဖော်ရွေရွေ ဆက်ဆံတာကို စော်ကားလိုက်တာပဲ… သခင်လေးခုနစ်၊ နင်ကလည်း အမှားမကင်းတဲ့သူတစ်ယောက်ပဲ”

သူမက တင်းပုတ်တစ်လက်ကို ထုတ်လိုက်ပြီး ချင်မူ့နောက်စေ့သို့ ရိုက်ချလိုက်သည်။

အလင်းရောင်တစ်ခုက ချင်မူ့ဦးခေါင်းအနောက်မှ ထွက်ပေါ်လာပြီး ဖရိုဖရဲချီများ စိမ့်ထွက်လာ၏။ ဖရိုဖရဲခန်းမတစ်ခုက ဖရိုဖရဲချီထဲတွင် မားမားမတ်မတ် ရပ်တည်လျက် တင်းပုတ်အား အုန်းခနဲ ခုခံလိုက်သည်။

ချင်မူ့အရှေ့တွင် ရှန့်လေးဟု အမည်ရှိသည့် ဝက်သတ်သမားလူငယ်က လက်ဆန့်တန်းကာ စားပွဲတွင် ထိုးစိုက်ထားသည့် ဓားမကို ဆွဲနှုတ်လိုက်သည်။ သူ၏လက်ထဲ နတ်ဓားမ ရောက်ရှိသွားသည့်အချိန်တွင် ချင်မူမှာ ကြက်သီးမွှေးညှင်းများ ထသွားမိသည်။

သူ့အတွက် အကြီးမားဆုံး အန္တရာယ်မှာ အဘိုးအိုလည်း မဟုတ်၊ အဘွားအိုလည်း မဟုတ်၊ ကလေးမလေးလည်း မဟုတ်.... ဤလူငယ်သာဖြစ်သည်။

ဤလူများမှာ အကြီးဆုံးသခင်လေး၏ ချိပ်တံဆိပ်ထဲတွင် ချိပ်ပိတ်ခံထားရပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံတို့သည်လည်း ဖိနှိပ်ခံထားရ၏။ ထို့ကြောင့် သူတို့၏ ကောင်းကင်နတ်သိုင်းများကို အသုံးမပြုနိုင်ဘဲ ရုပ်ခန္ဓာခွန်အားကိုသာ အားကိုးရလေသည်။

ထိုပုဂ္ဂိုလ်များသည် ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်များဖြင့် တာအို ရရှိခဲ့သည့်အလျောက် သူတို့၏ကောင်းကင်နတ်သိုင်းများကလည်း ပို၍ ခမ်းနားကြီးကျယ်လိမ့်မည်။ သို့ရာတွင် ကောင်းကင်နတ်သိုင်းများကို အသုံးမပြုနိုင်ခြင်းကြောင့် လုပ်နိုင်စွမ်း များများစားစား မရှိပေ။ ရှန့်လေးဆိုသည့် ပုဂ္ဂိုလ်သာ တခြားသူများနှင့် မတူသောလမ်းစဉ်ကို လျှောက်လှမ်းထားခြင်း ဖြစ်သည်။ သူသည် သားသတ်သမားနှင့် တူသော သိုင်းသမား ဖြစ်ပြီး သူ၏အတိုက်အခိုက်စွမ်းရည်များကို အဆုံးအစွန်အထိ ကျင့်ကြံထား၏။

မှန်ပါသည်။ ရှန့်လေးသည် အတိုက်အခိုက်စွမ်းရည်များဖြင့် တာအိုရရှိခဲ့ခြင်း မဟုတ်ပေ။ အတိုက်အခိုက်စွမ်းရည်များဖြင့် တာအိုရရှိခဲ့ခြင်းသာဆိုပါက အကြီးဆုံးသခင်လေးသည် သူ့ကို ဖိနှိပ်နိုင်လိမ့်မည်မဟုတ်သလို ချိပ်ပိတ်နိုင်မည်လည်း မဟုတ်ချေ။ သူ၏ရုပ်ခန္ဓာခွန်အားတစ်ခုတည်းဖြင့် သတ်ဖြတ်ထွက်ခွာရန် လုံလောက်သည်။

သူ၏အတိုက်အခိုက်စွမ်းရည်များသည် တာအို မရရှိသေးသော်လည်း သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာ အားကောင်းလွန်းသဖြင့် နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်ထက်ပင် သာလွန်သည်။ သူသည် သတ်ဖြတ်ခြင်းဖြင့် တာအိုရရှိခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်းဖြစ်ပေလိမ့်မည်။

သို့ထိတိုင် သူ သတ်ဖြတ်ခဲ့သူများကား များပြားလွန်းသည်။ သူ၏အတိုက်အခိုက်စွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေခံအား သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် ပူးပေါင်းလိုက်သည့်အခါတွင် ရွာထဲ၌ ကြောက်စရာအကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့၏။

သူ၏ကျင့်ကြံခြင်းအခြေခံကို အကြီးဆုံးသခင်လေး၏ ချိပ်တံဆိပ်က ဖိနှိပ်ထားသည့်တိုင် သူ၏စွမ်းဆောင်ရည်က ချင်မူ့အား ခြိမ်းခြောက်နိုင်ရန် လုံလောက်သည်။

သူက လက်ထဲတွင် ဓားမအား ကိုင်ထားသည့်အခါ သူ၏ချီနှင့်သွေးတို့က သိပ်သည်းလာပြီး သူ့အနောက်၌ မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။ ကုဋေချီသော အလောင်းများ ‌မြောနေသည့် သွေးပင်လယ်။

နှစ်ပိုင်းဖြတ်ခံထားရသည့် တာအိုသစ်ပင်များစွာလည်း ရှိသည်။ ခွဲခြမ်းခံထားရသော တာအိုသစ်သီးများနှင့် အသတ်ဖြတ်ခံထားရသော တာအိုသိုင်းပညာရှင်အလောင်းများကလည်း နေရာတိုင်းတွင် ပြန့်ကြဲနေသည်။ အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။

ချင်မူက ပြေးဝင်လာနေသော ဝက်ကို လျစ်လျုရှုထားသည်။ သူ လက်တစ်ချက် ခါလိုက်ရာ ကပ်ဘေးဓား ထွက်ပေါ်လာပြီး ရှန့်လေး၏ ဓားမကို အလျားလိုက် ခုတ်ပိုင်းလိုက်၏။

ရှန့်လေးသည် ဒေါင်လိုက်ခုတ်ချပြီး ချင်မူကတော့ အလျားလိုက်ခုတ်ပိုင်းသည်။

ဤဓား ခုတ်ပိုင်းလိုက်သည့်အချိန်တွင် အားလုံး မျက်နှာအကြီးအကျယ် ပျက်သွားကြ၏။ အဘိုးအိုနှင့် အဘွားအိုက စားပွဲခုံကို ဖိမထားကြတော့ပေ။ သူတို့နှစ်ယောက်က ချင်မူ့ကို လက်လေးဖက်ဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့၏တိုက်ကွက်များက ပြင်းထန်လှသော မုန်တိုင်းတစ်ခုအလားပင်။

စားပွဲအောက်တွင် သူတို့၏ ခြေထောက်လေးဖက်ကလည်း ချင်မူ့ကို အသည်းအသန် တိုက်ခိုက်နေသည်။

သူတို့တိုက်ခိုက်နေကြချိန်တွင် ချင်မူ့ပတ်ပတ်လည်၌ ကျောက်တုံးတွင်းငါးတွင်းက ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိ ကျောက်တုံးတွင်းငါးတွင်းက အဘိုးအိုနှင့် အဘွားအိုကို ဖိချထားလိုက်သည်။

အခြားတစ်ဖက်တွင် တာအိုသစ်ပင်နှင့် ဝင်ဆောင့်သွားခဲ့သော ကလေးမလေးကလည်း ချက်ချင်းပင် တာအိုသစ်သီးတစ်လုံးကို ခူး၍ သူမ၏ လျှာထိပ်ကို ကိုက်လိုက်၏။ သွေးတစ်လုတ်က တာအိုသစ်သီးထံ စင်သွားသည့်အခါ တာအိုသစ်သီး၏ စွမ်းအားက ပေါက်ကွဲထွက်ကာ ချင်မူ့ထံ ပြေးဝင်လာသည်။

တာအိုသစ်သီး ပျံသန်းလာသည့်အချိန်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က ထွက်ပေါ်လာပြီး တာအိုသစ်သီးအား အသူရာချောက်နက်ထဲသို့ ဝါးမြိုလိုက်၏။

ခန္ဓာကိုယ်အပိုင်းနှစ်ပိုင်း ဆက်သွားခဲ့သော ၀က်က နောက်ခြေထောက်ဖြင့် မတ်တပ်ရပ်လိုက်ပြီး အစွယ်များ ဖြဲလိုက်သည်။ ၎င်း၏မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ ဖြစ်ပြီး နှာခေါင်းနှင့် ပါးစပ်မှ မီးတောက်များ တရှဲရှဲ ထွက်နေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများက သံမဏိအပ်များသဖွယ် ချွန်ထက်နေသည်။ ဝက်သည် လက်ကြီးကို ဆန့်တန်း၍ တာအိုသစ်ပင်တစ်ပင်အား ဆွဲယူလိုက်ပြီးနောက် ချင်မူ့ထံ ရိုက်ချလိုက်၏။

ဝုန်း…

ချင်မူက ထိုနေရာ၌သာ မလှုပ်မယှက်ထိုင်နေသည်။ သို့သော် သူ၏ အနောက်တွင် လောကသစ်ပင်တစ်ပင် ပေါ်လာ၏။ သစ်ပင်ထိပ်ဖျားက ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် အမိုးခုံးပမာ နေမင်းကို ကွယ်သွားပြီး ၀က်၏ တာအိုသစ်ပင်အား ကာလိုက်သည်။

အမျိုးသမီး၏ ခန္ဓာကိုယ်က အလျင်အမြန် လှုပ်ရှားသွားပြီး တင်းပုတ်ဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်၏။ သို့သော် သူမ မည်မျှအားပြင်းစွာ ရိုက်ချပါစေ ဖရိုဖရဲခန်းမက သူမအရှေ့တွင် ဆက်လက် နေရာယူထား၍ သူမ အနားမကပ်နိုင်အောင် တားဆီးထားသည်။

ချင်မူ ဓားဖြင့် ခုတ်ချလိုက်သည့်အခါတွင် ဓားချက်သည် အလားအလာအပြည့်ဖြင့် ပေါက်ကွဲထွက်လာသော မဟာတာအိုတစ်ရပ်လားပင်။

ဤမဟာတာအို၏ အလားအလာမှာ ဖရိုဖရဲအား ဖန်တီး၍ ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်ရန် ၊ လောကကြီးအား ဖန်ဆင်းရန် ဖြစ်သည်။

တာအိုဓား ဆိုသည်မှာ အဘယ်နည်း။

ဤသည်က တာအိုဓားပင် ဖြစ်သည်။

ရှန့်လေးအနောက်ရှိ သာမန်မဟုတ်သော မြင်ကွင်းအားလုံး လုံးဝပျောက်ကွယ်သွားပြီး နောက်ထပ်အသစ်တစ်ခု ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းတွင် ကောင်းကင်နှင့် မြေကြီး ဖွင့်လှစ်လာကဲ့သို့ အလင်းတန်းတစ်တန်းသည် သွေးပင်လယ်အား ပိုင်းခြားသွား၏။ ထိုနေရာလွတ်၌ ကောင်းကင်နှင့် မြေကြီးအသစ် မွေးဖွားလာသည်။

သူ၏ခါးတွင် သွေးစီးကြောင်းတစ်ကြောင်း ထင်လာ၏။

လောကဖန်ဆင်းဓားချက်တွင် ပါဝင်သည့် တာအိုအင်အားက ပေါက်ကွဲထွက်လာပြီး ပြင်းထန်လှသော လှိုင်းဂယက်များက အရပ်လေးမျက်နှာတွင် ‌သောင်းကျန်းလျက် အားလုံးကို လွင့်ထွက်သွားစေတော့သည်။

ဝက်က တာအိုသစ်ပင်ပေါ်တွင် ရပ်နေပြီး ခွန်အားအလုံးစုံ သုံး၍ တာအိုသစ်ပင် တောင့်ခံနိုင်စေရန် ကြိုးစားနေသည်။ သို့သော် တာအိုသစ်ပင်‌ကလည်း သူနှင့်အတူ အနောက်သို့ တဖြည်းဖြည်း ဆုတ်နေပြီး မြေပြင်တွင် အမြစ်ရာများ ကျန်ခဲ့စေသည်။

ဝုန်း…

ဝက်သည် အနောက်ရှိ အိမ်ကို ဝင်တိုက်မိသောကြောင့် အိမ်မှာ ချက်ချင်း ပြိုလဲသွားတော့၏။

အခြားတစ်ဖက်တွင် အဘိုးအိုနှင့် အဘွားအိုက ကောင်းကင်ထဲသို့ ပျံတက်၍ အော်ဟစ်လိုက်သည်။ သူတို့နှစ်ယောက်မှာ အိုမင်းနေကြပြီဖြစ်သော်လည်း လက်နှင့် ခြေထောက်များကို အံ့ဩဖွယ်ရာ အမြန်နှုန်းဖြင့် လှုပ်ရှားရင်း ကျောက်တုံးတွင်းငါးတွင်းအကြားမှ ရုန်းထွက်နေကြသည်။

နှစ်ယောက်သား လူစုခွဲ၍ တာအိုသစ်ပင်ပေါ်သို့ အသီးသီးဆင်းသက်လိုက်ကြသည်။ ထို့နောက် အသတ်အဖြတ်စိတ်ဆန္ဒများက ပြည့်လျှံထွက်လျက် ခက်ထန်စွာ အော်ဟစ်လိုက်ကြ၏။ “သခင်ကြီးရှန့်…”

ကလေးမလေးက ချင်မူ့အသူရာချောက်နက်ထဲသို့ ခုန်ဝင်လိုက်သည်။ နောက်ထပ်တစ်ခဏတွင် သူမသည် တာအိုသစ်သီးနှင့်အတူ စုတ်ပြတ်သတ်နေသောပုံစံဖြင့် ပြန်ထွက်လာသည်။ သို့သော် လှိုင်းဂယက်များကြောင့် ယိမ်းထိုးနေကာ ခက်ခက်ခဲခဲ ဟန်ချက်ထိန်းနေရ၏။

ထိုစဉ် အမျိုးသမီးက တင်းပုတ်ကို သူမအရှေ့တွင် အလျားလိုက် ချ၍ အနောက်သို့ ဆုတ်နေရသည်။ သူမ အနောက်သို့ ဆုတ်နေသည့်အချိန်တွင် ရေတွင်းမှ အလင်းရောင်များ ဖြာဆင်းလာသည်။ ရေတွင်းရှိ ရေများမှာ တာအိုသစ်စေးများဖြင့် ပြည့်နှက်နေခြင်းဖြစ်ပြီး ပင်လယ်ရေများကဲ့သို့ ပြာလဲ့တောက်ပနေသည်။

“သခင်ကြီးရှန့်…”

သူမ၏ မျက်နှာအမူအရာက ကြေကွဲဝမ်းနည်းနေပြီး လှိုင်းဂယက်ကို ခုခံနိုင်ရန် အားကုန်ကြိုးစားနေသယောင်ပင်။ သူမက ရှန့်လေးထံသို့ လှမ်းကြည့်လိုက်၏။

သူ၏ခါးရှိ သွေးစီးကြောင်းမှ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။

ဒုတ်.

သူ၏ လက်ထဲရှိ ဓားမသည်လည်း ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး စားပွဲပေါ်ပြုတ်ကျသွား၏။ သူ၏လက်ထဲတွင် ‌ဓားရိုးသာ ကျန်ခဲ့တော့သည်။

၀က်နတ်ဘုရားက ‌ဒေါသတကြီး ဟိန်းဟောက်ကာ ခြေလှမ်းကျဲကြီးများဖြင့် ပြေး၀င်လာ၏။ မြေအပိုင်းအစများက လွင့်ထွက်လာပြီး မြေဆီလွှာမှာ လှုပ်ရှားလာသည်။ သူ၏ခန္ဓာကိုယ်က ထွားကြိုင်းသန်မာလာပြီး တာအိုသစ်ပင်ကို လက်ထဲတွင် ကိုင်လျက် အားကုန်သုံး၍ ချင်မူ့ထံ ပြေးဝင်သွား၏။

“ကျူစန်းထုံ မလုပ်နိုင်ဘူး” ကျန်တာအိုသစ်ပင်နှစ်ပင်ပေါ်ရှိ အဘွားအိုနှင့် အဘိုးအိုက ချက်ချင်း အော်ဟစ်လိုက်ကြသည်။

၀က်နတ်ဘုရားက ချက်ချင်း ခုန်၍ တာအိုသစ်ပင်အား လွှဲရမ်းကာ ရိုက်ချလိုက်ချေပြီ။

ချင်မူက ခေါင်းပင်မမော့ပေ။ သူ့လက်ထဲရှိ ကပ်ဘေးဓားက ချက်ချင်းပင် ၀က်နတ်ဘုရားထံသို့ ဦးတည်သွားသည်။ သွေးအလင်းရောင်များက ကောင်းကင်ထက်တွင် စီးဖြာသွားပြီးနောက် ကျူစန်းထုံ ပြုတ်ကျလာ၏။ ၀က်၏ ရှေ့ခြေထောက်က ခွက်တစ်ခွက်၊ အနောက်ခြေထောက်က ခွက်တစ်ခွက်၊ ဦးခေါင်းက ခွက်တစ်ခွက်၊ ခန္ဓာကိုယ် အောက်ပိုင်းက ခွက်တစ်ခွက်စသည်ဖြင့် ခုတ်ပိုင်းခံရကာ ခွက်များအထဲ ပြုတ်ကျလာပြီး အမြှီးကလည်း သေသေသပ်သပ် ဖြတ်တောက်ခံထားရသည်။

စနစ်တကျ လှီးဖြတ်ထားသော အသားလွှာများဖြင့် ပြည့်နှက်နေသော ပန်းကန်များလည်း ရှိကြ၏။

ချင်မူ့ ကျန်လက်တစ်ဖက်က ပန်းကန်အလွတ်တစ်ခုကို မြှောက်လိုက်ပြီး လှုပ်ခါလိုက်သည်။ တာအိုသစ်သီးသုံးလုံးက တစ်လုံးပြီးတစ်လုံး ပန်းကန်ပေါ်သို့ ကျလာ၏။

တာအိုသစ်ပင်မှာ ဝုန်းခနဲ မြေပြင်ပေါ် လဲကျသွားပြီး အမြစ်များပါ ကျွတ်ထွက်သွားသည်။ သစ်ပင်၏ သစ်ကိုင်းများက ယိမ်းယိုင်သွားကာ တာအိုသစ်သီးများကလည်း သစ်ကိုင်းများပေါ်တွင် မရှိတော့ချေ။ ၎င်းတို့က ချင်မူ့ဓားရောင်ဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး ပန်းကန်ပေါ် ရောက်ရှိသွားကြချေပြီ။

ချင်မူက ကပ်ဘေးဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး သူ့ဘေးတွင် ချထားလိုက်သည်။ သူက ပြုံးလျက် ပြော၏။ “အားလုံးပဲ ကျွန်တော့်ရဲ့ ဟင်းချက်စွမ်းရည်တွေက အဆိုးကြီးတော့ မဟုတ်ပါဘူး… ကျွန်တော်စွမ်းရည်တချို့ ပြရဦးမလား”

ကျူစန်းထုံ၏ ၀က်ဦးခေါင်းက ချင်မူ့ကို မျက်နှာချင်းဆိုင်နေပြီး မသေသေးပေ။ သူက ခက်ထန်စွာ မာန်မဲသည်။ “မီလော့နန်းတော်ရဲ့ ခုနစ်… မင်းရဲ့ ဆရာတောင် ငါတို့ကို မသတ်နိုင်ဘူး… မဟုတ်ရင် ငါတို့ကို ဖိနှိပ်ထားပါ့မလား… မင်းလည်း သတ်နိုင်စွမ်းမရှိဘူး”

ကလေးမလေးက စူးရှစွာ အော်သည်။ “နင်က နင့်ရဲ့ကျင့်ကြံခြင်းအခြေခံကို သုံးလို့ရတယ်… ငါတို့က သုံးလို့မရဘူး… နင့်မှာ ငါတို့ကို အနိုင်ယူဖို့ ဘာစွမ်းဆောင်ရည်များ ရှိလို့လဲ.. စွမ်းဆောင်ရည်ရှိရင် ငါတို့ကို လွှတ်ပေးပြီး မျှမျှတတ တိုက်ခိုက်လေ… ငါ နင့်ကို လက်တစ်ဖက်တည်းနဲ့ သတ်ပစ်လို့ရတယ်…”

အမျိုးသမီးသည် ရှန့်ကျွင်းထံသို့ အလောတကြီး ပြေးသွား၍ သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သူက ဗိုက်ကို ပွတ်လျက် ခေါင်းခါပြလေသည်။ “သိပ်မကြီးပါဘူး.. အရေပြားရှသွားရုံပဲ… သူ စွမ်းအားအပြည့် မထုတ်ခဲ့ဘူး”

သူ၏အကြည့်က အနည်းငယ် ထူးဆန်းစွာဖြင့် ချင်မူ့အား လှမ်းကြည့်လိုက်သည်။

ချင်မူ့ဓားက အမှန်တကယ်ပင် အလွန်တရာ ကြောက်စရာကောင်းလွန်းပေသည်။ ၎င်းက သူ၏ အပြင်းထန်ဆုံး အသေသတ်တိုက်ကွက်ကို ချိုးဖျက်ခဲ့ပြီး သူ၏ တာအိုဓားမကိုပင် ကျော်ဖြတ်နိုင်ခဲ့သည်။

သို့သော် ထိုဓား သူ၏ခါးအား ခုတ်ပိုင်းလိုက်သည့်အချိန်တွင်တော့ အားနည်းငယ်သာ သက်ရောက်စေခဲ့ပြီး သူ့ကို မသတ်ခဲ့ပေ။

ချင်မူ့ဓား၏ စွမ်းအားသာ ပေါက်ကွဲထွက်လာပါက ချက်ချင်းပင် ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားပေလိမ့်မည်။ ချက်ချင်းဆိုသလို ထိုက်ငါးပါးဖြစ်သည့် ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိအခြေအနေတို့ကို တွေ့ကြုံရမည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ် သေဆုံးကာ တာအိုပျောက်ကွယ်သွားလိမ့်မည်။

အဘွားအိုနှင့် အဘိုးအိုက တာအိုသစ်ပင်များပေါ်မှ ဆင်းသက်လာကြပြီး သူ၏ဒဏ်ရာများကို စစ်ဆေးလိုက်ကြ၏။ ပြဿနာကြီးကြီးမားမား မရှိကြောင်း မြင်ရသည့်အခါမှ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြသည်။

ကျူစန်းထုံ၏ ၀က်ဦးခေါင်းကြီးက စားပွဲပေါ်တွင် လှည့်လာ၏။ သို့သော် သူ၏ခေါင်းမှာ မလှုပ်ရှားနိုင်ပေ။ သူက ရှန့်ကျွင်းကို မမြင်ရသဖြင့် အော်ဟစ်လိုက်သည်။ “အဘိုးအိုကြီး၊ ရှန့်လေး ဘာဖြစ်သွားသေးလဲ… သူ အသတ်ခံလိုက်ရတာလား.. ငါတို့ ဒီကောင့်ကို သေတဲ့အထိ တိုက်ခိုက်မယ်”

အဘိုးအိုက ဖြေသည်။ “သူက ပြဿနာ သိပ်မရှိပါဘူး… သူ့ဒဏ်ရာတွေက မင်းရဲ့ ဒဏ်ရာတွေလောက် မဆိုးဘူး”

၀က်ဦးခေါင်းသည် စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး ချင်မူ့အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေ၏။ “ချီးပဲ…. ငါက ဒဏ်ရာအရဆုံးသူ ဖြစ်နေတာလား… ဟေ့ကောင် ခုနစ်… မင်း ဘယ်လိုလုပ်လိုက်တာလဲ… ငါ့ခန္ဓာကိုယ်ကို ဘာလို့ပေါင်းစည်းလို့ မရတာလဲ”

ချင်မူက တူကိုင်၍ ၀က်နားရွက်တစ်ဖက်ကို ကောက်ယူလိုက်သည်။ အမျိုးသမီးမှာ ကပျာကယာ လှမ်းသတိပေးလေသည်။ “သခင်လေး မစားပါနဲ့… ကျူစန်းထုံရဲ့ စွမ်းရည်တွေက သိပ်ကိုထူးကဲတယ်… သူက မပျက်စီးနိုင်တဲ့ သူ့ရဲ့ တာအိုခန္ဓာကိုယ်ကို သန့်စင်ထားတာ… သူ့အသားတစ်ဖတ်ကို စားလိုက်ရင် သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ခန္ဓာဖွဲ့တည်လာပြီးတော့ ဗိုက်ထဲမှာ မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မယ်…”

ချင်မူလည်း ၀က်နားရွက်နှင့် တူကို ပြန်ချလိုက်သည်။ သူက အံ့အားသင့်စွာ ပြော၏။ “အဲ့လိုစွမ်းဆောင်ရည်မျိုး ရှိတာလား…. ကျွန်တော် သူ့ဒဏ်ရာတွေမှာ ဓားဒဏ်ရာတွေ ထားခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်တွေ ပြန်ပေါင်းစည်းလို့မရအောင် လုပ်ခဲ့တာလေ… ဒါတောင်မှ ကျွန်တော့်ရဲ့ ဗိုက်ထဲမှာ ခန္ဓာဖွဲ့တည်နိုင်သေးတာလား..”

၀က်ဦးခေါင်းက သူ့ကိုယ်သူဂုဏ်ယူစွာဖြင့် ပြောသည်။ “ငါ့ရဲ့စွမ်းဆောင်ရည်တွေက မင်းလို မီလော့နန်းတော်က မလောက်လေးမလောက်စား သခင်လေးတစ်ယောက် နားလည်နိုင်မယ့်အရာမျိုး မဟုတ်ဘူး…”

ချင်မူ့မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီး ကပ်ဘေးဓားအိမ်ကို သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ကိုင်လိုက်၏။

အဘိုးအိုကြီးက ချက်ချင်း ထိုင်၍ ပြုံးနေသည်။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်က သဘောထားကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ… ဒီဝက်ရဲ့ အဆင့်အတန်းအထိ ကိုယ့်ကိုကိုယ် မနှိမ့်ချလိုက်ပါနဲ့… အဆင့်နိမ့်သွားရာ ရောက်ပါလိမ့်မယ်…. သခင်လေးရဲ့ ဓားကို သေချာသိမ်းထားလိုက်ပါနော် … သေချာလေး သိမ်းထားပါ”

၀က်ဦးခေါင်းမှာမူ နှာခေါင်းရှုံ့လိုက်သည်။ “အဘိုးကြီး… ခင်ဗျားက ဘာတွေကြောက်နေတာလဲ… အကြီးဆုံးသခင်လေးတောင် ကျုပ်တို့ကို မသတ်နိုင်ဘူး”

ချင်မူက အေးစက်စက် နှာမှုတ်လိုက်ရာ သူ၏အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ထိုနေရာတွင် ကျောက်ပြားတစ်ချပ်ကဲ့သို့ ထိုင်နေ၏။

ဤကမ္ဘာလောကတွင် လိုအပ်နေသည့်အရာမှာ ကျောက်ပြားတစ်ချပ်သာ ဖြစ်သည်။ ဤအခိုက်အတန့်တွင် ချင်မူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးဖရိုဖရဲချီတို့က ကမ္ဘာဦးဖရိုဖရဲသင်္ကေတအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က လိုအပ်နေသည့်အရာတွင် ဖြည့်ပေးလိုက်၏။ ချက်ချင်းဆိုသလို အားလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပျက်ယွင်းသွားကြတော့သည်။

သူတို့ငါးယောက်နှင့် ၀က်မှာ တုန်လှုပ်ဖွယ်ရာ အားတစ်ရပ်ဖြင့် ဆွဲယူခံလိုက်ရလေသည်။

ချင်မူက ထရပ်၍ ရွာအပြင်သို့ လှမ်းကြည့်လိုက်သည်။ ကျောက်ပြားမျက်နှာပြင်များမှာ မှန်ချပ်များအလား ဖြစ်သည်ကို တွေ့လိုက်ရ၏။ အဘိုးအို၊ အဘွားအို၊ ကလေးမလေး၊ အမျိုးသမီး၊ ရှန့်ကျွင်းနှင့် ကျူစန်းထုံတို့ အားလုံးမှာ မှန်ချပ်များထဲတွင် နစ်မြုပ်နေကြပြီး မလှုပ်ရှားနိုင်ပေ။

ကျူစန်းထုံ၏ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းရှစ်ပိုင်းအဖြစ် ခုတ်ပိုင်းခံထားရပြီး မပြည့်စုံသေးချေ။

ရွာတစ်ရွာလုံးတွင် ချင်မူနှင့် ဝေဒနာသည်နှစ်ဦးတို့သာ ကျောက်ပြားထဲသို့ မရောက်ရှိကြခြင်း ဖြစ်၏။

“အကြီးဆုံးသခင်လေးက မီလော့နန်းတော်အရှင်သခင်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တာဆိုပေမယ့် ကျွန်တော်လည်း သူ့ကျောက်ပြားတွေရဲ့ ၀င်္ကပါအစီအစဉ်ကို သိထားတယ်… ခင်ဗျားတို့အားလုံးကို ချုပ်နှောင်ပစ်လိုက်ဖို့ မခက်ခဲဘူး”

ချင်မူ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို လွင့်ပြယ်သွားစေလိုက်ရင်း မေးသည်။ “အားလုံးပဲ ကျွန်တော်တို့ အခုစကားပြောလို့ရပြီလား”

ထို့နောက်မှသာ အားလုံးသည် ရင်ထဲမှ အလုံးကြီးတစ်လုံး ကျသွားသည့်အလား ခံစားလိုက်ကြရ၏။ သူတို့က မျက်လုံးပြူးမျက်စံပျာဖြင့် ကျောက်ပြားမှန်ချပ်များထဲမှ ထွက်လာကြသည်။

“သခင်လေးခုနစ်က ဘာအကြောင်းပြောချင်တာလဲ” အဘိုးအိုကြီးက မေးသည်။

ချင်မူက ထိုက်ယီမြေပုံကို ထုတ်၍ မေး၏။ “အားလုံးပဲ ဒီလိုနေရာချထားပုံမျိုးကို မြင်ဖူးကြလား”

အဘိုးအိုနှင့် အဘွားအိုက အချိန်အတော်ကြာကြည့်နေပြီးနောက် ခေါင်းခါရမ်းလိုက်ကြသည်။ “ကျုပ်တို့ကို ဒီနေရာမှာ ဖိနှိပ်ထားခဲ့တာ စကြ၀ဠာပေါင်းများစွာ ကြာခဲ့ပြီ… ဒီလိုမြေပုံမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”

အမျိုးသမီးနှင့် ကလေးမလေးကလည်း ခေါင်းခါရမ်းသည်။

ရှန့်ကျွင်းက ရုတ်တရက် ထပြောသည်။ “ငါ အရင်တုန်းက မြင်ဖူးတယ်… ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာက အန္တိဟင်းလင်းပြင်မှာ ရှိတဲ့ တာအိုသစ်ပင်တွေ နေရာချထားတဲ့ မြေပုံပဲ”

All Chapters