ခြိမ်းခြောက်မှု
Vol. 75 Ch. 745
အတိုင်းမသိသော ခံစားချက်နှင့်အတူ ကုချိန်းလွှာသည် စုချန်းအား ပြေးဖက်လ်ိုက်တော့၏။
သူမ၏ ပွေ့ဖက်မှုမှာ တင်းကြပ်လှသည်။ စုချန်းအား လွတ်ထွက်သွားမည်ကဲ့သို့ ဖက်ထားခြင်း ဖြစ်သည်။
ထို့နောက် သူမက စုချန်းအား တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် စုချန်းက ကုချိန်းလွှာလက်က်ိုဆွဲရင်း ကြင်နာလှသော လေသံနှင့် ပြောလိုက်၏။
"လာ ကျုပ်နဲ့လိုက်ခဲ့"
စကားဆုံးသည်နှင့် စုချန်းက ကုချိန်းလွှာလက်က််ိုဆွဲရင်း စတင်ပြေးလွှားတော့သည်။
သူတို့၏ အပြေးနှုန်းမှာ မြန်ဆန်လှ၏။ ထိုအချိန်မှာပင် ထိုနေရာသို့ ကုမျိုးနွယ်စုမှ လူများ ရောက်ရှိလာ၏။ စုချန်းတို့ ပြေးလွှားနေသည်ကို မြင်သည်နှင့် သူတို့ အောက်ပါအတိုင်း အော်ဟစ်လိုက်ကြသည်။
"သူတို့ ဟိုမှာ"
ပြေးသူကပြေး လိုက်သူကလိုက်ုက်နှင့် ပြေးတမ်းလိုက်တမ်း ကစားကြလေပြီ။
မို့မြို့တော်သည် ဟာလာဟင်းလင်းတောင်နိုင်ငံ၏ အစိတ်အပိုင်းတခုဖြစ်၍ မည်သူမှ ပျံသန်းခွင့်မရှိ။ ထို့ကြောင့် သူတို့အားလုံး လမ်းများပေါ်တွင်သာ ခြေကုန်သုတ်နေကြရ၏။
မျက်စေ့တမှိတ်အတွင်း စုချန်းတို့သည် လမ်းတချို့ကို ကျော်လွှားကာ လမ်းကြားလေးတခုအတွင်းသို့ ရောက်လာတော့သည်။ ထိုအခါ စုချန်းက အပြေးရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ ကုချိန်းလွှာမှအပ သူတို့နောက်တွင် မည်သူမှ မရှိ။
နောက်ဆုံးတော့ သူတို့နှစ်ဦး အေးအေးဆေးဆေး မျက်နှာချင်းဆုံခွင့်ရလေပြီ။
စုချန်းနှင့် ကုချိန်းလွှာသည် တယောက်မျက်နှာကို တယောက် တိတ်တိတ်ဆိတ်ဆိတ်ပင် ငေးကြည့်နေမိကြလေသည်။ မဆုံခင်တုန်းက စကားများဖောင်ဖွဲ့မည်ဟု နှစ်ဦးသား တွေးမိကြသော်လည်း တကယ်တမ်းဆုံမိတော့ စကားလုံးများ ပျောက်ဆုံးသွားချေပြီတကား။
ထို့နောက် စုချန်းသည် ကုချိန်းလွှာအား ရင်ခွင်ထဲပွေ့ဖက်ကာ တရှိုက်မက်မက်ကြီး နမ်းရှိုက်လိုက်တော့သည်။
လူသူကင်းမဲ့သော လမ်းကြားလေး၊ တိတ်ဆိတ်ခြင်း။ထို့နောက် ဝေးကွာနေသောချစ်သူနှစ်ဦး၏ ရှည်ကြာလှသောအနမ်း။
အဆိုပါအနမ်းသည် အတိုင်းမသိ ချိုမြိန်၏။ စက္ကန့်ပေါင်းကဋေကဋာ ရှည်ကြာ၏။ အဆုံးမရှိ နက်ရှိုင်း၏။ ပြောမပြတတ်သော ခံစားမှုများ အစီအရီ ပါဝင်နေ၏။ အချိန်ဘယ်လောက်ကြာသွားမှန်း စုချန်း မသိ။ ကုချိန်းလွှာအား လက်လွှတ်လိုက်သည့်အချိန်တွင်တော့ လမ်းကြားလေးအတွင်း လူများ ပြည့်နှက်နေခဲ့လေပြီတည်း။
ထိုလူများအနက်မှ တချို့မှာ အားကျမနာလိုဟန်ရှိ၏။ တချို့မှာ စူးစမ်းလိုဟန်ရှိ၏။ တချို့မှာ မျောက်ပွဲကြည့်နေရသည့်ပမာ ပြုံးဖြဲဖြဲနှင့် ရှိလေ၏။
ထိုအချိန်မှာပင် ကုမျိုးနွယ်ဝင်များ ရောက်ရှိလာရာ လူအုပ်ုပ်မှာ တခနချင်းပင် လူချင်းကွဲကုန်၏။
၎င်းတို့ကိုကြည့်ရင်း စုချန်း ရေရွတ်လိုက်သည်။
"ဒီကောင်တွေ ကျုပ်တို့ကို တကယ်ကြီး အသဲအမဲ ဖြစ်နေတာပဲကိုး"
ကုချိန်းလွှာ မျက်မှောင်ကုတ်လိုက်၏။
"ကျွန်မ သူတို့ကို ရင်ဆိုင်လိုက်မယ်"
"ချိန်းလွှာ မလုပ်နဲ့"
စုချန်းက ချက်ချင်းပင် ကုချိန်းလွှာအား ဟန့့်တားလိုက်သည်။
"မင်းဟာ ကုမျိုးနွယ်စုကဆိုတာ မှန်တယ် ဒါပေမဲ့ အခြေအနေက ဒီလိုဖြစ်သွားပြီဆိုတော့ ကုဖေးဟုန်အနေနဲ့ နောက်ဆုတ်ဖို့ မရှိတော့ဘူး ကျုပ်တို့ ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်ဘူး ဒါကြောင့် ကျုပ်တို့ ခေါင်းအေးအေးထားပြီး စဥ်းစားရလိမ့်မယ်"
စုချန်း၏ စကား မှန်နေမှန်း ကုချိန်းလွှာ သိပေသည်။ အခြေအနေမှာ လမ်းဆုံးသို့ရောက်သွားပေပြီ။ ကုဖေးဟုန်အနေနှင့် နောက်ဆုတ်တော့မည်မဟုတ်။
စကားဆုံးသည်နှင့် စုချန်းသည် ကုချိန်းလွှာအား လက်ဆွဲ၍ ပြေးရပြန်သည်။
ပြေးနေရင်း ကုချိန်းလွှာက ပြောလိုက်၏။
"သူတို့ကို ရင်ဆိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်လှဘူး မိုးမြို့တော်တခုလုံး ကုမျိုးနွယ်လက်အောက် ရောက်နေပြီရှင့်"
စုချန်း ပြုံးလိုက်၏။
"အဲလိုလား ကျုပ်အထင် မိုးမြို့တော်က ချုမျိုးနွယ်စုလက်အောက်မှာလို့ ထင်နေတာ"
"...."
ကုချိန်းလွှာ တွေသွား၏။ ပြီးမှ သူမက ပြောလိုက်ပြန်သည်။
"ရှင် ဒီလို ရွဲ့စရာမလိုပါဘူးလေ တကယ့်အင်အားချင်းသာယှဥ်ရင် လူသားမျိုးနွယ်စုတစုလုံး ကုမျိုးနွယ်ကို ဖိနှိပ်ဖို့မလွယ်ပါဘူး ရှင့်ပုံစံအရ ကုမျိုးနွယ်အကြောင်းကို စုံစမ်းပြီးလောက်ပါပြီ"
"မင်းက လူသားဧကရာဇ်ဆယ့်နှစ်ပါးကို ဆိုလိုချင်တာမလား ကံဆိုးတာက သူတို့အများစု အိပ်ပျော်နေတာပဲ"
ကုချိန်းလွှာက စုချန်းအား မျက်စောင်းထိုးလိုက်သည်။
"ရှင်က ဒါလဲ သိနေတာပဲလား"
တကယ်တော့ ကုမျိုးနွယ်တွင် လူသားဧကရာဇ်၁၂ပါးရှိသည်ဆိုသော်လည်း အများစုမှာ ကုမျိုးနွယ်ဘိုးဘေးခန်မးတွင် အိပ်စက်နေကြပြီး နှစ်၃၀၀၀လျင် တကြိမ်သာ ပြန်လည်နိုးထလာလေ့ရှိ၏။ သုံးပါးသာလျင် နှစ်၁၀၀၀ တကြိမ် ပြန်လည်နိုးထလာလေ့ရှိသည်။
စုချန်း ရယ်မောလိုက်သည်။
"ဒါ လျှို့ဝှက်ချက်ကြီး မဟုတ်ပါဘူးကွာ...လာ ဒီလမ်း"
ပြောပြောဆိုဆို စုချန်းသည် ကုချိန်းလွှာအား လမ်းကြားလေးတခုအတွင်း ဆွဲခေါ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျုပ်ကို မင်းဆီက သွေးနည်းနည်းလောက် ပေးစမ်း"
စုချန်း လိုချင်သည်ဆိုပါက ကုချိန်းလွှာ ဘာမဆိုပေးမည်သာ။ သူမက ချက်ချင်းပင် လက်ထိပ်က်ိုဖောက်ပြီး စုချန်း လက်ထဲရှိ ပုလင်းငယ်ထဲသို့ အစက်ချပေးလိုက်သည်။
သိပ်မကြာမီမှာပင် မြင်လိုက်ရသောမြင်ကွင်းကြောင့် ကုချိန်းလွှာ မျက်လုံးပြူးသွားတော့၏။ အကြောင်းမှာ သူမမျက်စေ့ရှေ့မှောက်မှာပဲ နောက်ထပ် စုချန်းနှင့်ကုချိန်းလွှာ နောက်တတွဲ ပေါ်ပေါက်လာသောကြောင့်ပင်။
စုချန်း အချက်ပြလိုက်သည်နှင့် အဆိုပါ ပုံတူနှစ်ယောက်သည် လမ်းကြားလေးအတွင်းမှ ပြေးထွက်သွားတော့သည်။ စုချန်းနှင့် ကုချိန်းလွှာသည်လည်း အမှောင်ထုအတွင်းဝယ် ပျောက်ကွယ်သွားတော့၏။
နောက်မှလိုက်လာသူများသည်လည်း ပုံတူနှစ်ယောက်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားကြလေသည်။
မြင်ကွင်းကို တအံ့တသြ ငေးမောရင်း ကုချိန်းလွှာက မဲ့လိုက်၏။
"ရှင် ပိုပြီး လှည့်ကွက်တွေများလာပါလား"
"ရှူး စကားမပြောနဲ့"
ထိုစဥ် အဝေးဆီမှလူနှစ်ဦး ပြေးလာနေ၏။ ထိုလူနှစ်တဦး ပြေးလာပုံမှာ လေသဖွယ် မြန်ဆန်လှပေသည်။ မြင်ရုံနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များမှန်း သိသာနေ၏။
"လင်ညီအစ်ကိုတွေပါလား ဒီအရူး ကုဖေးဟုန်"
ကုချိန်းလွှာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
စုချန်း ကုချိန်းလွှာ၏ ပါးစပ်အား ငြင်သာစွာ ပိတ်ထားလိုက်၏။
ကုချိန်းလွှာ စုချန်းအား ငေးကြည့်လိုက်သည်။ အမှောင်ထုများ ဖုံးလွှမ်းနေ၍ သူမ စုချန်းအား မမြင်ရပါ။ သို့သော် စုချန်း၏ တည်ရှိမှုကို သူမ အတိုင်းသား ခံစားနေရလေသည်။ ထို့နောက် ချစ်သူနှစ်ဦး နောက်တကြိမ် မွတ်သိပ်စွာ နမ်းရှိုက်မိကြပြန်၏။
ထိုအခိုက်တွင် လူတစု လမ်းကြားလေးအဝဆီမှ ဆဲသံတချို့လည်း ထွက်ပေါ်လာလေသည်။
"ခွေးမသားတွေ စုချန်းလိုကောင်ကိုတောင် မင်းတို့ မဖမ်းနိုင်ဘူး မင်းတို့ကြောင့် ကုမျိုးနွယ်စု မျက်နှာပျက်ရပြီ"
အသံရှင်မှာ ကုဖေးဟုန်ပေတည်း။
"သခင်လေး ဘာမှစိတ်မပူပါနဲ့ ကျုပ်တို့ စုချန်းကို ဖမ်းမိမှာပါ ခက်တာက သခင်မလေးကုချိန်းလွှာ သူနဲ့အတူ ရှိနေတာပဲ ကျုပ်တို့ ဘာဆက်လုပ်ကြရင်ကောင်းမလဲ"
ဒုတိယအသံရှင်မှာ အိုမင်းရင့့်ရော်ဟန်ရှိသော်လည်း အစွမ်းကြီးမားလှကြောင်း စုချန်း ချက်ချင်းပင် သိလိုက်သည်။ အကြောင်းမှာ ကုဖေးဟုန်၏ ခြေလှမ်းကို စုချန်း ခံစား၍ရသော်လည်း ဒုတိယအသံရှင်၏ခြေလှမ်းကိုတော့ မည်သို့မှ အာရုံခံ၍ မရသောကြောင့်ပင်။ ထိုသူသည် အနည်းဆုံး ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်တွင်တော့ ရှိပေလိမ့်မည်။
သိပ်မကြာမီ လမ်းကြားအဝတွင် ကုဖေးဟုန်၏ မျက်နှာကြီး ဘွားခနဲ ပေါ်လာလေသည်။
သူက ဒေါကြီးမောကြီးနှင့် ပြောလိုက်ပြန်သည်။
"ကျုပ် ချိန်းလွှာကို အင်မတန် ကြင်ကြင်နင်နာ ဆက်ဆံတယ် ဒါပေမဲ့ သူ ကျုပ် အချစ်ကို ငြင်းပယ်တယ် သူ့ဖက်က ဒီလောက်နှလုံးသားကင်းမဲ့မှတော့ ကျုပ် ဘာလုပ်လုပ် သူ အမြဲမကောင်းပြောနေမှာပဲ ဒီတော့ မထူးတော့ဘူး ခင်ဗျား သူ့ကို ရအောင်ဖမ်းပြီး ကျုပ်အခန်းထဲသာ ပို့လိုက်တော့"
ထိုစကားကိုကြားသည်နှင့် ကုချိန်းလွှာ ဒေါသအမျက်ချောင်းချောင်းထွက်လာလေသည်။
အိုမင်းရင့်ရော်သော အသံရှင်က ပြောလိုက်ပြန်သည်။
"သခင်မလေးချိန်းလွှာဟာ အပြင်က နူးညံ့သလောက် ခေါင်းမာတယ် သခင်လေး သူ့ကို အတင်းအကြပ် အညံ့ခံစေဖို့တော့ အတော်ခက်လိမ့်မယ်"
ကုဖေးဟုန် တဟဲဟဲ ရယ်မောလိုက်သည်။
"ဒါဆိုလဲ ရှိပစေပေါ့ဗျာ ကျုပ်တို့ ထာဝရ မပိုင်ဆိုင်နိုင်ဘူးဆိုရင်တောင် တခါတလေ ပိုင်ဆိုင်ခွင့်ရတာ မဆိုးဘူးမလား"
"ဒါဆို အကြီးအကဲကို ကျတော့ကော..."
ကုဖေးဟုန် စိတ်မရှည်ပဲ ဖြစ်လာ၏။
"ခင်ဗျား ခုထိ နားမလည်ဘူးလား ကုချိန်းလွှာဟာ ကိုင်းဖျားကိုင်းနားအဆင့် ကျုပ်ကတော့ ပင်စည်ပဲ အကြီးအကဲ သူ့က်ို ဘယ်လောက်ပဲ သဘောကျကျ ဒီနှစ်မျိုးကို သွားရောလို့မရဘူး အကျိုးဆက်တွေရှိလာမယ်ဆိုတာ ကျုပ် သေချာပေါက်ပြောရဲတယ်"
"ကောင်းပါပြီသခင်လေး"
ထို့နောက် သူတို့နှစ်ယောက်သည် တဖြည်းဖြည်း အဝေးသို့ ရောက်သွား၏။
ကုချိန်းလွှာမှာကား ဒေါသထွက်လွန်း၍ တကိုယ်လုံး တဆတ်ဆတ် တုန်ယင်လျက်ရှိလေသည်။
အတန်ကြာမှ ဒေါသက််ိုက််ို ထိန်းချုပ်သွားနိုင်ဟန်ဖြင့် ရယ်မောရင်း ကုချိန်းလွှာက ပြောလိုက်၏။
"နောက်ဆုံးတော့ ကုဖေးဟုန်ရဲ့ ဘီလူးခေါင်းစွပ်ထားတဲ့ မျက်နှာကို အမှန်အတိုင်း မြင်ခွင့်ရလ်ိုက်တာ အမြတ်လို့ပဲ ဆိုရတော့မှာပေါ့လေ"
စုချန်း ရယ်မောလိုက်၏။
"မြင်မြင် မမြင်မြင် မင်း သူ့ကို ဘယ်တော့မှ လက်မထပ်ဘူးမလား"
"ကြည့်စမ်း ရှင် အတော်က််ု ယုံကြည်မှုတွေ မြင့်မားနေတယ်ပေါ့လေ ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်နှစ်တောင် ကြာသွားပြီ ခုမှ ကျွန်မကို လာတွေ့ရသလား"
ကုချိန်းလွှာက စုချန်း၏နားရွက်က်ို လိမ်ဆွဲရင်း စကားနာထိုးလိုက်လေသည်။
"ပြီးတော့ ကျွန်မ မှတ်မိပြီ ရှင်လဲ ကျွန်မကို အတင်းလက်ထပ်ခဲ့တာပဲ ရှင်နဲ့ကုဖေးဟုန် အတူတူပဲ"
"ဟေး ချိန်းလွှာ ဒါတွေက ပြီးသွားပြီလေကွာ"
"မရဘူး ကျွန်မ အသေးစိတ်ကို ပြန်မှတ်မိလာတာ"
ကုဖေးဟုန်အပေါ်ထွက်နေသည့် ကုချိန်းလွှာ၏ ဒေါသ စုချန်းအပေါ် ပုံကျသွားဟန်တူသည်။ ကုချိန်းလွှာ ထံမှ အငေါ်တူးစကားများ အဆက်မပြတ်ပင် ထွက်ပေါ်လာလေရာ စုချန်းမှာ ခေါင်းပင်မဖော်နိင်တော့။
နောက်ဆုံးတွင် စုချန်းမှ မနေနိုင်တော့ပဲ တောင်းပန်ရတော့သည်။
"ကျုပ် မှားမှန်း သိပါပြီကွာ ခု ကျုပ် မင်းကို လာတွေ့ပြီပဲမလား"
"ဒါပေမဲ့ နောက်ကျလွန်းတယ်ရှင့် ပြောစမ်း ရှင် ဘယ်မိန်းမနဲ့ အလေလိုက်နေပြန်တာလဲ"
"မဟုတ်ရပါဘူး ချိန်းလွှာရယ် ကျုပ် သတ်ဖြတ်သူနယ်မြေထဲမှာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့တယ်ထင်သလဲ ပြီးတော့ သူတို့ဆီက မိန်းမတွေက သိပ်ပြီးရုပ်ဆိုးတာကွ"
အတန်ကြာသော် ကုချိန်းလွှာ စိတ်ပြေသွား၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။
"ဒီနေရာက စကားပြောသင့်တဲ့နေရာ မဟုတ်ဘူး ကျုပ်တို့ ဘေးကင်းတဲ့တနေရာ အရင်ဆုံး ရှာကြရအောင်"
ကုချိန်းလွှာ ခေါင်းညိတ်ပြလိုက်၏။
စုချန်းက မေးလိုက်ပြန်သည်။
"အရင်ဆုံး ကျုပ်တို့ မြို့ထဲက ထွက်မှရမယ် မင်းအနေနဲ့ မြို့ပြင်ကော ထွက်လ််ို့အဆင်ပြေပါ့မလား"
"ဟာလာဟင်းလင်းတောင်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းဆိုရင် ဘယ်နေရာကိုမဆို ကျွန်မ သွားလို့ရတယ်"
"ဒီတော့ နိုင်ငံထဲက ယာယီထွက်သွားမယ်ဆိုရင် သူတို့ သိသွားနိုင်သလား"
"ချူမျိုးနွယ်တွေက ကျွန်မတို့ကိုယ်ပေါ်မှာ ထူးခြားတဲ့ အမှတ်အသားတခု ခပ်နှိပ်ပေးထားတယ် အဲဒါကိုသုံးပြီး ကျွန်မတို့ ဘယ်မှာပဲရှိရှိ သူတို့ ရှာနိုင်တယ်"
"ဒါဆို ကျုပ်ထပ်မေးမယ် ကုဖေးဟုန်သာ ချုမျိုးနွယ်တွေကို သုံးပြီး မင်းကိုရှာမယ်ဆိုရင် ဒါ ဖြစ်နိုင်သလား"
"သဘောတရားအရဆိုရင်တော့ ဖြစ်နိုင်တာပေါ့ ဒါပေမဲ့ ကုဖေးဟုန်လောက်ကို ချူမျိုးနွယ်တွေ ဂရုမစိုက်ဘူး ကျွန်မ ဒီနိုင်ငံနယ်နိမိတ်ထဲမှာ ရှိနေသရွေ့ ပြသနာမရှိဘူး"
"ဒါဆို မင်းတို့ကုမျိုးနွယ်အကြီးအကဲက မင်းကိုရှာပေးဖို့ ချုမျိုးနွယ်တွေဆီ အကူအညီတောင်းလာရင်ကော"
ကုချိန်းလွှာ ပါးစပ်ပိတ်သွား၏။
ကုချိန်းလွှာ၏ အမူအရာကိုကြည့်ပြီး စုချန်း ချက်ချင်းနားလည်လိုက်သည်။
"ကျုပ် ပြောသလိုသာ တကယ်ဖြစ်လာရင် မင်းကို ရှာတွေ့သွားနိုင်တာပဲ"
ကုချိန်းလွှာ ခေါင်းညိတ်ပြလိုက်၏။
"ဒါဆို ကျုပ်တို့ အမြန်ဆုံးလှုပ်ရှားမှရတော့မယ်"
"ဟင် ဘာကိုလှုပ်ရှားမှာလဲ"
"ခွေးမသားကုဖေးဟုန်ကို အမြန်ဆုံး ကိုင်တွယ်မှ ရတော့မှာပေါ့ကွာ"
လက်ရှိအနေအထားအရ ကုဖေးဟုန်၏ ဖြစ်တည်မှုက သူတို့အတွက် ပြသနာတရပ် ဖြစ်လာပြီ မဟုတ်ပါလား။
***