← Chapters

ဖြစ်နိုင်ချေများ

Vol. 77 Ch. 762

ဖြစ်နိုင်ချေများ

Vol. 77 Ch. 762

ကျူးရှန်းယောင်နိုးလာသည့်အချိန်တွင် စုချန်းတယောက်က် အိပ်ယာထဲတွင် မရှိတော့။

ထိုအခါ ကျူးရှန်းယောင်သည် အိပ်ယာကထ၏။ ကိုယ်လက်သုတ်သင်၏။ ထို့နောက် စုချန်းအားရှာဖွေရန် ခြံထဲသို့ ဆင်းလာခဲ့လေသည်။

စုချန်းကား ပန်းခြံထဲတွင် ရှိနေ၏။ သူ့လက်ထဲတွင်လည်း အထုပ်တထုပ်ကိုင်လျက်ရှိလေသည်။

ကျူးရှန်းယောင်ကိုမြင်သည်နှင့် စုချန်း တဟဲဟဲရယ်မောလိုက်၏။

"မင်း ဒီထက်မက နောက်ကျမယ်ထင်နေတာ ဘာပဲဖြစ်ဖြစ် ကျုပ် အချိန်မီတာတော်သေးတယ်"

ပြောပြောဆိုဆို သူက လက်ထဲရှိအထုပ်အား ကျူးရှန်းယောင်ဆီသို့ ကမ်းပေးလိုက်၏။

အထုပ်ထဲတွင်ရှိနေသောအရာကို မြင်ပြီးနောက် ကျူးရှန်းယောင် အံ့သြသွားလေသည်။

"ဟင် မြင်းပျံစားသောက်ဆိုင်က အလွှာတထောင်ခေါက်ဆွဲနဲ့ ငှက်သိုက်မုန့်ပါလား"

"မှန်တာပေါ့ မင်းအကြိုက်ဆုံး အစားအသောက်တွေလေ ကျုပ် အစေခံတွေကို မေးထားတာ ဒီပါးစပ်ကြီးက ဘာအတွက်သုံးမှာလဲ ဟဲ ဟဲ"

သို့သော် ကျူးရှန်းယောင်၏ မျက်နှာတွင် စိုးရိမ်ဟန်ပေါ်ပေါက်လာလေသည်။

"ဒါပေမဲ့ မြင်းပျံစားသောက်ဆိုင်က ယုန်မျိုးနွယ်စုနယ်မြေထဲမှာရှိတာလေ ရှင် အဲဒီကိုထပ်သွားပြန်ပြီလား"

"အိုး ဒီတိုင်းဖြတ်သွားရုံလေးပါပဲကွာ"

စုချန်းက ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဘာရှင့်"

ကျူးရှန်းယောင် မျက်လုံးပြူးသွား၏။

ရှင် ရူးနေပြီ.....

"ဒီလောက်အန္တရာယ်များတဲ့နေရာကို ဘာလို့သွားရာတာလဲလို့"

စုချန်းက အေးဆေးသောဟန်ပန်နှင့် ပြန်ဖြေလိုက်သည်။

"ပြသနာရဲ့အဖြေကို သိရအောင်လို့ပေါ့ကွာ"

ထို့နောက် သူက ကျူးရှန်းယောင်၏လက်ကိုဖမ်းဆွဲပြီး နှစ်သိမ့်လိုက်၏။

"မင်းလဲအသိသားပဲ ကျုပ်က ပုံစံပြောင်းလဲန်ိုင်တယ် ခိုးကြောင်ခိုးဝှက်သွားလာနိုင်တယ်လေကွာ"

ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။

"ဒါပေမဲ့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ကိုတော့ ရှင် မလိမ်နိုင်ဘူးလေ"

ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပါက အဆိုပါပညာရှင်၏ စိတ်ဝိညဥ်စွမ်းအားနှင့် အာရုံခံနိင်စွမ်းမှာ တမုဟုတ်ချင်း မြင့်မားလာတတ်၏။ ထို့ကြောင့် ၎င်းတို့အား အလွယ်တကူနှင့် လိမ်ညာရန်မှာ မဖြစ်နိုင်တော့။

"ဒါကြောင့်မို့လို့ ကျုပ် မနက်အစောကြီးသွားတာပေါ့ ဒီအချိန်မှာ ယင်နဲ့ယန်စွမ်းအင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လေ့ရှိတယ်လေကွာ ဒါကြောင့်မ်ို့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တွေဟာ မနက်ခင်အစောပိုင်းတွေမှာ ယင်နဲ့ယန်စွမ်းအင်ကို မွေးမြူကြတယ် ဒါကြောင့် မနက်အစောသွားရင် သူတို့ကို စိတ်ပူစရာမလိုတော့ဘူးလေ"

"ဘာပဲဖြစ်ဖြစ် အန္တရာယ်ကတော့ ရှိနေတုန်းပဲလေရှင်"

ကျူးရှန်းယောင် စိတ်ပူနေသည်မှာလည်း ပြောစရာတော့မရှိ။ သူမ၏ အမြင်တွင် ယုန်မျိုးနွယ်စုနယ်မြေသို့ ဝင်ထွက်သွားလာခြင်းမှာ အလွန်အန္တရာယ်များနေသည် မဟုတ်ပါလား။ သို့သော် ဘဝတလျှောက်လုံး သေလုအံ့အံ့အခြေအနေပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းလာသည့့် စုချန်းအတွက်တော့ ယုန်မျိုးနွယ်ဟူသည် ဘာမှမဟုတ်တော့။

သို့သော် ယုန်မျိုးနွယ်စုတစုတည်းနှင့် စုချန်း သုံးယောက်ခန့်ကို အလွယ်တကူ ရှင်းပစ်နိုင်သည်မှာကား အမှန်တရားပင်တည်း။

မည်သို့ဆိုစေ ကျူးရှန်းယောင်၏ စိုးရိမ်ပူပန်မှုသည် စုချန်းကို ကြည်နူးနှစ်သိမ့်စေ၏။

ထိုအခါ သူက ငြင်သာသောလေသံနှင့် ပြောလိုက်ပြန်သည်။

"ပြီးတော့ရှိသေးတယ်ကွ ကျုပ် ပြသနာရဲ့အဖြေကို ရှာတွေ့ခဲ့ပြီ ထင်တာပဲ"

ကျူးရှန်းယောင် အံ့သြသွား၏။

"ဟင် ဘာများလဲရှင့်"

စုချန်းက ရှင်းပြလိုက်သည်။

"သူတို့ရဲ့ လကျောက်မိုင်းတွင်းတွေဟာ ခမ်းခြောက်နေပြီ သူတို့ မိုင်းတွင်းသစ်တွေ အပူတပြင်းရှာနေကြပြီ ဒါသာအဆင်မပြေဘူးဆိုရင် သူတို့ အနှေးနဲ့အမြန် ဘဏ္ဍာရေးပြသနာပေါ်တော့မယ် ဒါဆို သူတို့မျိုးနွယ်စုရပ်တည်မှုကို ထိခိုက်လာလိမ့်မယ်"

"ဒါပေမဲ့ ဒီနယ်မြေထဲမှာ မိုင်းတွင်းသစ် ရှာမတွေ့တာ နှစ်တချို့တောင် ကြာသွားပြီပဲလေ"

စုချန်း ပြုံးလိုက်သည်။

"ဒါကြောင့်လဲ မင်းတို့ကို အပြတ်ရှင်းပစ်ဖို့ သူတို့ ကြိုးစားလာတာပဲပေါ့ ဒီအတောအတွင်း မင်းတို့ရဲ့သွေးဗီဇကလဲ ဖွံ့ဖြိုးလာပြီဆိုတော့ သူတို့ အချိန်ဆွဲလို့်ရတော့ဘူးလေကွာ"

"ဒါပေမဲ့ ရှင်ပဲပြောတယ်လေ သူသေကိုယ်သေတိုက်ခိုက်မဲ့လမ်းကို မရွေးပဲ တခြားတနေရာမှာ အခြေချတာမျိုးလဲ သူတို့လုပ်နိုင်တယ်ဆို"

စုချန်း သက်ပြင်းချလိုက်၏။

"ကျုပ် မှားသွားတယ်"

စုချန်း သက်ပြင်းချသည်ကိုကြည့်ရင်း ကျူးရှန်းယောင် ပါးစပ်ကို လက်ဝါးနှင့်အုပ်ကာ အားရပါးရ ရယ်မောလိုက်လေသည်။

စုချန်း ကျူးရှန်းယောင်၏ မေးစေ့အား ချစ်စနိုးနှင့် ဆုပ်ညှစ်လိုက်သည်။

"ကြည့် လူဆိုးမလေး ကျုပ်ကို နောက်နေတယ်ပေါ့လေ ကဲ မုန့်တွေစားလိုက်ပါအုံး တော်ကြာ အေးကုန်တော့မယ်ကွ"

ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် စုချန်း ယူလာသည့်မုန့်များအား အားရပါးရပင် စားသောက်လိုက်၏။

"ဒါနဲ့ သူတို့မိုင်းတွင်းတွေ ခန်းခြောက်ကုန်ပြီဆိုတော့ ယုန်မျိုးနွယ်စုက သေချာပေါက် လျှို့ဝှက်ထားမှာပဲ ရှင် အဲဒီလျှို့ဝှက်ချက် ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ"

"ကျုပ် ယုန်မျိုးနွယ်စု စာရင်းကိုင်လို ဟန်ဆောင်လိုက်တယ်လေ ပြီးတော့ သူတို့စာရင်းတွေကို မွှေနှောက်လိုက်တာပေါ့"

"ရှိသမျှစာရင်းတွေအကုန်လုံးကို တမနက်တည်းနဲ့ပေါ့ ဟုတ်လား"

ကျူးရှန်းယောင် မျက်လုံးပြူးသွား၏။

စုချန်း ရယ်မောလိုက်သည်။

"ကျုပ်က စာဖတ်မြန်တယ်လေကွာ ပြီးတော့ မင်းတို့သိထားဖို့လိုတာ တခုရှိသေးတယ်"

"ဘာများလဲရှင့်"

"သူတို့ ချွန်မျိုးနွယ်စုကို ဖိတ်ခေါ်ထားတယ်"

ကျူးရှန်းယောင် မျက်လုံးပြူးသွားလေသည်။

"အဖြူရောင်သမင်ချွန်မျိုးနွယ်စုလား"

ကျူးမျိုးနွယ်၊ ယုန်မျိုးနွယ်စုတို့ကဲ့သို့ပင် ချွန်မျိုးနွယ်စုသည်လည်း နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်များဖြစ်ပြီး ၎င်းတို့၏အင်အားမှာ ကျူးမျိုးနွယ်စုထက် မနိိမ့်ချေ။

ယုန်နှင့်ချွန်မျိုးနွယ်စုသာ ပေါင်းမိသွားပါက ကျူးမျိုးနွယ်စုအဖို့ အခြေအနေ မကောင်းနိုင်တော့။

လက်စသတ်တော့ ယုန်မျိုးနွယ်စုဘက်မှ ယခုအချိန်ထိ မီးကုန်ယမ်းကုန် မတိုက်ခိုက်သေးသည်မှာ ချွန်မျိုးနွယ်များအရောက်ာက်ကို စောင့်နေခြင်းပေတကား။

ကျူးရှန်းယောင် စဥ်းစားမရဟန်ဖြင့် ပြောလိုက်သည်။

"နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်တော်ဝင်မျိုးနွယ်စုတွေမှာ ဝှက်ဖဲတွေ လှည့်ကွက်တွေကိုယ်စီ ရှိကြတယ် ကျူးမျိုးနွယ်စုအနေနှင့် မျိုးနွယ်စုနှစ်စုပေါင်းအင်အားကို မယှဥ်နိုင်တာသေချာပေမဲ့ လွယ်လွယ်နဲ့အညံ့ခံမှာတော့မဟုတ်ဘူး ဒါကြောင့် သူတို့ဘက်ကလဲ တန်ဖိုးကြီးကြီး ပြန်ပေးရမှာ သေချာတယ် ဒါကြောင့် သာမာန်အားဖြင့် တော်ဝင်မျိုးနွယ်စုတွေဟာ တခြားမျိုးနွယ်စုအကြားရန်ပွဲတွေမှာ ဓားခုတ်ရာလက်ဝင်လျှိုတာမျိုးကို ရှောင်တတ်ကြတယ် ဒါပေမဲ့ မထင်မှတ်ပဲ ချွန်မျိုးနွယ်စုက ဒီရန်ပွဲထဲကို အချောက်က်တိုက်ဝင်ပါလာတယ် သူတိူ့ဘာလို့ဒီလိုလုပ်ရတာလဲ"

"ဖြစ်နိုင်ချေက တခုပဲရှိတယ် သူတို့ရမဲ့အကျိုးအမြတ်ဟာ ပြန်ပေးရမဲ့တန်ကြေးထက် အများကြီး ပိုနေလို့ပဲ ဒါကြောင့်မို့ သူတို့ ကြားဝင်လာတာ"

"ဘယ်လိုအကျိုးအမြတ်မို့လဲရှင့်"

"ကျူးမျိုးနွယ်ပိုင်ဆိုင်သမျှဆိုရင်ကောကွာ သူတို့ဒီတိုက်ပွဲမှာ ယုန်မျိုးနွယ်တွေဘက်က ဝင်ကူလိုက်ရင် ကျူးမျိုးနွယ်ပိုင်ဆိုင်သမျှက်ို သူတို့ရမယ်"

ကျူးရှန်းယောင် ဘာပြောရမှန်းပင် မသိတော့။

ဘာအကျိုးအမြတ်မှမရှိပဲ ယုန်မျိုးနွယ်စုအနေနှင့် ကျူးမျိုးနွယ်စုနှင့် ဘာကြောင့်တိုက်ခိုက်ရမည်နည်း။ ၎င်းမှာ လားလားမျှပင် အဓိပ္ပါယ်မရှိချေ။ထိုမျှသာမကသေး ယုန်မျိုးနွယ်စုအနေနှင့် ဤတိုက်ပွဲတွင် ရှိသမျှအရင်းအမြစ်များကို ပုံအောအသုံးပြုရအုံးမည်။ သားစဥ်မြေးဆက်များစွာ အသက်ပေးရအုံးမည်။ သို့သော် အောင်ပွဲ၏အသီးအပွင့်များကိုတော့ ချွန်မျိုးနွယ်စုကသာ ရိပ်သိမ်းသွားပေလိမ့်မည်။

အဓိပ္ပါယ်မရှိ။ တခုခုတော့ မှားနေခဲ့ပေပြီ။

ကျူးရှန်းယောင် ခေါင်းခါလိုက်၏။

"ယုန်မျိုးနွယ်စုနဲ့ပတ်သက်ပြီး တခုခုတော့ မှားနေပြီရှင် ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး"

"မှန်တယ်"

စုချန်း သက်ပြင်းချလိုက်ပြန်သည်။

"ကံဆိုးတာက ပြသနာကို ကျုပ် မသိသေးတာပဲ"

"ကျွန်မတို့ ဒီကိစ္စ အမေ့ကို ချက်ချင်းပြောမှရတော့မယ်"

ပြောပြောဆိုဆို ကျူးရှန်းယောင် မတ်တပ်ရပ်လိုက်၏။

သတင်းက အရေးကြီးလှသည်ဖြစ်လေရာ သူမ အချိန်မဖြုန်းလိူတော့။

"သိပ်မလောပါနဲ့လေ"

စုချန်းက ကျူးရှန်းယောင်၏လက်က်ိုဆွဲကာ ပြန်ထိုင်ခိုင်းလိုက်၏။

"ချွန်မျိုးနွယ်တွေရောက်ဖို့ ရက်တချို့လိုသေးတယ် ဒါကြောင့် ကျုပ်တို့မှာ အချိန်ရှိသေးတယ် ပြီးတော့ ဒီကိစ္စကို မင်းအမေကိုပြောလိုက်ရင် ယုန်မျိုးနွယ်တွေ သတိထားမိသွားနိုင်တယ်"

ကျူးရှန်းယောင် တကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရ၏။

"ကျွန်မတို့ထဲမှာ သစ္စာဖောက်ရှိနေပြီလို့ ရှင် ဆိုလိုတာလား"

"ဖြစ်နိုင်ချေသက်သက်ပါကွာ အဖြေကိုမသ်ိသေးသရွေ့ အားလုံးဖြစ်နိုင်တာပဲလေ"

"အမေကတော့ မျိုးနွယ်စုကို သစ္စာဖောက်မှာမဟုတ်တာ သေချာတယ်"

စုချန်း ခေါင်းညိတ်လိုက်သည်။

"သူ သစ္စာမဖောက်မှန်း ကျုပ် သိပါတယ် ဒါပေမဲ့ သူ တခြားကို ပြောပြမိတာမျိုး ရှိနိုင်တယ်လေကွာ ပြီးတော့ လူတွေရဲ့လျှိူ့ဝှက်ချက်ကို ထောက်လှမ်းနိုင်တဲ့နည်းစနစ်တွေဆိုတာ ဒီလောကကြီးမှာ ဒုနဲ့ဒေးကွ"

စုချန်းက အေးအေးဆေးဆေးပင် ရှင်းပြလိုက်၏။

ကျူးရှန်းယောင် မျက်မှောင်ကုတ်လိုက်သည်။ ဘာမှတော့မပြော။

အချိန်အတော်ကြာသော် သူမက မေးလိုက်၏။

"ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"

"အရင်ဆုံး သတင်းပေါက်ကြားစေတဲ့သူကို ကျုပ်တို့ ရှာရမယ်"

"ဘယ်လိုရှာမှာလဲရှင့်"

စုချန်း တွေသွား၏။ အချိန်အတော်ကြာမှ သူက ပြောလိုက်သည်။

"ကျုပ်အနေနဲ့ ကျူးမျိုးနွယ်သစ္စာဖောက်ကို ရှာနိုင်တယ် ဒါတင်မကသေးဘူး ယုမျိုးနွယ်စု ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာကိုပါ ရှာနိုင်သေးတယ် ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ အတော်ကိုများလိမ့်မယ်"

ကျူးရှန်းယောင်က ပြန်မေးလိုက်သည်။

"ရှင် မူလကျောက်တုံး ဘယ်လောက်လိုတာလဲ ကျွန်မ အမေ့ဆီက တောင်းပေးမယ်လေ"

စုချန်း ခေါင်းခါလိုက်၏။

"ဒါ မူလကျောက်တုံးနဲ့မဆိုင်ဘူးကွ"

စုချန်း၏နည်းလမ်းမှာ တခြားမဟုတ်။ မူလအရိုးပင် ဖြစ်လေသည်။

မူလအရိုးနှင့်ဆိုလျင် မည်သည့့်မေးခွန်းကိုမဆို အဖြေထုတ်ရန် များစွာ လွယ်ကူသွားသည် မဟုတ်ပါလား။

ပြသနာမှာ ဤတကြိမ်မေးခွန်းသည် အမှန်တရားနှင့်မဆိုင်ပဲ တစုံတရာကို စုံစမ်းထောက်လှမ်းရမည့်ဖြစ်၍ ကုန်ကျစရိတ်က များစွာ မြင့်မားလာမည်မှာ အမှန်ပင်။ ထို့ပြင် ဖြစ်စဥ်ထဲတွင် လူပေါင်းများစွာ ပါဝင်နေ၍ ဖြစ်န်ိင်ချေများစွာ ရှိနေနိုင်၏။ ထို့ကြောင့် စတေးရန်ကုန်ကျစရိတ်မှာလည်း များစွာ မြင့်မားလာပေတော့မည်တည်း။

***

All Chapters