← Chapters

ထိန်းချုပ်ခြင်း

Vol. 75 Ch. 749

ထိန်းချုပ်ခြင်း

Vol. 75 Ch. 749

မြို့ပြင်သို့ရောက်သည်နှင့် ကုဖေးဟုန်က ဆက်သွယ်ရေးကိရိယာကို ဆွဲထုတ်ပြီး ပြောလိုက်သည်။

"မင်းသားလေး ကျုပ်တို့ မြို့ပြင်ကိုရောက်နေပြီ စုချန်းနဲ့ကုချိန်းလွှာတို့ ဘယ်နေရာမှာ ရှိသလဲ"

ချူကျန်းယု ချက်ချင်းပင် ပြန်ဖြေလိုက်၏။

"သူတို့ အဲဲဒီနေရာမှာပဲ ရှိသေးတယ် ဘာလှုပ်ရှားမှုမှ မရှိသေးဘူးဗျ"

လှုပ်ရှားမှုမရှိဘူးဆိုပါလား...

ကုဖေးဟုန် တကယ်ပင် အံ့သြသွား၏။

သူမအား ရှာတွေ့သွားပြီဟု သိသည်နှင့်တပြိုင်နက် ကုချိန်းလွှာ သေချာပေါက်ထွက်ပြေးသင့့်သည် မဟုတ်ပါလား။

အင်း..မပြေးတော့လဲ ကောင်းတာပေါ့..လိုက်ဖို့မလိုတော့ဘူး...

ထို့နောက် သူက နောက်သို့လှည့်ပြီး အမ်ိန့်ပေးလိုက်သည်။

"အားလုံး ကျုပ်နောက်က လိုက်ခဲ့"

များပြားလှသော လက်အောက်ငယ်သားများ ကုဖေးဟုန်နောက်သို့ ပြေး၍လိုက်ပါလာကြ၏။ မျက်စေ့တမှိတိအတွင်း သူတို့အားလုံး စုချန်းတို့တည်ရှိသည့်တောင်ဆီသို့ ရောက်ရှိလာလေသည်။

"သူတို့ ရှိနေတုန်းပဲလား မင်းသားလေး"

ကုဖေးဟုန်က မေးခွန်းထုတ်လိုက်ပြန်၏။

"ရှိနေတုန်းပဲ"

ကုချိန်းလွှာအား ညွှန်ပြနေသည့့် အစက်အပျောက်က မည်သည့်လှုပ်ရှားမှုမှ မရှိလေရာ ထိုနေရာတွင် သူမရှိနေသေးကြောင်း ဖော်ပြနေသည် မဟုတ်ပါလား။

"သူတို့ကိုကြည့်ရတာ ခင်ဗျားကို ကြောက်ပုံမရဘူးဗျ"

သူက ထပ်ဖြည့်ပြောလိုက်လေသည်။

"ဒီအတွက် သူတို့ အကြီးကြီး နောင်တရသွားစေရမယ်"

ကုဖေးဟုန်၏ အသံမှာ ခက်ထန်နေ၏။ အထင်သေးခြင်းအတွက် ထိုက်တန်သော တန်ရာတန်ကြေးတော့ ပေးရမည်သာ မဟုတ်တုံလော။

ကြေမုံက ညွှန်ပြသောနေရာအရောက်တွင် စုချန်းတို့လူစု ရင်ဘောင်တန်းမတ်တပ်ရပ်နေကြောင်း ကုဖေးဟုန် မြင်တွေ့လိုက်ရသည်။

"စုချန်း"

ကုဖေးဟုန်၏ လေသံမှာ တင်းမာလှပေ၏။

"ကုဖေးဟုန်"

စုချန်းကား ကုဖေးဟုန်၏ကို ဂရုစိုက်ဟန်မရှိ။ တဟဲဟဲပင် ရယ်မောနေလိုက်သေးသည်။

"သခင်လေးရဲ့နာမည်ကို တိုက်ရိုက်ခေါ်ရဲရအောင် ဘာကောင်လဲကွ"

ကုဖေးဟုန်၏ ငယ်သားတဦးက လှမ်းအော်မာန်မဲလိုက်၏။

ထိုငယ်သားကို စုချန်း ချက်ချင်းပင် မှတ်မ်ိလိုက်သည်။

"လက်စသတ်တော့ ကုလျူအန်းပဲကိုး"

"မင်း ငါ့ကို သိနေသလား"

ကုလျူအန်း ကြောင်သွား၏။ သူကတော့ စုချန်းကို တခါမှပင် မမြင်ဖူး။

"ဒါပေါ့ကွာ"

စုချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတရပ် ပေါ်ပေါက်နေလေသည်။

စုချန်း ဘာကိုဆိိုလိုမှန်း ကုလျူအန်း မသ်ိ။ သို့သော် စုချန်း၏ မျက်နှာပေါ်မှ အပြုံးကိုတော့ သူ ကောင်းစွာ မြင်တွေ့နေရ၏။

"မင်း သေချင်နေပြီထင်တယ်"

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ လက်သည်းသဏ္ဍာန်လက်ကြီးက စုချန်းဆီသို့ တိုးဝင်လာ၏။

တကယ်တော့ ကုလျူအန်းသည် ကုဖေးဟုန်၏ လက်အောက်ငယ်သားဖြစ်နေသည့်တိုင် တောက်ပခြင်းနဂါးသွေးဗီဇ နိုးထပြီးသူ တဦး ဖြစ်သည်။ သူ့၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်ကလည်း မသေးလှ။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦးဖြစ်ပြီး တောက်ပခြင်းနဂါးသွေးဗီဇ၏ အထောက်အပံ့ကိုပါ ရထားသောအခါ ၎င်း၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူတဦးတည်းနှင့်ပင် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်အား ယှဥ်နိုင်သူတဦးပင်။

စုချန်းကား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်လေရာ ဘာဂရုစိုက်စရာလိုလေမည်နည်း။

ထို့ကြောင့် ရန်သူအား တချက်တည်းနှင့် ရှင်းပစ်နိုင်မည်ဟု ကုလျူအန်း ယူဆထား၏။

သို့သော် သူ စတင်တိုက်ခိုက်လိုက်သည်နှင့် စုချန်းထံမှ ထူးဆန်းသော အော်သံ ထွက်ပေါ်လာလေသည်။ အသံသည် တိုးသော်လည်း ထူးဆန်းသော သံစဥ်တမျိုးကို ဖော်ဆောင်ထားပြီး ကြားရသူကို စိတ်အားညှိုးငယ်သွားစေ၏။ အသံက်ိုကြားလိုက်သည်နှင့် ကုလျူအန်း၏ နှလုံးသား ဆတ်ခနဲ တုန်ခါသွားလေသည်။ ထို့နောက် ထူးဆန်းသော စွမ်းအားတခုက သူ့အား လွှမ်းခြုံသွားတော့သည်။

"ဒါ..."

ကုလျူအန်း၏ မျက်လုံးအစုံမှာ ဝိုင်းဝိုင်းလည်နေ၏။

သူ အော်ဟစ်လိုစိတ်ပေါ်လာသည်။ သို့သော် ဘာသံမှထွက်မလာ။ သူ့တကိုယ်လုံးမှာလည်း လှုပ်ရှား၍မရ။ သို့သော် သူ၏ လက်သည်းကုပ်ချက်မှာကား စုချန်းဆီသို့ မဟုတ်တော့ပဲ သူ့ဘေးနားတွင် ရပ်နေသည့့် ကုဖေးဟုန်ဆီသို့ ယိုင်သွားတော့သည်။

ကုလျူအန်း၏ တိုက်ခိုက်မှု သူ့ထံသို့ ကျရောက်လာမည်ဟု ကုဖေးဟုန် လုံးဝ ထင်မထား။ မထင်မှတ်ပဲ အငိုက်မိသွားခြင်းကြောင့် ကုဖေးဟုတ် မရှုမလှ ခံလိုက်ရတော့သည်။

"ကုလျူအန်း ခင်ဗျား ဘာလုပ်တာလဲ"

ထိုအခိုက်မှာပင် ကုလျူအန်း၏ ဝိုင်းဝိုင်းလည်နေသော မျက်လုံးအစုံအား ကုဖေးဟုန် တွေ့လိုက်ရသည်ည်။ သူ တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ ဘာမှ ပြောနိုင်စွမ်းမရှိတော့။

ထိုစဥ် ကုလျူအန်း၏ လက်ချောင်းကလည်း သူ့လည်မြိုကို ဆုပ်ညှစ်လာပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ကျန်ကုမျိုးနွယ်စုဝင်များ လျင်မြန်စွာ ခုန်ဝင်လာပြီး ကုလျူအန်းအား တားဆီးလိုက်နိုင်ခြင်းပင်။

"အစ်က်ို ခြောက် ခင်ဗျား ဘာဖြစ်နေတာလဲ"

သက်လတ်ပိုင်းအရွယ်လူတယောက်က ကုလျူအန်းအား တွန်းထိုးရင်း သတိပေးလိုက်၏။ သူ့အမည်မှာ ကုပိုင်ယဲ့ဖြစ်ပြီး ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦးပင် ဖြစ်လေရာ ကုလျူအန်းနှင့် မတိမ်းမယိမ်းပင်။

ထိုအခိုက်မှာပင် ကုလျူအန်းသည် ခေါင်းကိုမော့ရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ့တကိုယ်လုံးမှာလည်း ထိမ်းမနိုင်ိုင်သိမ်းမရ တုန်ယင်လာ၏။

သူ့မျက်နှာတွင်လည်း ထူးဆန်းသော အရေးအကြောင်းများ ထင်ဟပ်လာ၏။ ထိုအရေးအကြောင်းများသည် ထူးဆန်းသော ပုံစံတမျိုးကို ဆောင်နေလေသည်။

၎င်းကိုမြင်သည်နှင့် ကုပိုင်ယဲ့၏ တက်ိုယ်လုံး ပြင်းစွာ တုန်ခါသွားတော့သည်။

"မကာရကျိန်စာ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဘယ်သူလဲ...ဒါကို ဘယ်သူလုပ်လ်််ိုက်တာလဲ...

ချူမျိုးနွယ်စုဝင်တယောက်က်က ကုလျူအန်းကိုယ်ထဲက မကာရကျိန်စာကို ရုတ်တရက် နှိုးဆွလ််ိုက်တာများလား...

ကုလျူအန်းသည် သူ့ပတ်ဝန်းကျင်အား ပြုံးစေ့စေ့နှင့် စိုက်ကြည့်နေ၏။ သူ့ပါးစပ်ထဲမှလည်း အသံမျိုးစုံ ထွက်ပေါ်နေလေသည်။

ထိုအခိုက်မှာပင် ကုလျူအန်းသည် ခေါင်းကိုမော့ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကုဖေးဟုန်ဆီသို့ ဝုန်းခနဲ ခုန်အုပ်လိုက်တော့သည်။

"သခင်လေး နောက်ဆုတ်"

ကျယ်လောင်စွာ အော်ဟစ်သတ်ိိပေးပြီး ကုလျူအန်းအား ကုပိုင်ယဲ့က ဝင်ရောက်တားဆီးလိုက်၏။ အင်အားချင်းမတိမ်းမယိမ်းဆိုသော်လည်း ကျိန်စာအား ခုခံနေရ၍ အင်အားလျော့နည်းနေသော ကုလျူအန်းတယောက်က် ကုပိုင်ယဲ့၏ ထိန်းချုပ်မှုအောက်သ်ို့ ချက်ချင်းပင် ကျရောက်သွားတော့သည်။

"ဒီတော့ မကာရကျိန်စာကို ထိန်းချုပ်နိုင်ပေမဲ့လို့ ထင်သလောက် မလုံလောက်သေးဘူးပေါ့လေ"

တိုက်ပွဲကိုကြည့်ရင်း ကုချိန်းလွှာ သက်ပြင်းချကာ ပြောလိုက်သည်။

စုချန်း မပွင့်တပွင့် ပြုံးလိုက်သည်။ ဘာမှတော့မပြော။ သူ့အသံမှာလည်း ပိုမိုနက်ရှိုင်းလာ၏။ ထိုအချိန်တွင် ကုလျုအန်း၏ က််ိုယ်ခန္ဓာမှာ ပိုမိုတုန်ခါလာ၏။ သူ့မျက်နှာတွင်လည်း ကနဦး မြင်တွေ့ခဲ့ရသည့် အရေးအကြောင်းများ ထပ်မံပေါ်ပေါက်လာပြန်သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ"

ကုချိန်းလွှာ မျက်လုံးပြူးသွားပြန်သည်။

အကြောင်းမှာ ထိန်းချုပ်ခံရသူူ၏ လှုပ်ရှားမှုအပေါ် သက်ရောက်မှုရှိသော ဤကျ်ိန်စာသည် ပစ်မှတ်တဦးအပေါ် တကြိမ်သာ အသုံးပြု၍ရသောကြောင့်ပင်။

သို့သော် ဘဲငန်းစောင့်ကြည့်ရေးတံဆိပ်တွင်တော့ ထိုကန့်သတ်ချက်မျိုး မရှိ။ ကြေးမုံအား နှိုးဆွလိုက်သည်နှင့် ကုမျိုးနွယ်စုဝင်တိုင်း သက်ရောက်မှုကို မလွဲမသွေ ခံရတော့သည်။

ယခု စုချန်း အသုံးပြုလိုက်သည့် မကာရကျိန်စာမှာကား အထက်တွင် ဖော်ပြခဲ့သည့် ကန့်သတ်ချက်မျိုးကို ကျော်လွန်သွားဟန်ရှိသည်။ အကြောင်းမှာ ကုလျူအန်းတွင် မကာရကျိန်စာ နှစ်ကြိမ်တိုင်တိုင် နိုးထလာသောကြောင့်ပင်။

ဟင် မဟုတ်သေးဘူး...ဒီထက်တောင် ပိုလိမ့်အုံးမယ်...

စုချန်း၏ ရွတ်ဆိုသံသည် ပို၍ ထူးဆန်းလာ၏။ ပို၍ လှိုဏ်သံပါလာ၏။ ကြည့်နေရင်းနှင့်ပင် ကျန်ကုမျိုးနွယ်ဝင်များသည်လည်း ကျိန်စာ၏ သက်ရောက်မှုကို ခံစားလာရဟန်တူသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ"

ကုဖေးဟုန် ပတ်ဝန်းကျင်က်ို ငဲ့ကြည့်ရင်း မျက်လုံးပြူးစပြုလာပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ကျန်ကုမျိုးနွယ်ဝင်အသီးသီးသည် အချင်းချင်း ထွေးလုံးပတ်လုံးနှင့် သတ်ပုတ်ကုန်ကြတော့၏။

"လက်စသတ်တော့ ဒီလိုကိုး မကာရကျိန်စာဟာ ပစ်မှတ်အများကြီးအပေါ် သက်ရောက်စေနိုင်တာပေါ့"

ကုချိန်းလွှာ အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။

စုချန်းသည် မကာရကျိန်စာအား မန္တန်နှင့် ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။ ထို့ပြင် မကာရကျိန်စာသည် စိတ်ဝိညာဥ်ကိုထိန်းချုပ်သည့်နည်းစနစ်တမျိုးပင် ဖြစ်ပြီး မကာရမူလပစ္စည်းသည် တစုံတဦး၏ စိတ်ဝိညာဥ်အား တိုက်ရိုက်သက်ရောက်စေ၏။ ထိုသို့ထိန်းချုပ်ရာတွင်လည်း ထိန်းချုပ်ခံထားရသူ၏ စိတ်ဝိညာဥ်စွမ်းအားနှင့် သက်ဆိုင်နေသေး၏။ ထိန်းချုပ်ခံထားသူများ၏ စုပေါင်းစိတ်ဝိညာဥ်စွမ်းအားသည် ထိန်းချုပ်သူ၏ စိတ်ဝိညာဥ်စွမ်းအားကို ကျော်လွန်နေ၍လည်း မရပေ။

ကျေးဇူးတင်စရာကောင်းနေသည်မှာ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ အလွန်အမင်း မြင့်မားနေခြင်းပင်။ ယခင်အခြေအနေဆိုလျင် စုချန်းအနေနှင့် မည်သူ့ကိုမျှ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်။

မည်သို့ဆိုစေ ကုမျိုးနွယ်ဝင်များကား အချင်းချင်း လုံးထွေးသတ်ပုတ်ကုန်ပြီ ဖြစ်သည်။

ဤနေရာတွင် ကုဖေးဟုန်လွတ်နေခြင်းမှာ စုချန်းက တမင်သက်သက်ချန်ထား၍သာ ဖြစ်သည်။ စုချန်းအနေနှင့် ကုဖေးဟုန်၏ သွေးရူးသွေးတန်းမျက်နှာကို မြင်တွေ့လိုသေးသည် မဟုတ်ပါလား။

"ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ"

ကုဖေးဟုန်ကား အကြီးအကျယ် သွေးပျက်နေခဲ့လေပြီ။ ထိုအချိန်မှာပင် စုချန်းထံမှ ထူးဆန်းသော မန္တန်တမျိုး ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး သူ့နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ အဆိုပါ မန္တာန်သည် သူ့အား လွှမ်းမိုးနိုင်ရန် ကြိုးစားလျက်ရှိ၏။

ဖြစ်ရပ်ကြီးတခုလုံး၏ လက်သည် မည်သူမည်ဝါမှန်း ကုဖေးဟုန် သဘောပေါက်သွားလေပြီ။

"မင်းပေါ့ အကုန်လုံးကို မင်း ထိန်းချုပ်နေတာပေါ့ ဟုတ်လား ဒါ ဘယ်လိုလုပ်ဖြစ်နိင်မှာလဲ"

ကုဖေးဟုန် စုချန်းအား ကြောက်လန့်တကြား စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

ကုမျိုးနွယ်စု၏ သွေးဗီဇအား စုချန်း ဘာကြောင့် ထိန်းချုပ်နိင်ရသနည်း။

သို့သော် သူ့တွင် စဥ်းစားနေရန် အချိန်မရှိ။ သူ့အသက်မှာ သေရေးရှင်ရေးအခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။

ကုမျိုးနွယ်ဝင်များသည် တယောက်ပြီးတယောက် သွေးအိုင်ထဲသို့ လဲကျကုန်၏။ စုချန်းကား အနည်းငယ်မှပင် ငဲ့ညှာဟန်မပြ။ သူ့အား သေစေလိုသည့်လူများကို သူ ဘာကြောင့် ငဲ့ညှာနေရမည်နည်း။

လူပေါင်းများစွာသည် စုချန်း၏ ထိန်းချုပ်ခြင်းကို ခံနေရ၏။ သို့သော် ၎င်းတို့၏ စုပေါင်းစိတ်ဝိညာဥ်စွမ်းအားမှာ စုချန်းထက်ပင် နိမ့်နေသေးလေရာ စုချန်းအနေနှင့် ဤကစားကွက်အတိုင်း အချိန်အတော်ကြာ က၍ရနေပေသေးသည်။

ကုဖေးဟုန် အကြီးအကျယ် သွေးပျက်လာ၏။

"မဟုတ်ဘူး"

ကြောက်ရွံ့စိတ်ကို မထိန်းနိုင်တော့သော ကုဖေးဟုန် ထွက်ပြေးရန် ကြိုးစားလာတော့သည်။

သို့သော် စုချန်း သူ့ကို ဘာကြောင့်လွှတ်ပေးရမည်နည်း။

မန္တာန်သည် ရုတ်ချည်းပင် ပြောင်းလဲသွား၏။ ကုလျူအန်းသည် ဝုန်းခနဲ နောက်လှည့်ပြီး ကုဖေးဟုန်အား လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။

ထိုအခိုက်တွင် စုချန်းသည် သူ့စိတ်ဝိညာဥ်စွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင်လိုက်လေရာ ကုလျူအန်း၏ တိုက်စွမ်းအားသည် ဝုန်းခနဲပင်မြင့်တက်လာတော့၏။

ကုလျူအန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် စုချန်း တကိုယ်လုံး လေးလံလာပြီး အသက်ရှုရန်ပင် ခက်ခဲလာတော့၏။ မူလသားရဲသွေးဗီဇ၏ စွမ်းအားပေတည်း။

အခြေအနေ မဟန်တော့မှန်း ကုဖေးဟုန် ကောင်းကောင်းသဘောပေါက်လိုက်လေရာ သွေးဗီဇအား အမြင့်ဆုံးအနေအထားထိ မြှင့်တင်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် အင်အားနည်းနေသည့်တိုင် ကျင့်ကြံခြင်းအလွှာကွာခြားနေသည့်အတွက် ကုလျူအန်း၏ သွေးဗီဇစွမ်းအားက ကုဖေးဟုန်၏ သွေးဗီဇစွမ်းအားကို ဖိနှိပ်လျက်ရှိလေ၏။

ကုလျူအန်း၏ လက်သည်းကား တဖြည်းဖြည်း အောက်သို့နိမ့်ကျလာခဲ့လေပြီ။

ထိုအချိန်မှာပင် ကုဖေးဟုန်၏ ကိုယ်ခန္ဓာသည် အလင်းတန်းတခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ဝုန်းခနဲ တိုးထွက်သွားတော့သည်။

***

All Chapters