← Chapters

လမ်းခွဲ

Vol. 74 Ch. 739

လမ်းခွဲ

Vol. 74 Ch. 739

ဝမ်းသာအားရ ဟစ်ကြွေးနေသော အနက်ရောင်နတ်ဆိုးသည် သူ့ဘေးနားရှိ လူတစုကို မြင်သောအခါ နဝေတိမ်တောင် ဖြစ်သွား၏။

အမှောင်ထု၏ စစ်မှန်သော ဖြစ်တည်မှုဖြစ်သော အနက်ရောင်နတ်ဆိုးသည် ရန်သူများ၏ အင်အားကို ချက်ချင်းပင် ခံစားမိလေသည်။ ၎င်းတို့၏ ကွဲပြားခြားနားသော စွမ်းအင်သိပ်သည်းဆကို အမှောင်ထဲတွင် ဖယောင်းတိုင် ထွန်းညှ်ိထားသည့်ပမာ သူ သဲသဲကွဲကွဲ မြင်တွေ့နေရသည် မဟုတ်ပါလား။

တဆက်တည်းမှာပင် သူ့ရှေ့တည့့်တည့်ရှိ လူသား၏ စွမ်းအင်သည် မီးတောင်မှ မီးလျံများပမာ ထိန်ထိန်ညီးနေကြောင်း သူ သတိထားမိလိုက်၏။

သေစမ်း...တကယ့်ကောင်တွေ စုဝေးနေတာပါလား...

သွားပြီ...ငါ ထောင်ချောက်မိပြီနဲ့တူတယ်...

အနက်ရောင်နတ်ဆိုးသည် အခြေအနေကို ချက်ချင်းပင် သဘောပေါက်လိုက်၏။ ထို့နောက် သူက နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ များစွာ နောက်ကျသွားခဲ့လေပြီ။

တိုက်ပွဲမှာ ဘာမှပင်မကြာလိုက်။ အနက်ရောင်နတ်ဆိုး၏ တကိုယ်လုံး မူလပစ္စည်းအဖြစ် လုံးချေခံလိုက်ရကာ စုချန်း၏ သိမ်းဆည်းခြင်း ခံလိုက်ရ၏။

"ဟား ဟား အောင်ပြီကွ"

ထို့နောက် စုချန်းသည် အနက်ရောင်မူလပစ္စည်းအား ကျန်မောက်စီလက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။

"ဒီနေ့ကစ ဒီတံခါးပေါက်ကိုသုံးပြီး ကျုပ်တို့ အမှောင်မူလပစ္စည်းတွေ စုဆောင်းကြမယ် ကျုပ် ခင်ဗျားကို မူလစွမ်းအင်လျပ်ကူးကိရိယာ ဘယ်လိုလုပ်ရသလဲ သင်ပေးပြီးပြီဆိုတော့ ကျန်တာ ခင်ဗျားအပိုင်း ဖြစ်သွားပြီ"

၎င်းမှာ မူလအရိုးထံမှာ စုချန်း ထပ်မံရရှိထားသော နည်းလမ်းပင်။

အချုပ်အနှောင်မဲ့အဖွဲ့အား တည်ထောင်ပြီးနောက် စုချန်းသည် အဖွဲ့၏ တိုးတက်ရာတိုးတက်ကြောင်းအတွက် စဥ်ဆက်မပြတ် တွေးတောကြံဆနေရ၏။ အဖွဲ့အစည်းတခု၏ တိုးတက်ရေးအတွက် အရင်းအမြစ်ပြီးလျင် နောက်ထပ်အရေးကြီးသည်မှာ ကျင့်ကြံခြင်းနည်းစနစ်များပင် ဖြစ်သည်။

ခြောက်ပြစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် ထူးကဲသော်လည်း ၎င်းတခုတည်းနှင့်တော့ မလုံလောက်ချေ။ သွေးနီဥပြိုကွဲဆေးမင်မှာလည်း အဆင့်နိမ့်ကျင့်ကြံသူများအတွက်သာ အသုံးတည့်၏။ ထို့ကြောင့် စုချန်းက မူလစွမ်းအင်လျပ်ကူးကိရိယာအား အသုံးချရန် ကြံစည်လိုက်ခြင်းပင်။

ကံမကောင်းသည်မှာ စုချန်း၏ အအောင်မြင်ဆုံး လျပ်ကူးကိရိယာမှာ အရိပ်လျပ်ကူးကိရိယာဖြစ်နေ၏။ အရိပ်မူလပစ္စည်းမှာ ရဖို့ရန် မလွယ်။ ထို့ကြောင့် စုချန်းသည် မူလအရိုးကို အသုံးပြုကာ အဖြေရှာလိုက်၏။ ထို့နောက် သူက အမှောင်ထုတံခါးပုံစံကွက်အား တိုက်ရိုက်ရေးဆွဲပြီး အမှောင်နတ်ဆိုးအား ဆင့်ခေါ်ကာ သတ်ဖြတ်လိုက်ခြင်းပင်။ ထိုအတွက် ပုံစံကွက်ကြီးတခုလုံးအား မြင်ရုံနှင့် မှတ်မိနိုင်သည့့် စိတ်ဝိညာဥ်သလင်းကိုပင် ကျေးဇူးတင်ဖို့ကောင်းနေပေသေးသည်။

ထို့ပြင် အရိပ်တံခါးမူလပုံစံကွက်သည် ရှေးနှစ်ပေါင်းများစွာက တည်ရှိနေခဲ့ခြင်း ဖြစ်လေရာ ဟောကိန်းအတွက် စတေးကုန်ကျစရိတ်မှာ အံ့သြစရာကောင်းလောက်အောင်ပင် နည်းပါးနေ၏။ ၎င်းကိုကြည့်ပြီး မူလအရိုးကို သင်တင့်လျောက်ပတ်အောင် သုံးနိုင်ပါက ကုန်ကျစရိတ်က ဘာမှမဟုတ်မှန်း စုချန်း ထပ်မံသိလိုက်ရပြန်သည်။

မူလစွမ်းအင်လျပ်ကူးကိရိယာအား ပြုလုပ်ပြီးသည်နှင့် စုချန်းသည် မီးလျံငှက်နည်းစနစ်အား မှတ်တမ်းတင်ပြီး အချုပ်အနှောင်မဲ့အဖွဲ့၏ နောက်ကျောရှိ ဂူထဲတွင် သိမ်းဆည်းထားလိုက်၏။

ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်သည် ကနဦးကျင့်ကြံခြင်းနည်းစနစ်ဖြစ်၍ အဖွဲ့သို့ဝင်ရောက်လာသည့့် အဖွဲ့ဝင်တိုင်း လေ့ကျင့်သင်ယူခွင့်ရှိပေသည်။ ထို့နောက် မူလစွမ်းအင်လျပ်ကူးကိရိယာအား လက်ဆင့်င့်ခံယူရန် လူတိုင်း ခြောက်ပြစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို အတိုင်းအတာတခုထိ ပေါက်မြောက်အောင် လေ့ကျင့်ကြရပေသည်။ ထို့နောက် အဆင့်တခုသို့ရောက်မှ မူလစွမ်းအင်လျပ်ကူးကိရိယာအား ဆုလာဘ်အဖြစ် လက်ခံကြရ၏။

မီးလျံငှက်နတ်ဘုရားနည်းစနစ်မှာမူကား အဆင့်မြင့်အဖွဲ့ဝင်များအတွက် ဖြစ်လေသည်။

အဆိုပါနည်းလမ်းသည် အဖွဲ့၏ စည်းလုံးမှုနှင့် ကြိုးစားလိုစိတ်ကို တွန်းအားပေးစေ၏။ ဆုလာဘ်မှန်သမျှကို ဘုံးပလအောပေးလိုက်ပါက ပေါသွားမည်မဟုတ်ပါလား။

လက်ရှိတွင် စုချန်းအနေနှင့် အဖွဲ့ဝင်များကို နည်းစနစ်အနည်းငယ်မျှကိုသာ သင်ကြားပေးနိုင်သေးသည်။ သို့သော် စိတ်ဝိညာဥ်သလင်း၊ မူလအရိုးတို့၏ အကူအညီဖြင့် စုချန်းသည် အနာဂတ်တွင် ယခုထက်ပိုမိုသော လျှို့ဝှက်နည်းစနစ်များကို တွေ့ရှိလာအုံးမည်သာ။ အချုပ်အနှောင်အဖွဲ့ ပိုင်ဆိုင်သော ကျင့်ကြံရေးနည်းစနစ်များလည်း တဖြည်းဖြည်း တိုးပွားလာမည်သာ။ အဆိုပါ နည်းစနစ်များသည်လည်း သားစဥ်မြေးဆက် လက်ဆင့်ကမ်းခြင်းခံရပေလိမ့်မည်။

အမှောင်ထုတံခါးအား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ အချုပ်အနှောင်မဲ့အဖွဲ့အတွက် အရင်းအမြစ်တခု ဖူလုံသွားပြီ ဖြစ်သည်။

ထိုအခါ စုချန်းသည် မူလအရိုးအား နောက်ထပ်ဟောကိန်းတခု ထုတ်စေပြန်၏။

ဤတကြိမ်တွင် ကမ္ဘာဦးသွေးပုံရိပ် ပိိုမိုတိုးတက်လာစေမည့် နည်းလမ်းကို မေးမြန်းလိုက်ခြင်းပင်။

ကမ္ဘာဦးသွေးပုံရိပ်သည် စုချန်းပိုင်ဆိုင်ထားသည့် အင်အား၏ မူလဘူတအရင်းအမြစ် ဖြစ်နေ၏။ သို့သော် အဆိုပါ နည်းလမ်းအား မည်သို့တိုးတက်အောင်ပြုပြင်ရန်၊ လူတိုင်းအသုံးပြုနိုင် မည်သို့ဖန်တီးရန်မှာ စုချန်းအတွက် ပြသနာကြီးတရပ်ပင် ဖြစ်သည်။

ကမ္ဘာဦးသွေးပုံရိပ်အား ကျန်းစီချွေ့၏ သမိုင်းမတိုင်မီသားရဲကြီး လျူယွဲ့သွေးဗီဇကိုသုံးကာ စုချန်း ဖန်တီးခဲ့ခြင်းပင်။ သို့သော် စုချန်းသည် ရေနှင့်ပတ်သက်၍ ကျွမ်းကျင်မှုမရှိ။ ထို့ကြောင့် လျူယွဲ့၏ ချဲ့ကားနိုင်သော စွမ်းရည်ကိုသာ ခွဲထုတ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် စုချန်း၏ ကျင့်ကြံခြင်းနယ်ပယ်ကသာ ပိုမိုမြင့်မားလာသည်။ ကမ္ဘာဦးသွေးပုံရိပ်ကို ပို၍တိုးတက်လာအောင် လက်ရှိအချိန်ထိ စုချန်း မဖန်တီးနိုင်သေး။

သင့်တင့်လျောက်ပတ်သော စတေးမှု ပြုလုပ်ပြီးသည်နှင့် စုချန်း အောက်ပါအတိုင်း မေးခွန်းထုတ်လိုက်လေသည်။

"ကျုပ် ကမ္ဘာဦးသွေးပုံရိပ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ရောက်ရင် အခုထက် ပိုနားလည်သွားမလဲ"

စတေးခံပစ္စည်းများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သိပ်မကြာမီပင် စုချန်းတယောက်က် ကမ္ဘာဦးသွေးပုံရိပ်၏ လမ်းခွဲကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

ယခုမှစတင်၍ နောင်သုံးနှစ်အကြာတွင် ကမ္ဘာဦးသွေးပုံရိပ်၏ လမ်းခွဲကို စုချန်း ရှာဖွေတွေ့ရှိသွားမည် ဖြစ်သည်။ မြင်ကွင်းကြောင့် စုချန်း ဝမ်းသာသွား၏။

တဖန် သူသည် စတေးခံပစ္စည်းတချို့ကို ပလ္လင်ပေါ်တွင် ထပ်မံစုပုံလိုက်ပြီး မူလအရိုးအား မေးခွန်းထုတ်လိုက်ပြန်သည်။

"ကျုပ် ကမ္ဘာဦးသွေးပုံရိပ်နဲ့ ပတ်သက်ပြီး ဘယ်အချိန်ကျရင် ခုထက်ပို နားလည်သွားမလဲ"

ကနဦးမေးခွန်းနှင့် တထပ်တည်းတူညီနေသော မေးခွန်းကို စုချန်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ဤတကြိမ်တွင်တော့ မြင်ကွင်းမှာ မတူညီတော့သလို အဖြစ်အပျက်မှာလည်း ပြောင်းလဲသွားပြီ ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းကလည်း သိပ်တော့မဆန်းလှ။ ပထမမေးခွန်း၏ အဖြေကို သိလိုက်ကတည်းက ကမ္ဘာဦးသွေးပုံရိပ်နှင့်ပတ်သက်၍ စုချန်း၏ အသိပညာမှာ သုံးနှစ်စာခန့် တိုးပွားသွားပြီ ဖြစ်သည်။ တနည်းအားဖြင့် ထိုအဖြေသည် သုံးနှစ်ဟူသော အချိန်ကို ချုံ့ပစ်လိုက်သည်နှင့် အတူတူသာ။ ထို့ကြောင့် ဒုတိယမေးခွန်းမှ မြင်ကွင်းသည် နောက်အနာဂတ်သုံးနှစ်တွင် ဖြစ်ပျက်မည့် မြင်ကွင်း မဟုတ်တော့။ သိပ်မဝေးလှသည့်ကာလတွင် ဖြစ်ပျက်မည် မြင်ကွင်းကိုသာ မူလအရိုးက ပြသလိုက်ခြင်း ဖြစ်သည်။

၎င်းကိုထောက်လျင် အနာဂတ်သည် အမြဲတမ်းပြောင်းလဲနေသည်ဟု ပြော၍ပင် ရနိုင်ပေသည်။ မူလအရိုးက စုချန်းကို အဖြေတခု ထုတ်ပေးလိုက်တိုင်း ထိုအဖြေနှင့် ပတ်သက်သည့် အနာဂတ်မှာလည်း အမြဲတစေ လိုက်၍ပြောင်းလဲသွားတော့မည်သာ။ သို့သော် အဖြေကိုကြိုတင်သိရှိထားသည့်တိုင် လိုအပ်သည့်စမ်းသပ်မှုကိုတော့ စုချန်း မဖြစ်မနေဆောင်ရွက်ရအုံးဖြစ်လေရာ အနာဂတ် ပြောင်းသွားသည်ဟုဆိုသော်ငြား စုချန်း ကျော်ဖြတ်ရမည့် စမ်းသပ်မှုကတော့ မပြောင်းလဲချေ။ စုချန်း အမှန်တကယ် ရရှိမည့် အောင်မြင်မှုကလည်း ရကိုရမည်သာ။ ထို့ကြောင့် အချိန်ကာလအားဖြင့် ကျုံ့သွားခြင်းမျိုးသာဖြစ်ပြီး ကျန်အရာများကတော့ ပြောင်းလဲသွားသည်ဟု တထစ်ချဆို၍မရချေ။

ကမ္ဘာဦးသွေးပုံရိပ်နှင့်ပတ်သက်၍ သုံးကြိမ်တိုင်တိုင် မေးခွန်းထုတ်ပြီးနောက် စုချန်း ထပ်မမေးတော့။

မည်မျှပင် ညဏ်ကောင်းသည်ဖြစ်စေ အသိပညာများကို ပြန်လည်သုံးသပ်ရန် အချိန်တခုတော့ လိုသည် မဟုတ်ပါလား။

နောက်ရက်များတွင်တော့ စုချန်းသည် သူ၏ သုတေသနလုပ်ငန်းထဲတွင် ပြန်လည်နစ်မြုပ်သွားပြန်၏။ တကယ်တော့ စုချန်းတယောက်က် တွန့်ကျန်ချန်းအား အမှန်အတိုင်း ပြောခဲ့ခြင်းပင်။ သူ့အတွက် သုတေသနလုပ်နေရသော နေ့ရက်တိုင်းလိုလိုသည် ပျော်ရွှင်ကြည်နူးဖွယ်ရာအတိ ဖြစ်နေသည် မဟုတ်ပါလား။ သူ ရှာဖွေ့တွေ့ရှိသမျှ ၊ သူ တီထွင်ဖန်တီးလိုက်သမျှသော အရာရာတိုင်းသည် သူ့အား အတိုင်းမသိ ပီတိဖြာစေ၏။

ကမ္ဘာလောကကြီး၏ တုနှိုင်းမဲ့ဆန်းကြယ်မှုများ၊ အနှိုင်းအဆမရှိ လျှို့ဝှက်မှုများ၊ ၎င်းတို့ မည်သ်ို့မည်ပုံအလုပ်လုပ်နေသည် ပို၍သိလာလေလေ စုချန်းကား ကိုယ့်ကိုယ်ကို ဂုဏ်ယူ၍ မဆုံးပင်။

လဝက်ခန့်အကြာတွင် စုချန်းသည် ကမ္ဘာဦးသွေးပုံရိပ်သုတေသနအား အဆုံးသတ်နိုင်လိုက်၏။

စမ်းသပ်ခန်းထဲမှ ထွက်လာရင်း စုချန်းက အော်ခေါ်လိုက်သည်။

"သေမင်းအရိပ်"

"ကျုပ်ရှိပါတယ်သခင်"

ထူးသံနှင်အတူ သေမင်းအရိပ် တံခါးနောက်ကွယ်မှ ပေါ်လာ၏။ သံမဏ်ိိကား ဌာနေပြန်သွားပြီဖြစ်၍ သေမင်င်းအရိပ်သည်ပင် စုချန်း၏ လက်ထောက်တာဝန်ကို ထမ်းဆောင်နေရလေသည်။

"နတ်ဆိုးသားရဲတချို့ကို သွားဖမ်းခဲ့စမ်းကွာ ကျုပ် သူတို့ကို အရှင်လိုချင်တယ်"

"ဘယ်လိုနတ်ဆိုးသားရဲမျိုးတွေလဲ သခင်"

"နတ်ဆိုးသားရဲတွေကတော့ အများကြီးပဲပေါ့ ကျုပ် တမျိုးကို တကောင်စီလောက် လိုချင်တယ် ကျုပ် အမှတ်မထားမိတဲ့ တမျိုးတလေလောက်ကျန်ခဲ့ရင်လဲ သတိပေးဖို့ မင်းက တခြားလူတွေကို ပြောလိုက်ပါ"

"ကောင်းပါပြီသခင်"

စုချန်း၏ အမိန့်ကြောင့် နယ်မြေတခုလုံးရှိ နတ်ဆိုးသားရဲများ ကံဆိုးကုန်ကြတော့သည်။ နေ့စဥ်လိုလို စုချန်း၏ စမ်းသပ်ခန်းသို့ အမျိုးမျိုးသော သားရဲများ တဖွဲဖွဲ ရောက်ရှိလာ၏။ ၎င်းတို့၏ ကံကြမ္မာကား စုချန်း၏ လက်ဝယ်တွင်သာ ရှိလေသည်။

ရက်တချို့အကြာတွင်တော့ အချုပ်အနှောင်မဲ့အဖွဲ့၏ အစည်းအဝေးခန်းမစားပွဲခုံကြီးပေါ်တွင် ကျင့်ကြံခြင်းနည်းစနစ်သစ်တရပ်အား ရေးသားထားသည့်စာရွက်တချို့ ရောက်ရှိလာခဲ့လေသည်။

"ဒါ ဘာများလဲကွ"

လီကုံးရှန်က မေးခွန်းထုတ်လိုက်သည်။

"ကျုပ်နောက်ဆုံးလုပ်ထားတဲ့ သုတေသနပဲ ဆိုပါတော့ ဒီနည်းစနစ်က နတ်ဆိုးသားရဲတွေရဲ့ သွေးဗီဇစွမ်းရည်ကို ဆွဲထုတ်ပြီး ကျုပ်တို့အတွက် အသုံးပြုနိုင်အောင် ကူညီပေးလိမ့်မယ်"

"ဟင် မင်းဟာက ကျုပ်တို့လူသားတွေမှာ နဂိုကတည်းက ရှိပြီးတဲ့ သွေးဗီဇအမွေဆက်ခံခြင်းနဲ့ တူတူပဲ မဟုတ်ဘူးလား ဘာများကွာခြားနေလို့လဲ"

"အများကြီး ကွာတာပေါ့ဗျာ ခင်ဗျားပြောတဲ့ဟာက သူ့နာမည်အတိုင်းပဲ သွေးဗီဇကို မျိုးရိုးစဥ်ဆက် အမွေဆက်ခံမှသာ ရရှိနိုင်မဲ့ စွမ်းအားမျိုး ကျုပ်နည်းလမ်းကတော့ ဘာသွေးသားတော်စပ်နေစရာမှ မလိုဘူး သူ့နည်းလမ်းက ဒီအတိုင်းကို သွေးဗီဇစွမ်းအင်က်ို ကျုပ်တို့ ရရှိနိုင်တဲ့နည်းလမ်းမျိုး တနည်းအားဖြင့် ဒီနည်းလမ်းကြောင့် ရရှိမဲ့ စွမ်းအားက ဆွေစဥ်မျိုးဆက် လက်ဆင့်ကမ်းမသွားဘူး"

"ဒီလိုကျတော့ ကြားရတာ အရင်နည်းလမ်းဟောင်းလောက်တောင် မကောင်းသလိုပါပဲလားကွ"

ကျန်မောက်စီက ခေါင်းခါရင်း ပြောလိုက်သည်။

သို့သော် စုချန်း၏ အမူအရာမှာ လေးနက်နေ၏။

"ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ ဒီနည်းလမ်းဟာ ဆွေစဥ်မျိုးဆက် သွေးဗီဇကို အမွေဆက်ခံသွားတာမျိုး လုံးဝမဟုတ်ပဲ ကျင့်ကြံခြင်းနည်းစနစ်တရပ်သက်သက်ဖြစ်နေလို့ပဲ ဒီနည်းလမ်းကနေ နှောင်းလူတွေကို လက်ဆင့်ကမ်းသွားမှာက တချက်ပဲရှိတယ် အဲတာကတော့ ဒီကနေ ကျုပ်တို့ အမျိုးမျိုးသော နတ်ဆိုးသားရဲသွေးဗီဇစွမ်းရည်တွေကို သင်ယူနိုင်လာလိမ့်မယ်"

လူတိုင်းမျက်လုံးပြူးသွား၏။

"မင်းဆိုလိုတာ"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ဒီနည်းလမ်းက အမျိုးမျိုးသော နတ်ဆိုးသားရဲသွေးဗီဇစွမ်းအင်တွေ ကျုပ်တို့ ရရှိလာအောင် ကူညီပေးလိမ့်မယ်"

"ဒါဆို အဲဒီစွမ်းအင်တွေအချင်းချင်း ပဋိပက္ခမဖြစ်နိုင်ဘူးလား"

"ဒါ ကျင့်ကြံခြင်းနည်းစနစ်သက်သက်ပဲ သွေးဗီဇကို အမွေယူလိုက်တာမဟုတ်ဘူး ဒါကြောင့် ဘယ်လိုမှ မဖြစ်နိုင်ဘူး"

လူတိုင်း အတိုင်းမသိ ဝမ်းသာကုန်ကြလေပြီ။

လီဖန်းးက ဝင်မေးလိုက်ပြန်သည်။

"ဒီနည်းစနစ်ကိုသာ ကျင့်ကြံသွားရင် ကျုပ်တို့ အမျိုးမျိုးသော သွေးဗီဇတွေ ရလာနိုင်တာပေါ့နော်"

စုချန်း ပြုံးလိုက်သည်။

"သီအိုရီအရတော့ ဟုတ်တယ်ပေါ့ကွာ ပြီးတော့ ဒီနည်းစနစ်က အမွေလက်ဆင့်ကမ်းသွားတာမျိုး မဟုတ်တဲ့အတွက် သွေးဗီဇလို့ သုံးဖို့တော့ မသင့်ဘူး ကျုပ်တို့ တခြားနာမည်တခုခု ပေးသင့်တယ်"

ရှီကိုင်းဟွမ်က မေးလိုက်ပြန်၏။

"ဒီတော့ မင်းက ဘယ်လိုနာမည်များ ပေးချင်လို့တုန်း"

***

All Chapters