← Chapters

ပြန်လည်ဆုံတွေ့ပြီ

Vol. 75 Ch. 744

ပြန်လည်ဆုံတွေ့ပြီ

Vol. 75 Ch. 744

မနက်တိုင်းလိုလိုတွင် ကုချိန်းလွှာသည် လျူစင်းကျီသို့ သွား၍ အသီးအရွက်ပိုင်မုန့်နှင့် စင်းကျီမြွေသားစွပ်ပြုတ်တို့ကို ပုံမှန်စားသောက်လေ့ရှိသည်။ ထိုဟင်းလျာနှစ်မျိုးအား စားသောက်လိုက်တိုင်း နှစ်ထောင်းအားရသော ခံစားချက်ကို သူမ ရလေ့ရှိသည် မဟုတ်ပါလား။

သို့သော် ဤမနက်တွင်တော့ စံအိမ်မှာ ထွက်အံ့ဆဲဆဲမှာပင် သူမ ဟန့်တားခံလိုက်ရလေသည်။

"သခင်မလေး ချိန်းလွှာ သခင်လေးဟုန်က သခင်မလေးကို ရက်တချို့လောက် အပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်"

အစောင့်တဦးက ကုချိန်းလွှာအား ဟန့်တားရင်း ပြောလိုက်၏။

"ကျွန်မချိန်းလွှာက သွားချင်ရာသွားဖို့ ရှင့်ခွင့်ပြုချက်များ လိုမယ်ထင်နေသလား"

ကုချိန်းလွှာက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။

တကယ်တော့ ကုချိန်းလွှာသည် မူလသားရဲသွေးဗီဇနိုးထလာ၍သာ ဤနေရာသို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် မိုးမြို့တော်ကုမျိုးနွယ်စုအနေနှင့် သူမအား ထိန်းချုပ်၍မရ။ သူမသည် ယခုတိုင် လွတ်လပ်သူတယောက် ဖြစ်နေဆဲပင်တည်း။

အစောင့်က တဟဲဟဲရယ်မောရင်း ရှင်းပြလိုက်သည်။

"သခင်မလေး နားလည်မှုလွဲနေပြီ ခုရက်ပိုင်းအတွင်း အပြင်မှာ မငြိမ်မသက်ဖြစ်နေတယ် ဓားပြတချို့ မြို့ထဲဝင်လာပြီး နေရာတိုင်းမှာ လုယက်နေကြလေရဲ့ အရေးကြီးပုဂ္ဂိုလ်တချို့တောင် ဒဏ်ရာရကုန်ကြပြီ သခင်လေးဟုန်က သခင်မလေးရဲ့ လုံခြုံရေးကို ဂရုစိုက်တယ်လေ ဒါကြောင့် သခင်မလေးကို ရက်ပိုင်းလောက် အပြင်မထွက်ဖို့ တားမြစ်ရတာပါ"

ကုချိန်းလွှာက ချက်ချင်းပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။

"ကုမျိုးနွယ်စုရဲ့အင်အားနဲ့ ဒီလိုဓားပြမျိုးကိုတောင် မနိုိုင်ဘူးလား"

အစောင့်က ရှင်းပြလိုက်ပြန်သည်။

"နှိမ်နှင်းရတာက မခက်ပါဘူး ဒါပေမဲ့ ဒီဓားပြတွေက ကြွက်တွေလိုပဲ တချိန်လုံး ပုန်းနေကြတာ သူတို့ သခင်မလေးကို တခုခုလုပ်သွားမှာစိတ်ပူလို့ ကျုပ်တို့ ဒီလို တားမြစ်ရတာပါ"

"ဒါပေမဲ့ ကျွန်မ လျူစင်းကျီကို သွားချင်တယ်"

"သခင်မလေးအတွက် လျူစင်းကျီက မနက်စာလှမ်းမှာထားပြီးပါပြီ သိပ်မကြာခင် ဒီကို ရောက်ပါလိမ့်မယ်"

"ပြီးတော့ လင်အိမ်တော်စတုတ္တသမီးနဲ့ စျေးဝယ်ထွက်ဖို့လဲ ချိန်းထားသေးတယ်ရှင့်"

"လင်အိမ်တော်စတုတ္တသခင်မလေးလင်လဲ ဒီကို ကြွလာပါလိမ့်မယ် သခင်မလေးနဲ့ အေးအေးဆေးဆေး စကားပြောလို့ရအောင်ပေါ့"

ကုချိန်းလွှာ၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"ကုဖေးဟုန်က ကျွန်မ ဘာလုပ်မလဲ ကောင်းကောင်းသိနေတာပဲကိုး"

အစောင့် ဘာမှပြန်မပြော။

"ကျွန်မ အိမ်ထဲမှာ ဘယ်နှစ်ရက် နေရမှာလဲ"

"သိပ်မကြာပါဘူး သခင်မလေး အလွန်ဆုံး သုံးရက်ကနေ ငါးရက်ပေါ့"

ကုချိန်းလွှာ တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက အစောင့်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

"ယန်ချွန်းယန် ရှင် စကားပြောကောင်းသားပဲ"

အစောင့်၏နာမည်မှာ ယန်ချွန်းယန် ဖြစ်လေသည်။

"ခုလို ချီးကျူးတာ ကျေးဇူးပါပဲ သခင်မလေး"

စကားဆုံးသည်နှင့် ကူချိန်းလွှာသည် ဘာမှဆက်မပြောတော့ပဲ အခန်းဆီသို့ ပြန်လာခဲ့လေသည်။ အခန်းထဲသို့ရောက်သည်နှင့် သူမက အောက်ပါအတိုင်း အော်ခေါ်လိုက်သည်။

"ချွီထန်း"

"ကျွန်မရှိပါတယ် သခင်မလေး"

ထူးသံနှင့်အတူ အမျိုးသမီးအစေခံတဦး ရောက်လာ၏။

"အပြင်ကိုသွားပြီး ဘာတွေဖြစ်နေသလဲ တိတိကျကျ စုံစမ်းခဲ့စမ်း"

"ကောင်းပါပြီ သခင်မလေး"

အစေခံမလေး ထွက်ခွာသွား၏။ ကုချိန်းလွှာကိုသာ တားမြစ်သော်လည်း ယန်ချွန်းယန်သည် ချွီထန်းကိုတော့ မတားချေ။

အချိန်အတော်လေးကြာသော် သူမ ပြန်ရောက်လာ၏။ သူမက ခေါင်းခါရင်း ကုချိန်းလွှာအား အောက်ပါအတိုင်း ပြောပြလိုက်လေသည်။

"လမ်းတိုင်းကို ပတ်ကြည့်ခဲ့ပေမဲ့ အားလုံးပုံမှန်ပါပဲဲ သခင်မလေး ဒါပေမဲ့ ကြားရတာက ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တယောက် မြို့ထဲကိုရောက်လာလို့ နည်းနည်း လှုပ်လှုပ်ရှားရှားတော့ ဖြစ်နေသတဲ့ ဒါကြောင့် သခင်လေးဟုန်က သခင်မလေးအတွက် စိတိပူပြီး အပြင်မထွက်ခိုင်းတာလို့ ပြောပါတယ်"

ကုချိန်းလွှာ အစေခံမလေးအား ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

"သူ့ဆီက တန်စိုးလက်ဆောင်ကြောင့် မင်းငါ့ကို လာလိမ်နေသလား"

အစေခံမလေး ထိတ်လန့့်သွားပြီး ဒူးထောက်ချလိုက်သည်။

"သခင်မလေးကို မလိမ်ရဲပါဘူးရှင် ဘာမှထူးထူးခြားခြား မတွေ့ခဲ့တာတော့ အမှန်ပါ ကျိန်ရဲပါတယ်"

သို့သော် အပြင်တွင် ဘာမှမဖြစ်ခဲ့သည်ကို ကုချိန်းလွှာ မယုံနိုင်ပဲ ဖြစ်နေ၏။

ကုချိန်းလွှာသည် စုချန်းနှင့် နှစ်ပေါင်းများစွာ ရင်းနှီးလာသည်ဖြစ်၍ စုချန်း၏ အတွေးအခေါ်တချို့ သူမထံတွင် ရှိနေ၏။ ထို့ပြင် လူသားများသည် လွန်စွာကောက်ကျစ်တတ်ကြောင်း သူမ သင်ခန်းစာရခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကုဖေးဟုန် ဘာပြောပြော သူမ အပြည့်အဝ မယုံ။

ကုချိန်းလွှာသည် အစေခံမလေး၏ စကားက်ို ပြန်လည်သုံးသပ်၏။ ကုဖေးဟုန်၏စကားကို အထပ်ထပ်အခါခါ ဆန်းစစ်၏။ အချိန်အတော်ကြာအောင် အနုလုံပဋိလုံ စဥ်းစားပြီးသကာလ သူမ မျက်လုံး အရောင်တချက် ဝင်းလက်သွားတော့သည်။

"ဒါ..ဒါ ဆိုရင်..."

______________×××______________×××_____________

ကုဖေးဟုန်သာမက စုချန်းသည်လည်း ကုချိန်းလွှာတယောက်က် အချိန်တိုအတွင်း အမှန်တရားကို သိသွားလိမ့်မည်ဟု လုံးဝထင်မထား။

မိုးမြို့တော်သို့ ရောက်ပြီးနောက်ပိုင်းတွင် ကူချိန်းလွှာ၏ ညဏ်ရည်ညဏ်သွေးသည် များစွာ မြင့်မားတိုးတက်လာခဲ့၏။ စုချန်း မရှိသည့်နောက်ပိုင်း၊ မိသားစုနှင့် ဝေးကွာပြီးနောက်ပိုင်း သူမသည် မြန်မြန်ဆန်ဆန် ရင့်ကျက်လာခြင်းပင်။

သို့သော် စုချန်းတယောက်က် စံအိမ်အပြင်ဘက် စားသောက်ဆိုင်၏ ပြတင်းပေါက်ဘေးရှိ စားပွဲတွင် ထိုင်နေမှန်းကိုတော့ ကုချိန်းလွှာ မသိ။ တကယ်လည်း စုချန်းသည် ထိုစားပွဲတွင် တနေကုန် ငုတ်တုပ်ထိုင်နေခဲ့လေသည်။

စုချန်း မည်မျှပင် ထိုင်စောင့်စေကာမူ ကုချိန်းလွှာကား ပေါ်မလာ။ ကုမျိုးနွယ်ဝင်များသာ တယောက်ပြီးတယောက်က် ရောက်လာ၏။ သို့သော် ရုပ်ဖျက်ထားခြင်းကြောင့် စုချန်းအား မည်သူမှ သတိမထားမိချေ။

ထို့ကြောင့် စုချန်းနှင့် ကုချိန်းလွှာ၏ အဖြစ်မှာ နီးလျက်နဲ့ ဝေးဆိုသော စကားအတိုင်း ဖြစ်နေလေတော့သည်။

ဤနေရာတွင် မိန်းကလေးနှင့် ယောကျာ်းလေးသည် ခံစားသက်ဝင်ပုံခြင်း၊ စဥ်းစားတွေးခေါ်ပုံခြင်းမတူကြသလို ဆုံးဖြတ်ချက်ချရာတွင်လည်း ကွဲပြားနေတတ်ကြ၏။

ဥပမာ..စုချန်းကို ကြည့်ပါ။ စုချန်းသည် ဤတပွဲတွင် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့၏။ စိတ်ရှည်သည်းခံခြင်းမှာ သူ၏ ဝှက်ဖဲပင်။ အချိန်ဘယ်လောက်ကြာကြာ တနေ့တွင် ကုချိန်းလွှာ စံအိမ်ထဲမှ ထွက်လာရမည်ဟု သူ ယူဆထားသည် မဟုတ်ပါလား။ ကုမျိုးနွယ်စု၏ အင်အားကြောင့် ဤနည်းလမ်းကို စုချန်း ရွေးချယ်လိုက်ခြင်းပင်။

သို့သော် ကုချိန်းလွှာအတွက်တော့ စုချန်း၏ တွေးခေါ်ပုံမှာ အသုံးမဝင်။ သူမ တခုခုတော့ လုပ်လိမ့်မည်သာ။

သုံးရက်ဟူသော အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။

ထိုသုံးရက်အတွင်း ကုချိန်းလွှာသည် ဘာမှကလန်ကဆန် မလုပ်။ ငြိမ်ငြိမ်သက်သက်ပင် နေထိုင်နေလေသည်။ အရာအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် ငြိမ်ငြိမ်သက်သက်ပေတည်း။

အခြေအနေတခုလုံး အေးဆေးငြိမ်သက်နေသောကြောင့် ယန်ချွန်းယန်မှာ အတော်ပင် စိတ်သက်သာရနေ၏။ သို့သော် ကုဟုန်ဖေး စုချန်းကို ရှာမတွေ့သေးသ၍ အခြေအနေမှာ မအေးချမ်းနိုင်သေးမှန်း သူ သဘောပေါက်ထားလေသည်။

ထိုအခိုက်မှာပင် အချက်ပေးသံနှင့်အတူ တစုံတယောက်၏ အော်ဟစ်သံကို သူ ကြားလိုက်ရသည်။

"သခင်မလေး"

ကုချိန်းလွှာလား...

ယန်ချွန်းယန် အကြီးအကျယ် ထိတ်လန့်သွားပြီး အခန်းထဲသို့ တဟုန်ထိုး ပြေးဝင်လိုက်လေသည်။

အခန်းထဲရောက်သည်နှင့် တခန်းလုံး မြူများဖုံးလွှမ်းနေပြီး ဘာမှရေရေရာရာ မမြင်ရကြောင်း သူ တွေ့လိုက်ရ၏။

"သခင်မလေးချိန်းလွှာ"

မြူခိုးများကြားမှပင် အမျိုးသမီးတဦး၏ နူးညံ့ပျော့ပြောင်းသော ကိုယ်ခန္ဓာကို သူ စမ်းသပ်မိလိုက်သည်။ သူ အကြီးအကျယ် ထိတ်လန့်သွား၏။

"သခင်မလေး ချိန်းလွှာ သခင်မလေး"

ထိုအချိန်မှာပင် အဆိုပါအမျိုးသမီးသည် သူ့အား တင်းကြပ်စွာ ပွေ့ဖက်လာတော့၏။

ယန်ချွန်းယန် ရင်တုန်ပန်းတုန် ဖြစ်သွား၏။ သို့သော် သူ သတိမလွတ်သေး။

"သခင်မလေး သတိထားပါအုံး"

သို့သော်ငြား တဖက်မှ အမျိုးသမီးသည် သတိထားဖို့ ဝေးစွ ယန်ချွန်းယန်ကို ပို၍တင်းကျပ်စွာ ပွေ့ဖက်ပြီး အောက်ပါအတိုင်း အသံကုန်ဟစ်လိုက်လေသည်။

"အား မရတော့ဘူး ကျွန်မကို ကယ်ပါ အားရပါးရ မုဒိန်းကျင့်ပေးပါ"

"မဟုတ်ဘူး"

ယခုတိုင် အသိစိတ်မလွတ်သေးသော ယန်ချွန်းယန်သည် ထိုစကားကို ကြားသည်နှင့် တခုခု မှားနေပြီမှန်း ချက်ချင်း သဘောပေါက်လ်ိုက်လေရာ အမျိုးသမီးအား တွန်းဖယ်ပစ်လိုက်၏။

ထိုအခိုက်မှာပင် ကျောပြင်သို့ လေဟပ်သလိုခံစားလိုက်ရပြီး ယန်ချွန်းယန်တယောက် တကိုယ်လုံး တောင့်တင်းသွားတော့သည်။

ယန်ချွန်းယန်အား လှုပ်မရအောင် လုပ်လိုက်သူမှာ ကုချိန်းလွှာ ဖြစ်နေ၏။

ယန်ချွန်းယန် ဒေါသထွက်သွားသလို အကြီးအကျယ် ထိတ်လန့်သွား၏။

ထိုအချိန်မှာပင် မရေမတွက်နိုင်သောလူများ အခန်းထဲသို့ ပြေးဝင်လာလေသည်။ ဦးဆောင်လာသူမှာ ခရမ်းရောင်ဝတ်ရုံအကြီးအကဲ ဖြစ်သည်။

အစေခံမလေးနှင့် လုံးထွေးနေသော ယန်ချွန်းယန်ကို မြင်သောအခါ အကြီးအကဲ ဒေါသထွက်သွား၏။

"ယန်ချွန်းယန် မင်း ဘာတွေလုပ်နေတာလဲ"

ထို့နောက် သူက ယန်ချွန်းယန်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

လက်ဝါးဒဏ်ကို အံ့ကြိတ်ခံစားရင်း ယန်ချွန်းယန် အော်ဟစ်တောင်းပန်လိုက်လေသည်။

"သတ္တမမြောက်အကြီးအကဲ ကျုပ် အထင်မှားခံရတာပါ အကြီးအကဲ မယုံရင် ကြည်လင်နှလုံးသားနည်းစနစ်နဲ့ စစ်ဆေးကြည့်ပါ"

ကြည်လင်နှလုံးသားနည်းစနစ်ဆိုသည်မှာကား အလိမ်အညာများကို ဖော်ထုတ်နိုင်သည့့် နည်းစနစ်တမျိုးပင်။

သို့တိုင်အောင် ခရမ်းရောင်ဝတ်ရုံအကြီးအကဲမှာကား ဒေါသထွက်နေဆဲပင်။

"ဒီလောက်ရှင်းနေတာတောင် မင်းက ခုထိ မုန်လာဥလုပ်ချင်နေတုန်းလား ချိန်းလွှာက မင်းက ဘာကြောင့် အကြောင်းမဲ့သက်သက် ဒုက္ခပေးရမှာလဲ"

ယန်ချွန်းယန် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်လေသည်။

"သခင်မလေးကုက ကျုပ်အပေါ် နားလည်မှုလွဲနေတာ ဖြစ်ပါလိမ့်မယ်ဗျာ"

ပြောရင်းနှင့် သူ ကုချိန်းလွှာအား သတိရလာ၏။

ကုချိန်းလွှာ နေရာတွင် မရှိတော့။

"ဟာ သခင်မလေးကု ဘယ်ရောက်သွားတာလဲ"

ယန်ချွန်းယန် အထိတ်တ်တလန့်နှင့် ထအော်လိုက်၏။ တဆက်တည်းမှာပင် ရုတ်ရုတ်သည်းသည်းဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူပြီး ကုချိန်းလွှာ လစ်ထွက်သွားပြီမှန်း သူ နားလည်လိုက်လေသည်။

ယန်ချွန်းယန် ကျောစိမ့်အောင် ကြောက်လန့်သွားသည်။ သခင်လေးကု၏ ပြင်းထန်လှသော အမျက်ဒေါသကို သူ ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။

စံအိမ်အပြင်ဘက်ရှိ လမ်းများပေါ်တွင်တော့ လူများ ပျားပန်းခတ် သွားလာနေကြ၏။ အရာအားလုံးမှာ ပုံမှန်အတိုင်း ရှိလေသည်။

ကုချိန်းလွှာ စုချန်းကို ဘယ်နေရာမှာမှ မတွေ့။ စုချန်းကို ဘယ်နေရာတွင် လိုက်ရှာရမှန်းလည်း သူမ မသိ။ ပိုဆိုးသည်က သူမတွင် အချိန်များများစားစား မရ။ ကုဖေးဟုန်နှင့် ကျန်လူများ အချိန်မရွေး ရောက်လာနိုင်သည် မဟုတ်ပါလား။

နောက်ဆုံးတွင် ကုချိန်းလွှာတယောက် တစုံတခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်လ်ိုက်ပြီး ခေါင်းမော့ကွာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"စုချန်း ကျွန်မ ဒီမှာ ရောက်နေပြီ ရှင်ဘယ်မှာလဲ"

"စုချန်း ရှင် ဘယ်မှာလဲ"

"စုချန်း ရှင် ဘယ်မှာလဲ"

ကုချိန်းလွှာ၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ကျယ်လောင်စွာ ပျံ့လွင့်သွားတော့၏။

စုချန်း ဘယ်နေရာမှမှန်း သူမ မသိ။ သို့သော် အနီးအနားတွင် ရှိရမည်ဟုတော့ သူမ သေချာပေါက် ယုံကြည်ထားလေသည်။

သို့သော် စုချန်းကား ပေါ်မလာ။ မရေမတွက်နိုင်သော လူများကသာ သူမအား ဝိုင်းကြည့်နေကြ၏။

သူမ၏ နှလုံးသားတခုလုံး အေးခဲသွားသည့်နှယ် ကုချိန်းလွှာ ခံစားလိုက်ရလေသည်။

စုချန်းရယ်...ရှင် ဘယ်မှာလဲ...ရှင် ဒီမှာ မရှိဘူးလားဟင်...

ကုချိန်းလွှာတယောက် အလိုလိုနေရင်း မျက်ရည်ဝဲလာတော့သည်။

"ဟေ့ မင်း အဲဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ"

အသံတသံံ ထွက်ပေါ်လာသည်။

ကုချိန်းလွှာ တကိုယ်လုံး တုန်ခါသွားပြီး အသံထွက်ပေါ်လာရာဆီသို့ ချာခနဲ လှည့်ကြည့်လိုက်၏။

စုချန်းကား သူမကို ပြုံးပြုံးကြီး စိုက်ကြည့်နေလေသည်။

***

All Chapters