← Chapters

လှည့်ကွက်

Vol. 77 Ch. 764

လှည့်ကွက်

Vol. 77 Ch. 764

စုချန်း အထဲသို့ရောက်သွားသည့့်အချိန်တွင် ကျူးရှန်းလင်တယောက်က် ကျူးမျိုးနွယ်ရှေ့မှောက်တွင် စစ်ဆေးခံနေရပြီ ဖြစ်သည်။

ကျူးရှန်းလင့်အဖို့ ဒူးထောက်ရုံမှအပ တခြားမရှိ။ မျိူးနွယ်စုအား သစ္စာဖောက်ခြင်းမှာ ကြီမားလှသော ပြစ်ဒဏ်ပင် မဟုတ်ပါလား။

မူလအရိုးမှ ပြသလိုက်သည့်မြင်ကွင်းနှင့် လက်တွေ့ဖြစ်ရပ်မှာ တထပ်တည်းပင် တူညီနေ၏။

ထိုအခိုက်မှာပင် ကျူးရှန်းလင်၏ စစ်ဆေးမှုကလည်း စတင်နေခဲ့ပြီ ဖြစ်သည်။

ကျူးရှန်းယောင် ရှင်းပြသည်ကိုနားထောင်ရင်း ကျူးယဲ့ယန်အပါအဝင် လူတိုင်း ကြက်သေသေသွား၏။

ထိုအခါ ကျူးယဲ့ယန်က မေးလိုက်သည်။

"ရှန်းယောင် သမီးဟာက သေချာရဲ့လား"

ကျူးရှန်းယောင် ပြန်ဖြေလိုက်၏။

"သမီးပြောသမျှ အားလုံးအမှန်တွေပါပဲ အမေ"

"ဒါဆိုလဲ စုချန်း ဘယ်လိုလျှို့ဝှက်နည်းစနစ်ကိုသုံးသလဲ သမီးပြောနိုင်မလား"

"ဒါကတော့..."

ကျူးရှန်းယောင် တွေခနဲ ဖြစ်သွားပြီး စုချန်းကို လှမ်းကြည့်လိုက်၏။ စုချန်း ခွင့်မပြုလျင် သူမ တုံဏှိဘာဝေ နေလိမ့်မည်သာ။

"အချိန်ကို အခြေခံတဲ့ လျှို့ဝှက်နည်းစနစ်တရပ်ပါပဲဗျာ အချိန်သဲမှုန်တွေကို သုံးဖို့တော့ လိုတာပေါ့လေ"

အချိန်သဲမှုန်လက်တဆုပ်စာကို ကိုင်ရင်း စုချန်းက ဝင်ရောက်ဖြေရှင်းလိုက်၏။

မူလအရိုးဟူသည် အလွန်တန်ဖိုးကြီးသည့် ရတနာတပါးပင်။ ထို့ကြောင့် စုချန်း ထိုအကြောင်းအား မည်သူ့ကိုမှ ပေးမသိနိုင်။ သို့မဟုတ်ပါက ဤနေရာတွင် စစ်ဆေးခံနေရသူမှာ ကျူးရှန်းလင်မဟုတ်ပဲ သူ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ပြန်၍နှိုင်းယှဥ်ရလျင် အချိန်သဲမှုန်သည်လည်း ရတနာတပါးပင် ဖြစ်သော်လည်း မူလအရိုးနှင့်စာလျင် ၎င်း၏ တန်ဖိုးက ဆီနှင့်ရေပမာပင်။

အချိန်နှင့်ပတ်သက်သော နိယာမမှာ အလွန်များပြားလှသည်ဖြစ်၍ အချိန်သဲမှုန်၏ အသုံးပြုပုံအဖုံဖုံကို မည်သူမှ ရေရေရာရာ မသိနိုင်။ ထို့ကြောင့် စုချန်း၏ စကားမှာ ဖြစ်နိုင်သည်ဟု လူတိုင်းကပင် ယူဆကုန်ကြ၏။

သို့သော် ကျူးရှန်းလင် ပုခုံးတွန့်လိုက်သည်။

"ဒီတော့ ရှင်တို့မှာရှိတဲ့သက်သေဆိုလို အင်မတန်ကြီးမြတ်လှတဲ့ ဟောကိန်းတခုပဲပေါ့လေ ကျွန်မမျိုးနွယ်စုကို သစ္စာဖောက်လိမ့်မယ်လို့ ရှင်တို့ တကယ်ကြီး ထင်နေကြတာလား"

ကျူးရှန်းယောင် ဒေါသထွက်လာ၏။

"ဘာလို့မထင်ရမှာလဲ အတိတ်ကိုပြန်ကြည့်ရင်....."

"ရှန်းယောင်"

စုချန်းက ကြားဝင်ဖြတ်ပြောလိုက်၏။

ယခင်ကာလက ကျူးရှန်းလင်တယောက်က် ကျူးရှန်းယောင်အား လုပ်ကြံရန်ကြိုးစားခဲ့သည့်အကြောင်းကို ပြန်ပြောရန် စဥ်းစားနေမှန်း စုချန်း သိ၍ ချက်ချင်း တားမြစ်လိုက်ခြင်းပင်။ သို့သော် ထို့အကြောင်းကို ပြောရန် ယခုအချိန်မှာ မသင့်လျော်။ ထိုအကြောင်းကို လူတိုင်း သိကုန်ပါက ကျူးရှန်းလင်က်ို လက်စားချေရန် ကျူးရှန်းယောင် တိတ်တဆိတ်စောင့်ဆိုင်းနေသည်ဟု လူတိုင်း ထင်ကုန်ကြပေလိမ့်မည်။

ကျူးရှန်းယောင်ကလည်း စုချန်း ဘာကိုသတိပေးမှန်း ချက်ချင်းပင် သဘောပေါက်လ်ိုက်၏။ သို့သော် ကျူးရှန်းလင်၏ မျက်နှာပေးက်ို မြင်သောအခါ သူမ အကြီးအကျယ် ဒေါသထွက်လာတော့သည်။

ကျူးရှန်းလင်က ပြောလိုက်ပြန်၏။

"အပြင်လူတယောက်က် ကိုယ့်သမီးကို အနိုင်ကျင့်နေတာ အမေတို့ ဒီလိုပဲ လက်ပိုက်ကြည့်နေရသလား"

ကျူးရှန်းလင်၏ စကားကြောင့် ကျူးယဲ့ယန် မျက်မှောင်ကုတ်လိုက်သည်။

"စုချန်း ရှန်းလင်ကို စွပ်စွဲဖို့ မင်းမှာ တခြားသက်သေတွေများ ရှိသေးလား"

သို့သော် စုချန်း၏ အဖြေကြောင့် လူတိုင်း မျက်လုံးပြူးကုန်တော့သည်။

"အမှန်အတိုင်းပြောရရင် ဒုတိယသခင်မလေးကို သစ္စာဖောက်လို့ ကျုပ် မထင်ဘူးဗျ"

ဟင်...

ဘာလဲဟ....

စုချန်းက စကားဆက်ပြန်သည်။

"ခု ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ဟောကိန်းထဲမှာ တထပ်တည်း ကျုပ် မြင်လိုက်ရပါတယ် ခုလ်ို ဒုတိယသခင်မလေး ခန်းမထဲမှာ စစ်ဆေးခံနေရတာကိုပေါ့"

"အင်းလေ ဒါ ဘာများကွာခြားနေလို့လဲ"

"သိပ်ကွာခြားတာပေါ့ဗျာ ဟောကိန်းထုတ်တယ်ဆိုတာ မေးခွန်းမေး အဖြေပြန်ထုတ်ပေးတဲ့ စက်တခုလိုပဲ တနည်းအားဖြင့် သူက အနာဂတ်မှာ ဖြစ်လာနိုင်တာတွေကို ခန့်မှန်းပေးတဲ့သဘောပဲ ဒါပေမဲ ဒီခန့်မှန်းချက်တွေရဲ့ နောက်ကွယ်က အမှန်တရားကတော့ အမှားအမှန်တွေ အများကြီး ဖြစ်နေနိုင်တယ် အကျိုးဆက်တွေလဲ အများကြီး ဖြစ်သွားနိုင်တယ်"

စုချန်း၏ ဆိုလိုရင်းကို လူတိုင်း နားလည်လိုက်ကြ၏။

ဟောကိန်းသည် ကျူးရှန်းလင် စစ်ဆေးခံနေရသည်ည်ကို ပြ၏။ သို့သော် စစ်ဆေးမှု၏ အကျိုးဆက်ကိုတော့ မပြနိုင်။

ဆိုလိုသည်မှာ ကျူးရှန်းလင် မှားယွင်းစွပ်စွဲခံနေရခြင်းမျိုးလည်း ဖြစ်နေနိုင်၏။ စစ်ဆေးမှုရလဒ်အရ သူမ အပြစ်ကင်းနေသည်မျိုးလည်း ဖြစ်သွားနိုင်ပေသည်။

စုချန်း၏ စကားကြောင့် ကျုးရှန်းယောင် ကြောင်အမ်းအမ်းဖြစ်သွား၏။

"စုချန်း ရှင်"

"ရှန်းယောင် ကျုပ် မင်းရဲ့ခံစားချက်ကို နားလည်ပါတယ် ဒါပေမဲ့ အမှန်တရားကိုတော့ မင်း သိထားမှရမယ် ကျုပ် ဒီကိုလာတာ မင်းကိုလက်ထပ်ဖို့ တခြားလူတွေကို ဒုက္ခပေးဖို့ မဟုတ်ဘူး ပြီးတော့ ဒုတိယသခင်မလေး တကယ်အပြစ်ရှိမရှိလဲ ကျုပ် မသ်ိဘူး ကျုပ်ဟောကိန်းက အမှန်တရားကို မပြောပြနိုင်တာတော့ ကျုပ် သေသေချာချာ သိနေတယ် ဒါကြောင့် အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ကျုပ် ပြောရတာပဲ"

ကျုးရှန်းယောင် ဘာပြောရမှန်းမသိ ဖြစ်သွား၏။ တဖက်တွင် စုချန်း၏ စကားက မှန်ကန်နေမှန်းလည်း သူ သိနေပြန်သည်။ မည်သို့ဆိုစေ ကျူးရှန်လင်သာ သစ္စာဖောက်ဟု သူမ တထစ်ချယူဆထားလိုက်၏။

သို့သော် ကျူးရှန်းလင်၏ တုံ့ပြန်မှုကား အံ့သြသင့်စရာပင်။ သူက အေးစက်သောလေသံနှင့် ပြောလိုက်၏။

"မင်းသားလေးစုက ဒီလောက်ထ်ိ မှန်မှန်ကန်ကန်လုပ်တတ်တဲ့သူဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး"

စုချန်း ပြုံးလိုက်သည်။

"ကျုပ်က ဟောကိန်းဟာ မင်းကို စွပ်စွဲဖို့ မလုံလောက်ဘူးလို့ပဲ ဆိုလိုတာ ဒါနဲ့ပဲ မင်း တရားခံမဟုတ်ဘူးလို့တော့ တထစ်ချပြောလို့မရသေးဘူးကွ"

ကျူးရှန်းလင်၏ မျက်နှာ မဲခနဲ ဖြစ်သွားပြန်သည်။

"ရှင် ဘာကိုဆိုလိုပြန်တာလဲ"

စုချန်းက ခံစားချက်မရှိသော လေသံနှင့် ပြောလိုက်ပြန်သည်။

"ရှန်းယောင် သိပ်ပြီးအလျင်လိုသွားတယ် ဒါကြောင့် ဟောကိန်းရဲ့ ဒုတိယပိုင်းကို သူ မမြင်လိုက်ရဘူး"

ကျူးရှန်းယောင် အံ့သြသွား၏။

စုချန်းက ကျူးရှန်းလင်အား ပြောလိုက်ပြန်သည်။

"မင်းဆီမှာ အချက်ပေးငွေပြားလေးတခုရှိတယ် အဲဒါလေးကို နှိပ်လိုက်တာနဲ့ ယုန်မျိုးနွယ်စုဆီကို မင်းရဲ့သတင်းပို့စကားက ချက်ချင်းရောက်သွားလိမ့်မယ် ဟုတ်သလား ကျုပ် ပြောတာ"

ကျူးရှန်းလင် ဝုန်းခနဲ မတ်တပ်ရပ်လိုက်၏။

"ရှင် ဘာတွေမဟုတ်တရုတ်ပြောနေတာလဲ"

ကျူးယဲ့ယန် ဖြတ်ခနဲ လှုပ်ရှားလိုက်လေရာ ပြင်းထန်သော လေဖိအားတခုက ကျူးရှန်းလင်အား ဒူးထောက်ကျသွားစေ၏။ တဆက်တည်းမှာပင် သူက လက်တဖက် ထပ်မံလှုပ်ရှားလိုက်လေရာ အချက်ပြားငွေပြားတခု ဝုန်းခနဲ မျောလွင့်လာပြီး ကျူးယဲ့ယန်လက်ထဲသို့ ရောက်ရှိလာလေသည်

ငွေပြားကိုကြည့်ရင်း ကျူးယဲ့ယန်၏ မျက်နှာ အထူးပင် တင်းမာခက်ထန်သွားတော့၏။

"တကယ့်ကို ယုန်မျိုးနွယ်စုပိုင်ပစ္စည်းဖြစ်နေတာကိုး ရှန်းလင် မင်း လုပ်ရဲသလား"

ဒေါသထွက်လွန်း၍ သူမ၏ တကိုယ်လုံး တုန်ယင်နေ၏။

"အမေ ကျွန်မ ဒီလိုမလုပ်"

"ခုထိ လိမ်နေတုန်းပဲလား"

စကားဆုံးသည်နှင့် ကျူးယဲ့ယန်၏ လည်က ကျူးရှန်းလင်၏ လည်မြိုသို့ ရောက်ရှိလာလေသည်။

လည်ပည်းအညှစ်ခံနေရသည့်တိုင် ကျူးရှန်းလင်က အောက်ပါအတိုင်း ပြန်အော်လိုက်၏။

"ကျွန်..မ...မဟုတ်...သူတို့...ကျွန်မ...ကို...ထောင်ချောက်ဆင်..."

"တိတ်စမ်း စုချန်းနဲ့ ရှန်းယောင်ဟာ ဒီထဲရောက်ကတည်းက မင်းကို ထိတောင်မထိသေးဘူး သူတို့ဘယ်လိုလုပ် မင်းကို ထောင်ချောက်ဆင်မလဲ ပြီးတော့ မင်းကသာ မင်းအစ်မကို တချ်ိန်လုံး မနာလိုာလိုဖြစ်နေတာ ခု မင်းကို ကျုပ် အကြီးအကျယ် စိတ်ပျက်သွားပြီ"

အားပါလှသော ဆုပ်ညှစ်မှုကြောင့် ကျူးရှန်းလင် တဖြည်းဖြည်း မျက်ဖြူလန်လာလေသည်။ သိပ်မကြာမီ ကျူးရှန်းလင်တယောက်က် မရဏခံတွင်းဝသို့ သက်ဆင်းရပေတော့မည်။

ထိုစဥ် စုချန်းက ပြောလိုက်၏။

"ခနနေပါအုံးဗျ"

စုချန်း၏ စကားကြောင့် ကျူးယဲ့ယန် လက်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။

"ဘာဖြစ်ရပြန်တာလဲ"

"ကျုပ် အဲဒီဆက်သွယ်ရေးငွေပြားကိုများ တချက်ကြည့်လို့ရမလား"

ကျူးယဲ့ယန်က ချက်ချင်းပင် ငွေပြားအား စုချန်းဆီသို့ ပစ်ပေးလိုက်သည်။ ထိုအခါ စုချန်းသည် ငွေပြားကို ကျကျနန စစ်ဆေး၏။ ထို့နောက် တရှုပ်ရှုပ်နှင့် အနံ့ခံပြန်၏။

ကျူးရှန်းယောင် အံ့သြလာ၏။

"စုချန်း ရှင်ဘာတွေလုပ်နေတာလဲ"

စုချန်းက ပြောလိုက်သည်။

"မင်း မကြားချင်တဲ့စကားမျိုး ကျုပ် ပြောမိမှာ ကြောက်နေတယ်ကွ"

"ရှင် ဆိုလိုတာ"

စုချန်း သက်ပြင်းချလိုက်၏။

"ကြည့်ရသလောက် ဒုတိယသခင်မလေးဟာ တကယ်ကြီး ထောင်ချောက်ဆင်ခံရပုံပဲ"

ကျူးမျိုးနွယ်စုဝင်များ မျက်လုံးပြူးကုန်ကြပြန်သည်။

စုချန်းက ငွေပြားကို မြှောက်ပြရင်း ရှင်းပြလိုက်၏။

"ကျုပ် ဒုတိယသခင်မလေးနဲ့ မသိပါဘူး ဒါပေမဲ့ သူ့ဆီက မွှေးရနံ့တမျိုးကို ကျုပ် ရနေတယ် သူသုံးနေကျပေါင်ဒါနံ့ပဲ ဖြစ်ဖို့များတယ် ဒါပေမဲ့ ဒီငွေပြားမှာတော့ ဘာအနံ့မှ ရှိမနေဘူး ဒါကိုကြည့်ရင် ဆက်သွယ်ရေးငွေပြား သူ့ကိုယ်ပေါ်မှာ ရှိတာ သိပ်အချိန်မကြာသေးဘူးလို့ ဆိုနိုင်တယ်"

ကျူးယဲ့ယန် မေးလိုက်၏။

"ဒီတော့ မင်းသားလေးစု ဆိုလိုတာ"

"တစုံတယောက်က်က ဒီငွေပြားကို ဒုတိယသခင်မလေး မသိအောင် သူ့ကိုယ်ပေါ်မှာ ထားခဲ့တယ်လို့ ကျုပ် ဆိိုလိုတာပဲ"

ထိုအခါကျမှ ကျူးယဲ့ယန် သက်ပြင်းချလိုက်မိသည်။ သမီးရင်းက မျိုးနွယ်စုအပေါ်သစ္စာဖောက်သည့့်လုပ်ရပ်မှာ နာကြင်စရာပင် မဟုတ်ပါလား။

"ငါ့သမီးကို ဘယ်သူစော်ကားရဲသလဲ"

ကျူးယဲ့ယန်၏ မျက်နှာ ဒေါသကြောင့် ရဲရဲနီနေ၏။

"ဒီမေးခွန်းက ဒုတိယသခင်မလေးကို မေးရမှာခင်ဗျ သခင်မလေး ဒီကိုမလာခင် ဘယ်သူနဲ့တွေ့ခဲ့သလဲ အထူးသခင် ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့ခဲ့တာမျိုးကို ဆိုလိုတာပါ"

အံ့သြစရာကောင်းလောက်အောင်ပင် ကျူးရှန်းလင် ခေါင်းခါလိုက်သည်။

"ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး"

ကျူးယဲ့ယန် မတ်တပ်ရပ်လိုက်သည်။

"ရှင်းလင် သေချာရဲ့လား ဒီကိစ္စက မင်းရဲ့ရိုးသားမှုနဲ့ သက်ဆိုင်နေတယ်"

"ရိုးသားမှုနဲ့ဆိုင်နေလို့လဲ ရှန်းလင် ဂရုတစိုက်နဲ့ ပြောနေတာပေါ့ ကျွန်မအနေနဲ့ ကိုယ့်မောင်နှမတွေကို ဒုက္ခမပေးချင်ဘူးလေ"

ထိုစကားဆုံးသည်နှင့် ကျူးရှန်းလင်က ကျူးရှန်းယောင်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။

သို့သော် စုချန်းက ပြောလိုက်ပြန်၏။

"မင်း ဘယ်သူနဲ့မှ မထိတွေ့ဖူးဘူးသာပြောတယ် ကျုပ် ကိုယ်ပွားတွေကိုသုံးပြီး မင်းတို့အားလုံးကို လှည့်စားခဲ့တုန်းက ဒီလိုလုပ်နိုင်ချေရှိတဲ့တယောက်က်ကို ကျုပ် ကိုယ်တိုင် မြင်လိုက်ရတယ်"

ကျူးရှန်းလင် အံ့သြသွား၏။

"မဖြစ်နိုင်တာကြီး ဒီအတိုင်းသာဆိုရင် ကျွန်မ သူ့ကို ဘာလို့မသ်ိရမှာတဲ့လဲ"

***

All Chapters