တည်ဆောက်ခြင်း
Vol. 74 Ch. 735
စက္ကူလှေသည် လေဟုန်ကိုခွင်း၍ ပျံသန်းနေ၏။ စစ်သားများကား စက္ကူလှေနောက်မှ ထပ်ချပ်မကွာွာ လိုက်ပါနေကြလေသည်။ စက္ကူလှေသည် မြန်ဆန်လှသော်လည်း စစ်သားတိုင်း မှီအောင်လိုက်နိုင်ကြ၏။ နေမဝင်မီ ကောင်းကင်တောင်ထိပ်သ်ို့ရောက်လာသဖြင့် အချိုလေး ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
"ရောက်ပြီ ကျွန်မတို့ရောက်ပြီပေါ့ မြန်လိုက်တာ"
အချိုလေး ကယောင်ကတန်းနှင့် ရေရွတ်မိ၏။
"ဒီတော့ ဒါ ကောင်းကင်တောင်ထိပ်ပေါ့ ဟုတ်လား ရှုခင်းက အတော်ကို လှပေတာပဲ"
ရှုမောဖွယ်မြင်ကွင်းအား ငေးကြည့်ရင်း စုချန်း ပြောလိုက်သည်။
ကောင်းကင်တောင်ထိပ်ဟူသည် ဓားတသောင်းတောင်၏ အမြင့်ဆုံးနှင့် အလှပဆုံး တောင်ထိပ် ဖြစ်၏။ ဤတောင်ထိပ်မှ လှမ်းကြည့်လျင် ကောင်းကင်အား ဓားဦးဖြင့် ထိုးဖောက်သကဲ့သို့ ဖြစ်နေသော ဓားတသောင်းတောင်၏ တောင်ထွဋ်များကို အတိုင်းသား မြင်နေရလေသည်။ ကောင်းကင်ပြာပြာကြီး၏ အောက်ဝယ် မိုးထိအောင် မြင့်မားလှသော တောင်ထိပ်တွင် မြူများနှင့် ရစ်သိုင်းနေ၏။ မြင်ကွင်းမှာ ရှုမောဖွယ်ကောင်းပါဘိတောင်း။
မြင်ကွင်းအား အတန်ကြာအောင် ငေးကြည့်နေပြီး စုချန်းက နောက်လှည့်ကာ အောက်ပါအတိုင်း အော်ပြောလိုက်၏။
"ဒီနေ့ကစပြီး ဒီနေရာဟာ ကျုပ်တို့အိမ်ပဲ"
"ဟေး"
အိမ်အသစ်အား ချီးမြှောက်လိုက်သည့် ကြွေးကြော်သံ ပြိုင်တူထွက်ပေါ်လာ၏။
"ဒါပေမဲ့ ကျုပ်တို့ အနားယူလို့မရသေးဘူး ဒီမှာ နေဖို့ထိုင်ဖို့ ဘာမှ မရှိသေးဘူး ဒါကြောင့် ကျုပ်တို့အလုပ်လုပ်ရမယ် ပထမဆုံး လုပ်ရမဲ့အလုပ်ကတော့ တောင်ကိုဖြတ်တောက်ဖို့ပဲ"
ထိုအခါ စုချန်းနောက်တွင်ရပ်နေသည့် ချူးယင်ဝမ်၊ ကျန်မောက်စီအပါအဝင် ကျန်လူများက နောက်လှည့်ပြီး အော်လိုက်ကြသည်။
"အပြာရောင်တောင် ကျုပ်နောက်ကလိုက်ခဲ့"
"နဂါးတောင် ဒီလမ်းအတိုင်း သွားမယ်"
"ပင်လယ်တောင် ကျုပ်နောက်ကလိုက်ခဲ့"
အမိန့်သံများထွက်ပေါ်လာသည်နှင့် စစ်သားများသည် ညီညီညာညာပင် အုပ်စုခွဲလိုက်ကြပြီး ဆန့်ကျင်ဘက်လမ်းကြောင်းအသီးသီးသို့ ထွက်ခွာသွားကြလေသည်။
ဓားတသောင်းတောင်သို့မရောက်မီကတည်းက တာဝန်မှာ ခွဲဝေထားပြီးသား ဖြစ်သည်။ ထို့ကြောင့် မိမိဘာလုပ်ရမည်ကို စစ်သားတိုင်း နားလည်သဘောပေါက်ထား၏။ လူများလှသော်လည်း သူတို့အားလုံးသည် စနစ်ကျပြီး အမိန့်နာခံအားကောင်းလှပေသည်။
အချိုလေးမှာ မြင်ကွင်းကိုကြည့်ရင်း အံ့သြလျက်ရှိသည်။
ထိုအခါ စုချန်းက ပြောလိုက်၏။
"အချိုလေး လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခု မင်းတာဝန်ကျေပါပြီ ကျုပ်ရဲ့အစေခံ မင်းကို အိမ်ပြန်ပို့ပေးပါလိမ့်မယ်"
စက္ကူလှေသည် အောက်သို့တဖြည်းဖြည်း ဆင်းသက်လာ၏။
အချိုလေး ကပျာကသီ ထအော်လိုက်သည်။
"နေပါအုံး ဒီလောက်လဲ အလျင်လိုနေစရာမလိုပါဘူးလေ ရှင်တို့လူအများကြီး ဒီတောင်ပေါ်မှာ နေမယ်ဆိုတော့ အစားအသောက်နဲ့ရေ အများကြီးလိုမှာပေါ့ မဟုတ်ဘူးလား"
စုချန်း ခေါင်းခါပြလိုက်သည်။
"ကျုပ် ဒီအတွက် အားလုံးပြင်ဆင်ထားပါတယ်"
"ဒါဆို အဝတ်အစားတွေကော မလိုဘူးလား ဒီတောင်ပေါ်မှာ အရမ်းအေးတာရှင့်"
စုချန်း တဟဲဟဲ ရယ်မောလိုက်၏။
"ကျုပ်တို့ အအေးကို မကြောက်ပါဘူးဗျာ"
ထို့နောက် သူက အချက်ပြလိုက်ရာ စက္ကူလှေ မြေပြင်သို့ ဆင်းသက်လာလေသည်။
အချိုလေးက ခေါင်းမာမာပင် ထပ်ပြောလိုက်သည်။
"တကယ်ကော ဟုတ်လို့လား ပြစမ်းပါအုံးရှင်"
သို့သော် စုချန်းက သူမကို လစ်လျူရှုလိုက်၏။ အချိုလေး မတတ်သာပဲ လှေပေါ်သို့ တက်လိုက်ရ၏။
စစ်သားများသည် တောင်ထိပ်အား ဝန်းရံနေကြကြောင်း စက္ကူလှေပေါ်မှ အချိုလေး အတိုင်းသား မြင်တွေ့နေရသည်ည်။
သူတို့ ဘာလုပ်နေတာလဲ...
စစ်သားများ၏ လုပ်ရပ်ကို အချိုလေး နားမလည်နိုင်ပဲ ဖြစ်နေလေသည်။ သူမကြည့်နေစဥ်မှာပင် စစ်သားများ၏ တူးဆွမှုကြောင့် မြေပြင်တွင် နက်ရှိုင်းသော မြောင်းကြီးများ ပေါ်ပေါက်လာ၏။
စစ်သားရှစ်ထောင်၏ ပုဆိန်များသည် ပြိုင်တူလှုပ်ရှားနေ၏။
ကြည့်နေရင်းမှာပင် ၎င်းတို့ ဘာလုပ်ရန်ကြံစည်နေမှန်း အချိုလေး နားလည်သွားတော့သည်။
"မဖြစ်နိုင်ဘူး"
အချိုလေး၏ အမူအရာအား ကြည့်ရင်း စက္ကူလှေ ရယ်မောလိုက်၏။
"မင်း တွေးနေတာ အမှန်ပဲ တောင်ထိပ်ဟာ လူရှစ်ထောင်အတွက် ကျဥ်းလွန်းအားကြီးတယ် သူတို့ တောင်ထိပ်ကို ဖြိုပစ်ဖို့ လုပ်နေကြတာ ဒါဆို နေရာအကျယ်ကြီး ရလာမယ်လေ"
သိပ်မကြာမီ စုချန်း၊ ရှီက်ိုင်းဟွမ်နှင့် လီကုံးရှန်တို့ လေပေါ်သို့ ပျံတက်လာ၏။ တချိန်တည်းမှာပင် ကြီးမားသော လက်ဝါးကြီးတဖက် လေထဲတွင် ဖြတ်ခနဲ ပေါ်လာပြီး တောင်ကြီးအား ရိုက်ချလိုက်တော့သည်။ လက်ဝါးအားကြောင့် တောင်ထိပ်သည် ဝုန်းခနဲ ကျိုးပဲ့သွား၏။ ပြုတ်ကျလာသော ကျောက်စိုင်ကျောက်သားများကြောင့် ဓားတသောင်းတောင်နယ်မြေတခုလုံး သိမ့်သိမ့်တုန်သွားတော့သည်။
ကောင်းကင်တောင်ထိပ်သည် မူလအတိုင်း အမြင့်ဆုံးဖြစ်နေသည့့်တိုင် ယခင်ထက် သိသိသာသာ တိုသွားကြောင်း အချိုလေး သတိထားမိလိုက်သည်။ တောင်ထိပ်မြေပြင်မှာ သင်းဖြူးဖျာခင်းထားသည့့်နှယ် ချောမွေ့နေလေ၏။
မြေညှိခြင်းအလုပ်ကား ပြီးစီးသွားလေပြီ။ ဒုတိယအလုပ်မှာ အုတ်မြစ်ချပြီး အိမ်များ ဆောက်လုပ်ရန်ပင်။
မူလချီစွမ်းအားပညာရှင်များကိုယ်တိုင် အိမ်ဆောက်ခြင်းကို အချိုလေးတယောက်က် ကံအားလျော်စွာ မြင်တွေ့ခွင့်ရလိုက်၏။
အဆောက်အဦးပုံစံချခြင်းကို စုချန်း ကိုယ်တိုင်ပင် ဆောင်ရွက်လေသည်။ သူသည် လေပေါ်သို့ ဖြတ်ခနဲ ခုန်တက်ပြီး တောင်ခွဲဓားကို ဝေ့ယမ်းလိုက်လေရာ မြေကြီးပေါ်တွင် အုတ်မြစ်လိုင်းများ အတိုင်းသား ပေါ်လွင်လာ၏။
ထိုအခါ အကြီးစားလက်နက်များ ကိုင်ဆောင်ထားသည့့် စစ်သားများက စုချန်း လျာထားသည့့် အုတ်မြစ်လိုင်းများကို ပို၍ နက်ရှိုင်းအောင် တူးဆွကြပြန်သည်။ ချန်ထျန်းဟိုင်၏ တပ်ဖွဲ့ကား ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းအလုပ်မျိုးတွင် အသင့့်တော်ဆုံးပင်။
ထို့နောက် စစ်သားတိုင်း၏ လက်စွပ်အတွင်းမှ ကျောက်တုံးများအသီးသီး ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် ပုံပြီးသား ဖြစ်သွားလေသည်။
မြင်ကွင်းကိုကြည့်ရင်း အချိုလေး မျက်လုံးပြူးနေ၏။ ရှစ်ထောင်သော ငယ်သားတိုင်းတွင် မူလလက်စွပ်များ ရှိနေသည် ဆိုပါကလား။
အုတိမြစ်ချပြီးသည်နှင့် စစ်သားများသည် ကျောက်တုံးများကို စီကြပြန်၏။ မည်သူမှ ထိုင်နေခြင်း၊ ရေသာခိုနေခြင်း မရှိ။ တချို့မှာကား သစ်ပင်များကို တပင်ပြီးတပင် ခုတ်လှဲနေကြလေရာ အသံပေါင်းစုံ ထွက်ပေါ်နေတော့သည်။
၎င်းမှာ အချိိုလေး နောက်ဆုံး မြင်လိုက်ရသော မြင်ကွင်းပင်။ စက္ကူလှေသည် လေပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာလေရာ တိမ်ထုများက အချိုလေး၏ မြင်ကွင်းအား ပိတ်ဆို့လာသည် မဟုတ်ပါလား။
စစ်သားများကို စောင့်နေစရာမလိုသောကြောင့် စက္ကူလှေသည် ကနဦးကထက် ပို၍ မြန်ဆန်စွာ ပျံသန်းနေတော့သည်။ တောင်ပြားမြို့သည် အချိန်သိပ်မကြာပဲ သူတို့ ရောက်ရှိလာ၏။
အဖိုးကြီးသည် အချိုလေး အနည်းဆုံး နှစ်ရက်ခန့်ကြာပြီးမှ ပြန်ရောက်လာမည်ဟု တထစ်ချ ယူဆထားလေရာ အချိန်တိုအတွင်း ပြန်ရောက်လာသော သူမကို ကြည့်ပြီး မျက်လုံးပြူးနေတော့သည်။
အချိုလေးသည် နေရာမှာပင် တွေတွေကြီး ရပ်နေ၏။ သူမ၏ ပုံစံမှာ အရူးတယောက်က်နှင့် တူနေလေသည်။
အဖိုးကြိးက သူမြေးမလေးအား တွန်းလှုပ်ရင်း မေးလိုက်၏။
"အချိုလေး သူတို့ နင့်ကို ဘာမှမလုပ်လိုက်ဘူး ဟုတ်တယ်မလား"
အချိုလေး မျက်နှာ ရဲခနဲ ဖြစ်သွားပြီး အဖိုးအို၏ လက်များအား ပုတ်ထုတ်ကာ တောင်များရှိရာဆီသို့ ငူငူကြီး ငေးကြည့်နေလေသည်။
ထို့နောက် သူမ အောက်ပါအတိုင်း ရေရွတ်လိုက်၏။
"ကျွန်မ ဆုံးဖြတ်ချက်ချလိုက်ပြီ အဖိုး"
"ဘာ ဘယ်လို"
"ဟုတ်တယ် ကျွန်မ တောင်ပေါ်ကိုပြန်သွားပြီး သူတို့ကို သွားရှာမယ်"
"ဘာ အဓိပ္ပယ်မရှိလိုက်တာ သူတို့ ဘယ်သူမှန်းတောင် နင်မသိပဲနဲ့"
အဖိုးကြီး အချိုလေးအား မာန်မဲလိုက်လေသည်။
"ကျွန်မ သိခဲ့ပြီ သူတို့ အဲဒီမှာ နေကြမှာ အဲဒီမှာနေပြီး အဖွဲ့အစည်းတခု တည်ထောင်ကြမလို့တဲ့"
"အဖွဲ့အစည်းတခု တည်ထောင်မယ် ဟုတ်လား"
ထိုစကားလုံးကို အဖိုးအို ရင်းနှီးဟန်မတူ။
"ဟုတ်တယ် ကျွန်မ ဆရာတယောက် လိုချင်တယ် ပြီးရင် မူလချီစွမ်းအားနည်းစနစ်တွေ သင်ယူပြီး ချီစွမ်းအားပညာရှင်တယောက်က် ဖြစ်ချင်တယ်"
အချိုလေး၏ လေသံမှာ ခိုင်မာပြတ်သားနေ၏။
"သူတို့ နင့်ကို လက်ခံမှာမဟုတ်ဘူး"
"သူတို့ လက်ခံလိမ့်မယ် အဖိုး ရုပ်ချောချောသခင်လေးက ပြောတယ် အချုပ်အနှောင်မဲ့အဖွဲ့ဟာ လူတယောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို ဂရုမစိုက်ိုက်ဘူးတဲ့ ကံပါရင် လူတိုင်း သူတို့အဖွဲ့ထဲ ဝင်နိုင်တယ်တဲ့"
________________×××_______________×××_________
ကောင်းကင်တောင်ထိပ်တွင်တော့ ကြီးမားလှသည့်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ၏။
အဝေးမှလှမ်းကြည့်လျင် မရေမတွက်နိုင်သောလူများ ထူးဆန်းသည့် တည်ဆောက်ရေးကိရိယာများဖြင့် အဆောက်အဦးများ ဆောက်လုပ်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။ ၎င်းတို့သည် ဝိညာဥ်လက်နက်များအ ပျံသန်းရန် အသုံးပြု၏။ မူလနည်းနစ်များအား ဖြတ်တောက်ခုတ်ထစ်ရန် အသုံးပြု၏။ မူလလက်စွပ်များအား သယ်ဆောင်ရေးအတွက် အသုံးပြု၏။ စုချန်းကား လူတိုင်းကို အသေးစိတ် အမိန့်ပေးလျက် ရှိသည်။
လူတိုင်းတက်ညီလက်ညီ အလုပ်လုပ်နေကြခြင်းကြောင့် အဆောက်အဦးများသည် ပုံကြမ်းအဆင့်မှ မျက်စေ့နှင့် တွေ့မြင်နိုင်သော အဆင့်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာတော့သည်။
ပထမတရက်တွင် အုတ်မြစ်ချခြင်းကိစ္စ ပြီးစီးသွား၏။ ဒုတိယနေ့တွင် အဆောက်အဦးပုံကြမ်းကို မြင်တွေ့နေရပြီ ဖြစ်သည်။ တတိယမြောက်နေ့တွင်တော့ အချုပ်အနှောင်မဲ့အဖွဲ့၏ ပင်မအဆောက်အဦး အလုံးစုံ ပြီးစီးသွား၏။
ပင်မအဆောက်အဦးမှာ ပေတရာမြင့်ပြီး ငါးထပ်ပါ၏။ ပင်မအဆောက်အဦး ပြီးစီးသွားသော်လည်း တည်ဆောက်ရေးလုပ်ငန်းများမှာ မပြီးစီးသေး။ စစ်သားများသည် ပင်မအဆောက်အဦး၏ ပတ်ပတ်လည်တွင် အဆောက်အဦးငယ်များ ဆက်လက်တည်ဆောက်ရပြန်သည်။
ရက်တချို့အကြာတွင်တော့ ကောင်းကင်တောင်ထိပ်တွင် အဆောက်အဦးများ ဝေဝေဆာဆာ ပေါ်ထွန်းလာတော့သည်။
"ဒီအတိုင်းဆိုရင်တော့ ခုနှစ်ရက်လောက်အတွင်း အကုန်ပြီးစီးသွားမဲ့ သဘောရှိတယ်"
စုချန်းက မြင်ကွင်းအားကြည့်ရင်း ရေရွတ်လိုက်လေသည်။
"အံ့သြလောက်စရာပဲ"
လီကုံးရှန် မအံ့သြပဲမနေနိုင်တော့။
များပြားလှသော အဆောက်အဦးီးများအား ခုနှစ်ရက်အတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့သည်မှာ ရင်သပ်ရှုမောစရာပင်။ ဤကမ္ဘာကြီးတွင် အဆင့်လွန်စွမ်းအားများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် လီကုံးရှန်အတွက် ဤစွမ်းဆောင်ရည်မျိုးက အံ့သြစရာ ဖြစ်နေဆဲပင်။
ထိုစဥ်...
"ခေါင်းဆောင်ကြီးခင်ဗျာ အမျိုးသမီးတဦး တွေ့ခွင့်တောင်းနေပါတယ်"
"အမျိုးသမီးဟုတ်လား ဘယ်သူလဲ"
"လွန်ခဲ့တဲ့နှစ်ရက်က လမ်းပြပေးခဲ့တဲ့ အမျိုးသမီးပါ"
"ဟေ သူ ဘာလာလုပ်တာလဲ"
စုချန်း အံ့သြသွား၏။
သတင်းပို့သူက ပြန်ဖြေလိုက်သည်။
"ခေါင်းဆောင်ကြီးဆီမှာ တပည့်ခံပြီး အဖွဲ့ထဲ ဝင်ချင်ပါသတဲ့ခင်ဗျာ"
စုချန်း ထပ်မံအံ့သြသွားပြန်သည်။ ပြီးမှ သူက ရယ်မောပြီး အောက်ပါအတိုင်း ပြန်ပြောလိုက်၏။
"အဖွဲ့ထဲ ဝင်မလို့ ဟုတ်လား ကျုပ်တို့က ဆိုင်တောင်မဖွင့်ရသေးဘူး စျေးဝယ်သူက တံခါးလာခေါက်နေပြီ"
ထိုစကားကြောင့် လူတိုင်း အော်ဟစ်ရယ်မောလိုက်ကြသည်။
"ဒီတော့ ကျုပ်တို့ သူ့ကို လက်ခံကြမလား ခေါင်းဆောင်ကြီး"
"ဒါပေါ့ ဘာကြောင့်လက်မခံရမှာလဲ"
"ကျုပ်တို့အနေနဲ့ အဖွဲ့ဝင်ရဲ့ ပင်က်ိုယ်ပါရမီကို မဆန်းစစ်တော့ဘူးလား ခေါင်းဆောင်ကြီး"
***