အခြေအနေ ၂
Vol. 76 Ch. 753
"မပြီးသေးဘူး ကျုပ် အရှင်မင်းသားလက်ထဲက မူလလက်စွပ်ကို လိုချင်တယ်"
စုချန်း၏ တောင်းဆိုချက်ကိုကြားရသောအခါ သူ့နှလုံးသားအား တစုံတဦးကို ဆုပ်ညှစ်သည့်သဖွယ် ချူကျန်းယု ခံစားလိုက်ရ၏။
စုချန်း၏ တောင်းဆိုချက်သည် သူ့ကံကြမ္မာကို လာရောက်ထိပါးနေသည် မဟုတ်ပါလား။ ပို၍အရေးကြီးသည်မှာ ကုမျိုးနွယ်က အသက်ရင်းမြစ်ဖယောင်းတိုင် ၁၆၁တိုင်အား သူ့လက်ထဲ ထည့်ပေးပြီးပြီ ဖြစ်သည်။
၎င်းမှာ နောင်နှစ်ပေါင်းရာချီသည်အထိ သူ မရရှိနိုင်ငည့် ရတနာမျိုး ဖြစ်သည်။ ဤရတနာမျိုးကို စုချန်းလက်ထဲသို့ သူ မည်သို့ ထည့်နိုင်အံ့နည်း။
ချူကျန်းယု အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
"စဥ်းတောင်မစဥ်းစားနဲ့ကွ"
စုချန်း တဟဲဟဲ ရယ်မောလိုက်၏။
"အရှင်မင်းကြီးကတောင် ကျုပ်ကို ရတနာတွေ မူလကျောက်တုံး ဘီလျံနဲ့ပြီး ပေးမယ် ပြောထားပြီးပြီ ဒါကို အရှင်မင်းသားက ငြင်းပယ်ရသလား အရှင်မင်းသားကြည့်ရတာ အလောသုံးဆယ်နိုင်လွန်းနေတယ်"
ချူယွမ် ပြုံးလိုက်သည်။
"ပြသနာက တူမောင်စုဟာ ဒီမှာနေဖို့စ်ိတ်ကူးရှိမနေတာပဲ"
စုချန်းက ပျင်းရိလေးတွဲ့ဟန်ဖြင့် ပြောလိုက်ပြန်၏။
"ဒီတော့ အရှင်းမင်းကြီးက ကျုပ်ပါးစပ်ကို ပိတ်ဖို့ ဘာမှပေးဖို့အစီအစဥ်မရှိတော့ဘူးပေါ့လေ"
ချူယွမ် ပြုံးစေ့စေ့နှင့် ပြောလိုက်ပြန်သည်။
"တူမောင်စု ဇနီးလုပ်သူကို ဘယ်လောက်ချစ်သလဲဆိုတာကိုလဲ ကျုပ် သိချင်သေးတယ်လေ"
ကုချိန်းလွှာနှင့် အိပ်မက်နယ်ပယ်အတွင်းရှိ လျှို့ဝှက်ချက်သည် အပြန်အလှန် ထောက်ကွက်များသဖွယ် ဖြစ်သွားပြီ ဖြစ်သည်။
စုချန်းက စားပွဲခုံကို လက်ညိုးနှင့်တဒေါက်ဒေါက်ခေါက်ရင်း ပြောလိုက်၏။
"အရှင်မင်းကြီးပြောတာ မှန်ပါတယ် ချိန်းလွှာ ဒီမှာရှိနေသရွေ့ ကျုပ် ကတိမတည်မှာကို စိတ်ပူစရာမလိုတော့ဘူး ဒါပေမဲ့ ကျုပ်တို့အကြား သဘောတူညီချက်ဟာ ကျိန်စာသုံးမျိုးနဲ့ပဲ ဆိုင်တာမဟုတ်ဘူးလား"
"မင်း ဘာကိုဆိုလိုတာလဲ"
ချူယွမ် ကြောင်အမ်းအမ်းဖြစ်သွား၏။
စုချန်းက ပြောလိုက်ပြန်သည်။
"ဒီကနေ့မှာ ကျုပ်ဟာ ကုမျိုးနွယ်သွေးဗီဇကို လေ့လာပြီး ကျိန်စာသုံးမျိုးရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တယ် နက်ဖြန်မှာ ကျုပ် ချူမျိုးနွယ်သွေးဗီဇကိုလေ့လာပြီး အဖြူရောင်စွယ်သားရဲကြီးရဲ့ လျှို့ဝှက်ချက်ကို သိမသွားဘူးလို့ ပြောနိုင်ပါ့မလား"
ချူယွမ်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။
"မင်း လုပ်ရဲသလား"
ချူကျန်းယု ဒေါသတကြီးနှင့် စားပွဲခုံအား လက်သီးနှင့် ထုချလိုက်သည်။
စုချန်း ပုခုံးတွန့်လိုက်၏။
"ကျုပ် စပြီးတောင် မလေ့လာရသေးပါဘူးဗျာ"
အမှန်တကယ်လည်း စုချန်း မလေ့လာရသေး။ သုတေသနမရှိလျင် အပေးအယူလည်း မရှိနိုင်။
သို့သော် စုချန်းဟူသည်က တခြားလူမဟုတ်။ မဟာပညာရှိတိမ်တိုက်လင်းနို့ ဖြစ်နေ၏။ ချူမျိုးနွယ်စု၏ သွေးဗီဇကိုသာ စုချန်း လေ့လာလိုက်ပါက အဖြေကို သိပ်မကြာခင် ရှာတွေ့သွားမည်သာ။
အတန်ကြာအောင် စဥ်းစားပြီးနောက် ချူယွမ်က ချူကျန်းယု၏ ပုခုံးအား နှစ်သိမ့်ဟန်ဖြင့် လှမ်းပုတ်လိုက်သည်။
"အဖေ"
ချူကျန်းယု၏ အသံမှာ ငိုသံပါနေ၏။
"ဒါ အသက်ရင်းမြစ်ဖယောင်းတိုင်လေးပါပဲကွာချူမျိုးနွယ် တည်တံ့နေသရွေ့ ဒီလိုအခွင့်အရေးတွေ အများကြီး ရလာနိုင်ပါသေးတယ် "
ပြောပြောဆိုဆို သူက လက်စွပ်အား စုချန်းဆီသို့ လှမ်းပေးရင်း ပြောလိုက်သည်။
"ရော့ မင်းလိုချင်တဲ့လက်စွပ် ဒါပေမဲ့ မင်း ချူမျိုးနွယ်သွေးဗီဇကို ဘယ်တော့မှ မလေ့လာပါဘူးလို့ ကျိန်ဆိုရလိမ့်မယ်"
"ကျုပ် ကျိန်မှာပါ"
စုချန်း ရဲရဲကြီးပင် အာမခံလိုက်၏။ တောက်ပခြင်းနဂါးသွေးဗီဇနှင့်စာလျင် အဖြူရောင်စွယ်သားရဲကြီး၏ သွေးဗီဇကို သူ ဘာကြောင့် စိတ်ဝင်စားရမည်နည်း။ သို့သော် ထိုအတွက် အရင်းအမြစ်ပြန်ရလျင်လည်း မဆိုးသေးဟုပင် စုချန်း ယူဆလေသည်။
ထို့ပြင် လက်စွပ်ထဲတွင် ဘာတွေရှိနေမှန်း စုချန်း မသိ။ သူသိသည်မှာ ချူကျန်းယုလက်ထဲရှိ မူလလက်စွပ်သည် ကျန်မူလလက်စွပ်တိုင်းထက် တန်ဖိုးကြီးမားနေခြင်းပင်။
"ပြီးတော့ ကျုပ် မင်းဖန်တီးထားတဲ့ ကျိန်စာသုံးမျိုးလုံးကို လိုချင်တယ်"
စုချန်း အလွယ်တကူပင် ခေါင်းညိတ်ပြလိုက်သည်။
မူလလက်စွပ်အတွင်းရှိ ပစ္စည်းများအား ကြည့်မ်ိသည်နှင့် စုချန်း အံ့သြသွား၏။
"ဟာ အသကိရင်းမြစ်ဖယောင်းတိုင်တွေ များလှချည်လား"
"စုစုပေါင်း ၁၆၁တိုင်ပဲ တူမောင်"
ချူယွမ်၏ လေသံတွင် မခံချိမခံသာဟန်များ ပါဝင်နေ၏။
"ဒီဖယောင်းတိုင်တချောင်းစီဟာ မူလသလင်းသန်းနဲ့ချီပြီးတန်တယ် သူ့အစွမ်းကတော့ သေခါနီးလူတယောက်ရဲ့အသက်ကို ရက်ပေါင်းအတော်ကြာအော် ဆွဲဆန့်နိုင်တယ် ဒါ့အပြင် ဒီဖယောင်းတိုင်ကိုသုံးပြီး သာမာန်လူတယောက်က် ဖော်ထုတ်နိုင်ဖို့မဖြစ်နိုင်တဲ့ မူလစွမ်းရည်တွေကို ဖော်ထုတ်နိုင်တယ်"
"ကျေးဇူးပါပဲဗျာ"
စုချန်း ပြုံးတုံ့တုံ့နှင့် ပြန်ဖြေလိုက်၏။
အထက်ပါအတိုင်း အချီအချပြောနေကြစဥ်မှာပင် ကုမျိုးနွယ်ဘိုးဘေးသုံးဦးလုံး ပြန်ရောက်လာ၏။
"ချိန်းလွှာ ဒါ မင်းရွေးထားတဲ့ ခင်ပွန်းလောင်းပေါ့ ဟုတ်လား ကောင်းတယ် သိပ်ကောင်းတယ်"
ကုချင်ယုံသည် နှာခေါင်းတချက်ရှုံ့ကာ အထက်ပါအတိုင်း ပြောလိုက်၏။
သူမအနေနှင့် စုချန်ူအပေါ် ယခုတိုင်စိတ်ဆိုးနေသေးသည်မှာ အမှန်ပင်။ သို့သော် စုချန်း၏ ထူးခြားလှသောအရည်အချင်းကိုလည်း မလေးစားပဲ မနေနိုင်အောင် ဖြစ်နေ၏။
"စတုတ္တအဒေါ် သတ္တမမြောက်ဖိုးဖိုးနဲ့ အဌမမြောက်ဖိုးဖိုးတို့ကို စုချန်း နှုတ်ခွမ်းဆက်ပါတယ်ခင်ဗျာ"
စုချန်းက တည်ငြိမ်အေးဆေးသောလေသံနှင့် ကုမျိုးနွယ်ဘိုးဘေးသုံးဦးအား နှုတ်ဆက်လိုက်၏။
ကုချိန်ယန်း တဟဲဟဲ ရယ်မောရင်း ပြောလိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ် မင်းမှာ ထူးခြားတဲ့အရည်အချင်းတချို့ ရှိနေတာပဲ ချိန်းလွှာ လူရွေးမမှားပေဘူး"
ကုချိန်ယန်းက စုချန်းအား ပွင့်ပွင့်လင်းလင်းပင် ချီးကျူးလိုက်၏။
၎င်းမှာလည်း ဘာမှမဆန်း။ ဤအတောအတွင်း သူတို့ သဘောပေါက်သွားသည်မှာ စုချန်းသည် အချိန်တိုအတွင်း ကျိန်စာသုံးမျိုးအား မည်သို့မည်ပုံအသုံးပြုရမည်ကို ရှာတွေ့သွားခြင်းပင်။ ထို့ကြောင့် ကျိန်စာသုံးမျိုးအား ချေဖျက်ရမည့်နည်းလမ်းကို တနေ့တွင် စုချန်း ရှာတွေ့ကောင်းရှာတွေ့ပေလိမ့်မည်။ ၎င်းမှာ ကုမျိုးနွယ်စုအတွက် မျှော်လင့်ချင်စရာကောင်းနေ၏။
တဖက်မှ ချူယွမ်သည်လည်း လူလည်တဦးပင် ဖြစ်လေရာ ၎င်းကို ကောင်းကောင်းသဘောပေါက်သော်လည်း တိုက်ရိုက်ထုတ်မပြော။ ၎င်းကိုအကြောင်းပြုကာ စုချန်းက မိမ်ိအား ထပ်မံငွေညှစ်လိမ့်မည်မှန်း သူ သဘောပေါက်ထားသည်မဟုတ်ပါလား။ စုချန်းကလည်း ချူယွမ် ဘာတွေးနေမှန်း ကောင်းကောင်းနားလည်ထား၏။ ထို့ကြောင့် သူကလည်း ကုမျိုးနွယ်ဘိုးဘေးများ၏ အတွေးကို မသိချင်ယောင်သာ ဆောင်ထားလေသည်။ အခြေအနေသာ ပြောင်းလဲသွားပါက ချူယွမ် သူ့ကို ဘယ်တော့မှ လွှတ်ပေးတော့မည် မဟုတ်တော့။
သို့သော် ကုမျိုးနွယ်ဘိုးဘေးများ၏ အမြင်တွင်တော့ ထိုသို့မဟုတ်။ မဟာပညာရှိသည် ထူးခြားသော ပါရမီရှင်တဦး ဖြစ်သည်။ သူတို့ နှစ်ပေါင်းထောင်နှင့်ချီစောင့်ဆိုင်းခဲ့ရသော မျှော်လင့်ချက်က သူတ်ို့ ရှေ့မှောက်တွင် ရောက်ရှိနေခဲ့လေပြီ။
ထို့ကြောင့် သူတို့စိတ်ထဲတွင် စုချန်းနှင့် ညှိနှိုင်းလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေကြ၏။ သို့သော် ထိုအနေအထားမျိုးကို ချူယွမ် ဘယ်တော့မှ အဖြစ်ခံလိမ့်မည်မဟုတ်။
တကယ်တော့ စုချန်း၏ အတွေးကလည်း ချူယွမ်နှင့် ထပ်တူပင် ဖြစ်သည်။
ကုချိန်းလွှာ၏ ကျိန်စာကိုသာ သူ ချေဖျက်ပေးမည်။ ကုမျိုးနွယ်စုတစုလုံးအား သူ ဘာကြောင့် ကူညီပေးရမည်နည်း။
လက်ရှိတွင် ကုမျိုးနွယ်စု၏ ဖြစ်တည်မှုသည် လူသားမျိုးစိတ်ကြီးတခုလုံးအတွက် အလွန်အရေးကြီးနေ၏။ တနည်းအားဖြင့် ၎င်းတို့သည် လူသားများ၏ လက်နက်ဟု ဆိုန်ိုင်သလို ကြီးမားသော ခံတပ်ကြီးဟုလည်း ဆိုနိုင်သည်။ ဤအနေအထားမျိုးတွင် ကုမျိုးနွယ်စုအား လွှတ်ပေး၍ မရသေး။
သို့သော် စုချန်း၏ သွေးဗီဇမဲ့ကျင့်ကြံခြင်းစနစ်သာ လက်ရှိ ကျင့်ကြံခြင်းစနစ်နေရာတွင် အစားထိုးနိုင်ခဲ့ပါက ကုမျိုးနွယ်စု၏ ဖြစ်တည်မှုမှာ သိပ်အရေးမကြီးလှတော့။ ထိုတနေ့တွင် ကုမျိုးနွယ်အနေနှင့် ၎င်းတို့၏လွတ်လပ်မှုကို ပြန်ရပေလိမ့်မည်။
ထို့ကြောင့် လက်ရှိတွင် ထိုစိတ်ကူးအား စုချန်း လုံးဝ မေ့ထားလိုက်၏။
ကံကောင်းသည်မှာ ချူယွမ်တယောက်ငုတ်တုတ်ထိုင်နေခြင်းပင်။ ထို့ကြောင့် စုချန်း လူဆိုးလုပ်နေစရာမလိုတော့။ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးသည့်နှယ် ဟန်ဆောင်ထားရုံမျှသာ။
ထို့နောက်တွင်တော့ ချူယွမ်သည် စုချန်းအား နန်းတော်သို့ အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်လိုက်လေသည်။
ခြိမ်းခြောက်မှုများ၊ ကတိစကားများသည် အမြဲတစေ မလုံလောက်တတ်။ တခါတရံတွင် တဦးနှင့်တဦး ခင်မင်ရင်းနှီးစွာ ဆက်ဆံခြင်းသည် စျေးချိုသလောက် အသုံးတည့်တတ်သည် မဟုတ်ပါလား။
ထို့နေညမှာပင် ဧကရာဇ်နန်းတော်၌ စုချန်းအတွက် ကြီးမားသော ဧည့်ခံပွဲကြီး ကျင်းပပေးလေသည်။ ဧည့်ခံပွဲပေးရသည့်အကြောင်းပြချက်ကတော့ အချုပ်အနှောင်မဲ့အဖွဲ့၏ ခေါင်းဆောင်ကြီးစုချန်း အလည်အပတ်ရောက်လာသောကြောင့် ဟူ၏။
စည်ကားသိုက်မြိုက်လှသော ဧည့်ခံပွဲကြီးကို ငေးကြည့်ရင်း ကုချိန်းလွှာ သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"မနေ့ကထိ ရှင်နဲ့ကျွန်မဟာ ခွေးတွေလ်ိုပဲ တပြေးတည်းပြေးနေရတယ် ခုကျတော့ ချုမျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ဖြစ်နေကြပြန်ပြီ"
"ကိုယ့်ကိုယ်ကို ခွေးနဲ့ နှိုင်းရတယ်လို့ကွာ"
စုချန်း တဟားဟား ရယ်မောလိုက်သည်။
"ဒါနဲ့ ကုဖေးဟုန်အခြေအနေ ဘယ်လိုရှိသလဲ"
"သူ ကုမျိုးနွယ်အချုပ်ခန်းမှာ ဆယ်နှစ်အချုပ်ခံရမယ် အချုပ်က လွတ်လာရင်လဲ မသန်မစွမ်းတယောက်အနေနဲ့ ရာသက်ပန်နေထိုင်သွားရလိမ့်မယ်"
ထို့နောက် ကုချိန်းလွှာက မူလလက်စွပ်တကွင်းကို စုချန်းလက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်ပြန်သည်။
"ကျွန်မတို့အကြီးအကဲက ရှင့်အတွက် လက်ဆောင်ပေးလိုက်တယ်"
"ကျေးဇူးပါပဲကွာ"
ထိုစဥ်..
"အစ်က်ိုစု"
ချူကျန်းယု၏ အသံ ထွက်ပေါ်လာ၏။ စုချန်း ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့ကွာ ကျုပ် ဘာလုပ်သင့်လဲ ဘာမလုပ်သင့်လဲ ကောင်းကောင်းသိပါတယ်"
မူလလက်စွပ်အတွင်းဝယ် မူလကျောက်တုံးများ၊ ရှားပါးရတနာများ ရှိနေ၏။ စိတ်ဝင်စားစရာအကောင်းဆုံးမှာကား သွေးပုလင်းငယ် သုံးပုလင်းပင်။
ဗေဒင်မေးနေစရာမလို။ အဆိုပါသွေးပုလင်းများမှာ ကုမျိုးနွယ်ဘိုးဘေးသုံးဦး၏ သွေးပုလင်းများမှန်း သေချာနေ၏။ တောက်ပခြင်းနဂါး၏ စစ်မှန်သောသွေးဗီဇ။
တနေ့နေ့တချိန်ချိန်တွင် စုချန်းတယောက်က် ကျိန်စာကို ဖြေပေးနိုင်လိမ့်မည်ဟူသော မျှော်လင့့်ချက်နှင့် ထည့်ပေးလိုက်သည့့်သဘောပင်။
ချူကျန်းယုကလည်း ၎င်းကို ကောင်းကောင်းသဘောပေါက်သော်လည်း တားမြစ်ခြင်းမရှိ။ အောက်ပါအတိုင်းသာ ပြောလိုက်လေသည်။
"အစ်ကိုစုရဲ့ ညဏ်ပညာကို ကျုပ် ယုံကြည်ပါတယ်လေ"
စုချန်း အားရပါးရ ရယ်မောရင်း အရက်ခွက်အား ဂွပ်ခနဲ သောက်ချလိုက်၏။
***