အစွန်းရောက် ယုံကြည်သူများ
Vol. 79 Ch. 781
မူလကမ္ဘာကြီးသည် ဘာသာရေးနှင့်ကိုးကွယ်ယုံကြည်မှုအရ အားကောင်းလှသော ကမ္ဘာမဟုတ်။
လူသားများ၊ သတ်ဖြတ်သူများနှင့် အခြားမျိုးစိတ်များတွင် ဘာသာရေးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာအဖွဲ့အစည်းများ ရှိနေကြသော်လည်း ၎င်းတို့ရှင်သန်ရေးအတွက် အဆိုပါ ဘာသာရေး၊ ယဥ်ကျေးမှုဓလေ့များအား ပြုပြင်ပြောင်းလဲရန် ဝန်မလေးတတ်ကြပေ။
သို့သော် မျိုးစိတ်တခုကတော့ ထိုအထဲတွင် မပါချေ။ ၎င်းမှာကား လူပျံတော်များပေတည်း။
လူပျံတော်များသည် ယုံကြည်ကိုးကွယ်မှုအရာတွင် အစွမ်းရောက်ကြ၏။ ၎င်းတို့သည် လူပျံတော်မျိုးစိတ်၏ ပထမဆုံးဘိုးဘေးဖြစ်သော မိခင်နတ်ဘုရားမကို အကြွင်းမဲ့ယုံကြည်ကိုးကွယ်ကြလေသည်။ သူမအား အကန့်အသတ်မဲ့ကောင်းကင်၏ မိခင်ကြီးဟု ခေါ်ကြ၏။
ထို့ပြင် လူပျံတော်များ၏ ယာဥ်ကျေးမှုတွင် ဘုရားကျောင်းနှင့် နိုင်ငံသည် သီးခြားစီ ဖြစ်လေသည်။ ဆိုလိုသည်မှာ ကောင်းကင်နိုင်ငံတော်နှင့် သားမွေးနတ်ဘုရားမအဖွဲ့မှာ သီးခြားစီပင်။
ထိုအနေအထားတွင် နိုင်ငံ၏ ဧကရာဇ်သည် အကြွင်းမဲ့နိုင်ငံရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ဘာသာရေးခေါင်းဆောင်မှာကား အနှိုင်းမဲ့ဘာသာရေးနှင့်ယဥ်ကျေးမှုဆိုင်ရာ သြဇာအာဏာကို ပိုင်ဆိုင်ထားလေသည်။ ဘာသာရေးခေါင်းဆောင်၏ လွှမ်းမိုးနိုင်စွမ်းသည် ဧကရာဇ်ထက် မနိိမ့်လှ။ တချို့အခြေအနေမျိုးတွင် သူကပင် သာသယောင်ရှိနေသေး၏။ သားမွေးနတ်ဘုရားမအဖွဲ့တွင်လည်း ကိုယ်ပိုင်စစ်တပ်နှင့် ကိုယ်ပိုင်အခွန်အခကောက်ခံနိုင်ခွင့်တို့ ရှိနေလေသည်။
ထို့ကြောင့် လူပျံတော်များ မိခင်နတ်ဘုရားမအား အလွန်တရာ ချစ်ကြောက်ရ်ိုသေကြကြောင်း စုချန်း ကောင်းကောင်းသိထား၏။
သို့သော် ၎င်းမိခင်နတ်ဘုရားမဆီမှ နမိတ်ဖတ်ခြင်း၊ တဘောင်ကို လူပျံတော်များ လက်ခံရရှိထားလိမ့်မည်ဟုတော့ စုချန်း လုံးဝထင်မထား။
ထိုအခါ စုချန်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။
"ဒီတော့ ဒီကမ္ဘာကြီးပေါ်မှာ နတ်ဘုရားတပါး ရှိနေတယ်လို့ ခင်ဗျားတို့ တကယ် ယုံထားတယ်ပေါ့"
အိုရီအိုးလ်ကလည်း ပြန်ပက်လိုက်လေသည်။
"ဒါပေါ့ ကျွန်မတို့အကုန်လုံး ဒီအတိုင်းပဲ ယုံထားကြတာပဲလေ ရှင်တို့လို မယုံကြည်သူတွေကတော့ သူ့ရဲ့ဂရုစိုက်မှုကိုမှ မရဖူးတာကြီး ဒီတော့ ရှင်တို့ဘယ်ယုံနိုင်ပါ့မလဲ ကျွန်မတို့ကတော့ မတူဘူး ကျွန်မတို့အကုန်လုံး မိခင်နတ်ဘုရားမကို ယုံကြည်ကြတယ် သူက ကျွန်မတို့ကို အမြဲတမ်း လမ်းညွှန်ပြနေတယ်"
အိုရီအိုးလ် ထိုသို့ ခံပက်လိမ့်မည်ဟု စုချန်း လုံးဝထင်မထား။
ပိတ်လော့က ဝင်ပြောလိုက်ပြန်သည်။
"သူတို့ရဲ့ မိခင်နတ်ဘုရားမအကြောင်း သွားမပြောလေနဲ့ သခင် သူက လူပျံတော်တွေရဲ့ ဘာသာရေးနဲ့ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အုတ်မြစ်ပဲ သူတို့ဂုဏ်ယူဝင့်ကြွားမှုရဲ့ အရင်းအမြစ်ပဲသခင်"
"ဒီတော့ လူပျံတော်တွေ သူတို့ကိုသူတို့ ဂုဏ်ယူနေတာ မိခင်နတ်ဘုရားကြောင့်ပေါ့ ဟုတ်လား"
စုချန်း အံ့သြသွား၏။
ပိတ်လော့ ခေါင်းညိတ်လိုက်လေသည်။
"မှန်တာပေါ့သခင်"
စုချန်း စိတ်ပျက်လက်ပျက်နှင့် ရယ်မောလိုက်၏။ နောက်ဆုံးတော့ လူပျံတော်များသည် မျက်ကန်းယုံကြည်မှုနှင့် အစွမ်းရောက်နေသူများပေတကား။ နတ်ဘုရားမက ယဥ်ကျေးကြပါဟုဆိုပါက လူပျံတော်များ ယဥ်ကျေးကြပေလိမ့်မည်။ နတ်ဘုရားမက ရက်စက်ကြပါဟုဆိုပါက လူပျံတော်များ ရက်စက်ကြပေလိမ့်မည်။
ယုံကြည်မှုသည် ၎င်းတို့အား သစ္စာရှိစေ၏။ တဆက်တည်းမှာပင် ရူးသွပ်သွားစေ၏။
သို့သော် စုချန်းကား လူပျံတော်များ၏ ယုံကြည်မှုကို မည်သို့မှ လက်မခံနိုင်ပဲ ဖြစ်နေလေသည်။
"အရူးတွေပါလားဗျ"
"ဒီတော့ သခင်က သူတို့ရဲ့ နတ်ဘုရားမ တကယ်ရှိနေတယ်ဆိုတာ မယုံဘူးပေါ့ ဟုတ်လား"
ပိတ်လော့က အထက်ပါအတိုင်း မေးခွန်းထုတ်လိုက်၏။
"ကျုပ်ယုံတယ် မယုံဘူးဆိုတာက ပြသနာမဟုတ်ဘူးဗျ သူတို့ နတ်ဘုရားမ တကယ်မရှိဘူးဆိုရင်လဲ ဒီကောင်တွေ အရူးတွေပဲ တကယ်မရှိတဲ့ဟာကို အစွန်းရောက်ယုံကြည်နေမှတော့ ရူးနေလို့ပေါ့ဗျ တကယ်ရှိနေတယ်ဆိုရင်လဲ ဒီကောင်တွေ အရူးတွေပဲ သူတို့တဘဝလုံးကို ဒီဟာမကြီးအပေါ် ပုံအပ်ထားမှတော့ ရူးနေလို့သာပေါ့ဗျ ဒါကြောင့် နတ်ဘုရားမ တကယ်ရှိရှိ မရှိရှိ လူပျံတော်တွေဟာ ငမ်ိုက်သားတွေ အရူးတွေ ဖြစ်နေတုန်းပဲ"
ထိုစဥ် အိုရီအိုးလ်က ဒေါသတကြီးနှင့် မာန်မဲလိုက်လေသည်။
"တိတ်စမ်း ရှင့်မှာ ကျွန်မတို့နတ်ဘုရားမကို ပြစ်တင်ပြောဆိုခွင့် မရှိဘူး"
စုချန်းက အေးစက်သောလေသံနှင့် ပြန်ပြောလိုက်ပြန်သည်။
"ခင်ဗျားအနေနဲ့ ကျုပ်က်ို ဒီလို မအော်သင့်ဘူး ကဲ ပြောစမ်း ဒီကောင်ကြီးကို မင်းတို့ ဘယ်လိုထိန်းချုပ်ထားသလဲဆိုတာ"
"ကျွန်မ ဘာမှဆက်မပြောနိုင်တော့ဘူး"
အိုရီအိုးလ်၏ ငြင်းဆန်မှုကြောင့် စုချန်း အံ့သြသွား၏။
"ဘာကွ"
စကားဆုံးသည်နှင့် အိုရီအိုးလ် လေပေါ်သို့ တရှိန်ထိုး ပျံတက်သွားတော့သည်။
"မိခင်နတ်ဘုရားမကို ဘယ်သူမှ စော်ကားခွင့်မရှိဘူး စော်ကားမဲ့အကြောင်း စဥ်းတောင်မစဥ်းစားနဲ့ အစီအစဥ် ပျက်စီးသွားပြီဆိုပေမဲ့ ပိုးကောင်သိုက်ရဲ့ဘုရင်မကြီးကို လူပျံတော်တွေမှမဟုတ်ရင် ဘယ်သူမှ ပိုင်ဆိုင်ခွင့်မရှိစေရဘူး ကျွန်မရဲ့မျိုးစိတ်ဝင်တွေ ကျွန်မကြောင့် ထိခိုက်ခံမဲ့အစား အသေပဲခံပစ်လ်ိုက်မယ်"
စကားအဆုံးမှာပင် သူမ၏ ကိုယ်ခန္ဓာမှ အလင်းရောင်များ ပြိုးပြိုးပျက်ပျက် ထွက်ပေါ်လာပြီး သူမတကိုယ်လုံး အုံးခနဲ ပေါက်ကွဲသွားတော့သည်။
သွေးနှင့်အသားစများ နေရာအနှံ့ ပြန့်ကျဲကုန်တော့၏။
သို့သော် စုချန်း၏ မြန်ဆန်လှသောလက်အစုံက အိုရီအိုးလ်၏ ကိုယ်တွင်းဝယ် ပျံ့နှံ့စီးဆင်းနေသော အာကင်င်နာနည်းစနစ်ပုံစံအား ဆွဲထုတ်ပြီး အသင့်ပြင်ဆင်ထားသော ဆေးပုလင်းအတွင်း ထည့်သွင်းနိုင်ခဲ့လေသည်။
စုချန်း၏ လုပ်ရပ်မှာ မြန်ဆန်လှပြီး အိုရီအိုးလ် ကိုယ့်ကိုယ်ကို သေကြောင်းကြံတော့မည်မှန်း ကြိုတင်မှန်းဆထားဟန် ပေါ်နေ၏။ သို့သော် စုချန်း၏ မျက်နှာတွင်တော့ အံ့သြသင့်ဟန်ပေါ်နေလေသည်။
"ဒီကောင်မ တော်တော်ကိုအယူသည်းတာပဲ"
ပိတ်လော့က အံ့သြဟန်ဖြင့် ရေရွတ်လိုက်၏။ တဆက်တည်းမှာပင် သူက စုချန်းအား လှည့်ကြည့်ပြီး ပြောလိုက်လေသည်။
"သူတို့ရဲ့နတ်ဘုရားမကို သွားပြီးစော်ကားလို့မရမှန်း သိသွားပြီလားသခင်"
ဆေးရည်ပုလင်းထဲဝယ် ရှိနေသည့့် အာကင်င်နာနည်းစနစ်ပုံစံအား ငေးကြည့်ရင်း စုချန်း အတန်ကြာ တိတ်ဆိတ်နေ၏။ ပြီးမှ သူက ပြောလိုက်လေသည်။
"ကျုပ် မှားသွားတယ် နောင် ဒီလိုမဖြစ်အောင် သင်ခန်းစာယူရမယ်"
"မှန်တာပေါ့ သင်ခန်းစာယူရမှာပေါ့သခင် လူမျိုးတမျိုး မျိုးစိတ်တစိတ်တ်ရဲ့ ယုံကြည်မှုကို ကဲ့ရဲ့တယ်ဆိုတာ မကောင်းဘူးလေ"
စုချန်း ခေါင်းခါလိုက်၏။
"ကျုပ်ဆိိုလိုတာ ဒါ မဟုတ်ဘူးဗျ"
ပိတ်လော့ အံ့သြသွား၏။
စုချန်းက ရှင်းပြလိုက်ပြန်သည်။
"အားကောင်းတဲ့စိတ်ဝိညာဥ်တိုက်ခိုက်မှုဟာ အိုရီအိုးလ်အပေါ်မှာ ထိန်းချုပ်ထားတဲ့ မှတ်ညဏ်ကန့်သတ်နည်းစနစ်ကို ချေဖျက်နိုင်ရုံသာမကပဲ သူ့ရဲ့ စိတ်ဝိညာဥ်ပင်လယ်ကိုပါ ထိခိုက်သွားစေတယ် ကျုပ် မမျှော်လင့်ထားတာက သူ ဒါကို အခွင့်အရေးအဖြစ်အသုံးချပြီး ကျုပ်ရဲ့ထိန်းချုပ်မှုအောက်က လွတ်ထွက်သွားတာပဲ သေစမ်း အနာဂတ်မှာ အလားတူအခြေအနေမျိုးကြုံရရင် ကျုပ် ပိုပြီး ဂရုစိုက်မှရတော့မယ်"
ပိတ်လော့ ပါးစပ်ပြဲသွား၏။
"သခင် ဒါပေမဲ့ သူတို့ယုံကြည်မှု..."
"ဒီကောင်တွေ ဘာကိုယုံသလဲ ကျုပ် ဂရုမစိုက်ဘူး"
စုချန်း ပုခုံးတွန့်ရင်း ပြောလိုက်ပြန်သည်။
"ဒီကောင်တွေ ရူးတာမရူးတာကိုလဲ ကျုပ် ဂရုမစိုက်ဘူး ကျုပ် ဂရုစိုက်တာဆိုလို့ တခုတည်းပဲရှိတယ် အဲဒါက ကျုပ် သူတို့ကို ထိန်းချုပ်နိုင်မလား မထိန်းချုပ်နိုင်ဘူးလား ဆိုတာပဲ"
ပိတ်လော့ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ အတန်ကြာသော် သူက ပြောလိုက်ပြန်၏။
"သခင် ဂရုမစိုက်လို့ပဲ ပိုးကောင်သိုက်ရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မဲ့ အခွင့်အရေး ဆုံးရှုံးသွားပြီလေ"
အမှန်တကယ်လဲ အိုရီအိုးလ်သေဆုံးသွားခြင်းကြောင့် မေးခွန်းများစွာ၏ အဖြေကို စုချန်း သိခွင့်မရှိတော့။ ယုန်ကုလွှာ အဘယ်ကြောင့် လူသားမျိုးနွယ်ကို သစ္စာဖောက်ရလေသနည်း။ ပိုးကောင်သိုက်အား မည်သို့မည်ပုံ ထိန်းချုပ်မည်နည်း။
သို့သော် စုချန်းကား စိတ်ပျက်ဟန်မတူ။
"ဒါကပြသနာမရှိပါဘူးဗျာ နည်းနည်းပါးပါး စဥ်းစားလိုက်ရုံနဲ့ အဖြေကို ကျုပ်တို့ တွေးမိနိုင်သားပဲ ဥပမာဗျာ ယုန်ကုလွှာ လူသားမျိုးနွယ်ကို ဘာကြောင့်သစ္စာဖောက်ရသလဲ ဒါ ရှင်းပါတယ် သူ မလွန်ဆန်နိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုး လူပျံတော်တွေဆီက ရလို့ပေါ့ လူပျံတော်တွေဟာ သူတို့ရဲ့ မိုးပျံမြို့တော်အမှတ်ခြောက်စီမံကိန်းအောင်မြင်ဖို့အတွက် ဘာမဆိုပေးကမ်းမှာပဲလေ"
စုချန်း၏ စကားမှာ အမှန်ပင်။ လူပျံတော်များဘက်မှ ပေးလာသည့့်တန်ကြေးက မလွန်ဆန်နိုင်လောက်အောင် မြင့်မားနေ၍သာ ယုန်ကုလွှာတယောက်က် လူသားမျိူးနွယ်ကို သစ္စာဖောက်လိုက်ခြင်းပင်။
ပိတ်လော့က တွန့်ဆုတ်ဆုတ်ဟန်ပန်နှင့် ပြောလိုက်ပြန်သည်။
"ဒါ...ဒါဆို ပိုးကောင်သိုက်ကကော သခင်"
စုချန်း ပြုံးလိုက်၏။
"ဒါက လွယ်ပါတယ်ဗျာ အိုရီအိုးလ်ရဲ့ အာကင်င်နာနည်းစနစ်ပုံစံကို ကျုပ် ဘာကြောင့် လိုချင်တယ်လို့ခင်ဗျား ထင်သလဲ အကြောင်းရှိတယ်ဗျ အိုရီအိုးလ်ဟာ ပိုးကောင်ဘုရင်မကို ရှားပါးရတနာတမျိုးမျိုးနဲ့ ထိန်းချုပ်နေတာမဟုတ်ဘူး လျှို့ဝှက်နည်းစနစ်တရပ်နဲ့ ထိန်းချုပ်နေတာ ဒီအာကင်နာနည်းစနစ်ပုံစံကနေ သူ အသုံးပြုနေတဲ့နည်းစနစ်ကို ရှာတွေ့မယ်လို့ ကျုပ် ယုံကြည်ထားတယ်"
စကားဆုံးသည်နှင့် စုချန်းက ပရမတ်အမြင်အာရုံကို နှိုးဆွပြီး အာကင်နာနည်းစနစ်ပုံစံအား လေ့လာလိုက်၏။
သိပ်မကြာမီ စုချန်း၏ မျက်နှာတွင် အပြုံးတရပ် ပေါ်ပေါက်လာလေသည်။
"ကျုပ် ထင်ထားတဲ့အတိုင်းပဲ"
စကားဆုံးသည်နှင့် စုချန်းသည် အာကင်နာနည်းစနစ်ပုံစံအား လက်ဖြင့် ထိလိုက်၏။ ထိုခနမှာပင် အနှီပုံစံသည် စုချန်း၏ လက်တွင် ထင်းခနဲ ထင်လာတော့သည်။ ထိုအခါ စုချန်းသည် အဆိုပါပုံစံအား လိုအပ်သောပုံစံရလာအောင် ပြန်လည်ဖွဲ့စည်းလိုက်၏။ သိပ်မကြာမီ စုချန်း အလိုရှိနေသော အာကင်င်နာပုံစံအား ရရှိလာတော့သည်။
သို့သော် အဆိုပါအာကင်င်နာပုံစံအား စုချန်း မည့်သို့မျှ စုပ်ယူ၍မရပဲ ဖြစ်နေ၏။
"ဒီတခါ ဘာဖြစ်ပြန်ပြီတုန်း"
ပိတ်လော့ တအံ့တသြနှင့် ရေရွတ်လိုက်ပြန်သည်။
ယနေ့တနေ့လုံး အတောမသတ်နိုင်သော အံ့သြစရာများနှင့် ကြုံတွေ့နေရသည် မဟုတ်ပါလား။
သို့သော် စုချန်းကတော့ အံ့သြဟန်မတူ။
"ဒါ နက်နဲတဲ့အာကင်င်နာနည်းစနစ်တွေထဲက တနည်းည်းဖြစ်တဲ့ ဝိညာဥ်တံဆိပ်နည်းစနစ်ဖြစ်လိမ့်မယ်ဗျ"
နက်နဲ့သော အာကင်င်နာနည်းစနစ်ဟူသည် လေ့ကျင့်ရန်ခက်ခဲလှပြီး သက်ဆိုင်ရာပညာရှင်များသာ လေ့ကျင့်နိုင်သည့့် နည်းစနစ်များ ဖြစ်သည်။
ဝိညာဥ်တံဆိပ်နည်းစနစ်သည်လည်း အဆိုပါနည်းစနစ်များထဲမှ တမျိုးဖြစ်ပြီး တေးသံသာအသိုက်မှ သံသကရိုက်ပလွေများသာ သီးသန့်လေ့ကျင့်နိုင်သော နည်းစနစ်ဖြစ်လေသည်။ ဤနည်းစနစ်အား တခြားအသိုက်များမှ သံသကရိုက်ပုလွေများပင် လေ့ကျင့်နိုင်စွမ်းမရှိ။
ဝိညာဥ်တံဆိပ်နည်းစနစ်သည် အသုံးပြုသူနှင့် ပစ်မှတ်ထားခံရသူတို့၏ စိတ်ဝိညာဥ်စွမ်းအင်ကွဲပြားခြားနားချက်အပေါ် မူတည်နေခြင်းမရှိ။ ဤနည်းစနစ် အောင်မြင်ရန် မူတည်နေသည့် တခုတည်းသောအချက်မှာ ပစ်မှတ်ထားခံရသူ ခုခံနိုင်စွမ်းပင် ဖြစ်လေသည်။
ဥပမာအားဖြင့် ကျူးရှန်းလင်၏ ရုပ်သေးရုပ်ကို ကြည့်ပါ။ ၎င်းသည် ထိန်းချုပ်ခံရုပ်သေးရုပ်ဖြစ်နေသဖြင့် မည်သည်ခံစားချက်မှမရှိ။ မည်သည့်စိတ်ဝိညာဥ်တိုက်ခိုက်မှုကိုမှ ခုခံနိုင်စွမ်းမရှိ။ ထို့ကြောင့် ကျူးရှန်းလင်၏ ရုပ်သေးရုပ်ကို အိုရီအိုးလ် အလွယ်တကူ ထိန်းချုပ်သွားနိုင်ခဲ့ခြင်းပင်။
ထို့ပြင် ကလေးငယ်များ။ အလွန်ငယ်ရွယ်သော ကလေးငယ်များသည်လည်း ခုခံနိုင်စွမ်း နည်းပါးကြရှာ၏။
တချိန်တည်းမှာပင် လူပျံတော်များ ပိုးကောင်ဘုရင်မအား ဝိညာဥ်တံဆိပ်နည်းစနစ်နှင့် ထိန်းချုပ်ထားကြောင်း စုချန်း နားလည်သွားတော့သည်။
***