← Chapters

မိဘမဲ့

Vol. 78 Ch. 778

မိဘမဲ့

Vol. 78 Ch. 778

ကိုယ်ပွားများ လေဟာနယ်အတွင်း ခုန်ဝင်သွားသည်နှင့် သူ့မသိစိတ်တခုလုံး ယိုင်ထွက်သွားသကဲ့သို့ စုချန်း ခံစားလိုက်သည်။

ထို့နောက် သူ့စိတ်ကြေးမုံပြင်ပေါ်ဝယ် ကိုယ်ပွားများ၏ ပုံရိပ်ကို အတိုင်းသား မြင်တွေ့နေရလေသည်။

ဝန်းကျင်တခိုလုံးမှာ ပိန်းပိတ်မှောင်မဲနေ၏။ လေဟာနယ်၏ အလယ်တွင် ကျွန်းငယ်တကျွန်း ရှိလေသည်။ ထိုကျွန်းအား ကစဥ့်ကလျားနိုင်လှသော လေပြင်းများ ပြင်းပြင်းထန်ထန် ဝိုင်းပတ်တိုက်ခတ်လျက်ရှိ၏။

သာမာန်လေပြင်းတော့မဟုတ်။ မူလစွမ်းအင်လေပြင်းများပေတည်း။ အားကောင်းပြီး ကြမ်းတမ်းသော မူလစွမ်းအင်လေပြင်းများပင်။

လေပြင်းများ ထိမိသည်နှင့် ကိုယ်ပွားလေးကောင်မှာ နေရာမှာပင် အသက်ပျောက်သွား၏။ သို့သော် ပို၍သန်မာသော ကိုယ်ပွားသုံးကောင်ကြောင့် အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတရပ်ကို စုချန်း မြင်လိုက်ရလေသည်။

အား!!!!

သူ့ခေါင်းကိုဖျစ်ညှစ်ပြီး စုချန်း နာကျင်စွာ အော်ဟစ်လိုက်၏။

"သခင် အဆင်ပြေရဲ့လား"

ပိတ်လော့ သုတ်သီးသုတ်ပြာနှင့် မေးလိုက်သည်။

"ကျုပ်ရဲ့ကိုယ်ပွားတွေတော့ အဲဒီဟာကြီး တိုက်ခိုက်လို့ သေကုန်ပြီ ကျုပ်မသိလိုက်တာက ဒီဟာကြီး ကျုပ်နဲ့ကိုယ်ပွားတွေ ဆက်သွယ်ထားတဲ့ စိတ်ဝိညာဥ်ဆက်ကြောင်းတွေနောက်ကလိုက်ုက်ပြီး ကျုပ်ကိုပါ တိုက်ခိုက်နိုင်တာပဲ သေစမ်း မူလအရိုးက ဒါက်ိုတော့ မပြောပြခဲ့ဘူး"

မြေကြီးပေါ်တွင် ဒူးထောက်ရင်း သူ့ခေါင်းကိုသူ ဖျစ်ညှစ်ကာ စုချန်းက ပြောလိုက်၏။

"မူလအရိုးက သဗ္ဗညုတညဏ်ရထားတာမှမဟုတ်တာပဲ သခင်"

"ခင်ဗျားပြောတာမှန်ပါတယ်"

စုချန်း အားယူမတ်တပ်ရပ်ရင်း ပြောလိုက်၏။ သူ့နှာခေါင်းမှ ယခုတိုင် သွေးများတသွင်သွင်စီးကျနေသေး၏။

"ဒီခွေးသားကြောင့် ကျုပ်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ယူနစ်၅၀လောက် ကုန်သွားပြီ ခင်ဗျားတွေးကြည့်စမ်း ယူနစ်၅၀တဲ့ နည်းသလား ဒီလေကြမ်းတွေက အတော်ကို ကြောက်စရာကောင်းတာပဲဗျ"

"ဒါကြီးက ဘာများဖြစ်နေမလဲသခင်"

ပိတ်လော့ အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။

စုချန်းကဲ့သို့ စိတ်ဝိညာဥ်စွမ်းအင် ယူနစ်၃၀၀၀ထောင်ခန့်ရှိသူကိုပင် ဒဏ်ရာရလောက်စေသောအရာမှာ ဘာများပေနည်း။

"ဒါ တကယ်တော့ သားရဲတွင်းပဲဗျ ပိုးကောင်တွေကို တချိန်လုံးထုတ်ပေးနေတဲ့ သားရဲတွင်းပဲဗျ ဒီပိုးကောင်တွေ ဘယ်ကလာသလဲ ကျုပ်သိလိုက်ပြီ အန္တရာယ်က လေဟာနယ်ထဲဝင်မှ အန္တရာယ်ဖြစ်တာ အံ့သြစရာမှမဟုတ်တာ အထဲက အကောင်ကြီးက လှုပ်မှမလှုပ်ရှားနိုင်တာကြီးကိုး ဒီကောင်ကြီး ထုတ်ပေးနေတဲ့ ပိုးကောင်တွေအကုန်လုံးကိုလဲ ကျုပ် သတ်ပစ်လိုက်ပြီလေ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသခင်"

ပိတိလော့ ပို၍ အံ့သြလာ၏။

"ရွှေစားမျောက်ဝံသေပြီးတဲ့နောက်မှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတာ အတော်အံ့သြစရာကောင်းနေပြီသခင်"

"လူပျံတော်တွေ လုပ်နေတဲ့သုတေသနက ဒါပဲဖြစ်ရမယ်"

စုချန်းက တထစ်ချကောက်ချဆွဲလိုက်၏။

"သခင် ဘယ်လိုလုပ်သိသလဲ"

စုချန်းက ပြန်ရှင်းပြလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ပိုးကောင်သိုက်ကြီးဟာ မူလစွမ်းအင်မုန်တိုင်းရဲ့ အလယ်ဗဟိုမှာ ရှိနေတယ် ပြီးတော့ ဒီကောင်တွေဟာ ဘယ်အရာနဲ့မှဆက်စပ်မှုမရှိပဲ သီးခြားတည်ရှိနေတာကို တွေ့ရတယ် ဘယ်လိုအင်းဆက်ပိုးမွှားမျိုးက ဒီလိုနေရာမျိုးမှာ နှစ်ပေါင်းထောင်ချီ အသက်ရှင်သန်နေထိုင်နိုင်မှာတဲ့လဲ ဒါသဘာဝတရားနဲ့ မကိုက်ညီဘူးလေ"

ပိတ်လော့ ချက်ချင်းပင် နားလည်သွား၏။

နှစ်ပေါင်းထောင်သောင်းချီဟူသော အချိန်ကာလသည် မည်သည့်သက်ရှိပုံစံမျိုးကိုမဆို အစတုံးသွားစေရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။ ဤမျှပြင်းထန်ကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုးတွင် ဘယ်သတ္တဝါက အသက်ရှင်သန်နေနိုင်အံ့နည်း။

ထို့ကြောင့် ပိုးကောင်သိုက်နှင့် လူပျံတော်များ တနည်းည်းတဖုံ ပတ်သက်နေသည်ဟူသော အကြောင်းပြချက်မှလွဲ၍ တခြားဖြစ်နိုင်ဖွယ်ရာအကြောင်းပြချက် များများစားစားမရှိ။

"ဒီတော့ ဒီတလျှောက်လုံး လူပျံတော်တွေဟာ ပိုးကောင်တွေ မွေးမြူနေကြတာပေါ့ ဟုတ်လား သခင်"

ပိတ်လော့ အံ့သြတကြီးနှင့် ရေရွတ်လိုက်လေသည်။

"ဒီပိုးကောင်တွေကို သူတို့ ဘယ်လိုအသုံးချမလဲဆိုတာတော့ ကျုပ်တို့ တချက်ကြည့်ရအုံးမယ်"

စုချန်းက ပြန်ပြောလိုက်၏။

"ကဲ ခုတော့ ငွေကြယ်မိုင်းတွင်း ဘာကြောင့် မြန်မြန်ဆန်ဆန် ခန်းသွားသလဲဆိုတာ ခင်ဗျား သဘောပေါက်သွားပြီမလား"

ပိတ်လော့က ပြန်ဖြေလိုက်သည်။

"ဒီပိုးကောင်တွေကြောင့်ပဲ ဖြစ်မှာပေါ့သခင် ဒီကောင်တွေဟာ နံရံတလျှောက် လှိုဏ်ခေါင်းတွေဖောက်တယ် ပြီးရင် အထဲကသတ္တုတွေကို တူးတယ် ဆွဲထုတ်တယ်"

စုချန်း ခေါင်းညိတ်လိုက်၏။

"ခင်ဗျားပြောတာ မှန်ပါတယ် ဒါပေမဲ့ ခုနက လေဟာနယ်ထဲမှာ ဘယ်သတ္တုအပိုင်းအစမှတော့ ကျုပ်မတွေ့ဘူး"

"ဟုတ်တယ်သခင် ဒါကတော့ တော်တော်ထူးဆန်းနေတယ်"

ထိုအခါ စုချန်းက ပြောလိုက်ပြန်သည်။

"လူပျံတော်တွေ ဒီမှာ ပိုးကောင်လာမွေးတာ အကြောင်းမဲ့သက်သက်တော့ မဟုတ်နိုင်ဘူး လေဟာနယ်ထဲမှာ ကျုပ်တို့မသိတဲ့ လျှို့ဝှက်ချက်တခုခု ရှိနေအုံးမယ်ထင်တယ် အထဲဝင်ဖို့နည်းလေးဘာလေးရှိမလား ကျုပ် ရှာလိုက်အုံးမယ် ဒါမှသာ ပြသနာရဲ့အဖြေကို ကျုပ်ရှာနိုင်မယ်"

စုချန်း၏ စကားကြောင့့် ပိတ်လော့မျက်လုံးပြူးသွား၏။

"ဟာ သခင်ရူးနေပြီလား ခုနက သခင်သေမယ်လို့ မူလအရိုးက ဟောကိန်းထုတ်ထားတယ်လေ အထဲမှာရှိနေတဲ့ သတ္တဝါကြီးက ကိုယ်ပွားတွေကနေတဆင့်တောင် သခင်က်ို တိုက်ခိုက်နိုင်တာမလား"

"ကျုပ် သိပါတယ် ဒါပေမဲ့ ဒါက ကနဦးခန့်မှန်းချက်ပါလေ ကျုပ် ဒီကောင်ကြီးနဲ့ပတ်သက်ပြီး ပိုသိလာတာနဲ့အမျှ ခန့်မှန်းချက်က ပြောင်းလဲသွားလိမ့်မယ်"

"ဘာပဲဖြစ်ဖြစ် သခင့်အနေနဲ့ အနည်းဆုံးတော့ ကျူးမျိုးနွယ်စုတွေကို အကြောင်းကြားသင့်တယ် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တွေဆိုရင်တော့ ဒီကောင်ကြီးရဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ခံနိုင်ကောင်းပါရဲ့"

စုချန်းက ချက်ချင်းပင် ခေါင်းခါလိုက်၏။

"မဖြစ်နိုင်ဘူး ဒီကောင်ကြီးရဲ့တိုက်ခိုက်မှု ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ ကျုပ် သိတယ် ဒီကောင်ကြီးဟာ အိပ်မက်နယ်ပယ်အရှင်သခင်နဲ့တောင် အဆင့်ချင်းတန်းတူလောက်ရှိတယ် အနှိုင်းမဲ့ဧကရာဇ်ပညာရှင်တွေတောင် သူ့ရဲ့တိုက်ခိုက်မှုကို ခုခံဖို့ အတော်ခက်လိမ့်မယ်"

ပိတ်လော့ အံ့သြသွား၏။

"ဒါကြောင့်မို့ သခင့်အနေနဲ့ ပိုပြီး ဂရုစိုက်သင့်တာပေါ့ သေချာတာကတော့ သခင် ပိုးကောင်သိုက်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ ခံနိုင်စရာအကြောင်းမရှိဘူး"

"ဒီလိုတော့လဲ မဟုတ်သေးဘူးဗျ"

စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"အင်အားနဲ့ မဖြေရှင်းနိုင်တဲ့အရာတွေကိုတောင် ကျုပ်ရဲ့ညဏ်ပညာနဲ့ ဖြေရှင်းနိုင်ခဲ့တာတွေ ရှိတယ် ဒီပိုးကောင်သိုက်ကို လူပျံတော်တွေ ဖန်တီးထားတယ်ဆိုရင် သူတို့မှာ ဒီပိုးကောင်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းရှိနေလို့သာပဲ မဟုတ်ဘူးလား"

ပိတ်လော့ နားလည်သွား၏။

"ဟုတ်တယ်သခင် ဒီလောက်ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို သူတို့ ဘယ်လိုများ ခုခံနိုင်တာလဲ မသိဘူး"

"ကျုပ် မသိဘူး ဒါပေမဲ့ ဒီတိုက်ခိုက်မှုမျိုးကို တခြားအကူအညီမသုံးပဲ ခုခံနိုင်လိမ့်မယ်လို့တော့ ကျုပ် မထင်ဘူး"

လူပျံတော်များတွင် ပိုးကောင်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်သည့့် နည်းစနစ် သို့မဟုတ် ကိရိယာတမျိုးမျိုး ရှိနေသည်ဟု စုချန်း ယူဆထားသည် မဟုတ်ပါလား။

အတန်ကြာအောင် စဥ်းစားပြီးနောက် စုချန်းက အမိန့်ပေးလိုက်၏။

"သေမင်းအရိပ် ကျူးအိမ်တော်ကိုပြန်ပြီး အိုရီအိုးလ်ကို သွားခေါ်ခဲ့စမ်း"

"သခင့်ဆန္ဒအတိုင်းပါပဲသခင်"

သေမင်းအရိပ်၏ ဦးခေါင်းက အမှောင်ထဲမှ တိုးထွက်လာရင်း အထက်ပါအတိုင်း ပြောလိုက်လေသည်။

သေမင်းအရိပ်အား အမိန့်ပေးပြီးသည်နှင့် စုချန်းက လေဟာနယ်အဝင်ပေါက်အား စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။

"ကဲ မင်းမှာ တခြားဘာစွမိးရည်တွေများ ရှိသလဲ ကြည့့်ကြတာပေါ့"

စကားဆုံးသည်နှင့် စုချန်းက မူလလက်စွပ်က်ို ဖွင့်ပြီး ဆေးပုလင်းများစွာအနက်မှ ပုလင်းငယ်တလုံးကို ဆွဲထုတ်လိုက်၏။ ပုလင်းငယ်ထဲတွင် အနက်ရောင်အရည်တချို့ ရှိနေ၏။ အရည်ထဲတွင် အမြည်းရှည်ရှည်နှင့် ဖားလောင်းကဲ့သို့သော ပိုးကောင်တကောင် ရှိနေလေသည်။

"အဲဒါ ဘာများလဲ သခင်"

ပိတ်လော့က မေးလိုက်၏။ သူသည် အချိန်အတော်ကြာအောင် တောင်ခွဲဓားအတွင်းတွင်သာ နေထိုင်နေခဲ့ရ၍ စုချန်း ဘာတွေလုပ်နေမှန်း မသိချေ။

"သက်ရှိပုံစံတမျိုးပဲ ဆိုပါတော့ကွာ ဒီကောင်ကို ကျုပ်က နဂါးကျောင်းတော်က ကျောင်းသားတချို့ရဲ့သွေးနဲ့ နတ်ဆိုးသားရဲသွေး ပေါင်းစပ်ပြီး ဖန်တီးထားတာပဲ ဒီကောင့်မှာ အနာတွေ မြန်မြန်ကျက်စေနိုင်တဲ့ စွမ်းရည်ရှိတယ် စတုန်းးကတော့ ထူးခြားပြီးအသုံးဝင်တဲ့ သက်ရှိတမျိုး ဖန်တီးဖို့ကျုပ် ကြိုးစားခဲ့တာပဲ ကံဆိုးချင်တော့ ကျုပ်ရဲ့စမ်းသပ်မှု မအောင်မြင်ခဲ့ဖူး ဒီသတ္တဝါမှာ အသိစိတ်မရှိဘူးဗျ ဒါကြောင့် သူ့ကို ထိန်းချုပ်လို့မရဘူး ပြီးတော့ အသက်ကလဲ အင်မတန်တိုတယ် သူ အသက်ရှင်ဖို့က အဆက်မပြတ် စားသောက်နေမှ မစားတာနဲ့ ဒီကောင်က သေတာပဲ တိုတိုပြောရရင်တော့ ဘယ်နေရာမှ အသုံးမတဲ့ဘူးပေါ့ဗျာ"

"ဒါနဲ့တောင် သခင်က သိမ်းထားသေးတာပဲ"

"သင့်တော်မဲ့အခြေအနေမျိုးနဲ့ကြုံလာရင် မအောင်မြင်တဲ့ရလဒ်တွေတောင် အသုံးတည့်နိုင်သေးတာပဲ"

စုချန်းက ပြုံးရင်း ပြောလိုက်၏။

"ဒီသတ္တဝါမှာ အသိစိတ်မရှိဘူး ဆိုလိုတာက စိတ်ဝိညာဥ်တိုက်ခိုက်မှုတွေကို သူ မကြောက်ဘူးလို့ ဆိုလိုတာပဲ ကဲ ခင်ဗျား စဥ်းစားကြည့် ဒီလိုအခြေအနေမှာ စမ်းသပ်ကြည့်ဖို့ ဘယ်လောက်သင့်တော်သလဲဆိုတာ"

ပြောပြောဆိုဆို စုချန်းက သူ ဖန်တီးထားသည့်ပိုးကောင်အား လေဟာနယ်အတွင်းသို့ ပစ်ထည့်လိုက်၏။ ထို့နောက် ပွင့်နေသောအပေါက်ဝမှနေ၍ သူ အတွင်းထဲသို့ စိတ်ဝင်တကြားနှင့် စောင့်ကြည့်နေလိုက်လေသည်။

လေဟာနယ်အတွင်းရောက်သည်နှင့် စုချန်း၏ ပိုးကောင်သည် အထဲတွင်ရှိနေသည့် ပိုးကောင်အား စတင်တိုက်ခိုက်တော့၏။

ဤတကြိမ်တွင် ပိုးကောင်ကြီး၏ ကြောက်စရာစိတ်ဝိညာဥ်တိုက်ခိုက်မှုမှာ လားလားမျှပင် အသုံးမဝင်တော့။ စုချန်း၏ ပိုးကောင်သည် ရှေ့သို့သာတိုး၍ ဆက်လက်တိုက်ခိုက်နေ၏။

သိပ်မကြာမီ စုချန်းနှင့် ပိတ်လော့တို့နှစ်ဦးလုံး မျက်လုံးပြူးလောက်စရာမြင်ကွင်း ပေါ်ပေါက်လာတော့၏။

အကြောင်းမှာ ပိုးကောင်ကြီးဆီမှ ငိုကြွေးသံများ ထွက်ပေါ်လာခြင်းပင်။

ထိုမျှသာမကသေး ၎င်းသည် စုချန်း ပိုးကောင်၏တိုက်ခိုက်မှုအား ရှောင်တိမ်းထွက်ပြေးရန် ကြိုးစားလာခြင်းပင်။

ထိုတုံ့ပြန်မှုမျိုးကို စုချန်း လုံးဝမျှော်လင့်ထားခြင်းမရှိ။

ဘာတွေဖြစ်ကုန်တာတုန်းဟ...

စုချန်းနှင့် ပိတ်လော့တို့နှစ်ဦးသား တယောက်က်မျက်နှာကို တယောက်က် စိုက်ကြည့်လိုက်ကြလေသည်။

သိပ်မကြာမီ ပိုးကောင်ကြီးထံမှ စိတ်ဝိညာဥ်လှိုင်းတခု ထွက်ပေါ်လာ၏။ ထိုစိတ်ဝိညာဥ်လှိုင်း၏ သဘောမှာ တောင်းပန်သည့်သဘောကို ဆောင်နေ၏။ တနည်းည်းအားဖြင့် မိဘ၏ ရိုက်နှက်ခြင်းခံနေရသည့် ကလေးငယ်က သူ့အား မရိုက်နှက်ပါရန် တောင်းပန်နေသည်နှင့်ပင် တူနေသေးသည်။

၎င်းစိတ်ဝိညာဥ်လှိုင်းကို အာရုံခံမိသည်နှင့် ဘာတွေဖြစ်နေမှန်း စုချန်း ချက်ချင်းနားလည်သွားတော့သည်။

ပိုးကောင်ကြီးကား ဖွံ့ဖြိုးဆဲသာရှိသေး၏။ အရွယ်မရောက်သေး။ ၎င်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ ကြောက်စရာကောင်းလှသည့်တိုင် ၎င်း၏ စိတ်ပိုင်းဆိုင်ရာမှာကား အရွယ်မရောက်သေးသည့် ကလေးငယ်တဦး၏ စိတ်မျှသာ ရှိသေးသည်တကား။

"ဘာတွေဖြစ်နေမှန်း ကျုပ်သဘောပေါက်ပြီ"

စုချန်း တီးတိုးရေရွတ်လိုက်၏။

"ကျုပ်လဲ သဘောပေါက်ပြီသခင် ဒီကောင်ကြီးက အရွယ်မှမရောက်သေးတာကလား ဘုရား ဘုရား ဒီလူပျံတော်တွေ ဘယ်လိုကြောက်စရာကောင်းတဲ့ဖြစ်တည်မှုမျိုး ပေါ်ထွန်းလာအောင် ကြိုးစားနေတာပါလိမ့်"

"ဘယ်လိုဖြစ်တည်မှုဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး သေချာတာကတော့ ဒီကောင်ကြီး ကျုပ်အပိုင်ဖြစ်သွားပြီ"

***

All Chapters