အတားအဆီး
Vol. 75 Ch. 743
နောက်ထပ်အချိန်၂လမှာ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြန်သည်။ လူတိုင်းနီးပါးလည်း စုချန်းဆီသို့ အလည်ရောက်ပြီး ဖြစ်သည်။ ထိုအထဲတွင် ယွဲ့လောင်ရှလည်း ပါဝင်နေ၏။
လူတိုင်းနီးပါး သူ့ထံသို့ အလည်ရောက်ပြီးပြီ ဖြစ်၍ နောက်ထပ် လာလည်သူမရှိလောက်တော့ဟု စုချန်း ယူဆလိုက်သည်။ ဟာလာဟင်းလင်းတောင်သို့ သွားရန် အချိန်ကျလာခဲ့လေပြီ။
ဤတကြိမ်တွင် စုချန်း တယောက်က်တည်းမသွားတော့။ သံမဏိအပြင် တိမ်တိုက်ကျားသစ်၊ သေမင်းအရိပ်နှင့် ဓားအစေခံအယောက်၂၀ပါ သူနှင့်အတူ လိုက်ပါလာ၏။ မည်သို့ပင်ဆိုစေ သူသည် အဖွဲ့အစည်းတခု၏ ခေါင်းဆောင်တဉီး ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။ သူ့ဘေးနားတွင် တပည့်လက်ပန်းပါလာသည်မှာ ဘာမှမထူးဆန်းတော့။
အချုပ်အနှောင်မဲ့အဖွဲ့မှ ထွက်ခွာပြီး စုချန်းတို့လူသိုက် ဉီးတည်ရာအရပ်မှာကား မိုးမြို့တော်သို့ပင်။
မိုးမြို့တော်ဟူသည်ကား ဟာလာဟင်းလင်းတောင်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး ချူမျိုးနွယ်မှ ချုယွမ်ကုန်းက တည်ထောင်ခဲ့၏။ ၄င်း၏ သွေးဗီဇမှာကား သမိုင်းမတိုင်မီ သားရဲကြီးတကောင်ဖြစ်သည့် အဖြူရောင်စွယ် အမည်ရသားရဲကြီး၏ သွေးဗီဇပင် ဖြစ်သည်။ ဟာလာဟင်းလင်းတောင်နိုင်ငံ၏ လက်ရှိဘုရင်မှာ ချူယွမ်ဖြစ်ပြီး ချူမျိုးနွယ်စု၏ ငါးဆက်မြောက်ဘုရင်လည်း ဖြစ်၏။
နေသူရိန်ယာဉ်နှင့် ရက်တချို့ကြာအောင် ပျံသန်းပြီးနောက် သူတို့အားလုံး မိုးမြို့တော်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာကြလေသည်။
ယာဉ်ပျံကို မြို့ပြင်တွင် ရပ်တန့်ပြီး မြို့ထဲသို့ လမ်းလျှောက်ဝင်ရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။
ရှည်လျားရစ်ခွေမြို့တော်နှင့် မတူသည်မှာကား မိုးမြို့တော်၏ နံရံများမှာ တိုနှံ့နှံ့ပင် ဖြစ်သည်။ ထိုးထိုးထောင်ထောင် အဆောက်အဉီးဟူ၍လည်း သိပ်မရှိ။ မြို့တော်ဟု နာမည်တပ်ထားသည့်တိုင် အပြင်အဆင်မှာ ရှေးရိုးဆန်လှသည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း ဤနိုင်ငံသည် ဘယ်သောအခါမှ ပြင်ပရန်သူနှင့် ရင်ဆိုင်ခဲ့ရခြင်းမရှိပဲ အတွင်းရေးပဍိပက္ခများကိုသာ ဖြေရှင်းခဲ့ကြရသောကြောင့်ပင်။
စုချန်း ကြားဖူးသလောက် ချူမျိုးနွယ်စု၏ သွေးဗီဇတွင် ကုမျိုးနွယ်သွေးဗီဇစွမ်းအင်သော ရင်ဆိုင်နိုင်သည့် မူလစွမ်းရည်တမျိုး ရှိနေသည်ဟူ၏။ မူလသားရဲကြီး၏ သွေးဗီဇကိုပင် ရင်ဆိုင်နိုင်လောက်သည့် သမိုင်းမတိုင်မီသားရဲကြီး၏ မူလစွမ်းရည်သည် ဘာမှန်း တွေးကြည့်ရန်ပင် ခဲယဉ်းလှသည်။ သို့သော် ချူမျိုးနွယ်စုသည် မူလသားရဲသွေးဗီစွမ်းရည် နိုးထလာသည့် ကုမျိုးနွယ်ဝင်များအား နှစ်ပေါင်းများစွာ ပြသနာမှမတက်ပဲ စောင့်ကြည့်လာနိုင်သည်ကတော့ အမှန်ပင်။
မည်သို့ဆိုစေ ကုမျိုးနွယ်စုသည် နာမည်ကြီးဖြစ်နေ၍ ၎င်းတို့နေထိုင်ရာ စံအိမ်ကြီးအား ရှာဖွေရသည်မှာည်မှာ ဘာမှမခက်လှ။ ဟိုမေးသည်မေးလိုက်သည်နှင့်ပင် လိုရာကို ရောက်နိုင်လေသည်။
အနောက်ဝက်သစ်ချလမ်း။ အဆိုပါတလမ်းလုံးကို ကုမျိုးနွယ်များ ပိုင်ဆိုင်၏။ ထို့ကြောင့် ဤလမ်းကို ကုမျိုးနွယ်လမ်းဟုပင် အများက ခေါ်ဝေါ်ကြလေသည်။
အဝင်တံခါးမကြီးဆီသို့အရောက်ာက်မှာပင် ရှေ့တွင် ရပ်စောင့်နေသည့် အစောင့်နှစ်ဦးကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။ အံ့သြစရာကောင်းသည်မှာ အစောင့်နှစ်ဦးလုံးသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အမြင့်ဆုံးအလွှာသို့ ရောက်ရှိနေကြသူများဖြစ်ပြီး အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ခြေတလှမ်းသာ လိုကြတော့ခြင်းပင်။
ဂိတ်စောင့်အဆင့်ပင် ထိုမျှ အင်အားကြီးနေလျင် ကုမျိုးနွယ်များ မည်မျှပင် အင်အားကြီးမားလေမည်နည်း။
စုချန်း ရှေ့သို့ခြေတလှမ်းတိုးပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးလိုက်သည်။
"ကျုပ်နာမည် စုချန်းလို့ ခေါ်ပါတယ် ကျုပ်မှာသခင်မလေး ကုချိန်းလွှာနဲ့ ဆွေးနွေးစရာလေးတချို့ ရှိနေတယ်ဗျ"
အံ့သြစရာကောင်းသည်မှာ စုချန်း၏နာမည်ကို ကြားသည်နှင့် အစောင့်နှစ်ဦးလုံး ကြက်သေသေသွားခြင်းပင်။
"ဘာ စုချန်း ဟုတ်လား"
စုချန်း ခေါင်းညိတ်လိုက်၏၏
ထိုအခါ အစောင့်နှစ်ဦး တယောက်မျက်နာတယောက်က် စိုက်ကြည့်လိုက်ကြ၏။ ထို့နောက် အစောင့်တဦးက ပြောလိုက်သည်။
"ခနစောင့်ပါ ကျုပ် ချက်ချင်းသွားပြီး အကြောင်င်းကြားပေးပါမယ်"
ပြောပြောဆိုဆို အဆိုပါအစောင့်သည် စံအိမ်ထဲသို့ အပြေးကလေးဝင်သွား၏။
ထိုအခါ စုချန်းက ကျန်အစောင့်အား မေးလိုက်ပြန်သည်။
"ခင်ဗျားတို့ ကျုပ်နာမည်ကို ကြာဖူးနေတာလား"
အစောင့်က ဗြောင်ပင်ဘူးကွယ်လိုက်လေသည်။
"ဘယ့်နှယ့် တခါမှတောင် မကြားဖူးပါဘူးဗျာ"
စုချန်း အစောင့်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။
"မကြာဖူးဘူး ဟုတ်သလား ဒါဆို ကျုပ်နာမည်ကြားတာနဲ့ ခင်ဗျားတို့ဘာလို့ စိတ်ရှုပ်သွားရသလဲ ပြီးတော့ ခင်ဗျားရဲ့အသက်ရှုနှုန်းက တဖြည်းဖြည်း မြန်လာတယ် ခင်ဗျားရဲ့ မူလစွမ်းအင်ကလဲ မြင့်တက်လာနေတယ်"
အစောင့် ကြောင်တောင်တောင်ဖြစ်သွား၏။
"မင်း ဘာတွေပြောနေတာလဲ ကျုပ်မသိဘူး ဒီကနေသာ စောင့်နေစမ်းပါကွာ"
ထိုစကားကိုကြားသည်နှင့် စုချန်း နောက်သို့ ခြေလှမ်းတချို့ ဆုတ်ပေးလိုက်သည်။
"ဒါဆိုလဲ ကျုပ် နောက်ရက်မှပဲ လာခဲ့တော့မယ်"
စကးးဆုံးသည်နှင့် စုချန်း ချာခနဲ လှည့်ထွက်လိုက်၏။ အစောင့် မနေနိုင်တော့။
"မသွားနဲ့!"
အထက်ပါအတိုင်း ကျယ်လောင်စွာ အော်ဟစ်ပြီးသည်နှင့် အဆိုပါအစောင့်သည် စုချန်းအား ဖမ်းဆွဲရန် ကြိုးစားလိုက်လေသည်။
ထိုအချိန်မှာပင် သံမဏိ၏ လက်တဖက်က ရှေ့သို့တိုးထွက်လာပြီး အစောင့်၏ ပုခုံးအား ခုတ်ချလိုက်၏။ တချိန်တည်းမှာပင် သေမင်းအရိပ်ထံမှ ထွက်ပေါ်လာသည့် များပြားလှသော စက္ကူမျှင်များက အစောင့်အား လှုပ်မရအောင် ချုပ်ထားလိုက်တော့သည်။
စုချန်းကား အစောင့်အား လှည့်ပင်မကြည့်ပဲ ဆက်လျှောက်သွား၏။ ကျန်လူများကလည်း အစောင့်အား ဖမ်းခေါ်သွားပြီး လမ်းကြားအတွင်းမှ မျက်စေ့တမှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်မှာပင် ကုအိမ်တော်အတွင်းမှ လူတစု ထွက်ပေါ်လာ၏။ ခေါင်းဆောင်လုပ်သူမှာ ရုပ်ရည်ချောမောပြီး ထူးခြားသော အရှိန်အဝါတမျိုးကို ပိုင်ဆိုင်ထားလေသည်။ ဂိတ်တံခါးတွင် မည်သူမှ ရှိမနေသည်ကို မြင်သောအခါ ထိုလူ မျက်နှာပျက်သွား၏။
"ဒီကောင် ထွက်ပြေးသွားပြီကွ"
ကြင်နာတတ်ဟန်ရုပ်ရည်ရှိသူတဦးက ချက်ချင်းပင် အော်ဟစ်အမိန့်ပေးလိုက်လေသည်။
"လိုက်ရှာကြစမ်း ဒီကောင် ဝေးဝေးမရောက်လောက်သေးဘူး"
စက္ကန့်ပိုင်းအတွင်း လမ်းကြားလေးအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။
အမှောင်ရိပ်အတွင်းမှ လူတဦး သူတို့အား စောင့်ကြည့်နေသည်ကိုတော့ သူတို့ မသိကြချေ။
ထိုလူမှာ စုချန်းပင် ဖြစ်လေသည်။
သိပ်မကြာမီ စုချန်း အမှောင်ရိပ်အတွင်း တိုးဝင်ပျောက်ကွယ်သွားတော့၏။ ဤတကြိမ်တွင်တော့ သူ အမှန်တကယ် ထွက်ခွာလာခြင်းပင် ဖြစ်သည်။
________________×××________________×××_________
မိုးမြို့တော်အပြင်ဘက်ရှိ တောအုပ်တွင် ဖြစ်သည်။ အစောင့်သည် တဖြည်းဖြည်း ပြန်လည်သတိရလာ၏။ သတိရချင်း သူ မြင်တွေ့လိုက်ရသည်မှာ သူ့အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည့်မျက်နှာများကိုပင် ဖြစ်သည်။
သံမဏိ၏ လက်ချောင်းများက သူ့လည်မြိုကို တင်းကျပ်စွာ ဖမ်းညှစ်ထားလေရာ အစောင့် လည်ပင်းအစ်လျက် ရှိလေသည်။ ထို့နောက် သံမဏိ၏ တင်းမားသော စကားသံ ထွက်ပေါ်လာ၏။
"ကျုပ်တို့က မေးမယ် မင်းက ဖြေရမယ် မလိုတာတွေ ပြောစရာမလိုဘူး ရှင်းသလား ကျုပ်ပြောတာ"
အစောင့် ကြောက်လန့်တကြားနှင့် ခေါင်းညိတ်လိုက်သည်။
သံမဏိ နောက်ဆုတ်သွားသည်။ စုချန်း ရှေ့တိုးလာ၏။
"ကျုပ်ကို ဖမ်းဖို့ ဘယ်သူအမိန့်ပေးထားတာလဲ"
"ကုဖေးဟုန် သခင်လေးကုပါ"
"ကုမျိုးနွယ်မှာ သူ့အဆင့်အတန်းက ဘာလဲ"
"မျိုးနွယ်စုအကြီးအကဲ ကုမင်းဝေရဲ့ အငယ်ဆုံးသား"
"သူ ကျုပ်ကို ဘာကြောင့် ရန်လိုနေရသလဲ"
"သခင်လေးက သခင်မလေးကုကို သဘောကျနေလို့ပါ"
"ကုမျိုးနွယ်အချင်းချင်းပဲဟာ ဘာဖြစ်လို့ ရွာနားကမြက်ကို ရွာနွားစားဖို့ ဒီလောက်ထိ အလျင်လိုနေရတာလဲ"
"သူတို့ နှစ်ပေါင်းများစွာ ခွဲခွာပြီးနေခဲ့ရတယ် သခင်မလေးကု သွေးဗီဇနိုးထလာလို့သာ သူတို့ ပြန်တွေ့ရတာ ပြီးတော့ သွေးဗီဇသန့်စင်မှုကို လိုချင်လို့ သခင်မလေးကို လက်ထပ်ချင်နေတဲ့သူ အများကြီးပဲ ဒီတော့ အလျင်လိုနေတာ ဘာဆန်းသလဲ"
ဂျွတ်!!!!!
"အား"
အစောင့်၏ အူသည်းလှိုက်သည်းအော်သံကြီး ထွက်ပေါ်လာလေသည်။ အကြောင်းမှာ သူ့လက်ချောင်းလေးတချောင်း အချိုးခံလိုက်ရသောကြောင့်ပင်။
စုချန်း၏ အေးစက်စက်စကားသံ ထွက်ပေါ်လာပြန်သည်။
"မင်းကို အပိုတွေ မပြောနဲ့လို့ ကျုပ်ပြောခဲ့တာ ပြန်ပြီး သတိပေးစရာလိုမယ်မထင်ဘူး"
"ဟုတ်....ဟုတ်ကဲ့"
"မင်းနာမည်ဘယ်လိုခေါ်သလဲ"
"ကုလျန်"
"မင်းရဲ့သွေးဗီဇ မနိုးထသေးဘူးပေါ့ ဟုတ်လား"
"ကျုပ်ရဲ့သွေးဗီဇသာ နိုးထလာရင် ဂိတ်စောင့်ဖြစ်နေပါအုံးမလား"
"မင်း မှန်တယ် ဒါနဲ့ မိုးမြို့တော်ကုမျိုးနွယ်မှာ မူလသားရဲသွေးဗီဇနိုးထပြီးသူ ဘယ်နှစ်ယောက်ရှိနေသလဲ"
စုချန်းက ဆက်လက်မေးခွန်းထုတ်လိုက်ပြန်သည်။
"စုစုပေါင်း ၅၄၂ယောက်"
"သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းတွေက ဘာတွေလဲ သူတို့ ဘယ်သူတွေလဲ ကူချိန်းလွှာကရော ဘယ်မှာလဲ ချိန်းလွှာရဲ့ လက်ရှ်ိအဆင့်အတန်းကရော ဘယ်လောက်လဲ"
စုချန်းတယောက်က် အထက်ပါအတိုင်း ဆက်လက်မေးခွန်းထုတ်နေ၏။
သိပ်မကြာမီ မိုးမြို့တော်ကုမျိုးနွယ်စု၏ အနေအထားကို လူတိုင်း၏ မျက်လုံးထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်လာတော့သည်။
မိုးမြို့တော်ကုမျိုးနွယ်စုတွင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူ ၁၂ဦး ရှိနေပြီး ၎င်းတို့ကို လူသားဧကရာဇ်၁၂ပါးဟု တင်စားခေါ်ဝေါ်ကြ၏။ အဆိုပါ ၁၂ဦးသည် ကုမျိုးနွယ်၏ အဓိကထောက်တိုင်ကြီးများပင်တည်း။ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ကျင့်ကြံသူမှာလည်း ၄၂ဦးထိ ရှိနေ၏။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကျင့်ကြံသူမှာကား ရာကျော်ရှိပြီး အလင်းတုန်ခါခြင်းနယ်ပယ်ကျင့်ကြံသူ သုံးရာကျော်အထိ ရှိနေ၏။ ကျန်လူများမှာကား ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြလေသည်။
ကုမျိုးနွယ်စု၏ အင်အားမှာကား ကြောက်ခမန်းလိလိပင်တည်း။ တမိုးအောက်ရှိ မည်သည့်မျိုးနွယ်စုမှ ကုမျိုးနွယ်ထက် သူတို့ အင်အားကြီးပါသည်ဟု အာချောင်ရဲလိမ့်မည်မထင်။ အကယ်၍ ချူမျိုးနွယ်တွင် ကုမျိုးနွယ်စုကို တန်ပြန်ရန် လျှို့ဝှက်နည်းစနစ်တချို့ကိုသာ မပိုင်ဆိုင်ထားလျင် ကုမျိုးနွယ်အနေနှင့် သူတို့၏ ရှေးယခင်က ရွှေရောင်ခေတ်ဆီသို့ ပြန်ရောက်ပြီးဖြစ်နေမည်မှာ မုချပင်။
နောက်ဆုံးတွင် အစောင့်က အောက်ပါအတိုင်း ပြောလာ၏။
"ခုဆို ကုမျိုးနွယ် ဘယ်လောက်ကြောက်စရာကောင်းမှန်း မင်းတို့ သိသွားပြီ ကျုပ် မင်းတို့ကို အကြံပေးလိုက်မယ် မြန်နိုင်သမျှ အမြန်ဆုံး ဒီနေရာကနေထွက်သွားပြီး ဘယ်တော့မှ ပြန်မလာနဲ့တော့ ဒီလိုမှမဟုတ်ပဲ ကုမျိုးနွယ်ကို ရန်စရင် မင်းတို့ အသေဆိုးနဲ့သေရလိမ့်မယ်"
"မင်းလေသံက မာလှချည်လား ကျုပ် မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား"
"မင်း အလောသုံးဆယ် လုပ်မှာစိုးလို့ ကျုပ် ကောင်းကောင်းမွန်မွန် ပြန်ဖြေနေခဲ့တာပဲ ခုတော့ ကုမျိုးနွယ်စုရဲ့ အနေအထားကို မင်း သ်ိသွားပြီ ချင့်ချိန်ပေါ့ကွာ ကျုပ်ကိုထိရင် သူတို့ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
"သူတို့က ဒီကနေတောင်မှ ထွက်သွားလို့မရတာ ကျုပ်က ဘာလို့ကြောက်ရမှာလဲ"
"ထွက်လို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကုမျိုးနွယ်ဝင်တယောက်ကို ထိပါးရင် လက်စားချေခွင့်ကို တောင်းခံလို့ရတယ် မဖြစ်မနေဆိုရင် ခွင့်တောင်းပြီး ဒီကနေ ထွက်သွားလို့တောင်ရတယ်"
"ဒါပေမဲ့ ဒီလိုခြွင်းချက်မျိုးက မင်းအတွက်တော့ မဟုတ်ဘူးမလား"
အစောင့် မျက်နှာပျက်သွားလေသည်။ စုချန်း သက်ပြင်းချရင်း ပြောလိုက်ပြန်၏။
"မင်းကို မလိုတာတွေ မပြောနဲ့လို့ ကျုပ် ပြောခဲ့တယ် မင်း နားမထောင်ခဲ့ဘူး ဒီတော့ ကျုပ် မင်းရဲ့ကိုယ်ခန္ဓာထဲက တခုခုကို ချိုးပေးမှရတော့မယ်"
စကားဆုံးသည်နှင့် စုချန်းသည် အစောင့်၏ လည်မြိုကို ဂျွတ်ခနဲ လိမ်ချိုးလိုက်လေရာ အစောင့်၏ ကိုယ်ခန္ဓာသည် ဖွဲ့အိတ်ကြီးပမာ မြေကြီးပေါ်သို့ လဲပြိုသွားတော့သည်။
ထို့နောက် စုချန်းသည် တစုံတရာကို အလေးအနက် စဥ်းစားနေ၏။ အတန်ကြာမှ သူက ရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျုပ် ကုချိန်းလွှာက်ို သွားတွေ့မှရမယ်"
သံမဏ်ိိ ထိတ်လန့်သွား၏။
"သခင် ပြန်စဥ်းစားပါအုံး"
သံမဏိ၏ ထိတ်လန့်မှုက မမှား။ အချုပ်အနှောင်မဲ့အဖွဲ့နှင့် ကုမျိုးနွယ်၏အင်အားမှ မယှဥ်သာအောင် ကွာဟနေ၏။
သို့သော် စုချန်းကား ထိတ်လန့်ဟန်မတူ။
"သူတို့ကို ကျုပ်တို့ထိပ်တိုက်ရင်မဆိုင်နိုင်ဘူး ဒါပေမဲ့ ဒီလိုရင်မဆိုင်နိုင်တာနဲ့ပဲ တခြားနည်းလမ်းတွေ မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး"
ထို့နောက် စုချန်းက တချက်တွေးရင်း ပြောလိုက်ပြန်သည်။
"ဘာပဲပြောပြော ကျုပ် ဒီရောက်နေပြီဆိုတာ ချိန်းလွှာ သိဖို့လိုတယ်"
သံမဏိက မေးခွန်းထုတ်လိုက်ပြန်သည်။
"ဒါပေမဲ့ သခင်မလေးကို မတွေ့ရပဲ ကျုပ်တို့ သူ့ဆီ သတင်းရောက်အောင် ဘယ်လိုပို့ကြမလဲ သခင်"
စုချန်း ပြုံးလိုက်သည်။
"နည်းလမ်းဆိုတာ အမြဲတမ်း ရှိပါတယ်ကွာ ကျုပ်တို့ အထဲဝင်မရတော့လဲ သူ အပြင်ထွက်လာမဲ့အချိန်က်ို စောင့်ကြတာပေါ့ သူ အနှေးနဲ့အမြန် အပြင်ထွက်လာမှာပါ"
***