ရုပ်သေးရုပ်
Vol. 74 Ch. 740
ကျန်းလူ၏နောက်ကျောတွင် ကြီးမားသော မီးလျံလင်းတကြီးတကောင် "မဟာ"ပုံရိပ်ယောင် ရှိနေ၏။ ၎င်းသည် အတောင်နှစ်ဖက်ကို ဖြောင်းဖြောင်းမည်အောင် ခတ်ပြီး ကောင်ကင်ပေါ်သို့ မီးတောက်မီးလျံများအား မှုတ်ထုတ်နေတော့၏။
"တိုက်စမ်း"
ကျန်းလျူ၏ ကျယ်လောင်သောအသံ ထွက်ပေါ်လာ၏။ အော်သံထွက်ပေါ်လာသည်နှင့် မီးလျံလင်းတကြီးသည် အတောင်ခတ်ကာ ရှေ့သို့ ပျံသန်းသွား၏။ ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်နေသောအရာမှာကား တိုက်ပွဲဝင်ကြံကြီးတကောင်၏ ပုံရိပ်ယောင်ပေနည်း။ ကြံကြီး ခွာတချက်ပေါက်လိုက်တိုင်း မြေကြီးမှာ သိမ့်သိမ့်တုန်နေ၏။
မီးလျံလင်းတကြီးသည် ကြံ့ကြီး၏ ကြောက်မက်ဖွယ်အင်အားကို ခုခံနိုင်ခြင်းမရှိပဲ ချက်ချင်း အရှုံးနှင့် ရင်ဆိုင်လိုက်ရလေသည်။ ကြံ့ကြီးသည် ရှေ့သို့တဟုန်ထိုး ပြေးဝင်လာ၏။ သို့သော် ကျန်းလျန်ကား အနည်းငယ်မှ ထိတ်ထိတ်ပြာပြာ မဖြစ်။ သူက လက်နှစ်ဖက်က်ို လှုပ်ရှားလိုက်လေရာ မီးလျံတောင်ပံများ ထွက်ပေါ်လာပြီး သူ့အား လေပေါ်သို့ ခေါ်ဆောင်သွားတော့သည်။
ကျန်းလျန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်၍ လေပေါ်တွင် ပျံသန်းနိုင်ခြင်းမရှိ။ မီးလျံလင်းတကြီး၏ အစွမ်းကြောင့်သာ လေဟုန်စီးနိုင်ခြင်း ဖြစ်သည်။
လေထဲတွင် လှည့်ပတ်ပျံသန်းရင်း ကျန်းလျန်သည် မြေပြင်ရှိ သူ့ပြိုင်ဘက်အား မီးလုံးကြီးများဖြင့် ဆက်လက်တိုက်ခိုက်နေလေသည်။
"မင်း အရှက်မရှိဘူး"
ကျန်းလျန် အားရပါးရ ရယ်မောလိုက်သည်။
"ကျုပ်ရဲ့ မီးလျံလင်းတဟာ မင်းရဲ့ သံချပ်ကာကြံ့ကြီးထက် အားနည်းတယ်လေကွ ကျုပ်အနေနဲ့ ဒီလိုပဲ တိုက်ခိုက်ရမှာပေါ့"
"ထွီ ဝိညာဥ်လက်နက်ကိုသာ သုံးခွင့်ပေးထားရင် မင်း မြေကြီးပေါ် ပြုတ်ကျနေလောက်ပြီ"
မြေပြင်ရှိ ကျန်းလျန်၏ ပြိုင်ဘက်က မကျေမချမ်းနှင့် ရေရွတ်လိုက်၏။
ကျန်းလျန်၏ ပြိုင်ဘက်မှာ ဝမ်ယွင်ခန်းအမည်ရှိ လူငယ်ဖြစ်ပြီး စုချန်း၏ ဓားအစေခံ ၇၃အနက်မှ တဦးပင်။
"ကျုပ်တို့အခု မဟာပုံရိပ်တွေ ယှဥ်နေတာလေကွာ ဝိညာဥ်လက်နက်ခြင်းပြိုင်နေတာမှ မဟုတ်ပဲ"
ကျန်းလျန်၏ လေသံတွင် ဂုဏ်ယူဟန်များ ရောစွက်နေ၏။
"အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ကျုပ်ရောက်သွားရင် လေပေါ်မှာ ပျံနိုင်ပြီကွ မင်းရဲ့ မီးလျံလင်းတက အဲဒီအချိန်ကျရင် အသုံးမဝင်တော့ဘူး"
"အဲဒီကျတော့လဲ ကျုပ်က မဟာစွမ်းအင် သုံးလေးမျိုးလောက် ပေါင်းစပ်ပြီး သုံးမှာပေါ့ကွ"
ထို့နောက် သူတို့နှစ်ယောက်သည် ရှေ့တိုးနောက်ဆုတ်လုပ်ကာ ဆက်လက်တိုက်ခိုက်ကြပြန်၏။ သူတို့၏ တိုက်ခိုက်မှုမှာ အားမာန်ပါလှသည်။ သူတို့တိုက်ခိုက်ပုံတွင် သူတို့၏ ကိုယ်ပိုင်မဟာစွမ်းအင်များကို အထင်းသား မြင်တွေ့နိုင်ပေသည်။
အကြောင်းမှာ လူတိုင်း၏ မဟာရုပ်တုများမှာ မတူညီသောကြောင်း ပိုင်ဆိုင်ခွင့်ရရှိသော မဟာစွမ်းအင်မှာလည်း ကွဲပြားခြားနားနေခြင်းပင်။ ဥပမာ ကျန်းလျန်၏ ရုပ်ပိုင်းဆိုင်ရာသည် မီးလျံလင်းတ၏ မဟာရုပ်တုနှင့် ပို၍ လိုက်ဖက်ညီနေ၏။ ထို့ကြောင့် ၎င်းကို သူ ရွေးချယ်လိုက်ခြင်းပင်။ မီးလျံလင်းတနှင့် ကျန်းလျန် နဂိုတတ်ကျွမ်းထားသည့့် မီးလျံဓားနည်းစနစ် ပေါင်းစပ်လိုက်သောအခါ အင်အားမှာ ကြောက်ခမန်းလိလိ တိုးပွားလာသည် မဟုတ်ပါလား။ သို့သော်ငြား လက်ရှိတွင် သံချပ်ကာကြံ့ကြီး၏ ခံနိုင်ရည်က ကျန်းလျန်၏ တိုက်စွမ်းအားထက် မြင့်မားနေသောကြောင့် လက်ရှိတွင် ကျန်းလျန် ရှုံးနိမ့်သွား၏။ သို့ရာတွင် ကျန်းလျန်၏ မီးလျံလင်းတနှင့် မီးလျံဓားနည်းစနစ်သာ တိုးတက်လာပါက ယခု အရှုံးက်ို ပြန်လည်ချေဖျက်နိုင်ဖို့ ရှိနေ၏။
ထို့ကြောင့် မဟာရုပ်တုများ ပေါင်းစပ်ခြင်းသည် ဖြစ်နိုင်ချေအမျိုးမျိုးကို ပေါ်ထွက်လာစေ၏။ စုချန်းအတွက်ပင် ၎င်းမှာ သုတေသနခေါင်းစဥ်သစ်တခု ဖြစ်နေလေသည်။ အကယ်၍ မူလအရိုးသာ မရှိခဲ့လျင် စုချန်းအနေနှင့် ပန်တိုင်သို့ရောက်ရန် အချိန်များစွာ ပေးရဖွယ် ရှိပေသည်။
သို့တိုင်အောင် လက်ရှိအချိန်ထိ မဟာလမ်းစဥ်သည် ခရီးရှည်ကြီးအဖြစ်သာ ရှိနေသေးပြီး အချိန်တိုနှင့် ပန်းတိုင်သို့ ရောက်အုံးမည်တော့မဟုတ်ချေ။ အကြောင်းမှာ ယခုအချိန်ထိ မူလအရ်ိုးသည် စုချန်းအား ဖြစ်နိုင်ချေများစွာက်ို အဖြေထုတ်ပေးလျက် ရှိနေသည် မဟုတ်ပါလား။ စုချန်းအနေနှင့် မူလအရိုး ထုတ်ပေးနေသည့် ဖြစ်နိုင်ချေများသို့ လိုက်နေပါက အချိန်ကုန်လူပမ်းသာ ဖြစ်သွားဖွယ်ရာ ရှိပေသည်။
ကံကောင်းသည်မှာ စုချန်းကား ထိုသို့မလုပ်။
သူသည် အရိုးရှင်းဆုံးနှင့် အသုံးအဝင်ဆုံး နည်းလမ်းကိုသာ ရွေးချယ်လိုက်၏။ ၎င်းမှာ မဟာလမ်းပြခန်းမကို စုချန်း တည်ဆောက်လိုက်ခြင်းပင်။
ကောင်းကင်တောင်ထိပ်၏ ဘယ်ဖက်ရှိ တောင်ထိပ်အား ဒေသခံများက တောင်ပံများတောင်ထိပ်ဟု ခေါ်ဆိုကြ၏။ အကြောင်းမှာ အဆိုပါ တောင်ထိပ်တွင် ထိုးထိုးထောင်ထောင်ဖြင့် ရှိနေသည့့် ကျောက်တုံးကြီးနှစ်တုံးမှာ သိမ်းငှက်တကောင်၏ တောင်ပံများနှင့် တူနေသောကြောင့်ပင်။
မဟာလမ်းပြခန်းမမှာ အဆိုပါ တောင်ထိပ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ခန်းမတွင် အမျိုးမျိုးအဖုံဖုံသော နတ်ဆိုးသားရဲများ၏ သွေးဗီဇများကို သိမ်းဆည်းထား၏။
တစုံတဦးသာ ခန်းမအတွင်း ဝင်သွားပါက သားရဲပေါင်းထောင်သောင်းချီ ပြည့်နှက်နေသည်ဟု ခံစားရပေလိမ့်မည်။ ခန်းမ၏ နံရံများပေါ်တွင်တော့ အမျိးျိးမျိုးအဖုံဖုံသော နတ်ဆိုးသားရဲများ ရှိနေ၏။ ထိုအထဲမှ တချို့မှာ ကောင်းကင်က်ိုမော့ကာ မာန်ဖီနေကြလေသည်။ တချို့မှာ တိမ်ထုများနှင့် အတိပြီးနေ၏။ တချို့မှာ မိုးကို ဖန်ဆင်းနေကြသည်။ တချို့မှာ ပျံသန်းနေကြ၏။
သာမာန်အားဖြင့် အဆိုပါသားရဲများအား နံရံဆေးရေးပန်းချီများဟု ထင်စရာရှိပေသည်။ သို့သော် ၎င်းတို့အားလုံးသည် တကယ့် နတ်ဆိုးသားရဲသဏ္ဍာန်များပေတည်း။ အဆိုပါသဏ္ဍာန်များအား နတ်ဆိုးသားရဲဝိညာဥ်များ ပေါင်းစပ်ပြီး မူလသလင်းများနှင့် ဖန်တီးထားသည့် နံရံများအတွင်း သွပ်သွင်းထားလိုက်ခြင်းပင်။ ထို့ကြောင့် ခန်းမအတွင်း ဝင်ရောက်လာသည့် အဖွဲ့ဝင်အနေနှင့် မည်သည့်သဏ္ဍာန်အတွင်းမှ စွမ်းအင်အား စုပ်ယူမည်ဖြစ်ကြောင်း ရွေးချယ်နိုင်လာလေသည်။
စုပ်ယူခံရသော နတ်ဆိုးသားရဲပုံသဏ္ဍာန်သည် အလိုအလျောက် ပျောက်ကွယ်သွား၏။ သို့သော် ပြသနာမရှိ။ နောက်ထပ်နတ်ဆိုးသားရဲတကောင်အား ဖမ်းဆီးပြီး နံရံအတွင်း သွပ်သွင်းလိုက်ရုံသာ။
ထိုအခါ မဟာလမ်းပြခန်းမသည် မီးလျံငှက်နည်းစနစ်၊ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်နှင့် မူလစွမ်းအင်လျက်ကူးကိရိယာတို့ပြီးနောက် အချုပ်အနှောင်မဲ့အဖွဲ့၏ နောက်ထပ်ရတနာတပါး ဖြစ်လာတော့၏။
ထိုနေ့မှစ၍ အဖွဲ့ဝင်တိုင်းသည် ကြိုက်နှစ်သက်ရာ နတ်ဆိုးသားရဲသဏ္ဍာန်တခုကို ရွေးချယ်ခွင့် ရရှိကြလေသည်။ နောင်တွင် အဖွဲ့ဝင်တိုင်းသည် ၎င်းတို့ရရှိထားသော နတ်ဆိုးသားရဲသဏ္ဍာန်များကို ပြီးပြည့်စုံအောင် ပြုပြင်မွန်းမံကြသဖြင့် စုချန်းအဖို့ အလုပ်များစွာ ပေါ့သွားတော့သည်။
၎င်းမှာ လျှို့ဝှက်နည်းစနစ်တခုအား တိုးတက်စေသော နည်းလမ်းပင် ဖြစ်သလို အချုပ်အနှောင်မဲ့အဖွဲ့၏ ရည်ရွယ်ချက်ပင် မဟုတ်ပါလား။
တဖက်တွင်လည်း စုချန်းသည် မည်သည့်နတ်ဆိုးသားရဲသဏ္ဍာန်ကိုမှ မရွေးချယ်သေးပဲ ရှိလေ၏။ ဤနည်းစနစ်အပေါ် ပိုမိုနားလည်ရန် လိုအပ်နေသေးသည်ဟု သူ ခံစားနေရသည် မဟုတ်ပါလား။ ထိုသို့နားလည်လာသည့်အချိန်တွင် အသုံးပြုရန် သမိုင်းမတိုင်မီသားရဲကြီးတကောင်၏ သွေးရည်တပုလင်းစာကလည်း သူ့တွင် အရန်သင့်ရှိနေ၏။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် သုတေသန ဆက်လက်လုပ်ဆောင်နေ၏။
သူ စမ်းသပ်နေသည်မှာကား အနက်ရောင်ကျောက်တုံးများပေါ်ရှိ မူလပစ္စည်းများနှင့် ပတ်သက်၍ စမ်းသပ်နေခြင်းပင်။
အနက်ရောင်ကျောက်တုံးများပေါ်တွင် အမျိုးမျိုးသော မူလပစ္စည်းများ ရောယှက်ပေါင်းစပ်နေ၏။ ထိုအထဲတွင်မှ စုချန်းသည် အရိပ်မူလပစ္စည်း၊ နဂါးငါးမူလပစ္စည်းနှင့် ညှို့ငင်မူလပစ္စည်းတို့အား ဆွဲထုတ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ မူလပစ္စည်းများသည် စွမ်းအင်အသီးသီးရှိသော်လည်း အမြဲတစေ အသုံးပြုရန်တော့ ကန့့်သတ်ချက်များ ရှိနေ၏။ ဥပမာ အရိပ်မူလပစ္စည်းသည် ကြောက်စရာကောင်းသော်လည်း ကမ္ဘာပေါ်တွင် အလွန်ရှား၍ ပုံမှန်မူလစွမ်းရည်တခုအဖြစ် အသုံးပြုရန် ခဲယဥ်း၏။
စုချန်း လိုက်ရှာနေသည်မှာကား ပုံမှန်မူလစွမ်းရည်အဖြစ် အသုံးပြုနိုင်မည့် မူလပစ္စည်းကိုပင်တည်း။
မူလအရိုး၏ အကူအညီနှင့် နောက်ဆုံးတွင် အဖြေတခုကို စုချန်း ရလိုက်၏။
"လက်စသတ်တော့ ဒီလိုလား"
စုချန်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်ပေါက်လာလေသည်။
ထူးဆန်းသည်ဆိုသော်လည်း စုချန်းကတော့ ဟောကိန်းနောက်သို့ လိုက်ရမည်သာ။
ပထမဆုံးအနေနှင့် စုချန်းသည် သီးသန့်ဆေးရည်တမျိုးကို ဖော်စပ်ကာ အနက်ရောက်ကျောက်တုံးအား ထိုဆေးရည်ထဲသို့ ထည့်လိုက်၏။ ထိုအခါ ဆေးတန်ခိုးကြောင် အနက်ရောင်ကျောက်တုံးပေါ်ရှိ မူလပစ္စည်းများသည် ရေထဲသို့ ပျော်ဝင်ကုန်လေသည်။
တဖန် စုချန်းသည် အနက်ရောင်ကျောက်တုံးအား ဆေးရည်ထဲမှ ဆယ်ပြီး နောက်ထပ် ဆေးရည်တမျိုးအား မူလဆေးရည်ထဲသို့ လောင်းထည့်လိုက်ပြန်၏။ ထို့နောက် စုချန်းသည် သူ့လက်ကောက်ဝတ်အား လှီးဖြတ်ပြီး ဆေးရည်ထဲသို့ သွေးစက်ချလိုက်ပြန်သည်။
ထိုအခိုက်မှာပင် ဆေးရည်များသည် တစီစီနှင့်အမြုပ်ထလာပြီး ကြီးထွားပြန့်ကားလာတော့၏။ ကြည့်နေရင်းနှင့်ပင် ၎င်းသည် ခြေလက်များ၊ ဦးခေါင်းများထွက်လာပြီး လူပုံသဏ္ဍာန်အရာကြီး ဖြစ်လာတော့သည်။
ထို့နောက် အဆိုပါ လူသဏ္ဍာန်သည် မျက်စေ့၊ နား၊ နှာခေါင်း၊ ဆံပင်များပါ ပေါ်ပေါက်လာပြီး လူတယောက်က်နှင့် တူလာတော့သည်။ ထိုလူ၏ မျက်နှာမှာလည်း စုချန်းနှင့် တထေရာတည်း တူနေလေသည်။ တနည်းအားဖြင့် ၎င်းမှာ နောက်ထပ်စုချန်း တဦးပင်။
သို့သော် စုချန်းရှေ့ရှိ စုချန်းအသစ်သည် ဘာခံစားချက်မှမရှိသည့့်မျက်နှာသေကြီးနှင့် ဖြစ်သည်။ အဆိုပါ မျက်နှာထိမျက်နှာထားဖြင့် ငူငူကြီးရပ်နေပုံမှာ သစ်သားရုပ်ကြီးနှင့်ပင် တူနေသေး၏။
၎င်းမှာ သူ့ဝိညာဥ် မထည့်သွင်းရသေးသာ ဖြစ်မှန်း စုချန်း နားလည်လိုက်သည်။
မည်သို့ဆိုစေ ဤစမ်းသပ်မှုမှနေ၍ ဆန်းကြယ်လှသော အရာတခုကို စုချန်း ဖန်တီးနိုင်ခဲ့လေပြီ။
မူလကမ္ဘာကြီးဝယ် အမျိုျိုမျိုးသော မူလစွမ်းရည်များရှိနေ၏။ ထိုမူလစွမ်းရည်များအနက် အများစုမှာ အသုံးပြူသူ၏ ဖျက်ဆီးနိုင်သောစွမ်းရည်ကို တိုးမြှင့်ပေးလေသည်။ သို့သော် ပုံပြောင်းခြင်း၊ ပုံတူကူးခြင်းစသော မူလစွမ်းရည်များမှာကား အလွန်ရှားပါး၏။
ထိုအခါ စုချန်းသည် စိတ်ဝိညာဥ်စွမ်းအင် အစငယ်တစအား ခွဲထုတ်ပြီး ပုံတူစုချန်း၏ ကိုယ်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။ မပြောပလောက်သည့်ပမာဏမျှသာ ဖြစ်သည့့်တိုင် စုချန်းအဖို့ အတော်ပင် နာကျင်ရ၏။
၎င်းကိုယ်တွင်းသို့ စိတ်ဝိညာဥ်စွမ်းအင်ရောက်ရှိသွားသည်နှင့် ပုံတူစုချန်း၏ မျက်လုံးအစုံမှာ အသိညဏ်ရှိလာဟန်ဖြင့် အရောင်တဖြတ်ဖြတ်တောက်လာလေသည်။
ထိုအခါ စုချန်းက အောက်ပါအတိုင်း အမ်ိန့်ပေးလိုက်ပြန်၏။
"မီးလျံစက်လုံးက်ို ထုတ်ပြစမ်းကွာ"
စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ပုံတူစုချန်းသည် လက်တဖက်က်ိုမြှောက်ပြီး မူလစွမ်းအင်များကို စုစည်းလိုက်သည်။ ထိုအခါ ၎င်း၏ လက်ဖျားတွင် မီးတောက်တချို့ ဘွားခနဲ ထွက်ပေါ်လာ၏။ သို့သော် အဆိုပါမီးတောက်များမှာ ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။
စုချန်းကား ထိုအတွက် စိတ်ပျက်ပုံမပေါ်။ သူက ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။
"ကဲ လမ်းလျှောက်ပြစမ်းကွာ"
ပုံတူက ချက်ချင်းပင် လမ်းထလျှောက်လိုက်သည်။ လမ်းလျှောက်ပုံမှာကား စုချန်းနှင့် တထပ်တည်းပင်။
စုချန်း မသိမသာ ပြုံးလိုက်သည်။ အင်အားနည်းနေ၍ တိုက်ပွဲများတွင် အသုံးမပြုနိုင်သည့်တိုင် သူတပါးအား လှည့်စားရန်တော့ အသုံးပြုနိုင်သည် မဟုတ်ပါလား။
ထိုသို့ တွေးနေစဥ်မှာပင် စုချန်းပုံတူသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ ပျောက်ဆုံးသွားတော့၏။
ကြမ်းပြင်တွင် သွေးစတချို့နှင့်ဆေးရည်တချို့သာ ကျန်ရစ်လေသည်။
***