← Chapters

ဖြန့်ဝေခြင်း ၂

Vol. 78 Ch. 772

ဖြန့်ဝေခြင်း ၂

Vol. 78 Ch. 772

ရေခဲတံတိုင်းနည်းစနစ်ဟူသည် ထိန်းချုပ်ခြင်းအမျိုးအစား ရှေးဟောင်းအာကင်နာနည်းစနစ်ပင် ဖြစ်သည်။

လက်စွပ်သုံးကွင်းအဆင့်အာကင်နာနည်းစနစ်ဖြစ်၍ ၎င်း၏ အစွမ်းမှာ သိပ်မကြီးလှ။ သို့သော် အုပ်စုလိုက်တိုက်ခိုက်ပါက ထင်ထားသည်ထက် အကျိုးသက်ရောက်မှု ရှိပေသည်။

သမိုင်းကိုပြန်ကြည့်ပါက ရေခဲတံတိုင်းနည်းစနစ်၏ အစွမ်းကို အကြိမ်ကြိမ် မြင်တွေ့နိုင်လေသည်။ အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရပါက လူပျံတော်အများအပြားသည် ရေခဲတံတိုင်းနည်းစနစ်ကို ပြိုင်တူထုတ်ဖော်ကာ ရန်သူအား အေးခဲသွားစေတတ်၏။ ထို့နောက် ထောင်သောင်းချီသော မြားများဖြင့် ပစ်ခွင်းကာ ရန်သူအား ချေမှုန်းပစ်တတ်လေသည်။

ထို့ကြောင့် ဤနည်းစနစ်သည် ဓားအစေခံများအတွက်လည်း အသုံးဝင်မည်မှာ သေချာနေ၏။

ထို့ကြောင့် လက်စွပ်လေးကွင်းအဆင့်လူပျံတော်ဆယ့်ယ့်နှစ်ဦးအား အဆုံးရှုံးခံကာ လက်စွပ်သုံးကွင်းအဆင့်အာကင်နာနည်းစနစ်အား စုချန်း ရွေးချယ်ခဲ့ခြင်းပင်။ တဖက်တွင်လည်း ဓားအစေခံဆယ့်နှစ်ဦးတွက် သီးခြားနည်းစနစ်များ ရွေးချယ်မည်ဆိုပါက စုချန်းအနေနှင့် ၎င်းတို့တဦးချင်းစီအလိုက် သင့်လျော်မည့်နည်းစနစ်တမျိုးချင်းစီကို လိုက်လံရွေးချယ်ရတော့မည် ဖြစ်သည်။ ထိုသို့ရွေးချယ်ရန်မှာ မလွယ်လှ။ ထို့ကြောင့် လူတိုင်းနှင့် သင့်လျော်သည့် ရေခဲတံတိုင်းနည်းစနစ်ကို စုချန်း ရွေးချယ်လိုက်ခြင်းပင်။

ဓားအစေခံဆယ့်နှစ်ဦးအတွက် ရေခဲတံတိုင်းနည်းစနစ်အား ကူးပြောင်းပေးပြီးသည်နှင့် နောက်ထပ်အလှည့်ကျလာသူမှာ တိမ်တိုက်ကျားသစ်နှင့် ကျူးရှန်းယောင်တို့ပင် ဖြစ်သည်။

တိမ်တိုက်ကျားသစ်ကား တိုက်ခိုက်ရာတွင် ပါရမီပါလာသူ ဖြစ်သည်။ သူ၏တိုက်ပွဲအပေါ်အာရုံခံနိုင်စွမ်းသည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာသော အတွေ့အကြုံမှ လာ၏။ ထို့ကြောင့် ၎င်းနှင့် သင့်လျော်သည့် အာကင်င်နာနည်းစနစ်မှာ အတော်ပင် ရှားပါးနေ၏။ အာကင်နာများသည် အဝေးမှ တိုက်ခိုက်တတ်သူများဖြစ်ပြီး တိမ်တိုက်ကျားသစ်ကား အနီးကပ်လုပ်ကြံသတ်ဖြတ်ရေးသမား ဖြစ်နေသည် မဟုတ်ပါလား။ ထိုနှစ်မျိုးနှစ်စား ထပ်တူကျရန်မှာ ခဲယဥ်းလှပေသည်။

တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်ပုံအရ ရေကုန်ရေခန်းတိုက်ခိုက်ချိန်တွင် အာကင်နာနည်းစနစ်အား ထုတ်သုံးရန်မှာ အတော်ပင် ခက်လှသည် မဟုတ်ပါလား။

ထိုအခါ စုချန်း ဘာမှမတတ်န်ိင်တော့။ နောက်ထပ် လက်စွပ်ငါးကွင်းအဆင့်လူပျံတော်နှစ်ဦးအား သတ်ဖြတ်ပြီး တိမ်တိုက်ကျားသစ်နှင့် သင့်လျော်မည့် အာကင်င်နာနည်းစနစ်ပုံစံကို ရှာဖွေရတော့သည်။

ဤတကြိမ်တွင်တော့ တိမ်တိုက်ကျားသစ်နှင့် သင့်လျော်မည့် အာကင်နာနည်းစနစ်နှစ်မျိုးကို စုချန်း တွေ့လိုက်လေသည်။

ပထမနည်းစနစ်မှာ ပြောင်းပြန်လှန်ခြင်းအမည်ရှိ လက်စွပ်ငါးကွင်းအဆင့်အာကင်နာနည်းစနစ်ဖြစ်ပြီး ဒုတိယနည်းစနစ်မှာကား သဘာဝခံနိုင်ရည်အမည်ရှိ လက်စွပ်လေးကွင်းအဆင့် အာကင်နာနည်းစနစ်ပင် ဖြစ်သည်။

ပြောင်းပြန်လှန်ခြင်းအမည်ရှိ အာကင်နာနည်းစနစ်သည် ထူးခြားသောနည်းစနစ်တရပ်ဖြစ်ပြီး ၎င်းအား မူလစွမ်းအင်ပြောင်းပြန်လှန်ခြင်းဟု ခေါ်ဆိုပါက ပို၍မှန်ပေလိမ့်မည်။ အကြောင်းမှာ ၎င်းနည်းစနစ်သည် အသုံးပြုသူအား မူလစွမ်းအင်စီးဆင်းမှုကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အစွမ်းကို ပေးသောကြောင့်ပင်။ အမည်အားဖြင့် ပြောင်းပြန်လှန်ခြင်းဟူသော နည်းစနစ်သည် ရှုပ်ထွေးသယောင်ရှိသော်လည်း တကယ်တော့ အသုံးပြုပုံမှာ ရိုးရှင်းနေ၏။ ဥပမာအားဖြင့် အသုံးပြုသူ၏ မီးလျံစက်လုံးသည် နောက်ပြန်သွားနေသည်ဆိုပါစို့၊ ဤနည်းစနစ်နှင့်သာဆိုပါက မီးလျံစက်လုံးသည် ရှေ့သို့သော်လည်းကောင်း၊ ညာသို့ဘယ်သို့သော်လည်းကောင်း ပျံသန်းစေအောင် စွမ်းဆောင်လာနိုင်မည် ဖြစ်ပေသည်။ ဤနည်းစနစ်သည် လက်စွပ်ငါးကွင်းအဆင့် အာကင်နာနည်းစနစ်အနေနှင့် အားပျော့သည်ဟု ဆိုကောင်းဆိုနိုင်၏။ သို့သော် မူလစွမ်းအင်ထိန်းချုပ်ပုံမှာ အတော်ပင် ရှုပ်ထွေးသောကြောင့် လက်စွပ်ငါးကွင်းအဆင့်သတ်မှတ်ထားရခြင်းပင်တည်း။

မည်သို့ဆိုစေကာမူ တိမ်တ်ိုက်ကျားသစ်အတွက်တော့ ဤနည်းစနစ်သည် အတော်ပင် အသုံးဝင်လှ၏။

သူ့တိုက်ခိုက်ပုံမှာ မြန်ဆန်၏။ ပြောင်းလွယ်ပြင်လွယ်ရှိလှ၏။ တဖက်ရန်သူ မှန်းဆရခက်ခဲသော တိုက်ခိုက်ပုံမျိုး ဖြစ်သည်။ ဤနည်းစနစ်ကြောင့် တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်ပုံသည် ပို၍မှန်းဆရခက်ခဲလာတော့မည် ဖြစ်သည်။ သူ့အနေနှင့် ရှေ့သို့နောက်သို့ ပျံသန်း၍သော်လည်းကောင်း၊ ဘေးနံနှစ်ဖက်ဆီမှ အလစ်အငိုက်သော်လည်းကောင်း လျင်မြန်စွာ တိုက်ခိုက်လာနိုင်တော့မည် မဟုတ်ပါလား။ ထို့ကြောင့် ပြောင်းပြန်လှန်ခြင်းနည်းစနစ်သည် မည်မျှပင် အားပျော့သည်ဆိုစေကာမူ တိမ်တ်ိုက်ကျားသစ်အတွက်တော့ အဖိုးအဖြတ်နိုင်အောင် အသုံးဝင်သော နည်းစနစ်တရပ်ပင်။

လက်စွပ်လေးကွင်းအဆင့် အာကင်င်နာနည်းစနစ်ဖြစ်သည့့် သဘာဝခံနိုင်ရည်နည်းစနစ်မှာ ပို၍ပင် ရိုးရှင်းနေသေး၏။ ဤနည်းစနစ်ကြောင့် အသုံးပြုသူသည် ဓာတ်ကြီးလေးပါးဆိုင်ရာတိုက်ခိုက်မှုများအား ပို၍ ခံနိုင်ရည်ရှိလာရုံသာမက ရန်သူ၏ အာရုံခံနိုင်စွမ်းနှင့် တိုက်စွမ်းအားကို လျော့နည်းသွားစေမည် ဖြစ်သည်။

အာကင်နာနည်းစနစ်အတော်များများသည် ဓာတ်ကြီးလေးပါးအပေါ်တွင် အခြေခံထား၏။ မီးလျံစက်လုံး၊ ရေခဲတံတိုင်း စသည့်နည်းစနစ်များကို ကြည့်လျင် ၎င်းကို မြင်သာပေသည်။ ထို့ကြောင့် သဘာဝခံနိုင်ရည်နည်းစနစ်သည် အာကင်င်နာပညာရှင်များအတွက် အသုံးမတည့်လှ။ ထို့ကြောင့် ဤနည်းစနစ်ကိုလည်း အားပျော့သည့်နည်းစနစ်အဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော် အားပျော့သောနည်းစနစ်နှစ်ရပ်သည်ပင် တိမ်တိုက်ကျားသစ်အတွက် များစွာ အသုံးတည့်နေတော့၏။

ကျူးရှန်းယောင်သည်လည်း တိမ်တိုက်ကျားသစ်ကဲ့သို့ပင် အာကင်နာနည်းစနစ်နှစ်ရပ်အား လက်ခံရရှိခဲ့လေသည်။

ထိုနည်းစနစ်နှစ်မျိုးမှာ လက်စွပ်ငါးကွင်းအဆင့်တွင်ရှိပြီး ပထမနည်းစနစ်မှာ ထာဝရအလင်း၏ ကောင်းချီးအမည်ရ နည်းစနစ်ဖြစ်သည်။ ဒုတိယနည်းစနစ်မှာကား ထာဝရအလင်း၏ ရှင်ပြန်ထမြောက်ခြင်း အမည်ရနည်းစနစ် ဖြစ်သည်။

ထာဝရအလင်းအာကင်နာနည်းစနစ်များသည် စစ်မှန်သော ရှေးဟောင်းအာကင်နာနည်းစနစ်များဖြစ်ပြီး လူပျံတော်အများစု ကျင့်ကြံသည်နည်းစနစ်များနှင့် တချို့နေရာတွင် ကွဲပြားခြားနားချက်များ ရှိနေ၏။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် လူပျံတော်များသည် ၎င်းတို့အတွက် သင့်တော်မည့်အာကင်နာနည်းစနစ်များကို ကြံဆလာကြလေရာ နောက်ပိုင်း ၎င်းတို့နည်းစနစ်များသည် လူပျံတော်များသီးသန့်ပိုင်ဆိုင်သည့့်အနေအထားသို့ ပြောင်းလဲသွားကြလေသည်။ သို့သော် ထာဝရအလင်းနည်းစနစ်များသည်ကား အာကင်နာပညာရှင်များထံမှ တိုက်ရိုက်ဆင်းသက်လာသည့့် ရှေးဟောင်းအာကင်နာနည်းစနစ်စစ်စစ်များပင်။

ထာဝရအလင်း၏ ကောင်းချီးပေးခြင်းနည်းစနစ်သည်ကား ထာဝရအလင်းဖြင့် ဧရိယာတခု ဖန်တီးပြီး အဆိုပါဧရိယာအတွင်းရှိ ရွေးချယ်ခံပစ်မှတ်များ၏ အင်အားကို များစွာ တိုးပွားလာနိုင်စေ၏။

ထာဝရအလင်း၏ ရှင်ပြန်ထမြောက်ခြင်းနည်းစနစ်ပလည်း ရိုးရိုးရှင်းရှင်းပင်။ ဤနည်းစနစ်၏ အစွမ်းမှာကား ရွေးချယ်ခံပစ်မှတ်များ၏ ဒဏ်ရာကို သက်သာပျောက်ကင်းစေခြင်းပင်။ ဒဏ်ရာသက်သာနိုင်နှုန်းမှာကား ဒဏ်ရာရရှိသူ၏ အင်အားအပေါ်တွင်လည်း မူတည်နေသေး၏။ လက်စွပ်ငါးကွင်းအဆင့်အာကင်င်နာနည်းစနစ်ဖြစ်၍ ၎င်း၏ အစွမ်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များအပေါ်တွင် သက်ရောက်မှုရှိနေ၏။ လူတယောက်ကို သေရာမှရှင်အောင် မစွမ်းဆောင်နိုင်သည့်တိုင် ဒဏ်ရာများကို မြန်ဆန်စွာ သက်သာပျောက်ကင်းစေ၍ တိုက်ပွဲကြီးများအတွင် အလွန်အသုံးဝင်သော နည်းစနစ်တရပ်ပင် ဖြစ်သည်။ သို့သော် ၎င်း၏ အစွမ်းမှာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များအပေါ်တွင်တော့ ကန့်သတ်ချက်ရှိနေ၏။

ဤနည်းစနစ်သည် ထိန်းချုပ်ခံများအပေါ်တွင်သာမက ကျန်လူများအပေါ်တွင်ပါ သက်ရောက်မှုရှိနေသဖြင့် ဤနည်းစနစ်ကို ကျူးရှန်းယောင်အားပေးရန် စုချန်း ဆုံးဖြတ်လိုက်ခြင်းပင်။

ကျန်လက်စွပ်ငါးကွင်းအဆင့်လူပျံတော်နှစ်ကောင်နှင့် လက်စွပ်ခြောက်ကွင်းအဆင့် လူပျံတော်တစ်ကောင်ကိုတော့ စုချန်းက သူ့အတွက် သုံးလိုက်၏။

လက်စွပ်ခြောက်ကွင်းအဆင့် အာကင်နာနည်းစနစ်မှာကား စွမ်းအင်တွင်းနက်ပင်တည်း။ ကျန်လက်စွပ်ငါးကွင်းအဆင့် အာကင်င်နာနည်းစနစ်နှစ်မျိုးမှာကား အမှောင်ထုနွေဦးနှင့် အာကင်နာနည်းစနစ်ပုံစံငယ်ပင် ဖြစ်လေသည်။

စွမ်းအင်တွင်းနက်သည် အသုံးပြုသူ၏ ကိုယ်ခန္ဓာပြင်ပတွင် မူလစွမ်းအင်အူတိုင်တခုက်ို ဖန်တီးပေးနိုင်ပြီး မူလစွမ်းအင်များအား သိုလှောင်ရန် အကူအညီပေးနိုင်၏။ တနည်းအားဖြင့် ဤနည်းစနစ်မှာ အသုံးပြုသူအား အရန်မူလစွမ်းအင်များ စုဆောင်းထားနိုင်စေရန် ကူညီပေးနိုင်ပေသည်။ ဤနည်းစနစ်အား ဖန်တီးထားရခြင်း၏ ရည်ရွယ်ချက်မှာ အသုံးပြုသူသည် ပို၍ပြင်းထန်အားကောင်းသော အာကင်နာနည်းစနစ်များ အသုံးပြုလာစေနိုင်ရန်ပင်။ ထို့ကြောင့် ၎င်းအား ဖျက်ဆီးရေးစွမ်းအားချဲ့ထွင်ရေးကိရိယာဟုပင် သတ်မှတ်နိုင်သေး၏။

အမှောင်ထုနွေဦးမှာ အမှောင်ထုမူလစွမ်းအင်နှင့် ဆင်တူနေ၏။

စုချန်းသည် ယုန်မျိုးနွယ်စုထံမှာ အစွမ်းထက်မူလစွမ်းရည်တချို့ကို ရရှိခဲ့၏။ သို့သော် ၎င်း၏ အရင်းအမြစ်ဖြစ်သော အမှောင်ထုမူလပစ္စည်းက ယခုတိုင် ပြသနာတရပ်ဖြစ်နေဆဲပင်။ ဓားတသောင်းတောင်ရှိ တံခါးဝတွင် အမှောင်ထုမူလပစ္စည်းများ စုချန်း ထုတ်ယူခဲ့၏။ တောင်နှင့်ဝေးရာဆီသို့ ရောက်လာသောအခါ ထိုပြသနာမှာ တဖန်ပြန်လည်ပေါ်ပေါက်လာပြန်သည်။ အမှောင်နွေဦးမှာ ထိုပြသနာအတွက် အဖြေပင်။ ဤနည်းစနစ်သည် အမှောင်နယ်မြေနှင့် လှိုင်ခေါင်းတခုဖန်တီးပြီး အတွင်းမှ အမှောင်စွမ်းအင်များအား အပြင်သို့ စီးထွက်လာစေနိုင်၏။ထိုမျှသာမကသေး ၎င်းသည် အမှောင်ထုဆိုင်ရာမူလစွမ်းရည်များနှင့် အာကင်နာနည်းစနစ်များ၏ စွမ်းရည်များကို တိုးပွားလာစေနိုင်သေးသည်။

အာကင်နာနည်းစနစ်ပုံစံငယ်သည်ကား အာကင်နာနည်းစနစ်များ၏ စွမ်းအားကို ပို၍အားကောင်းလာစေအောင် ကူညီပေး၏။ ထိုအထဲတွင် ၎င်းစွမ်းရည်၏ သက်ရောက်မှုကြာချိန်ကို တိုးပွားလာစေနိုင်သော အချက်လည်း ပါဝင်နေပေသည်။

စုချန်းတွင် ကိုယ့်ကိုယ်ကို ကိုယ်ပွား ပွားစေသည့် စွမ်းရည်တမျိုးကို ပိုင်ဆိုင်ထား၏။ အာကင်နာနည်းစနစ်ပုံစံငယ်သည် စုချန်း၏ ကိုယ်ပွားကို လှုပ်ရှားချိန်ကြာမြင့်အောင် ကူညီပေးနိုင်ပေလိမ့်မည်။

စုချန်းသည် ဤနည်းစနစ်သုံးမျိုးကိုအခြေခံကာ အာကင်င်နာနည်းစနစ်များနှင့် လက်ရှိခေတ်သုံးမူလစွမ်းရည်များ ပေါင်းစပ်ပေးနိုင်မည့် အုတ်မြစ်တခုအား ပန္နွတ်ရိုက်နိုင်ခဲ့လေပြီ။ ကွဲပြားခြားနားသော စနစ်နှစ်မျိုးအကြားဝယ် ဆက်သွယ်ပေးနိုင်မည့် တံတားကြီးတစင်း စတင်ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ အနာဂတ်ခရီးလမ်းကား ရောင်ခြည်လွှမ်းနေခဲ့လေပြီတည်း။

***

All Chapters