သုတေသန ၂
Vol. 77 Ch. 770
ရှည်လျားသော စမ်းသပ်ခုံကြီးပေါ်ဝယ် လူပျံတော်အထီးနှစ်ကောင်၏ အလောင်းများက အတိုင်းသား ရှိနေ၏။
လူပျံတော်များသည် ကိုယ်ခန္ဓာတည်ဆောက်ပုံတွင် လူသားများနှင့် အတော်ပင် တူညီ၏။ သိိသိသာသာခြားနားနေသည်မှာ အရွယ်အစားအနည်းငယ်သေးငယ်ခြင်းနှင့် ၎င်းတို့ကျောပေါ်ရှိ ကြီးမားသော အတောင်ကြီး ဖြစ်သည်။ သို့သော် အတွင်းပိုင်းဖွဲ့စည်းပုံမှာကား လူပျံတော်များသည် လူသားများနှင့် များစွာ ခြားနားနေလေသည်။
ကနဦးခွဲစိတ်မှုမှာပင် ၎င်းတို့ကိုယ်တွင်းဝယ် လေအိတ်ကိုယ်စီ ရှိနေကြောင်း စုချန်း တွေ့လိုက်ရ၏။ အဆိုပါ လေအိတ်သည် အစောပိုင်းကာလတွင် လူပျံတော်များအား လေပေါ်တွင် ပျံသန်းနိုင်စေရန် အထောက်အကူပေးပြီး နောက်ပိုင်းတွင်တော့ မူလစွမ်းအင်စုဆောင်းသိုလှောင်ပေးသည့် အိတ်အဖြစ် အသုံးတော်ခံ၏။
ထို့ပြင် လူပျံတော်များ၏ အရိုးဖွဲ့စည်းပုံကလည်း လူသားများနှင့် မတူပဲ ကွဲပြားနေ၏။ ၎င်းတို့ချဥ်ဆီပတ်ပတ်လည်ရှိ အခေါင်းပေါက်များသည် လေကိုစုဆောင်းထားနိင်လေရာ ထိုအတွက်ကြောင့်ပင် လူပျံတော်များ မွေးကတည်းက လေပေါ်တွင် ပျံသန်းနိုင်ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ အရိုးခေါင်းပေါက်များသည် လူပျံတော်များ မူလစွမ်းအင်ကို အသုံးပြုနိုင်စေရန် ကူညီပေး၏။
ထိုအတွက်ကြောင့်ပင် လူပျံတော်များသည် ညဏ်ရည်မြင့်မျိုးစိတ်များအနက် မူလစွမ်းအင်ကို အထူးချွန်ဆုံး အသုံးပြုနိုင်သူများ ဖြစ်လာကြခြင်းပင်။ ထို့ကြောင့် လူပျံတော်များသည် မူလစွမ်းအင်ကို အသုံးပြုရာတွင် အာကင်င်နာများထက် မညံ့လှချေ။
သို့ရာတွင် လူပျံတော်များတွင်လည်း အကြီးမားဆုံး အားနည်းချက်တခု ရှိနေ၏။ ယင်းမှာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အလွန်အားနည်းနေခြင်းပင်။
ထူးခြားသော အရိုးတည်ဆောက်ပုံကြောင့် လူပျံတော်များသည် အကြမ်းပတမ်းခံနိုင်ခြင်းမရှိ။ ထိုအခါ ၎င်းတို့၏ အသက်ရှင်နိုင်စွမ်းမှာလည်း များစွာ လျော့ကျသွားတော့သည်။ မည်မျှပင်လေ့ကျင့်စေကာမူ ထွန်းထွန်းပေါက်ပေါက်ဖြစ်မလာခြင်းမှာ ထိုအချက်ကြောင့်ပင်။ ထို့ကြောင့် အလွန်အရေအတွက်နည်းပါးသော လူပျံတော်တချို့သာ စစ်သည်တော်များ ဖြစ်လာကြကုန်၏။ လူပျံတော်အများစုမှာကား အဝေးမှတိုက်ခိုက်သူများ၊ လေးသည်တော်များသာ ဖြစ်လာကြလေသည်။ လူသားများနှင့် သတ်ဖြတ်သူများ လူပျံတော်များအပေါ်တွင် ရပ်တည်နေနိုင်ခြင်းမှာလည်း ထိုအချက်ကြောင့်ပေတည်း။
ထို့ကြောင့် လူပျံတော်များ၏ ကျင့်ကြံခြင်းစနစ်သည် ရှေးဟောင်းအာကင်နာကျင့်ကြံခြင်းစနစ်အပေါ်တွင် အခြေခံထားပြီး အာကင်နာများကဲ့သို့ပင် လက်စွပ်ဆယ်ကွင်း(အဆင့်ဆယ်ဆင့်)နှင့် ပိုင်းခြားထားလေသည်။ လူသားများနှင့် မတူသည်မှာ အာကင်နာများသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ၎င်းတို့ ဖော်ထုတ်နိုင်သည့် အာကင်နာနည်းစနစ်၏ အဆင့်အတန်းကို မူတည်ကာ တိုင်းတာကြခြင်းပင်။ တနည်းအားဖြင့် မည်သည့်လက်စွပ်အဆင့်ရှိ အာကင်နာနည်းစနစ်အား အသုံးပြခြင်းဟူသော အချက်က အာကင်နာပညာရှင်၏ အဆင့်အတန်းကို ဖော်ပြနေခြင်းဖြစ်လေသည်။
ထိုအချက်မှာ ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် လက်ရှိခေတ်သုံးနည်းစနစ်များအကြား အကြီးမားဆုံးသော ကွဲပြားခြားနားချက်ပင်။
တိုက်စစ်စွမ်းဆောင်ရည်စစ်စစ်ချင်းသာယှဥ်လျင် မူလစွမ်းအင်ကို အမြင့်ဆုံးအနေအထားထိ နှိုးဆွအသုံးပြုနိုင်ခြင်းကြောင့် ရှေးဟောင်းအာကင်နာနည်းစနစ်များသည် နံပါတ်တစ်နေရာတွင် ရှိနေ၏။ လက်စွပ်ဆယ်ကွင်းအဆင့်ရှိ အာကင်နာနည်းစနစ်သည် ကောင်းကင်နှင့်မြေကြီးကို သွန်လိုသွန်မှောက်လိုမှောက်လုပ်ပစ်နိုင်သည်ဟူသောစကားမှာ ယုံတမ်းစကားတော့မဟုတ်။ ထိုနည်းစနစ်များကိုတော့ ပျောက်ဆုံးနေသော ရှေးဟောင်းအာကင်င်နာနည်းစနစ်များဟု ခေါ်ကြ၏။
ဤနေရာတွင် ဖြည့်စွက်ပြောရလျင် စုချန်းသည်လည်း အဝေးမှတိုက်ခိုက်တတ်သူတဦး ဖြစ်၍ အာကင်နာပညာရှင်ဟု ခေါ်ဆိုက မမှားချေ။
သူသည် ထိပ်တန်းအာကင်နာနည်းစနစ်တချို့ကို ပြောင်မြောက်စွာ အသုံးချနိုင်၏။ လက်စွပ်ကိုးကွင်းအဆင့်ရှိသော အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို ကြည့်လျင် ၎င်းကို မြင်သာနေ၏။ တကယ်တော့ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်မှာ ထိုမျှ အဆင့်မရှိ။ စုချန်းက ပြုပြင်ပြောင်းလဲလိုက်သောကြောင့်သာ လက်စွပ်ကိုးကွင်းအဆင့်ရှိလာခြင်းပင်။
ထိုတိုးတက်မှုမျိုးမှာ စစ်စစ်ပေါက်ပေါက်တွေးလျင် တန်တော့မတန်။ အကြောင်းမှာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အား လက်စွပ်ကိုးကွင်းအဆင့်သို့ မြှင့်တင်ရန် စုချန်းအနေနှင့် စိတ်ဝိညာဥ်စွမ်းအင် အတော်များများကို ထုတ်သုံးခဲ့ရသည် မဟုတ်ပါလား။
ပေါက်ကွဲစေတတ်သော မီးလျံငှက်ကိုကြည့်လျင် ၎င်းနည်းစနစ်သည် ကနဦးတွင် လက်စွပ်သုံးကွင်းအဆင့်ရှိ အာကင်နာနည်းစနစ်မျှသာဖြစ်သော်လည်း စုချန်းက ပြုပြင်ပြောင်းလဲလိုက်သည့်အချိန်တွင်တော့ ၎င်း၏ အဆင့်အတန်းမှာ များစွာ မြင့်တက်သွားတော့သည်။
မည်သို့ပင်ဆိုစေ အင်ကင်နာများ၏ ကျင့်ကြံခြင်းအဆင့်အတန်းသတ်မှတ်ချက်အရသာဆိုလျင် စုချန်းအား လက်စွပ်သုံးကွင်းအဆင့်အာကင်နာပညာရှင်ဟု သတ်မှတ်ရပေလိမ့်မည်။
သူ့ရှေ့ရှိ လူပျံတော်နှစ်ကောင်မှာကား လက်စွပ်လေးကွင်းအဆင့်ရှိသူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ မူလစွမ်းအင်ပုံစံများအား စုချန်း စစ်ဆေးနိုင်စွမ်းရှိပေသည်။
အဆိုပါပုံစံများအား အာကင်နာနည်းစနစ်ပုံစံများဟု ခေါ်လေ့ရှိပြီး ၎င်းပုံစံများသည် အာကင်နာနည်းစနစ်များ ပုံစံအမျိုးမျိုးရှိနေရခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်လေသည်။ အတိတ်ကာလတွင် ထိုပုံစံများနှင့်ပတ်သက်၍ နားလည်ရန် စုချန်း အတော်ပင် ကြိုးစားခဲ့ရ၏။ ထို့ကြောင့် လူပျံတော်များ၏ မူလပုံစံကို လက်ရှိတွင် စုချန်းအနေနှင့် အလွယ်တကူ နားလည်နိုင်စွမ်းရှိနေခြင်းပင်။
စုချန်းသည် လူပျံတော်၏ ရင်ဘတ်ကို ဓားထက်ထက်နှင့် ခွဲချပြီး ၎င်း၏ မူလစွမ်းအင်ပင်လယ်ကို ကြည့်ရှုလိုက်ရာ အထဲတွင် အရောင်တဖြတ်ဖြတ်လက်ကာ ပေါလောပေါ်နေသည့် အရာတချို့ကို တွေ့လိုက်ရသည်။ ထိုအရာများမှာကား အာကင်နာနည်းစနစ်ပုံစံငယ်များပေတည်း။
အဆိုပါ ပုံစံများသည် စစ်မှန်သောမူလစွမ်းအင်နှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မူလစွမ်းအင်အဆောက်အဦးအငယ်စားများနှင့် တူနေ၏။ ၎င်းတို့အားလုံး မူလစွမ်းအင်ပင်လယ်တွင် တဝက်တပျက်စီ နစ်မြုပ်လျက်ရှိလေသည်။
မူလစွမ်းအင်ပင်လယ်ပြင်အား ဖွင့်လှစ်လိုက်သည်နှင့် အာကင်နာနည်းစနစ်ပုံစံငယ်များသည် မည်သည့်အကာအကွယ်မှ မရှိတော့သည်ဖြစ်၍ လေထဲသို့အငွေ့ပျံပျောက်ဆုံးကုန်တော့သည်။
၎င်းကိုကြည့်ရင်း စုချန်း သက်ပြင်းတချက်ချကာ ရေရွတ်လိုက်၏။
"ဘယ်လောက်တောင်ဝမ်းနည်းစရာကောင်းလိုက်သလဲဆိုတာ"
"ဘာလို့ဝမ်းနည်းစရာကောင်းတာလဲ သခင်"
စုချန်းက အောက်ပါအတိုင်း ရှင်းပြလ်ိုက်၏။
"ဒီအာကင်င်နာနည်းစနစ်ပုံစံငယ်တွေက်ို ထိမ်းသိမ်းထားနိုင်ခဲ့ရင် သိပ်ကောင်းမှာပေါ့ကွာ ဘာကြောင့်လဲဆိုတော့ ဒီအပိုင်းအစလေးတွေဟာ လူပျံတော်တွေ အာကင်နာနည်းစနစ်ကို ဘယ်လောက်နားလည်သလဲဆိုတာ ကောင်းကောင်းထင်ဟပ်ပြနေလို့ပဲ"
သံမဏိက ပြန်မေးလိုက်ပြန်သည်။
"ဒါဆို ဘာလို့မထိမ်းသိမ်းတာလဲသခင်"
"ဘာကြောင့်လဲဆိုတော့ ဒီပုံဆောင်ခဲလေးတွေက မူလစွမ်းအင်စစ်စစ်နဲ့ ဖွဲ့စည်းထားတာကွ သင့်လျော်တဲ့ကြားခံနယ်တခုခုမရှိပဲ သူတို့ကို ထိမ်းသိမ်းထားလို့ မရဘူး"
"ဒါဆိုလဲ သူတို့အတွက် သင့်လျော်တဲ့ကြားခံနယ်တခု ဖန်တီးလိုက်ရုံပေါ့သခင်"
စုချန်း ခေါင်းခါရန် ဟန်ပြင်လိုက်၏။ ပြီးမှ သူ တွေခနဲ ဖြစ်သွားလေသည်။
ဟာ...ဟုတ်တာပေါ့....ဘာကြောင့်မဖြစ်နိုင်ရမှာတဲ့လဲ...
ထိုအခါ စုချန်းက ပြောလိုက်၏။
"မင်းပြောတာ ယုတ္တိရှိတယ်ကွ ကျုပ်တို့ကြိုးစားကြည့်ကြတာပေါ့"
အဖြေမှာ ရှင်းရှင်းလေးပင်။ စုချန်း သိချင်နေသည့်မေးခွန်း၏ အဖြေကို မူလအရိုးသုံးကာ အဖြေထုတ်လိုက်ရုံသာ။
သိပ်မကြာမီ အဖြေတခု ထွက်ပေါ်လာ၏။
"ပန်းမဲ့မြက်၊ ယန်သုံးပါးသစ်သီး၊ ခေါင်းလောင်းသီးရဲ့အစေ့......."
စုချန်းက ဆက်တိုက်ဆိုသလိုပင် လိုအပ်သောအမယ်များကို ရေးချပြီး သံမဏိအား အမိန့်ပေးလိုက်သည်။
"ဒီစာရင်းကို ရှန်းလင်လက်ထဲထည့်ပေးပြီး ရှာခိုင်းလိုက် မြန်လေကောင်းလေပဲလို့"
ကျူးမျိုးနွယ်၏ အရင်းအမြစ်များကို ဤအချိန်မသုံးလျင် ဘယ်အချိန်သုံးမည်နည်း။
ထိုကနေ့ညနေမှာပင် လိုအပ်နေသောအမယ်များအားလုံး စုချန်း၏ အလုပ်စားပွဲပေါ်သ်ို့ ရောက်လာတော့၏။
ထိုအခါ စုချန်းသည် ဒုတိယလူပျံတော်၏ အလောင်းအား ဂရုတစိုက်နှင့် ခွဲစိတ်ကာ အာကင်နာနည်းစနစ်ပုံစံများအား ဆွဲထုတ်လိုက်လေသည်။ အဆိုပါပုံစံများသည် လေနှင့်ထိသည့်ခနမှာပင် ပျောက်ကွယ်စပြုလာ၏။ ထိုအခါ စုချန်းက ၎င်းပုံစံများအား သူဖန်တီးထားသည် ဒြပ်ပေါင်းအရည်ထဲသို့ မြန်မြန်ဆန်ဆန်ပင် ထည့်သွင်းလိုက်လေသည်။ အရည်ထဲသို့နစ်ဝင်သွားသည်နှင့် အာကင်နာနည်းစနစ်ပုံစံများသည် မူလအတိုင်း ပြန်လည်တည်ငြိမ်သွားလေသည်။
"အောင်ပြီကွ"
စုချန်း ဝမ်းသာအားရနှင့် ထအော်လိုက်သည်။ စုချန်း၏ပုံစံမှာ ယခင်နှင့်မတူပဲ အထူးပင် စိတ်လှုပ်ရှားဟန် ပေါ်နေလေသည်။
"လှလိုက်တာ"
စုချန်း ဘာပြောမှန်း သံမဏိခမျာ နားမလည်နိုင်ရှာ။
"သခင်ဘာလို့ဒါကိုလှတယ်လို့ ပြောနေရတာလဲ ကျုပ်ဖြင့် နားမလည်နိုင်တော့ဘူး"
စုချန်းက ပြန်မေးလိုက်၏။
"လက်ရှိခေတ်သုံးမူလစွမ်းရည်တွေနဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေအကြား အဓိကကွဲပြားခြားနားချက်က ဘာလဲ မင်းသိရဲ့လား သံမဏိ"
"သင့်လျော်တဲ့အာကင်နာနည်းစနစ်ကိုသုံးပြီး သခင့်ရဲ့ကျင့်ကြံခြင်းအဆင့်အတန်းကို မြှင့်တင်နိုင်တယ်လေ သခင်"
စုချန်း ပြုံးလိုက်၏။
"မဟုတ်ဘူးကွ မင်းပြောနေတာ အပြင်ပမ်းဝိသေသလက္ခဏာတွေ ကျုပ်ရှင်းပြမယ် ရှေးဟောင်းအာကင်နာနည်းစနစ်တွေရဲ့အူတိုင်ဟာ အသိပညာကို ရည်ညွှန်းနေတယ် ဒါက်ိုနားလည်သွားရင် မင်းအနေနဲ့ မူလစွမ်းအင်က်ို ကောင်းကောင်းကြီး အသုံးချနိုင်ပြီ"
အတန်ကြာသော် စုချန်းက ဒြပ်ပေါင်းအရည်ထဲတွင် ပေါလောပေါ်နေသည့့် ပုံစံငယ်လေးများအား ငေးရင်း အောက်ပါအတိုင်း ရေရွတ်လိုက်လေသည်။
"အသိပညာဆိုတာ ဆင့်ကဲပွားများလာစေနိုင်တဲ့ အစွမ်းသတ္တိရှိတယ်ကွ"
သံမဏိကား ယခုတိုင် ခေါင်းရှုပ်နေဆဲ။
စုချန်းက ပြောလိုက်ပြန်သည်။
"ကဲကွာ ဒီအာကင်နာနည်းစနစ်ပုံစံတွေကို ကျုပ် မင်းကိုယ်ထဲ ထည့်ပေးနိုင်တယ် ဒါဆိုရင် မင်းအနေနဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေကို ထုတ်သုံးလာနိုင်လိမ့်မယ်"
"ဘယ်လိုသခင် ဒါ ဖြစ်နိုင်ပါ့မလား"
သံမဏိ နဝေတိမ်တောင် ဖြစ်နေ၏။
"ဘာလို့မဖြစ်နိုင်ရမှာလဲ ဒီမှာကြည့် ကျုပ် လုပ်ပြမယ်"
စကားဆုံးသည်နှင့် စုချန်းသည် သူ့ဘက်ဖက်လက်အား မူလစွမ်းအင်ပုံစံငယ်များပေါ်တွင် တင်ထားလိုက်ပြီး ညာဖက်လက်အား သံမဏိ၏ ခေါင်းပေါ်တွင် တင်ထားလိုက်သည်။
ထိုခနမှာပင် သံမဏိ၏ မျက်လုံးအစုံသည် ပြာဝေသွား၏။ သူ့တကိုယ်လုံးသည်လည်း လျှို့ဝှက်နယ်ပယ်တခုအတွင်း တိုးဝင်သွားသလို ခံစားလိုက်ရသည်။ ထူးခြားဆန်းကြယ်သော ပုံစံအမျိုးမျိုးက သံမဏိပတ်ပတ်လည်တွင် ပေါလောပေါ်လျက်ရှိသည်။
ထို့နောက် လက်တချောင်းဘွားခနဲပေါ်လာပြီး သံမဏိထံသို့ ချည်းကပ်လာ၏။ သံမဏိက ထိုလက်အား ပုတ်ထုတ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် စုချန်း၏ အသံ ထွက်ပေါ်လာသည်။
"ခုခံဖို့မကြိုးစားနဲ့"
သံမဏိကား စုချန်း ရှင်ဆိုရှင်၊ သေဆိုလျင် သေမည့်ည့်သူ ဖြစ်သည်။
ကြည့်နေရင်းနှင့်ပင် ထိုလက်သည် သံမဏိ၏ စိတ်အာရုံအတွင်းသို့ တိုးဝင်လာ၏။ ထိုလက်ဆီမှ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသော မူလစွမ်းအင်ပုံစံများကလည်း သံမဏိ၏ စိတ်အာရုံဆီသို့ ဝင်ရောက်ပေါင်းစပ်ကုန်ကြလေသည်။
စုချန်း၏ အသံ ထပ်မံထွက်ပေါ်လာပြန်၏။
"မင်းရဲမူလစွမ်းအင်ကို အဲဒီပုံစံတွေအတိုင်း လှည့်ပတ်ခိုင်းစမ်း"
စုချန်း၏ အမိန့်ကို သံမဏိကလည်း တထပ်တည်းလိုက်နာလိုက်လေသည်။
ပုံစံငယ်များ၏ လှုပ်ရှားမှုသည် ပိုပိုမြန်ဆန်လာ၏။ သိပ်မကြာမီ သူတို့အားလုံး အချင်းချင်း ပေါင်းစပ်ကုန်လေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် မူလစွမ်းအင်ပုံစံများသည် သံမဏိ၏ စိတ်အာရုံဝယ် ထင်ဟပ်ဖြစ်တည်စပြုလာ၏။
ထိုအခိုက်မှာပင် သံမဏိ နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိလာတော့သည်။ ဘာတွေဖြစ်သွားမှန်း သူ နားမလည်နိုင်ရှာ။
စုချန်း၏အသံကို သူ ထပ်မံကြားလိုက်ရပြန်သည်။
"ဂုဏ်ယူပါတယ်ကွာ"
ဟင်..ဂုဏ်ယူပါတယ်တဲ့...
"ကဲ သံမဏ်ိိ မင်းကိုမင်း စစ်ဆေးကြည့်စမ်း"
သံမဏိ စုချန်း၏ အမိန့်အတိုင်း လိုက်နာလိုက်ပြန်သည်။ ထူးခြားဆန်းကြယ်သော ခံစားချက်တရပ် သူ့နှလုံးသားဝယ် ထင်ဟပ်လာ၏။
သံမဏိ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
"သခင် ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"မင်းဟာမင်း စမ်းကြည့်လေကွာ ဒါမှသိလာမှာပေါ့"
သံမဏိ လက်တဖက် မြှောက်လိုက်သည်။ ထိုအချိန်မှာပင် သူ့လက်ဖဝါးဆီမှ မီးတောက်တခု ဝုန်းခနဲ ထွက်ပေါ်လာပြီး သူ့တကိုယ်လုံးအား လွှမ်းခြုံထားလိုက်လေသည်။
သံမဏိ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ဟင် ဒါက ဘာကြီးလဲသခင်"
"မီးလျံဒိုင်းလို့ခေါ်တယ် လက်စွပ်လေးကွင်းအဆင့်အာကင်နာနည်းစနစ်ပဲ ဂုဏ်ယူပါတယ် သံမဏိ ခုဆိုရင် မင်းဟာ လက်စွပ်လေးကွင်းအဆင့် အာကင်နာပညာရှင် ဖြစ်သွားပြီ"
***