← Chapters

ကျိန်စာ

Vol. 75 Ch. 747

ကျိန်စာ

Vol. 75 Ch. 747

ချွင်!!!

အသံနှင့်အတူ အလွန်လှပစွာ စီခြယ်ထားသော ရေနွေးကရားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။

"ခွေးမသားတွေ မင်းတို့ သူတို့ကို ဒီအတိုင်းပဲ လွှတ်လိုက်ရသလား"

မရှေးမနှောင်းမှာပင် ကုဖေးဟုန်၏ ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းသံ ထွက်ပေါ်လာလေသည်။

ငယ်သားတဦးက တုန်ယင်သောအသံဖြင့် ရှင်းပြလိုက်သည်။

"သခင်လေး ဒီကိစ္စကြီးက တော်တော်ကို ထူးဆန်းနေတယ် စုချန်းမှာ လျှို့ဝှက်နည်းစနစ်တမျိုးမျိုး ရှိနေဟန်တူတယ် ကျုပ်တို့ သူ့ကို ဖမ်းမိလိုက်ပါရဲ့နဲ့ ရေထဲကိုခုန်ချပြီး ဒီအတိုင်း ပျောက်သွားတယ် ကြည့်ရတာ ရေကိုကြားခံသုံးရတဲ့ နည်းစနစ်တမျိုးလားပဲ"

"ဒီကောင် စုချန်းမှာ ဒီလိုနည်းစနစ်မျိုး ရှိမရှိ ကျုပ် မသိဘူး ဒါပေမဲ့ ကုချိန်းလွှာမှာ မရှိတာတော့ သေချာတယ် ဒါကိုထောက်ရင် မင်းတို့ အလုပ်ကို သေသေချာချာ မလုပ်မှန်း သိသာနေပြီ ခွေးမသား အသုံးမကျတဲ့ကောင်"

စကားဆုံးသည်နှင့် ကုဖေးဟုန်သည် သူ့ရှေ့ရှိ ငယ်သားအား လက်သီးစာ ကျွေးလိုက်တော့သည်။ လက်သီးချက်ကြောင့် အနှီငယ်သား နောက်သို့လွင့်စင်သွား၏။ အသက်ရှင်စရာအကြောင်းမရှိတော့မှန်း မြင်ရုံနှင့် သိသာနေလေသည်။

ကုဖေးဟုန် သူ့လက်အောက်ငယ်သားများအား ပြစ်တင်မာန်မဲနေသည်မှာ အံ့သြစရာတော့မရှိ။ အကြောင်းမှာ စုချန်း၏ နည်းစနစ်ကို မည်သူမှ မကြားဖူးမမြင်ဖူးသောကြောင့်ပင်။

စုချန်း အသုံးပြုလိုက်သည့် ပုံတူပွားခြင်နည်းစနစ်သည် မူလကမ္ဘာကြီးတွင် အလွန်ထိပ်တန်းကျသည့်နည်းစနစ်တမျိုးပင်။ တနည်းအားဖြင့် ဤနည်းစနစ်သည် စုချန်းတယောက်က် မူလပစ္စည်းများအား မည်မျှထိန်းချုပ်နိုင်သည်၊ နားလည်န်ိုင်သည်ဟူသော အဓိပ္ပာယ်ကို ဆောင်နေ၏။ ထို့ပြင် ၎င်းသည် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအား မည်မျှ အားကောင်းနေကြောင်းကိုလည်း ညွှန်ပြနေပေသည်။

အတန်ကြာ ဆဲဆိုသောင်းကြမ်းပြီးနောက် ကုဖေးဟုန် သဘောပေါက်လာသည်မှာ လျှို့ဝှက်နည်းစနစ်တချို့ကို တတ်ကျွမ်းထားသော စုချန်းကို အထင်သေး၍မရဟူသော အချက်ကိုပင်။

"တောက်"

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကုဖေးဟုန်တယောက် ဒေါသတကြီး တောက်ခေါက်လိုက်မိလေသည်။

အတန်ကြာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီးနောက် ကုဖေးဟုန်က ပြောလိုက်သည်။

"သူတို့ ဒီချိန် မြို့ထဲမှာ မရှိလောက်တော့ဘူး ခုနေ လူလွှတ်ရှာလဲ အလကားပဲ ဒီတိုင်းဆို တော်ဝင်မျိုးနွယ်စုဆီ အကူအညီလှမ်းတောင်းတာ ပိုကောင်းလိမ့်မယ်"

"သခင်လေး ကုချိန်းလွှာအတွက်နဲ့ ဒီလိုမျိုး.."

ယန်ချွန်းယန် မဝံ့မရဲဖြင့် ကုဖေးဟုန်အား တားဆီးရန် ကြိုးစားလိုက်သည်။

"တော် တိတ်"

ကုဖေးဟုန် ယန်ချွန်းယန်၏ မျက်နှာအား ဖြတ်ရိုက်လိုက်လေသည်။

"မင်းကြောင့်သာမဟုတ်ရင် ကုချိန်းလွှာ ဒီလို ဘယ်ထွက်ပြေးမလဲ"

ယန်ချွန်းယန် တခါတည်း ပါးစပ်ပိတ်သွားတော့သည်။

"ရထားလုံးပြင်စမ်း ကျုပ် ခုပဲ အိမ်ရှေ့မင်းသားနန်းတော်ကိုသွားမယ်"

နှစ်နာရီခန့်အကြာ အိမ်ရှေ့မင်းသားနန်းဆောင်တွင် ဖြစ်သည်။

ချူကျန်ယုသည် ထိုင်ခုံတွင် အခန့်သား ထိုင်နေ၏။

"ဒီမယ် အစ်ကိုကု ကျုပ်အနေနဲ့ ခင်ဗျားကို မကူညီချင်လို့ မဟုတ်ဘူးဗျ ဒီပေမဲ့ ဒီတောင်းဆိုချက်က မျိုးနွယ်စုနှစ်စုအကြား သဘောတူညီချက်က်ို ထိခိုက်စေလိမ့်မယ် ခင်ဗျားရဲ့ဘိုးဘေးနဲ့ ကျုပ်တို့ဘိုးဘေးတွေ သဘောတူညီခဲ့တုန်းက ဘဲငန်းဖမ်းတစ္ဆေတံဆိပ်ဟာ ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ပဲ လျှို့ဝှက်ချက်တွေကို ဝေငှဖို့ မဟုတ်ဘူး ခု ခင်ဗျားရဲ့ တောင်းဆိုချက်က ကျုပ်ကို အတော်ကြီး အခက်တွေ့သွားစေတယ်"

ကုဖေးဟုန် တဟဲဟဲ ရယ်မောလိုက်သည်။

"ကျုပ် သိပါတယ် ဒါပေမဲ့ ကျုပ်တောင်းဆိုချက်က တခုတည်းပါ ဒီလောက်နဲ့ သဘောတူညီချက်ကို ထိခိုက်စရာ မလိုဘူးထင်တယ်"

"ကျုပ် တခုပဲ မေးချင်တယ် ခင်ဗျားဟာ ကုမျိုးနွယ်စုတစုလုံးကို ကိုယ်စားပြုသလား"

"ဒါ...."

ကုဖေးဟုန် ဆွံ့အသွား၏။

ကုဖေးဟုန်သည် ကုမျိုးနွယ်စုတွင် အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။ သို့သော် သူ မျိုးနွယ်စုတစုလုံးကိုတော့ ကိုယ်စားမပြုချေ။

ချူကျန်းယု ဟက်ခနဲ ရယ်မောလိုက်သည်။

"ဒီတော့ ခင်ဗျား ကိုယ်စားမပြုဘူးပေါ့လေ ဒါဆို ခင်ဗျားကို ကျုပ် မကူူညီနိုင်ဘူး ဒါပေမဲ့ အစ်က်ိုကုအနေနဲ့ ကျုပ်ခမည်းတော်ထံမှာ ထပ်ပြီး တောင်းဆိုနိုင်သေးတယ် သူသာခွင့်ပြုရင် ကျုပ်အဖို့ ဘာပြောစရာရှိတော့မှာလဲ"

ကုဖေးဟုန် မနေနိုင်မထိုင်နိုင် ဖြစ်လာ၏။

"အရှင်မင်းသား ကျေးဇူးပြုပြီး ကျုပ်ကို ကူညီစမ်းပါ ဟိုဖောက်ပြန်တဲ့စုံတွဲကို ဒီအတိုင်း လွှတ်ပေးလိုက်လို့တော့ မဖြစ်ဘူး"

ထိုစကားကြောင့် ချူကျန်းယု၏ မျက်နှာ တမျိုး ဖြစ်သွားလေသည်။

"အပြင်လူ ပါနေသေးတာလား ကျုပ်တို့နည်းလမ်းက ကုမျိုးနွယ်ကိုသာ ရှာလို့ရတာ အပြင်လူကို ရှာလို့မရဘူး"

သူ စကားမှန်းသွားမှန်း သဘောပေါက်လိုက်သည်နှင့် ချက်ချင်းပင် လာဘ်ထိုးရန် ကုဖေးဟုန် ကြိုးစားလိုက်သည်။

"တကယ်လို့ မင်းသားလေးသာ ကျုပ်ကို ကူညီမယ်ရင် မင်းသားလေးအတွက် နှစ်တစ်ထောင်မိုးပြာရတနာကို လက်ဆောင်ပေးမယ်လေ"

"နှစ်တစ်ထောင်မိုးပြာရတနာ ဟုတ်လား"

ချူကျန်းယု၏မျက်နှာတွင် အနည်းငယ်တော့ စိတ်ဝင်စားဟန်ပေါ်လာလေသည်။

ထို့နောက် သူက ခေတ္တ စဥ်းစားဟန်ပြုပြီး ပြောလိုက်လေသည်။

"ခင်ဗျားကို ကူညီဖို့ဆိုတာ မဖြစ်နိုင်စရာတော့ မရှိပါဘူး ဒါပေမဲ့ ခင်ဗျားအနေနဲ့ တရားဝင် စာရေးတောင်းဆိုဖို့တော့ လိုတယ် စာအပေါ်မှာ မူလသွေးတံဆိပ်နှပ်ပါ အဲဒါနဲ့တွဲရက် တောက်ပခြင်းနဂါးတံဆ်ိပ် ခပ်နှိပ်ပါ"

ကုဖေးဟုန် ချီတုံချတုံ ဖြစ်သွားပြန်၏။ ပြီးမှ သူက အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။

"ကောင်းပြီ"

ကုဖေးဟုန်ထွက်ခွာသွားသည်က်ိုကြည့်ရင်း ချုကျန်းယု၏ မျက်နှာတွင် အလွန်ထူးခြားသော အပြုံးတရပ် ပေါ်ပေါက်လာလေသည်။

အတန်ကြာသော် အရိပ်ထဲမှ သက်လတ်ပိုင်းအရွယ် လူတယောက် ထွက်ပေါ်လာပြီး အောက်ပါအတိုင်း မေးလိုက်သည်။

"မင်းသားလေး နှစ်တစ်ထောင်မိုးပြာရတနာအတွက် ဘဲငန်းစောင့်ကြည့်ရေးကြေးမုံကို နှိုးဆွဖို့ အရှင်မင်းင်းကြီးကို တကယ်ပဲ သွားပြောမလို့လား"

ချူကျန်းယု မျက်မှောင်ကုတ်လိုက်သည်။

"ဘယ်ဟုတ်မှာတုန်းကွ မိုးပြာရတနာကို ကျုပ် ဂရုစိုက်မယ်များ ထင်နေသလား အိမ်ရှေ့မင်းသားအနေနဲ့ ကျုပ်မှာ ကိုယ်ပိုင်ရတနာတွေမှ အများကြီးပဲ ကုမျိုးနွယ်ပိုင်ပစ္စည်းကို ကျုပ် ဂရုစိုက်စရာလား"

"ဒါဆိုရင်"

ချူကျန်းယု တဟဲဟဲ ရယ်မောလိုက်၏။

"သူဆီက ဘာမှမယူရင် သူ အကူအညီတောင်းတာကို ကျုပ် တကယ်လုပ်ပေးတာနဲ့ ဘယ်တူတော့မလဲကွ ဒီကောင်အရူးကုဖေးဟုန် အဲဒီတောင်းဆိုစာ လာပေးတာနဲ့ ကုမျိုးနွယ်စုကို ကျုပ်တို့ စောင့်ကြည့်လို့ရသွားပြီ တကယ်တော့ သူ ဘာမှမပေးရင်တောင် ကျုပ်က ဒါမျိုး သိပ်လုပ်ပေးချင်နေတာကလား ဟား ဟား ဟား"

ကုမျိုးနွယ်စုနှင့် ချူမျိုးနွယ်စုအကြားဝယ် တိကျသော သဘောတူညီချက်တခု ရှိထား၏။ အဆိိုပါ သဘောတူညီချက်အရ ကုမျိုးနွယ်ဘက်မှ သစ္စာမဖောက်သရွေ့၊ တိုင်းပြည်မှ မထွက်ပြေးသရွေ့၊ မူလသားရဲသွေးဗီဇအား လက်ဆင့်မကမ်းသရွေ့ ချူမျိုးနွယ်စုအနေနှင့် ကုမျိုးနွယ်စုအား စောင့်ကြည့်ခွင့် မရှိချေ။ အပြန်အလှန်အနေနှင့် ကုမျိုးနွယ်စုဘက်မှလည်း ချုမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် သေဝပ်စွာ နေထိုင်ပေးရမည် ဖြစ်သည်။

ထို့ကြောင့် ချုမျိုးနွယ်စုသည် ဘဲငန်းစောင့်ကြည့်ခြင်းကြေးမုံအား ဘယ်သောအခါမှ အလွယ်တကူ နှိုးဆွခြင်းမပြုချေ။

ယခုတော့ အခြေအနေမှာ မတူတော့။

ကုဖေးဟုန်သာ လိုအပ်သော တံဆိပ်များ အပြည့်အစုံခပ်နှိပ်ထားသည့့် တောင်းဆိုစာကို ယူလာခဲ့ပါက ချုကျန်းယုအနေနှင့် သဘောတူညီချက်ကို ချိုးဖောက်စရာမလိုတော့။ ကုမျိုးနွယ်စုအား အချိန်ပြည့်စောင့်ကြည့်ခွင့် ရှိသွားပေပြီ။

ချူကျန်းယုအနေနှင့် ဤအခွင့်အရေးမျိုးကို ဘာကြောင့် လက်လွှတ်ခံမည်နည်း။ သူ့စွမ်းဆောင်ရည်ကို ခမည်းတော်ကလည်း နှစ်သက်လိမ့်မည်သာ။

_____________×××____________×××______________

နေရောင်သည် တလောကလုံးသို့ ဖြာကျနေ၏။

ကုချိန်းလွှာနိုးလာချိန်ဝယ် သူမဘေးနားတွင် စုချန်း မရှိတော့။ လှိုဏ်ဂူအပြင်တွင်တော့ သံမဏိနှင့် ဓားအစေခံဆယ့်နှစ်ယောက်တို့ ကင်းစောင့်လျက်ရှိလေသည်။

ထိုအခါ ကုချိန်းလွှာက သံမဏ်ိိအား မေးလိုက်၏။

"စုချန်းကော"

သံမဏိက ခပ်လှမ်းလှမ်းရှိ တောအုပ်ကို လက်ညိုးထိုးပြရင်း ပြန်ဖြေလိုက်သည်။

"ဟိုနားလေးက တောအုပ်မှာ စမ်းသပ်နေပါတယ်ခင်ဗျာ"

"ဟင် မနက်စောစောစီးစီး"

မိန်းမသားပီပီ မိမိချစ်သူကို ဘေးနားတွင် ရှိစေချင်သည်မှာ သဘာဝသာ။ ထိုသဘာဝကို ကုချိန်းလွှာလည်း မလွန်ဆန်နိုင်ရှာ။

သို့သော် စုချန်းလိုလူစားမျိုးကို သာမာန်ယောကျာ်းများကဲ့သို့ သဘောထား၍ မရမှန်း ကုချိန်းလွှာ မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွားလေသည်။

တောအုပ်အတွင်းရှိ ကျောက်တုံးအခန်းတွင်းဝယ် စုချန်းသည် ပုလင်းငယ်အတွင်းရှိ သွေးရည်တချို့ကို လေ့လာနေ၏။

သွေးရည်တချို့ဟုဆိုသော်လည်း ပမာဏမှာ အလွန်ပင် နည်းလှ၏။ သို့သော် အနည်းငယ်သော သွေးစက်တချို့မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြောက်စရာကောင်းလှပေသည်။ ထိုပုလင်းငယ်ထဲသို့ ဓာတ်ပြယ်စေသော ဆေးရည်များ သုံးကြိမ်တိုင်တိုင် ပေါင်းစပ်ပြီးသည့့်တိုင် ထွက်ပေါ်နေသော အရှိန်အဝါမှာ အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိချေ။ နောက်တကြိမ် ရောစပ်ရန် ဟန်အပြင်မှာပင် သွေးစက်ထဲမှာ အော်သံကြီး ထွက်ပေါ်လာ၏။ အဆိုပါအော်သံမှာ ရှေးဟောင်းသားရဲကြီးတကောင်၏ အော်သံနှင့် တူနေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

မြင်ကွင်းကိုကြည့်ရင်း ကုချိန်းလွှာ အံ့သြသွား၏။

"အဲဒါ ဘာကြီးလဲ"

"အဲဒါ မင်းရဲ့သွေးလေ"

စုချန်းက လှည့်ပင်မကြည့်ပဲ ဖြေလိုက်သည်။

"ရှင် ဘာကိုစမ်းသပ်နေတာလဲ"

"ဘဲငန်းစောင့်ကြည့်ရေးနတ်ဆိုးတံဆိပ်"

ထိုအချိန်မှာပင် ပုလင်းငယ်အတွင်းမှ မီးခိုးတန်းတခု အပြင်သို့ တိုးထွက်လာပြီး ကြီးမားသော ဦးခေါင်းသဏ္ဍာန်အဖြစ် ပြောင်းလဲသွား၏။ အဆိုပါ ဦးခေါင်းသည် စုချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်နေလေသည်။

စုချန်းက လက်တဖက်က်ို လှုပ်ရှားလိုက်လေရာ အဆိုပါ ဦးခေါင်းကြီးသည် အော်သံတချက်ပြုပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

"ရှင် သူ့ကို ရှင်းပစ်နိုင်ပြီလား"

စုချန်း ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူး အိပ်ပျော်ရုံလောက်ပဲ သူ့က်ို ဖျက်ဆီးလိုက်ပြန်ရင်လဲ ပြန်ပြန်ပေါ်လာတယ် တော်တော်ကို ဆိုးတဲ့ကျိန်စာ"

"မူလသားရဲသွေးဗီဇပိုင်ရှင်တွေကို ရင်ဆိုင်ဖို့ ရှေးဟောင်းသမိုင်းဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင် မျိုးနွယ်စုခုနှစ်စု ပူးပေါင်းဖန်တီးထားတဲ့ ကျိန်စာပဲ လွယ်လွယ်နဲ့ ဖျက်ဆီးလို့ ဘယ်ရပါ့မလဲရှင် အလွယ်တကူ ဖယ်ရှားလို့ရခဲ့ရင် ရှေးနှစ်ပေါင်းများစွာကတည်းက ကျွန်မတို့ရဲ့ဘိုးဘေးတွေ ဖယ်ရှားနိုင်ခဲ့ပြီပေါ့ရှင်"

သို့သော် စုချန်းဟူသည် သာမာန်လူမဟုတ်။ ပါရမီရှင် ဖြစ်သည်။

ကုချိန်းလွှာ၏ စကားကြောင့့် စုချန်း ရယ်မောလိုက်၏။

"ကျုပ် ဒီကျိန်စာကို အပြီးတိုင် မဖယ်ရှားနိုင်ဘူး ဒါပေမဲ့ ဆွဲထုတ်လို့တော့ ရမယ်လို့ ထင်တယ်"

"ဆွဲထုတ်မယ် ဟုတ်လား ရှင် ဒီကျိန်စာကို ထိန်းချုပ်နိုင်တယ်လို့ ပြောနေတာလား"

စုချန်း ပြုံးလိုက်သည်။

ကုချိန်းလွှာက ထပ်မေးလိုက်ပြန်၏။

"ဘယ်တော့လဲ ဘယ်တော့လောက်အချိန်ယူရင် အောင်မြင်နိင်မှာလဲ"

***

All Chapters