မြန်မြန်ဆန်ဆန်
Vol. 75 Ch. 742
"ဒီတော့ သူ့ကိုရှင်းပစ်ဖို့ ခင်ဗျားက ကျုပ်ကို လာရှာတာပေါ့လေ"
စုချန်း အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"အငှားဓားနဲ့ သူများကို ထိုးဖို့ကြံတယ်ပေါ့ တော်တော်ကောင်းတဲ့ စိတ်ကူး"
"စန်းမိုကိစ္စဟာ အန်းစီလီကြောင့်ပဲ ညီလေးစု သူ့ကို လက်စားမချေချင်ဘူးလား"
စုချန်းက ပျင်းရိလေးတွဲ့ဟန်ဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတော့ သူတို့ တလွဲတွေ ဖြစ်ကုန်တာပဲလေ"
ချီမင်းင်းဖန် အလောတကြီးနှင့် ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ သူတို့ မင်းကို သံသယဝင်နေတုန်းပဲ အန်းစီလိီကိုသာ ရှင်းပစ်လိုက်ရင် ညီလေးစုအနေနဲ့ ဘုရင့်အပေါ်မှာ သစ္စာစောင့်သိကြောင်း တခါတည်း ပြပြီးသွား ဖြစ်သွားမယ်"
ထိုအခါ စုချန်းက အောက်ပါအတိုင်း ပြန်ပြောလိုက်ပြန်သည်။
"ခင်ဗျားတို့ကိုယ်တိုင်လဲ အန်းစီလီကို ရှင်းပစ်ချင်နေတာပဲ ကြားလူတယောက်က်ကသာ သူ့ကို ဝင်ရှင်းပေးရင် ခင်ဗျားတို့ သွေးထွက်သံယိုမရှိပဲ ပြသနာတရပ်ကို ဖြေရှင်းပြီးသား ဖြစ်သွားမယ် တော်တော်ကောင်းတဲ့အကြံ"
"ဒါ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတဲ့ကိစ္စပဲ မဟုတ်ဘူးလား"
စုချန်း ရယ်မောလိုက်သည်။
"ကျုပ်အတွက် အကျိုးမရှိဘူးဗျ ကျုပ်မှ နန်းတော်ရဲ့သဘောထားကို ဂရုမစိုက်တာပဲ"
တကယ်လဲ စုချန်းက ဂရုစိုက်သည်မဟုတ်။
အန်းစီလီကို သတ်၍ ဘုရင့်အပေါ် သစ္စာစောင့်သိကြောင်း စုချန်း ပြသရန် မလို။ အကြောင်းမှာ ဘုရင်အပေါ် သူ အမှန်တကယ် သစ္စာမစောင့်သိသောကြောင့်ပင်။
စုချန်း၏ စကားကြောင့် ချီမင်းဖန် စိတ်ပျက်သွား၏။ စုချန်းသည် ညှိုနှိုင်းရန် လွယ်ကူသူမဟုတ်မှန်း ချီမင်းင်းဖန် သိထားသော်လည်း တကယ့်အဖြေကိုကြားရသောအခါ သူ စိတ်မပျက်ပဲမနေနိုင်တော့။
ထိုအခါ သူက ကြံရာမရဟန်ဖြင့် ပြောလိုက်ပြန်သည်။
"ဘုရင်က်ို ဂရုမစိုက်တာတော့ ထားပါကွာ ရှင်သန်ခြင်းကျောင်းတော်က အန်းစီလီရဲ့အဖွဲ့ကိုတော့ မင်း ဂရုစိုက်သင့်တာပေါ့ မဟုတ်ဘူးလား"
စုချန်း အားရပါးရ ရယ်မောလိုက်လေသည်။
"တွေ့လား ဒီအကြောင်းပြချက်ကမှ ဟုတ်တုတ်တုတ်"
သူတို့အချင်းချင်း သိကျွမ်းလာသည်မှာ ကြာလှပြီဖြစ်၍ မြွေမြွေချင်း ခြေမြင်သည်မှာ မဆန်းချေ။
စုချန်းကို အလွယ်တကူ လှည့်စား၍မရ။ သို့သော် လာဘ်ပေး၍တော့ ရပေသည်။
ထိုအခါ စုချန်းက တိုက်ရိုက်မေးခွန်းထုတ်လိုက်၏။
"အန်းစီလီမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ရှိတယ် ဟုတ်တယ်မလား ကျုပ်ပြောတာ"
ချီမင်းင်းဖန် အံ့သြသွား၏။
"မင်း အဲဒီလုပ်ငန်းတွေကို လိုချင်နေတာလား မင်းမှာ ပိုက်ဆံမရှိတာလဲမဟုတ်ပဲနဲ့"
ချီမင်းင်းဖန်၏ အမြင်တွင် စုချန်းဟူသည် အသိပညာနှင့်အရင်းအမြစ်များကိုသာ မက်မောသူ ဖြစ်သည်။ လောကီနယ်ပယ်မှ ဓနဥစ္စာများအား စိတ်ဝင်စားသူမဟုတ်။ ထို့ကြောင့် ချီမင်းင်းဖန် အံ့သြသွားခြင်းပင်။
စုချန်းက ပြန်ဖြေလိုက်၏။
"ကျုပ်မှာ ငွေမရှိတာမဟုတ်ဘူး စီးပွားရေးလုပ်ငန်း လက်ကိုင်မရှိတာဗျ"
"ဟင် မင်းဟာက ဘာများကွာလို့လဲ"
"သိပ်ကွာတာပေါ့"
အကြောင်းမှာ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားခြင်းသည် ကြက်မနှင့်တူပြီး ငွေကြေးမှာ ကြက်ဥနှင့် တူသောကြောင့်ပင်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများဟူသည် လူတိုင်းကိုလည်း အလုပ်တခု ပေးနိုင်သေး၏။ အောင်မြင်သော အဖွဲ့အစည်းတခုအနေနှင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားရန် လိုအပ်သည် မဟုတ်ပါလား။
အချုပ်အနှောင်မဲ့အဖွဲ့၏ အဖွဲွဲ့ခေါင်းဆောင််အနေနှင့် အဖွဲ့ဝင်များအား ထောက်ပံ့ပေးနိုင်ရန် စုချန်းးအနေနှင့် စီးပွားရေးကတော့ လုပ်က်ိုလုပ်ရမည်သာ။ ထို့ပြင် အဆိုပါ စီးပွားရေးလုပ်ငန်းများသည် ငွေကြေးကြောင့်သက်သက်မဟုတ်ပဲ ပြင်ကမ္ဘာနှင့် အချုပ်အနှောင်မဲ့အဖွဲ့အား ဆက်သွယ်ပေးပေလိမ့်မည်။
တဖက်တွင်လည်း စုချန်းသည် အန်းစီလီ၏ စီးပွားရေးလုပ်ငန်းများကို သိမ်းပိုက်လိုသည်သာမက ဝါးမြိးခြင်းမြစ်မြို့တော်နှင့်ပါ ပြန်လည်ဆက်သွယ်လိုနေ၏။ ကုမျိုးနွယ်စုအား လက်လွှဲပေးခဲ့သည့့် ပျံသန်းခြင်းကွန်ယက်ကိုလည်း စုချန်း ပြန်လည်လုပ်ကိုင်လိုနေ၏။ သို့မှသာ လီရှုအပါအဝင် တပည့်ဟောင်းများကို စုချန်း အလုပ်ပေးနိုင်မည် မဟုတ်ပါလား။
တချိန်တွင် အချုပ်အနှောင်မဲ့အဖွဲ့သည် လူသားမျိုးနွယ်စုတခုလုံးအပေါ် သြဇာလွှမ်းမိုးနိုင်ရပေလိမ့်။ ဤသည်မှာ စုချန်း၏ ဆုံးဖြတ်ချက်ပေတည်း။
သို့သော် အထက်ပါအကြောင်းအရာတိုင်းကို ချီမင်းင်းဖန်အား စုချန်း ရှင်းပြနေရန်မလ်ို။
အကြောင်းမှာ စုချန်း စကားစလိုက်ကတည်းက ချီမင်းဖန် သဘောတူခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။
အန်းစီလီ၏ တည်နေရာအတိအကျကို သိရသည်နှင့် စုချန်းသည် လူတစ်ရာပါဝင်သောအဖွဲ့ကို လီကုံးရှန်၊ ချူးယင်ဝမ်နှင့် ကျန်မောက်စီတို့အား ဦးဆောင်စေပြီး လွှတ်လိုက်လေသည်။ ထိုအဖွဲ့တွင် သေမင်းအရိပ်လည်း ပါဝင်၏။
လဝက်ခန့်အကြာတွင် လီကုံးရှန်တို့အုပ်စု ပြန်လည်ရောက်ရှိလာလေသည်။ လီကုံးရှန်၏ လက်ထဲတွင်တော့ အင်စီလီ၏ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်း တပုံတပင်နှင့်ပင်။
စုချန်းကား အဆိုပါစာရွက်စာတမ်းများကို လှမ်၍ပင်မကြည့်။ သူ့အာရုံမှာ သုတေသနအပေါ်တွင်သာ ရှိနေသည် မဟုတ်ပါလား။
နောက်ထပ်ရက်များတွင်တော့ အချုပ်အနှောင်မဲ့အဖွဲ့ဆီသို့ ဧည့်သည်များ တဖွဲဖွဲ ရောက်လာတော့သည်။
ပထမဆုံးရောက်လာသောအဖွဲွဲ့မှာ သံမဏ်ိိနှင့် ဟာရီကိန်းတောင်ရိုးကမ်းပါးနွယ်ဝင်များပင်တည်း။
စုချန်းသည် သံမဏိအား ဟာရီကိန်းတောင်ရိုးကမ်းပါများအတွက် နေထိုင်စရာနေရာသစ်တခုပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ ယခုတော့ ထိုကတိကို သူ တည်နိုင်ခဲ့လေပြီ။ ဓားတသောင်းတောင်သည် အလွန်ကျယ်ဝန်းသော နေရာဖြစ်သည်။ ထို့ကြောင့် ဟာရီကိန်းတောင်ရိုးကမ်းပါးများအတွက် နေထိုင်စရာနေရာ ပေါလှ၏။ ယခုတော့ တောင်ရိုးကမ်းပါးများ လူသားများနှင့် တန်းတူနေနိုင်သွားခဲ့လေပြီ။
သိပ်မကြာမီ လီရှု၊ ကျူးဟုန်နှင့် မင်ချူးတို့ ရောက်လာပြန်သည်။ သူတို့ရောက်လာခြင်းကြောင့် စုချန်းတယောက်က် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပူပန်နေစရာမလိုတော့။
လီရှုသည် စုချန်း ကိုယ်တိုင် ဂရုမစိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများကို စုချန်း ကိုယ်စား နှစ်ပေါင်းများစွာ လုပ်က်ိုင်ခဲ့သူ ဖြစ်သည်။ ယခုတော့ လီရှု၏ အရည်အချင်းကို ထိုက်တန်စွာ အသုံးချနိုင်ခဲ့လေပြီ။
တိတိကျကျဆိုရလျင် စုချန်း လိုချင်နေသည်မှာ စီးပွားရေးလုပ်ငန်းများ မဟုတ်။ နေရာပေါင်းစုံ ကဏ္ဍပ်ပေါင်းစုံတွင် ကျွမ်းကျင်သည့့် လူချွန်များကိုသာ လိုချင်နေခြင်း ဖြစ်သည်။
စုချန်းသည် သူ့လူဟောင်းများအား မြန်မြန်ဆန်ဆန်ပင် ရာထူးတိုးပေးလိုက်လေသည်။ သူ့အတွက် နှစ်ပေါင်းများစွာ အမှုထမ်းလာသူများအနေနှင့် ထိုမျှတော့ ထိုက်တန်သည် မဟုတ်ပါလား။
အချိန်ကုန်မှာ မြန်လှလေသည်။ တနှစ်ဟူသောအချိန်မှာ ဘာမှပင် မကြာလိုက်။
ထိုအချိန်လေးအတွင်းဝယ် အချုပ်အနှောင်မဲ့အဖွဲ့၏ အခြေအနေမှာလည်း တဖြည်းဖြည်း အခြေကျလာခဲ့လေပြီ။
ထိုကာလတွင် စုချန်းသည် ထူးထူးခြားခြား ထပ်မံတီထွင်လိုက်သည်မျိုးမရှိပဲ ယခင် သူလေ့ကျင့်ထားသည့်နည်းစနစ်များကိုသာ ပြုပြင်မွန်းမံလျက်ရှိ၏။
စုချန်း၏ တိုက်ခိုက်ရေးပုံစံမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ အနီးကပ်တိုက်ပွဲများတွင် စုချန်းသည် ကမ္ဘာဦးသွေးပုံရိပ်ကို အဓိကထား၍ အသုံးပြု၏။ အဝေးမှ တိုက်ခိုက်လိုလျင်တော့ စုချန်း အသုံးပြုသောနည်းစနစ်မှာ မီးလျံငှက်ပင်ဖြစ်သည်။ မီးလျံငှက်၏ မီးတောက်များသည် အထူးပင်ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် မိုးကြိုးဝိညာဥ်ဆေးမင်အား စမ်းသပ်လျက်ရှိသည်။ မျိုစုံ ကြိုးစားစမ်းသပ်သည့်တိုင် စုချန်း၏ အားထုတ်မှုများမှာ အချည်းနှီးသာ ဖြစ်ကုန်၏။ ကြာတော့ စုချန်း စိတ်ပျက်လာလေသည်။
ထိုအချိန်မှာပင် တံခါးဝဆီမှ သံမဏိ၏ စကားသံ ထွက်ပေါ်လာသည်။
"သခင် တိမ်တိုက်ကျားသစ် ရောက်လာပါတယ်"
"တိမ်တိုက်ကျားသစ် ဟုတ်လား"
တိမ်တိုက်ကျားသစ်၏ နာမည်ကိုကြားသည်နှင့် စုချန်း စ်ိတ်မလှုပ်ရှားပဲ မနေနိုင်တော့။ မိုးကြိုးဝိညာဥ်ဆေးမင်ကို ဖြတ်ခနဲ သိမ်းဆည်းပြီး တဟုန်ထိုး ပြေးထွက်မိတော့သည်။
ပင်မခန်းမဆောင်ထဲတွင်တော့ တိမ်တိုက်ကျားသစ်တယောက်က် လှံတချောင်းစိုက်ထူထားသည့်ပမာ မားမားကြီး မတ်တပ်ရပ်လျက်ရှိလေသည်။
စုချန်း တိမ်တိုက်ကျားသစ်အား ဝမ်းသာအားရပင် နှုတ်ဆက်လိုက်၏။
"ဟေ့ ကျားသစ် မတွေ့တာတောင် ကြာပြီ ကျုပ် မင်းကို သတိရနေတာကွ"
"မင်းက ကျုပ်ကို သတိရတယ်ဟုတ်လား ပေါက်ကရတွေကွာ"
တိမ်တိုက်ကျားသစ်၏ တုံ့ပြန်မှုကြောင့် စုချန်း အံ့သြသွား၏။
"ဟင် တကယ်ပါကွ ဘာဖြစ်လို့လဲ"
"ဒါဆို မင်း ဘာလို့ သတ်ဖြတ်သူနယ်မြေထဲ တယောက်တည်း သွားရတာလဲ"
"အိုး မင်းက ဒါကြောင့် ကျုပ်ကို စိတ်ဆိုးနေတာကိုး သတ်ဖြတ်သူနယ်မြေထဲသွားတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲကွ ကျုပ်က မင်းကို ဘာမှမဖြစ်စေချင်လို့ပါ"
"ဒါဆိုလဲ မင်းပြန်ရောက်ရောက်ချင်း ကျုပ်ကို အကြောင်းကြားသင့်တာပေါ့"
"ရွှေရေခံတပ်ဆီရောက်ရောက်ချင်း မင်းဆီအကြောင်းကြားဖို့ ကျုပ် လူတယောက်လွှတ်လိုက်တယ် မင်းက လျှောက်သွားနေတာက်ိုးကွ ဒီတော့ လွဲပြီပေါ့"
"မင်း တကယ်ပြောနေတာနော်"
တိမ်တိုက်ကျားသစ်က သံသယမပြယ်သေဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
စုချန်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် အပြစ်မကင်းင်းသလို ခံစားလိုက်ရ၏။
အကြောင်းမှာ တိမ်တိုက်ကျားသစ်အား သူ လိမ်လိုက်မိသည် မဟုတ်ပါလား။ တကယ်တော့ အချုပ်အနှောင်မဲ့အဖွဲ့တည်ထောင်သည့်ကိစ္စနှင့် သူ အလုပ်အလွန်များနေခြင်းကြောင့်သာ တိမ်တိုက်ကျားသစ်အား သူ အကြောင်းမကြားမိခြင်း ဖြစ်သည်။ တခြားဘာအကြောင်းပြချင်မှ မရှိ။
တိမ်တိုက်ကျားသစ်နှင့် စကားပြောမိပြီးနောက် သူသည် သုတေသနတွင် နစ်မြုပ်နေခြင်းကြောင့် အရာအတော်များများကို လစ်လျူရှုထားသလို ဖြစ်နေကြောင်း စုချန်း သဘောပေါက်လိုက်မိ၏။ ထိုအထဲတွင် ကုချိန်းလွှာသည်ကား ပြသနာကြီးတရပ်ပင်။
ကံကောင်းသည်မှာကား အချုပ်အနှောင်မဲ့အဖွဲ့တည်ထောင်သည့်နေရာမှာ ကုချိန်းလွှာနေထိုင်သည့့် ဟာလာဟင်းလင်းတောင်နှင့် သိပ်မဝေးခြင်းပင်။
သူ့အနေနှင့် ကုချိန်းလွှာအား သွားရှာရန် အချိန်ရောက်ပြီဟု စုချန်း ဆုံးဖြတ်လိုက်သည်။
သို့သော် နှောင့်နှေးစရာကိစ္စရပ်များက ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာပြန်သည်။ အကြောင်းမှာ သူ အချုပ်အနှောင်မဲ့အဖွဲ့တည်ထောင်လိုက်သည့့် သတင်းကြောင့် ထန်းမင်၊ ပိုင်ယွမ့်ဟုန်၊ ချိန်းဝေယံစသည့် မိတ်ဆွေဟောင်းအများအပြား အလည်အပတ် ရောက်လာခြင်းကြောင့်ပင်။ ထိူအထဲမှ တချို့မှာ အချုပ်အနှောင်မဲ့အဖွဲ့နှင့် ပူးပေါင်းလိုက်ကြ၏။
ထိုအထဲတွင် ကျန့်ဟန်ဖန်းးလည်း ပါဝင်လေသည်။ ကျန့်ဟန်ဖန်းးကား သူ့မျိုးနွယ်စုမှ လက်ထပ်ပေးရန် စီစဥ်နေသဖြင့် အိမ်မှ ထွက်ပြေးလာခြင်းပင်။
"ခင်ဗျား မသိဘူးနော် အစ်က်ိုစု သူတို့လက်ထပ်ပေးမဲ့ မိန်းကလေးက အင်မတန်ရုပ်ဆိုးပြီး ရက်စက်ကြမ်းတမ်းသဗျ သူ့မှာနတ်ဆိုးဘုရင်သွေးဗီဇရှိနေတာနဲ့ပဲ ကျုပ်က အနာဂတ်ကိုစတေးပြီး လက်ထပ်ရမှာတဲ့လား ဒါကြောင့် ကျုပ် အိမ်ကထွက်ပြေးလာတာ အစ်က်ိုစုသာ ကျုပ်ကို လက်ခံရင် ကျုပ် ဒီမှာပဲ နေတော့မယ် မပြန်တော့ဘူး"
"ဒါဆိုလဲ ကောင်းတာပေါ့ကွာ အဖွဲ့အတွက် ကာကွယ်ရေးပုံစံကွက်တည်ဆောက်ဖို့ လိုအပ်နေတာ ခု မင်းရောက်လာတာနဲ့ အတော်ပဲပေါ့"
စုချန်း ဝမ်းသာအားရပင် ပြန်ပြောလိုက်လေသည်။
***