← Chapters

စုချန်း သေဆုံးခြင်း

Vol. 78 Ch. 777

စုချန်း သေဆုံးခြင်း

Vol. 78 Ch. 777

နောက်ဆုံးတော့ အလွန်ရှေးကျလှသောအရာတခု ဤမြေတွင် မြှုပ်နှံထားကြောင်း စုချန်း သဘောပေါက်လိုက်ပေပြီ။

ထိုအခါ စုချန်းတယောက်က် အံ့သြမှုကို ချုပ်တီး၍ မရတော့။ တချိန်တည်းမှာပင် သူသည် မူလသားရဲကြီး၏ အရိုးများပေါ်တွင် မတ်တပ်ရပ်မိနေကြောင်း နားလည်လာတော့၏။ ထိုအခါ သူ မေးလိုက်ပြန်သည်။

"ဒါဆို ကျုပ်နဲ့သင့်တော်မဲ့ မူလကိရိယာက ဘယ်မှာလဲ"

ပိတ်လော့က ရှင်းပြလိုက်၏။

"ဒီမှာသေဆုံးသွားတဲ့ အာကင်နာပညာရှင်တွေဟာ တိုက်ရေးခိုက်ရေးမှာ တဖက်ကမ်းခတ်တဲ့ တိုက်ခိုက်ရေးရုပ်သေးရုပ်တွေကို ပိုင်ဆိုင်ဖူးတယ်သခင်ရဲ့ တိုက်ခိုက်ရေးရုပ်သေးရုပ်ဆိုတော့ လက်နက်တွေ တပ်ဆင်ထားတာပေါ့ ဒီလက်နက်တွေဟာ သမိုင်းနဲ့ချီတယ် တနည်းအားဖြင့် ဒဏ္ဍာရီထဲကလက်နက်တွေလို့တောင် ဆိုနိုင်တယ် ဒီလက်နက်တွေအနက် တခုကတော့ အလင်းမဲ့လက်စွပ်လို့ခေါ်တယ် ဒီလက်စွပ်ဟာ အာကင်င်နာနည်းစနစ်တွေနဲ့ သိပ်ပြီး သင့်တော်တယ်သခင် ကျုပ်တို့သာ ကံကောင်းရင် ဒီလက်စွပ်ကို ပြန်ရှာတွေ့နိုင်လောက်တယ်"

"ဟုတ်ပါ့မလား"

"ဖြစ်နိုင်ချေကိုတွေးကြည့်တာပါပဲသခင် နှစ်ထောင်သောင်းချီကြာပြီဆိုတော့ ဘာတွေဘယ်လိုတွေ ဖြစ်ကုန်ပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူးပေါ့ ဒီလိုပဲ မူလကိရိယာဟာလဲ ပျက်စီးသွားတာမျိုး ဖြစ်နိုင်တယ် တယောက်ယောက်ယူသွားတာမျိုးလဲ ဖြစ်နိုင်တာပဲ ရုပ်သေးရုပ်ဟာလဲ ဒီသဘောအတိုင်းပဲပေါ့ ကျုပ်အနေနဲ့ ဖြစ်နိုင်ချေကိုသာ တွေးကြည့်လို့ရတယ် အတိအကျတော့ မပြောရဲပါသခင်"

ပိတ်လော့က အလေးအနက်ပင် ပြန်ပြောလိုက်၏။

"ခင်ဗျားပြောတာ မှန်ပါတယ်"

စုချန်း ခေါင်းညိတ်လိုက်၏။ မည်သို့ဆိုစေ တစုံတရာကို မျှော်လင့်၍ ရနေသည်မှာ ဆိုးသည်ဟု ဆိုစရာမရှိ။

"ဒါနဲ့ ကျုပ်တို့ ဘယ်ရောက်ပြီတုန်းဗျ"

စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။

သို့သော် သူ့ပတ်ပတ်လည်လည်တွင်ကား နေရာမျိုးစုံသို့ ရောက်သွားနိုင်သည့့် လမ်းကြောင်းအသွယ်သွယ်နှင့် ဖြစ်လေ၏။ သူတို့ လမ်းပျောက်နေခဲ့လေပြီ။

"ကျုပ်လဲသေချာမသိဘူးသခင် မြေအခြေအနေက အတော်ကို ရှုပ်ထွေးနေတာကလား"

"ဒါဆိုလဲ ကျုပ် နည်းနည်းပါးပါး ကြိုးစားကြည့်အုံးမယ်"

ပြောပြောဆိုဆို စုချန်းက ဆေးပုလင်းအား ဆွဲထုတ်ပြီး သူသွေးစက်တချို့ကို အစက်ချလိုက်၏။ ရုတ်ချည်းဆိုသလို စုချန်း၏ ကိုယ်ပွား ၁၇ယောက်ခန့့် ဘွားခနဲ ထွက်ပေါ်လာလေသည်။

အဆိုပါကိုယ်ပွားများသည် တိုက်ခိုက်ရာတွင် အသုံးမတည့်။ သို့သော် လမ်းကြောင်းရှာရာတွင်တော့ အသုံးဝင်လှ၏။ ချက်ချင်းပင် ကိုယ်ပွားများသည် လှိုဏ်ခေါင်းအသီးသီးသို့ ချက်ချင်းဆိုသလိုပင် ဝင်သွားကြတော့လေသည်။

ကိုယ်ပွားတခုစီတိုင်းသည် သူနှင့်ချိတ်ဆက်ထားသည်ဖြစ်၍ လမ်းကြောင်းတခုစီတိုင်းကို စုချန်း သဲသဲကွဲကွဲ မြင်တွေ့နေရ၏။ သိပ်မကြာမီ ကိုယ်ပွားတစုံ ထူးခြားသောမြေနေရာသို့ ရောက်သွားကြောင်း စုချန်း မြင်လိုက်ရသည်။

အဆိုပါမြေသည် မှောင်မိုက်နေ၏။ အထူးတလည် ကျယ်ဝန်းနေ၏။ အဝေးဆီမှကြည့်လျင် ကျောက်တုံးနံရံငယ်များကို အတန်းလိုက် တွေမြင်နေရ၏။

ပိတ်လော့ရှင်းပြသည်များကို နားထောင်ဖူး၍ တခုခုထူးနေမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်သည်။

"ပိတ်လော့ ဒီမှာ ကျုပ် ထူးဆန်းတဲ့ရှေးဟောင်းကျောက်တုံးပုံစံတချို့ တွေ့နေတယ် ကြည့်ရတာကတော့ အာကင်နာခေတ်ဦးပိုင်းက တည်ဆောက်မှုပုံစံတွေနဲ့ ခပ်ဆင်ဆင်ပဲ ခင်ဗျား ကျုပ် ပြောနေတာမျိုး သိသလား"

"သိတာပေါ့သခင် အာကင်နာပညာရှင်တွေဟာ ပထဝီအမျိုးအစားအာကင်နာနည်းစနစ်တွေကို လေ့ကျင့်ဖို့အတွက် ဒီလိုအဆောက်ဦးငယ်တွေက်ို တည်ဆောက်ခဲ့ကြတယ် ဒီလိုအဆောက်အဦးလေးတွေဟာ တည်ဆောက်ရတာ လွယ်ကူတယ် စျေးသက်သာတယ်လေ"

ပိတ်လော့က ပြန်ပြောလိုက်၏။

"မှန်တယ် ကျုပ်မှာလဲ ဒီလိုအတွေ့အကြုံမျိုး ရှိပါတယ်လေ"

စုချန်းက တဟဲဟဲ ရယ်မောရင်း ပြောလိုက်၏။ သူ၏ အချုပ်အနှောင်မဲ့အဖွဲ့တွင်လည်း ထိုသို့ ကျောက်တုံးပုံစံများအား သုံးထားသည် မဟုတ်ပါလား။

"ဒါဆိုလဲ ကျုပ်တို့သွားကြည့်ကြမယ်လေ သဲလွန်စလေးဘာလေးများ ရမလားပေါ့"

ပိတိလော့က လောဆော်လိုက်၏။

ငွေကြယ်မိုင်းတွင်းသို့ ဝင်လာပြီးကတည်းက သဲလွန်စများ တခုပြီးတခု စုချန်း တွေ့နေရပြီ ဖြစ်သည်။ အဆိုပါ သဲလွန်စများ ဘယ်နေရာတွင် လမ်းဆုံးမည်ကို စုချန်း မသိ။ လူပျံတော်များနှင့် ဆိုင်၏မဆိုင်၏ စုချန်း မသိ။ သို့သော် ထို အမှန်တရားကို တွေ့အောင်ရှာမည်ဟုတော့ သူ ဆုံးဖြတ်ထား၏။

သိပ်မကြာမီ ပြန့်ကျဲနေသော ကျောက်တုံးအခန်းများအနက်မှ တခန်းဆီသို့ စုချန်းတို့ ရောက်ရှိလာလေသည်။

ကျောက်တုံးအခန်းများ၏ ပတ်ပတ်လည်တွင် မိုင်းတူးထားသည့် လက္ခဏာများအား တွေ့မြင်နေရ၏။

"စိတ်ပျက်စရာပဲ မိုင်းသမားတွေ ဒီနေရာကို ရောက်ပြီးသွားပြီ ကျုပ်တို့ ဘာမှသိပ်များများစားစား တွေ့ဖွယ်ရာမရှိတော့ဘူး"

ပိတ်လော့က စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

"မဟုတ်သေးဘူးဗျ ခုနလေးတင် စိတ်ဝင်စားစရာလေးတခု ဖြစ်သွားတယ်"

စုချန်း၏ စကားကြောင့် ပိတ်လော့ အံ့သြသွားလေသည်။

"ဟာ ဘာကိုလဲသခင် ကျုပ်တော့ဖြင့် ဘာမှကို သတိမထားမိပါလား"

"ခင်ဗျား ဘယ်သတိထားမိမလဲ ဒါ စိတ်ဝိညာဥ်စွမ်းအားအတော်လေးမြင့်မားနေမှ သတိထားမ်ိနိုင်တာမျိုးကလား "

"ဒါဆို ဘာများဖြစ်သွားတာလဲသခင်"

"ကျုပ်ရဲ့စိတ်ဝိညာဥ်စွမ်းအားတချို့ ပျောက်ဆုံးသွားတယ်လေဗျာ ခုဆို ကျုပ်ရဲ့စိတ်ဝိညာဥ်စွမ်းအားက အရင်ထက် နိမ့်သွားပြီ"

"ဟာ တကယ်ပဲလားသခင်"

ပိတ်လော့ အကြီးအကျယ် စိတ်လှုပ်ရှားလာ၏။

စိတ်ဝိညာဥ်စွမ်းအားတချို့ ပျောက်ဆုံးသွားသည်မှာ ကြီးမားသောဆုံးရှုံးမှုမျိုး မဟုတ်။ သို့သော် စိတ်ဝိညာဥ်စွမ်းအားတချို့ မည်သို့မည်ပုံ ပျောက်ဆုံးသွားရလေသနည်း။

"ပိုးကောင်တွေကြောင့်လား သခင်"

ပိတ်လော့က မေးခွန်းထုတ်လိုက်၏။

"မဟုတ်ဘူးဗျ ထူးခြားတဲ့ပတ်ဝန်းကျင်တမျိုး တည်ရှိသလို ကျုပ် ခံစားနေတယ်"

ထို့နောက် စုချန်းက စကားဆက်လိုက်၏။

"အနောက်လိုင်နာရဲတိုက်ထဲကလိုမျိုးပေါ့ဗျာ"

အနောက်လိုင်နာရဲတိုက်တွင် ကက်ပီးယပ်စ်သည် သူ့ရတနာများအား ပြင်ပနယ်ပယ်တခုတွင် သိမ်းဆည်းထားခဲ့၏။ စုချန်း ယခု ရနေသောခံစားချက်ကလည်း ထိုအတိုင်းပင်။

"သေချာတာကတော့ ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအားနဲ့ ဆက်စပ်နေတဲ့ ပြင်ပနယ်ပယ်တခုခု ရှိနေပြီ"

"ဒါဆို ကျုပ်တို့ဘာကိုစောင့်နေတာလဲ အဲဒီနယ်ပယ်ကို လိုက်ရှာပြီး အထဲကို ဝင်ကြမယ်လေ"

ပိတ်လော့က စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။

"နေအုံးဗျ ဘာတွေဆက်ဖြစ်လာနိုင်မလဲ တချက်ကြည့်အုံးမယ်"

ပြောပြောဆိုဆို စုချန်းက မူလအရိုးအား ဆွဲထုတ်လိုက်၏။

ဆန်းကြယ်သောနယ်ပယ်သည် ပဟေဠိများဖြင့် ပြည့်နှက်နေ၏။ အထဲတွင် ဘာတွေရှိနေမှန်း မည်သူမှ မသိနိုင်။ မူလအရိုးရှိနေမှတော့ အန္တရာယ်ကို ဘာကြောင့် အရဲစွန့်နေတော့မည်နည်း။

သို့သော် ပိတ်လော့ကတော့ ထိုသို့မြင်ပုံမရ။

"နှစ်ပေါင်းထောင်သောင်းချီကြာမှတော့ အလောင်းတွေကလွဲလို့ ဘာများရှိအုံးမှာလဲသခင်"

"အန္တရာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စမ်းကြည့်တာတော့ မမှားဘူးလေဗျာ ကဲ မူလအရိုး လေဟာနယ်ထဲဝင်သွားရင် ဘာတွေဖြစ်လာမလဲ ကျုပ်ကို ပြစမ်း"

အဆင့်မြင့်နတ်ဆိုးသားရဲမူလသလင်းတခုကို အရိုးရှေ့တွင် ချရင်း စုချန်းက အထက်ပါအတိုင်း ပြောလိုက်၏။

ကနဦးစမ်းသပ်မှုမှာ ချက်ချင်းဆိုလိုပင် ရှုံးနိမ့်သွား၏။ ထိုအခါ စုချန်းက နတ်ဆိုးအရှင်သခင်သားရဲတကောင်၏ မူလသလင်းကိုယူပြီး မူလအရိုးရှေ့တွင် ချပေးလိုက်ပြန်သည်။ ဤတကြိမ်တွင်လည်း မည်သည့်တုံ့ပြန်မှုမှ ပေါ်ထွက်လာခြင်းမရှိ။

"ဘာတွေဖြစ်နေတာလဲသခင်"

ပိတိလော့ အံ့သြလာ၏။

စုချန်း၏ မျက်နှာတွင်လည်း စိတ်ရှုပ်ထွေးဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။

ယခင်စမ်းသပ်ချက်များအရ ပြင်ပအရာတခုခု စွက်ဖက်မှု ရှိပါက စတေးမှုကုန်ကျစရိတ် ပိုများမှန်း စုချန်း သိထား၏။ ယခု နတ်ဆိုးအရှင်သခင်မူလသလင်းနှင့် စတေးသည့်တိုင် မည်သည့်တုံ့ပြန်မှုမှ ပေါ်ထွက်မလာသည်ကိုကြည့်လျင် ထူးဆန်းသောနယ်ပယ်ထဲတွင် အင်အားကြီးမားသည့် အရာတခုခု ရှိနေပြီဖြစ်ကြောင်း သိသာနေပေသည်။

"ဒါဆိုရင်လဲ အဲဒီနယ်ပယ်ထဲ ဝင်သွားရင် ကျုပ် အသက်ရှင်နိုင်မှာလား ပြောစမ်းဗျာ"

စုချန်းက မူလအရိုးအား နောက်ထပ်မေးခွန်းတခု ထုတ်လိုက်ပြန်သည်။

မေးခွန်းအဆုံးဝယ် ပုံရိပ်များ ပေါ်ပေါက်လာ၏။ စုချန်း မြင်တွေ့နေရသည်မှာည်မှာ သွေးပင်လယ်ပေတည်း။ သွေးပင်လယ်၏ အလယ်တွင် အလောင်းတလောင်း ရှိနေ၏။ ထိုအလောင်းမှာ စုချန်း၏ အလောင်းပင် ဖြစ်သည်။

မြင်ကွင်းသည် သူတို့နှစ်ဦးစလုံးအား ထိတ်လန့့်တုန်လှုပ်သွားစေ၏။

"သခင် သခင် တကယ်သေသွားတာလား ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘာတွေဖြစ်နေတာလဲ သခင်"

စုချန်း ဘာမှပြန်မပြော။ သူ့မျက်နှာမှာ လေးနက်တည်ကြည်နေလေသည်။

လျှို့ဝှက်လေဟာနယ်ထဲတွင် ဘယ်အရာများ တည်ရှိနေလေနည်း။

ကံဆိုးသည်မှာ နတ်ဆိုးအရှင်သခင်သားရဲ၏ မူလသလင်းကို စတေးသည့်တိုင် တရားခံမည်သူမည်ဝါမှန်း မူလအရိုးက ပြောမပြနိုင်ခြင်းပင်။

ထိုအခါ စုချန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး သူ၏ စိတ်ဝိညာဥ်စွမ်းအားကို ဖြန့်ကျက်ကစားကာ ပတ်ပတ်လည်ကို စစ်ဆေးလိုက်၏။ မည်သည့်အရာမှာ သူ့တို့ဘေးနားတွင် ရှိဟန်မတူ။ သို့သော် မူလအရိုး၏ ခန့်မှန်းချက်အရာ အလွန်အင်အားကြီးဟန်တူသောအရာတခု တနေရာရာမှ သူတို့အား စောင့်ကြည့်နေသည်မှာ သေချာနေခဲ့လေပြီ။

၎င်းကို ပိတ်လော့လည်း သဘောပေါက်ဟန်တူသည်။

"ကျုပ်တို့ ဒီနေရာကနေ အမြန်ဆုံးလစ်တာကောင်းမယ်နဲ့တူတယ်သခင်"

"မဟုတ်သေးဘူးဗျ မူလအရိုးက ဟိုနယ်ပယ်ထဲဝင်သွားရင် ကျုပ် သေမယ်လို့ပဲ ပြောတာ ဒီမှာဆက်နေရင် သေမယ်လို့ မပြောဘူး သေချာသွားအောင် အရငဆုံး မေးကြည့်တာပေါ့ ကဲ မူလအရိုး ကျုပ် ဒီမှာဆက်နေရင် အသက်ရှင်နိုင်မှာလား"

အဖြေမှာ စုချန်း မျှော်လင့်ထားသည့့်အတိုင်းပင်။ မူလအရိုးက သူ အသက်ရှင်မည်ဟု ဟောကိန်းထုတ်လာ၏။

"ဒါ ဘာကိုဆိုလိုတာလဲသခင်"

ပိတ်လော့က မေးခွန်းထုတ်လိုက်၏။

"ဘာကိုဆိုလိုသလဲဆိုတော့ဗျာ အထဲမှာရှိနေတဲ့အရာဟာ သူကစပြီး ကျုပ်တို့ကို တိုက်ခိုက်မှာမဟုတ်ဘူး ဒါဆို အတော်ကိုလွယ်သွားပြီပဲ သူ အပြင်ကို ထွက်မလာသရွေ့ ကျုပ်တို့ ကြောက်စရာမလိုဘူး"

ထို့နောက် စုချန်းက နောက်ထပ်မေးခွန်းတခု ထုတ်လိုက်ပြန်သည်။

သူ သိလိုသည်မှာကား သူ လျှို့ဝှက်နယ်ပယ်ကို ရှာတွေ့မည်၊ သို့သော် အတွင်းသို့မဝင်ပါက မည်သို့ဖြစ်လာမည်နည်းဟူသည်ကိုပင်။

ဤတကြိမ်တွင်လည်း သူ့အတွက် မည်သည့်အန္တရာယ်မှမရှိဟု မူလအရိုးက အဖြေထုတ်ပေးလိုက်ပြန်၏။ ဆိုလိုသည်မှာ သူ လျှို့ဝှက်နယ်ပယ်ကို ရှာတွေ့သည့်တိုင် အထဲတွင်ရှိနေသည့်အရာက အပြင်သို့ထွက်လာလိမ့်မည်မဟုတ်ချေ။

ထိုအခါ စုချန်းက ကိုယ်ပွားများ လျှို့ဝှက်နယ်ပယ်အတွင်း ဝင်ရောက်သွားပါက ဖြစ်လာမည့့်အခြေအနေကို မေးခွန်းထုတ်လိုက်ပြန်သည်။

အဖြေမှာ ကိုယ်ပွားများ သေကုန်မည်။ အထဲတွင် ရှိနေသည့်အရာကတော့ အပြင်သို့ မထွက် ဟူ၏။

နောက်ဆုံးတွင် စုချန်း သိလာသည်မှာ လျှို့ဝှက်နယ်ပယ်အတွင်းဝယ် ပုန်းအောင်းနေသော တစုံတရာသည် ဘယ်လိုနည်းနှင့်မှ အပြင်သို့ ထွက်လာမည် မဟုတ်ဟူသော အချက်ကိုပင်။

ထိုအခါ စုချန်းက ချက်ချင်းပင် ကိုယ်ပွားခုနှစ်ကောင်အား ဖန်တီးလိုက်လေသည်။ ကိုယ်ပွားခုနှစ်ကောင်အနက် သုံးကောင်မှာ ကျန်လေးကောင်ထက် ပို၍ သန်မာ၏။

နောက်ဆုံးတော့ လျှို့ဝှက်နယ်ပယ်အား ရှာဖွေရန် အချိန်ရောက်ပေပြီ။

စိတ်ဝိညဥ်စွမ်းအင်ကို အမြင်ဆုံးအနေအထားထိ စုချန်း နှိုးဆွလိုက်၏။ သိပ်မကြာမီ တနေရာတွင် စွမ်းအင်အတက်အကျများ ဖြစ်ပေါ်နေကြောင်း စုချန်း သိလိုက်ရသည်ည်။ လျှို့ဝှက်နယ်ပယ်၏ ဝင်ပေါက်ပင် ဖြစ်ပေလိမ့်မည်။

"ညီလေးလေးဆယ်မရှိတာ ကံဆိုးတာပဲ သူသာရှိရင် ဒီလေဟာနယ်ကို တည်ငြိမ်အောင် ထိမ်းသိမ်းထားနိုင်မှာပဲ သူမရှိတော့လဲ ဘယ်တတ်နိုင်မလဲ ကြိုးစားကြည့်ရမှာပေါ့ ငါ့မှာ သူ့ရဲ့သွေးတွေ ကျန်နေသေးတာပဲလေ"

ပြောပြောဆိုဆို စုချန်းသည် ကျိယွာယု၏ သွေးများရှိနေသည့် ဖန်ပုလင်းငယ် နှစ်ပုလင်းကို ဆွဲထုတ်ကာ ဂွတ်ခနဲ သောက်ချလိုက်လေသည်။ ကျိယွာယု၏ သွေးသည် လေဟာနယ်ဆိုင်ရာစွမ်းရည်များအား ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

"လက်စသတ်တော့ ဒီလိုကိုး"

သူ့ပတ်ဝန်းကျင်အား စိတ်လှုပ်တရှားငေးကြည့်ရင်း စုချန်း ရေရွတ်လိုက်၏။ သူ့ပတ်ပတ်လည်တွင် စီးဆင်းနေသော စွမ်းအင်များအား ပရမတ်အမြင်အာရုံနှင့် သူ တွေ့မြင်နေရသည် မဟုတ်ပါလား။ ထို့နောက် စုချန်းက လက်တဖက်က်ို လှုပ်ရှားလိုက်ရာ လေဟာနယ်ဝဲဂယက်ငယ်တခု တဖြည်းဖြည်း ပေါ်ပေါက်လာ၏။

အဆိုပါဝဲဂယက်သည် ကြည့်ရင်းနှင့် တွင်းပေါက်ငယ်တခုနှင့် တူလာလေသည်။ တွင်းပေါက်ငယ်ပွင့်လာသည်နှင့် စုချန်းတို့နှစ်ယောက်လုံး ကြက်သီးမွေးညှင်းများ ထကုန်ကြလေသည်။

"ဝင် အမြန်ဝင်ကြတော့"

စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ကိုယ်ပွားခုနှစ်ကောင် လေဟာနယ်အတွင်းသို့ ခုန်ဝင်သွားကြလေသည်။

***

All Chapters