ဖြတ်သန်းခြင်း ၁
Vol. 76 Ch. 755
သိပ်မကြာမီ မိုင်းသမားများ မြေကြီးပေါ်တွင် အတုံးအရုန်း ဖြစ်ကုန်၏။ ထိုအခါ လင်ရှောက်က လူထွားကြီးအား ကုပ်မှဆွဲမရင်း မေးလိုက်သည်။
"ကဲ အခုပြောတော့မလား ကျူးမျိုးနွယ်တွေကို ဘယ်လိုရှာရမလဲဆိုတော့"
သို့သော် လူထွားကြီးကား အတော်ပင် ခေါင်းမာပုံရ၏။ အံက်ိုတင်းတင်းကြိတ်ကာ အောက်ပါအတိုင်း ပြန်အော်လိုက်လေသည်။
"ဟေ့ သတ်ချင်ရင် သတ်ပစ်လိုက်ကွ"
လင်ရှောက် မျက်မှောင်ကုတ်လိုက်၏။ ထို့နောက် သူက လူထွားကြီး၏ မျက်ခုံးနှစ်ခုကြားနေရာက်ို လက်ညိုးနှင့် ထောက်ချလိုက်လေသည်။
မျက်ခုံးကြားဆီမှ ပေါ်ပေါက်လာသော အေးစက်သည့်အငွေ့အသက်နှင့်အတူ သေမင်းရနံ့ကို လူထွားကြီး ခံစားလိုက်ရသည်။ သူ အတော်ပင် ကြောက်လန့့်သွား၏။
"ပြောမယ် ကျုပ် ပြောပါတော့မယ်"
လင်ရှောက်၏ မျက်နှာတွင် လှောင်ပြောင်ဟန်ပေါ်လာ၏။
"ဒီတော့ မင်းခေါင်းမာတယ်ဆိုတာ ဟန်ဆောင်တာပေါ့ ဟုတ်လား"
ဟင်..ငါ ဆက်ခေါင်းမာနေရင် သေမှာပဲဟာကို..ဘာလို့ခေါင်းမာနေရမှာလဲ..
သူ သူရဲကောင်းအဖြစ်ဟန်ဆောင်ရန်ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ပြီ မဟုတ်ပါလား။ ထို့နောက် သူက ပြောလိုက်၏။
"နုပျိုခြင်းရပ်ကွက် မဟာအနောက်လမ်းပေါ်က တတိယမြောက်အိမ်ဟာ ကျူးမျိုးနွယ်အိမ်တော်ပဲ"
"ကျုပ်တို့ကို မပြောမဆိုနဲ့ ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ"
လင်ရှောက်က ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။
စုချန်းက မမေးခိုင်းသည့်တိုင် ပါးနပ်သော အစေခံတဦးဖြစ်သော လင်ရှောက်က ထိုမေးခွန်းကို တမင်မေးလိုက်ခြင်းပင်။
လူထွားကြီးက ပြန်ဖြေလိုက်၏။
"မင်းတို့ ကျူးမျိုးနွယ်တိုက်ပွဲကို လာကူကြတာမဟုတ်ဘူးလား"
"ဘာ ကျူးမျိုးနွယ်တိုက်ပွဲ ဟုတ်လား"
လင်ရှောက် အံ့သြသွား၏။ ထို့နောက် သူ စုချန်းကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။
စုချန်း ရှေ့သို့လျှောက်လာပြီး မေးလိုက်၏။
"ကျူးမျိုးနွယ်တွေက ဘယ်သူနဲ့ တိုက်ခိုက်မှာမို့လို့လဲ"
လူထွားကြီး ဇဝေဇဝါ ဖြစ်သွား၏။
"မင်းတို့ တကယ်မသိဘူးပေါ့ မင်းတို့က သူတို့ဖိတ်ခေါ်ထားတဲ့ စစ်ကူတွေ မဟုတ်ဘူးလား"
စုချန်း ခေါင်းခါပြလိုက်သည်။
လူထွားကြီး သက်ပြင်းချလိုက်၏။
"ဒါဆို ကျုပ် လူမှားပြီးတိုက်ခိုက်မ်ိတာပဲ ဒါပေမဲ့ မင်းက သူတို့မိတ်ဆွေတွေပဲဟာ သူတို့ကို သေချာပေါက်ကူညီမှာပဲ"
"ကဲ ကျုပ်မေးတာသာဖြေစမ်းပါ ကျူးမျိုးနွယ်တွေက ဘယ်သူတွေနဲ့ တိုက်ပွဲဖြစ်နေတာလဲ ဘာကြောင့်လဲ"
လူထွားကြီးကပင် စုချန်း၏ မေးခွန်းကို အဖြေပေးလိုက်သည်။
ကျူးမျိုးနွယ်စုနှင့် ခိုက်ရန်ဖြစ်သွားနေသည်မှာကား ကောင်းကင်မြို့မှ နောက်ထပ်မျိုးနွယ်စုကြီးတစုနှင့်ပင်။ အကျိုးစီးပွားနှင့် ယှဥ်လာသောအခါ တော်ဝင်မျိုးနွယ်စုများသည် အချင်းချင်းတိုက်ခိုက်ကြ၏။ သတ်ဖြတ်ကြ၏။
ဤသည်မှာ ကောင်းကင်မြို့မှ တော်ဝင်မျိုးနွယ်စုများ၏ အခြေအနေပင်တည်း။
ကောင်းကင်မြို့တွင် နတ်ဆိုးဧကရာဇ်သားရဲသွေးဗီဇပိုင်ရှင် မျိုးနွယ်စု နှစ်စုရှိ၏။ တစုမှာ ကျူးမျိုးနွယ်စုဖြစ်ပြီး ကျန်တစုမှာကား အမှောင်မြွေနဂါး ယုန်မျိုးနွယ်စုပင် ဖြစ်လေသည်။
အမှောင်မြွေနဂါးဟူသည် အားကောင်းသည့့်အမှောင်အရှိန်အဝါကို ပိုင်ဆိုင်ထားသောသားရဲတမျိုးဖြစ်ပြီး အမှောင်ထုထဲတွင် ရှင်သန်နိုင်၏။ အမှောင်ထုထဲတွင် သွားလာလှုပ်ရှားနိုင်၏။ ထို့ကြောင့် ၎င်းတို့ ထူးခြားသော လုပ်ကြံသတ်ဖြတ်ရေးစွမ်းအင်များကို ပိုင်ဆိုင်ထားလေသည်။
ထိုအနေအထားကြောင့် ကောင်းကင်မြို့မှာ နှစ်ခြမ်းကွဲနေ၏။ စုချန်းတို့အား ဝိုင်းဝန်းတိုက်ခိုက်သည့့်အုပ်စုမှာ ယုန်မျိုးနွယ်စုဘက်မှလူများပင်။
ဤအုပ်စုကြီးနှစ်စု အချင်းချင်း အပြန်အလှန်တိုက်ခိုက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှလေပြီ။ သူတို့သည် တချို့ကာလများတွင် အနားယူ၏။ အင်အားဖြည့်တင်း၏။ ထို့နောက် တဖန်ပြန်လည်တိုက်ခိုက်ကြပြန်သည်။
စုချန်းကား အုပ်စုနှစ်စု စစ်ပြင်နေသည့့်အချိန်တွင်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခြင်းပေတည်း။ ဤအတိုင်းဆိုလျင် လူထွားကြီးတို့လူစု စုချန်းတို့ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်မှာ ဘာမှမဆန်းဟုပင် ဆိုရပေတော့မည်။
"ဒီတော့ ဘာအတွက်ကြောင့့် တိုက်ခိုက်နေရမှန်းတောင် မင်းတို့ မသိဘူးပေါ့"
လူထွားကြီးက ပြန်ဖြေလိုက်သည်။
"တခါတလေ ငွေကြေးကြောင့် တခါတလေ မိန်းမတွေကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် အကြောင်းပြချက်က သိပ်အရေးမကြီးလှပါဘူး"
"လက်စသတ်တော့ ဒီလိုကိုး"
ကောင်းကင်မြို့မှ အခြေအနေကို စုချန်း နားလည်သွားပေပြီ။
သာမာန်မိုင်းလုပ်သားများသာဖြစ်၍ လူထွားကြီးတို့လူစုအား စုချန်း လွှတ်ပေးလိုက်၏။
စုချန်း ထွက်ခွာသွားမှ လူထွားကြီး မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာမှာ မဲမဲမှောင်နေ၏။
"သတင်းပို့လိုက်စမ်း ကျူးမျိုးနွယ်တွေဖက်က အင်အားကောင်းတဲ့ စစ်ကူတွေရောက်လာတယ်လို့"
"ဘယ်လောက်ထိ အင်အားကောင်းတဲ့စစ်ကူတွေမို့လို့လဲ"
ဘေးနားမှ ခပ်ပိန်ပိန်လူက ပြန်မေးလိုက်ခြင်းဖြစ်သည်။
လူထွားကြီး တွေခနဲ ဖြစ်သွား၏။ အတန်ကြာမှ သူက ပြောလိုက်သည်။
"အနည်းဆုံး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၁၂ထိ ပါတယ် ခေါင်းဆောင်သုံးယောက်ရဲ့အခြေအနေကိုတော့ ကျုပ် မခန့်မှန်းနိုင်ဘူး တယောက်ကတော့ အနည်းဆုံး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်လိမ့်မယ်လို့ ကျုပ် ထင်တယ်"
___________×××______________×××_____________
"တူနဲ့ကောင်ကိုကြည့်ရတာ တခုခုတော့ လွဲနေသလိုပဲ"
လမ်းလျှောက်နေရင်းနှင့် မနေနိုင်တော့ဟန်ဖြင့် တိမ်တိုက်ကျားသစ်က ပြောလိုက်သည်။
"အိုး ဘာဖြစ်လို့ပါလိမ့်"
စုချန်းက ပြန်မေးလိုက်သည်။
"ဘာကြောင့်မှန်းတော့ ကျုပ် မသ်ိဘူး ဒါပေမဲ့ ကျုပ်ရဲ့မသ်ိစိတ်ကတော့ ဒီကောင် တခုခုတော့ လွဲနေတယ်လို့ ပြောနေတယ်"
စုချန်း ပြုံးလိုက်၏။
"တူကိုင်တဲ့လူဟာ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ထဲကို ရောက်နေပြီးသား ချီစွမ်းအားပညာရှင်ပဲ ဒါပေမဲ့ သူ့တိုက်ခိုက်မှုက အလောသုံးဆယ်နိုင်လွန်းပြီး သူ့အဆင့်အတန်းနဲ့ လိုက်လျောညီထွေ မဖြစ်ဘူးဖြစ်နေတယ် ဒီကောင် ကိုယ့်အင်အားကို ဖုံးကွယ်ထားတာပဲ ဒါဆို ကျုပ်တို့ကျတော့ကော ကျုပ်တို့ ဒီရောက်ကတည်းက ကိုယ့်အရှိန်အဝါကို ဖုန်းကွယ်ထားပေမဲ့ ကျင့်ကြံခြင်းအခြေခံက်ိုတော့ လူမသ်ိအောင် ဖုံးကွယ်ထားဖို့ ခဲယဥ်းတယ် ပြီးတော့ သံမဏိကို ကြည့်တာနဲ့တင် ကျုပ်တို့ သာမာန်လူမဟုတ်ဘူးဆိုတာ သိသာနေပြီ"
"ဒါဆို မနိုင်လောက်မှန်းသိပေမဲ့ သူ ဘာကြောင့် ကျုပ်တို့ကို တိုက်ခိုက်တာလဲ"
စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ သူ ကျုပ်တို့အင်အားကို စမ်းသပ်ချင်လို့ပေါ့ကွာ"
"ဒီကောင်တွေ တော်တော်အရဲကိုးတာပဲကိုး"
လင်ရှောက် မကျေမနပ်ပ်ဖြင့် ရေရွတ်လိုက်၏။
စကားတပြောပြောနှင့့် လမ်းလျှောက်လာကြလေရာ သိပ်မကြာမီ သူတို့လူစု မြို့ထဲသို့ ရောက်ရှိလာ၏။
မြို့ထဲသို့ရောက်သည်နှင့် ဓားလွတ်ကိုယ်စီကိုင်ဆောင်ထားသော သိုင်းသမားအများအပြားကို သူတို့ တွေ့လိုက်ရသည်ည်။ လူတိုင်း၏ ပုံစံမှာ လေးနက်တည်ကြည်နေ၏။ တချို့မှာကား စိတ်ရှုပ်ထွေးဟန် ရှိလေသည်။
ကျူးမျိုးနွယ်နှင့်ယုန်မျိုးနွယ်သည် မြို့တဝက်စီကို ထိန်းချုပ်ထားလေရာ မျိုးနွယ်စုတိုက်ပွဲမှာ တမြို့လုံးကို သက်ရောက်ဟန်ပေါ်၏။
စုချန်းတို့လူစုသည် အနောက်ဘက်ဂိတ်မှ မြို့ထဲသို့ ဝင်လာကြခြင်းဖြစ်သည်။ ထိုနယ်မြေက်ို ယုန်မျိုးနွယ်စုက ထိန်းချုပ်ထား၏။ ထို့ကြောင့် သူတို့ရင်ဆိုင်မိသမျှလူတိုင်းမှာ ရန်သူများချည်းသာ ဖြစ်နေတော့သည်။
၎င်းကိုကြည့်ရင်း တိမ်တိုက်ကျားသစ် စိတ်ပျက်လက်ပျက်နှင့် ငြီးတွားလိုက်သည်။
"ဒီလိုမှန်းသိရင် မြို့ဟိုဖက်ခြမ်းကနေ ဝင်လိုက်ပါတယ်ဗျာ"
စုချန်းကား ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ခပ်တည်တည်သာ ဆက်လျှောက်နေ၏။ သူ့ဘဝတလျှောက်လုံး အသက်လုတိုက်ပွဲများစွာကို ဆင်နွှဲခဲ့ပြီးလေပြီ။ ကောင်းကင်မြို့ကဲ့သို့ မြို့သေးသေးလေးကို သူ ဘာကြောင့် ဂရုစိုက်ရမည်နည်း။
ထိုစဥ် သူတို့အသွားလမ်းကို ပိတ်ထားသောလူတယောက်က်။
ထိုလူက မေးလာ၏။
"မင်းတို့ ဘယ်သွားမလို့လဲ"
သံမဏိကလည်း ခပ်မာမာပင်။
"မင်းအလုပ်မဟုတ်ဘူး လမ်းဖယ်ပေးတာ ပိုကောင်းလိမ့်မယ်"
"မဖယ်ဘူးဆိုရင်ကောကွာ"
သံမဏိ စုချန်းအား လှမ်းကြည့်လိုက်သည်။ စုချန်း ဘာမှပြန်မပြော။ သူ ဘာလုပ်ရမည်မှန်း သံမဏ်ိိ သဘောပေါက်လိုက်ပေပြီ။
"ဒါဆိုလဲ ငါကိုယ်တိုင်ပဲ ဖယ်ပေးရတာပေါ့ကွာ"
စကားဆုံးသည်နှင့် သူသည် လမ်းပိတ်ထားသူဆီသို့ ဝါးလုံးထိုး ပြေးဝင်လ်ိုက်၏။ သူ့ပုံစံမှာ ကြံ့ကြီးတကောင်နှင့် တူလှသည်။
လမ်းပိတ်ထားသူကား ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။ သူက လက်တဖက်က်ို လှုပ်ရှားလိုက်ရာ ပြင်းထန်သောအားလှိုင်းတခု သံမဏ်ိိထံသို့ ပြေးဝင်လာ၏။
သို့သော် အဆိုပါအားလှိုင်းသည် သံမဏ်ိိအား ဟန့်တားနိုင်ပုံမပေါ်။ ကြီးမားသော ဖိအားတခုက လမ်းပိတ်ထားသူအား ဖိနှိပ်လာ၏။
အုန်းခနဲမြည်သံနှင့်အတူ လမ်းပိတ်ထားသူ နောက်သ်ို့လွင့်စင်သွားတော့သည်။
သို့သော် သံမဏိ ပညာပေးလိုက်သည့် ထိုလူသည် ချက်ချင်းပင် ပြန်လည်ခုန်ဝင်လာ၏။ သူနှင့်အတူ နောက်ထပ် သုံးယောက်လည်း ပါဝင်လာလေသည်။
လေးဦးသား သံမဏိနှင့် ရင်ဆိုင်မိကြလေပြီ။
သံမဏိ ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။
"အခုတော့ ငါ့အကြောင်းသိသွားပြီပေါ့ ဟုတ်လား ကောင်းတယ် ကောင်းတယ်"
"ဒီကောင် သေပန်းပွင့်ချင်နေတာပဲကွ"
ပထမဆုံးပညာပေးခံလိုက်ရသောလူသည် ဒေါသတကြီးနှင့် ကြိမ်းဝါးပြီး သံမဏ်ိိအား လက်ညိုးနှင့် လှမ်းထိုးလိုက်၏။ လက်ညိုးချက်ကြောင့် ပေါက်ကွဲသံထွက်ပေါ်လာပြီး လေထုတခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပုံပေါ်သည်။ ထို့နောက် ကြီးမားသောဖိအားတခုက သံမဏိအား လွှမ်းမိုးလာတော့၏။
ဒုတိယမြောက်လူသည်လည်း လံရှည်တချောင်းကိုကိုင်ဆောင်ကာ သံမဏိထံသို့ ခုန်ဝင်လာ၏။ ၎င်း၏ နောက်တွင် စပါးအုံးမြွေတကောင်၏ ပုံရိပ် ထင်ဟပ်နေလေရာ စပါအုံမြွေသွေးဗီဇပိုင်ရှင် ဖြစ်ပုံရလေသည်။
တတိယမြောက်လူမှာ ဓားသမားဖြစ်သည်။ ၎င်း၏ဓားမှ ထွက်ပေါ်နေသောအရှိန်အဝါသည် သိပ်သည်း၏။ အားကောင်း၏။ ဓားဝေ့ရမ်းလိုက်တိုင်း မိုးခြိမ်းသံများ ထွက်ပေါ်နေ၏။
စတုတ္တမြောက်လူမှာကား လက်နက်မပါ။ လက်နက်အစား သူက သူ့ကိုယ်သူ ပေ၃၀ခန့်ရှည်သည့်ကြောက်စရာမိစ္ဆာကြီးတကောင်အဖြစ် ပုံစံပြောင်းကာ သံမဏ်ိိအား တိုက်ခိုက်လာ၏။ လေးဦးအနက် ၎င်းမှာ အင်အားအကြီးမားဆုံး ဖြစ်မည်မှာ သံသယဖြစ်နေစရာမလိုတော့။
ယန်ဖွင့်လှစ်ခြင်းပညာရှင်လေးဦးကား သံမဏိကို ပြိုင်တူတိုက်ခိုက်လာခဲ့လေပြီ။
***