ခြိမ်းခြောက်လာသူ
Vol. 76 Ch. 758
တကယ်တော့ ဆရာဆယ့်နှစ်သည် လူညံ့မဟုတ်။
သူသည် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။ ယခုတော့ သူ့လိုလူစားမျိုးက သွေးဗီဇပင်မပိုင်ဆိုင်ထားသည့် သာမာန်လူငယ်တယောက်နှင့် အသည်းအသန် တိုက်ခိုက်နေရလေပြီ။ သူ့အနေနှင့် အသာစီးရနေသည်ဆိုသည့်တိုင် ရန်သူကို ယခုထိ အနိုင်မယူနိုင်သေး။ တိမ်တိုက်ကျားသစ် ခုန်ဝင်လာသည့့်အချိန်တိုင်း လူအများ၏ မျက်လုံးထဲတွင် သည်းထိတ်ရင်ဖိုမြင်ကွင်းတရပ်ကို ဖြစ်ပေါ်နေစေလေသည်။
ထိုအခါ ယုန်စီချင်းတယောက် ပို၍ပို၍ ဒေါသထွက်လာတော့၏။
ထိုအချိန်တွင် ယုန်စီချင်းသည် သူမ်ိထားသည့်အဆိပ်အား အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့လေပြီ။ တချီတည်းမှာပင် သူ့ကိုယ်တွင်းမှ မူလစွမ်းအင်များ ပိုမိုနိုးကြွလာ၏။ အနက်ရောင်မြွေသွေးဗီဇသည်လည်း တလောကလုံးက်ို ရစ်သိုင်းစပြုလာပြန်သည်။
ယုန်မျိုးနွယ်စု ဆရာဆယ့့်နှစ်၏ တကယ့်အစွမ်းအား ဖော်ထုတ်ရမည့်အချိန် ကျရောက်လာခဲ့လေပြီ။
ထိုစဥ် အသံတသံံ ထွက်ပေါ်လာ၏။
"ဒီလောက်တိုက်ခိုက်ပြီးရင် တော်လောက်ရောပေါ့ကွာ"
အသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်လေထုတခုလုံး အေးခဲသွား၏။ တဆက်တည်းမှာပင် သူ ဖန်တီးနေသည့်ဖိအားများ ရုတ်တရက်ပျက်ပြယ်သွားပြီး ဖိအားအသစ်တခု သူ့ထံသို့ကျရောက်လာကြောင်း ယုန်စီချင်း ခံစားလိုက်ရသည်။
ဘယ်သူလဲဟ...တကွက်က်တည်းနဲ့ ငါ ရှုံးသွားတော့မယ့်ပုံပေါ်နေပါလား...
ယုန်စီချင်း အံ့သြထိတ်လန့်သွား၏။ တဆက်တည်းမှာပင် ယုန်စီချင်း အကြီးအကျယ် ဒေါသထွက်လာတော့သည်။
"မင်း သေချင်နေပြီ"
ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီး ယုန်စီချင်းသည် တိမ်တိုက်ကျားသစ်ကား လက်သည်းနှင့် လှမ်းကုတ်လိုက်လေသည်။ ယုန်စီချင်း၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်း၍ အရိပ်ကြီးတရိပ် ဖြတ်ပြေးသွားသကဲ့သို့သာ မြင်လိုက်ရသည်။
တိမ်တိုက်ကျားသစ် ဤတကြိမ်တွင် ဘာမှမတတ်နိုင်တော့။ ရန်သူ၏ တိုက်ခိုက်မှုကို လည်စင်းခံရုံသာရှိတော့၏။။
ထိုအချိန်မှာပင် ယုန်စီချင်း၏ လက်သည်းအား ကြားလူတဦးက ဝင်ရောက်ခုခံပေးလိုက်သည်။ ထိုလူမှာ တခြားသူမဟုတ်။ စုချန်းပေတည်း။
"ကျားသစ် မင်းနောက်ဆုတ်တော့"
သို့သော် တိမ်တိုက်ကျားသစ်ကား ခေါင်းမာလှ၏။
၎င်းကိုအခွင့်အရေးယူပြီး ယုန်စီချင်းက စုချန်းအား အနက်ရောင်မြွေမြားနှင့် တိုက်ခိုက်လိုက်တော့သည်။ ယုန်စီချင်း၏ တိုက်ခိုက်မှုသည် စုချန်းအား တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။
၎င်းကိုကြည့်ပြီး ယုန်စီချင်း အကြီးအကျယ် ဝမ်းသာသွားလေသည်။
"ဟား ဟား ဟား ဒီတခါ မင်း ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ"
အနက်ရောင်မြွေမြားသည် အလွန်အဆိပ်ပြင်းသောမူလစွမ်းရည်ဖြစ်သည်။ ၎င်း၏ တိုက်စားနိုင်စွမ်းကို သံမဏိပင် ခံနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ဤတချိီတွင် စုချန်း ကိစ္စချောပြီဟု ယုန်စီချင်း တထစ်ချယူဆထားလိုက်လေသည်။
သို့သော် မယုံနိုင်စရာမြင်ကွင်းတရပ်ကို ယုန်စီချင်း မြင်တွေ့လိုက်ရ၏။ စုချန်းကား အနက်ရောင်မြွေမြားကို ပန်းနှင့်ပေါက်သည်ဟုသာ ယူဆပုံရ၏။ ယုန်စီချင်းအား ပြုံးဖြီးဖြီးနှင့်ပင် ရပ်ကြည့်နေသေးချေသေးသည်တကား။
ဒီကောင် ပြုံးနေတယ်...တကယ်ကြီး ပြုံးနေတယ်...
ယုန်စီချင်း နဝေတိမ်တောင်ဖြစ်သွားလေပြီ။
ယုန်းစီချင်း နားမလည်နိုင်တော့။ နားလည်အောင်စဥ်းစားနေရန်လည်း သူ့တွင် အချိန်မရှိ။ အကြောင်းမှာ စုချန်းက သူ့လက်ကို ဖမ်းချုပ်ပြီး အောက်ပါအတိုင်း ပြောလာသောကြောင့်ပင်။
"အယားတောင်မပြေဘူး နောက်တခေါက်လောက် ထပ်ပစ်လိုက်စမ်းပါ"
ယုစီချင်း မျက်လုံးပြူးသွား၏။
စုချန်းကား တကယ်ကြီး ပြောနေသည့့်ပုံပင်။
တွေတွေကြီးဖြစ်နေသည့့် ယုန်စီချင်းကိုကြည့်ရင်း စုချန်း မျက်မှောင်ကုတ်သွား၏။
"ခင်ဗျား မတိုက်ဘူးဆိုတော့ ကျုပ်အလှည့်ပေါ့လေ ကဲ သတိသာထားပေတော့"
စကားဆုံးသည်နှင့် စုချန်းက ယုန်စီချင်းအား လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။ စုချန်း၏ လက်ဝါးဆီမှ အနက်ရောင်မီးတောက်များ တိုးထွက်လာ၏။
အနက်ရောင်စွမ်းအင်များပြည့်နှက်နေသည့်ကြောက်စရာတိုက်ခိုက်မှုပေတည်း။ ယုန်စီချင်း ကြောက်အားလန့်အားနှင့် လက်မြောက်ပြီး ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် အနက်ရောင်မီးတောက်များနှင့် ထိတွေ့သည့်ခနမှာပင် ယုန်စီချင်း၏ လက်ချောင်းများ သွင်သွင်ကျိုးကုန်၏။ ထို့နောက် အနက်ရောင်မီးတောက်များသည် ယုန်စီချင်၏ လက်ချောင်းများမှသည် တကိုယ်လုံးကို စတင်လောင်ကျွမ်းတော့သည်။
"ဟင် ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယုန်စီချင်း၏ အဖြစ်အပျက်ကိုကြည့်ရင်း တိမ်တိုက်ကျားသစ် အံ့သြသင့်လျက်ရှိ၏။
"အရိပ်မီးတောက်ဆိုတာ အရိပ်စွမ်းအင်နဲ့မီးလျံစွမ်းအင်ပေါင်းစပ်ထားတဲ့နည်းစနစ်ပဲ သူ့တကိုယ်လုံးမှာ အရိပ်စွမ်းအင်တွေနဲ့ ပြည့်နေတာလေ ဒီတော့ ကျုပ်ရဲ့အရိပ်မီးတောက်အတွက်တော့ အကြိုက်ပဲပေါ့ကွာ ဒါကြောင့် သူ့တကိုယ်လုံး လောင်ကျွမ်းကုန်တာပဲ"
စုချန်းက အခြေအနေကို ရှင်းပြလိုက်၏။
အနက်ရောင်မြွေ၏ စွမ်းအင်ရင်းမြစ်မှာ အရိပ်မူလပစ္စည်းပင် ဖြစ်လေရာ စုချန်းနှင့် ရင်ဆိုင်မိခြင်းမှာ ယုန်စီချင်းအတွက် ကံဆိုးမိုးမှောင်ကျခြင်းပေတည်း။ ယုန်မျိုးနွယ်စုသည် အနက်ရောင်မြွေသွေးဗီဇပိုင်ရှင်များ ဖြစ်သော်လည်း အရိပ်မူလပစ္စည်းအပေါ် နားလည်နိုင်စွမ်းမှာကား စုချန်းထက် များစွာနိမ့်ကျနေသည် မဟုတ်ပါလား။
သို့သော် ထိုသို့နားလည်ထားရုံနှင့် ယုန်မျိုးနွယ်စုဝင်တိုင်းကို စုချန်း အနိုင်ယူနိုင်မည်ဟုတော့ မဆိုလိုချေ။ မိမိထက် ကျင့်ကြံခြင်းနယ်ပယ်မြင့်မားသူများနှင့်သာ ရင်ဆိုင်ရပါက စုချန်းအဖို့ မလွယ်လှချေ။
ထို့ပြင် အရိပ်မီးတောက်ဟူသည်လည်း အနှိုင်းမဲ့စွမ်းရည်မျိုးမဟုတ်။ အရိပ်မူလပစ္စည်းများ ကုန်ဆုံးသွားသည်နှင့် အရိပ်မီးတောက်က ပျောက်ကွယ်သွားမည်သာ။
သို့သော် ယုန်စီချင်းကား လူမိုက်ဖြစ်လေရာ ၎င်းကိုနားမလည်။ အားကုန်ထုတ်ကာ မီးတောက်အား ခုခံရန် ကြိုးစားလျက်ရှိသည်။ သူ ထိုသ်ို့ကြိုးစားလေလေ မီးတောက်မှာ ပို၍ကြီးမားလာတော့၏။
"မင်း သူ့ကို ကယ်ပေးဖ်ို့တော့ အစီအစဥ်မရှိဘူးမလား"
တကိုယ်လုံး မီးလောင်ကျွမ်းနေသော ယုန်စီချင်း၏ ကြောက်စရာအဖြစ်အပျက်ကိုကြည့်ရင်း တိမ်တိမ်ကျားသစ် လွှတ်ခနဲ မေးမြန်းလိုက်သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဟူသည် တော်တော်နှင့်သေနိင်သည့့် လူစားမျိုးမဟုတ်။ ထို့ကြောင့် ယုန်စီချင်း၏ နာကျင်မှုမှာလည်း အတော်ပင် ကြာမြင့်လှပေသည်။
စုချန်း ပြုံးလိုက်သည်။ သူ့အပြုံးမှာ အေးစက်တင်းမာနေ၏။
"ဒီလူ မင်းကို သတ်ဖို့ကြိုးစားခဲ့တယ် ဒါနဲ့တင် သူ သေဖို့လုံလောက်နေပြီ"
တိမ်တိုက်ကျားသစ် တဟားဟား ရယ်မောလိုက်သည်။
"ကျုပ်က မင်းမဟုတ်ဘူး မင်းလိုမတော်ဘူး ဒါပေမဲ့ ကိုယ့်ရန်သူကိုတော့ ကောင်းကောင်းရင်ဆိုင်နိုင်ပါသေးတယ်ကွ"
ထ်ိုအခါ စုချန်းက တိမ်တ်ိုက်ကျားသစ်၏ ပုခုံးအား လှမ်းပုတ်ပြီး အောက်ပါအတိုင်း နှစ်သိမ့်လိုက်လေသည်။
"ခုလဲ မင်းတိုက်ခိုက်တာ တော်တော်ကောင်းပါတယ် ဘာမှစိတ်ပျက်မနေနဲ့ သိပ်မကြာခင် ခု ကျုပ်လုပ်သလိုပဲ မင်း လုပ်နိုင်လာလိမ့်မယ်"
ထိုအချိန်တွင် ယုန်စီချင်း၏ ကိုယ်ခန္ဓာအတ္တဘောကြီးမှာ ပြာများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ မည်သည့်နည်းစနစ်၊ မည်သည့့်စွမ်းအင်မျိုးမှ ယုန်စီချင်အား မကူညီနိုင်ရှာတော့။
စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အော်ဟစ်မေးမြန်းလိုက်သည်။
"ကဲ ကျုပ်တို့ကို တားချင်တဲ့လူရှိသေးလား"
လူတိုင်း နောက်သို့ အလိုအလျောက် ဆုတ်ကုန်ကြ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား တကွက်တည်းနှင့်ရှင်းပစ်နိုင်သော စုချန်းအား မည်သူတားဝံ့မည်နည်း။
တားမည့်သူပေါ်မလာ၍ စုချန်း လမ်းဆက်လျှောက်လိုက်သည်။ သူ့နောက်မှ သံမဏိ၊ တိမ်တ်ိုက်ကျားသစ်နှင့် ဓားအစေခံဆယ့်နှစ်ယောက်တို့ အစဥ်အတိုင်း လိုက်ပါလာ၏။
လူတိုင်း၏ရင်ထဲတွင် အကြောက်တရားများနှင့် ပြည့်နှက်နေ၏။ တချို့မှာလည်း အောက်ပါအတိုင်း ငြင်းခုန်နေကြလေသည်။
"သူတို့ ဆရာဆယ့်နှစ်ကို သတ်ပစ်လိုက်တယ် ကျုပ်တို့ သူတို့ကို တားမှရမယ် မဟုတ်ရင် ယုန်မျိုးနွယ်စုက ကျုပ်တို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး"
"မင်းမှာအစွမ်းအစရှိရင် ကိုယ့်ဟာကိုယ် သွားတားလေကွာ"
"ဟုတ်တယ်ကွ ဆရာဆယ့်နှစ်တောင် တချက်တည်းနဲ့ ကိစ္စရှောသွားတာ သူတို့ကို သွားတားရင် သေမှာပဲ"
"ဘာဖြစ်ဖြစ် တားဖို့တော့သင့်တယ်မလားကွ"
"ကျုပ်တို့အဖို့က သွားတာလဲသေမှာပဲ မတားလဲ အသတ်ခံရမှာပဲ"
သူတို့အားလုံး အထက်ပါအတိုင်း ငြင်းခုန်နေကြသော်လည်း လူစွမ်းကောင်းလုပ်မည့်သူတော့ ပေါ်မလာ။ သူတို့အားလုံး၏ စိတ်ထဲတွင် တစုံတဦး စတင်လှုပ်ရှားလာပါစေဟု ငံ့လင့်နေကြလေသည်။ သို့သော် လူတိုင်း ငြိမ်သက်နေကြ၏။
စုချန်း ရှေ့သို့တလှမ်းတိုးလိုက်တိုင်း လူအုပ်မှာ ဘေးသို့ရှဲသွားလေ၏။
ထိုအချိန်မှာပင် ရွှီခနဲ အသံတချက်ထွက်ပေါ်လာပြီး အလင်းတန်းတခု ဓားအစေခံတဦးဆီသို့ ပျံ့လွင့်လာ၏။ အဆိုပါအလင်းတန်း တိုးဝင်လာသည်နှင့် တိုက်ခိုက်ခံရသူဓားအစေခံက ချက်ချင်းပင် နောက်သို့လှည့်ပြီး လက်ထဲရှိဓားကိုလှုပ်ရှားလိုက်သည်။
ဓားချက်နှင့်အတူ အေးစက်သောအလင်းတန်းသည် လခြမ်းကွေးသဖွယ် ကွေးဝိုက်သွားပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သူအား တည့့်တည့့်ကြီးပင် ထိမှန်သွားတော့၏။
ခိုးကြောင်ခိုးဝင်တိုက်ခိုက်သူသည် ကြေးမုံတချက်အားဆွဲထုတ်ပြီး ဓားချက်အား ခံဆောင်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် လခြမ်းကွေးအလင်းတန်းသည် ကြေးမုံအား ကွေ့ဝိုက်ရှောင်ကွင်းသွားပြီး သူ့လက်မောင်းကို ခုတ်ဖြတ်သွားတော့၏။
နာကျင်စွာ အော်ဟစ်သံကြီးထွက်ပေါ်လာပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သူ နောက်သို့လွင့်စင်သွား၏။ လေပေါ်တွင်ရှိနေခိုက်မှာပင် ရေခဲလွှာတခု သူ့တကိုယ်လုံးအား ဖုံးအုပ်လာတော့သည်။
ထို့နောက် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သူ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။ ထိုအချိန်တွင် ၎င်းတကိုယ်လုံးသည် ရေခဲရုပ်တုသဖွယ် တောင့်တင်းနေပြီဖြစ်လေရာ မြေကြီးနှင့် ထိတွေ့မိစဥ်မှာပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
မြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးကုန်ကြရပြန်သည်။
ခြုံခိုတိုက်ခိုက်သူသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။ အဆိုပါအဆင့်အတန်းရှိသူမျိုး တချက်တည်းနှင့် အသက်ပါသွားလေ၏။ ၎င်းမှာ ဘာအဓိပ္ပါယ်ကို ဆောင်နေသနည်း။
အနှီထူးဆန်းသောလူစုသည် ဘယ်သူတွေနည်း။ ဘယ်ကလာကြလေသနည်း။ ဤလူစုတွင်ပါဝင်သူတဦးချင်းစီတိုင်းသည် ၎င်းတို့နှင့် ကျင့်ကြံခြင်းနယ်ပယ်အဆင့့်တူသူတိုင်းကို အလွယ်တကူသတ်ပစ်နိင်သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြ၏။ ထိုမျှသာမကသေး နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကိုပါ တကွက်က်တည်းနှင့် သတ်ပစ်နိုင်သေး၏။
လူတိုင်းလိုလိုသည် အထက်ပါအတိုင်း တွေးမိပြီး အထူးပင် ထိတ်လန့့်တုန်လှုပ်ကုန်ကြ၏။
ထိုအချိန်မှာပင် ရန်သူအား တကွက်တည်းနှင့်သတ်ပစ်လိုက်သည့် ဓားအစေခံဘေးနားရှိ တဦးက အောက်ပါအတိုင်း ပြောလိုက်သည်။
"ရေခဲစွမ်းအင်က ကောင်းတော့ကောင်းပါရဲ့ ဒါပေမဲ့ နှေးလွန်းတယ် မြန်မြန်တုံ့ပြန်နိုင်တဲ့ရန်သူနဲ့တွေ့ရင် မင်းရဲ့ဒီတကွက်က်က အလကားဖြစ်သွားဖို့များတယ်"
"အင်း"
ပထမဓားအစေခံက ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာမှန်တယ် ကျုပ်ရဲ့ရေခဲစွမ်းအင်က ဒီထက်ပိုပြီး သန့်စင်ဖို့ လိုနေသေးတယ်"
ထို့နောက်တွင်တော့ စုချန်းတို့လူစုအား မည်သူမှ လမ်းမပိတ်ရဲတော့။ သိပ်မကြာမီ သူတို့လူစု အနီရောင်လမ်းပေါ်သို့ ရောက်ရှိလာတော့သည်။
လမ်း၏ တဖက်ခြမ်းတွင် လူများစွာ အသင့့်ရှိနေကြ၏။ ၎င်းကား ကျူးမျိုးနွယ်စုနယ်မြေပေတည်း။
လမ်းတဖက်ခြမ်းသို့ ရောက်သွားသည်နှင့် စုချန်းတို့လူစု ဘေးကင်းပြီဟု ဆိုနိုင်သည်။
သို့သော် စုချန်းကား လမ်းကိုဖြတ်ကူးမည့့်အစား လမ်းအလည်တွင် မတ်တပ်ရပ်ကာ နောက်လှည့်ပြီး အောက်ပါအတိုင်း အော်ဟစ်လိုက်သည်။
"ကဲ ကျုပ် ဟိုဖက်လမ်းကိုကူးတော့မယ် မင်းတို့ထဲမှာ ကျုပ်ကိုတားမြစ်ချင်သူရှိရင် ထွက်ခဲ့ပါ"
တလောကလုံး တိတ်ဆိတ်နေ၏။
စုချန်း ပြုံးလိုက်သည်။
"ဒါဆိုလဲ ကျုပ်သွားတော့မယ် အားလုံးကို နှုတ်ဆက်ပါတယ်ဗျာ"
ထိုအချိန်မှာပင်...
"ဘဝင်လေဟပ်လှချည်လားကွ"
အော်သံနှင့်အတူ ကောင်ကင်ပေါ်မှ အရိပ်တရိပ် ထွက်ပေါ်လာ၏။
***