ထောင်ချောက်
Vol. 77 Ch. 765
ခြံဝင်းအတွင်းဝယ် ချိန်းဝုတယောက်က် မလှုပ်မရှက် မတ်တပ်ရပ်နေ၏။
ထိန်းချုပ်ခံတဦးအနေနှင့် သခင်လုပ်သူ၏ အမိန့်မရပဲ ချိန်းဝုတယောက်က် လှုပ်ရှား၍မရ။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့၍ ချိန်းဝုအား လူသားတဦးဟုပင် သတ်မှတ်ရန် ခက်ခဲသွားပြီ ဖြစ်သည်။
သို့သော် ကြည့်နေရင်းနှင့် ချိန်းဝုတယောက်က် ရုတ်ချည်းလှုပ်ရှားလာတော့၏။
သူသည် ကျူးရှန်းလင်အခန်းထဲသို့ တည့်တည့်မတ်မတ်ပင် ဝင်ချသွားပြီး ပစ္စည်းတချို့ကို ယူဆောင်ကာ အပြင်သို့ ပြန်ထွက်လာလေသည်။
ကျူးရှန်းလင်၏ အထိန်းချုပ်ခံတဦးဖြစ်သော သူ့အား မည်သူမှ အရေးစိုက်နေခြင်းမရှိ။ ကျူရှန်းလင်အမိန့်အရ ချိန်းဝုလှုပ်ရှားနေသည်ဟု လူတိုင်းက ယူဆထားကြသည် မဟုတ်ပါလား။ ၎င်းမှာ ထိန်ချုပ်ခံနှင့် သခင်လုပ်သူအကြား စိတ်ဝိညာဥ်ဆက်သွယ်မှုပင် ဖြစ်သည်။ တဦးနှင့်တဦး အလွန်အမင်း ဝေးကွာနေခြင်းမဟုတ်လျင် သခင်လုပ်သူက ထိန်းချုပ်ခံအား ခပ်လှမ်းလှမ်းမှပင် အမိန့်လှမ်းပေးနိုင်၏။ ယခုလည်း လူတိုင်းက ထိုအတိုင်းပင် ယူဆထားကြလေသည်။
လျှောက်နေရင်းနှင့် ချိန်းဝု ခြံပြင်သို့ ရောက်လာလေသည်။ မည်သူမှ သူ့ကို တားမြစ်ခြင်းမရှိ။
သိပ်မကြာမီ ကျူးရှန်းလင်အခန်းသို့ ကျူးယဲ့ယန်နှင့် ကျန်လူများ ရောက်ရှိလာ၏။ ဟာလာဟင်းလင်းဖြစ်နေသော မြင်ကွင်းကိုကြည့်ရင်း ကျူးရှန်းလင် မျက်နှာပျက်သွားလေသည်။
"ဟာ အမိန့်မရပဲ သူ ထွက်မသွားဖူးပါဘူး"
စုချန်းက ဟင်းလင်းပွင့်နေသော ခြံတံခါးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"သေချာလို့လား"
တစုံတရာကို အတွေးရဟန်ဖြင့် ကျူးရှန်းလင် မျက်လုံးပြူးသွား၏။ ထို့နောက် သူမက အခန်းထဲသို့ ရုတ်ချည်းပင် ပြေးဝင်လိုက်တော့သည်။ သိပ်မကြာမီ သူမ၏ အော်သံ ထွက်ပေါ်လာလေသည်။
"ဟာ သူ ကျွန်မရဲ့ တွန်းအားပေးကျောက်တုံးနဲ့ ဝိညာဥ်သုတ်သင်ရေးဓားကိုပါ ခိုးသွားပြီ"
ကျူးရှန်းလင်၏အသံမှာ အံ့သြထိတ်လန့့်ဟန်များ အတိုင်းသား ပေါ်လွင်နေသည်။
စုချန်းက ပြောလိုက်ပြန်၏။
"မင်း ဒီအတွက် ဝမ်းတောင်သာသင့်သေးတယ် အနည်းဆုံးတော့ မင်းမှာအပြစ်မရှိမှန်း သက်သေပြပြီးသား ဖြစ်သွားပြီပဲ"
ထို့နောက် စုချန်းက ကျူးယဲ့ယန်ကို လှမ်းကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
"ကျူးမျိုးနွယ် စိတ်ဝိညာဥ်ထိန်းချုပ်မှုကို ချိုးဖျက်နိုင်တဲ့ တခြားနည်းလမ်းတစုံတရာများ ရှိနေသလားအကြီးအကဲခင်ဗျာ"
ကျူးယဲ့ယန်မျက်နှာ ကြည့်ရဆိုးလာ၏။
"ကျူးမျိုးနွယ် စိတ်ဝိညာဥ်ထိန်းချုပ်မှုဟာ ချိုးဖျက်လို့မရတဲ့အရာတော့ မဟုတ်ဘူး ဒါပေမဲ့ ထင်သလောက်လဲ မလွယ်ပြန်ဘူး ပိုဆိုးတာက ဒီလို လျှို့ဝှက်နည်းစနစ်မျိုးရှိတယ်ဆိုတာ တခါမှ မကြားဖူးတာပဲ ရှန်းလင် မင်းရော ဘယ်လိုထင်သလဲ"
ကျူးရှန်းလင် အံ့သြထိတ်လန့်လျက်ရှိလေသည်။
"ကျွန်မလဲ တကယ်ကိုမသိတော့ဘူး သူနဲ့ကျွန်မအကြားမှာ ဘယ်တော့မှ ပြတ်တောက်မသွားမဲ့ စိတ်ဝိညာဥ်ဆက်သွယ်မှုမျိုး ရှိနေတာကိုတော့ ကျွန်မ ခံစားမိတယ် သူ ဘာလို့ ထိန်းချုပ်မှုကနေ လွတ်သွားရသလဲတော့ မစဥ်းစားတတ်တော့ဘူး"
"သူ့ကို ပြန်ခေါ်လို့ ရနိုင်သေးလား"
ကျူးရှန်းလင် ကြိုးစားကြည့်လိုက်သည်။ သူမ၏ မျက်နှာ ဖြူဖွေးလာ၏။
"မရဘူး သူ ကျွန်မအမိန့်ကို ငြင်းဆန်နေတယ်"
စုချန်း အလျင်စလိုပင် မေးခွန်းထုတ်လိုက်၏။
"မင်း ပြောပုံအရ သူ့ကို မင်း အာရုံခံနိုင်တယ်ပေါ့"
စုချန်း၏ စကားကြောင့် လူတိုင်း စိတ်ဝင်စားကုန်၏။
ချိန်းဝု၏ ထိန်းချုပ်မှုကို ထူးခြားသောနည်းတမျိုးနှင့် ဖယ်ရှားလိုက်ပုံရသည်။ သို့သော် ချိန်းဝုနှင့် မူလသခင်အကြား စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုမှာကား ယခုတိုင် ကျန်နေသေး၏။ ထို့ကြောင့် သခင်အနေနှင့် ၎င်း၏ ထိန်းချုပ်ခံအား အာရုံခံနိုင်ဖွယ်ရာ ရှိနေပေသည်။
ကျူးယဲ့ယန်က မေးလိုက်ပြန်သည်။
"သူ ဘယ်ကိုသွားနေသလဲ"
"သူ မြို့ထဲက ထွက်သွားပြီ အမေ"
"လိုက်ကြစမ်း"
ကျူးယဲ့ယန်၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ကျူးမျိုးနွယ်အကြီးအကဲများအားလုံး လေထဲသို့ ဝုန်းခနဲ ခုန်တက်ကုန်ကြ၏။ သူတို့နှင့်အတူ ကျူးရှန်းလင်လည်း အတူတူပါသွားလေသည်။
စုချန်းကား ခြံဝင်းထဲတွင်သာ ကျန်ခဲ့လေသည်။ သူ့ပုံစံမှာ တစုံတရာကို အလေးအနက် စဥ်းစားနေဟန်ရှိ၏။
ကျူးရှန်းယောင်၏ ခေါ်သံ ထွက်ပေါ်လာသည်။
"စုချန်း"
"သိပ်မလောနဲ့ကွ ခနနေအုံး ကျုပ် လုပ်စရာတခု ကျန်နေသေးတယ်"
"ဘယ်လို"
ကျူးရှန်းယောင်၏ အာမေဋိတ်သံ ထွက်ပေါ်လာလေသည်။
စုချန်း မူလအရိုးကို ဆွဲထုတ်ရင်း ပြောလိုက်ပြန်၏။
"မင်း သိပ်လောလွန်းတာကို ကျုပ်တို့သိဖို့လိုနေတာ နှစ်ခုရှိတယ်လို့ အစကတည်းက မပြောခဲ့ဘူးလား"
ထိုအခါကျမှ ယုမျိုးနွယ်များ ရှိသမျှအကျိုးအမြတ်ကို စွန့်လွှတ်ပြီး ကျူမျိုးနွယ်နှင့် သူသေကိုယ်သေတိုက်ပွဲဆင်နွှဲရန် အဘယ်ကြောင့် ကြိုးစားလာမှန်း သိရှိရန် လိုသေးသည်ဟူသော စုချန်း၏ စကားကို ကျူးရှန်းယောင် ပြန်လည်အမှတ်ရလာ၏။
ထိုအခါ သူမ ဘာမှမပြောတော့ပဲ စုချန်းလုပ်ကိုင်နေသည်ကို အတိုင်းသား ငေးကြည့်နေလိုက်တော့သည်။
စုချန်းသည် မူလအရိုး၏ ရှေ့တွင် စတေးခံပစ္စည်းများ ပုံလိုက်လေသည်။ ကနဦးစတေးမှုထက် တန်ဖိုများလာသော ပစ္စည်းများကိုထောက်လျင် ယခုတကြိမ်မေးခွန်းက ပို၍ အရေးကြီးမှန်း သိသာနေ၏။
လုပ်ရင်းကိုင်ရင်းနှင့်ပင် စုချန်းက ပြောလိုက်သည်။
"ကျူးရှန်းလင်ရဲ့အထိန်းချုပ်ခံဟာ တစုံတဦးကြောင့် လွတ်ထွက်သွားတာပဲ အဲလိုလွတ်သွားမှန်းကို သူ့သခင်ကိုယ်တိုင်တောင် မသိလိုက်ဘူး ဘယ်သူ့ကြောင့်လဲ ဘယ်လိုလုပ်လိုက်တာလဲ စသဖြင့် ဖြစ်နိုင်ချေတွေက အများကြီးရှိနေတယ် အဖြေမှန်တွေ့ဖို့ မျှော်လင့်ရတာပဲ ကဲ စမယ် ယုန်မျိုးနွယ်စုနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများလဲ ကျုပ် သိချင်တယ်"
စုချန်း၏ စကားဆုံးသည်နှင့် စတေးခံပစ္စည်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ မည်သည့်ဟောကိန်းမှ ပေါ်ထွက်မလာ။
ကျူးရှန်းယောင် ကြောင်အမ်းအမ်း ဖြစ်သွား၏။
"ဒါ..."
"ကျုပ် ရှုံးနိမ့်သွားပြီ"
"ဟင် ဘယ်လိုဖြစ်ရတာလဲ"
စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။
"မူလအရိုးက ဒီလိုပဲကွ ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့ ကျုပ်တို့ ထပ်ပြီးကြိုးစားကြည့်ချင်ရင် ကြိုးစားလို့ရသေးတယ်"
"ဒါဆို ကျွန်မတို့ ထပ်ကြိုးစားကြည့်ကြမလား"
"ကြိုးစားကြည့်မယ် ဟုတ်လား မလိုတော့ပါဘူး ရှန်းယောင်ရဲ့ တခါတလေမှာ ရှုံးနိမ့်မှုဆိုတာလဲ အဖြေတမျိုး ဖြစ်နေတတ်တယ်လေ အမှန်တရားကို ကျုပ် အခု မပြောနိုင်သေးဘူး ဒါပေမဲ့ မင်းတို့ရင်ဆိုင်နေရတဲ့ရန်သူ ဘယ်လိုလူစားမျိုးလဲဆိုတာတော့ ကျုပ် ပြောနိုင်တယ် ရှန်းယောင် ဒီတကြိမ် မင်းတို့ အတော်ကို ဒုက္ခရောက်ဖို့ရှိနေတယ်ကွ"
စုချန်း၏ စကားဆုံးသည်နှင့် ကျူးရှန်းယောင် မျက်နာပျက်သွားလေသည်။
"ဟာ ဒါဆို အမေ...."
ဤအနေအထားမျိုးတွင် အဘယ်ကြောင့် စုချန်း ကျန်ရစ်ခဲ့မှန်း ကျူးရှန်းယောင် နားလည်သွားလေပြီ။
_______________×××______________×××___________
ကောင်းကင်တွင် လူရိပ်များ တလှစ်လှစ် ပျံသန်းနေ၏။ သူတို့အားလုံး မြို့မြောက်ဘက် ကီလိုမီတာသုံးဆယ်အကွာအဝေးကို တခနနှင့် ရောက်ရှိလာကြလေသည်။
ထိုအချိန်မှာပင် လူတယောက်က် ပြေးလွှားနေသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
"အဲဒါ ချိန်းဝုပဲ"
"ဒါဆို စကြတာပေါ့"
ပြောပြောဆိုဆို ကျူးယဲ့ဖန်သည် ချိန်းဝုအား လက်သည်းနှင့် ကုပ်ချလိုက်၏။
သို့သော် ချိန်းဝုကား ထွက်ပြေးမည့်ဟန်မပြပဲ ကောင်းကင်ကိုသာ မလှုပ်မယှက် စိုက်ကြည့်နေ၏။ ကျူးယဲ့ဖန့်၏ လက်သည်းက အောက်သ်ို့ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့လေပြီ။
မြင်ကွင်းကိုကြည့်ရင်း ကျူးယုယန် တကိုယ်လုံး တုန်ယင်သွား၏။ ထို့နောက် သူမက ကပျာကယာ လှမ်းအော်သတိပေးလိုက်လေသည်။
"ယဲ့ဖန် သတိထား"
အောက်ဖက်ဆီမှ အနက်ရောင်အလင်းတန်းတခု တိုးထွက်လာ၏။ အဆိုပါအနက်ရောင်အလင်းတန်းဆီမှ သေမင်း၏ အငွေ့အသက်များ တရှိန်းရှိန်းထွက်ပေါ်နေလေသည်။
အမှောင်ထု၏ စွမ်းအား။ အင်အားကြီးမားသလောက် ကြောက်စရာကောင်းလှ၏။
ကျူးယွဲ့ဖန် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သူ့လက်တွင်လည်း ရှည်လျားသောဟက်တက်ကွဲဒဏ်ရာကြီး ထွက်ပေါ်လာ၏။ အဆိုပါဒဏ်ရာသည် မဲနက်နေပြီး သူ့လက်တချောင်းလုံးအား စတင်လှိုက်စားတော့သည်။
ကျူးယဲ့ဖန်တယောက်က် ချက်ချင်းပင် သူ့လက်အား ဓားနှင့် ခုတ်ဖြတ်လိုက်၏။ ပြတ်တောက်သွားသော လက်နေရာတွင် လက်တချောင်း အသစ်ပြန်ပေါက်လာလေသည်။
သို့သော် အချည်းနှီးသာ။ ဟက်တက်ကွဲဒဏ်ရာသည် မူလအတိုင်း ဆက်လက်တည်ရှိနေပြီး ဆက်လက်လှိုက်စားလျက်ရှိ၏။
ကျူးယဲ့ဖန်၏ တကိုယ်လုံးသည် ပြင်းထန်စွာ တုန်ခါသွား၏။ ထိုအခါ ၎င်း၏ နတ်ဘုရားနန်းဆောင်များသည်လည်း တုန်ခါသွားလေသည်။ နတ်ဘုရားနန်းဆောင်များ တုန်ခါသွားသည်နှင့် ကောင်းကင်နှင်မြေကြီးသည် သွက်သွက်ခါသွား၏။ ထိုအခါကျမှ အဆိပ်၏ လှိုက်စားမှု ရပ်တန့်သွားတော့သည်။
"အိုး ဘာမဟုတ်တဲ့အဆိပ်လေးနဲ့ အတော်ဒုက္ခရောက်သွားတာပဲ ခစ် ခစ် ခစ်"
ရယ်သံနှင့်အတူ အမှောင်ရိပ်အတွင်းမှ လူတယောက်က် ထွက်ပေါ်လာလေသည်။ အမျိုးသမီးတဦးပင်။
သူမကား ချိန်းဝု၏ အရိပ်အောက်တွင် ရပ်နေခြင်း ဖြစ်သည်။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ပင်လျင် သူမအား မထောက်လှမ်းနိုင်သည်ဖြစ်လေရာ သူမအသုံးပြုထားသောနည်းစနစ် မည်မျှ ထက်မြက်ကြောင်း မြင်သာနေ၏။
ယုန်မျိုးနွယ်စုမူပိုင် အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်ပင်တည်း။ ထိုနည်းစနစ်ကား အရိပ်အနည်းငယ်မျှရှိရုံနှင့် လုံးဝ ပျောက်ကွယ်စေနိုင်သော နည်းစနစ်တမျိုးပင် ဖြစ်သည်။
"ယုန်ချန်းကိုင်း မင်းကိုး ခွေးမ"
ကျူးယဲ့ဖန် ဒေါသတကြီးနှင့် ဆဲဆိုလိုက်၏။
ယုန်ချန်းကိုင်းကား ဒေါသထွက်မည့့်အစား တခစ်ခစ်ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ခစ် ခစ် ခစ် ကျွန်မတယောက်က်တည်း မဟုတ်ဘူးရှင့်"
ထိုအချိန်မှာပင် ကောင်းကင်တွင် လူရိပ်တချို့ ပေါ်ပေါက်လာ၏။
"ယုန်ချန်းရှန်း ယုန်ချန်းယွဲ့ ယုန်ချန်းလီ ယုန်ချန်းကျန်း ယုန်ယွဲ့ဟွာ လက်စသတ်တော့ ကြောင်သူတောင်ခွေးသူခိုးတွေကိုး"
ကျူးယုယန် ဒေါသတကြီးနှင့် ထအော်လိုက်လေသည်။
တဆက်တည်းမှာပင် သူမက တစုံတရာကို ယတိပြတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် ပြောလိုက်ပြန်၏။
"ကြည့်ရတာ မျိုးနွယ်စုနှစ်စုအကြား သူသေကိုယ်သေတိုက်ပွဲက ရှောင်လွဲမရတော့ဘူးနဲ့တူတယ်"
သူမ၏ စကားဆုံးသည်နှင့် ကောင်းကင်တွင် နောက်ထပ် လူရိပ်ရှစ်ရိပ် ထွက်ပေါ်လာပြန်သည်။
ထိုလူရှစ်ယောက်မှာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်လေးယောက်နှင့် ထိပ်ဆုံးအဆင့့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်လေးယောက်ပင် ဖြစ်သည်။ ထိုရှစ်ယောက်၏ ပုံစံမှာ လူသေအလောင်းများနှင့်ပင် တူနေ၏။ ထိုအထဲမှ တယောက်မှာ ယုန်မျိုးနွယ်အကြီးအကဲများနှင့် ချွပ်စွတ်တူညီနေလေသည်။
ထိုလူကိုမြင်သည်နှင့် ယုန်ချန်းရှန်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ရှန်းချွင်"
ကျူးယုယန်န်ကို စိုက်ကြည့်နေသည့် ယုန်ချန်းရှန်း၏ မျက်လုံးထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေလေသည်။
ယုန်မျိုးနွယ်အကြီးအကဲခုနှစ်ဦးအနက် တဦးဖြစ်သည့့် ယုန်ရှန်းချွင်သည် ကျူးယုယန်၏ အကျဥ်းသားဘဝသို့ ကျရောက်နေကြောင်း မြင်သာနေ၏။
နှစ်ပေါင်းများစွာ ရန်သူများအဖြစ် ရင်ဆိုင်လာခဲ့ကြသည်ဖြစ်၍ ထိုအဖြစ်မျိုးမှာ ဘာမှမဆန်းလှ။
သို့သော် သွေးသားရင်းချာတယောက်က် သူတပါး၏ ထိန်းချုပ်ခံဘဝသို့ ကျရောက်နေသည်ကို မြင်ရသည်မှာည်မှာ ယုန်မျိုးနွယ်များအဖို့ ပြင်းထန်စွာ နာကျငိစေလေသည်။
အကျဥ်းသား။ ထိန်းချုပ်ခံ။
သို့သော် ပြသနာမရှိ။ ရန်သူကို သုတ်သင်နိုင်ပါက မိမ်ိ၏ ညီရင်းကို ပြန်ရမည်သာ။
ယုန်ချန်းရှန်း ကျူးယဲ့ယန်အား ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"ဒီအတွက် မင်း တန်ရာတန်ကြေး ပြန်ပေးရလိမ့်မယ် ကဲ ဝင်ကြစမ်းဟေ့"
***