← Chapters

နှလုံးသားနံရံများ

Vol. 78 Ch. 775

နှလုံးသားနံရံများ

Vol. 78 Ch. 775

ရွှီ!!! ရွှီ!!!

တရွှီရွှီအသံများနှင့်အတူ ပြင်းထန်သောစိတ်ဝိညာဥ်အားလှိုင်းများ သူတို့လူစုအား စတင်ရိုက်ခတ်လာ၏။ ဝိညာဥ်အား တုန်လှုပ်သွားစေသည့် တိုက်ခိုက်မှုမျိုးပင် ဖြစ်သည်။

"ဒီကနေ အမြန်ဆုံး ထွက်ကြစမ်း"

စုချန်း ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

သားရဲများသာဆိုပါက စုချန်းတို့၏ လက်ရှိအင်အားနှင့် တုံ့ပြန်၍ ရနိုင်သေးသည်။ သို့သော် ယခု သူတို့ကြုံတွေ့နေရသည်က များပြားလှသော စိတ်ဝိညာဥ်စွမ်းအားသုံး ပိုးကောင်များ ဖြစ်နေ၏။

တရွှီရွှီအသံများသည် ရိုးစင်းလှသော တိုက်ခိုက်မှုဟု ဆိုနိုင်သော်လည်း ပိုးကောင်အရေအတွက် ဘယ်လောက်ရှိမှန်း သူတို့မသိ။ ထို့ပြင် ဤတိုက်ခိုက်မှုမျိုးက ဆပွားသက်ရောက်မှု ရှိမရှိကိုလည်း သူတို့ မသိ။

စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်သည် လူတိုင်းထက် အဆပေါင်းများစွာ သာလွန်နေ၏။ ထို့ကြောင့် ပိုးကောင်အုပ်ကြီး သူတို့ဆီ ဦးတည်လာမှန်း အစောဆုံးသိရှိသူမှာလည်း စုချန်းပင်။

အကယ်၍ ထိုနေရာတွင် သူတို့ဆက်ရှိနေခဲ့လျင် စုချန်းအတွက် မထောင်းတာလှသည့်တိုင် ကျန်လူတိုင်းကတော့ သေရပေလိမ့်မည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ကို စုချန်း ခပ်မြန်မြန်ပင် ချလိုက်၏။ ထိုဆုံးဖြတ်ချက်မှာ ထွက်ပြေးရန်ပင်။

စုချန်း၏ အမ်ိန့်သံကို ကြားသည်နှင့် အခြေအနေကို လူတိုင်း သဘောပေါက်လိုက်၏။

သို့သော် ပိုးကောင်အုပ်ကြီးကလည်း မနှေးလှ။ သူတို့ကြားအကွာအဝေးမှာ တရွေ့ရွေ့နီးကပ်လာခဲ့ပေပြီ။

သို့သော် လက်ရှိအချိန်တွင် ၎င်းမှာ အဓိကပြသနာမဟုတ်သေး။ အဓိကပြသနာမှာ သူတို့အားလုံး လမ်းမှားကြီးအတိုင်း ပြေးမိနေကြခြင်းပင်။ ကနဦး အဝင်လမ်းတွင် စုချန်းက ရှေ့မှဦးဆောင်ခဲ့သော်လည်း ယခုတွင် ရှေ့ဆုံးမှ ပြေးနေသူမှာ ဓားအစေခံများ ဖြစ်သည်။ လမ်းမှားအတိုင်း ပြေးမိနေကြောင်း လူတိုင်း သိသော်လည်း လမ်းမှန်ပြန်ရှာရန်လည်း သူတို့ အချိန်မရ။ ပိုးကောင်အုပ်ကြီးက နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသောကြောင့်ပင်။ ထို့ကြောင့် ပြေးလေးဝေးလေးဟု ခံစားမိလာပြီး လူတိုင်း စိတ်ဓာတ်ကျလာတော့သည်။ အရှုံးပေးချင်စိတ် ပေါက်လာတော့သည်။

"သေစမ်း ငါတို့ ဘယ်တွေရောက်ကုန်ပြီလဲ"

တိမ်တိုက်ကျားသစ် စိတ်ပျက်လက်ပျက်နှင့် ဆဲဆိုလိုက်၏။

သူ၏ အာရုံခံနိုင်စွမ်းမှာ ပိုးကောင်များ၏ အော်သံကြောင့် ဖိနှိပ်ခံလိုက်ရပြီ ဖြစ်သည်။ သူ့အနေနှင့် လမ်းမှန်ကို ရှာတွေ့နိုင်စွမ်း မရှိတော့။

"ရှေ့ဆုံးက ဦးဆောင်ပြေးနေတာ ဖန်ဟိုင်းပဲ"

ထိုစဥ် တစုံတယောက်က်က တရားခံရှာလိုက်၏။

"ဦးဆောင်ပြေးနေတာ မဟုတ်ဘူးကွ ဆင်ကန်းတောတိုး ပြေးနေတာ"

ဖန်ဟိုင်းကလည်း ပြန်အော်လိုက်၏။

"ဘာဖြစ်ဖြစ် ရှေ့ဆုံးကပြေးနေတာ မင်းပဲလေ"

"ငါ မှားနေရင်လဲ သတိပေးလေ မင်း ငါ့ကို သတိလေးတချက်တောင် ပေးလို့လား"

"တိတ်စမ်း ခုချိန်မှာ မင်းတို့က ရန်ဖြစ်နေစရာလား"

စုချန်း၏ အော်သံထွက်ပေါ်လာသည်နှင့် ဖန်ဟိုင်းတို့နှစ်ယောက် ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။

ထို့နောက် စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူတို့ ရောက်နေသည်မှာ လမ်သုံးခွ ဆုံနေသော နေရာ ဖြစ်သည်။ ဘယ်လမ်းအမှန်မှန်း စုချန်း မသိ။

ထိုအခါ စုချန်းက တိမ်တိုက်ကျားသစ်အား ပြောလိုက်၏။

"ကျားသစ် မင်း သူတို့ကိုဦးဆောင်ပြီး ခေါ်ထုတ်သွား ကျုပ်က ပိုးကောင်တွေကို တာဝန်ယူလိုက်မယ်"

"မင်း ရူးနေတာလား"

တိမ်တိုက်ကျားသစ်က စိုးရိမ်တကြီးနှင့် ပြောလိုက်သည်။

"ဒီပိုးကောင်တွေဟာ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိနေတယ် မင်း သူတို့ကို ယှဥ်မတိုက်နိုင်လောက်ဘူး"

"စိတ်ဝိညာဥ်စွမ်းအား ယူနစ်သုံးထောင်ရှိတဲ့ ကျုပ်မှ မတတ်နိုင်ရင် ဘယ်သူမှ တတ်နိုင်တော့မှမဟုတ်ဘူး သူတို့ကိုသာ ခေါ်ထုတ်သွားစမ်းပါကွာ မင်းရဲ့အာရုံခံနိုင်စွမ်းကိူ အသုံးချဖို့ မမေ့နဲ့"

"ဒီပိုးကောင်တွေရဲ့တိုက်ခိုက်မှုက ကျုပ်ကို လာထိခိုက်နေတယ်ကွ"

"စိတ်မပူနဲ့ ဒီကောင်တွေက်ို ကျုပ် မျှားခေါ်သွားမယ်"

စကားဆုံးသည်နှင့် စုချန်းက နောက်သို့လှည့်ကာ ပြေးလွှားရန် ဟန်ပြင်လိုက်သည်။

"စုချန်း"

ကျူးရှန်းယောင်၏ အော်သံ ထွက်ပေါ်လာ၏။

စုချန်း ချာခနဲ နောက်သို့လှည့်ကြည့့်လိုက်သည်။

ကျူးရှန်းယောင်သည် အလွန်စိုးရိမ်ပူပန်သောဟန်ပန်ဖြင့် စုချန်းအား စိုက်ကြည့့်လျက်ရှိ၏။

"စုချန်း ရှင် ဂရုစိုက်နော်"

စုချန်း ငြင်သာစွာ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ကွာ ကျုပ် ဒီလောက် လွယ်လွယ်နဲ့ မသေနိုင်ပါဘူး"

စကားဆုံးသည်နှင့် သူက ပိုးကောင်အုပ်ကြီးအား တခြားနေရာသို့ မျှားခေါ်သွားတော့၏။

ပိုးကောင်အုပ်ကြီးကို မျက်စေ့နှင့် မမြင်ရသည့်တိုင် သူနှင့် အလွန်နီးကပ်နေမှန်းကိုတော့ စုချန်း ခံစားနေရ၏။ လှိုဏ်ခေါင်းနံရံများနောက်ကွယ်မှ ပိုးကောင်အုပ်ကြီးသည် လှိုင်းလုံးကြီးပမာ စုချန်းဆီသို့ ဦးတည်လာကြမှန်း စုချန်း ခံစားနေရလေသည်။

"လာကြစမ်း ဘယ်သူသန်မာသလဲ ကြည့်ရသေးတာပေါ့"

နေရာတွင် ခြေစုံရပ်ရင်း သူ့ရှေ့ရှိ နံရံအား စူးစိုက်ကြည့်ကာ စုချန်း ရေရွတ်လိုက်၏။ နံရံနောက်ကွယ်တွင် ပိုးကောင်အုပ်ကြီး ရှိနေမှန်း သူ အာရုံခံမိနေသည် မဟုတ်ပါလား။

ထို့ကြောင့် ရှိသမျှစိတ်ဝိညာဥ်စွမ်းအားကို စုစည်းရင်း စုချန်း ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေ၏။

ရွှီ!!!

အသံတချက်ပြုကာ ထူးဆန်းသောပိုးကောင် ပါးစပ်ဟကာ စုချန်းထံသို့ ခုန်ဝင်လာ၏။ သို့သော် ၎င်း၏ ပြဲကားနေသော ပါးစပ်မှာ အပေါ်ယံပြကွက်သာ ဖြစ်သည်။ တကယ့်အန္တရာယ်မှာကား ၎င်းနောက်ကွယ်ရှိ စိတ်ဝိညာဥ်တိုက်ခိုက်မှု ဖြစ်၏။

သို့သော် စုချန်းအတွက် ထိုတိုက်ခိုက်မှုမျိုးက အတော်ပင် အားနည်းနေသေး၏။

တောင်ခွဲဓားသည် ရိပ်ခနဲ လှုပ်ရှားသွားပြီး ပိုးကောင်အား နှစ်ပိုင်းပြတ်သွားစေလေသည်။

ချက်ချင်းဆိုသလိုပင် ပို၍များပြားသော ပိုးကောင်များ စုချန်းဆီသိူ့ ခုန်ဝင်လာကြပြန်၏။ ပိုးကောင်များပြားလာလေလေ ၎င်းတို့၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုမှာ ပို၍ ပြင်းထန်လာလေလေပင်င်။

ဥပမာအားဖြင့် ပိုးကောင်တကောင်တွင် စိတ်ဝိညာဥ်စွမ်းအင် ယူနစ်၁၀၀ရှိသည်ဆိုပါစို့၊ ပိုးကောင်၁၀ကောင်ဆိုလျင် ယူနစ် ၁၀၀၀ရှိသွားမည် မဟုတ်ပါလား။

သိပ်မကြာမီ ပိုးကောင်များ၏ စုပေါင်းစိတ်ဝိညာဥ်စွမ်းအားသည် ယူနစ်၂၀၀၀နားသိူ့တိုင် ရောက်လာကြောင်း စုချန်း ခံစားမိလာ၏။

"သေစမ်း ခက်ပြီ"

ပိုးကောင်များ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုကြောင့် တခေါင်းလုံး မူးဝေလာသကဲ့သို့ စုချန်း ခံစားလာရ၏။

စိတ်ဝိညာဥ်စွမ်းအား ယူနစ်သုံးထောင်ဟူသည် မနည်းလှ။ သို့သော် ပိုးကောင်လှိုင်းလုံးကြီးကား ဆုံးအံ့မထင်။ ဤအတိုင်းဆိုလျင် စုချန်းအနေနှင့် ပိုးကောင်များ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ဖွယ်ရာ မရှိတော့။

ပိုးကောင်လှိုင်းလုံးကြီးကား အဆက်မပြတ်ပင် ပေါ်ထွက်နေ၏။ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာလည်း တဖြည်းဖြည်း လျော့နည်းစပြုလာပြီ ဖြစ်သည်။

"ဒီအတိုင်း ဆက်တိုက်နေလို့ မဖြစ်တော့ဘူး ဒီအတိုင်းသာဆိုလျင် သခင် သေလိမ့်မယ်"

တောင်ခွဲဓားအတွင်းမှ ပိတ်လော့၏ အသံ ထွက်ပေါ်လာ၏။

"ကျုပ်သိတယ် ဒါပေမဲ့ ဘာမှမှ မတတ်နိုင်ပဲ သေစမ်း ပိုးကောင်တွေကလဲ များလိုက်တာ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ကျိန်ဆဲလိုက်သည်။

"သခင် ကံကောင်းတယ်လို့ တွေးကြည့်စမ်းပါ သိပ်မကြာသေးခင်ကပဲ ကျုပ် စိတ်ဝိညာဥ်နည်းစနစ်သစ်တခုကို ဖန်တီးနိုင်ခဲ့တယ်"

ပိတ်လော့က ပြန်ပြောလိုက်သည်။

"ခင်ဗျားရဲ့နည်းစနစ်တွေက ကျုပ်နဲ့ မသင့်တော်ဘူးလေဗျာ မဟုတ်ရင် ဟိုးအရင်င်ကတည်းက ခင်ဗျားဆီကနေ ကျုပ် သင်ပြီးပြီပေါ့"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်၏။

"ဒီတခါ လုံးဝအသစ် သခင့်အတွက် ကျုပ် သီးသန့်တီထွင်ထားတာ"

"ဒီလိုကျတော့ ခင်ဗျားက ကျုပ်အပေါ် သိပ်ကောင်းနေပါလား"

စုချန်းက အံ့သြဟန်ဖြင့် ပြောလိုက်သည်။

"သီးခြားအခြေအနေတချိ့တော့ ရှိတာပေါ့သခင်"

"ကျုပ် သိသားပဲ ဆိုစမ်းပါအုံး"

"ကျုပ် ဒီဓားထဲမှာပဲ နေလာတာ ကြာပြီသခင် ကျုပ် ခန္ဓာအိမ်အသစ် လိုချင်တယ် ဒါက်ို သခင်ကိုယ်တိုင်လဲ ကတိပေးထားပြီးသားလေ"

"ကျုပ် ကတိပေးထားပါတယ် ဒါပေမဲ့ ခင်ဗျားသိထားဖို့က ကိုယ်ခန္ဓာတိုင်းမှာ ကိုယ်ပိုင်ဝိညာဥ်နဲ့ မွေးရာပါစွမ်းအားတွေ ရှိတယ် ခင်ဗျား အတင်းဇွတ်လုပ်လို့ရှိရင် ခင်ဗျား သေသွားနိုင်တယ် ကျုပ်တို့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေသေးတယ်"

စုချန်းက ပြန်ဖြေလိုက်၏။

"သခင်သာ ကျုပ်ရဲ့ဓာတ်ခွဲခန်းကို မဖျက်ဆီးခဲ့ရင် ခုလိုမျိုး ဘယ်ဖြစ်ပါ့မလဲ"

ပိတ်လော့ စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

ပိတ်လော့၏ စကားက အမှန်ပင်။ ရွှေရေအပျက်အစီးသိုက်ရှိ ဓာတ်ခွဲခန်းတွင် ဝိညာဥ်ပြောင်းလဲပေးနိုင်သောကိရိယာ ရှိနေ၏။ ထိုကိရိယာများကို စုချန်း ဖျက်ဆီးပစ်ခဲ့ခြင်းကြောင့် ပိတ်လော့အနေနှင့့် တခြားခန္ဓာအိမ်တခုသို့ သူ့ဝိညာဥ်ကို ပြောင်းလဲထည့်သွင်းနိုင်ခြင်း မရှိတော့။ တောင်ခွဲဓား၏ ကိုယ်ထဲတွင် ပိတ်လော့ အချိန်အတော်ကြာအောင် ရှိနေရခြင်းမှာ ထိုအကြောင်းကြောင့်ပင်။

"ဒီလိုမှမလုပ်ရင်လဲ တခြားလုပ်စရာမှ မရှိတော့တာကိုးဗျ ကျုပ်ရဲ့မူလလက်စွပ်က မဆံ့တော့ဘူးလေ"

"သခင် ရိုးရိုးသားသား ဖြေကြည့်ပါလား မူလလက်စွပ်သာဆံ့ရင် ဝိညာဥ်လွှဲပြောင်းကိရိယာကို သခင် ယူလာမှာလား"

ပိတ်လော့က မေးခွန်းထုတ်လိုက်၏။ စုချန်း တဟဲဟဲ ရယ်လိုက်သည်။

"ကျုပ်တို့ဆက်ဆံရေးပျက်ပြားစေမဲ့ မေးခွန်းမျိုးကို ဘာလို့မေးနေတာလဲဗျ"

ပိတ်လော့ ပါးစပ်ပိတ်သွား၏။ အတန်ကြာ သူက မေးလိုက်ပြန်သည်။

"ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ သခင်"

"ခင်ဗျားကိစ္စကို ကျုပ် ကူညီပေးနိုင်ပါတယ် ဒါပေမဲ့ လောလောဆယ် ကျုပ်မှာ ဒီစွမ်းရည်မျိုး မရှိသေးတာတော့ ခင်ဗျား သိတယ်မလား"

"ကျုပ် သိပါတယ် သခင် ပြီးတော့ ကျုပ်တောင်းဆိုနေတာ သက်ရှိကိုယ်ခန္ဓာ မဟုတ်ပါဘူး အသက်ဝိညာဥ်မရှိတဲ့ ရုပ်သေးရုပ်တောင် ဓားတလက်ထက်တော့ ကောင်းသေးတာပဲလေ ပြီးတော့ သခင့့်မှာ ဝိညာဥ်လက်နက်နည်းစနစ်ရှိတော့ တောင်ခွဲဓားရဲ့ကိုယ်ထဲကို သားရဲတကောင်ကောင်ရဲ့ ဝိညာဥ်ထည့်သွင်းထားလို့ ရနေတာပဲ"

"ခင်ဗျားရှိနေသလောက်တော့ သုံးရတာဘယ်အဆင်ပြေပါ့မလဲ"

"သခင်ထင်လို့ပါ ကျုပ် တခုပြောမယ် သခင် တောင်ခွဲဓားနဲ့ တွဲဖက်သုံးတဲ့ ကမ္ဘာဦးသွေးပုံရိပ်ဟာ တိုးတက်မှုမရှိပဲ ရပ်တန့်နေပြီမလား ပြီးတော့ ဒီနည်းစနစ်က သခင် တတ်မြောက်ထားတဲ့ တခြားအာကင်င်နာနည်းစနစ်တွေကို ဘာမှအကျိုးမပြုဘူးလေ"

"ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ"

စုချန်း စိတ်တိုလာ၏။ ပိုးကောင်များအား တရပ်စပ်တိုက်ခိုက်နေရသည့်အထဲ ပိတ်လော့က စကားဖောင်ဖွဲ့နေသည် မဟုတ်ပါလား။

"သခင့်အနေနဲ့ လက်နက်သစ်လိုနေပြီ ကျုပ်အတွက်တော့ရုပ်သေးရုပ်အသစ်လိုတယ် ဒီအနီးအနားမှာ သခင်နဲ့သင့်တော်မဲ့ လက်နက်တမျိုး ကျုပ် အာရုံခံမိနေတယ်"

"အိုး ဘာများပါလိမ့်"

စုချန်း အံ့သြသွား၏။

"ကျုပ် မပြောတတ်ဘူး သေချာတာကတော့ အဲဒီလက်နက်ဟာ မူလကိရိယာတမျိုး ဖြစ်ပြီး မူလစွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ် ဒီလက်နက်နဲ့သာဆိုရင် မီးလျံငှက်နဲ့ ကမ္ဘာဦးသွေးပုံရိပ်တို့ရဲ့အင်အားကို သခင် အကောင်းဆုံး ပေါင်းစပ်အသုံးပြုလာနိုင်လိမ့်မယ်"

ပိတ်လော့၏ အာရုံခံနိုင်စွမ်းကို စုချန်း သံသယမရှိ။ ထိုအခါ သူက ပြောလိုက်၏။

"ကောင်းပြီ နောက်ဆုံးတခု ကျုပ် မေးမယ် ဒီလိုအခြေအနေကြီးမှာ ခင်ဗျားရဲ့ စိတ်ဝိညာဥ်နည်းစနစ်ကို ကျုပ် ဘယ်လိုသင်ယူမလဲ"

ပြင်းထန်သော တိုက်ပွဲဆင်နွဲနေချိန်တွင် စိတ်ဝိညာဥ်နည်းစနစ်သစ်တခုကို စုချန်း မည်သို့ သင်ယူနိုင်အံ့နည်း။

ပိုးကောင်များကလည်း ထိုသို့ ခွင့်ပြုလိမ့်မည် မဟုတ်။

***

All Chapters