← Chapters

မိုင်းလုပ်သားများ

Vol. 76 Ch. 754

မိုင်းလုပ်သားများ

Vol. 76 Ch. 754

စုချန်းနှင့်ကုချိန်းလွှာသည် ချူနန်းတော်၏ တော်ဝင်ဥယျာဥ်ထဲတွင် ဘေးချင်းယှဥ်လျက် လမ်းလျှောက်နေကြ၏။ သူတို့၏ နောက်တွင်တောါ ချူကျန်းယုက ကပ်လျက်သား လိုက်ပါလာလေသည်။

လမ်းလျှောက်နေရင်းနှင့်ပင် ကုချိန်းလွှာက မေးလာ၏။

"ဒါနဲ့ ရှင် ဘယ်တော့လောက် သွားဖို့စီစဥ်ထားသလဲ"

စုချန်း သက်ပြင်းချလိုက်သည်။

"အမှန်ကတော့ ကျုပ် ရက်တချို့လောက် နေအုံးမလို့ပဲ ဒါပေမဲ့ ကျုပ်ကြာကြာနေလေ မင်းသားလေးအနေနဲ့ ပင်ပန်းလေလေ ဖြစ်နေမယ်နဲ့တူတယ်"

ချူကျန်းယုကား ဘာမှမသ်ိသယောင် ဟန်ဆောင်ထားလေသည်။

"ဒါဆိုလဲ ရှင် ဒီညပဲ သွားလိုက်တော့ပေါ့"

စုချန်းသည် ကုချိန်းလွှာအား ဂရုဏာသက်သောမျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်သည်။

သူ အမှန်တကယ်ပင် မသွားလိုသေး။ ရက်တချို့ကြာအောင် နေလိုသေး၏။ သို့သော် သူ ရက်ကြာကြာထပ်နေပါက ချူကျန်းယု ရူးသွားမည့်ပုံပေါ်နေ၏။

လက်ရှိတွင် ချူမျိုးနွယ်စု အမျှော်လင့်ဆုံးအရာမှာ စုချန်းတယောက် ဟာလာဟင်းလင်းတောင်မှ မြန်နိုင်သမျှ မြန်မြန်ထွက်ခွာသွားပြီး အိပ်မက်နယ်ပယ်မှ သတင်းအား ဖြုတ်ချပေးရန်ပင်။ သတင်းဖြုတ်ချပြီးနောက် စုချန်းတနေရာရာတွင် သေသွားပြီး ဤကိစ္စကြီးအဆုံးသတ်သွားလျင် ချူမျိုးနွယ်စုအဖို့ ပို၍ပင် ပျော်စရာဖြစ်ပေလိမ့်မည်။

တကယ်တော့ စုချန်းက ချူကျန်းယုအား ဂရုစိုက်လှသည်မဟုတ်။ သို့သော် ဤနေရာမှ အမြန်ဆုံးထွက်ခွာသွားရန် နောက်ထပ်အကြောင်းပြချက်တရပ်က ရှိနေသေး၏။

"ဟာလာဟင်းလင်းတောင်ရဲ့အပြင်က်ိုရောက်တာနဲ့ ရှင် ခြေလှမ်းတိုင်းကို ဂရုစိုက်ရလိမ့်မယ် အိပ်မက်နယ်ပယ်ထဲက သတင်းရဲ့အကာအကွယ်သာမရှိရင် သူတို့ လုပ်ချင်ရာလုပ်လာနိုင်တယ်"

ကုချိန်းလွှာက စုချန်းအား သတိပေးလိုက်၏။ စုချန်း ခေါင်းညိတ်ပြလိုက်လေသည်။

"မှန်တယ် ဒါကြောင့် ကျုပ် ဒီကနေ အမြန်ဆုံးထွက်သွားရမှာ ဒီမှာကြာနေလေ သူတို့ ပြင်ဆင်ချိန်ပိုရလေပဲ"

ထို့နောက် ချစ်သူနှစ်ဦးသည် အချိန်အတော်ကြာအောင် အလွမ်းသယ်ကြလေသည်။ နောက်ဆုံးတွင် စုချန်းက ပြောလိုက်၏။

"ဘာမစိတ်မပူနဲ့ချိန်းလွှာ ကျုပ် မကြာခင် ပြန်လာမှာပါ အဲဒီအခါကျရင် ကျုပ်တို့နောက်မှာ ဘယ်သူမှ မရှိစေရတော့ဘူး ကျုပ် မင်းကို ကမ္ဘာ့စွန်းအထိ ခေါ်သွားမယ်"

ထိုသို့ပြောပြီးသည်နှင့် စုချန်းသည် ကုချိန်းလွှာကို ကျောခိုင်းကာ ထွက်ခွာလာခဲ့လေသည်။

စုချန်း၏ စကားသည် ကုချိန်းလွှာ၏ နားထဲတွင် ပဲ့တတင်ထပ်လျက်ကျန်ရစ်ခဲ့၏။

စုချန်းအား သူမ ယုံသည်။ စုချန်းပြောသည့့်စကားတိုင်းသည် မလွဲမသွေ ဖြစ်လာတတ်သည် မဟုတ်ပါလား။

______________×××_____________×××_____________

ကုချိန်းလွှာအား မမြင်နိုင်တော့သည့်အကွာအဝေးသို့ရောက်သောအခါ စုချန်းက ပြောလိုက်သည်။

"အနောက်မြောက်ဘက်က်ို ဦးတည်လိုက်"

ယာဥ်မောင်းသူတိမ်တိုက်ကျားသစ်က နောက်လှည့်ပြီး ပြန်မေးလိုက်သည်။

"ကျုပ်တို့ ဓားတသောင်းတောင်ကို ပြန်ကြမှာ မဟုတ်ဘူးလား"

"ချူမျိုးနွယ်တွေ အဲဒီမှာ စောင့်နေဖို့များတယ် အိပ်မက်နယ်ပယ်ထဲက သတင်းကို ဖျက်လိုက်တာနဲ့ သူတို့ ကျုပ်နောက်လိုက်ကြတော့မှ ဒါကြောင့် ကျုပ်တို့အခု လျောင်ယဲ့နိင်ငံကို သွားမယ် ပြီးရင် လောင်စန်းနိုင်ငံကနေမှ ဓားတသောင်းတောင်ကို ပတ်ဝင်မယ်"

ထိုစဥ် သံမဏိက ဝင်မေးလိုက်သည်။

"သခင် ကျုပ်တို့မရှိတုန်း သူတို့ ဓားတသောင်းတောင်ကိုများ ဒုက္ခပေးမလား မသိဘူး"

စုချန်းက ပြန်ဖြေလိုက်၏။

"ကျုပ် အဆင်ပြေနေသ၍ ဓားတသောင်းတောင်လဲ အဆင်ပြေမှာပါကွ"

ထိုအချိန်တွင် ယာဥ်ပျံသည် အနောက်မြောက်ဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

ရက်တချို့အကြာတွင် စုချန်း၏ ယာဥ်သည် လျောင်ယဲ့နိုင်ငံ၏ နယ်စပ်သို့ ရောက်ရှိလာ၏။ လျောင်ယဲ့နိုင်ငံအတွင်းရောက်သည်နှင့် စုချန်းသည် အိပ်မက်နယ်ပယ်အတွင်းဝင်ပြီး သတင်းကို ပယ်ဖျက်လိုက်၏။

ဤယနေ့မှစ၍ သူ့တွင် မည်သည့်အကာအကွယ်မှ မရှိတော့။

"ဒီကနေ အရှေ့ဖက်ကို ဦးတည်မယ် ပေတထောင်တောင်ကြောပြီးရင် ရေပြင်ညီတောင်ကြောပဲ ပြီးရင် သဲဖြူမြစ် အနက်ရောင်တောင် ကောင်းကင်နှလုံးသားကွင်းပြင် အဲဒီရဲ့အလွန်မှာတော့ လောင်စန်းနိုင်ငံ"

မြေပုံပေါ်တွင် လမ်းကြောင်းရှာရင်း တိမ်တိုက်ကျားသစ်က အထက်ပါအတိုင်း ရေရွတ်လိုက်၏။

"ရေပြင်ညီတောင်ကြော ဟုတ်လား"

ခင်မင်ရင်းနှီးနေသော နာမည်ကြောင့် စုချန်း၏ ပါးစပ်ဖျားမှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားတော့၏။

ရေပြင်ညီတောင်ကျူးမျိုးနွယ်။

ကျူးရှန်းယောင်။

ကျူးရှန်းယောင်၏ နာမည်ကိုတွေးမိသည်နှင့် စုချန်း၏ ရင်ထဲတွင် နွေးထွေးစွာ ခံစားလိုက်ရလေသည်။

ကနဦးလေးကမှ ကုချိန်းလွှာကို သူ ထားပစ်ခဲ့သည်။ လက်ရှိတွင် တခြားမိန်းကလေးတဦး၏ အကြောင်းကို စုချန်း လုံးဝ မတွေးသင့်။ သို့သော် အတွေးဟူသည် တား၍ကောင်းသောအရာမဟုတ်။ ကျူးရှန်းယောင်၏ ချစ်စဖွယ်မျက်နှာ၊ တင့်တယ်သောကိုယ်ဟန်၊ ထူးခြားသောအငွေ့အသက်တို့သည် စုချန်း အလိုအလျောက် ပြန်လည်အမှတ်ရလာတော့၏။ စုချန်းတယောက် မေ့လိုလျင်ပင် ကျူးရှန်းယောင်အား မေးပစ်၍ မရပါတကား။

သူမသည် သူ့နှလုံးသား၊ သူ့အသွေးအသားထဲတွင် တံဆိပ်ခတ်နှိပ်ထားသည်နှင့် တူလှသည်။ သူ သူမအား တသက်လုံး မေ့၍ရတော့မည် မဟုတ်။

ခုချိန် သူ ဘာများလုပ်နေပါလိမ့်...

စုချန်း၏ စိတ်အစဥ်မှာကား လှုပ်ခတ်လျက်ရှိချေပြီ။

သံမဏိကား စုချန်းကို နားအလည်ဆုံးသူ ဖြစ်သည်။ ငြိမ်သက်သွားသော စုချန်းကို မြင်သည်နှင့် အခြေအနေကို ချက်ချင်းသဘောပေါက်လ်ိုက်၏။ ထိုအခါ သူက ပြောလိုက်လေသည်။

"သခင်သွားချင်တယ်ဆိုရင် သွားကြမယ်လေ"

"သင့်တော်ပါ့မလား"

စုချန်းက ပြန်မေးလိုက်သည်။

"သိပ်ကိုသင့်တော်တာပေါ့ဗျာ"

သံမဏိက ခိုင်ခိုင်မာမာပင် ခေါင်းညိတ်ပြလိုက်၏။

"ဘာလို့သင့်တော်တာလဲ"

"ဘာလို့သင့်တော်တာလဲဆိုတော့ မသင့်တော်ဘူးပြောရင် သခင် ကျုပ်ကို ထိုးမှာပေါ့"

စုချန်း ဘာပြောရမှန်းမသ်ိ ဖြစ်သွား၏။ ထို့နောက် သူ အားရပါးရ ရယ်ချလိုက်လေသည်။

မေးသာမေးလိုက်သော်လည်း အဖြေက စုချန်း ရင်ထဲတွင် ရှိပြီးသားဟု သံမဏိက ဆိုလိုခြင်းပင်။

တကယ်တော့ စုချန်း မေးခွန်းထုတ်ရသည်မှာည်မှာလည်း အဖြေကိုလိုချင်၍ မဟုတ်။ သံမဏ်ိိ၏ ထောက်ခံမှုကို လိုချင်၍သာတည်း။

အတန်ကြာအောင် ငြိမ်သက်နေပြီးမှ စုချန်း အောက်ပါအတိုင်း ရေရွတ်မိပြန်သည်။

"ကြည့်ရသလောက် ကျုပ်ဟာ သ်ိပ်ပြီး သစ္စာရှိတဲ့ကောင် ဟုတ်ပုံမရဘူး"

"သူရဲကောင်းတွေတောင် သိပ်လှတဲ့မိန်းမတွေနဲ့တွေ့ရင် စိတ်လှုပ်ရှားတတ်တယ် ဟိုးရှေးပဝေသဏီကတည်းက ပါရမီရှင်တွေဟာလဲ ခံစားတတ်ကြပါတယ်ကွ"

ယာဥ်မောင်းခန်းမှ တိမ်တိုက်ကျားသစ်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

စုချန်း မျက်ခုံးပင့်လိုက်၏။

""မင်း ဒီလိုပြောတတ်တာ ကျုပ် မသ်ိပါလား"

တိမ်တိုက်ကျားသစ် ရယ်မောလိုက်သည်။

"ခုနောက်ပိုင်း ကျုပ် စာဖတ်တယ်လေကွာ"

အတန်ကြာသော် စုချန်းက ပြောလိုက်၏။

"ဒါဆိုလဲရေပြင်ညီတောင်ကို သွားပြီး မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ကြတာပေါ့ကွာ"

_____________×××_____________×××_____________

ရေပြင်ညီတောင်သည် လျောင်ယဲ့နိုင်ငံ၏ အနောက်ခြမ်းတွင်တည်ရှိပြီး ကျန်းပြည်နယ်ထဲတွင် ပါဝင်နေ၏။ ကျန်းပြည်နယ်၏ မြို့တော်မှာကား ကောင်းကင်မြို့ပင် ဖြစ်သည်။

ကျူးမျိုးနွယ်စုသည် ကောင်ကင်မြို့၏ အထင်ကရ မျိုးနွယ်စုများထဲမှ တစုပင် ဖြစ်လေသည်။

စုချန်းတို့၏ ယာဥ်သည် ကောင်းကင်မြို့၏ အပြင်ဘက်တနေရာတွင် ဆင်းသက်လိုက်၏။ စုချန်းနှင့်အတူ တိမ်တိုက်ကျားသစ်၊ သံမဏ်ိိ၊ဓားအစေခံ၁၂ဦးလည်း အတူတကွ လိုက်ပါလာလေသည်။ သေမင်းအရိပ်မှာမူကား လေဟာနယ်ဖုံးကွယ်ခြင်းနည်းစနစ်ကိုသုံးပြီး စုချန်း၏ အရိပ်ထဲတွင် ပုန်းကွယ်လျက် လိုက်ပါလာ၏။

မြို့အဝင်လမ်းမသို့ရောက်သည်နှင့် များပြားလှသော မိုင်းလုပ်သားများကို စုချန်းတို့မြင်တွေ့ရသည်ည်။ ဤဒေသ၏ အဓိကလုပ်ငန်းမှာ မိုင်းတွင်းများပေတည်း။

တနေရာအရောက်ာက်တွင်တော့ မိုင်းလုပ်သားအများအပြား စုဝေးကာ အရက်သောက်၊ ဖဲရိုက်ကာ အပန်းဖြေအနားယူနေကြ၏။ ထိုအခါ စုချန်းက အမိန့်ပေးလိုက်သည်။

"တယောက်လောက် သွားမေးကြည့်စမ်းကွာ ကျူးမျိုးနွယ်စုကို ဘယ်လိုရှာရမလဲလို့"

လင်ရှောက်အမည်ရှိ ဓားအစေခံတဦးက စုချန်း၏ အမိန့်အတိုင်း မ်ိုင်းလုပ်သားများရှိရာသို့ လျှောက်သွားပြီး မေးလိုက်သည်။

"ဒီမှာခင်ဗျာ တခုလောက်မေးချင်လို့ ရေပြင်ညီတောင်ကျူးမျိုးနွယ်စုကို ဘယ်လိုများ ရှာရမလဲခင်ဗျ"

လင်ရှောက်၏ မေးခွန်းကိုကြားသည်နှင့် မိုင်းလုပ်သားများ နေရာမှထလာပြီး စုချန်းတို့လူသိုက်အား ဝိုင်းထားလိုက်ကြလေသည်။

ထူးခြားသောအနေအထားကြောင့် လင်ရှောက် ဓားကိုအသင့်အနေအထားနှင့် ကိုင်ထားလိုက်၏။ ထို့နောက် သူက ပြောလိုက်ပြန်သည်။

"ဟေ့ ဟေ့ အေးအေးဆေးဆေးပေါ့ မင်းတို့ ဘာလိုချင်လို့လဲ"

"ကျူးမျိုးနွယ်စုကို မင်းတို့ ဘာလို့တွေ့ချင်တာလဲ"

မေးခွန်းထုတ်သံ ထွက်ပေါ်လာ၏။ အသံရှင်မှာ လူထွားကြီးတဦးဖြစ်ပြီး ကြီးမားသောတူကြီးတလက်ကို ပုခုံးပေါ်တွင် တင်ထားလေသည်။

လင်ရှောက်ကလည်း ခပ်မာမာပင် ပြန်လည်တုံ့ပြန်လိုက်၏။

"ဒါ မင်းအလုပ်မဟုတ်ပါဘူးလေ"

"သူကပြောတယ် ဒါ ငါတို့အလုပ်မဟုတ်ဘူးတဲ့ဟ"

လူထွားကြီးက လင်ရှောက်အား လှောင်ပြောင်လိုက်လေရာ မိုင်းလုပ်သားများ၏ အော်ဟစ်ရယ်မောသံ ပြိုင်တူထွက်ပေါ်လာ၏။

လူထွားကြီးက ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။

"မင်းတို့ကိုကြည့်ရတာ ကျူးမျိုးနွယ်စုရဲ့ ရန်သူတွေတော့ ဟုတ်ပုံမရဘူး ဟုတ်သလား ကျုပ်ပြောတာ"

လင်ရှောက် ခေါင်းညိတ်လိုက်၏။

"မှန်ပါတယ်"

လူထွားကြီး တူကို လက်တွင်ကိုင်ရင်းက ပြောလိုက်ပြန်သည်။

"မင်းတို့ ကျူးမျိုးနွယ်စုရဲ့ရန်သူမဟုတ်ဘူးဆိုတော့....ကျုပ်တို့ရန်သူတွေပဲပေါ့ကွ"

စကားဆုံးသည်နှင့် လူထွားကြီးလက်ထဲရှိတူသည် လင်ရှောက်ဆီသို့ တိုးဝင်လာ၏။

ကြောက်စရာကောင်းလှသော အငိုက်ဖမ်းတိုက်ခိုက်မှု ဖြစ်သည်။ သာမာန်လူသာဆိုရင် တချက်တည်းနှင့် အသက်ပျောက်သွားနိုင်လောက်၏။ သို့သော် လင်ရှေုက်ကား သာမာန်လူမဟုတ်လေရာ လူထွားကြီး၏ တိုက်ခိုက်မှုမှာ အဟောသိကံသာ ဖြစ်သွားလေသည်။

"မင်းကိုကြည့်ရတာ မဆိုပါလား ကဲ ညီအစ်ကိုတို့ တိုက်ကြစမ်း"

လူထွားကြီး၏ အမိန့်သံထွက်ပေါ်လာသည်နှင့် များပြားလှသော မိုင်းလုပ်သားများ စုချန်းတို့လူစုအား ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

မိုင်းလုပ်သားများကား ကာယအားပြုသည့့် သာမာန်သိုင်းသမားများသာ ဖြစ်လေရာ စုချန်းတို့လူစုအား အဘယ်မှာယှဥ်နိုင်အံ့နည်း။ ၎င်းတို့ကား ရန်သူအရွေးးမှားကြလေပြီတည်း။

***

All Chapters