လောင်ကျွမ်းခြင်း
Vol. 75 Ch. 746
"အဖွဲ့ခေါင်းဆောင်ကတော်ကို နှုတ်ခွမ်းဆက်သပါတယ်"
သံမဏိ၊ သေမင်းအရိပ်နှင့် ဓားအစေခံဆယ့်နှစ်ဦးတို့က ကုချိန်းလွှာအား ပြိုင်တူပင် နှုတ်ဆက်လိုက်ကြ၏။
"အဖွဲ့ခေါင်းဆောင်ကတော် ဟုတ်လား"
ကုချိန်းလွှာ နဝေတိမ်တောင်ဖြင့် စုချန်းအား လှည့်ကြည့်လိုက်သည်။
"ဘာလဲ မင်း ခုထိ မသိသေးဘူးပေါ့ ဟုတ်လား"
တိမ်တိုက်ကျားသစ် ပြုံးစေ့စေ့နှင့် မေးလိုက်၏။
"ကျုပ်တို့ ပြေးနေလွှားနေရတော့ သူ့ကို ဘာမှ ရှင်းမပြရသေးဘူးကွာ"
စုချန်းက တိမ်တိုက်ကျားသစ်အား ရှင်းပြလိုက်လေသည်။
စုချန်း၏ စကားကြောင့် ကုချိန်းလွှာ တွေခနဲ ဖြစ်သွား၏။
"ဒီတော့ ရှင့်မှာ ပြောစရာအများကြီး ရှိနေတယ်ပေါ့"
"ဟုတ်တယ် ကျုပ်မှာ ပြောစရာအများကြီး ရှိနေတယ်"
လေးနာရီခန့်အကြာ။
စုချန်းနှင့်ကုချိန်းလွှာသည် မီးပုံဘေးဝယ် နွေးနွေးထွေးထွေးနှင့် ဇိမ်ကျလျက်ရှိနေကြလေပြီ။
ကုချိန်းလွှာသည် သိုးသားကင်က်ို ပလုတ်ပလောင်း ဝါးစားရင်း သံနှင့်သွေးနိုင်ငံတွင် စုချန်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား နားထောင်လျက်ရှိ၏။ စိတ်လှုပ်ရှားစရာကြုံတိုင်း သူမသည် ချစ်စနိုးဟန်ပန်ဖြင့် စုချန်း၏ ပါးအား လိမ်ဆွဲတတ်၏။ တခါတရံတွင် သူမသည် စိတ်လှုပ်ရှားလာတတ်၏။ တခါတရံတွင်တော့ သူမ ထိတ်လန့်သွားတတ်၏။ တခါတရံ သူမ၏မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်ဟန်များ ပေါ်ပေါက်လာလေသည်။
အမှန်တော့ ကုချ်ိန်းလွှာ၏ အပြုအမူမှာ မိန်းကလေးတို့၏ ဘာသာဘဝသာ ဖြစ်သည်။ မိမိ ချစ်ခင်မြတ်နိုးသူ၊ မိမ်ိအား ကာကွယ်ပေးမည့်သူ၏ ရှေ့မှောက်ဝယ် မိန်းကလေးတိုင်းသည် သိုးငယ်လေးများသဖွယ် နူးညံ့သွားတတ်ကြသည် မဟုတ်ပါလား။ ခွေးပေါက်လေးများသဖွယ် ချစ်စဖွယ်အမူအရာကို ဆောင်ထားတတ်ကြသည် မဟုတ်ပါလား။
အတန်ကြာသော် စုချန်း၏ ပုံပြင်သည် အဆုံးသတ်သွားတော့၏။ ထိုအခါ ကုချိန်းလွှာက မေးခွန်းထုတ်လိုက်လေသည်။
"ဒီတော့ လွန်ခဲ့တဲ့ တနှစ်တည်းက ရှင် ဓားတသောင်းတောင်ကို ရောက်နေတာပေါ့ ဟုတ်လား ဘာလို့ ကျွန်မကို ခုမှ လာတွေ့ရသလဲ"
သွားပြီ။ နောက်တခါ ချောက်ကျပြန်ပြီမှန်း စုချန်း သဘောပေါက်လိုက်၏။ ထိုအခါ သူ တဟဲဟဲ ရယ်မောရင်း အောက်ပါအတိုင်း ကုချိန်းလွှာအား ရှင်းပြရပြန်သည်။
"အဖွဲ့အစည်းက တည်ထောင်ခါစပဲ ရှိသေးတယ်လေ ချိန်းလွှာရယ် ကျုပ်မှာ လုပ်စရာများလွန်းလို့ လက်ကိုမလည်နိုင်ဘူး ဖြစ်နေခဲ့တာ နောက်ဆုံးတော့ ကျုပ် မင်းဆီ ရောက်လာပြီပဲလေ"
ကုချိန်းလွှာ နှုတ်ခမ်းစူလိုက်၏။
"ရှင်နော် ကျွန်မကို အမြဲတမ်း ချန်ထားခဲ့တယ် ကျွန်မ ရှင့်ကို ဘယ်လောက်တောင် သတိရနေသလဲဆိုတာ ရှင် သိရဲ့လား"
ပြောနေရင်းနှင့်ပင် အသံတဖြည်းဖြည်းတိမ်ဝင်သွားပြီး ကုချိန်းလွှာတယောက်က် စုချန်း၏ ရင်ခွင်ကျယ်ကြီးဝယ် မျက်နှာအပ်ထားလိုက်တော့သည်။
ကုချိန်းလွှာ၏ ထိုပုံစံအား မြင်လိုက်ရသည့်ခနဝယ် စုချန်း ဝမ်းနည်းသွား၏။ ထို့နောက် သူက ကုချိန်းလွှာ၏ ကျောပြင်အား ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်၏။
"ကျုပ် မင်းကို စိတ်ပျက်မိစေခဲ့ပြီ"
ကုချိန်းလွှာက တိုးညှင်းသော လေသံနှင့် အောက်ပါအတိုင်း စကားဆက်လိုက်ပြန်သည်။
"ရှင် မရှိပဲ ဒီနှစ်တွေမှာ ကျွန်မ ဘယ်လောက်တောင် ခက်ခဲခဲ့ရသလဲ ရှင်သ်ိရဲ့လား ကျွန်မမှာ မိဘတွေမရှိဘူး ဆွေမျိုးမရှိဘူး အိမ်မရှိဘူး သူတို့မရှိပဲ ကု ဆိုတဲ့မျိုးနွယ်စုနာမည်ကို ကျွန်မက ဘာလုပ်ရမှာတဲ့လဲ ဒီမိုးမြို့တော်ကုမျိုးနွယ်ရဲ့ မိသားစုဇယားမှာ ကျွန်မရဲ့နာမည် မပါဘူး ဒါပေမဲ့ ဒီရောက်တော့ ကျွန်မ သူတို့နဲ့အတူနေရတယ် ဒီက အကြီးအကဲကို မှတ်မိအောင်လုပ်ရတယ် တော်သေးတာက ကျွန်မ ကံကောင်းလို့ပေါ့ ဒီက အကြီးအကဲက ကျွန်မကို ဂရုစိုက်တယ်လေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ နောက်ဆုံးတော့ ကျွန်မတို့ဟာ အကျဥ်းထောင်ထဲက အကျဥ်းသားတွေပါပဲ"
စုချန်း အံ့သြသွား၏။
"ဒီအတောအတွင်း မင်း ကောင်းကောင်းမွန်မွန် နေထိုင်ရလိမ့်မယ်လို့ ကျုပ် ထင်နေတာ"
"နည်းနည်းပေါ့လေ"
ကုချိန်းလွှာက လေသံမျှနှင့် ပြန်ဖြေလိုက်လေသည်။
ဟာလာဟင်းလင်းတောင်နိုင်ငံတွင် ကုမျိုးနွယ်စု၏ အနေအထားမှာ အတော်ပင် ဆန်းကြယ်လှ၏။
တဖက်တွင် သူတို့သည် တင်းကြပ်သော စောင့်ကြည့်မှုအောက်တွင် နေထိုင်ရသည့် အကျဥ်းသားများပင်။ အခြားတဖက်တွင်တော့ သူတို့သည် လူသားမျိုးစိတ်တခုလုံး၏ နံပါတ်တစ်မျိုးနွယ်စု ဖြစ်သည်။ သူတို့အင်အားကို ယှဥ်ပြိုင်နိုင်သူ မရှိ။
အဆိုပါ ဆန့်ကျင်ဘက်အခြေအနေနှစ်မျိုးသည် တမျိုးနှင့်တမျိုး ပူးတွဲတည်ရှိနေလေရာ မိုးမြို့တော်ကုမျိုးနွယ်စုအား ရှုပ်ထွေးသောအနေအထားသို့ တွန်းပို့လျက်ရှိလေသည်။
လူသားမျိုးစိတ်တခုလုံးတွင် အမျိုးမျိုးသော လူမှုအသိုင်းအဝိုင်းများ ရှိနေသည်ဟုဆိုလျင် ကုမျိုးနွယ်သည်လည်း ထိုအထဲမှ တခုပင်။ တနည်းအားဖြင့် ကုမျိုးနွယ်စုဟူသည် အသိုင်းအဝိုင်းငယ်တခုပင်။ စုချန်း မြင်တွေ့နေရသည်မှာ ရေခဲတုံးကြီး၏ ထိပ်ပိုင်းလေးမျှသာ ရှိနေသေး၏။
ကံကောင်းသည်မှာ ကုချိန်းလွှာသည် မိုးမြို့တော်ကုမျိုးနွယ်စုသို့ ကိုင်းဖျားကိုင်းနားအနေနှင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း လူသားဧကရာဇ်ဆယ့်နှစ်ပါးအနက်မှ တပါးက သူမအား အလေးပေးနေခြင်းပင်။ ထို့ကြောင့် သူမအဖို့ များစွာ ခံသာနေသေး၏။
သို့တိုင်အောင် ကုချိန်းလွှာသည် သူမအတွက် တစိမ်းမ်းဆံလှသော ဤပတ်ဝန်းကျင်နှင့် အသားကျရန် ယခုတိုင် ရုန်းကန်နေရဆဲပင်။
လက်ရှိအခြေအနေအရ အကြီးအကဲ၏ အလေးပေးမှုကြောင့် ကုချိန်းလွှာအား ဝန်းရံသူ များစွာ ရှိနေ၏။ သို့သော် သူမ တကယ်တမ်း အားကိုးရမည့်သူမှာကား နတ္တိပင်။ သူမ၏ အဆင့်အတန်းကြောင့် လူများစွာ သူမအား မျက်နှာချိုသွေးနေကြ၏။ သို့သော် သူမနေရာအား အစားထိုးလိုသူတချို့မှာလည်း အမှန်တကယ်ပင် ရှိနေလေသည်။
လူတိုင်းလိုလိုသည် အကြီးအကဲ၏ မျက်နှာသာပေးခြင်းခံရရန် ကြိုးစားနေကြလေရာ ကုချိန်းလွှာ၏ အခြေအနေမှာ တိုက်ပွဲတွင်း ရောက်နေသူနှင့် ဘာမှမကွာလှချေ။
အစောပိုင်းကာလများတွင် ကုချိန်းလွှာသည် ထိုအခြေအနေကို ဂဃနဏ မသိလေရာ အတော်ပင် ခံစားခဲ့ရ၏။ သို့သော် သူမသည် ပင်က်ိုယ်ကတည်းက ညဏ်ကောင်းသူဖြစ်လေရာ အကြိမ်ရေတချို့ ချောက်တွန်းခံရပြီးသလာက ရေခဲတုံးအောက်ခြေမှ အခြေအနေကြီးတခုလုံးကိူ သဘောပေါက်သွားတော့၏။ ထိုအခါ ကုချိန်းလွှာသည် မြန်မြန်ဆန်ဆန်ပင် ရင့်ကျက်လာတော့၏။ ဆုံးဖြတ်ချက်ချရာတွင်လည်း ပိုမိုပြတ်သားလာတော့၏။ စုချန်း ရောက်နေပြီမှန်း သိလိုက်သည့်ခနမှာပင် ယန်ချွန်းယန်အား ပြတ်သားစွာ ကိုင်တွယ်လိုက်သည်ကို ကြည့်လျင် ၎င်းကို မြင်သာပေသည်။
ကုချိန်းလွှာကား ၂နှစ်ဟူသော အချိန်အတွင်း များစွာ ရင့်ကျက်သွားခဲ့လေပြီ။ ဘဝနှင့်အတွေ့အကြုံဟူသည် လူတို့ကို ပြောင်းလဲစေတတ်သည် မဟုတ်ပါလား။
မီးဖိုသည် တဟုန်းဟုန်း လောင်ကျွမ်းနေ၏။ ချစ်သူနှစ်ဦးကား စကားတပြောပြောနှင့် ရှိကြလေသည်။
အမှောင်မှာ ပို၍ လွှမ်းခြုံလာ၏။ ထိုအခါ စုချန်းက ကုချိန်းလွှာအား ငြင်သာစွာ ပွေ့ဖက်ရင်း ပြောလိုက်သည်။
"ချိန်းလွှာ ညလဲနက်ပြီ ကျုပ်တို့ အနားယူဖို့သင့်ပြီ"
"အင်း"
ကုချိန်းလွှာ၏ လေသံမှာ တိုးညှင်းနေ၏။
"လာ ဟိုနားလေးမှာ လှိုဏ်ဂူရှိတယ် ချိန်းလွှာ အဲဒီကိုသွားရအောင်"
ထို့နောက် စုချန်းသည် အနီးအနားရှိ လှိုဏ်ဂူဆီသို့ ကုချိန်းလွှာအား ခေါ်ယူသွားလေသည်။ လှိုဏ်ဂူမှာ နွေးထွေးနေ၏။ ဂူထဲတွင် သားရဲအရေခွံတချပ်အား ခင်းထား၏။ ဂူနံရံကို ကျောက်သလင်းမီးအိမ်တခု ရှိနေ၏။
ကုချိန်းလွှာသည် သားရဲအရေခွံပေါ်သို့ ငြင်သာစွာ လှဲချလိုက်လေသည်။ သူမ၏ မျက်နှာမှာ ရဲရဲနီနေ၏။ သူမ၏ မျက်လုံးအစုံမှာ အချစ်ရည်များ ရွှန်းလဲ့နေ၏။
စုချန်း မနေနိုင်တော့။ ကုချိန်းလွှာ၏ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းအစုံအား မွတ်သိပ်စွာ နမ်းရှိုက်မိတော့သည်။
ထို့နောက်တွင်တော့ ချစ်သူနှစ်ဦးသည် အချစ်ရေယာဥ်ကြောဝယ် အထပ်ထပ်အခါခါ မမောနိုင်မပန်းနိုင် ကူးခတ်မိကြတော့လေသတည်း။
***