← Chapters

ဖြတ်သန်းခြင်း ၂

Vol. 76 Ch. 756

ဖြတ်သန်းခြင်း ၂

Vol. 76 Ch. 756

သာမာန်အခြေအနေတွင်သာဆိုလျင် တောင်ရိုးကမ်းပါးယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးအနေနှင့် လူသားယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးအား အလွယ်တကူ အနိုင်ရသွားပေလိမ့်မည်။ အကြောင်းမှာ အဆင့်ချင်းတူလျင် ရုပ်ပိုင်းဆိုင်ရာအင်အားသာလွန်သူက ပို၍သန်မာသောကြောင့်ပင်။

သို့သော် သံမဏိ ရင်ဆိုင်နေရသည်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် လေးဦး ဖြစ်သည်။ ထိုအထဲတွင်မှ တဦးက နတ်ဆိုးတကောင်အဖြစ် ပုံစံပြောင်းလဲထားလေရာ သံမဏ်ိိအနေနှင့် ပုံမှန်ဆိုလျင် အနိုင်ရရန် အခွင့်အရေး များများစားစား မရှိလှ။

သို့သော် သံမဏိကား တခြားတောင်ရ်ိုးကမ်းပါးမျိုးစိတ်ဝင်များနှင့် မတူပဲ ကွဲပြားခြားနားနေသူ ဖြစ်သည်။

ဤနှစ်ပိုင်းအတွင်းဝယ် သံမဏ်ိိသည် စုချန်း၏ဘေးနားတွင် အစဥ်တစိုက် ရှိနေခဲ့၏။ သူသည် စုချန်းက်ိုနားအလည်နိုင်ဆုံးသူ ဖြစ်သည်။ တနည်းအားဖြင့် စုချန်း၏ လမ်းညွှန်ပေးမှုကို အများဆုံး ရရှိခဲ့သူဟုလည်း ဆိုနိုင်သည်။

စုချန်းသည် ဤနှစ်ပိုင်းအတွင်းဝယ် သံမဏိအား အစစအရာရာ လမ်းညွှန်သင်ကြားပေးခဲ့၏။ ထို့ကြောင့် သံမဏိသည် တခြားတောင်ရိုးကမ်းပါးမျိုးစိတ်များနှင့် လားလားမျှမဆိုင်ပဲ များစွာကွဲပြားခြားနားနေခဲ့လေပြီ။

ဤတိုက်ပွဲသည် သံမဏိအတွက် စမ်းသပ်မှုတခုပေတည်း။

ရန်သူများဘက်မှ ပုံစံမျိုးစုံသော တိုက်ခိုက်မှုအသီးသီးသည် သံမဏိထံသ်ို့ တိုးဝင်လာကြပြီ ဖြစ်သည်။ မရဏမင်း၏ ကောင်းချီးပေးသံ သောသောညံနေခဲ့လေပြီ။

ထိုအခါ သံမဏိသည် သူ့လက်များကိုမြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်သံနှင့်အတူ သံမဏိ၏ တကိုယ်လုံးသည် ရုတ်ချည်းကြီးထွားလာ၏။ ၎င်း၏ ကြွက်သားများမှာလည်း သန်မာဖုထစ်လာ၏။

ကြည့်နေရင်းနှင့်ပင် သံမဏိ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ကြီးထွားလာပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ စိန်သွားတိုက်ပွဲဝင်ကိုယ်ခန္ဓာနည်းစနစ်ပင်တည်း။

၎င်းနည်းစနစ်မှာ စုချန်းတယောက်က် ချီစုဆောင်းခြင်းနယ်ပယ်တွင် ရှိစဥ်က ဖန်တီးခဲ့သော နည်းစနစ်ဖြစ်သည်။ ယခုတော့ ထိုနည်းစနစ်ကို စုချန်း စွန့်လွှတ်ခဲ့သည်မှာ ကြာမြင့်လှပေပြီ။ သံမဏိအတွက်ကား ယခုတိုင် အသုံးဝင်နေဆဲပင်။

အုန်းခနဲမြည်သံနှင်အတူ သံမဏ်၏လက်သီးသည် ရှေ့သို့တိုးထွက်သွားပြီး လှံရှည်ထိပ်ဖျားက်ို သွား၍ထိမှန်၏။ သံမဏိ၏ လက်သီးချက်တချက်တည်းနှင့် စပါးအုံးမြွေစွမ်းအင်များ ပြည့်နှက်နေသည့် လှံတံထိုးနှက်ချက် ရပ်တန့်သွား၏။ ထိုမျှသာမက လှံရှည်မှာ လေးကိုင်းသဖွယ် ကွေးညွတ်သွားလေသည်။ အဆိုပါလှံသည် မူလကိရိယာဖြစ်နေ၍သာ ကျိုးပဲ့မသွားခြင်းပင်။ သို့သော် ကွေးညွှတ်နေေသာ လှံရှည် ပြန်အဆန့်ဝယ် ပေါ်ပေါက်လာသော တွန်းကန်အားကို လှံကိုင်ဆောင်သူ ထိမ်းသိမ်းနိုင်ခြင်းမရှိ။ လှံလက်ကိုင်သည် ၎င်း၏ ရင်ဘတ်ကို ပြန်ရိုက်မိပြီး နောက်သို့ ဝုန်းခနဲ လွင့်စင်သွားတော့သည်။

ထိုအချိန်မှာပင် နောက်ထပ်ရန်သူတဦး၏ဓားက သံမဏိကိုယ်ပေါ်သို့ ကျရောက်လာ၏။ အခြားရန်သူတဦး၏ လက်သီးကလည်း သံမဏ်ိိထံသို့ တဖုန်းဖုန်းတဒိုင်းဒိုင်း ကျရောက်လာပြန်သည်။ သို့သော် သံမဏိ၏ ကိုယ်ခန္ဓာသည် သတ္တုကိုယ်ထည်ကဲ့သို့ ဖြစ်နေလေရာ သတ္တုသံများသာ ထွက်ပေါ်လာ၏။

သံမဏိကား တဖက်ရန်သူများ၏ တိုက်ခိုက်မှုကို ရှိသည်ဟုပင် ယူဆဟန်မတူချေ။

ထိုအချိန်မှာပင် ရန်သူတဦး၏ နေသူရိန်လက်ညိုးက သံမဏိကိုယ်ပေါ်သို့ ကျရောက်လာပြန်၏။ သို့သော် အဆိုပါလက်ညိုးကွက်မှာလည်း သမဏ်ိ၏ စိန်သွားတိုက်ပွဲဝင်ကိုယ်ခန္ဓာနည်းစနစ်နှင့် ဆုံတွေ့သောအခါ အဟောသိကံသာ ဖြစ်သွားရလေသည်။ ၎င်း၏ လက်ညိုးသာ သံမဏ်ိိ၏လက်သီးချက်ကြောင့် သွင်သွင်းကျိုးကုန်၏။ သံမဏိ၏ နောက်ထပ်လက်သီးထွက်ပေါ်လာချိန်တွင်တော့ အဆိုပါနေသူရိန်လက်ည်ိုးပိုင်ရှင် လေထဲသို့ ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွားလေသည်။

နောက်ထပ်တိုက်ခိုက်လာသောရန်သူမှာ မိစ္ဆာအသွင်ပြောင်းထားသူပင်။ ၎င်းသည် ဦးခေါင်းပေါ်ရှိ ဦးချိုကြီးနှစ်ချောင်းဖြင့် သံမဏ်ိိအား ထိုးစိုက်လာ၏။ သံမဏ်ိိကလည်း ခေသူမဟုတ်။ ကြီးမားသောဒိုင်းကြီးနှင့် ရန်သူ၏ တိုက်ခိုက်မှုအား ခံဆောင်ပေးလိုက်လေသည်။

ကျယ်လောင်လှသော အသံနက်ကြီးထွက်ပေါ်လာပြီး မိစ္ဆာအသွင်ပြောင်းထားသူ မြေကြီးပေါ်သို့ ဖင်ထ်ိုင်ကျသွား၏။ သံမဏိကိုယ်တိုင်လည်း နောက်သို့ခြေလှမ်းအတော်များများ ဆုတ်ပေးလိုက်ရလေသည်။ လေထဲတွင် သွေးများရဲခနဲ ဖြစ်သွား၏။

အဆိုပါ သွေးမှုန်များသည် ရုတ်ချည်းလိုလိုပင် အကာအကွယ်တခုအဖြစ်ပြောင်းလဲသွားပြီး သံမဏိ၏ ကိုယ်အား ကာရံထားလိုက်လေသည်။ ၎င်းမှာ လျူယွဲ့သွေးဗီဇမှ စုချန်း ဆွဲထုတ်ဖန်တီးထားသော အကာအကွယ်တမျိုးပင်။ အဆိုပါအကာအကွယ်နှင့် အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်ပေါင်းစပ်လိုက်သောအခါ သံမဏိ၏ ခံနိုင်ရည်မှာ များစွာတိုးပွားလာတော့သည်။

သံမဏိ၏ နောက်ထပ်တိုက်ခိုက်မှုမှာကား ဓားကိုင်ရန်သူထံသို့ ဦးတည်နေ၏။ ထိုအခိုက်မှာပင် ကျန်ရန်သူနှစ်ဦးသည်လည်း နောက်တကြိမ်ခုန်ဝင်လာပြီး သံမဏိအား သဲကြီးမဲကြီး ဝိုင်းဝန်းတိုက်ခိုက်ကြပြန်သည်။

သံမဏိ၏ တိုက်ခိုက်ပုံမှာ ရိုးစင်းလှသလို သူအသုံးပြုနေသည့် မူလစွမ်းရည်မှာလည်း ရိုးရှင်းလှ၏။ ထိုသို့တိုက်ခိုက်ရခြင်းမှာ သံမဏိတွင် ထူးခြားကောင်းမွန်သော မူလစွမ်းရည်များ မရှိ၍ မဟုတ်။ မလို၍သာ ဖြစ်သည်။

သူသည် စုချန်းမဟုတ်။ စုချန်းကဲ့သို့ ညဏ်ရည်ညဏ်သွေးမျိုးမရှိ။ ထို့ကြောင့် စုချန်းနှယ် ရှုပ်ထွေးပွေလီသော နည်းစနစ်များကို အသုံးမပြုနိုင်။ ၎င်းက်ို သံမဏိ ကောင်းကောင်းသဘောပေါက်ထား၏။

ထို့ကြောင့် တိုက်ပွဲစတင်ပြီဆိုကတည်းက သံမဏ်ိိသည် ရန်သူကို ရိုးရိုးရှင်းရှင်း တိုက်ခိုက်ရန်သာ ကြိုးစားနေလေသည်။ ထိုတိုက်ခိုက်ပုံကပင် သံမဏ်ိိကို အခြေခိုင်စေ၏။ ပို၍သန်မာလာစေ၏။

ထို့ပြင် တိုက်ပွဲတလျှောက် သံမဏ်ိိ ပင်တိုင်အသုံးပြုနေသည့် အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်၊ သံမဏိဒိုင်းကာ စသောနည်းစနစ်များသည် သူ့ဘဝတလျှောက်လုံး အသုံးပြုလာသည့် နည်းစနစ်များ ဖြစ်သည်။ တနည်းအားဖြင့် အဆိုပါနည်းစနစ်များသည် သံမဏိ၏ တသွေးတည်းတသားတည်း ဖြစ်နေခဲ့လေပြီ။ ထိုနည်းစနစ်များ၏ စွမ်းရည်သည်လည်း ရှိရမည့်ကန့်သတ်ချက်က်ိုပင် ကျော်လွန်နေခဲ့လေပြီ။

နည်းစနစ်များ၏ မူလဖန်တီးရှင်ဖြစ်သူ စုချန်းပင် ထိုနည်းစနစ်ချင်း ယှဥ်ပြိုင်ပါက သံမဏိကို ယှဥ်နိုင်လိမ့်မည် မဟုတ်။ သတ်ဖြတ်သူတပိုင်းကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားသူ စုချန်းသည်ပင် ကြံ့ခိုင်မှုအရာတွင် သံမဏိထက် နိမ့်ကျနေသေးသည် မဟုတ်ပါလား။

ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာအရဆိုလျင် သံမဏ်ိိသည် တခြားလူများထက် များစွာ သာလွန်နေ၏။ ထို့ပြင် သံမဏိသည် သတ်ဖြတ်သူများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်နေသေးလေသည်။

ထိုအခိုက်အတန့့်တွင် သံမဏ်ိိ၏ လက်သီးကြီးများသည် လေထုကို တဝုန်းဝုန်းထိုးခွဲ၍ ပေါ်ထွက်နေ၏။ သူ့တကိုယ်လုံးရှိ မူလစွမ်းအင်များသည် ရုပ်ပိုင်းခွန်အားနှင့် တိုက်ခိုက်ရေးအားများအဖြစ် ပြောင်းလဲသွားလေသည်။ သူ့ပုံစံမှာ ပီဘိ သတ်ဖြတ်သူစစ်သားတဦးနှင့် တူနေတော့သည်။

ထိုအချိန်မှာပင် ရန်သူယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လေးဦးထံမှ အားကောင်းလှသော မူလစွမ်းအင်လှိုင်းများ သံမဏိထံသို့ ပျံ့လွင့်လာတော့၏။ ရန်သူလေးဦး၏ ပေါင်းစပ်အင်အားဖြစ်လေရာ မည်မျှပြင်းထန်ကြောင်းပြောနေစရာမလိုတော့။

တဆက်တည်းမှာပင် သံမဏိ၏ နောက်ကျောတွင် မှုန်ဝါးဝါးမျက်နှာတခု ဘွားခနဲ ပေါ်ပေါက်လာလေသည်။

လျူယွဲ့၏ မျက်နှာပေတည်း။

လျူယွဲ့ဟူသည် သမိုင်းမတိုင်မီသားရဲကြီးဖြစ်၍ ၎င်း၏ အင်အားမှာ အတိုင်းအဆမရှိ မြင့်မား၏။ စုချန်းကား သံမဏိအတွက် ကမ္ဘာဦးသွေးပုံရိပ်ကို လျူယဲ့၏ ကိုယ်ခန္ဓာတစိတ်တ်တပိုင်းအဖြစ် ပြောင်းလဲပေါင်းစပ်ပေးထားခြင်းပင်။

လျူယွဲ့၏ မျက်နာမှာ အလွန်တရာကြီးမားလှ၏။ ကြီးလွန်း၍ ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းခြုံထားသယောင် ထင်မှတ်ရသည်။ မည်မျှကြီးမားကြောင်း မည်သူမှ တိတိပပ မမှန်းဆနိုင်။ လူတိုင်းသဘောပေါက်လိုက်သည်မှာ ဤတကြိမ် သံမဏိ၏ တိုက်ခိုက်မှုသည် အလွန်တရာကြောက်စရာကောင်းလှမည် ဟူသည်ကိုပင်။

တချိန်တည်းမှာပင် သံမဏိ၏ ကိုယ်ခန္ဓာသည် ပို၍ကြီးမားလာတော့၏။ သူ့အင်အားမှာလည်း ဆထက်တံပိုး မြင့်မားလာတော့သည်။ သူ၏ လက်သီးချက်တိုင်း၊ ခြေကန်ချက်တိုင်းသည် တောင်ကြီးတလုံးကို ပြိုကွဲသွားစေလောက်သည်ဟုပင် ထင်မှတ်ရ၏။ အားကောင်းလှသော စွမ်းအင်များကား သံမဏိပတ်ပတ်လည်တွင် လှည့်ပတ်စီးဆင်းလျက် ရှိချေပြီ။

သံမဏိသည် မူလစွမ်းရည်အများအပြားကို ထုတ်သုံးနေသည်မဟုတ်။ ထို့ကြောင့် သူ့တိုက်ခိုက်မှုမှာ များစွာ ရိုးရှင်းလှ၏။ သို့သော် သက်ရောက်မှုမှာကား ကြောက်စရာပင်။

တချီတွင်တော့ သံမဏ်ိိ၏ ကြီးမားလေးလံသောလက်သီးချက်ကြောင့် တဖက်ရန်သူကိုင်ဆောင်ထားသည့်ဓားသည် အက်ကွဲသံထွက်ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

မူလကိရိယာအား လက်သီးတချက်တည်းနှင့် ချေမွလိုက်သည့်အဖြစ်ပင်။ မြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးကုန်၏။

သံမဏိ၏ တိုက်ခိုက်မှုမှာ ထိုမျှနှင့် မပြီးသေး။ သူ၏ဘယ်ဖက်လက်သည် သံမဏိဒိုင်းကာအဖြစ် ပြောင်းလဲသွားပြီး နောက်ထပ်ရန်သူတဦး၏ လှံရှည်ကို ရိုက်ဖယ်လိုက်၏။ ညာဖက်လက်သီးက ရန်သူ၏ ဦးခေါင်းအား ထိုးချလိုက်လေသည်။

သံမဏိ၏ လက်သီးကြောင့် လှံရှည်က်ိုင်ရန်သူ၏ ဦးခေါင်းတခုလုံး ကြေမွသွားတော့မည့်ဟန်ပေါ်နေ၏။ သို့သော် ထိုအချိန်မှာပင် ဘယ်ကဝင်လာမှန်းမသိသော အလင်းတန်းတခုက ဒိုင်းကာအား ကြေမွသွားစေပြီး သံမဏိရင်ဝက်ိုပါ ဆက်လက်ထိမှန်သွား၏။ အုန်းခနဲမြည်သံနှင့်အတူ သံမဏိ နောက်သို့လွင့်စင်သွား၏။ သူ့ရင်ဘတ်တွင်လည်း ကြီးမားသော အပေါက်ကြီးတပေါက် ဖြစ်ပေါ်သွားလေသည်။

သံမဏိ ခြေစုံရပ်လိုက်သည်။ သူ့ရင်ဘတ်မှ ဒဏ်ရာမှာလည်း မြန်မြန်ဆန်ဆန်ပင် သက်သာလာ၏။

တိုက်ပွဲစည်းဝိုင်းအတွင်း အသစ်ဝင်ရောက်လာသောလူသစ်မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဖြစ်သည်။ ထိုလူသည် သံမဏ်ိိအား အေးစက်သောမျက်လုံးအစုံနှင့် စိုက်ကြည့်လျက်ရှိ၏။

ထိုလူကိုမြင်သည်နှင့် ဘေးနားတွင် ရပ်ကြည့်နေသောလူများက ထအော်လိုက်ကြသည်။

"ဆရာဆယ့်နှစ်"

ထိုလူက ပြောလိုက်၏။

"ငါ့ရဲ့တောင်ခွဲလက်ညိုးဒဏ်က်ိုတောင် ခံနိင်တယ်ဆိုတော့ မင်း မဆိုးဘူးပဲ"

သံမဏိ ဟက်ခနဲ ရယ်မောလိုက်သည်။

"မင်းဟာ ငါ့ထက်အဆင့်မြင့်သားနဲ့ ခိုးကြောင်ခိုးဝှက်ဝင်တိုက်တယ် အရှက်နဲလှချည်လား"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ဖြစ်သည့်တိုင် သံမဏ်ိိအား ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လိုက်သော ဆရာဆယ့်နှစ်၏ လုပ်ရပ်မှာ အမှန်တကယ် အရှက်နည်းလှ၏။ ပို၍ အရေးကြီးသည်မှာ ၎င်း၏ တိုက်ခိုက်မှုက သဲထဲရေသွန် ဖြစ်သွားခြင်းပင်။

သံမဏိ၏ စကားကြောင့် ဆရာဆယ့်နှစ်၏ မျက်နှာ ရဲရဲနီသွား၏။

"ဒါတိုက်ပွဲကွ ဘာစည်းမျဥ်းမှထားစရာမလိုဘူး မင်း ယုံမျိုးနွယ်စုနယ်မြေက်ို ဝင်လာကတည်းက သေဖို့သင့်....."

ဆရာဆယ့်နှစ်၏ စကားမှာအဆုံးသတ်ခွင့်မရလိုက်။ အကြောင်းမှာ အလင်းတန်းတခု ၎င်းထံသို့ တိုးဝင်လာသောကြောင့်ပင်။ ဆရာဆယ့်နှစ်၏ ကိုယ်ခန္ဓာသည် နေရာမှာ ရိပ်ခနဲပျောက်ကွယ်သွား၏။ ထို့နောက် သူ ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"ဘယ်ကောင်လဲကွ ငါ့ကို ခိုးကြောင်ခိုးဝှက် လုပ်ကြံတာ"

"ငါပဲကွ"

တိမ်တိုက်ကျားသစ်၏ ပျင်းရိလေးတွဲ့သောအသံ ထွက်ပေါ်လာသည်။

"မင်း သူများကို ခိုးကြောင်ခိုးဝှက်လုပ်ကြံရတာ သဘောကျဟန်တူတယ် ဟုတ်သလား ဒါဆိုလဲ ငါနဲ့စမ်းကြည့်ရအောင်လေ"

"ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာပဲရှိသေးတဲ့ မင်းလိုကောင်မျိုးက ငါ့...."

ဆရာဆယ့့်နှစ်၏ စကားမှာ ဤတကြိမ်တွင်လည်း အဆုံးသတ်ခွင့်မရလိုက်ပြန်။ အကြောင်းမှာ နောက်ထပ်အလင်းတန်းတခု သူ့ထံသို့ တိုးဝင်လာသောကြောင့်ပင်။ ဆရာဆယ့်နှစ် ယခင်ပုံစံအတိုင်း ရှောင်တိမ်းလိုက်ရပြန်၏။

ယုန်မျိုးနွယ်၏ သွေးဗီဇသည် ဖုံးကွယ်ခြင်း၊ ရုတ်တရက်တိုက်ခိုက်ခြင်း စသော လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်များအပေါ် အခြေခံထား၏။ ထို့ကြောင့် ဆရာဆယ့်နှစ်သည် လုပ်ကြံသတ်ဖြတ်ခြင်းအရာတွင် အလွန်ကျွမ်းကျင်မည်မှန်း သံသယဖြစ်စရာမလိုတော့။

သို့သော် တိမ်တိုက်ကျားသစ်၏ ရုတ်တရက်အငိုက်ဖမ်းမှုကို နှစ်ကြိမ်တိုင်တိုင်ခံလိုက်ရသောအခါ ဆရာဆယ့်နှစ် အကြီးအကျယ် ဒေါသထွက်လာတော့၏။

တိမ်တိုက်ကျားသစ်၏ လုပ်ရပ်သည် သူ့ဂုဏ်သိက္ခာကို အကြီးအကျယ်စော်ကားခြင်းပင် မဟုတ်ပါလား။

"မင်း သေပန်းပွင့်ချင်နေတာပေါ့ ဟုတ်လား"

အထက်ပါအတိုင်း အော်ဟစ်ပြီးသည်နှင့် ဆရာဆယ့်နှစ်သည် သူ၏ ညာဖက် လက်ညိုး၊ လက်ခလယ် လက်ချောင်းများနှင့် တိမ်တိုက်ကျားသစ်အား လှမ်းထိုးလိုက်သည်။

သူ့အနေနှင့် ဤသကောင့်သားအား အရှင်လတ်လတ် အရေခွံခွာရမှ ကျေနပ်နိုင်ပေတော့မည်တည်း။

ထိုအချိန်တွင် သံမဏ်ိိကလည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လေးဦးဆီသို့ တဟုန်ထိုး ပြေးဝင်သွားလိုက်၏။

မပြီးပြတ်သေးသောတိုက်ပွဲက်ို လက်စသတ်ရမည် မဟုတ်ပါလား။

"ဒီတခါ မင်းတို့ကို ဘယ်သူကယ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ"

***

All Chapters