← Chapters

ကြင်ကြင်နာနာ

Vol. 77 Ch. 761

ကြင်ကြင်နာနာ

Vol. 77 Ch. 761

ဟောခန်းမထဲမှ ထွက်ခွာလာခဲ့ပြီးနောက် စုချန်းနှင့် ကျူးရှန်းယောင်သည် နားနေခန်းဆီသို့ ထွက်ခွာလာခဲ့၏။ သူတို့နောက်မှ သံမဏိနှင့် ကျန်လူများ အသီးသီးလိုက်ပါလာလေသည်။

ကျူးရှန်းယောင်သည် စုချန်း၏ ရင်ခွင်အား မှီနွဲ့လျက်ရှိ၏။ သူမ၏ နှလုံးသားအတွင်းဝယ် ကြည်နူးမှုများဖြင့်သာ အတိပြီးနေလေသည်။

ကျူးယုယန်နှင့်မတူသည်မှာ ကျူးရှန်းယောင်သည် စုချန်းမှအပ ဘယ်အရာကိုမှ ဂရုမစိုက်။ သူမအတွက် အရေးအကြီးဆုံးအရာမှာ စုချန်းနှင့် လက်ထပ်ရန်ပင်။

ကျူးယုယန်သည် မျိုးနွယ်စုကို ကြည့်၏။ ကျူးရှန်းယောင်ကား သူမ၏ အချစ်ကိုသာလျင် ဂရုစိုက်လေသည်။

မိုးထိမြို့တော်တွင် သူမ၏ အချစ်ကို ပြသခဲ့ပြီးကတည်းက စုချန်းအပေါ် သူမ၏ မေတ္တာအတိမ်အနက်ကို ကျူးရှန်းယောင် ကောင်းစွာ သဘောပေါက်ပြီးလေပြီ။ ထို့ကြောင့် စုချန်းမှလွဲ၍ ဘယ်အရာကိုမှ သူမ ဂရုမစိုက်တော့။

"ကျုပ် အချုပ်အနှောင်မဲ့အဖွဲ့ဆိုတဲ့ အဖွဲ့အစည်းတခုကို တည်ထောင်လိုက်တယ် ကျုပ် ဒီတခေါက် ဒီကိုလာတာ မင်းကို အဲဒီအဖွဲ့အစည်းဆီ ခေါ်သွားဖို့ပဲ"

စုချန်းက သူ၏ လာရင်းရည်ရွယ်ချက်ကို ကျူးရှန်းယောင်အား အကျယ်တဝင့်ပင် ရှင်းပြလိုက်၏။ အချုပ်အနှောင်မဲ့အဖွဲ့၏တည်နေရာမှာ ဓားတသောင်းတောင်နယ်မြေတွင် ရှိကြောင်းသိရသည်နှင့် ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။

"ရှင့်အဖွဲ့က လျောင်ယဲ့နိုင်ငံနားမှာရှိတယ်ဆိုတာ ကျွန်မကို ဘာလို့စောစောက မပြောသလဲ"

"အစောကြီးကတည်းကသာ ပြောခဲ့ရင် မင်း ကျုပ်နောက်လိုက်လာမှာပေါ့"

စုချန်း တဟဲဟဲရယ်မောလိုက်၏။ ထို့နောက် သူက တွေခနဲဖြစ်သွားပြီး ပြောလိုက်ပြန်သည်။

"ဒါနဲ့ မင်းရဲ့ညီမကိုကြည့်ရင်တာ တမျိုးကြီးပါပဲလား လူသတ်သမားတွေစေလွှတ်ပြီး မင်းကိုသတ်ခိုင်းတာ သိပ်မဆန်းလှတဲ့ပုံပါပဲ"

အနောက်လိုင်နာရဲတိုက်တွင် ကျူးရှန်းလင်သည် လူစတ်သမားစေလွှတ်ကာ ကျူးရှန်းယောင်အား လုပ်ကြံရန်ကြိုးစားခဲ့ဖူး၏။ အကယ်၍ စုချန်းကသာ ကြားဝင်မနှောင့်ယှက်ခဲ့လျင် ကျူရှန်းယောင်တယောက် ထိုကတည်းကပင် အသက်ပျောက်သွားဖို့ရှိသည်။ ၎င်းကို စုချန်း ရည်ရွယ်လိုက်ခြင်းပင်။

ကျူးရှန်းယောင် သက်ပြင်းချလိုက်သည်။

"ကျွန်မညီမက ဘာပဲလုပ်လုပ် အင်မတန်သတိကြီးတယ် ဒီလုပ်ကြံမှုကို သူကြိုးကိုင်တယ်လို့ သက်သေပြစရာ ကျွန်မတို့မှာ ဘာမှမရှိဘူး"

"ဒီတော့ မင်းလိုအဆင့်အတန်းနဲ့တောင် ဒါကိုအရေးယူဖို့ သက်သေလိုသေးတယ်ပေါ့ ဟုတ်လား"

ကျူးရှန်းယောင်သည် ကျူးမျိုးနွယ်သွေးဗီဇအား အဆင့်မြှင်တင်ပေးသည့် လျှို့ဝှက်ချက်ကို ယူဆောင်လာသူ ဖြစ်သည်။ သူမကြောင့် ကျူးမျိုးနွယ်စု၏ အင်အားသည်လည်း များစွာတိုးပွားလာခဲ့ရ၏။ အလားတူ ကျူးရှန်းယောင်၏အဆင့်အတန်းမှာလည်း များစွာ မြင့်မားလာခဲ့လေသည်။

သို့တိုင်အောင် ယခုတိုင် ကျူးရှန်းလင်မှာကား အပြစ်ပေးအရေးယူခြင်းမခံရပဲ လွတ်လွတ်လပ်လပ်ပင် ရှိနေသေး၏။ ကျူးရှန်းယောင်၏ အဆင့်အတန်းကပင် ကျူးရှန်းလင်အား အရေးယူနိုင်ဟန်မရှိချေတကား။

ထိုစကားကိုကြားသောအခါ ကျူးရှန်းလင် သက်ပြင်းချလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူဟာ ကျွန်မရဲ့ညီမ ကျွန်မအမေရဲ့ သမီးဖြစ်နေဆဲပဲ ဒီပြန်ရောက်တော့ အနောက်လိုင်နာရဲတိုက်က ပြသနာနဲ့ပတ်သက်ပြီး အမေကို ကျွန်မ တင်ပြလိုက်တယ် နောက်ဆုံးမှာတော့ အမေဟာ ကျူးရှန်းလင်ရဲ့ အခွင့်အရေးတချို့နဲ့လုပ်ပိုင်ခွင့်တချို့ကို ရုတ်သိမ်းလိုက်တယ် ဒီလောက်ပါပဲ"

"အခွင့်အရေးနဲ့လုပ်ပိုင်ခွင့်တချို့ကို ရုတ်သိမ်းလိုက်တာနဲ့ပဲ တစုံတယောက်ဟာ အားနည်းသွားရော့လား သူ့ကိုကြည့်ရတာတော့ သာသာယာယာပါပဲကလား"

"ရှင် ဘယ်ပဲအခွင့်အရေးတွေ ရုတ်သိမ်းခံရခံရ နောက်ကွယ်မှာ ထောက်ပံ့သူအများအပြားရှိနေသေးတယ်ဆိုရင်ကော"

ကျူးရှန်းယောင်၏ စကားကို စုချန်း ချက်ချင်းနားလည်သွား၏။

"ဒီတော့ ကျုပ်တို့မှာ အိမ်တွင်းရေးပဋိပက္ခလေးတွေ ရှိနေတာပေါ့လေ"

တဖက်မှ ကျူးရှန်းယောင်၏ အဆင့်အတန်း အလိုအလျောက်မြင့်မားလာချိန်တွင် ကျူးရှန်းလင်သည် ထောက်ခံသူများအား တိတ်တဆိတ်စုဆောင်းနေသည့်သဘောပင်။

ပို၍ အရေးကြီးသည်မှာကား ကျူးရှန်းယောင်သည် သူမ၏ ညီမအပေါ် မည်သို့မှ အပြစ်မတင်ရက်ပဲ ဖြစ်နေခြင်းပင်။

ကျူးရှန်းယောင် ပုခုံးတွန့်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင်ကား အကူအညီကင်းမဲ့ဟန်များ ထင်ဟပ်နေလေသည်။

စုချန်း ပြုံးလိုက်သည်။ ထို့နောက် သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

"ဒါနဲ့ မင်းတို့နဲ့ယုန်မျိုးနွယ်တွေနဲ့ ဘာဖြစ်နေကြတာလဲ ကြည့်ရတာ တိုက်ပွဲကြီးတပွဲ စတော့မဲ့ပုံပေါက်နေပါလား"

ထိုမေးခွန်းကိုကြားသည်နှင့် ကျူးရှန်းယောင် တွေခနဲဖြစ်သွား၏။ သူမ၏ မျက်လုံးအစုံမှာကား ရီဝေဝေနှင့် တစုံတရာကို လိုက်ရှာနေသယောင် ရှိလေသည်။ အတန်ကြာမှ သူက ဖြေလိုက်၏။

"တကယ်တော့ ကျွန်မ မသ်ိဘူးရှင့်"

"ဟင် မင်း မသိဘူး ဟုတ်လား"

ထိုအဖြေမျိုးကို စုချန်း လုံးဝ မမျှော်လင့့်ထား။

"ကျူးမျိုးနွယ်စုနဲ့ ယုန်မျိုးနွယ်စုအကြား ရန်ပွဲဟာ နှစ်ပေါင်းများစွာ ကြာလှပြီ မျိုးနွယ်စုနှစ်စုအကြား အမုန်းတရားက နက်ရှိုင်းလွန်းအားကြီးနေပြီ တခါတလေမှာ ဘာအကြောင်းပြချက်မှ မရှိလဲ တိုက်ခိုက်နေကြတယ် တခါတလေဆို သူတို့ဟာ ရူးသွားသလိုပဲ မဆီမဆိုင် ကျွန်မတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို နှောင့်ယှက်ဖျက်ဆီးပြီး ရန်လုပ်လေ့ရှိတယ် ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် သူတို့ ကျွန်မတို့ရဲ့ မိုင်းတွင်းတချို့ကို အချောက်တိုက်ဝင်ရောက်တိုက်ခိုက်တယ် ဒီတော့ ကျူးမျိုးနွယ်တွေဘက်ကလဲ သည်းမခံနိုင်တော့ပဲ တုံ့ပြန်ဖို့...."

စုချန်း ရယ်မောလိုက်၏။

"ကျူးမျိုးနွယ်စုအနေအထားနဲ့ သည်းခံဖို့လိုသေးလို့လား"

အမှန်တကယ်လည်း ကျူးမျိုးနွယ်စု၏ အင်အားအရ သည်းခံနေစရာမလိုအပ်ဟု စုချန်း ယူဆထား၏။

သို့သော် မမျှော်လင့်ပဲ ကျူးရှန်းယောင် ခေါင်းညိတ်ပြလိုက်သည်။

"ဒီတခေါက်မှာတော့ ကျွန်မတို့အနေနဲ့ တကယ်လဲ သည်းခံဖို့ လိုအပ်နေခဲ့တယ်ရှင့်"

ကျူးရှန်းယောင်၏ စကားက အမှန်ပင်။ သူမတို့အနေနှင့် ဤတကြိမ်တွင် မဖြစ်မနေ သည်းခံရန် လိုအပ်နေခဲ့သည်။ ၎င်းမှာ ငြိမ်းချမ်းရေးကို လိုလား၍တော့မဟုတ်။ သွေးဗီဇကြောင့်သာ ဖြစ်သည်။

ကျူးရှန်းယောင်သည် ကျူးမျိုးနွယ်သွေးဗီဇအား အဆင့်မြှင့်တင်ပေးနိုင်သည့့် ဆေးရည်အား ယူဆောင်လာခဲ့သော်လည်း ၎င်း အစွမ်းပြရန် အချိန်တခုတော့ ယူရသည် မဟုတ်ပါလား။

ထို့ကြောင့် တိုက်ပွဲကို ကျူးမျိုးနွယ်ဘက်မှ စတင်ခြင်းမရှိပဲ အတတ်နိုင်ဆုံး သည်းခံနေခဲ့ကြခြင်းပင်။

သို့သော် စုချန်း ရောက်လာခြင်းက တအုံအုံတနွေးနွေးဖြစ်နေသော အခြေအနေအား ဖောက်ခွဲပစ်လိုက်သလို ဖြစ်သွား၏။

"တိုက်ပွဲဖြစ်ပြီဆိုရင် အသေအပျောက်အတော်များနိုင်သလား"

စုချန်းက မေးခွန်းထုတ်လိုက်ပြန်သည်။

"ဟုတ်တယ် ဒါကြောင့်မို့လို့လဲ မျိုးနွယ်စုနှစ်စုဟာ ရန်ညိုးတွေရှိနေပေမဲ့ ဒီလိုတိုက်ပွဲမျိုးကို အတတ်နိုင်ဆုံး ရှောင်ခဲ့ကြတာပေါ့"

"ဒါဆို ယုန်မျိုးနွယ်စုဘက်က ရုတ်တရက် တိုက်ခိုက်လာတာ အကြောင်းမဲ့သက်သက် မဖြစ်နိုင်ဘူး"

စုချန်းက ခံစားချက်မရှိသောဟန်ပန်ဖြင့် ကောက်ချက်ချလိုက်သည်။

"ဟင် ရှင်ဘာကိုဆိုလိုတာလဲ"

"သူတို့ကို စတင်လှုပ်ရှားလာစေဖို့ တွန်းအားပေးတဲ့အရာတခုခု ရှိလိမ့်မယ် ဥပမာ သူတို့ ခုချိန်မှာမတိုက်ခိုက်ရင် အနာဂတ်မှာ မင်းတို့ကို ဘယ်တော့မှ မနိုင်တော့တာမျိုးပေါ့"

ကျူးရှန်းယောင် သဘောပေါက်သွားပြီ ဖြစ်သည်။

"ဒီတော့ ကျွန်မတို့သွေးဗီဇနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက် ပေါက်ကြားသွားပြီပေါ့ ဟုတ်လား"

"ဖြစ်နိုင်ချေရှိတယ်လို့ ကျုပ်က ဆိုလိုတာ ဘာပဲဖြစ်ဖြစ် ကျုပ် ဒီကိုရောက်လာပြီပဲလေ"

ကျူးရှန်းယောင် ခေါင်းညိတ်လိုက်သည်။

"ဒီဖြစ်နိုင်ချေကိုလဲ ကျွန်မတို့ တွေးမိပါတယ် ဒါပေမဲ့ ဒီကိစ္စကို လူတွေအများကြီး မသိဘူးရှင့် ပြီးတော့ သိတဲ့သူတွေကလဲ ယုံကြည်ရတဲ့သူတွေချည်းပဲ"

"ဒီကိစ္စကို ကျူးရှန်းလင်ကော သိသလား"

ကျူးရှန်းယောင် အံ့သြသွား၏။ ပြီးမှ သူမက ရယ်မောရင်း ပြောလိုက်သည်။

"ဒီနှစ်ခုကို ဆက်စပ်ဖို့ ရှင်ကြိုးစားနေတာကိုး ဒါဆို ရှင်စိတ်ပျက်ရပြီ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကို သူ လုံးဝ မသိလို့ပဲ ကျွန်မ သူ့ကို လုပ်ကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခွင့်လွှတ်ခဲ့ပေမဲ့ ကျွန်မ ကြိုးစားပမ်းစားယူလာရတဲ့ လျှို့ဝှက်ဆေးကို လက်ဆင့်ကမ်းရလောက်အောင်ထိတော့ မပျော့ညံ့ဘူးရှင့် ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်က ကျွန်မနေရာကို ယူဖို့ပဲ မျိုးနွယ်စုကို ရောင်းစားဖို့မဟုတ်ဘူး"

စုချန်း ပြုံးလိုက်သည်။

"မင်းပြောတာမှန်ကောင်းမှန်မှာပါ ဒါပေမဲ့ လျို့ဝှက်ဆေးကို သူ သုံးခွင့်မရတာဟာ မျိုးနွယ်စုရဲ့အဝေးကိုတွန်းထုတ်ခံရတာနဲ့ အတူတူပဲလေ ဒါ အကြောင်းပြချက်ကောင်းလို့ မင်း မထင်ဘူးလား"

ကျူးရှန်းယောင် ဘာပြောရမှန်း မသိတော့။

စုချန်းက နှစ်သိမ့်လိုက်လေသည်။

"ကျုပ်က ဖြစ်နိုင်ချေကို တွက်ပြတာပါ တထစ်ချဖြစ်ရမယ်လို့ မဟုတ်ပါဘူးလေ"

"သဘောပေါက်ပြီ ကျွန်မ သူ့ကို စောင့်ကြည့်ထားပါ့မယ်ရှင်"

စုချန်းက တည်ကြည်လေးနက်သောဟန်ပန်ဖြင့် ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ မင်းတို့ရဲ့သွေးဗီဇလျှို့ဝှက်ချက်ပေါက်ကြားရုံနဲ့ ယုန်မျိုးနွယ်စုဟာ အခုလို မီးကုန်ယမ်းကုန်တိုက်ခိုက်ဖို့ ပြင်ဆင်လာမှမဟုတ်ဘူးကွ ဘာပဲဖြစ်ဖြစ် သူတို့ဟာ နတ်ဆိုးဧကရာဇ်သားရဲသွေးဗီဇပိုင်ရှင်မျိုးနွယ်စုတွေပဲ မင်းတို့နဲ့ပြိုင်ပွဲမှာရှုံးနိမ့်သွားရင်တောင် သူတို့အနေနဲ့ အလွယ်တကူ ပြိုကွဲသွားလောက်စရာအကြောင်းမရှိသေးဘူး တခြားမြို့တမြို့မှာ ဆရာကြီးလုပ်နိုင်သေးတယ် ခုလို မျိုးနွယ်စုနှစ်စုလုံး ပျောက်ကွယ်သွားလောက်စရာတိုက်ပွဲမျိုးဆင်နွဲဖို့ရာ သူတို့မှာ တခြားခိုင်လုံတဲ့အကြောင်းပြချက်တခု ရှိနေအုံးမယ်"

"အဲတာဘာများဖြစ်နိုင်သလဲ"

"ကျုပ် မသိသေးဘူး စုံစမ်းရမှာပေါ့လေ"

ထို့နောက် စုချန်းက နှစ်သိမ့်လိုက်ပြန်၏။

"လောလောဆယ် အလျင်မလိုသေးပါဘူး ကျုပ် ဒီကိုရောက်နေပြီပဲလေ ကျုပ်မိန်းမ အနိုင်ကျင့်ခံရမှာကို ကျုပ် ထိုင်ကြည့်နေပါ့မလား"

စုချန်း၏ စကားကြောင့် ကျူးရှန်းယောင်၏ ရင်ထဲတွင် ချိုမြိန်စွာ ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် အခန်းထဲတွင် နှစ်ဦးတည်း ကျန်ရစ်ခဲ့တော့သည်။ ထိုအခါ စုချန်းသည် ကျူးရှန်းယောင်အား ရုတ်တရက်ဆွဲပွေ့ပြီး မွတ်သိပ်စွာ နမ်းရှုပ်လိုက်တော့သည်။ တဖြည်းဖြည်းနဲ့ စုချန်း၏ လှုပ်ရှားမှုများမှာ ပိုမိုကြမ်းတမ်းလာ၏။

သို့သော် ထိုအချိန်မှာပင် ကျူးရှန်းယောင်တယောက်က် ချုံးပွဲငိုချလိုက်တော့သည်။ စုချန်း အံ့သြသွား၏။

"ဘာဖြစ်လို့လဲ ဘာများမှားနေလို့လဲ"

ကျူးရှန်းယောင် ပြန်မဖြေ။ တအင့်အင့့်သာ ဆက်လက်ငိုရှိုက်နေ၏။

စိတ်ပိုင်းဆိုင်ရာပဋိပက္ခအား နားလည်ရန်မှာ မလွယ်လှ။ သို့သော် ကျူးရှန်းယောင် မည်သို့ခံစားနေရမှန်း စုချန်း သိပ်မကြာမီ နားလည်သွား၏။

"ကျုပ် တောင်းပန်ပါတယ်ကွာ ကျုပ် မျက်နှာများသလို ဖြစ်သွားတယ်"

ကျူးရှန်းယောင် ခေါင်းခါလိုက်၏။

"သာမာန်ထက် ထူးချွန်တဲ့လူတယောက်က်မှာ ဇနီးအများကြီးထားတာ ဘာမှမဆန်းပါဘူးရှင် ကျွန်မအဖို့ ဂုဏ်တောင်ယူရအုံးမှာပါ"

မှန်၏။ ကျူးရှန်းယောင် ငိုကြွေးနေရခြင်းမှာ သဘောတရားပြသနာမဟုတ်။ မိန်းမသဘာဝသာ ဖြစ်သည်။

နောက်ဆုံးတွင်တော့ ကျူးရှန်ယောင်လည်း ဘာသားနဲ့ထုထားသည်မို့နည်း။

***

All Chapters