← Chapters

မြင့်မြတ်မှု

Vol. 76 Ch. 750

မြင့်မြတ်မှု

Vol. 76 Ch. 750

အုန်းခနဲမြည်သံနှင့်အတူ ကုဖေးဟုန် မြေကြီးပေါ်သို့ ဒလိန့်ကောက်ကွေးလိမ့်ကျသွား၏။ သူ ကမန်းကတန်းနှင့် ကုချင်ယုံအား မော့ကြည့်ရင်းတောင်းပန်လိုက်လေသည်။

"စတုတ္ထအဒေါ် စတုတ္ထအဒေါ် ကျုပ်ကို ကယ်ပါ ကျုပ်ကို ကျေးဇူးပြုပြီး ကယ်ပေးပါဗျာ"

တကယ်တော့ စုချန်း၏ လုပ်ရပ်ကြောင့် ကုဖေးဟုန် သတိလက်လွတ်ဖြစ်နေခြင်းပင်။

ထိုအချိန်မှာပင် ကြီးမားသော နဂါးကြီးတကောင်၏ အရှိန်အဝါက သူ့အား လွှမ်းခြုံသွားလေသည်။

သူ့အား အမြဲတစေ ကြင်နာစွာ ဆက်ဆံတတ်သော ကုချင်ယုံသည် ထိုအခိုက်အတန့်တွင် တောနက်အတွင်းမှ ထွက်ပေါ်လာသည့့် သတ္တဝါရိုင်းကြီးနှင့်ပင် တူနေ၏။ သူမက သူ့အား အေးစက်သောမျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်း ချုမျိုးနွယ်တွေကို ဘဲငန်းစောင့်ကြည့်ရေးကြေးမုံအသုံးပြုခွင့် ပေးလိုက်သလား"

ကုဖေးဟုန်ကား ထိုမေးခွန်း၏ အရေးကြီးပုံကို သတိပြုမိပုံမရ။

"ဒါက အရေးမကြီးပါဘူးဗျာ ကျုပ် ဘာကိုတွေ့ခဲ့သလဲဆိုတော့..."

"ငါမေးတာ ဖြေစမ်း"

ကုချင်းယုံ၏ အသံက ကုဖေးဟုန်နားထဲဝယ် ဗုံးတလုံးပမာ ပေါက်ကွဲသွား၏။

ကုချင်ယုံ၏ အကြည့်တချက်သည် ကုဖေးဟုန် သတိလက်လွတ်ဖြစ်သွားစေရန် လုံလောက်နေခဲ့လေပြီ။

ကုဖေးဟုန် ထိတ်လန့်တကြားနှင့် ဝန်ခံမိတော့၏။

"ဟုတ်ပါတယ်ဗျာ ဟုတ်ပါတယ် ကျုပ် ဝန်ခံပါတယ် ကျုပ် ခွင့်ပြုမ်ိပါတယ် ကျုပ် သူတို့ကို ရှာချင်လွန်း....."

ကုဖေးဟုန် သူ့စကားကို အဆုံးသတ်ခွင့်မရလိုက်။ ကုချင်ယုံကိုယ်တိုင်လည်း ကုဖေးဟုန်၏ စကားကို ဆက်လက်နားထောင်နိုင်စွမ်း မရှိတော့။

မမြင်နိုင်သော လက်တဖက်က ကုဖေးဟုန်၏ လည်မြိုကို ဖမ်းညှစ်လိုက်၏။ မျက်စေ့တမှိတ်အတွင်းမှာပင် ၎င်း မျက်ဖြူလန်သွားလေသည်။

ထို့နောက် ကုချင်ယုံသည် ခေါင်းမော့ပြီး ဝမ်းပမ်းတနည်းနှင့် အော်ဟစ်လိုက်တော့၏။

"ကံဆိုးလိုက်တာ ငါ့တို့မျိုးနွယ်စု ကံဆိုးလိုက်တာ"

ကုချိန်စုနှင့် ကုချိန်ယန်းတို့သည်လည်း အဖြစ်အပျက်ကိုကြည့်ရင်း သက်ပြင်းချကာ ခေါင်းကိုယ်စီ ခါယမ်းမ်ိလေသည်။

သုံးစားမရ၊သစ္စာမရှိသော မျိုးဆက်တဦးကို ပျိုးထောင်မိခြင်းသည်လည်း အမှန်တကယ် ကံဆိုးမိုးမှောင်ကျခြင်းပင်မဟုတ်ပါလား။

ထိုစဥ် ချူကျန်းယုက တဟဲဟဲရယ်မောရင်း ပြောလိုက်ပြန်သည်။

"နားလည်မှုလွဲတာလေးတွေကို ဖြေရှင်းပြီးသွားပြီဆိုတော့ ကျန်တာ ဖြေရှင်းရလွယ်သွားပါပြီ ဒါနဲ့ ခုနက ကျုပ် ကုချိန်းလွှာကိုရှာတော့ ဒီမြို့မှာ မရှိသင့်တဲ့လူတယောက်က်ကိုပါ တွေ့မိသလားလို့ ခင်ဗျားတို့ကော တွေ့မိ...."

သူက စကားကို အဆုံးမသတ်ပဲ ရပ်တန့်လိုက်၏။ သို့သော် သူ ဘာကိုဆိုလိုမှန်း ကုချိန်ယန်း ချက်ချင်းပင် သဘောပေါက်လိုက်လေရာ မူလလက်စွပ်ကို ဆွဲထုတ်ပြီး ချူယွမ်ဆီသို့ ပစ်ပေးရင်း ပြောလိုက်သည်။

"ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ကျုပ်တို့ကုမျိုးနွယ်ဟာ မျိုးဆက်သစ်တွေများများ မွေးထုတ်နိုင်ခဲ့တယ် ဒါကြောင့် အသက်ရင်းမြစ်ဖယောင်းတိုင်တွေ ပိုပြီး ထုတ်လုပ်လာနိင်ခဲ့တယ် အမှန်တော့ ဒီထက်ပိုပြီးများလာအောင် စုဆောင်းပြီးမှ ဧကရာဇ်ဆီ ဆက်သမလို့ပဲ ခုကြုံနေတော့ တခါတည်းပဲ ဆက်သလိုက်တော့မယ်"

အသက်ရင်းမြစ်ဖယောင်တိုင်များ ခိုးကြောခိုးဝှက်ဖန်တီးထားစေကာမူ ပက်ပင်းမိသွားပြီဖြစ်၍ သင့်လျော်သော အကြောင်းပြချက်တော့ ပေးရမည်မဟုတ်ပါလား။

ချူမျိုးနွယ်စုဘက်မှလည်း လိုအပ်သည်ထက် ကုမျိုးနွယ်စုအား တင်းကျပ်ခြင်းမပြု။ အတူတကွ နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ နားလည်မှု အလိုအလျောက် တည်ဆောက်ထားပြီးပြီ မဟုတ်ပါလား။

ချူယွမ်က တဟဲဟဲရယ်မောရင် မူလလက်စွပ်အား ချုကျန်းယုလက်ထဲ ထည့်ပေးလိုက်၏။ အကျိုးဆောင်မှုအတွက် ဆုချလိုက်ခြင်းပင်။ ထို့နောက် သူက ပြောလိုက်ပြန်သည်။

"ဒါဆိုလဲ အသက်ရင်းမြစ်ဖယောင်းတိုင်တွေ ဒီထက်များများ ဖန်တီးပြီး နန်းတော်ကို ဆက်သပေါ့ဗျာ မဟုတ်ဘူးလား"

ကုမျိုးနွယ်ဘိုးဘေးသုံးဦးအနေနှင့် ခေါင်းညိတ်လက်ခံရန်မှအပ တခြားရွေးချယ်စရာမရှိ။

ဤတကြိမ်တွင်တော့ သူတို့ဘက်မှ အကြီးအကျယ် နှပ်ပစ်ခံလိုက်ရခြင်းပင်။

ထိုအချိန်မှာပင် ကုချင်ယုံ၏ စိတ်ထဲတွင် ကုချိန်းလွှာအား သတိရလာ၏။ ဤကိစ္စတွင် ကုချိန်းလွှာလည်း ပါဝင်နေသည်မဟုတ်ပါလား။ ထိုအခါ သူမက ပြန်လည်သတိရလာပြီဖြစ်သော ကုဖေးဟုန်အား မေးလိုက်သည်။

"ဒါနဲ့ ကုချိန်းလွှာကော ဘယ်မှာလဲ မင်း သူ့ကို သွားမဖမ်းဘူးလား ဘာလို့ သူမပါပဲ ပြန်လာသလဲ"

ချူကျန်းယုက ဝင်ဖြေလိုက်၏။

"ကုချိန်းလွှာ ခုထိ တောအုပ်ထဲမှာ ရှိနေတုန်းပဲဗျ"

တဆက်တည်းတွင် ဤကိစ္စမှာ ထူးဆန်းလှသည်ဟု သူ တွေးနေမိ၏။

ကုဖေးဟုန်သည် လူအများအပြား ခေါ်ဆောင်ကာ ကုချိန်းလွှာအား သွားဖမ်းခဲ့၏။ သို့သော် ကုဖေးဟုန်သာ ပြန်ရောက်လာသည်။ ကုချိန်းလွှာမှာ နေရာတွင် ရှိနေဆဲပင်။

ထိုစဥ် ကုဖေးဟုန်က ပြောလိုက်သည်။

"ကျုပ် သူ့ကို ပြန်မခေါ်နိုင်ခဲ့ဘူး ဒါ့အပြင် ကျုပ်နဲ့ပါသွားသူတွေ အကုန်သေကုန်ပြီ"

ဘာ!!!!!

ချူယွမ်၊ ကုချင်ယုံအပါအဝင် လူတိုင်း ကြက်သေသေသွား၏။

နောက်ဆုံးတွင် ချူကျန်းယုက မနေနိုင်တော့ပဲ မေးလိုက်သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ စုချန်းက အလင်းတုန်ခါခြင်းနယ်ပယ်မှာပဲ ရှိသေးတာမလား ခင်ဗျားနဲ့အတူ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် ၂ယောက်နဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ၅ယောက်တောင် ပါသွားတာလေ"

"ဘာကြောင့်လဲဆိုတော့ ဒီကောင် မကာရကျိန်စာကို သိနေလို့ပေါ့ဗျာ"

ကုဖေးဟုန်၏ အသံမှာ ငိုသံပါနေ၏။

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။

________________×××______________×××_________

စုချန်း ချက်ချင်းပင် ပြန်ရောက်လာ၏။ သူနှင့်အတူပါသွားသော အလောင်းများကား မူလအရိုး၏ ဝါးမြိုခြင်းကို ခံလိုက်ကြရလေပြီ။

စုချန်း ပြန်ရောက်လာသည်နှင့် သံမဏိက ပြောလိုက်၏။

"သခင် အားလုံးအဆင်သင့့်ပဲ ကျုပ်တို့သွားလို့ရပြီ"

သို့သော် စုချန်း၏ တုံ့ပြန်မှုက အံ့သြဖွယ်ရာပင်။

"ခနလေးစောင့်ကြတာပေါ့ ပြသနာအသစ်က သိပ်မကြာဘူး ရောက်လာလိမ့်မယ်"

ထိုအခါ ကုချိန်းလွှာက အလျင်စလို ပြောလိုက်ပြန်သည်။

"စုချန်း ကုမျိုးနွယ်တွေနဲ့ ကျွန်မတို့သေတဲ့အထိ တိုက်ခိုက်နေစရာမလိုဘူး ရှင် ကျိန်စာကို ထိန်းချုပ်နိုင်ပြီဆိုတော့ သူတို့ရှင့်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပါဘူးလေ"

စုချန်း သက်ပြင်းချလိုက်၏။

"ပြသနာအသစ်က ကုမျိုးနွယ်မဟုတ်ဘူး ချိန်းလွှာရဲ့"

ကုချိန်းလွှာ အံ့သြသွား၏။ သို့သော် စုချန်း ဘာကိုဆိုလိုမှန်း သူမ သိပ်မကြာမီ သဘောပေါက်သွားလေသည်။

ထိုစဥ် ကောင်းကင်ပေါ်မှအလင်းတန်းတခု အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာ၏။

"အရှင်မင်းကြီးပါလား"

ဟာလာဟင်းလင်းတောင်နိုင်ငံ၏ ဧကရာဇ်ချူယွမ်ကိုယ်တိုင် ရောက်ရှိလာခြင်းပင်။ သူ့နောက်တွင် ချုကျန်းယု၊ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တချို့နှင့် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တချို့ ရှိနေ၏။

အခြားတဖက်တွင်တော့ ကုချင်ယုံ၊ ကုချိန်စုံး၊ ကုချိန်ယန်းနှင့် ကုဖေးဟုန်တို့ ရှိနေ၏။

အခြေအနေကို ကုချိန်းလွှာ နားလည်သွားခဲ့လေပြီ။

မကာရကျိန်စာကို ထိန်းချုပ်နိုင်ခြင်းသည် ကုမျိုးနွယ်စုနှင့် ရင်ဆိုင်ရာတွင် စုချန်းအတွက် အားသာချက်တရပ် ဖြစ်သွားစေ၏။

သို့သော် တဖက်တွင်က အန္တရာယ်အသစ်တခုကို ဖိတ်ခေါ်မိသလို ဖြစ်သွားခဲ့ရလေပြီ။

ချူမျိုးနွယ်စု။

ကျိန်စာသုံးမျိုးကို ထိန်းချုပ်နိုင်ခြင်းသည် ချုမျိုးနွယ်စု၏ အကြီမားဆုံးအားသာချက်၊ တနည်းအားဖြင့် စွမ်းအားပင် ဖြစ်သည်။

ယခု ထ်ိုစွမ်းအားကို ပြင်ပလူတယောက်က်က ထိန်းချုပ်နိုင်သည်ဟု ကြားရသောအခါ ချူမျိုးနွယ်အနေနှင့် မည်သို့ခံစားရမည်ကို တွေးကြည့်ရုံနှင့် သဘောပေါက်နိုင်ပေသည်။

၎င်းမှာ စုချန်းတယောက်က် သွေးဗီဇမလိုပဲအနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့့်နည်းလမ်း ဖန်တီးနိုင်ခဲ့ပြီဟူသော သတင်းထက် ချုမျိုးနွယ်စုအတွက် ပို၍ ထိတ်လန့်စရာ ဖြစ်နေ၏။

ထို့ကြောင့် စုချန်းရှိရာသို့ ချူယွမ်ကိုယ်တိုင် ရောက်ရှိလာခြင်းပင်။

စုချန်းကိုမြင်သည်နှင့် ချုယွမ်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

"သူ့ကိုဖမ်းကြစမ်း"

စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦး ချက်ချင်းပင် စတင်လှုပ်ရှားလာ၏။

စုချန်းလည်း အနည်းငယ်မှပင် တုံ့ဆိုင်းနေခြင်းမရှိ။ မန္တာန်ကို ထပ်မံရွတ်ဆိုလိုက်ပြန်သည်။

စုချန်းထံမှ မန္တာန်ရွတ်သံ ထွက်ပေါ်လာသည်နှင့် ကုချင်ယုံ ရှေ့သို့ခုန်ထွက်လာပြီး စုချန်းဆီသို့ ဦးတည်လာသည့် တိုက်ခိုက်မှုကို ဝင်ရောက်ကာကွယ်ပေးလိုက်၏။

"စတုတ္ထအဒေါ်"

ချူယွမ် အလန့်တကြားနှင့် အော်လိုက်သည်။

မရှေးမနှောင်းမှာပင် ကုချင်ယုံ၏ အော်သံ ထွက်ပေါ်လာသည်။

"ဒါ မကာရကျိန်စာ မကာရကျိန်စာပဲ"

"ရပ်လိုက်စမ်း"

ချူယွမ် သူ့လက်အောက်ငယ်သားအား ဟန့်တားလိုက်၏။ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်၏ တိုက်ခိုက်မှု ရပ်တန့်သွား၏။

ကုချင်ယုံ ဒေါသကြောင့် တကိုယ်လုံး တုန်ခါနေလေသည်။

"နင် ငါ့အပေါ် မကာရကျိန်စာ သုံးရဲတယ်ပေါ့ ဟုတ်လား"

မထင်မှတ်ပဲ စုချန်း၏ထိန်းချုပ်ခြင်း ခံလိုက်ရသည်ည်ဖြစ်လေရာ ကုချင်ယုံ အကြီးအကျယ်ပင် ဒေါသထွက်သွားတော့သည်။

သို့သော် စုချန်းကား ခပ်တည်တည်ပင်။

"အခု ကျုပ်တို့ စကားပြောလို့ရပြီလား"

ကုဖေးဟုန်၏ စကား မှန်မမှန် စုချန်းက လူအများရှေ့တွင် ကုချင်ယုံအား ထိန်းချုပ်ပြီး သက်သေပြသွားခဲ့လေပြီ။ တနည်းအားဖြင့် သူ မကာရကျိန်စာကို အမှန်တကယ် ထိန်းချုပ်နိုင်ကြောင်း သက်စေပြပြီးပြီဖြစ်၍ ဆွေးနွေးရအောင်ဟု စုချန်းက ညှိုနှိုင်းလိုက်ခြင်းပင်။

ထိုအခါ ချူယွမ်က အေးစက်သောလေသံနှင့် မေးလိုက်၏။

"မင်း မကာရကျိန်စာကို ဘယ်လ်ိုလုပ် ပိုင်ဆိုင်သွားတာလဲ"

စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြန်ဖြေလိုက်သည်။

"သုတေသနလုပ်ရင်း တွေ့သွားတာပေါ့ဗျာ ကျိန်စာဆိုတာ လူတွေ ဖန်တီးထားတာပဲ မဟုတ်ဘူးလား လူတယောက် ဖန်တီးထားတာကို အခြားတယောက် ရှာတွေ့ဖို့ဆိုတာ ထင်သလောက်မခက်ပါဘူးလေ"

ချူကျန်းယု လှောင်ပြောင်လိုက်၏။

"မင်းပြောသလောက်သာလွယ်နေရင် လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀လောက်ကတည်းက ရှာတွေ့ရောပေါ့ကွာ"

စုချန်း ပြုံးလိုက်၏။

"ဘာကြောင့်လဲဆိုတော့ ကျုပ်နာမည် စုချန်းကိုးဗျ အိုး စုချန်းဆိုတဲ့နာမည်ကို ခင်ဗျားတို့ မကြားဖူးဘူးထင်တယ် တိမ်တိုက်လင်းနို့ဆိုရင်ရော ဘယ့်နှယ်လဲ"

"ဘာ"

လူတိုင်းမျက်လုံးပြူးကုန်၏။

"တိမ်တိုက်လင်းနို့ ဟုတ်လား"

လက်ရှိအချိန်တွင် တိမ်တိုက်လင်းနို့ဟူသောအမည်မှာ မသိသူမရှိသလောက် ဖြစ်နေခဲ့လေပြီ။

ချူယွမ်၏ မျက်လုံးအစုံ အရောင်ဝင်းလက်သွား၏။

"ဒီတော့ မင်းက သွေးဆူပွက်ခြင်းနယ်ပယ်၊ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို သွေးဗီဇမလိုပဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းကို ဖန်တီးခဲ့တဲ့ မဟာပညာရှိတိမ်တိုက်လင်းနို့ပေါ့ ဟုတ်လား ကျုပ် မသ်ိလိုက်တာ တောင်းပန်ပါတယ်လေ"

မဟာပညာရှိဆိုပါကလား...

စုချန်း မျက်လုံးပြူးသွား၏။

သူ ထိုနာမည်ကိုရထားမှန်း စုချန်း တကယ်ပင် မသ်ိ။

တကယ်တော့ စုချန်း ဖန်တီးလိုက်သည့်နည်းစနစ်နှစ်ရပ်ကြောင့် လူသားများ၏ ကျင့်ကြံခြင်းအုတ်မြစ်သည် များစွာ မြင့်တက်လာခဲ့သည်မှာ အမှန်ပင်။ စုချန်း၏ လုပ်ရပ်သည် လူသားမျိုးစိတ်ကြီးတစိတ်လုံးအား ကြီးကြီးမားမား အကျိုးပြုလိုက်သော လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဤသို့ ဂုဏ်ပြုခေါ်ဆိုခံရသည်မှာ ဘာမှမဆန်း။

အဆိုပါအမည်နာမသည် စုချန်းအတွက် ဘာမှအရေးမကြီး။ သို့သော် သူ့ရန်သူများအတွက်မူ ကြီးမားသော ပြသနာကြီး ဖြစ်လာစေ၏။

လူဟူသည်မှာ တဦးတည်းနေ၍မရ။ လူတဦးတွင် သူ ဂရုစိုက်ရသော အရာများစွာ ရှိနေတတ်သည် မဟုတ်ပါလား။ တလောကလုံးတွင် ဘယ်အရာကိုမှဂရုမစိုက်ဟု ဆိုလာပါက ထိုလူသည် အရူးနှင့် အတူတူသာ။

ချူယွမ်ကား အရူးမဟုတ်။

တိမ်တိုက်လင်းနို့သာ သူ့လက်ဝယ် အသက်ပျောက်သွားပါက အနာဂတ်တွင် ပြသနာများစွာ ဖြစ်လာနိုင်မှန်း ချူယွမ် သဘောပေါက်ထား၏။

သေစမ်း...ဒီကောင် ဒီကို ဘာလာလုပ်တာလဲ..အရေးထဲ ကျိန်စာကိုပါ ထိန်းချုပ်သွားနိုင်သေးတယ်...

စဥ်းစားရင်းနှင့် ချူယွမ် ခေါင်းကိုက်လာ၏။

မည်မျှပင် ခေါင်းကိုက်စေကာမူ ကျိန်စာသုံးမျိုး၏ လျှို့ဝှက်ချက်သည် ဘယ်နည်းနဲ့မှ ပေါက်ကြား၍မဖြစ်။

ထိုအတွက် သမ်ိုင်းတွင် နာမည်ပျက်နှင့် မှတ်တမ်းတင်ခံရစေကာမူ ချူယွမ် မမှုချေ။

***

All Chapters