← Chapters

စတေးမှု

Vol. 75 Ch. 748

စတေးမှု

Vol. 75 Ch. 748

ဟာလာဟင်းလင်းတောင်နိုင်ငံဧကရာဇ်နန်းတော်။

ဘဲငန်းစောင့်ကြည့်ရေးခန်းမတွင် ဖြစ်သည်။

အဆိုပါခန်းမသည် ကြီးမားလှလောက် အဆန်းတကျယ်နိုင်လှ၏။ သို့သော် အတွင်း၌မူကား စားပွဲကြီးတလုံးပေါ်တွင် တင်ထားသည့် ကိရိယာတခုမှအပ ဟာလာကျင်းလျက်ရှိလေသည်။

အဆိုပါကိရိယာမှာ တခြားမဟုတ်။ အချင်းပေ၇၀ခန့်ပင် ရှိလောက်မည့် မှန်ကြီးတချပ်ပင်။

မှန်ထဲတွင်တော့ တောတောင်များ၊မြစ်များ၊ ကျေးငှက်သာရကာများ၏ ရှုမျှော်ခင်းပုံ ထင်ဟပ်လျက်ရှိ၏။

ဤမှန်ကြီးကိုပင် ဘဲငန်းစောင့်ကြည့်ရေးကြေးမုံဟု ခေါ်ဆိုကြခြင်းပင်။

တကယ်တော့ ဘဲငန်းစောင့်ကြည့်ရေးကြေးမုံဟူသည် တခြားသူများကို စောင့်ကြည့်ရန်သာမဟုတ်ပဲ တကမ္ဘာလုံးအား ကြည့်ရှုနိုင်သည့် တန်ဖိုးကြီးရတနာတပါးပင်တည်း။ ၎င်းအား ဘဲငန်းစောင့်ကြည့်ရေးနတ်ဆိုးတံဆိပ်နှင့် ပေါင်းစပ်လိုက်သည့့်အချိန်တွင်တော့ တံဆိပ်ခပ်နှိပ်ထားသူတိုင်းကို အလွယ်တကူ စောင့်ကြည့်ခွင့်ရှိသွားတော့၏။

မှန်ထဲတွင် အစက်အပျောက်များ ရွေ့လျားလျက်ရှိသည်။ အဆိုပါ အစက်အပျောက်များ အရောင်မျိုးစုံ ကွဲပြားနေခြင်းမှာ ကုမျိုးနွယ်စုဝင်များ၏ အင်အားအဆင့်အတန်းကို ဖော်ညွှန်းနေ၏။

အစက်အပျောက် တခုစီ အရောင်များဝင်းလက်လာတိုင်း ဘေးပတ်ဝန်းကျင်တွင် ဘာတွေဖြစ်နေသည်ကို ကွဲကွဲပြားပြား မြင်တွေ့နေရလေသည်။

သူ့ရှေ့ရှိ မှန်ကြီးကိုကြည့်ရင်း ချူကျန်းယုက တဟဲဟဲရယ်မောကာ ပြောလိုက်၏။

"ဘဲငန်းစောင့်ကြည့်ရေးတံဆိပ်က်ို ဖွင့်လ်ိုက်တော့မှ ကျုပ်တို့ လိုက်ရှာနေတဲ့သူ အဲဒီမှာ ရှိမရှိ မြင်ရတာ အစ်ကိုကု အမှားအယွင်းရှိခဲ့ရင် ကျုပ်က်ို ခွင့်လွှတ်စေချင်တယ်"

စကားဆုံးသည်နှင့် သူက မှန်ထဲရှိ အစက်အပျောက်တခုအား လက်ညိုးဖြင့် ထိုးလိုက်လေရာ သက်လတ်ပိုင်းအရွယ်ခန့်လူတယောက် အမျိုးသမီးတဦးနှင့် ချစ်တင်းနှောနေသော မြင်ကွင်း ပေါ်ပေါက်လာလေသည်။

မှန်ထဲရှိ လူသည် ကောင်းကင်ကို မော့ကြည့်ကာ အောက်ပါအတ်ိုင်း ရေရွတ်လိုက်၏။

"ကျုပ်တို့ စောင့်ကြည့်ခံနေရသလိုပါပဲလား ကြည့်ရတာ.."

"အိုး ကျုပ် မှားသွားပြီဗျို့"

ပြောပြောဆိုဆို ချူကျန်းယုက လက်တဖက်ကို လှုပ်ရှားလိုက်ရာ အဆိုပါ မြင်ကွင်းမှာ ဖြတ်ခနဲ ပြန်လည်ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူက နောက်ထပ်အစက်အပျောက်တခုဆီသို့ လက်ညိုးညွှန်လိုက်ပြန်သည်။

တကယ်တော့ ချူကျန်းယုက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လ်််ိုက်ခြင်းသာ ဖြစ်သည်။ ကနဦး သက်လတ်ပ််ိုင်းအရွယ်ပုဂ္ဂိုလ်သည် ကုမျိုးနွယ် အကြီးအကဲတဦးဖြစ်ပြီး သူနှင့် ချစ်တင်းနှောနေသော အမျိုးသမီးမှာ သူ့မိန်းမ မဟုတ်။ အခြားအကြီးအကဲတဦး၏ မိန်းမသာ ဖြစ်သည်။ အဆိုပါ အကြီးအကဲသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ဖြစ်လေရာ အလင်းတုန်ခါခြင်းနယ်ပယ်တွင်သာ ရှိနေသေးသည့် ကုချိန်းလွှာ၏ အရောင်အသွေးနှင့် တခြားစီသာ။

"ဟာ မင်းသားလေး"

ကုဖေးဟုန် စိတ်ကသိကအောင့် ဖြစ်သွားဟန်ဖြင့် ထအော်လိုက်သည်။

ချူကျန်းယု တဟဲဟဲရယ်မောရင်း မြို့ပြင်ရှိ အစက်အပျောက်တခုအား လက်ညိုးထိုးလိုက်ပြန်သည်။

မြို့ပြင်တွင် အစက်အပျောက် များများစားစား ရှိမနေချေ။ သို့သော် ပထမအစက်အပျောက်မှာ ကုချိန်းလွှာ မဟုတ်။ ဒုတိယအစက်အပျောက်အား ချူကျန်းယု လက်ညိုးထိုးလိုက်ချိန်တွင်တော့ ကုချိန်းလွှာ၏ မျက်နှာ မှန်မျက်နှာပြင်ပေါ်တွင် ဘွားခနဲ ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် စုချန်းနှင့် ကုချိန်းလွှာတို့သည် တဦးနှင့်တဦး နမ်းရှိုက်နေကြလေသည်။ စောင့်ကြည့်ခံနေရခြင်းကို ကုချိန်းလွှာ ချက်ချင်းပင် ခံစားမိလ်ိုက်၏။

"ကုဖေးဟုန် ကျွန်မတို့ကို ရှာတွေ့သွားပြီ"

စုချန်းက လက်တဖက်က်ို လှုပ်ရှားလိုက်ရာ မီးခိုးငွေ့များ သူတို့နှစ်ဦးအား ဖုံးလွှမ်းသွားတော့သည်။ သို့တိုင်အောင် မှန်မျက်နှာပြင်ရှိ အစက်အပျောက်က ကုချိန်းလွှာ ဘယ်နေရာတွင် ရှိနေကြောင်း တိတိကျကျကြီး ညွှန်ပြနေလေသည်။

"အရှက်မရှိတဲ့ဟာတွေ တွေ့ကြသေးတာပေါ့ကွာ နှုတ်နှုတ်ကို စဥ်းပစ်အုံးမယ်"

ကုဖေးဟုန် ဒေါသတကြီးနှင့် ကြိမ်းမောင်းလိုက်၏။

ထိုအခါ ချုကျန်းယုသည် တဦးနှင့်တဦး ဆက်သွယ်ပြောဆိုနိုင်သည့် ဆက်သွယ်ရေးကိရိယာအား ကုဖေးဟုန်လက်ထဲ ထည့့်ပေးရင်း ပြောလိုက်သည်။

"ခင်ဗျား လူတချို့ခေါ်ပြီး သူတို့နောက် လိုက်ပေတော့ ကျုပ် ဒီကနေ သူတို့ကို စောင့်ကြည့်ပေးထားမယ် ကျုပ် စောင့်ကြည့်နေသရွေ့ သူတို့ ပြေးစရာမြေမရှိပါဘူးလေ"

"ကျေးဇူးပါပဲ မင်းသားလေး"

ထို့နောက် ကုဖေးဟုန်သည် နန်းတော်မှ သုတ်သီးသုတ်ပြာ ထွက်ခွာသွားလေသည်။

ကုဖေးဟုန်ထွက်ခွာသွားသည်နှင့် ချူကျန်းယုက ကြေးမုံဆီသို့ မျက်နှာမူလိုက်ပြန်၏။

ဤတကြိမ်တွင်တော့ သူက အရောင်အရင့်ဆုံးသော အစက်အပျောက်အား လက်ညိုးဖြင့် ထိုးလိုက်ခြင်း ဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် မှန်ထဲတွင် ကုမျိုးနွယ် အကြီးအကဲသုံးဦး၏ ပုံရိပ် ထင်ဟပ်လာလေသည်။ ယောကျာ်းနှစ်ဦးနှင့် မိန်းမတဦး။ သူတို့သုံးဦးစလုံးသည် ဖယောင်းတိုင် ၁၆တိုင် ထွန်းထားသော အလယ်တွင် ကြိဂံပုံစံဖြင့် ထိုင်နေကြလေသည်။ ဖယောင်းတိုင်မီးတောက်များ တောက်လောင်နေပုံမှာ အလွန်ပင် ဆန်းကြယ်လှ၏။

"ဟာ မကောင်းတော့ဘူး"

စောင့်ကြည့်ခံရမှန်း သိလ်ိုက်သည်နှင့် ကုမျိုးနွယ်အကြီးအကဲမိန်းမသည် ချက်ချင်းဆိုသလိုပင် ဖယောင်းတိုင်မီးတောက်များအား ငြိမ်းသတ်လိုက်လေသည်။

မြင်ကွင်းကိုကြည့်ရင်း ချူကျန်းယု၏ မျက်လုံးအစုံမှာ အရောင်တောက်လာ၏။

"သူတို့ တကယ်ပဲ အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်းတွေ ဖန်တီးနေကြတာကိုး စိတ်တော့မကောင်းပါဘူး ဒါပေမဲ့ ကျုပ် အခု ဒါကို သိသွားပြီဆိုတော့ သတင်းပို့ရတော့မယ်"

အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်ဟူသည် ကုမျိုးနွယ်များ ၎င်းတို့၏ မူလသားရဲသွေးဗီဇစွမ်းအား အား ပိုမိုသိပ်သည်းလာစေရန် စွမ်းဆောင်ပေးနိုင်ပြီး ပြင်းထန်အားကောင်းလှသော မူလစွမ်းရည်များ ထုတ်လွှတ်ရန် ကြားခံအဖြစ်လည်း အသုံးပြုနိုင်၏။

အဆိုပါအရာအား သိပ်သည်းစေရန် မူလသားရဲသွေးဗီဇပိုင်ရှင်ထံမှ ကြီးမားသော စွမ်းအားကို ရရှိရန် လိုအပ်ပေသည်။

အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များ လုံလောက်သည်အထိ ရရှိလာပါက ၎င်းအား ကြားခံအဖြစ်သုံးပြီ လေဟာနယ်ပြောင်းပြန်လှန်ခြင်း နည်းစနစ်တရပ်ကို သုံးကာ ကုမျိုးနွယ်တို့ သူတို့၏ ကျိန်စာကို ပယ်ဖျက်ကြပေလိမ့်မည်။ လက်စသတ်တော့ ကုမျိုးနွယ်တို့ လွတ်မြောက်ရန် ကြံစည်နေကြခြင်းပေတကား။ ချူမျိုးနွယ်စု၏ တာဝန်မှာကား ပြသနာတစုံတရာမဖြစ်စေပဲ ကုမျိုးနွယ်စု၏ အကြံအစည်အား ဖျက်ဆီးပစ်ရန်ပင်။

ဒါသည်ပင်လျင် မျိုးနွယ်စုနှစ်စုအကြား အဆုံးမသတ်နိုင်သော စစ်ပွဲဟုသာ ဆိုရပေတော့မည်။

____________×××_____________×××______________

ဤတကြိမ်မှာ မုလအရိုးတောင်ဝှေးအား ကုချိန်းလွှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

မူလအရ်ိုးသည် အရောင်တဖြတ်ဖြတ် တောက်ပနေ၏။ သခင်အဆင့်မူလသလင်း လောင်ကျွမ်းသွားပြီးနောက် မီးခိုးငွေ့များ ပေါ်ထွက်လာပြီး မီးခိုးထဲတွင် ပုံရိပ်တချို့ ထင်ဟပ်နေလေသည်။ ပုံရိပ်ထဲတွင် စုချန်းအား အတိုင်းသား မြင်တွေ့နေရလေသည်။

၎င်းကိုကြည့်ရင်း ကုချိန်းလွှာက ပြောလ််ိုက်သည်။

"ဒါ အနာဂတ်က ရှင်ပေါ့ ဟုတ်လား"

"ဟုတ်တယ် အနာဂတ်မှာ လုပ်လက်စသုတေသနကို လက်စသတ်နေတဲ့ ကျုပ်ပဲပေါ့"

စုချန်းက အားရပါးရ ပြုံးရင်း ပြောလိုက်သည်။

သိပ်မကြာမီ ပုံရိပ်များ ပြန်လည်ပျောက်ကွယ်သွား၏။ ထိုအခါ စုချန်းက ရင်သပ်ရှုမောလောက်စရာလုပ်ရှားမှုများအား ဇယ်ဆက်သလို ပြုလုပ်လိုက်ပြန်သည်။

စိတ်ဝိညာဥ်သလင်း၏ အကူအညီဖြင့် စုချန်းသည် အရာတိုင်းကို ရှင်းရှင်းလင်းလင်းပင် တွေ့မြင်နေရ၏။ဘာတွက်ချက်မှုမှ လုပ်နေစရာမလိုတော့။ မျက်စေ့တမှိတ်အတွင်း ကုချိန်းလွှာ၏ သွေးအတွင်းမှ အနက်ရောင်မူလပစ္စည်းတချို့အား သူ ဆွဲထုတ်ပြီး ဖြစ်သည်။

အဆိိုပါ မူလပစ္စည်းသည် လွန်စွာ ရှားပါးလှပြီး သာမာန်မျက်စေ့နှင့် မြင်တွေ့ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ပမာဏအားဖြင့်လည်း နည်းပါးလှသည်။ သို့သော် ၎င်းကို စုချန်း၏ ပရမတ်အမြင်အာရုံအောက်ဝယ် ပြတ်သားစွာ မြင်တွေ့နေရ၏။

အဆိုပါ မူလပစ္စည်းမှာ ကုချိန်းလွှာ၏ သွေးဗီဇအား မကာရကျိန်စာသင့်စေရန် ထိန်းချုပ်ထားသော မူလပစ္စည်းပင်။ ထို့ကြောင့် ၎င်းအား စုချန်းက မကာရမူလပစ္စည်းဟုပင် နာမည်ပေးလိုက်လေသည်။

ထိုအခါ စုချန်းသည် မကာရမူလပစ္စည်းအား ဆေးရည်တချို့နှင့် ပေါင်းစပ်ကာ လုံလုံခြုံခြုံပင် သိမ်းဆည်းထားလိုက်တော့သည်။

"ဒါပြီးရင် အသုံးချနိုင်အောင်လုပ်ဖို့ပဲ ကျန်တော့တယ် သိပ်မကြာဘူး မကာရမူလပစ္စည်းရဲ့ အသုံးပြုပုံကို ကျုပ် ရှာတွေ့လိမ့်မယ်"

"တကယ်တော့ ချူမျိုးနွယ်တွေဟာ ကျွန်မတို့ကို ကျိန်စာသုံးမျိုးနဲ့ ထိန်းချုပ်ထားခဲ့တာပဲ မကာရကျိန်စာဟာ ဒီကျိန်စာသုံးမျိုးထဲက တမျိုးပဲ ဒါကို အချိန်တိုလေးအတွင်းမှာပဲ ရှင် ဆွဲထုတ်နိုင်ခဲ့ပြီ အံ့သြလောက်စရာပါပဲရှင်"

ကုချိန်းလွှာ အထက်ပါအတိုင်း အံ့သြတကြီးနှင့် ရေရွတ်မိလေသည်။

မကာရမူလပစ္စည်းသည် ကုမျိုးနွယ်များအား ထိန်းချုပ်ရန် ချူမျိုးနွယ်များ အသုံးပြုခဲ့သည့်ကျိန်စာသုံးမျိုးအနက် တမျိုးဖြစ်သည်။ စုချန်းသာ ၎င်းကို ကျကျနနကြီး ထိန်းချုပ်နိုင်ခဲ့ပါက ကုမျိုးနွယ်စုအနေနှင့် အနာဂတ်တွင် ယခုကဲ့သို့ အကျဥ်းစံဘဝမှ လွတ်မြောက်သွားနိုင်ဖွယ်ရာ ရှိနေ၏။

တဖန် ကုချိန်းလွှာက တွေးတွေးဆဆနှင့် ပြောလိုက်ပြန်သည်။

"ဒီအတိုင်းသာဆိုရင် ကုမျိုးနွယ်ဝင်တွေ ရှင့်စကားကို နားထောင်ရတော့မဲ့သဘောရှိနေတာပေါ့"

"ဒီလောက်လဲ မရိုးရှင်းသေးဘူးချိန်းလွှာရဲ့ ကျုပ် မချို့ဖျက်နိုင်သေးတဲ့ ကျိန်စာနှစ်မျိုး ကျန်နေသေးတယ် ပြီးတော့ ဒီမူလပစ္စည်းကို ကျုပ် သိပ်ပြီးနားမည်သေးဘူး အချိန်တော့ယူရအုံးမယ်"

"ဒါပေမဲ့ မူလအရိုးတောင်ဝှေးကြောင့် ရှင့်မှာ အများကြီး အချိန်ကုန်သက်သာသွားပြီပဲလေ"

"ဒါတော့ မှန်ပါတယ်"

စုချန်း ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။

မူလအရိုးတောင်ဝှေးသည် စုချန်း လိုချင်သည့်အဖြေကို တိတိကျကျတော့ မဖြေနိုင်။ သို့သော် အဖြေကို နှစ်ပေါင်းများစွာ လိုက်ရှာရမည့် အခြေအနေကို ရှောင်လွဲသွားစေရန်တော့ ကူညီပေးနိုင်၏။

အချိန်။ ၎င်းသည် မူလအရိုးတောင်ဝှေးမှ စုချန်း ရရှိသည့် အကောင်းဆုံး အကျိုးကျေးဇူးပင်။

ထို့နောက်တွင်တော့ စုချန်းသည် ကုချိန်းလွှာ၏ ကျိန်စာသုံးမျိုးအား ချေဖျက်ရန် ဆက်လက်စမ်းသပ်နေလေသည်။

တချီတွင် မူလအရိုးတောင်ဝှေးမှ ပြသလိုက်သော မြင်ကွင်းကြောင့် စုချန်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ပုံရိပ်ထဲတွင် စုချန်းသည် မူလအရိုးတောင်ဝှေးအတွက် ထိုးစံအတိုင်း စတေးမှု ပြုလုပ်နေ၏။ စတေးခံပစ္စည်းကို မြင်တွေ့အခါ သူ အကြီးအကျယ် အံ့သြသွားတော့သည်။

ဟာ...လူတယောက်ပါလား..

"ကုလျူအန်းပါလား"

၎င်းကိုမြင်သည်နှင့် ကုချိန်းလွှာ အလန့်တကြား ထအော်လိုက်၏။

"ရှင် ရှင် ဘာဖြစ်လို့ ကုမျိုးနွယ်ဝင်တယောက်က်ကို စတေးခံပစ္စည်းအဖြစ် သုံးနေတာလဲ"

စတေးခံနေသူမှာ ကုမျိုးနွယ်ဝင်မှန်းသိသွားသည်နှင့် တစုံတရာကို စုချန်း သဘောပေါက်သွား၏။

"ကျုပ် နားလည်ပြီ ကျုပ် နားလည်သွားပြီ ချိန်းလွှာ"

"ရှင် ဘာကိုနားလည်လိုက်တာလဲ"

စုချန်းက အောက်ပါအတိုင်း ရှင်းပြလိုက်သည်။

"မူလအရိုးဆိုတာ တောက်ပခြင်းနဂါးရဲ့အရိုးပဲ ကုမျိုးနွယ်တွေရဲ့သွေးဗီဇကလဲ တောက်ပခြင်းနဂါးသွေးဗီဇပဲလေ ချိနိးလွှာ မင်းခုထိ နားမလည်သေးဘူးလား မူလအရိုးအတွက် အကောင်းဆုံး စတေးမှုက ကုမျိုးနွယ်ဝင်တွေပဲ ချိန်းလွှာရဲ့"

ထိုစကားကိုကြားသည်နှင့် ကုချိန်းလွှာ တကိုယ်လုံး တောင့်တင်းသွားလေသည်။

"စုချန်း ရှင် အဲဒီလိုလုပ်လို့မရဘူးနော်"

***

All Chapters