အခြေအနေ ၁
Vol. 76 Ch. 752
ချူယွမ်၏ မျက်လုံးအစုံသည် တဖြေးဖြေး အေးစက်တင်းမာလာ၏။
"ပညာရှိတိမ်တိုက်လင်းနို့ကိုယ်တိုင် ရောက်လာတာဆိုတော့ ကျိန်စာသုံးမျိုးကို ဖြေနိုင်တာ ဘာမှအံ့သြစရာမရှိဘူးလို့ပဲ ဆိုရမယ် ဒါပေမဲ့ ပညာရှိတိမ်တိုက်လင်းနို့တောင် ဟာလာဟင်းလင်းတောင်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူခွင့်မရှိဘူး"
"ကျုပ်ကိုယ်ပိုင်အရည်အချင်းနဲ့ ရှာတွေ့ခဲ့တာလေဗျာ ဒါကို ခိုးတယ်လို့ပြောလို့ ဘယ်ဖြစ်ပါ့မလဲ"
စုချန်းကား ချူယွမ်၏ စကားကို လက်မခံ။
"ခိုးတယ်ပဲ ပြောပြော ကိုယ်ပိုင်အရည်အချင်းနဲ့ရှာတွေ့တယ်ပဲပြောပြော ဒီကျိန်စာသုံးမျိုးကို ချူမျိုးနွယ်စုကသာ ပိုင်ဆိုင်ခွင့်ရှိတယ်"
ချူကျန်းယု၏ စကားသံ ဖြစ်သည်။
"တကယ်လို့ ကျုပ်က လိုချင်တယ်ဆိုရင်ကော"
ချူကျန်းယု ချက်ချင်းပင် ရှေ့သို့တိုးလာ၏။
"ဒါဆို သေရလိမ့်မယ်"
သို့သော် ချူယွမ်က သားဖြစ်သူအား ဟန့်တားလိုက်လေသည်။
ကုမျိုးနွယ်ဘိုးဘေးသုံးဦးလုံးရှိနေသောနေရာတွင် အလျင်စလိုလှုပ်ရှားခြင်းအားဖြင့် သူတို့အတွက် အကျိုးမရှိနိုင်။
ထို့ပြင် ချူယွမ်သည် စုချန်း ဖန်တီးထားသည့်မကာရကျိန်စာ၏ အားနည်းချက်များကို မသိ။ စိတ်ဝိညာဥ်စွမ်းအား မည်မျှ သုံးစွဲရကြောင်းကို သူ မသိ။ ထို့ကြောင့် ကုချင်ယုံတို့သုံးဦးအား စုချန်းက ထိန်းချုပ်သွားမည်ကို ထိတ်လန့်နေခြင်းပင်။
ထိုအခါ သူက ကုမျိုးနွယ်ဘိုးဘေးသုံးဦးအား ဖြတ်ခနဲ လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဒီကနေ ထွက်သွားပေးပါလားဗျာ အဲဒါမှ ဒီကောင် ကျိန်စာကို ထပ်မသုံးနိုင်မှာ"
ကုချင်ယုံသည် စုချန်းအား ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်၏။ ထို့နောက် ကုဖေးဟုန်ကိုခေါ်ကာ ၈ကီလိုမီတာခန့်အဝေးသို့ ရုတ်ချည်းပင် ထွက်ခွာသွားကြလေသည်။
အံ့သြစရာကောင်းသည်မှာကား စုချန်းပင်။ သူသည် ကုချင်ယုံတို့ ထွက်ခွာသွားသည်ကို ခပ်တည်တည်နှင့်ပင် စိုက်ကြည့်နေ၏။ အနည်းငယ်မျှပင် ဟန့်တားခြင်းမပြု။
ကုမျိုးနွယ်ဘိုးဘေးများ မြင်ကွင်းမှပျောက်သွားတော့မှ ချူယွမ် စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်လေသည်။
"ကုမျိုးနွယ်တွေ မရှိကြတော့ဘူး မင်း ဘယ်လိုခုခံအုံးမလဲ ကဲ သူ့ကို ဖမ်းကြစမ်းဟေ့"
ချုယွမ်ထံမှ အမိန့်သံထွက်ပေါ်လာသည်နှင့် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦးသည် ချက်ချင်းပင် လှုပ်ရှားလာ၏။ ကြီးမားလှသော ဖိအားကြီးတခုက ဝုန်းခနဲ ရှေ့သို့တိုးထွက်လာခဲ့ပြီ ဖြစ်သည်။
ဖိအားမှာ ပြင်းထန်လှသောကြောင့် စုချန်းအနေနှင့် ပတ်ဝန်းကျင်မှ မူလစွမ်းအင်များကိုပင် စုပ်ယူနိင်စွမ်းမရှိတော့။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံး၍ ထွက်ပြေးရန်သာ ရှိတော့သည်။
ဤတကွက်တည်းနှင့်ပင် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦး၏ စွမ်းအားကို မြင်သာနေ၏။ ၎င်းတို့၏ စိတ်ဝိညာဥ်များသည် ကောင်းကင်၊ မြေကြီးနှင့် ဆက်နွယ်လျက်ရှိပြီး ၎င်းတို့၏ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်၊ မြေကြီး၏ စွမ်းအင်များ ပါဝင်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့သည် ရန်သူကို ဖမ်းဆီးရန် ကောင်းကင်နှင့်မြေကြီးကိုပင် လှောင်ချိုင့်အဖြစ် အသုံးပြုနိုင်ကြ၏။
စုချန်းကား တဖက်လူ၏ တိုက်ခိုက်မှုကို ဂရုစိုက်ဟန်မတူ။ စကားပင် ဆက်ပြောနေလိုက်သေးသည်။
"ကျုပ်ကိုဖမ်းလို့ ဘာမှပြောင်းလဲသွားစရာမရှိပါဘူးလေ"
ဝန်းကျင်တခိုလုံးရှိ မူလစွမ်းအင်များသည် မမြင်ရသောလက်ကြီးတချောင်းအဖြစ်ပြောင်းလဲသွားပြီး စုချန်းအား ဖမ်းချုပ်ရန် ကြိုးစားလာခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် အလင်းတုန်ခါခြင်းနယ်ပယ်ဖြစ်သော စုချန်းသည် ဘာမှမဟုတ်တော့။။
စုချန်း၏ စကားသံက ထပ်မံထွက်ပေါ်လာပြန်သည်။
"ကျုပ်သေသေရှင်ရှင် ကျိန်စာသုံးခုရဲ့လျှို့ဝှက်ချက်တွေဟာ ပျံ့နှံ့သွားတော့မှာပဲ"
"ရပ်လိုက်စမ်း"
ဟန့်တားသံတချက် ထွက်ပေါ်လာပြီး မူလစွမ်းအင်လက်ကြီးသည် စုချန်းနှင့် ဆံချည်တမျှင်င်စွာ အကွာအဝေးတွင် ရပ်တန့်သွားတော့၏။
ချူယွမ်က မျက်စေ့ပျက်မျက်နှာပျက်နှင့် မေးလာပြန်၏။
"မင်း ပြောတာ မှန်မမှန် ကျုပ် ဘယ်လိုလုပ် သိနိင်မှာလဲ"
"အိပ်မက်နယ်ပယ်ပဲပေါ့"
စုချန်းက ပြုံးရင်း ပြောလိုက်သည်။
"ကျိန်စာသုံးမျိုးနဲ့ပတ်သက်ပြီး ကျုပ် ခုနကပဲ အိပ်မက်နယ်ပယ်ထဲမှာ တင်လိုက်ပြီး သတင်းကို လောလောဆယ် ချိတ်ပိတ်ထားတယ် ကျုပ် အချိန်တခုကြာတဲ့အထိ အိပ်မက်နယ်ပယ်ထဲကို ရောက်မလာရင် သတင်းအချက်အလက်က အလိုအလျောက် ပျံ့နှံ့သွားလိမ့်မယ်"
"အကြီးအကဲချန်း သွားစုံစမ်းစမ်း"
ချူယွမ်၏ အော်သံကြီး ထွက်ပေါ်လာ၏။
သိပ်မကြာမီ အကြီးအကဲချန်း၏ အစီရင်ခံသံ ထွက်ပေါ်လာလေသည်။
"တကယ်ပဲ ကြော်ငြာတခု ရှိနေတယ် အရှင်မင်းကြီး"
ချုယွမ် တကိုယ်လုံး အေးခနဲ ခံစားလိုက်ရသည်ည်။
"မင်း ဖွင့်မကြည့်ခဲ့ဘူးလား"
အကြီးအကဲအန်း ပြန်ဖြေလိုက်၏။
"ကျုပ် ဖွင့်ကြည့်လို့မရပါဘူး အရှင်မင်းကြီး"
"ဘယ်လောက်ပဲကုန်ကုန်ကွာ ဒီသတင်း မပျံ့နှံ့အောင် ကျုပ်တို့ တားဆီးမှရမယ်"
အကြီးအကဲချန်း ပြန်ဖြေလ်ိုက်သည်။
"ဒါ ငွေကြေးကြောင့် မဟုတ်ဘူးဗျ သူ့မှာ အိပ်မက်ဘုရင်တဦးရဲ့ အခွင့်အရေး ရှိနေလို့ပါ"
"ဘာကွ"
ချူယွမ် မျက်လုံးပြူးသွား၏။
စုချန်းက အိပ်မက်ဘုရင်ဆိုပါကလား...
အိပ်မက်ဘုရင်ဟူသည် အိပ်မက်နယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များတွင် အမြင့်မားဆုံးအခွင့်အရေး ရရှိထားသူ ဖြစ်သည်။ တနည်းအားဖြင့် သူ အိပ်မက်နယ်ပယ်တွင် တင်လိုက်သမျှသော သတင်းအချက်အလက်များအား မည်သူမှ ဝင်ကြည့်၍မရ။
ဒီကောင့်အသက်က ဘယ်လောက်များ ရှိသေးလို့လဲ...ဒီကောင် ဘယ်လိုလုပ် အိပ်မက်ဘုရင်အဆင့့်ရောက်သွားတာလဲ...
ချုယွမ်သည် မယုံနိုင်ဟန်ဖြင့် စုချန်းအား စိုက်ကြည့်လျက်ရှိသည်။
စုချန်း ပြုံးပြလိုက်၏။
"ကျုပ် ငွေအများကြီး သုံးခဲ့တယ်လေဗျာ"
အသံတချက် ထွက်ပေါ်လာပြီး မူလစွမ်းအင်လက်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။
ချူယွမ်၏ မျက်လုံးအစုံမှာ ဝင်းဝင်းတောက်နေ၏။
"မင်း နိုင်သွားပြီ"
စုချန်းက ပြန်ပြောလိုက်သည်။
"ကျုပ်တို့စကားပြောလို့ရပြီလား"
__________________×××______________×××_________
မိုးမြို့တော်အပြင်ဘက်တောအုပ် ရေတံခွန်ဘေးတွင် ဖြစ်သည်။ စားပွဲတလုံးအား အသင့်ခင်းကျင်းထား၏။
စားပွဲပေါ်တွင် လက်ဖက်ရည်ခွက်တချို့ ရှိနေလေသည်။ ချူယွမ်နှင့် စုချန်းမှာ အခန့်သားထိုင်နေကြ၏။ ကုချိန်းလွှာက သူတို့နှစ်ဦးအား လဖက်ရည်ငှဲ့ပေးလျက်ရှိလေသည်။
ချူယွမ်က စုချန်းရှေ့သို့ လဖက်ရည်ခွက်အား ကိုယ်တိုင်ချပေးရင်း ပြောလိုက်၏။
"မိုးနှင်းလဖက်ခြောက်ပဲ တနှစ်လုံးမှာမှ ဆယ်ကီလိုလောက်ပဲ ထွက်တဲ့အထိ သိပ်ရှားတဲ့လဖက်ခြောက် သာမာန်ဆို ဒီလဖက်ရည်ကို ကျုပ် သောက်လေ့မရှိဘူး ဒီကနေ့ကတော့ ခြွင်းချက်ပဲပေါ့လေ"
ချုမျိုးနွယ်စုအနေနှင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စုချန်းအား သတ်၍မရသည်ကတော့ သေချာနေခဲ့လေပြီ။ လက်နက်နှင့်ဖြေရှင်းမရသောပြသနာအား နိုင်ငံရေးအရ ဖြေရှင်းရပေလိမ့်မည်။ ၎င်းမှာ အာဏာရှိသူများ၏ လုပ်ရိုးလုပ်စဥ်ပင် ဖြစ်လေသည်။
ထိုသဘောတရားကို ကောင်းစွာနားလည်ထားသော ချူယွမ်၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပျောက်ကွယ်သွားခဲ့လေပြီ။ သူ့ပါးစပ်မှလည်း စုချန်းအား တူမောင်ဟု ခေါ်ဝေါ်စပြုလာ၏။
ချူယွမ်အတွက် မျက်နှာပျက်ခြင်းမပျက်ခြင်းမှာ အရေးမကြီး။ အရေးကြီးသည်က အကျိုးအမြတ်သာ။
စုချန်းက လဖက်ရည်ခွက်အား မြှောက်ပြရင်း ပြန်ပြောလိုက်သည်။
"ဒါဆိုလဲ ကျုပ် မယဥ်ကျေးတော့ပါဘူးလေ"
ထို့နောက် သူက လဖက်ရည်ခွက်အား တကြိတ်တည်းမော့ချလိုက်လေသည်။
စုချန်း၏ သောက်ပုံကိုကြည့်ရင်း ချူယွမ်၏ စိတ်ထဲတွင် မနှစ်မြို့ပဲ ဖြစ်သွား၏။ သို့သော် သူက တဟဲဟဲ ရယ်မောရင်း မေးလိုက်သည်။
"ဘယ့်နှယ်နေသလဲ"
"ကျုပ်ဟာ လဖက်ရည်ကြိုက်သူ မဟုတ်ဘူး ဒါကြောင့် ကောင်းသလားဆိုးသလား ကျုပ် မပြောနိုင်ဘူး ဒါပေမဲ့ ဒီလက်ဖက်ရည် ပါးစပ်ထဲရောက်တာနဲ့ လူတကိုယ်လုံး လန်းဆန်းသွားပြီး အရသာက အကြာကြီးခံသဗျ"
"ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
ချူယွမ်က ပြုံးရင်း ပြောလိုက်သည်။
"တူမောင်ဟာ အရာရာတိုင်းကို ထိုးထွင်းမြင်နိုင်တတ်တဲ့ ညဏ်ရည်ရှိတယ် ကျိန်စာသုံးမျိုးရဲ့လျှို့ဝှက်ချက်ကို သဘောပေါက်သွားတာ သိပ်တော့မဆန်းပါဘူးလေ"
"ကံကောင်းလို့ဖြစ်ပါလိမ့်မယ်ဗျာ"
ထိုအခါ ချူယွမ်က ပြောလိုက်ပြန်သည်။
"ကံကောင်းတာတော့ ကောင်းတာပေါ့လေ ဒါပေမဲ့ တခါတလေကျရင် ဒီလိုကံကောင်းတာက အနာဂတ်မှာ ပြသနာတွေကို ဖိတ်ခေါ်မိသလို ဖြစ်နေတတ်တယ်"
စုချန်း ခေါင်းညိတ်လိုက်သည်။
"အရှင်မင်းကြီးပြောတာ မှန်ပါတယ် ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်မှန်းသာ ကျုပ်သိရင် ကျိန်စာသုံးမျိုးရဲ့လျှို့ဝှက်ချက်ကို ကျုပ် ရှာမိမယ်မဟုတ်ဘူး"
ချူယွမ် သက်ပြင်းချလိုက်၏။
"ဖြစ်စရာရှိတာက ဖြစ်လာမှာပဲ ကျုပ်တို့အနေနဲ့လဲ အနှေးနဲ့အမြန် မျက်နှာချင်းဆိုင်ရမှာပဲ တူမောင်လဲ သိပြီးသားဖြစ်မှာပါ ကျုပ်တို့ချူမျိုးနွယ်ဟာ ကျိန်စာသုံးမျိုးရဲ့လျှို့ဝှက်ချက်တွေက်ို ဘယ်နည်းနဲ့မှ ပေါက်ကြားမခံနိုင်ဘူးဆိုတာကိုလေ"
စုချန်း ပြုံးလိုက်ပြန်သည်။
"အဲလိုပဲ ကျုပ် သိထားတာက ဆိုးဝါးတဲ့ကိစ္စတခုခုဖြစ်လာပြီဆိုရင် ကျုပ်တို့အနေနဲ့ ပြသနာကို အမြန်ဆုံးထိန်းချုပ်နိုင်အောင် နည်းလမ်းတခု ရှာဖွေဖို့ပဲ ဖြစ်ပြီးသွားတာတွေကို ပြန်ပြင်လို့မှ မရတော့တာပဲမလား"
ချူယွမ် ဒေါသထွက်လာ၏။ သို့သော် သူက ဟန်ဆောင်ရယ်မောလိုက်လေသည်။
"ကောင်းတယ် သိပ်ကောင်းတယ် တူမောင်ဟာ ဘယ်လိုညှိုနှိုင်းရမယ်ဆိုတာ ကောင်းကောင်းသိနေတာပဲ"
စုချန်း အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ကျိန်စာသုံးမျိုးရဲ့လျှို့ဝှက်ချက်တွေကို ကျုပ် ရှာတွေ့သွားခဲ့ပြီ ဒါဟာ ပြုပြင်လို့မရတော့တဲ့အချက်ပဲ ဒါပေမဲ့ အရှင်မင်ကြီး သိမှာပါ ကျုပ်ဟာ ဒီအပေါ်မှာ ကျုပ်အသက်နဲ့ရင်းပြီး အလောင်းအစားလုပ်မှာ မဟုတ်ဘူးဆိုတာကိုပေါ့ ပြီးတော့ ကျုပ်ဟာ အပြင်လူ ဒီကျိန်စာတွေဟာ ကျုပ်အတွက်လဲ ဘာမှအသုံးမဝင်လှဘူး ဒါကြောင့် အရှင်မင်းကြီးတို့လုပ်စရာလိုတာဆိုလို့ ဒီကျိန်စာတွေရဲ့လျှို့ဝှက်ချက်တွေကို နောက်ထပ်အပြင်လူတွေ ထပ်မသိအောင် ကာကွယ်ဖို့ပဲ"
"တူမောင်ပြောတာမှန်ပါတယ် ဒါဆိုလဲ ဒီလိုလုပ်ပါလား တူမောင်အနေနဲ့ အိပ်မက်နယ်ပယ်ထဲက ကြော်ငြာကို ဖြုတ်ချပြီး ဒီအကြောင်း ဘယ်သူ့ကိုမှ ထပ်မပြောတော့ပါဘူးလို့ ကျိန်မယ်ဆိုရင် ကျုပ် တူမောင်ကို မူလကျောက်တုံးဘီလျံနဲ့ချီပြီး ပေးမယ် နန်းတော်ထဲက ရတနာတွေကိုလဲ တူမောင် ကြိုက်နှစ်သက်ရာ ယူစေမယ် ပြီးရင် တူမောင်ကို ကျုပ်တို့ အန္တရာယ်မဖြစ်စေရဘူးလို့လဲ ကတိပေးတယ်"
အတော်ပင် ကောင်းမွန်သော ကမ်းလှမ်းချက် ဖြစ်သည်။ သို့သော် စုချန်းကား တုပ်တုပ်မျှပင် မလှုုပ်။
"ဒါမှမဟုတ် ဒီလိုဆိုရင်ကောဗျာ ကျုပ် အိပ်မက်နယ်ပယ်ထဲက သတင်းကိုတော့ ဖြုတ်ချမပေးနိုင်ဘူး ဒါပေမဲ့ ကျုပ် ဒီသတင်းကို လုံးဝမပေါက်ကြားစေရဘူးလို့ ကျိန်မယ် ဒီအတွက် အရှင်မင်းကြီးတို့က ကျုပ်ကို လွှတ်ပေးရမယ်"
"ဒါပေမဲ့ မင်းတခြားနေရာမှာ တစုံတခုဖြစ်သွားရင် ဒီလျှို့ဝှက်ချက်ကြီးက ပေါက်ကြားပြီပေါ့"
ချူယွမ်၏ မေးခွန်းမှာ မှန်ကန်ပေသည်။
ဒါသည်ပင် ပြသနာ၏ အဓိကဆုံချက် ဖြစ်နေ၏။
အနာဂတ်တွင် စုချန်းတယောက် မည်သည့်ဘေးအန္တရာယ်မှမဖြစ်ပဲ နှစ်ပေါင်းထောင်ချီ နေနိုင်ပါမည်ဟု မည်သူ အာမခံမည်နည်း။
ကံကောင်းသည်မှာ စုချန်းတွင် နောက်ထပ်နည်းလမ်းတခု ရှိနေခြင်းပင်။
ထိုအခါ စုချန်းက ပြောလိုက်၏။
"ကျုပ် အိပ်မက်နယ်ပယ်ထဲက သတင်းကို ဖြုတ်ချပေးလိုက်မယ် ဒါပေမဲ့ ကျုပ် ဟာလာဟင်းလင်းတောင်ကနေ ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်မှ ဒါကို ကျုပ် လုပ်ပေးမှာ"
"မင်း ဒီကနေ ထွက်သွားပြီးမှ သတင်းကိုပေါက်ကြားစေခဲ့ရင်ကောကွာ မင်းကို ကျုပ် ဘယ်လိုယုံရမလဲ"
"အရှင်မင်းကြီးတို့ ကျုပ်ကို ယုံကြည်လို့ရပါတယ်လေ ဘာကြောင့်လဲဆိုတော့ ကျုပ်ရဲ့ဇနီးသည် ဒီမှာရှိနေလို့ပေါ့ဗျာ"
လူတိုင်း၏ မျက်လုံးအစုံက ကုချိန်းလွှာထံသို့ ကျရောက်သွား၏။
"သူ..."
ချူယွမ်နှင် ချူကျန်းယန်တို့ တယောက်မျက်နှာက်မျက်နှာကိုတယောက်က် စိုက်ကြည့်လိုက်ကြ၏။
စုချန်း လဖက်ရည်ကိုကျကျနန သောက်ရင်း စကားဆက်ပြန်သည်။
"မှန်ပါတယ် သူက ကျုပ်ဇနီးသည်ပါ ပြီးတော့ သူဟာ ကုမျိုးနွယ်ဝင်ဖြစ်နေတယ် သူ ဟာလာဟင်းလင်းတောင်ကနေ ဘယ်တော့မှ ထွက်သွားလို့မရဘူး ကျုပ်ကလဲ သူ့ကို ခေါ်သွားမှာမဟုတ်ဘူး ဒါကြောင့် သူ ဒီမှာရှိနေသရွေ့ သူဟာ ကျုပ်ရဲ့ အကျဥ်းထောင်လိုပါပဲဗျာ"
ထိုစကားအဆုံးဝယ် စုချန်းနှင့်ကုချိန်းလွှာသည် တယောက်မျက်နှာကိုတယောက်က် ကြည့်ရင်း ပြုံးလိုက်ကြသည်။
ထို့နောက် စုချန်းက စကားဆက်ပြန်၏။
"ချိန်းလွှာဘေးကင်းဖို့အတွက် ကျုပ် ဒီကနေထွက်သွားတာနဲ့ အိပ်မက်နယ်ပယ်ကသတင်းကို ဖြုတ်ချလိုက်ပါ့မယ် ဒီနည်းအားဖြင့် ကျုပ် အပြင်လောကမှာ အန္တရာယ်တွေ့ရင်တောင် ဒီသတင်း ပေါက်ကြားစရာအကြောင်းမရှိတော့ဘူး တဖက်မှာလဲ ချိန်းလွှာရှိနေတဲ့အတွက် ကျုပ် ဒီကို အလည်လာတာမျိုးတော့ ရှိလိမ့်မယ် ဒီလိုအလည်လာတဲ့အချိန်မျိုးကျရင်တော့ သတင်းကို အိပ်မက်နယ်ပယ်မှာ ကျုပ် ပြန်တင်ရလိမ့်မယ် ဒီအတောအတွင်းမှာ ကျုပ်ရဲ့လုံခြုံရေးကို အရှင်မင်းကြီးတို့က တာဝန်ယူပေးရလိမ့်မယ် နောက်ဆုံးတောင်းဆိုချင်တာကတော့ အရှင်မင်းကြီးတို့အနေနဲ့ သူ့ကို အတတ်နိုင်ဆုံး ဂရုစိုက်ပေးစေချင်တယ် သူ့ကို ဖြစ်နိုင်သမျှ လွတ်လွတ်လပ်လပ် ပေးနေစေချင်တယ် ကျုပ် သူ့ကို ကျုပ်နဲ့အတူ တပါတည်းခေါ်သွားဖို့ မတောင်းဆိုဘူး ဒါကြောင့် သူ ဒီမှာရှိနေသမျှကာလပတ်လုံး စိတ်ချမ်းချမ်းသာသာနဲ့ နေစေချင်တယ်"
မင်းကြီးနှင့်အိမ်ရှေ့စံတို့ တယောက်မျက်နှာတယောက်က် ကြည့်မိကြပြန်သည်။
စုချန်း၏ တောင်းဆိုချက်သည် ပြသနာက်ိုဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း နှစ်ဦးလုံးပင် သုံးသပ်မ်ိကြ၏။
ထိုအခါ ချူကျန်းယုက မေးလိုက်သည်။
"ဒါအကုန်ပဲလား"
***