← Chapters

ထပ်ဆင့်သတင်းပို့ဆောင်ရေးရုပ်သေးရုပ်

Vol. 78 Ch. 776

ထပ်ဆင့်သတင်းပို့ဆောင်ရေးရုပ်သေးရုပ်

Vol. 78 Ch. 776

ထိုအခါ ပိတ်လော့က ပြောလိုက်၏။

"စိတ်မပူပါနဲ့ အဲဒီကိစ္စ ကျုပ်တာဝန်ထားပါ ဒါနဲ့ သခင် ဒီကောင်တွေကို ခနတဖြုတ် တားပေးနိုင်မလား"

"သိပ်ရတာပေါ့ဗျာ"

စကားဆုံးသည်နှင့် စုချန်းက ဘယ်ဖက်လက်ကို မြောက်လိုက်ရာ ကြီးမားသော မီးလျံငှက်ကြီးတကောင် ပေါ်ထွက်လာပြီ လှိုင်ခေါင်းအတွင်း တဟုန်ထိုး တိုးဝင်သွားတော့၏။ ၎င်းထံမှ ထွက်ပေါ်လာသော မီးတောက်မီးလျံများက ပိုးကောင်အုပ်ကြီးအား ဝါးမြိုသွားလေသည်။

တဆက်တည်းမှာပင် တောင်ခွဲဓားထံမှ ပိတ်လော့၏ ဝိညာဥ်ပုံရိပ်ပေါ်ပေါက်လာ၏။ သူက စုချန်းအား လက်ညိုးထိုးရင်း ပြောလိုက်လေသည်။

"သခင်ရဲ့စိတ်ဝိညာဥ်စွမ်းအားကို စုစည်းပြီး ကျုပ် ပြောတဲ့အတိုင်း လိုက်လုပ်ပါလေ"

ထို့နောက် ပိတ်လော့ထံမှ စိတ်ဝိညာဥ်ညွှန်ကြားချက်များ စုချန်းဆီသို့ တိုးဝင်လာတော့၏။ ထိုအခါ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားသည် ပိတ်လော့၏ ညွှန်ကြားချက်အတိုင်း စတင်လှုပ်ရှားလာပြီး သီးခြားပုံစံတခုအဖြစ် စတင်ပေါ်ပေါက်လာတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် စိတ်ဝိညာဥ်မူလစွမ်းရည်တခုကို စုချန်း ထိန်းချုပ်သွားနိုင်တော့၏။ အဆိုပါ မူလစွမ်းရည်မှာ မည်သို့သော စွမ်းရည်မျိုးမှန်း စုချန်း မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွားတော့သည်။

နှလုံးသားနံရံများ!!!!

နှလုံးသားနံရံများဟူသည် လူတဦး၏ နှလုံးသားအား ကာကွယ်ပေးသည့် အကာအကွယ်တခုအား ဖန်တီးပေးနိုင်သည့် စိတ်ဝိညာဥ်စွမ်းအင်အပေါ်တွင် အခြေတည်ထား၏။

ရှေးယခင်တုန်းက မိမိ၏ ရန်သူများအား တိုက်ခိုက်ရန် စုချန်းသည် စိတ်ဝိညာဥ်စွမ်းအင်စစ်စစ်ကိုသာ အားကိုးခဲ့ရ၏။ ထိုသို့ အသုံးပြုခြင်းသည် မိမိ၏ စိတ်ဝိညာဥ်အပေါ်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတတ်ပေသည်။

သို့သော် နှလုံးသားနံရံများကား တမျိုးတဘာသာပင်။ ၎င်းသည် စိတ်ဝိညာဥ်၏ ခံစစ်စွမ်းဆောင်ရည်က်ို များစွာတိုးပွားလာစေသဖြင့် စုချန်းအနေနှင့် ဝန်ထုပ်ဝန်ပိုးအား လျှော့ချနိုင်စွမ်းရှိသွားပြီ ဖြစ်သည်။

ထိုအခါ စုချန်းသည် ချက်ချင်းဆိုသလိုပင် ဝိညာဥ်အားဖြည့်ဆေးတပုလင်းကိုထုတ်ပြီး ဂွတ်ခနဲ မော့ချလိုက်၏။ ထိုခနဝယ် ပိုးကောင်များ၏ အော်သံအား ခုခံရန် ပိုမိုလွယ်ကူလာကြောင်း စုချန်း တွေ့လိုက်ရလေသည်။

နောက်ဆုံးတော့ စုချန်းတယောက်က် မီးကုန်ယမ်းကုန် တိုက်ခိုက်နိုင်ခဲ့လေပြီ။ သူ့လက်အတွင်းမှ ထွက်ပေါ်လာသော မီးလျံငှက်များသည် တကောင်ပြီးတကောင် လှိုဏ်ခေါင်းအတွင်း တိုးဝင်သွားတော့၏။

အချိန်ဘယ်လောက်ကြာအောင် မီးလောင်ကျွမ်းနေမှန်းမသိချေ။ နောက်ဆုံးသည် အသံများ လုံးဝတိတ်ဆိတ်သွားတော့၏။ ပိုးကောင်းအုပ်ကြီးကား ပြာကျသွားခဲ့လေပြီ။ လှိုဏ်ခေါင်းတလျှောက်တွင် ပိုးကောင်သေများဖြင့် ပြည့်နှက်နေလေရာ မြင်ရသူတို့အဖို့ အော့ချင်အန်ချင်စရာ ကောင်းလှပေသည်။

သို့သော် စုချန်းကား ပိုးကောင်သေတချို့ကို သိမ်းဖြစ်အောင် သိမ်းဆည်းလိုက်သေး၏။

"ကျေးဇူးပဲ ပိတ်လော့ ဒီတခါ ခင်ဗျား ကျုပ်နဲ့အတူရှိနေတာ ကံကောင်းတာပဲ"

"ရပါတယ် သခင် ဒါ ကျုပ် အကြာကြီးစောင့်နေတဲ့ အခွင့်အရေးပဲလေ ဒီလိုအနေအထားမျိုး မကြုံပဲ သခင်ဟာ ကျုပ်ကို သခင့်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေးမှမဟုတ်ဘူးလေ ဟုတ်တယ်မလား"

ပိတ်လော့က အထက်ပါအတိုင်း ပြန်ဖြေလိုက်၏။ စုချန်းက ပြောလိုက်ပြန်သည်။

"ဒီတော့ ဒီလိုနည်းစနစ်မျိုး တီထွင်ထားတာတောင် ကျုပ်ကို မပြောပဲနေတာ ဒီလိုအခွင့်အရေးကို ခင်ဗျား စောင့်နေတာပေါ့လေ ဟုတ်လား ပိတ်လော့ ခင်ဗျားက ဘာဖြစ်ချင်နေတာတုန်းဗျ"

"ကျုပ် ဘာလိုချင်သလဲဆိုတာ သခင် ကောင်းကောင်းသိပါတယ် ပြည့်စုံတဲ့ကိုယ်ခန္ဓာလေသခင် ဒါပေမဲ့ ကျုပ်အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လဲ လိုအပ်သေးတယ်လေ ဥပမာအားဖြင့် တစုံတယောက်ရဲ့ ကိုယ်ခန္ဓာကို ထိန်းချုပ်ထားတဲ့အခါ ဘယ်လိုခံစားရသလဲဆိုတာမျိုးပေါ့"

စုချန်း နားလည်သွားလေပြီ။

"ဒီတော့ တစုံတယောက်က်ရဲ့ ကိုယ်ခန္ဓာကို ထိန်းချုပ်တဲ့အခါ ဘယ်လိုခံစားရသလဲဆိုတာကို သိရဖို့ ဒီအခွင့်အရေးကို ခင်ဗျားက အသုံးချလိုက်တာပေါ့ ဟုတ်လား"

"အတိအကျပြောရရင်တော့ သခင်ရဲ့ကိုယ်ခန္ဓာက ဘယ်လိုတုံ့ပြန်သလဲလို့ ပိုပြီးသိချင်တာပါသခင် ခုနက သခင်ဟာ ကျုပ်ကို လိုလိုလားလားထိန်းချုပ်ခွင့်ပေးခဲ့တာတောင် ခုခံမှုဟာ ရှိနေတုန်းပဲ ဒါဟာ သခင်ရဲ့ကိုယ်ခံအားကြောင့်လား သူ့အလိုလိုလားဆိုတာ ကျုပ် မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ် သခင် ကျုပ်ကို ရုပ်သေးရုပ်တရုပ်သာ ပေးခဲ့ရင် နောက်နောင် ဒီပြသနာကို ကျုပ် အဖြေရှာနိုင်မှာပါ"

ပိတ်လော့က အထက်ပါအတိုင်း ပြန်ပြောလိုက်၏။ ထိုအခါ စုချန်းက ပြောလိုက်ပြန်သည်။

"ခင်ဗျားဆိုလိုတာ ကျုပ် သဘောပေါက်ပြီ အခု ခင်ဗျားက ကိုယ်ပိုင်ဓာတ်ခွဲခန်း လိုချင်နေပြန်ပြီပေါ့ ဟုတ်လား"

"ကျုပ်က သခင့်အတွက် အကောင်းဆုံးလက်ထောက်ဖြစ်လာမှာပါ အနည်းဆုံးတော့ သံမဏိ သေမင်းအရိပ်တို့ထက် သာပါလိမ့်မယ်"

"ဒါကိုတော့ ကျုပ် မငြင်းဘူး"

စုချန်း ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ အနာဂတ်မှာ ခင်ဗျားအတွက် ရုပ်သေးခန္ဓာတခု ကျုပ် ရှာပေးပါမယ်"

"လိုက်ရှာစရာမလိုပါဘူးသခင် အနီးအနားမှာတင် ရှိပါတယ်"

စုချန်း အံ့သြသွား၏။

"ခင်ဗျား ဘာပြောလိုက်တယ် ပြောစမ်း ခင်ဗျား ဘာရှာတွေ့ထားသလဲ"

"မှန်ပါတယ်သခင်"

ပိတ်လော့ ပြုံးလိုက်၏။

"ဒီလိုပြောလို့လဲ ကျုပ်ကို တမျိုးမထင်ပါနဲ့သခင် ကျုပ်က ဒီနေရာ ဘယ်လိုနေရာလဲဆိုတာ သတိထားမိရုံပါ"

စုချန်း၏ မျက်လုံးအစုံမှာ အရောင်တောက်ပလာ၏။

"ဒီတော့ ဒီနေရာဟာ ရှေးဟောင်အာကင်နာတွေနဲ့ ဆက်စပ်နေတယ်ပေါ့ ဟုတ်လား"

ပိတ်လော့ ခေါင်းခါလိုက်သည်။

"မဟုတ်ဘူးသခင် ဒီနေရာက မူလသားရဲတွေနဲ့ ဆက်စပ်နေတာ"

"ဘယ်လို"

စုချန်း မျက်လုံးပြူးသွားပြန်၏။

"တကယ်တော့ ဒီနေရာဟာ မူလသားရဲကြီးတကောင်ရဲ့ သချိုင်းဂူပဲ သခင်"

ထို့နောက် စုချန်းနှင့်ပိတ်လော့တို့သည် ထူးခြားဆန်းကြယ်သော လှိုဏ်ခေါင်းအတိုင်း ဖြည်းဖြည်းချင်းလျှောက်လာကြလေသည်။ စကားပြောနေရင်းနှင့်ပင် ဤနေရာသည် မူလသားရဲကြီးတကောင်၏ သင်္ချိုင်းဂူမှန်း စုချန်း သဘောပေါက်လာ၏။

အဆိုပါသားရဲကြီးမှာကား ရွှေစားမျောက်ဝံဟု အမည်ရသော မူလသားရဲကြီးပေတည်း။

ရွှေစားမျောက်ဝံဟူသော အမည်အတိုင်း အနှီမူလသားရဲကြီးသည် သတ္တုများကို စားသုံးတတ်၏။ ၎င်း၏ တကိုယ်လုံးတွင်လည်း သတ္တုပါဝင်နှုန်းအလွန်မြင့်မားပြီး အရေပြားမှာ အလွန်မာကျောသော သတ္တုလွှာနှင့် ဖုံးအုပ်လျက်ရှိသည်။

သို့သော် အဆိုပါမူလသားရဲကြီးသေဆုံးပုံမှာကား လွန်စွာ ပြဇာတ်ဆန်နေ၏။

မူလကမ္ဘာကြီး၏ ပတ်ဝန်းကျင် ပြောင်းလဲလာပြီးနောက် ၎င်းသည် မဟာပထဝီမြေကြီး၏အောက်ဆီသို့ နက်ရှိုုင်းစွာ တိုးဝင်သွားပြီး ၎င်းသေဆုံးသည်အထိ ထိုအောက်မှာပင် နေထိုင်သွားတော့သည်။ ၎င်းကို ဆောင်းခိုသည်ဟု ဆိုလေ့ရှိကြ၏။ အချိန်ကြာလာသည်နှင့်အမျှ ရွှေစားမျောက်ဝံတည်ရှိခဲ့မှန်းကို တခြားသက်ရှိများ တဖြည်းဖြည်းမေ့လျော့ကုန်ကြတော့၏။

နောင်နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် အာကင်နာများ အစာကွင်းဆက်၏ ထ်ိပ်သ်ို့ ရောက်ရှိလာလေသည်။

မူလကမ္ဘာကြီး၏ နေရာအနှံ့သို့ ထိုးစစ်ဆင်ခြင်း၊ နယ်မြေချဲ့ထွင်သိမ်းပိုက်ခြင်းနှင့် လုယက်တိုက်ခိုက်ခြင်းတို့ကြောင့် အာကင်နာများ၏ သြဇာအာဏာသည် တဖြည်းဖြည်းမြင့်မားလာတော့၏။

သို့သော် မည်သည့်အရာမှာ မတည်မြဲနိုင်ဟူသော သဘောတရားအတိုင်း အာကင်နာများ၏ အဆုံးသည်သည်လည်း မလွဲသာမရှောင်သာ ရောက်ရှိလာတော့သည်။

ဤကား ပိတ်လော့မသေဆုံးမီ နှစ်ပေါင်း၁၅၀၀ခန့်က အဖြစ်အပျက်များပင်တည်း။

တနေ့တွင်တော့ အာကင်င်နာပညာရှင်တချို့သည် မူလကမ္ဘာကြီး၏ တောင်ဖျားသို့ ရောက်ရှိလာပြီး ထူးခြားသော သတ္တုတမျိုးကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ ထိုသတ္တုမှာ ဟာရီကိန်းသတ္တု အမည်ရ သတ္တုတမျိုးပေတည်း။

အဆိုပါအာကင်နာပညာရှင်များသည် ရုပ်သေးရုပ်ဖန်တီးခြင်းဆိုင်ရာ သုတေသနတွင် ပါဝင်ကြသူများ ဖြစ်၏။ ဟာရီကိန်းသတ္တုမှာ ရုပ်သေးရုပ်ဖန်တီရန် အလွန်သင့်တော်ကြီး တွေ့ရှိရ၍ ထ်ုနေရာတွင် အခြေပြုပြီး မိုင်းတွင်းများ တူးဖော်ရန် ၎င်းတို့အားလုံး ဆုံးဖြတ်လိုက်ကြလေသည်။

သို့သော် အဆိုပါဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းစရာအဖြစ်အပျက်များ ဖြစ်ပေါ်လာတော့၏။

"သူတို့ ရွှေစားမျောက်ဝံရဲ့ အပေါ်ယံအရေပြားကို သွားတူးမိကြပုံပေါ်တယ်"

"မှန်တာပေါ့သခင် ပြီးတော့ ကျုပ်တို့ရောက်နေတဲ့ ဒီမိုင်းတွင်းတင်မကဘူး ကျုပ်ထင်တာသာမမှားဘူးဆိုရင် ဒီပတ်ပတ်လည်တ်ပတ်လည်က မိုင်းတွင်းမှန်သမျှဟာ ရွှေစားမျောက်ဝံရဲ့ အရိုးတွေ အသွေးအသားတွေကနေ ပေါ်ပေါက်လာတာဖြစ်ရမယ် ကုန်ကုန်ပြောရရင် ဒီဧရိယာကြီးတခုလုံးဟာ ရွှေစားမျောက်ဝံကြီးကိုယ်တိုင်ပဲ"

ပြောရင်းနှင့် ပိတ်လော့ သက်ပြင်းချလိုက်သည်။

"သူ့အရေပြားကို လာတူးနေတာ ဘယ်သူကသည်းခံမှာလဲ ဒီလိုနဲ့ နောက်ဆုံးမှာ ရွှေစားမျောက်ဝံကြီး နိုးလာပြီး အာကင်နာပညာရှင်တွေ အဖြစ်ဆိုးသွားတော့တာပေါ့"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ဒါကို ကျုပ် မှန်းဆလို့ရပါတယ် ဒါပေမဲ့ ကျုပ်နားမလည်တာက ဘာလို့ ဒီသတင်းကို ဘယ်သူမှ မသိရတာလဲ ပြီးတော့ ရွှေစားမျောက်ဝံကရော ဘယ်လိုသေသွားတာတဲ့လဲ"

"ရုပ်သေးရုပ်တွေကြောင့်ပဲပေါ့ သခင်"

"ရုပ်သေးရုပ်တွေက မျောက်ဝံကို သတ်လိုက်တာလား"

"မဟုတ်ဘူး နားလည်မှုမလွဲနဲ့လေသခင် မူလသားရဲကြီးတွေကို ဘယ်သူမှ လွယ်လွယ်နဲ့ မသတ်နိုင်ပါဘူးဗျာ ကျုပ်ဆိုလိုတာက ဒီလိုပါ အာကင်င်နာပညာရှင်တွေ သေကုန်ပေမဲ့ သူတို့ဖန်တီးခဲ့တဲ့ ရုပ်သေးရုပ်တွေကတော့ ဒီအခြေအနေမှာ ရှင်သန်ပြီးကျန်ရစ်နိုင်ခဲ့ကြတယ် ပြီးတော့ ဒီရုပ်သေးရုပ်တွေက အလွန်အသုံးဝင်တယ်လေ သခင်"

အာကင်နာပညာရှင်များသည် မရေမတွက်နိုင်သော တီထွင်မှုများစွာကို ဖန်တီးနိုင်ခဲ့ကြလေရာ ထိုတီထွင်မှုများအနက် ရုပ်သေးရုပ်များလည်း တခုအပါအဝင် ဖြစ်သည်။ ရုပ်သေးရုပ်များ၏ အသုံးဝင်ပုံမှာလည်း အမျိုးမျိုးအဖုံဖုံပင်။

ယခု အာကင်နာပညာရှင်များ ကျန်ရစ်ခဲ့သည့့် ရုပ်သေးရုပ်များတွင်လည်း တူညီသောစွမ်းရည်တို့ကို ပိုင်ဆိုင်ထားကြ၏။

သို့သော် တူညီသောစွမ်းရည်ဟူသည်မှာ အင်အားကို ရည်ရွယ်ခြင်းတော့ မဟုတ်ချေ။

"သတင်းပို့ဆောင်ရေးရုပ်သေးရုပ်ပေါ့ ဟုတ်လား ခင်ဗျား ဆိုလိုတာ"

စုချန်း အံ့သြသွား၏။

သတ္တုရုပ်သေးရုပ်များအနေနှင့် ခက်ခဲကြမ်းတမ်းသောပတ်ဝန်းကျင်တွင် ရှင်သန်နိုင်စွမ်းရှိကြောင်း စုချန်း လက်ခံထား၏။ သို့သော် သတင်းပို့ဆောင်ရေးရုပ်သေးရုပ်ဟု သိလိုက်ရ၍ စုချန်း အံ့သြသွားသည်မှာ အမှန်ပင်။

စုချန်း၏ အမူအရာကြောင့် ပိတ်လော့ ရယ်မောလိုက်၏။

"သတင်းပို့ရုပ်သေးဆိုလို့ အထင်မသေးလိုက်နဲ့သခင် အာကင်နာခေတ်တုန်းက ဒီရုပ်သေးတွေဟာ သုတေသနလုပ်ငန်းတွေမှာ သိပ်အသုံးဝင်ခဲ့တာပေါ့ ကျုပ်တို့ ဒီရုပ်သေးရုပ်တွေ ဖန်တီးခဲ့တဲ့ရည်ရွယ်ချက်ကိုက ဘယ်ကန့်သတ်ချက်မှ မရှ်ိပဲ အချင်းချင်းအလွယ်တကူ ဆက်သွယ်နိုင်ဖို့ပဲ ဒါကြောင့်မ်ို့လို့ သတင်းပို့ဆောင်ရေးရုပ်သေးတွေဟာ အင်မတန်အန္တရယ်များတဲ့ နေရာတွေမှာတောင် ရှင်သန်နိုင်စွမ်းရှိအောင် ကျုပ်တို့ ဖန်တီးခဲ့ကြတယ် ဒါမှသာ ကမ္ဘာကြီးရဲ့ အဆိုးဆုံးဆိုတဲ့နေရာတွေက်ို ကျုပ်တို့ စူးစမ်းလေ့လာနိုင်မှာမလား"

"သတင်းပို့ဆောင်ရေးရုပ်သေးတွေကို အသက်ရှင်နိုင်အောင် ဖန်တီးထားတယ် ဟုတ်လား ဒါဆို သူတို့ဘယ်လိုအသက်ရှင်နိုင်တာလဲ"

သတင်းပို့ဆောင်ရေးရုပ်သေးများ မည်မှအသက်ပြင်းသည်ဆိုစေကာမူ မူလသားရဲများနှင့် ယှဥ်လျင်တော့ ကလေးကစားစရာအဆင့်ပင် မရှိ။

"ရှင်းပါတယ်သခင် သူကိုယ်ထဲက သတ္တုအစိတ်အပိုင်းတွေကို ဖယ်ရှားပစ်တာပဲပေါ့ ရွှေစားမျောက်ဝံက သတ္တုတွေကိုပဲစားတာဆိုတော့ သတ္တုအစိတ်အပိုင်းတွေ မရှိတော့တာနဲ့ ရွှေစားမျောက်ဝံက သူ့ကို ဂရုမစ်ိုိုက်တော့ဘူးလေ ဒီလိုနဲ့ ရွှေစားမျောက်ဝံ နောက်တကြိမ်အိပ်ပျော်သွားချိန်မှာ အာကင်နာပညာရှင်တွေက ရုပ်သေးရုပ်ကို နိုးလိုက်တာပဲပေါ့ ဒီလိုဖြစ်ရတာကလဲ အာကင်င်နာပညာရှင်တွေထဲကတယောက် အသက်ရှင်ကျန်ရစ်ခဲ့လို့သာပေါ့"

"ဒါဆို ရွှေစားမျောက်ဝံက ဘယ်လိုသေသွားတာလဲ"

"အသက်ကြီးလို့ဖြစ်လိမ့်မယ်သခင် ကျုပ်လဲအတိအကျတော့ မပြောနိုင်ဘူး ဆောင်းခိုပြီး ဘယ်တော့မှ ပြန်နိုးမလာတော့မဲ့ မူလသားရဲတချို့လဲ ရှိနေတာပဲမလား"

စုချန်းက ထပ်မေးလိုက်ပြန်သည်။

"ဒါဆို ကျုပ် ထပ်မေးပါအုံးမယ် ရွှေစားမျောက်ဝံသေတာကို ရုပ်သေးရုပ်က ဘယ်လိုလုပ် သိနိုင်တာလဲ ဒါ မဖြစ်နိုင်ဘူးလေဗျာ"

စုချန်း၏ စကားမှာ မှန်ပေသည်။ အာကင်နာပညာရှင်များပင် ရွှေစားမျောက်ဝံကြီး ဆောင်းခိုနေမှန်းကို မသိနိုင်လေရာ ၎င်းတို့တီထွင်ထားသည့်ရုပ်သေးရုပ်များက ရွှေစားမျောက်ဝံကြီး သေမသေကို မည်သို့သိနိုင်အံ့နည်း။

"ဘယ်သိပါ့မလဲသခင်"

ပိတ်လော့ ပုခုံးတွန့်လိုက်သည်။

"လောကကြီးမှာ လူတွေမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေဆိုတာ အမြဲတမ်းရှိနေတာပဲမလား သေချာတာကတော့ ဒီနေရာမှာ မူလသားရဲကြီးနဲ့ နှစ်ပေါင်းများစွာ ထိတွေ့မှုရှိတဲ့ ရုပ်သေးရုပ်တရုပ် တကယ်ရှိနေတယ် ပြီးတော့ ဒီရုပ်သေးရုပ်ဟာ စစ်မှန်တဲ့ အာကင်နာနည်းစနစ်နဲ့ ဖန်တီးထားတဲ့ ရှေးကျလှတဲ့ ရုပ်သေးရုပ်ပဲ"

***

All Chapters