← Chapters

ငါးစာ

Vol. 77 Ch. 763

ငါးစာ

Vol. 77 Ch. 763

စုချန်း၏ အစီအစဥ်မှာ သံသယရှိသူတချို့ကိုရွေးထုတ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ မူလအရိုးအား မေးမြန်းရန်ပင်။ ထိုသို့ ရွေးထုတ်လိုက်ခြင်းအားဖြင့် ကုန်ကျစရိတ်များစွာ လျော့နည်းသွားမည် မဟုတ်ပါလား။

သို့သော် သံသယရှိသူတချို့ကိုရွေးထုတ်ရာတွင် ဗလာချီရွေးချယ်၍ မရ။ သက်သေအထောက်အထားတော့ လိုသေး၏။

စုချန်း ရှင်းပြသည်ကိုနားထောင်ရင်း ကျူးရှန်းယောင် တွေသွား၏။ ထို့နောက် သူမက နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။

"ရှင့်မှာ ညဏ်နီညဏ်နက်တွေ အများကြီးပဲဟာကို ကျွန်မတို့ ဘာလုပ်သင့်လဲ ပြောစမ်းပါရှင်"

စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။

"ကျုပ် ဒီကို ခုမှရောက်ဖူးတာလေကွာ ဒီကအကြောင်းတွေ ဘာမှ ကျုပ်မသ်ိသေးဘူး"

ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်၏။

"အို ကျွန်မ မသိဘူး ရှင် ကျွန်မကို ကူညီရမယ် ဒါပဲ"

မိမိ၏ ချစ်သူအား အနိုင်ကျင့်တတ်ကြသည်မှာ မိန်းမလေးတို့ သဘာဝပင်တည်း။

စုချန်း ဘာမှမတတ်နိုင်တော့ပဲ ခေါင်းညိတ်လိုက်ရသည်ည်။

"ကျုပ်မှာ စိတ်ကူးတခုတော့ရှိတယ် ဒီစိတ်ကူးက ကိုးရိုးကားယားနိုင်ပေမဲ့ အသုံးဝင်မယ်လို့တော့ ယူဆရတာပဲ"

_____________×××______________×××______________

ယုန်မျိုးနွယ်စုခြံဝင်းတွင် ဖြစ်သည်။

ယုန်ရှန်ချန်း၏ မျက်နှာမှာ ဒေါသကြောင့် ရဲရဲနီနေ၏။

"စာရင်းရုံးထဲ လူတယောက်က် ခိုးဝင်သွားတယ် ဒါကို မင်းတို့ ဘယ်သူမှမသ်ိလိုက်ဘူးပေါ့ ဟုတ်လား"

ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသူက တုန်ယင်သောလေသံနှင့် ပြောလိုက်သည်။

"ခိုးဝင်လာတဲ့သူဟာ အိမ်တော်ထိမ်းလျူရဲ့ပုံကိုဖမ်းထားပါတယ်ခင်ဗျ ဒီမနက် ဒီအခန်းထဲ သူမဝင်ကြောင်း အိမ်တော်ထိန်းလျူကိုယ်တိုင် အခိုင်အမာမပြောရင် ဒီကိစ္စကို ဘယ်သူမှသိလိုက်မှာတောင် မဟုတ်ဘူး ကြည့်ရတဲ့ သူခိုးဟာ ရုပ်ပြောင်းတဲ့နည်းစနစ်တခုခုကို သုံးထားပုံရတယ်"

"အဲဒါ စုချန်းပဲ"

အသံတသံံ ထွက်ပေါ်လာ၏။

"ငြိမ်းချမ်းရေးနန်းဆောင်ကရထားတဲ့သတင်းအရ စုချန်းဟာ ဒီလိုစွမ်းရည်ကိုသုံးပြီး သတ်ဖြတ်သူနယ်မြေထဲ ဝင်ထွက်သွားလာနိုင်ခဲ့သတဲ့"

အသံရှင်မှာ ယုန်စီဖေးဖြစ်ပြီး ယုန်မျိုးနွယ်မျိူးဆက်သစ်စ်များအနက် အဆင့်၉နေရာ့၉နေရာကို ရထားသူ ဖြစ်သည်။

ယုန်ရှန်ချန်း မဲ့လိုက်၏။

"သတ်ဖြတ်သူဆိုတာ ခပ်ပိန်းပိန်းတွေပဲဟာ ကျုပ်တို့ယုန်မျိုးနွယ်တွေနဲ့ လာနှိုင်းလို့ ဘယ်ရပါ့မလဲ"

ယုန်စီဖေး မျက်နှာပျက်သွား၏။

"စုချန်းဟာ ယင်နဲ့ယန် ပြောင်းလဲနေတဲ့ နေ့ညစပ်ကြားကာလကြီးမှာ ရောက်လာတာပါ ဒါကြောင့် သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သူတွေ ဘယ်သူမှ မသိလိုက်တာပေါ့"

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေတောင် သူ့ကို သတိမထားမိလိုက်ဘူးလား"

အနောက်နားခပ်ကျကျဆီမှ မေးခွန်းထုတ်သံ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားသည်နှင့် ယုန်စီဖေးက ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်သည်။

"စုချန်းရောက်လာတဲ့အချိန်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တချို့ ရှိနေပါတယ် ဒါပေမဲ့ သူ အတုမှန်း ဘယ်သူမှ မသိလိုက်ဘူး ဒါကြောင့် သူ့ထက် ကျင့်ကြံခြင်းနယ်ပယ်အဆင့်မြင့်သူတွေဖြစ်မှသာ သူ့ကို ထောက်လှမ်းနိုင်မဲ့ သဘောမှာရှိပါတယ်"

အသံရှင် နှုတ်ဆိတ်သွား၏။ အတန်ကြာမှ သူက ပြောလိုက်သည်။

"တကယ်လို့ သူ့မှာ ထိပ်တန်းပုံပြောင်းနည်းစနစ်တမျိုးမျိုးသာ မရှိဘူးဆိုရင် သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအားက တော်တော်ကြောက်စရာကောင်းလိမ့်မယ် ဘာပဲဖြစ်ဖြစ် သူ အခုလို ဝင်လာတာ ကျုပ်တို့အတွက် ခြိမ်းခြောက်မှုတခု ဖြစ်သွားခဲ့ပြီ တကယ်လို့ သူသာ နည်းနည်းလောက်ပိုပြီး ညဏ်ကောင်းမယ်ဆိုရင်"

ထိုစကားကြောင့် ယုန်ရှန်ချန်းမျက်နှာ ဖွေးဖွေးဖြူသွားလေသည်။

အချိန်အတော်လေးကြာသွားမှ သူက ပြောလိုက်၏။

"ဘာဖြစ်ဖြစ် ချွန်မျိုးနွယ်တွေရောက်လာရင် ဒီကောင် သေမှာပါပဲလေ"

အသက်ရှင်ထံမှ သက်ပြင်းချသံပေါ်လာသည်။

"ကျုပ်တို့ အချိန်သိပ်များများမရတော့မှာကိုတော့ စိတ်ပူတယ်"

ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ အစေခံတဦး လှမ်းဝင်လာပြီး ယုန်ရှန်ချန်းရှေ့တွင် ဒူးထောက်ကာ အစီရင်ခံလိုက်သည်။

"စုချန်း ကျူးခြံဝင်းက ထွက်ခွာလာပြီလို့ သတင်းရပါတယ်ခင်ဗျာ"

"သူ ဘယ်ကိုသွားနေတာလဲ"

"အနောက်ဂိတ်တံခါးကိုဖြတ်ပြီး ထန်ဟွားတောင်ကို ဦးတည်နေပါတယ်ခင်ဗျာ"

"ဒီသတင်းကို ဘယ်ကရတာလဲ"

"ကျူးအိမ်တော်မှာရှိတဲ့ သတင်းပေးဆီကရတာပါ သတင်းပေးရဲ့အဆိုအရ စုချန်း ပုံပြောင်းသွားတာကို သူ သေသေချာချာ မြင်လိုက်ပါသတဲ့ ကျုပ်တို့ အမဲလိုက်သားရဲနဲ့ လိုက်ရှာရင် သူ့ကို သေချာပေါက် တွေ့ပါလိမ့်မယ်"

ယုန်စီဖေး မေးလိုက်သည်။

"ဒါဆို အကြီးအကဲ ကျုပ်တို့ လိုက်ကြတော့မလား"

"နေပါအုံးကွ"

ယုန်ရှန်ချန်းတယောက် ဂနာမငြိမ်ဖြစ်ကာ အပြောင်းးအပြန် လမ်းလျှောက်နေလေသည်။

"တခုခုကိုများ စိတ်ပူနေသလား"

အသံရှင်၏ မေးခွန်းထုတ်သံ ထွက်ပေါ်လာသည်။

ယုန်ရှန်ချန်း ခေါင်းညိတ်လိုက်၏။

"ထောက်ချောက်ဖြစ်နေမှာ ကျုပ် စိတ်ပူနေမိတယ် ဒါကြောင့် ခင်ဗျားဆီကပဲ အကြံယူတော့မလားလို့"

အသံရှင်က ပြောလိုက်၏။

"လက်ရှိအနေနဲ့ ကျုပ်တို့ အကျိုးနဲ့အပြစ်ကိုပဲ တွက်လို့ရမယ် လက်ရှိမှာ စုချန်းဟာ ပြသနာကြီး ဖြစ်နေတယ် ပြီးတော့ ချွန်မျိုးနွယ်စုတွေရောက်လာရင် ကျုပ်တို့ အင်တိုက်အားတိုက် တိုက်စစ်ဆင်လို့ရပြီ စုချန်းရဲ့ဖြစ်တည်မှုဟာ ပြသနာမဟုတ်နိုင်တော့ဘူး"

အသံရှင်၏ ဆိုလိုရင်းကို ယုန်ရှန်ချန်း သဘောပေါက်လိုက်ပြီဖြစ်သည်။

"ဒါဆိုလဲ ကျုပ် တတိယအစ်ကိုကို ခေါ်ပြီး ဒီကောင့်နောက် လိုက်ပါ့မယ်"

ယုန်မျိုးနွယ်တတိယအစ်ကိုမှာ ယုန်ရှန်ကျန်းဖြစ်ပြီး ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦးပင် ဖြစ်သည်။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များအနက် ၎င်း၏ အဆင့်က မသေးလှ။

အမဲလိုက်သားရဲ၏ အကူအညီနှင့် ယုန်ရှန်ချန်းတို့လူစုစုချန်းအား အလွယ်တကူပင် ရှာတွေ့သွား၏။

စုချန်းအား မြင်တွေ့သည်နှင့် တတိယအစ်ကို ယုန်ရှန်ကျန်း ကျယ်လောင်စွာ အော်ဟစ်လိူက်သည်။

"စုချန်းး မင်း သေပေတော့"

အော်သံအဆုံးတွင် ယုန်ရှန်ကျန်းထံမှ ပြင်းထန်လှသော လက်သီးချက် ထွက်ပေါ်လာလေသည်။

အဆိုပါလက်သီးချက်မှာ ကောင်းကင်မှတောင်ကြီးတလုံး ပြုတ်ကျလာသည်နှင့်တူနေပြီး မဟာပထဝီမြေကြီးပင် အက်ကွဲကုန်တော့၏။ သို့သော် မြေပြင်ပေါ်တွင် ခွေးတကောင်ကြောင်တမြီးပင် မရှိတော့။

စုချန်းကား ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေပြီ။

ယုန်ရှန်ကျန်း ကြောင်တောင်တောင်ဖြစ်သွား၏။

ဟင်...ဘာလဲ...ဘာဖြစ်သွားတာလဲ...

သိပ်မကြာမီ ကောင်းကင်ပေါ်မှ လူရိပ်အသီးသီး ခုန်ဆင်းလာ၏။

ဆန်းကြယ်လှသော ဖြစ်ရပ်ကြောင့် လူတိုင်း နားမလည်နိုင်ပဲ ဖြစ်နေကြလေသည်။

_______________×××_____________×××_____________

ကျူးအိမ်တော်တွင် ဖြစ်သည်။

စုချန်းက အေးဆေးတည်ငြိမ်သောလေသံနှင့် ပြောလိုက်၏။

"ကောင်းကင်တောင်နောက်ကျောက ကိုယ်ပွားကတော့သေသွားပြီ လက်သည်ကတော့ ယုန်ရှန်ကျန်းပဲ"

"ကောင်းကင်တောင်နောက်ကျော ဟုတ်လား"

ကျူးရှန်းယောင်၏ တကိုယ်လုံး တုန်ယင်သွားလေသည်။

"ဒါ..ဒါဆို ညီမလေးနဲ့တခြားသူတွေ..."

စုချန်း၏ နည်းလမ်းမှာ ရိုးရှင်းလှ၏။ ကိုယ်ပွားအသီးသီးအား သံသယရှိသူများရှေ့တွင် ယောင်ပြပြီး ကွဲပြားခြားနားသော နေရာအသီးသီးသို့ စေလွှတ်လိုက်ခြင်းပင်။ နေရာတခုမှ ကိုယ်ပွားတကောင် တစုံတခုဖြစ်ပါက အဆိုပါကိုယ်ပွား၏ တည်နေရာအား ပေါက်ကြားစေသူကို သူတို့ သိရှိနိုင်မည် မဟုတ်ပါလား။

ကောင်းကင်တောင်နောက်ကျောရှိ ကိုယ်ပွားမှာကား ကျူးရှန်းလင်၊ ကျူးရှောက်ကျိနှင့် ကျူးမျိုးနွယ်မျိုးဆက်သစ်များနှင့် သက်ဆိုင်ပေသည်။

"မသေချာသေးပါဘူးလေ ပြီးတော့ ကျူးရှန်းလင် သွေးဗီဇအကြောင်း မသ်ိဘူးလို့ မင်း ပြောထားသေးတယ်မလား"

ကျူးရှန်းယောင် ဒေါသထွက်လာ၏။

"သူ တယောက်ယောက်ဆီက သိသွားတာနေမှာပေါ့ ဒါနဲ့ပဲ ကိုယ့်မျိုးနွယ်စုကို သစ္စာဖောက်ရတယ်လို့"

"ဟုတ်မဟုတ် ကျုပ်တို့ စမ်းကြည့်ကြတာပေါ့ကွာ"

ပြောပြောဆိုဆို စုချန်းက မူလအရိုးတောင်ဝှေးအား ဆွဲထုတ်လိုက်လေသည်။

အရိုးမှ တိုးထွက်လာသော စွမ်းအင်ကိုကြည့်ရင်း ကျူးရှန်းယောင် အံ့သြသွား၏။

"ဟင် ဒါ မူလသားရဲကြီးရဲ့ အရိုးမလား သူသေသွားတာ နှစ်တွေကြာလှပြီ ဒါတောင် ဒီအရိုးမှာ စွမ်းအင်ရှိနေတုန်းပဲပေါ့လေ"

စုချန်း ခေါင်းညိတ်ပြလိုက်သည်။

"အရိုးတိုင်းတော့ မဟုတ်ဘူးပေါ့လေ ဒါပေမဲ့ ဒီအရိုးကတော့ မတူဘူး ထူးခြားတယ်"

အမှန်တကယ်လည်း မူလအရိုးသည် ထူးခြားလှသော ဖြစ်တည်မှုတခုပင်။ စုချန်း၏ အန္တိမတ်ရည်ရွယ်ချက်မှာ သားရဲများအား ရှင်းလင်းပြီး လူသားမျိုစိတ်ကြီးတခုလုံး၏ ဖြစ်တည်မှုကို မြှင့်တင်ရန်ဖြစ်သည်။ သို့သော် အရိုးလေးတချောင်းက ဤမျှထိ အစွမ်းထက်နေလျင် မူလသားရဲကြီး၏ အစွမ်းက မှန်းဆရန်ပင် ခက်ခဲလှ၏။ ဤအတိုင်းဆိုလျင် စုချန်း၏ ရည်ရွယ်ချက် အကောင်အထည်ပေါ်လာရန်ပင်မလွယ်လှ။

ထို့နောက် စုချန်းသည် စတေးမှုကို စတင်လိုက်တော့၏။

အံ့သြစရာကောင်းလောက်အောင်ပင် စတေးမှုမှာ တကြိမ်တည်းနှင့် အောင်မြင်သွားလေသည်။

သိပ်မကြာမီ ကျူးရှင်းလင်တယောက်က် ကျူးမျိုးနွယ်များရှေ့မှောက်တွင် စစ်ဆေးခံနေရပုံကို သူတို့နှစ်ဦးလုံး မြင်တွေ့လိုက်ရသည်ည်။

မြင်ကွင်းမှာ ဝေဝါးနေလေရာ ဘယ်အကြောင်းကို ပြောနေမှန်း အတိအကျသိရန် ခက်လှ၏။ သို့သော် ကျုးရှန်းယောင်အား အကြီးအကျယ် စိတ်လှုပ်ရှားသွားခဲ့လေပြီ။

"ဒါဆို သူပဲပေါ့လေ ခွေးမ ကိုယ့်မျိုးနွယ်ကို သစ္စာဖောက်တယ် ဒီကိစ္စ ခုပဲ အမေကို သတင်းပို့မယ်"

စကားဆုံးသည်နှင့် ကျူးရှန်းယောင်သည် ကျူးမျိုးနွယ်ဟောခန်းမဆီသို့ သုတ်ခြေတင်သွားတော့သည်။

ကျူးရှန်းယောင်အား တားမြစ်ရန် စုချန်း ပါးစပ်ပြင်လိုက်သေး၏။ သို့သော် စတေးမှုမှာ ဆက်လက်ဖြစ်ပွားနေလေသည်။ နောက်ထပ် တွေ့မြင်ရသောပုံရိပ်ကြောင့် စုချန်း၏ ရင်အစုံသည် ပြင်းထန်စွာ တုန်ခါသွား၏။

ထိုအခါ သူ ကျူးရှန်းယောင်က်ို မတားမိတော့ပဲ တိတ်တိတ်ဆိတ်ဆိတ်ပင် ငေးကြည့့်နေမိတော့သည်။

သိပ်မကြာမီ ပုံရိပ်များ ပျောက်ကွယ်သွား၏။

စုချန်း တစုံတရာကို အလေးအနက်ပင် စဥ်းစားနေ၏။ ထို့နောက် သူ ကျူးမျိုးနွယ်ဟောခန်းမဆီသို့ လျှောက်သွားလိုက်လေသည်။

***

All Chapters