← Chapters

ထုတ်ပြော၍မရသော လျှို့ဝှက်ချက် ၁

Vol. 78 Ch. 773

ထုတ်ပြော၍မရသော လျှို့ဝှက်ချက် ၁

Vol. 78 Ch. 773

"မင်းနာမည်ဘယ်လိုခေါ်သလဲ"

စုချန်းက သံပြတ်နှင့် မေးခွန်းထုတ်လိုက်သည်။

"မီးလျံအိုရီအိုးလ်"

လူပျံတော်မ ကျုံးကျုံးနွံနွံပင် ပြန်ဖြေလိုက်၏။ ကနဦးတွင် စုချန်းကို မုန်းတီးစွာ စိုက်ကြည့်နေသော သူမ ယခုတော့ ခေါင်းမာရဲတော့ဟန် မတူ။ စမ်းသပ်မှုများ ပြီးဆုံးပြီးနောက် သူမ၏ ဒေါသ၊ အမုန်းတရားများအားလုံး ကြောက်ရွံ့ခြင်းအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

အရက်စက်ဆုံးဟူသော အပြစ်ပေးမှုမျိုးကိုပင် ထီမထင်သော သူမ စုချန်း၏ ထပ်ခါထပ်ခါစမ်းသပ်မှုများနှင့် ကြုံလိုက်ရပြီးနောက် အကြောက်တရားများ တကိုယ်လုံးအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

၎င်းမှာ ခံစားရသော ဝေဒနာသက်သက်ကြောင့် မဟုတ်။ အသက်တချောင်းအပေါ်ထားသော စုချန်း၏ သဘောထားကြောင့်ပင်။

သုတေသီတဦး၏ အမြင်တွင် စမ်းသပ်မှုများအားလုံးသည် တိုးတက်မှု၏ ဖြစ်စဥ်ဖြစ်သော်လည်း မီးလျံအိုရီအိုးလ်၏ အမြင်တွင်တော့ အရိုးတခြား အသားတခြား ခွဲစိတ်ဖြတ်တောက်မှုများသည် အရက်စက်ဆုံးသော ညှင်းပန်းနှိပ်စက်မှုထက်ပင် ထိတ်လန့်စရာ ကောင်းနေ၏။ စုချန်း၏ လက်ထဲတွင် အသက်တချောင်းသည် ဘာတန်ဖိုးမှမရှိပဲ ဖြစ်နေ၏။ ထိုအခါ အသက်သည် အသက်မဟုတ်တော့။ အလုပ်တခု၏ အစိတ်အပိုင်းတခုမျှသာ ဖြစ်သွားတော့သည်။

လူပျံတော်အသေကောင်များ၏ ကိုယ်ထဲမှ အာကင်နာနည်းစနစ်ပုံစံငယ်များကို ဆွဲထုတ်ကာ တခြားလူများ၏ ကိုယ်တွင်းသို့ စုချန်း ကူးပြောင်းပေးနေကြောင်း သူမကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။ ၎င်းသည် သူမ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားလေရာ မီးလျံအိုရီအိုးလ်တယောက်က် ဘာပြောရမှန်းမသိတော့။ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်ရုံသာ တတ်နိုင်ရှာတော့သည်။

သူမ၏ စိတ်ထဲတွင်လည်း စုချန်းအား နတ်ဆိုးတကောင်သဖွယ် ထင်မြင်လာတော့သည်။ ၎င်းအမြင်သည် သူမအား အကြီးအကျယ် ကြောက်လန့်စေ၏။

"မီးလျံအိုရီအိုးလ် ဟုတ်လား သိပ်မဆိုးလှတဲ့နာမည်ပဲ"

စုချန်း ခပ်ပြုံးပြုံးနှင့် ရေရွတ်လိုက်သည်။

၎င်းမှာ အံ့သြစရာတော့မဟုတ်။ လူပျံတော်တိုင်းလိုလိုသည် အလွန်လှပသော နာမည်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။ ၎င်းတို့၏ နာမည်များသည် လှပ၏။ ရသမြောက်၏။ နူညံ့သိမ်မွေ့၏။

သို့သော် စုချန်းကတော့ ထိုသို့မမြင်။ လူသားများအား သတ်ဖြတ်ရန်လာသည့့်အချိန်တွင် လူပျံတော်များသည် အလွန်ရက်စက်ကြမ်းကြုတ်တတ်သည်ဟုသာ စုချန်း ယူဆထား၏။

"မင်း မြင်တဲ့အတိုင်း ကျုပ်ဟာ လောကကြီးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနေတဲ့ လူတယောက်ပဲ သာမာန်အခြေအနေမှာသာဆိုရင် မင်းလဲ မင်းအဖော်တွေနောက်ကို လိုက်ရမှာပဲ ဒီတလျှောက်လုံးမှာ ကျုပ်ရဲ့စမ်းသပ်မှုတွေ ဘယ်လိုရှိသလဲဆိုတာ မင်း သိလိုက်ရပြီ ဒါပေမဲ့ မင်း ခုထိ ဘာဝေဒနာမှ မခံစားရပဲ ကောင်းကောင်းမွန်မွန် ရှိနေတုန်းပဲ ကျုပ် ဘာကြောင့် မင်းကို ဒီလို သက်ညှာထားတယ် ထင်သလဲ"

စုချန်းက အထက်ပါအတိုင်း စတင်မေးမြန်းလိုက်၏။ သူမျက်နှာမှာ တည်ငြိမ်နေ၏။ သူ့နှုတ်ခမ်းများမှာ ပြုံးယောင်သမ်းနေလေသည်။ ၎င်းကိုကြည့်ရင်း မီးလျံအိုရီအိုးလ် အလွန်ကြောက်လန့်သွား၏။

သူမတကိုယ်လုံး တုန်ယင်နေ၏။ ကြောက်လွန်း၍ အသံပင် မထွက်နိုင်တော့။

စုချန်း မျက်မှောင်ကုတ်သွား၏။

"ဘယ်လိုကြောက်ရမလဲဆိုတာကို သိတာဟာ ကောင်းတာပဲကွ ဒါပေမဲ့ အခြေအနေတခုကို မတုံ့ပြန်နိုင်တော့တာကတော့ သိပ်မကောင်းလှဘူး မင်း သရုပ်ဆောင်တာ အမူအရာ ပိုလွန်းနေပြီ ဒါမျိုးတော့ မင်း မလုပ်သင့်ဘူးကွ ဒီမယ် ကျုပ် ပြောမယ် မင်း ကျုပ်ကို ကြောက်နေတယ်ဆိုတာ ကျုပ် သိတယ် ဒါပေမဲ့ ဒီလောက်ထိ ကြောက်နေတာတော့မဟုတ်ဘူး ကျုပ်ကို လိမ်ဖို့မကြိုးစားနဲ့ နောက်တခါ ဒါမျိုးလုပ်ရင် တခါတည်း စမ်းသပ်ခန်းထဲ ခေါ်သွားပစ်မယ်"

မီးလျံအိုရီအိုးလ် အေးခဲသွား၏။ အတန်ကြာမှ သူမ အသံထွက်လာလေသည်။

"ရှင် ကျွန်မကို ဘာကြောင့်မသတ်မှန်း ကျွန်မ မသိဘူး ဒါမှမဟုတ် ရှင် ကျွန်မကို တခုခု လုပ်ချင်လို့လားများ"

ပြောရင်းနှင့် သူမကို သူမ ပြန်ငုံ့ကြည့်လိုက်သည်။

သူမ၏ ဆိုလိုရင်းကို စုချန်း ချက်ချင်းသဘောပေါက်သွား၏။

လူပျံတော်များသည် အတောင်ပံပါသည်မှအပ ကျန်အရာများတွင် လူများနှင့် အတူတူပင်။ အတိအကျ ပြောရလျင် လူသားများထက်ပင် ပို၍ ချောမောနေကြသေး၏။

မီးလျံအိုရီအိုးလ်က စုချန်းအား ကျန်လူများကဲ့သို့ ရှုမြင်လိုက်ခြင်းပင်။

စုချန်း စိတ်ပျက်သွား၏။

"ကျုပ်က ခပ်ညံ့ညံ့ကောင် မဟုတ်ဘူး မင်းကို မသတ်ပဲထားရတဲ့ တခုတည်းသောအကြောင်းက ကျုပ် သိချင်တာရှိလို့ပဲ ယုမျိုးနွယ်စု ကျုပ်တို့ကို သစ္စာဖောက်အောင် မင်း ဘယ်လိုများ စည်းရုံးလိုက်သလဲ"

နတ်ဆိုးဧကရာဇ်မျိးနွယ်စုဟူသည် လူသားများအနက် အတော်လေး မြင့်မားသော အဆင့်အတန်း ဖြစ်သည်။ မိုင်းတွင်းများ ခန်းခြောက်တော့ ဘာဖြစ်သနည်း။ နေရာသစ်တခုသို့ ရွှေ့ပြောင်းအခြေချရုံပင် မဟုတ်ပါလား။ ယခုတော့ ၎င်းတို့က ကျူးမျိုးနွယ်ကိုပါ အပြတ်ရှင်းရန် ကြိုးစားလာသေး၏။ ဤတချက်မှာ ထူးဆန်းနေပေသည်။

ယုန်မျိုးနွယ်စု လူသားများကို အဘယ်ကြောင့် သစ္စာဖောက်ရလေသနည်း။

မျိုးစိတ်များအကြား ကွဲပြားခြားနားချက်များဟူသည် ရုပ်ပိုင်းဆိုင်ရာသက်သက်မဟုတ်ချေ။ သင့်အနေနှင့် ကို ကိုယ့်မျိုးစိတ်ကို သစ္စာဖောက်ကာ ဘက်ပြောင်းသွားပါက သာယာအေးချမ်းသောဘဝကို ဘယ်သောအခါမှ ပိုင်ဆိုင်နိုင်တော့မည် မဟုတ်။ ထို့ကြောင့် မရူးမနှမ်းသော ဘယ်လူသားမှ လူသားမျိုးစိတ်ကို သစ္စာဖောက်ရဲလိမ့်မည်မဟုတ်ချေ။

ဤသို့ဆိုလျင် ယုန်မျိုးနွယ်များသည် မိမိမျိုးစိတ်မဟုတ်သော လူပျံတော်များနှင့် ပူးပေါင်းရန် အဘယ်ကြောင့် ဆုံးဖြတ်လိုက်လေသနည်း။

တကယ်တော့ လူပျံတော်များသည် ရုပ်ပိုင်းဆိုင်ရာအရသော် အားနည်းကြသော်လည်း တခြားမျိုးစိတ်များအပေါ် အထင်သေးသည့် စိတ်ထားရှိကြသူများ ဖြစ်သည်။

ဤသို့ဖြစ်ရခြင်းမှာလည်း ၎င်းတို့၏ သမိုင်းကြောင်းကြောင့်ပင်။

အမှောင်ခေတ်၊ တနည်းအားဖြင့် မူလသားရဲကြီးများ ကြီးစိုးနေသောခေတ်တွင် လူပျံတော်များသည် တခြားမျိုးစိတ်များထက် မြင့်မားသော အခြေအနေကို ပိုင်ဆိုင်ခဲ့ဖူးကြ၏။ လူသားများ၊ ပင်လယ်မျိုးစိတ်များ အစားအစာအဖြစ် အသုံးတော်ခံနေချိန်တွင် သတ်ဖြတ်သူများမှာ မူလသားရဲကြီးများ၏ အစေခံအဖြစ် တာဝန်ထမ်းဆောင်ကြလေသည်။ ထိုအချိန်တွင် လူပျံတော်များကား မူလသားရဲကြီးအား သန့်ရှင်းပေးသည့်တာဝန်ကို ထမ်းဆောင်ကြလေသည်။ သားရဲကြီးများသည် ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်နိုင်ကြသော်လည်း ထိုသို့ တယုတယပြုစုပေးခြင်းမျိုးကို သဘောကျကြ၏။

ထိုအတွက်ကြောင့်လည်း ဝမ်တောက်ရှန်းက အောက်ပါအတိုင်း ပြောခဲ့ခြင်းပင်။

"ဒီခွေးမသားလူပျံတော်တွေဟာ အစားအစာနားမှာ ဝဲနေတဲ့ ယင်ကောင်တွေလိုပဲ သူတို့ကိုယ်ကျိုးအတွက် သားရဲတွေဆီ အသုံးတော်ခံခဲ့တဲ့အကောင်တွေ"

အလွန်ဝေးကွာသော ရှေးအတီတေကာလဆီမှ ရွှေရောင်နေ့ရက်များကို ယခုအချိန်ထိ လူပျံတော်များ ဂုဏ်မောက်ဝင့်ကြွားနေဆဲပင်။ တခြားမျိုးစိတ်များအား အထင်သေးနေကြဆဲပင်။

ထို့ကြောင့် လူသားများဘက်မှလည်း လူပျံတော်များကို မုန်းတီးကြ၏။ ဤအနေအထားတွင် နတ်ဆိုးဧကရာဇ်မျိုးနွယ်စုတစုဖြစ်သည့် ယုန်မျိုးနွယ်စုအနေနှင့် လူသားတမျိုးနွယ်လုံးအား သစ္စာဖောက်ရန် အဘယ်ကြောင့် ကြံစည်ရလေသနည်း။ ယုန်မျိုးနွယ်စု၏ လုပ်ရပ်ကား တကယ်ပင် ဆန်းကြယ်လှ၏။

ကျူးယုယန်သည်လည်း ယုန်မျိုးနွယ်အကြီးအကဲများအား စစ်မေးဖူးသည်သာ။ အဖြေမှာ တခုတည်းပင်။ ဤဆုံးဖြတ်ချက်က်ို ချမှတ်သူမှာ ယုန်မျိုးနွယ်ဘိုးဘေးကြီး ယုန်ကုလွှာ ဟူ၏။

ယုန်ကုလွှာကား ထွက်ပြေးသွားခဲ့လေပြီ။ ထို့ကြောင့် မေးခွန်းအား ဖြေနိုင်မည့်သူ မရှိတော့။

လူပျံတော်သုံးဦးအနက် တဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်သည့် မီးလျံအိုရီအိုးလ်သည်လည်း မှတ်ညဏ်ကို လျှို့ဝှက်နည်းစနစ်တရပ်နှင့် ပယ်ဖျက်ခံထားလိုက်ရလေရာ အဖြေမှာ ထာဝရပျောက်ဆုံးသွားခဲ့ပြီဟု ဆိုရမလိုပင်။

စုချန်း၏ မေးခွန်းကိုကြားသောအခါ အိုရီအိုးလ် ပြန်ဖြေလိုက်သည်။

"ဒီမေးခွန်းရဲ့အဖြေကို ကျွန်မ မသိပါဘူးရှင်"

"မင်း မသိဘူးဆိုတာ ကျုပ် ယုံတယ် မင်းသာသိရင် သူတို့ ဒီကို ဘယ်ပြန်လွှတ်ပါ့မလဲ ဒါပေမဲ့ မှတ်ညဏ်တွေ ဖျက်ဆီးခံရထားတာနဲ့ အမှန်တရားကို ကျုပ် မရှာနိုင်ဘူးလို့တော့ မဆိုလိုဘူး ပြီးတော့ မင်း ပယ်ဖျက်ခံထားရတဲ့ မှတ်ညဏ်ဆိုတာ အဖြစ်အပျက်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ မှတ်ညဏ်တွေပဲ တခြားမှတ်ညဏ်တွေမပါဘူး ဟုတ်တယ်မလား ကျုပ် ပြောတာ"

အိုရီအိုးလ် ကြောင်တောင်တောင် ဖြစ်သွား၏။

"ဟင် အဲဒီတော့ ဘာဖြစ်သလဲ"

"မင်း ဘယ်သူလဲ ဘယ်ကလဲဆိုတာ အရင်င်ဆုံး ပြောပါအုံး"

"ကျွန်မဟာ တေးသံသာအသိုက်က သံသကရိုက်ပုလွေပဲ"

လူပျံတော်အသိုက်များဟူသည် လူသားတွင် နိုင်ငံများနှင့် ထပ်တူပင်။ သံသကရိုက်ပလွေသည်လည်း သတ်ဖြတ်သူများ၏ ဝိညာဥ်မဲ့၊ အရိုးနတ်ဆရာများနှင့် အဆင့်တူပေသည်။ သံသကရိုက်ပုလွေများသည် တစုံတဦး၏ စိတ်ကို သန့်စင်စေ၏။ ထက်မြက်စေ၏။ စိတ်ဝိညာဥ်စွမ်းအားကို တိုးပွားလာစေ၏။ ၎င်းတို့သီဆိုသော သီချင်းများမှာ စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အထူးဖန်တီးထားခြင်းပင်။

သံသကရိုက်ပလွေဖြစ်နေ၍လည်း ကျူးရှန်းလင်၏ ထိန်းချုပ်ခံကို အိုရီအိုးလ် လုယူသွားနိုင်ခြင်းပင်။

သို့သော် သံသကရ်ိုက်ပုလွေတဦးအား လူသားနယ်မြေသို့ လူပျံတော်များ အဘယ်ကြောင့် စေလွှတ်လိုက်လေသနည်း။ လူသားအထိန်းချုပ်ခံများအား လွတ်မြောက်စေလို၍ပေလော။

မဖြစ်နိုင်။ မည်သို့မှ အဓိပ္ပါယ်မရှိ။

စုချန်းက ထပ်မေးလိုက်ပြန်သည်။

"ဒီတော့ မင်းမှတ်ညဏ်က လျို့ဝှက်နည်းစနစ်တမျိုးနဲ့ ရှင်းလင်းခံလိုက်ရတာလား"

"မှန်ပါတယ်"

သံသကရိုက်ပုလွေများသည် စစ်သည်တော်များမဟုတ်။ အကြမ်းပတမ်းစစ်မေးခံရပါက လျှို့ဝှက်ချက်များ ပေါ်ထွက်သွားနိုင်၏။ ထို့ကြောင့် လျို့ဝှက်နည်းစနစ်တရပ်က်ို လူပျံတော်များ ဖန်တီးခဲ့ရခြင်းပင်။

"ဘယ်လိုနည်းစနစ်မျိုးလို့ မင်းထင်သလဲ"

"စကားလုံးတွေနဲ့ ဖန်တီးထားတာပဲ တွေးဖို့စဥ်းစားတာနဲ့ ကျွန်မတခေါင်းလုံး နာကျင်လာတယ် ဘာမှ ဆက်တွေးလို့မရတော့ဘူး ဒီမှတ်ညဏ်နဲ့ သက်ဆိုင်တာကို ဆက်တွေးဖို့ ကျွန်မဦးနှောက်က ခွင့်မပြုတော့ဘူးရှင့်"

အိုရီအိုးလ်၏ပုံစံမှာ အကူအညီကင်းမဲ့ဟန် ပေါ်နေလေသည်။

"အဲဒီလိုကိုး"

စုချန်းက မေးစေ့ပွတ်ရင်း ပြောလိုက်ပြန်၏။

"ဒါပေမဲ့ အဲဒီစကားလုံးတွေ စာသားတွေ ဘယ်ကလာသလဲတော့ မင်း သိသင့်တယ်မလား"

"ကျွန်မတို့ရဲအကြီးအကဲမိခင်ကြီး ဝိုးတဝါးမြူခိုးဖြူဆီက လာပါတယ်"

"ဒီတော့ လူသားနယ်မြေဆီလာဖို့ ယုန်မျိုးနွယ်စုကို ရှာဖို့ သူ လွှတ်လိုက်တာလား မင်းဖာသာမင်း လာတာလား"

အတန်ကြာအောင် စဥ်းစားပြီး သူမက ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး သူ ကျွန်မကို တာဝန်တခုပေးတယ် ဒီတာဝန်ကြောင့် ကျွန်မ ဒီကို ရောက်လာတာ"

"ဒီတော့ ယုန်မျိုးနွယ်စုဆီလာဖို့ မင်းတို့အကြီးအကဲက အမိန့်ပေးလိုက်တာ မဟုတ်ဘူးပေါ့"

အိုရီအိုးလ် ခေါင်းခါလိုက်သည်။

"ဒီတော့ တာဝန်ရဲ့အဓိကပစ်မှတ်က ယုန်မျိုးနွယ်စုတော့မဟုတ်ဘူး ဒါပေမဲ့ ယုန်မျိုးနွယ်တွေ ဘယ်လိုလုပ် ဒီထဲ ပါလာသလဲ ဘာပဲပြောပြော ဒီတာဝန်ကို ထမ်းဆောင်ဖို့ မင်း ယုန်မျိုးနွယ်စုနဲ့ ဆက်သွယ်ခဲ့တယ် ဟုတ်တယ်နော် ကျုပ်ပြောတာ"

အိုရီအိုးလ် တွေဝေနေ၏။

"အဲဲဒီလို ထင်တာပဲ"

"ဒါနဲ့ ဒီနေရာကို မင်း ဘယ်လိုလုပ်ရှာတွေ့တာလဲ"

"ကျွန်မ မမှတ်မိဘူးရှင့်"

"ဒီလိုကိုး ဒီတာဝန်ကို လက်ခံရတာ ဘယ်တုန်းကလဲ"

"လွန်ခဲ့တဲ့သုံးလ"

"တောင်ပြားမြို့ကို ဘယ်တုန်းက ရောက်လာသလဲ"

"တလလောက်ရှိရော့ပေါ့"

"မျိုးနွယ်စုနှစ်စု တိုက်ပွဲစတာ ဘယ်တုန်းကလဲ"

"လဝက်ကြာပြီ"

"အိုး ဒီတော့ မင်းက လဝက်လေးနဲ့ ကျူးမျိုးနွယ်စုကို ရှင်းပစ်ဖို့ ယုန်မျိုးနွယ်စုကို သိမ်းသွင်းနိုင်ခဲ့တယ်ပေါ့ မင်းရဲ့ ဝာာဝန်ထဲမှာ ကျူးမျိုးနွယ်က်ို ရှင်းပစ်ဖို့ကော ပါသလား"

"ကျွန်မ မသိဘူးရှင့်"

"ယုန်မျိုးနွယ်စုရဲ့ဘိုးဘေး စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင် နတ်ဆိုးဧကရာဇ်မျိုးနွယ်စုရဲ့ အကြီးဆုံးလူက်ို ဝယ်ဖို့ ဘယ်လိုရတနာ ဘယ်လိုအဖိုးအခမျိုး ပေးရမယ်ထင်သလဲ"

"ကျွန်မမသိဘူးရှင့်"

"မင်းနဲ့အတူဘယ်သူတွေ ပါလာသလဲ"

"နောက်နှစ်ယောက်"

"မင်းနဲ့အတူ ဘာတွေပါလာသလဲ"

"ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းတချို့ ပြီးတော့ တချို့....."

"မင်း မပြောနိုင်ဘူး ဖြစ်နေတယ်"

"ကျွန်မ မမှတ်မိဘူး"

"ဒီပစ္စည်းတွေ ဘယ်မှာရှိသလဲ မင်း သိလား"

"ကျွန်မ စဥ်းစားလို့်မရဘူး"

"ဒါပေမဲ့ မင်းအဖမ်းမ်းခံရချိန်မှာ ရတနာတွေ မင်းနဲ့အတူမရှိဘူး ဒီလောက်တော့ မင်း မှတ်မိသင့်တယ်"

အိုရီအိုးလ်၏ အမူအရာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။

***

All Chapters