← Chapters

တောင်ပြားမြို့

Vol. 74 Ch. 734

တောင်ပြားမြို့

Vol. 74 Ch. 734

နှစ်စဥ်နှစ်တိုင်းလိုလိုတွင် နွေရာသီကုန်ဆုံးချိန်သည် တောင်ပြားမြို့၏ အလုပ်အရှုပ်ဆုံး အချိန်ဖြစ်သည်။

ထိုကာလဝယ် သားရဲရိုင်းများ ပိုမိုထူပြောလာသဖြင့် အမဲလိုက်ရန် အကောင်းဆုံးရာသီ ဖြစ်သည်။ ထိုအခါ အနီးအနားဒေသများမှ မုဆိုးများ အုပ်စုဖွဲ့ကာ ထိုဒေသသို့ ဝင်ရောက်လာလေ့ရှိပြီး လနှင့်ချီကာ အမဲလိုက်တတ်ကြ၏။

တောင်ပြားမြို့ကား အဆိုပါမုဆိုးများအတွက် တထောက်နားစခန်း ဖြစ်သည်။ မြို့ထဲတွင် မုဆိုးများအတွက် လိုအပ်သည့့် နေ့စဥ်အသုံးအဆောင်ပစ္စည်းများ၊ ရိက္ခာများအား ရောင်းချ၏။ မုဆိုးများ အမဲလိုက်၍ ရရှိလာသော သားရဲအရေခွံများ၊ အရိုးများအား ပြန်လည်ဝယ်ယူလေသည်။

အကယ်၍ ကံကောင်းထောက်မပြီး အဆင့်မြင့်သားရဲရိုင်းတကောင်သာ ရလိုက်ပါက ဖမ်းမိသူမုဆိုးအနေနှင့် တနှစ်ှစ်ပတ်လုံး အလုပ်လုပ်စရာမလိုတော့။ ထို့ကြောင့် မုဆိုးတိုင်းလိုလိုသည် အဆင့်မြင့်သားရဲရိုင်းများ ရရှိနိုင်ရန် ကြိုးစားလေ့ရှိကြသည်။ အကယ်၍ နတ်ဆိုးသားရဲများနှင့် ထိပ်တိုက်တိုးမိပါက အဆိုပါ မုဆိုးကား ကံဆိုးသူမောင်ရှင်ပင်။

နှစ်တိုင်းလိုလို ဤနယ်မြေအတွင်း ဝင်ရောက်ကာ အမဲလိုက်သော မုဆိုးများထဲမှ တချို့သည် ဘယ်တော့မှပြန်မလာနိုင်ကြတော့ပဲ ထာဝရ ပျောက်ကွယ်သွားတတ်ကြ၏။

ဒါသည်ပင် ဘဝပေတည်း။

ဤယနေ့ နေ့လည်တွင်လည်း အချိုလေးသည် ဝိုင်အရက်ဆိုင်သို့ ခါတိုင်းကဲ့သို့ပင် ရောက်လာ၏။

အရက်ဆိုင်ထဲတွင်တော့ သောက်သုံးသူများနှင့် ပြည့်နှက်နေလေသည်။

အချိုလေးဝင်လာသည်ကို မြင်သည်နှင့် တဦးက ထအော်လိုက်သည်။

"ဟေ့ အချိုလေး မင်း နောက်ကျတယ် နေ့လည်တောင်ရောက်နေပြီ မင်းဟာ အမြဲနောက်ကျနေတာပဲ"

"နောက်ကျတော့ ဘာဖြစ်သလဲ ဆိုင်ပိုင်ရှင်က ကျွန်မအဖိုးလေ"

အချိုလေးက ခပ်တည်တည်နှင့် ပြန်ဖြေရင်း လူအုပ်ကြားမှ ဖြတ်လျှောက်သွား၏။

ထိုအချိန်တွင် အမွေးအမျှင်များ ဖုံးလွှမ်းနေသည့်လက်ကြီးတဖက်က အချိုလေး၏တင်ပါးကား ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ အချိုလေးသည် ဘေးသို့လှစ်ခနဲ ရွေ့လျားသွားပြီး သူမလက်ထဲရှိ ဝိုင်ခွက်ထဲမှ အရက်များဖြင့် အကျင့်မကောင်းသူ၏ မျက်နှာကို ပက်ထည့်လိုက်၏။

"ရှင်ဟာလေ အကျင့်ကိုမကောင်းဘူး ဟေးလန်း"

အချိုလေးက တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။

"အဲဒီအရက်တွေက ရှင့်အရက်တွေပဲ"

"ဟား ဟား ဟား"

အဆက်မပြတ် အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာ၏။

"မင်း သူ့တင်ပါးကို မကိုင်နိုင်ဘူးလို့ ကျုပ် ပြောသားပဲ"

"ဟေးလန်း မင်း ရှုံးသွားပြီ"

"ကြေးပြားဆယ်ပြား ပြန်ပေးစမ်းဟေ့"

"ဟွန့် ပျင်းစရာကောင်းလိုက်တာ"

ပြောပြောဆိုဆိုပင် အချိုလေးသည် သူမ၏ တင်ပါးနှစ်ဖက်ကို လှုပ်ရမ်းကာ ထွက်ခွာသွားလေသည်။

ဤမြင်ကွင်းမျိုးကား မုဆိုးများ နေ့စဥ်တွေ့မြင်နေကျ မြင်ကွင်းပင်။

"တနေ့တော့ မင်း ကျုပ်အိပ်ယာထဲ ရောက်ရမှာပါကွာ"

အချိုလေး၏ သွယ်သောခါး၊ ထွားသောတင်ကို စိုက်ကြည့်ရင်း ဟေးလန်းက တံတွေးမျိုချကာ ရေရွတ်လိုက်လေသည်။

"အိပ်မက်မက်မနေနဲ့ ကျွန်မကိုယ်န္ဓာက စျေးကြီးတယ် ရှင့်လိုလူစားမျိုး ဘယ်လိုမှတတ်နိုင်စရာ အကြောင်းမရှိဘူး"

အချိုလေးက ဟေးလန်းအား ခပ်ရိုင်းရိုင်းပင် တုံ့ပြန်လိုက်သည်။

လူအုပ်ထဲမှ ရယ်မောသံ နောက်တကြိမ် ထွက်ပေါ်လာပြန်၏။

သို့သော် ရယ်သံမှာ ရုတ်တရက် ပြတ်တောက်သွားပြီး တလောကလုံး တိတ်ဆိတ်သွား၏။

ကောင်တာသို့ရောက်လာပြီဖြစ်သော အချိုလေး သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။

ထိုအခါ ဆိုင်ပေါက်ဝတွင် မတ်တပ်ရပ်နေသော လူငယ်တဦးကို သူမ မြင်တွေ့လိုက်ရ၏။

အဆိုပါ လူငယ်သည် ဤနေရာရှိလူတိုင်းနှင့် ကွဲပြားခြားနားနေ၏။ လူငယ်သည် အလွန်တန်ဖိုးကြီးမားသည့် ပိုးသားနှင့်ယက်လုပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ ဝတ်စုံမှာ သန့့်ရှင်းလှပြီး ဖုန်တစက်ပင် မရှိ။ လူငယ်၏ မျက်နှာမှာလည်း ကြည်လည်နေပြီး ယောကျာ်းပီသလှသည်။ ဆိုင်အတွင်းရှိ အရက်သမားမုဆိုးများနှင့် နှိုင်းယှဥ်လိုက်သောအခါ လူငယ်၏ မျက်နှာမှာ လွန်စွာကွဲပြားပြီး ချောချင်တိုင်း ချောနေတော့၏။

သိပ်မကြာမီ တိတ်ဆိတ်သွားသော အရက်ဆိုင်အတွင်း စကားပြောသံများ ပြန်လည်ဆူညံလာပြန်သည်။

လူငယ်သည် လူတိုင်း၏ အကြည့်ကို လစ်လျူပြီး ကောင်တာဆီသို့ လျှောက်သွားကာ အချိုလေးကို မေးလိုက်သည်။

"ဝိုင်တကရားကို ဘယ်လောက်လဲ"

လူငယ်၏ အသံမှာ ချိုသာလှ၏။

"အင်း ဝိုင်တကရားကို ကြေးပြားငါးဆယ် ဒါနဲ့ ကျွန်မဆီမှာ ဝိုင်ဘယ်နှစ်စည်များ ကျန်သေးပါလိမ့်"

လူငယ်သိလိုသည်မှာ စျေးနှုန်းမဟုတ်ပဲ ပမာဏမှန်း အချိုလေး ချက်ချင်းသဘောပေါက်လိုက်သည် မဟုတ်ပါလား။

"ဟုတ်တယ် မင်းဆီမှာ ဝိုင်ဘယ်နှစ်စည်များ ကျန်ပါလိမ့်"

လူငယ်ကလည်း သံယောင်လ်ိုက်ကာ မေးလိုက်သည်။

ထိုအခိုက်မှာပင် အချိုလေး၏ အဖိုး ကောင်တာသို့လျှောက်လာ၏။

"မင်္ဂလာပါ ဧည့်သည်တော်ကြီး ကျုပ်မှာရှိတဲ့ ဝိုင်မှန်သမျှကို ဝယ်ချင်တာလား ခင်ဗျ"

လူငယ် ခေါင်းညိတ်လိုက်သည်။

"မှန်တယ်"

"တစည်ကို ရွှေစင်နှစ်စ ကျသင့်ပါမယ်"

"ခင်ဗျားမှာ ဘယ်နှစ်စည် ရှိသလဲ"

"ဆယ်စည်"

"ကောင်းပြီ ကျုပ် အကုန်လုံးကို ယူမယ်"

ပြောပြောဆိုဆို လူငယ်သည် ရွှေစ၂၀အား ကောင်တာပေါ်သို့ ပစ်ချပေးလိုက်သည်။

ရွှေစများကို မြင်သည်နှင့် အဖိုးကြီး၏ မျက်နှာမှာ ပြုံးရွှင်သွားတော့သည်။

"တောင်းပန်ပါတယ် ဧည့်သည်တော်ကြီး ကျုပ် အမှတ်မှားသွားလို့ ကျုပ်မှာ ဝိုင်အရည်စည် သုံးဆယ်တိတ်ိ ကျန်ပါသေးတယ်"

"အကုန်လုံးကို ကျုပ်ယူမယ်"

ထို့နောက် လူငယ်သည် နောက်ထပ် ရွှေစလေးဆယ်အား ထုတ်ပေးလိုက်၏။

"ကျုပ် ဝိုင်စည်တွေကို ခုပဲသွားယူပေးပါမယ်"

ပြောပြောဆိုဆို အဖိုးကြီးသည် ရွှေစများအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ လှည့်ထွက်သွားလေသည်။

"ဟေ့ အဖိုးကြီး ခင်ဗျားက အရက်တွေ သူ့ဆီအကုန်ရောင်းလိုက်တော့ ကျုပ်တို့က ဘာသွားသောက်ရတော့မှာလဲ"

မုဆိုးတဦးက ထအော်လိုက်၏။

"မင်းအလုပ်မဟုတ်ဘူး အရက်မရှိတော့ ဆီးတွေသောက်ကြပေါ့ကွ"

အဖိုးကြီးကလည်း ခပ်ရိုင်းရိုင်းပင် တုံ့ပြန်လိုက်သည်။

"ခွေးမသားကြီး"

မုဆိုးတချို့ ဝုန်းခနဲ ထပ်ရပ်လိုက်ကြ၏။

အချိုလေး မျက်မှောင်ကုတ်ရင်း လူငယ်အား တီးတိုးပြောလိုက်သည်။

"ရှင် ခုချက်ချင်း ဒီကနေထွက်သွားပြီး နောက်တံခါးကနေ ပြန်ဝင်လာခဲ့ မဟုတ်ရင် ဒုက္ခရောက်သွားလိမ့်မယ်"

လူငယ်က မုဆိုးများအား ဖြတ်ခနဲ ဝေ့ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

"ကျုပ်အတွက် စိတ်မပူပါနဲ့လေ"

အချိုလေး သက်ပြင်းချလိုက်၏။

"ရှင့်မှာ အစွမ်းအစရှိတာ ကျွန်မသိပါတယ် ဒါပေမဲ့ သူတို့ကလူများလွန်းတယ်"

သွေးဗီဇမဲ့နည်းစနစ်များ ပေါ်ပေါက်လာပြီးကတည်းက တောင်များဆီသို့ ခရီးထွက်၍ သားရဲများအား အမဲလိုက်သည့့်မုဆိုးများမှာ ထင်သလောက်အားနည်းခြင်းမရှိတော့။ တချို့ဆိုလျင် နတ်ဆိုးသားရဲများလက်မှ ထွက်ပြေးနိုင်သည်အထိပင် တိုးတက်လာကြ၏။

ယခုကဲ့သို့ မုဆိုးအများအပြား စုဝေးနေချိန်တွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ပင် ပေါ့၍မရ။ ထို့ကြောင့် အချိုလေးက လူငယ်အား သတိပေးလိုက်ခြင်းပင်။

သူမမျက်လုံးထဲတွင်တော့ လူငယ်သည် ကိုယ့်အန္တရာယ်ကို ကိုယ်မသိသည့့် သဌေးသားတဦးပင်။

"လူများတယ် ဟုတ်လား သူတို့ကို အပြင်ထွက်ပြီး တချက်လောက် ကြည့်ခိုင်းလိုက်ပါလား"

မုဆိုးများ တယောက်က်မျက်နှာကို တယောက်က် စိုက်ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့ သဘောပေါက်လိုက်သည်မှာ အရက်စည်သုံးဆယ်သည် လူတဦးစ နှစ်ဦးစအတွက် မဖြစ်နိုင်ဟူသော အကြောင်းပင်။

ထိုအချိန်တွင် စုချန်းသည် အရက်စည်များကို မုလလက်စွပ်အတွင်း သိမ်းဆည်းပြီး အပြင်သို့ ထွက်လာပြီ ဖြစ်သည်။ ထိုအခါ မုဆိုးတဦးက စုချန်းနောက်သို့လျှောက်လာပြီး ကော်လံကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။ သို့သော် စုချန်းကား အပြင်သ်ို့ ရောက်သွားလေပြီ။

ထိုအခါ မုဆိုး၏ အကြည့်သည် ဆိုင်အပြင်သို့ရောက်သွား၏။ မြင်လိုက်ရသော မြင်ကွင်းကြောင့် အဆိုပါ မုဆိုး ကျောက်ရုပ်ကြီးပမာ ဖြစ်သွားလေသည်။ မုဆိုး၏ ထူးဆန်းသော အမူအရာကြောင့် ကျန်မုဆိုးများလည်း ဆိုင်ပြင်သို့ လှမ်းကြည့်လိုက်ကြ၏။

မုဆိုးအားလုံး ကြက်သေသေသွားလေပြီ။

တောင်ပြားမြို့၏လမ်းများပေါ်တွင် များပြားလှသော လူများဖြင့် ပြည့်နှက်နေ၏။ အဆိုပါလူများသည် အတန်းလိုက် ညီညီညာညာ မတ်တပ်ရပ်နေကြလေသည်။

ပို၍အရေးကြီးသည်မှာ ဤမျှများပြားသောလူများ မြို့ထဲသို့ ဝင်လာသည်မှာ တိတ်ဆိတ်ငြိမ်သက်လွန်း၍ မည်သူမှ သတိမထားမိလိုက်ခြင်းပင်။

ဤလူများကား တစေသရဲများပေလော။

မဟုတ်။ တစ္ဆေသရဲများ မဟုတ်။ ဤလူများ၏ စုဖွဲ့ပုံသည် ညီညာနေ၏။ စည်းကမ်းသေဝပ်နေ၏။

ထိပ်တန်းစစ်သားများပေတည်း။

ထိုအတွေးသည် လူတိုင်း၏ စိတ်ထဲသို့ တချိန်တည်း ဝင်ရောက်သွားတော့၏။

တောင်ပြားမြို့သို့ ကြောက်စရာကောင်းသောတပ်ကြီး အဘယ်ကြောင့် ရောက်လာသနည်း။ ပို၍ ထူးခြားသည်မှာ ထိုစစ်သားများသည် ယူနီဖောင်းများ ဝတ်ဆင်ထားခြင်းမရှိ။

လူတိုင်း နာမလည်နိုင်ပဲ ဖြစ်နေလေသည်။

ထိုအချိန်တွင် အဖိုးကြီးသည် ဆိုင်ပြင်သို့ ထွက်လာ၏။ လူအုပ်ကို မြင်သောအခါ သူ ကြောက်လန့့်သွားလေသည်။ ထိုစဥ် လူငယ်က လှမ်းမေးလိုက်၏။

"အဖိုးကြီး ကောင်းကင်တောင်ထိပ်ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ"

အဖိုးကြီးက ပြန်ဖြေလိုက်သည်။

"ကောင်းကင်တောင်ထိပ်ကို သွားချင်တာလား တောင်သွားလမ်းက ဖြတ်သွားဖို့ တော်တော်ခက်တယ် နှစ်ရက်လောက်တော့ ကြာမယ်ထင်တယ် လမ်းကတော်တော်ရှုပ်ထွေးလို့ မင်းအနေနဲ့ လမ်းပြခေါ်သွားတာ အကောင်းဆုံးပဲ"

"လမ်းပြ ဟုတ်လား"

လူငယ် ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်သည်။

မုဆိုးတိုင်း နောက်သို့ဆုတ်ကုန်၏။ မည်သူမှ လမ်းပြလိုခြင်းမရှိ။

လူငယ် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူ တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် အချိုလေးက ဝင်ပြောလိုက်သည်။

"ကျွန်မ လမ်းပြလုပ်ပေးမယ်"

"အချိုလေး"

အဖိုးကြီး မျက်လုံးပြူးသွား၏။

အချိုလေးက အဖိုးကြီးအား နှစ်သိမ့်လိုက်လေသည်။

"အဖိုး သူတို့မှာ လူဘယ်လောက်များသလဲ အဖိုးလဲ မြင်တာပဲ သူတို့သာ တခုခုလုပ်ချင်ရင် အကုန်သေနေလောက်ပြီ သူတို့ အန္တရာယ်မပေးဘူးလို့ သမီးယုံတယ်"

လူငယ်ပြုံးလိုက်၏။

"မင်း နာမည် အချိုလေးပေါ့ ဟုတ်လား"

"ဟုတ်တယ် ရှင်ကော"

"စုချန်း"

လူငယ်က ပြန်ဖြေရင်း မူလကျောက်တုံးလက်တဆုပ်အား အချိုလေးလက်ထဲသို့ ထည့်ပေးလိုက်သည်။

"ရော့ အဲဒါ မင်းအတွက် လမ်းပြပေတဲ့စရိတ်"

အချိုလေး ဝမ်းသာသွားလေသည်။

"ကျေးဇူးတင်ပါတယ်ရှင်"

ထို့နောက် အချိုလေးက မေးလိုက်ပြန်၏။

"ဒီကနေ ကောင်းကင်တောင်ထိပ်ကို နှစ်ရက်တော့ကြာမယ် ရှင်တို့ အစားအသောက်အတွက် ကြိုတင်ပြင်ဆင်ချင်သေးလား"

စုချန်းက ပြန်ဖြေလိုက်သည်။

"အစားအသောက်ကိစ္စက ပူစရာမလိုပါဘူးဗျာ ပြီးတော့ နှစ်ရက်လဲ ကြာစရာမလိုဘူး"

ပြောပြောဆိုဆို စုချန်း လက်ခုပ်တီးလိုက်ရာ စက္ကူဖြူသားရဲ လေထဲတွင် ထွက်ပေါ်လာ၏။

"သခင်"

ထူးဆန်းသောသတ္တဝါအား စိုက်ကြည့်ပြီး လူတိုင်း အံ့သြသင့်နေကြလေသည်။

စုချန်းက အမိန့်ပေးလိုက်သည်။

"သူမက မင်းတာဝန်ပဲ"

စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် စက္ကူဖြူအရုပ်၏ စက္ကူလက်တံများ တိုးထွက်လာပြီး စက္ကူလှေအဖြစ် ပြောင်းလဲသွားလေသည်။ စက္ကူလက်တံတခုကလည်း အချိုလေးအား ဆွဲခေါ်သွားပြီး လှေဝမ်းအတွင်း ပစ်ထည့်လိုက်သည်။

"အချိုလေး"

လူတိုင်း စိုးရိမ်ကုန်ကြ၏။

အချိုလေးကား လှေပေါ်တွင် အတိုင်းသား မတ်တပ်ရပ်လျက်ရှိသည်။ ထိုအခါကျမှ လူတိုင်း စိတ်သက်သာရကုန်ကြ၏။

ထိုအခါ စုချန်းက ပြောလိုက်သည်။

"ဘာကိစ္စမှမရှိတော့ဘူးဆိုရင်လဲ သွားကြမယ်"

စက္ကူလှေသည် လေပေါ်တွင် တအိအိနှင့် မြင့်တက်သွားပြီး ရှေ့တူရူသို့ ပျံသန်းသွားလေသည်။

***

All Chapters