အခန်း (၁-၃)
Vol. 1 Ch. 1-3
စာစဥ္ ၁ အခန်း ၁
ကာလရှည်ကြာ ပျောက်ဆုံးနေသည့် ရွှေလက်ချောင်း
[ ဇာတ်ကောင် ] : လုရီ
[ ကျင့်ကြံခြင်းအဆင့် ] :: ချီကျင့်ကြံခြင်း အဆင့်၆ ။
[ ကျင့်ကြံခြင်း နည်းစနစ် ] :: “ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ် " အဆင့်၂ ။
[ သိုင်းပညာများ ] တိမ်ဖြူဓားသိုင်း နည်းစနစ်အဆင့်၂ ၊
တိမ်ဖြူခြေလှမ်း အဆင့် ၃ ။
[လက်ရှိတာဝန် ] :: မရှိ ။
အမြင်အာရုံ၌ ရုတ်တရက် ပေါ်လာသည့် စာလုံးတို့အား မြင်ပြီး အဆုံးတွင်တော့ သူ့အနေဖြင့် အိပ်မက်မက်နေခြင်း မဟုတ်ကြောင်းကို လုရီ တစ်ယောက် မျက်လုံးတို့အား အကြိမ်ကြိမ်ပွတ်ရင်းဖြင့် အတည်ပြုလိုက်၏ ။
ထိုသို့ လုပ်ရပ်ကြောင့် သူ၏ မျက်လုံးတို့သည် ငိုတော့မည့်အလား နီရဲလာသော်လည်း သူက ဂရုစိုက်ခြင်း အလျင်း မရှိပေ ။ ထိုသို့ မဖြစ်လျှင်ပင် သူသည် ငိုချမိတော့မတတ် ခံစားနေရပြီ မဟုတ်ပါလော
' လွန်ခဲ့တဲ့ ၁၆နှစ်တည်းက ပျောက်သွားခဲ့တဲ့ ရွှေလက်ချောင်းလေး..... ငါ ငါ.... မင်းကို လွမ်းနေခဲ့တာ။ နောက်ဆုံးတော့လည်း မင်း ငါ့ဆီကို ပြန်ရောက်လာပြီပေါ့ '
လုရီ.......
လုရီဟူသည့် သူငယ်က ထျန်းမင်ဟု အမည်ရသည့် ကမ္ဘာကြီးဆီသို့ လွန်လေပြီးသော ၁၆နှစ်က ဝိဉာဉ်ကူးပြောင်း ဖြတ်သန်း ရောက်ရှိလာသူ တစ်ဦးဖြစ်သည်။
ဤကမ္ဘာကြီးသည် အင်မတန်မှ ကျယ်ပြောပြီးလျှင် စွမ်းအားမြင့် မသေမျိုး ကျင့်ကြံသူ တန်ခိုးရှင်များ ၊ နတ်ဆိုးများ ၊ မိစ္ဆာများနှင့် အောက်လမ်း ကျင့်ကြံသူများအပြင် အခြားသော အန္တရာယ်ပေါင်းများစွာနှင့်လည်း ပြည့်နှက်နေလေ၏ ။
ပြောရမည်ဆိုလျှင် လုရီ၏ ကံကတော့ အဆိုးဝါးကြီး မဟုတ်လှပေ ။ သူက ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုထံ ဝိဉာဉ်ကူးပြောင်းခံခဲ့ရပြီး သူ၏ မိဘနှစ်ပါးကလည်း အပြင်စည်း အဆောင်၏ ကြီးကြပ်ရေးမှူးတို့ ဖြစ်ကြ၏ ။ ၎င်းမိဘနှစ်ပါး၏ ထိုရာထူး၊အဆင့်အတန်းက သိပ်ပြီး မြင့်မားလှသည်ဟု မဆိုနိုင်သော်လည်း သာမန်လူတန်းစားတို့ အတွက်မူ အတော်လေး မြင့်မားလှသည်ဟု ဆိုနိုင်ပေသည် ။
ကျင့်ကြံခြင်း အပိုင်းတွင်တော့ လုရီ၏ ပင်ကို ပါရမီသည် သိသိသာသာကြီး ထူးချွန်နေခြင်း မရှိချေ ။ သို့သော်လည်း အဆင်တော့ ပြေနေသေး၏ ။ ၎င်းက အသက်၁၆ အရွယ်တွင်ပင် ချီကျင့်ကြံခြင်း အဆင့်၆အထိ ပေါက်မြောက်ခဲ့ပြီး အသက် ၂၀ မရောက်မီ၌ အခြေခံအုတ်မြစ် သွန်းလောင်းခြင်း အဆင့်သို့ ဝင်ရောက်နိုင်ရန် ရည်မှန်းချက် ထားရှိလေသည် ။ ထိုမှသာ သူ့အနေဖြင့် အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး မိဘနှစ်ပါးအား ကျော်လွန်နိုင်မည်လည်း ဖြစ်၏ ။
နဂိူမူလ အစ၌ လုရီ၏ အကြီးမားဆုံးသော ဘဝပန်းတိုင်သည် အတွင်းစည်း ဂိုဏ်းအတွင်းသို့ မဖြစ်ဖြစ်သည့်နည်းဖြင့် ရအောင် ဝင်ရောက်ရန် ဖြစ်ပြီး ထိုမှတဆင့် အကြီးအကဲဖြစ်အောင်လုပ်ရန် ဖြစ်ည် ။ ထို့နောက်တွင်မှ သူက နှစ်ရာချီအတွင်း၌ အိမ်သူမယား နည်းနည်းပါးပါး ယူ၍ သား၊သမီးတို့ အစုလိုက်၊အပြုံလိုက် မွေးပြီးလျှင် အေးဆေး၊သက်သာသည့် ဘဝမျိုးဖြင့် အသက်ကြီးကာ သေပေမည် ။
သို့သော်လည်း ကံကြမ္မာ ဇာတ်ဆရာက လုရီအား သူ၏စိတ်ကြိုက် ကခွင့် မပေးခဲ့ပေ ။ ကြိုတင် တွေးတော ကြံစည်ထားသမျှတို့ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်စေရန် ရွှေလက်ချောင်းအား ပေါ်လာစေ၏။
ထို့အတွက် လုရီသည် သူ၏စိတ်ထဲ၌ ကြံစည်ထားသည့် မဟာအန္တိမ အကြံအစည်ကြီးအား တိတ်တဆိတ် ပယ်ဖျက် ပစ်လိုက်ရလေတော့သည် ။
" အဟင့် ဟင့် ...ကျဥ ကျဥ .... လစ်လိုက်တော့ကွာ "
လုရီတစ်ယောက် အသေအချာ လေ့လာပြီးနောက် သိလိုက်ရသည်ကတော့ ရွှေလက်ေချာင်းဟူသည်မှာ သူ၏ သိုင်းပညာအခြေခံ နှင့် သူလေ့ကျင့်ခဲ့သမျှ သိုင်းပညာ စွမ်းရည်တို့အား ပြသပေးသည့် ဂိမ်းစနစ်တစ်ခုပင်။
လုရီ နေထိုင်ရာ ကျင့်ကြံခြင်းဂိုဏ်းကိုက တိမ်ဖြူဂိုဏ်းဟုခေါ်သည်။
“ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်” ဆိုသည်ကတော့ တိမ်ဖြူဂိုဏ်း၏ အခြေခံ ကျင့်ကြံခြင်း ပညာရပ်တစ်ခုဖြစ်ပြီး အခြေခံအုတ်မြစ် သွန်းလောင်းခြင်း နယ်ပယ်ဆီသို့ တက်လှမ်းရန် ခြေနင်းတုံး တစ်ခု ဖြစ်လေသည် ။ တိမ်ဖြူ ဓားသို်င်း နှင့် တိမ်ဖြူ ခြေလှမ်းသိုင်းတို့ ဆိုသည်ကလည်း ချီကျင့်ကြံခြင်း ပညာရှင်တို့အဖို့ မဖြစ်မနေ ကျင့်ကြံအပ်သည့် အခြေခံ သိုင်းပညာရပ်တို့ပင် ဖြစ်၏ ။
အဆုံး၌ ပြသထားသည့် [လက်ရှိတာဝန်] ၏ အစစ်အမှန် အဓိပ္ပာယ်က လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ တာဝန်ကို ရည်ညွှန်းသည် ဖြစ်သော်လည်း သူ့အနေဖြင့် တာဝန်ကို မည်သို့ ထမ်းဆောင်ရမည် မသိပေ ။
မည်သို့မျှ စဥ္းစားမရသည့် နောက်တွင်တော့ လုရီက ဦးနှောက်အား တစ်ခဏ အနားပေးလိုက်၏ ။ ထို့နောက်တွင်မှ သူက စိတ်ထဲ၌ ရေရွတ်လို်က်လေသည် ။
" စနစ် ဝိညာဥ္ ... ခင်ဗျား ရှိနေလား "
ခေတ္တခဏ စောင့်ဆိုင်းလိုက်သော်လည်း လုရီက တန်ပြန် တုံ့ပြန်မှုကို မရခဲ့ပေ ။ ကြည့်ရသည်ကတော့ ဤအရာသည် ခပ် ရိုးရိုးသာမန် ဂိမ်းစနစ် တစ်ခုသာ ဖြစ်ရပေမည် ။
လုရီက ဂိမ်းမျက်နှာပြင် နှင့် ခလုတ်တို့ကို စိတ်ဖြင့် အကြိမ်ကြိမ် နှိပ်ကြည့်လိုက်သော်လည်း မည်သည်မျှ ထူးမခြားလာခဲ့ေပ။ ထို့အတွက် သူ့အနေဖြင့် အနည်းငယ်တော့ ဆွံ့အသွားမိ၏ ။
ဤသို့ဆိုလျှင် သူ့အနေဖြင့် ရွှေလက်ချောင်းကို မည်သို့၊မည်ပုံ အသုံး ပြုရမည်နည်း ။
ထိုအခိုက်အတန့်တွင်ပင် နူးညံ့၊သိမ်မွေ့သည့် အမျိုးသမီးအသံတစ်ခုက တံခါးပေါက် အပြင်ဘက်မှ တိုးဝင်လာသည်။
“ ရီအာ... သားလေး ထပြီလား”
ထိုအသံသည်ကတော့ လုရီ၏ မိခင် အသံမှတစ်ပါး အခြား မရှိပေ ။
လုရီက အတွေးတို့ကို စုစည်းကာ ပြန်ဖြေလိုက်သည်။
“ထပါပြီ အမေ "
စကားဆုံးလျှင် လုရီက အိပ်ရာပေါ်မှ လူးလိမ့် ထလိုက်ပြီး နံနက်စာ စားပြီးမှသာလျှင် ဤကိစ္စကို ဆက်လုပ်ဖို့ရန် ရည်ရွယ်လိုက်သည်။ အခန်းထဲမှ ထွက်လိုက်သည်နှင့် အိမ်မကြီး ရှိသည့် တံခါးပေါက်ဆီသို့ လုရီတစ်ယောက် ဦးတည်လိုက်၏။ အိမ်မကြီးထဲရှိ အခန်းကြီးတစ်ခုထဲတွင်တော့ သက်လတ်ပိုင်းအရွယ် ခပ်ချောချောလူကြီးတစ်ယောက် နှင့် အမျိုးသမီးကြီးတစ်ယောက်တို့က စားပွဲတစ်ခု၌ နေရာယူပြီး ဖြစ်လေသည် ။
ထိုနှစ်ယောက်သည်ကတော့ လုရီ၏ ယခု ဘဝ မိဘနှစ်ပါးဖြစ်သည့် လုကောင်းယန် နှင့ ဝမ်စီးချီပင် ။ သူတို့၏ နံဘေးတွင်တော့ ပိုင်လင်းလင်းဟု အမည်ရသည် ချောချောလှလှ အစေခံမလေးတစ်ယောက် ရှိနေ၏။
တိမ်ဖြူ အပြင်စည်းဂိုဏ်း၏ ကြီးကြပ်ရေးမှူးဟူသည့် ရာထူး၊အဆင့်အတန်းက ထင်သလောက် မြင့်မားနေသည်တော့ မဟုတ်ပေ ။ ထို့အတွက် လုရီတို့ထံ၌ အဝတ်လျှော် ၊ ထမင်းချက် နှင့် အိမ်သန့်ရှင်းရေး အလုပ်တို့ကို လုပ်ဆောင်ရန် အစေခံတစ်ယောက်သာ ရှိလေသည် ။
“ ရီအာ ရောက်လာပြီလား ၊ လာ.. ထိုင်လေ ။ မနက်စာစား” ဝမ်စီးချီက အပြုံးနှင့် ဆီးကြိုနေ၏ ။
ဖခင် တစ်ဦးဖြစ်သည့် လုကောင်းယန် ကတော့ မိခင်ဖြစ်သူနှင့်နဲ့ယှဉ်လျင် ပို၍ စည်းကမ်းကြီးလေသည်။
သူက လုရီအား သဘောမကျသည့်ဟန်နှင့် မျက်မှောင်ကြုတ်ကာ ကြည့်နေ၏ ။
“ မင်း ဘာလို့ ဒီနေ့ အရမ်း နောက်ကျမှအိပ်ယာ ထတာလဲ ။ ကျင့်ကြံသူ တစ်ယောက်ဆိုတာ အပျင်းမကြီးရဘူးကွ ။ နားလည်လား”
လုရီ ကထိုင်ချလိုက်ရင်း
“ ဟုတ် ။ သားနားလည်ပါတယ် အဖေ”ဟု ပြန်ဖြေလိုက်လေသည် ။
ဝမ်စီးချီကတော့ သူမ၏ သားဖြစ်သူကို တစ်ချက်ကလေးမှ အပြော မခံနိုင်ပုံပင် ။သူမက လုကောင်းယန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး မာန်မဲလိုက်၏ ။
“ ရှင်ဘာဖြစ်နေတာလဲ ။ ရီအာရဲ့ အရည်အချင်းက ရှင့်ထက်အများကြီးသာတယ် ။ တစ်ချိန်ကျရင် အတွင်းစာ်း ဂိုဏ်းကို ဝင်ဖို့ဖြစ်လာမယ့် လူက ရှင့်ရဲ့ ဆိုဆုံးမမှုကို ခံယူဖို့ လိုသေးတယ် ထင်နေတာလား”
" မင်း...မင်း... "
လုကောင်းယန်၏ မျက်လုံးတို့က တဆက်ဆက် တုန်ခါသွားပြီးလျှင် မျက်နှာကလည်း " ပြိုတော့မည့် မိုးကဲ့သို့" မည်းမှောင်သွား၏ ။ ထို့နောက်တွင်တော့ သူက ပြောစရာစကားတို့ ပျောက်ရှသွားသည့်နှယ် ခေါင်းငုံ့၍ ထမင်းကိုသာ တွင်တွင် စားနေတော့သည် ။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် လုရီ၏ ပါရမီ အရည်အအချင်းက သူ့ထက် တကယ်ပင် သာလွန်နေသည် မဟုတ်ပါလော ။ ထို့အတွက် သူ့အနေဖြင့် ဇနီးဖြစ်သူ ဝမ်စီးချီအား မည်သို့မျှ ခွန်းတုံ့မပြန်နိုင်ပေ ။
စိတ်မချမ်းမသာဖြစ်နေသည့် ဖခင် ဖြစ်သူ၏ မျက်နှာကို မြင်လျှင် လုရီတစ်ယောက် အားရပါးရ ပြုံးလိုက်မိ၏ ။
ယခု ဘဝ၏ မိဘနှစ်ပါးသည် အသေးအဖွဲလေးမှစ၍ ငြင်းခုန်တတ်ကြသည် မှန်သော်လည်း ဆက်ဆံရေးကတော့ အမြဲပင် ကောင်းမွန်လေသည်။ထို့အပြင် သူ့ကိုလည်း အချစ်တို့ စုပုံ ပေးထားသဖြင့် လုရီတစ်ယောက် စိတ်ချမ်းသာရ၏။
ယင်းအခိုက်အတန့်တွင်ပင် လုကောင်းယန်က တစ်ခုခု စဉ်းစားမိသည့်ပုံဖြင့်
“ ဒါနဲ့ အပြင်စည်းဂိုဏ်းရဲ့ သိုင်းပညာပြိုင်ပွဲက ဒီလအတွင်းပဲ။ သားက ချီကျင့်ကြံခြင်း အဆင့်ခြောက်ကို ရောက်ပြီးပြီဆိုတော့ စာရင်းပေးသင့်တယ်လို့ အဖေ ထင်တယ် ။အဆင့်တွေ ဘာတွေကိုတော့ ခေါင်းထဲမထည့်ဘဲ လေ့ကျင့်တာလို့ပဲ သဘောထားပေါ့”
နှစ်စဥ်၊နှစ်တိုင်းတွင် တိမ်ဖြူ အပြင်စည်း ဂိုဏ်း၌ သိုင်းပြိုင်ပွဲ ကျင်းပလေ့ရှိ၏ ။ ထိုပြိုင်ပွဲ၌ အဆင့်မြင့်မြင့် ရသည့် ဂိုဏ်းသားတို့သည် ဂိုဏ်းတော်မှ ချီးမြှင့်သည့် ဆုလာဘ်တို့ကို ရရှိသည့်အပြင် စကာတင် ဆယ်ယောက်ထဲသို့ ပါသည့် ဂိုဏ်းသားတို့သည် အတွင်းစည်း ဂိုဏ်းထဲသို့ မည်သည့် အရည်အချင်းစစ် စာမေးပွဲမျှ ဝင်ရောက် ဖြေဆိုရန် မလိုဘဲ တစ်ခါတည်း တန်းဝင်နိုင်သည်။
သို့သော် ပြိုင်ပွဲဝင် အားလုံးသည် ချီကျင့်ြံကံခြင်း အဆင့်ငါးနှင့် အထက်သာ ဖြစ်ရပေမည် ။
တိမ်ဖြူဂိုဏ်း၏ အပြင်စည်းဂိုဏ်း၌ ဂိုဏ်းတပည့်တို့က သိန်းနှင့်ချီ ရှိလေသည် ။ ထို့အထဲတွင်မှ ဂိုဏ်းသား တစ်သောင်းလောက်က ချီကျင့်ကြံခြင်း အဆင့်ငါး နှင့် အထက် ဖြစ်သည့်အတွက် ပြိုင်ပွဲက ပြင်းထန်လေ့ရှိသည်။
ယမန်နှစ်ကဆိုလျှင် လုရီ၏ ကျင့်ကြံခြင်း အဆင့်က ငါးအထိသာ ရှိသေးသည့်အတွက် သူ့အနေဖြင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်ခြင်း မပြုခဲ့ပေ ။ အကြိုပြိုင်ပွဲကို အောင်မြင်ဖို့ရန်ပင် မသေချာသည့်အတွက် လုရီတစ်ယောက် မဟာအရှက်တော် ကွဲမည်ကို ထောက်ရှု၍ လုကောင်းယန် နဲ့ ဝမ်စီးချီတို့ကလည်း သူ့အား ဝင်ရောက် ယှဥ်ပြိုင်ရန် အားမပေးခဲ့ပေ ။
ယခုနှစ်တွင်တော့ လုရီက ချီကျင့်ကြံခြင်း အဆင့်ခြောက်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် အတွေ့အကြုံ ရယူနိုင်လေသည် ။ ယုတ်စွအဆုံး သူ့အနေဖြင့် အကြိုပြိုင်ပွဲကို အောင်ဖို့ရန် မခက်ခဲတော့ပေ ။
လုရီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ ကျွန်တော် သိပါပြီ အဖေ "
စကားဆုံးလျှင် လုရီ၏ မြင်ကွင်းထဲရှိ ဂိမ်းမျက်နှာပြင်က ပြောင်းလဲသွား၏ ။
[ တာဝန် ]
တိမ်ဖြူ အပြင်စည်းဂိုဏ်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ပါ။ ဆုလက်ဆောင်တို့သည် ရရှိသည့်အဆင့်ပေါ်၌ မူတည်သည်။
လက်ခံခြင်း : :လက်ခံမည် /လက်မခံပါ
' သည်တော့ အလုပ်တာဝန်တွေကိုပေးတဲ့ပုံစံက ဒီလိုအလုပ်လုပ်တာပေါ့ ။ ကိုယ်တိုင် တာဝန်တွေ ခေါင်းစဥ္ တပ်ရတာပေါ့ ဟုတ်လား "
ရွှေလက်ချောင်း၏ အသုံးပြုမှုကို အတန်ငယ် ပိုပြီး နားလည်လာသည်ဟု လုရီ ခံစားလိုက်ရသည်။
' တာဝန်ကို လက်ခံပြီး ဆုလက်ဆောင်တွေကိုရယူပါတဲ့လား။ ဒါက ဂိမ်းကစားတာနဲ့အတူတူပဲမဟုတ်ဘူးလား '
လုရီက ယခုကဲ့သို့ အရာမျိုးကို ကျွမ်း၏ ။ယခင် ဘဝတုန်းက Warcraft ၊ Swordman Online ၊ Blade & Soul အစရှိသည့် ဂိမ်းများကို ကျွမ်းကျင်စွာ ကစားလာခဲ့ဖူးသည် ။
ထို့အတွက် လုရီ အနေဖြင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ္ပြိုင်ရန် အစီအစဥ်ကို မည်သို့မျှ ငြင်းဆိုစရာ အကြောင်း မရှိေ ။ သူက “ လက်ခံပါသည်” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်သည်။
ထို့နောက်တွင် သူ၏မြင်ကွင်းကအပြောင်းအလဲဖြစ်သွားကြောင်း လုရီသတိထားမိလိုက်သည်။
[ လက်ရှိတာဝန် ] တိမ်ဖြူ အပြင်စည်းဂိုဏ်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ပါ။
ဒီစကားလုံးတွေကိုကြည့်ပြီး လုရီ မှာရဲတင်းတဲ့အကြံတစ်ခုရလာသည်။ သူက လုကောင်းယန် နဲ့ ဝမ်စီးချီ ကိုကြည့်ပြီးပြုံးလိုက်ရင်း
“ အဖေနဲ့အမေ သားကိုခိုင်းစရာဘာရှိသေးလဲဗျ၊ ခြေထောက်နှိပ်ပေးရဦးမလား ။ ကျောတွေဘာတွေကော ချေးတွန်းပေးရဦးမလားဗျ"
“ ???? “
လုကောင်းယန် နဲ့ ဝမ်စီးချီ က လုရီကိုကြည့်ရင်း ကြောင်သွားကြသည်။
လုကောင်းယန်က ပြောစရာ စကား ပျောက်ရှသွားသည့်ဟန်နှင့် မျက်လုံး လှန်လိုက်ရင်း
“ မင်းရဲ့သိုင်းပညာပြိုင်ပွဲကိုပဲ အာရုံစိုက်စမ်း။ ဘာမှလုပ်စရာမရှိဘူးဆိုရင် တိမ်ဖြူဓားရှည်သိုင်းကို ဆယ်ကြိမ်လောက် တစ်မနက်လုံးကျင့်နေ”
[ တာဝန် ]
တိမ်ဖြူဓားသိုင်းကို ဆယ်ခါကျင့်ပါ။ [ လုပ်ဆောင်မှုမှတ်တမ်း 0/10 ]
ဆုလက်ဆောင် :: တိမ်ဖြူဓားသိုင်း အဆင့်၁
လက်ခံခြင်း : : လက်ခံမည် / လက်မခံပါ
သူ၏ရှေ့၌ ပေါ်လာသည့် စာသားတို့ကိုမြင်လျှင် လုရီတစ်ယောက် အားရပါးရ ပြုံးလိုက်မိ၏ ။
စနစ်က သူတွေးထင်ထားသည့် အတိုင်းပင် မဟုတ်ပါလော ။
“ နားလည်ပါပြီ အဖေ။ ကျွန်တော် သေချာပေါက် တာဝန်ကိုပြီးအောင်လုပ်ပါ့မယ်။
လုရီ၏ စိတ်အားထက်သန်နေသည့်ပုံကို မြင်လျှင် ဝမ်စီးချီက အမေတစ်ယောက်အနေနှင့် အတန်ငယ် စိတ်ပူသွားသည်။ထို့အတွက် သူမက လုရီ၏ နဖူးကို စမ်းလိုက်လေသည် ။
“ သားလေး အဆင်ပြေရဲ့လား။ ဖျားနေတာတော့ မဟုတ်ပါဘူးနော် “
လုရီက ဆက်မပြုံးရဲတော့ပေ ။ သူ၏ အမူအယာက အမှန်ပင် သံသယ ဝင်စရာ ကောင်းလှသည် မဟုတ်ပါလော ။ ထို့အတွက် သူ့အနေဖြင့် ယခုထက်ပို၍ အိန္ဒြေရှိဖို့ လိုပေသည်။
လုရီက အတင်း ပြုံးလိုက်ရင်း ရယ်ရယ်မောမော ပြောလိုက်၏ ။
“သားအဆင်ပြေပါတယ် အမေ ။ အခုတော့ သိုင်းပညာ သွားကျင့်လိုက်ဦးမယ်နော် "
စကားဆုံးလျှင် ရထားသည့် တာဝန်ကို အောင်မြင်အောင် လုပ်၍ ဆုလာဘ်တို့ ရယူမည်ဟူသော အတွေးနှင့် လုရီတစ်ယောက် အသားပေါက်စီ နှစ်လုံးအား ကျစ်ကျစ်ပါအောင် ဆုပ်၍ အခန်းတွင်းမှ ပြေးထွက်သွားလေတော့သည် ။
Chapter- 2 [ကိုယ်တိုင် တာဝန်သတ်မှတ်ခြင်း]
လုရီတစ်ယောက် ပေါက်စီတို့အား ကသောကမျော မျိုချရင်းနှင့် ဓားရှည်ကိုဆွဲကာ ခြံဝန်း အလွတ် တစ်နေရာသို့ သွားလိုက်ပြီးလျှင် ကိုယ်နေဟန်ထား
ကျနစွာဖြင့် တိမ်ဖြူဓားသိုင်းကို စတင်လေ့ကျင့်လေသည် ။
ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုဖြစ်သည့်အလျောက် "တိမ်ဖြူဓားသိုင်း” ကဲ့သို့ အခြေခံကျသည့် နည်းစနစ်တစ်ခုက သာမန်ကမ္ဘာမှာရှိသည့် ဓားသိုင်းပညာတို့ထက် အပုံကြီး ထက်မြက်လေသည် ။
“ တိမ်ဖြူဓားသိုင်း” ဆိုသည့်အတိုင်း ဓားကွက်တို့က ကျော့ရှင်းပြေပြစ်မှု နှင့် တိမ်တိုက်တို့၏ မှန်းဆရန် ခက်ခဲသည့် ရွေ့လျားမှုတို့အား အခြေခံသည် ။ ထို့အပြင် ဓားကွက်တို့သည် ရေစီးဆင်းနေသကဲ့သို့ အထစ်အငေါ့မရှိ ချောမွေ့နေရပေမည် ။
လုရီ၏ တိမ်ဖြူဓားသိုင်းအဆင့်သည် ဂိမ်းစနစ် အဆင့် သတ်မှတ်ချက်အရဆိုလျင် အဆင့်၂၌ ရှိိသည်။
ဤကျင့်ကြံရေးလောကတွင်တော့ အသေးစား ကျွမ်းကျင်အဆင့်ဟု သတ်မှတ်နိုင်ပြီး ဓားတစ်ချက် ဝှေ့ယမ်းလို်က်လျှင် လေထုက လှိုင်းအထပ်ထပ် ထသွား၏ ။
လုရီ တစ်ယောက် လေ့ကျင့်နေစဥ်တွင်ပင် လုကောင်းယန် နှင့် ဝမ်စီးချီက နံနက်စာ စားပြီး၍ ခန်းမထဲမှ ထွက်လာကြသည်။၎င်းတို့က ခြံဝန်းထဲ၌ စိတ်အားထက်သန်စွာ လေ့ကျင့်နေသည့် လုရီကိုမြင်လျှင် အနည်းငယ် ပြုံးမိလိုက်ကြ၏ ။
ဝမ်စီးချီက တိုးတိုးလေး ကပ်ပြောသည်။
“ ရီအာ ရဲ့သိုင်းပညာ ပါရမီကတော့ အထင်ကြီးစရာပဲ။ သူက တိမ်ဖြူဓားသိုင်းရဲ့ အသေးစား ကျွမ်းကျင်မှုအဆင့်ထိတောင် ရောက်နှင့်နေပြီ ။ တကယ်လို့ သူသာ မဟာ အောင်မြင်မှု နယ်ပယ်ကို ရောက်သွားရင် ထိပ်ဆုံး ငါးထောင် အတွင်းတောင် ဝင်လောက်တယ် "
လုကောင်းယန် ကဂုဏ်ယူဝံ့ကြွားစွာချောင်းဟန့်လိုက်ရင်း
“ ဒါပေါ့ကွ ။ သူက ဘယ်သူ့သားမလို့လဲ”
ဝမ်စီးချီ က လုကောင်းယန် ကိုလှောင်ပြုံးပြုံးပြရင်း
“ သားက ကျွန်မမပါဘဲ ရှင်တစ်ယောက်တည်းနဲ့ မွေးလာမယ်ထင်လို့လား”
လုကောင်းယန် က နေရခက်ခက်ရယ်လိုက်ရင်း
“ ဒါပေါ့ မိန်းမရယ် အဓိကကတော့ မင်းရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ပေါ့”
ဝမ်စီးချီ ကစိတ်ကျေနပ်သွားတဲ့ပုံစံနဲ့ ခေါင်းငြိမ့်ပြီး
“ ဒါဆိုလည်း သားလေ့ကျင့်နေတာကို မနှောင့်ယှက်ဘဲ ရှင့်အလုပ် ရှင်သွားလုပ်ချည်တော့”
အပြင်စည်းဂိုဏ်း၏ ကြီးကြပ်ရေးမှူးတို့ အနေနှင့် သူတို့၌ လုပ်ဆောင်ရန် လုပ်ငန်းဆောင်တာတို့က များပြားလွန်းလှသည် မဟုတ်ပါလော ။
တိမ်ဖြူဓားသိုင်းကိုသာ အာရုံစိုက်နေသည့် လုရီကတော့ ၎င်း၏ မိဘနှစ်ပါး ထွက်သွားသည်ကိုပင် သတိ မပြုလိုက်မိပေ ။
လေ့ကျင့်ခန်း တစ်ခေါက် ပြီးသည့်နောက်တွင်တော့ သူ့ရဲ့ တာဝန်လုပ်ဆောင်ချက်ဇယားက ၁/၁၀ ဆိုပြီးပြောင်းသွားတာကို တွေ့လိုက်ရသည်။
ဤသို့ဖြင့် လုရီသည် စိတ်လှုပ်ရှားစွာဖြင့် ဓားသိုင်းကို တစ်ခေါက်ပြီးတစ်ခေါက်
ဆယ်ခါပြည့်သည်အထိ ဆက်လက် လေ့ကျင့်နေ၏ ။
ဆယ်ခါမြောက် ထပ်ခါထပ်ခါလေ့ကျင့်ပြီးသည့် နောက်တွင်တော့ ချွေးများ စိုရွှဲနေသည့် လုရီသည် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။ ချီကျင့်ကြံခြင်း အဆင့်ခြောက်မှ ကျင့်ကြံသူ ဖြစ်သော်လည်း တိမ်ဖြူဓားသိုင်းကို အစမှအဆုံး ဆယ်ကြိမ်တိုင်တိုင် တစ်ဆက်တည်း လေ့ကျင့်ရခြင်းက လုရီအား အသက်ထွက်မတတ် မောပန်းစေသည်။ သို့သော်လည်း ရမည့် ဆုလာဘ်ကို စဥ္းစားမိလျှင် လုရီတစ်ယောက် မောပန်းသည်ဟု မခံစားရတော့ပေ ။
တိမ်ဖြူဓားသိုင်းအား ဆယ်ကြိမ်တိုင်တိုင် လေ့ကျင့်ပြီးသွားသည့် နောက်တွင်တော့ လုရီက ဂိမ်းမျက်နှာပြင်အား အပြေးအလွှား ကြည့်လိုက်လေသည် ။
[ လက်ရှိတာဝန် ]
တိမ်ဖြူဓားသိုင်းကို ဆယ်ကြိမ်လေ့ကျင့်ပါ။( လုပ်ဆောင်ချက် ၁၀/၁၀)
ဆုလာဒ် : တိမ်ဖြူဓားသိုင်း အဆင့် +၁။
ပြီးဆုံး။
ဆုလက်ခံခြင်း :: လက်ခံမည် / လက်မခံပါ။
လုရီက အလျင်အမြန်ပင် လက်ခံမည် ဆိုသည်ကို ရွေးလိုက်၏ ။
ရွေးချယ်ပြီး မရှေးမနှောင်းတွင်ပင် လုရီ၏ ခေါင်းထဲသို့ အချက်အလက်တို့က ရုတ်ချည်း တစ်ဟုန်ထိုး စုပြုံဝင်ရောက်လာလေသည် ။ထိုအထဲတွင် ဓားကို မည်သို့ ကိုင်တွယ်ရမည် ၊ စိတ်စွမ်းအင်ကို မည်သို့ ပို့ဆောင်ရမည် ၊ အသက်ရှူနှုန်းကို မည်သို့ ထိန်းချုပ်ရမည် ဆိုသည့် အချက်အလက်တို့အပြင် သိုင်းပညာ၏ အစွမ်းကို အမြင့်ဆုံးအထိ ရောက်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည့် ဟူသည့် လမ်းညွှန်ချက်ပင် ပါရှိလေသည် ။
ကြည့်ရသည်ကတော့ထိုအချက်အလက်တို့က သူ၏ အရိုုးထဲ၌ စွဲထင်နေပြီး အသွေးအသားထဲအထိ စိမ့်ဝင်သွားဟန် တူသည် ။
အချက်အလက်တို့ကို အကုန်အစင် ရယူပြီးသည့် နောက်တွင်တော့ လုရီက မျက်လုံးအစုံကို ဖွင့်လိုက်ပြီးလျှင် ထုံးစံအတိုင်း ဓားရှည်ကို ဝှေ့ယမ်းလိုက်၏ ။
ဝှစ်!!
လေထုကို ထွင်းဖောက်သွားသည့် ဓားသံ တစ်ချက်ကို ခပ်ရေးရေး ကြားလိုက်ပြီးသည့်နောက်၌ ဓားရှည်ပေါ်တွင် ငွေရောင် ဓားချီ အရိပ်အငွေ့တစ်ခု ပေါ်လာလေသည် ။ထို့နောက် ယင်းဓားချီက ကျောက်သားမြေပြင်ပေါ်၌ ဓားရာကြီး တစ်ခု ထင်ကျန်သွားစေ၏ ။
" ငါ့လခွမ်းတဲ့မှ "
လုရီက မျက်လုံး အပြူးသား ဖြစ်သွားမိသည် ။
ဓားချက်က အတော်ကို ပြင်းထန်ပေသည် ။ မကွယ်မဝှက်တမ်း ဆိုရသော် ယခင် သူ၏ တိမ်ဖြူဓားသိုင်း အဆင့်၂ထက် နှစ်ဆ၊ သုံးဆမက အားကောင်းနေ၏ ။
မဟုတ်မှလွဲပါလိမ့် ။ သူ၏ ဓားသိုင်းအဆင့်က မဟာအောင်မြင်မှု အဆင့်သို့ ရောက်လု နီးနေပြီလော ။
အဆင့်၃သည်ကပင် ဤမျှအထိ အားကြီးနေလျှင် အဆင့်၄ နှင့် အဆင့်၅ ဆိုလျှင် မည်သို့ ဖြစ်နေမည်နည်း ။
မဟာအောင်မြင်မှု နယ်ပယ် အဆင့်ကို ကျော်လွန်သွားမည် မဟုတ်ပေလော ။
ပြောင်းလဲခြင်း အဆင့်လော သို့မဟုတ် မူလဘူတသို့ ပြန်ရောက်ခြင်းလော ။
ထိုအဆင့်တို့ထက် မြင့်သည့် အဆင့်ကိုရောက်သွားလျှင် တိမ်ဖြူဓားသိုင်းပင် ဖြစ်နေဦးမည်လော ။
လုရီတစ်ယောက် အတွေးတို့ဖြင့် မျှော်လင့်မိနေ၏ ။ အကယ်၍ သူ့အနေဖြင့် ဖခင်ဖြစ်သူထံမှ တာဝန်တို့ကို ယခုလို နေ့စဥ်၊နေ့တိုင်း ရနေမည်ဆိုလျှင် တစ်လအတွင်း၌ပင် တိမ်ဖြူဓားသိုင်းကို အင်မတန် မြင့်မားသည့် အဆင့်သို့ မြှင့်တင် နိုင်ပေလိမ့်မည် ။
ဤသို့ဖြင့် ပြိုင်ပွဲကျင်းပမည့် အချိန်ဆိုလျှင် သူသည် အဆင့်သတ်မှတ်ချက် အမြင့်ပိုင်းသို့ပင် ရောက်နိုင်လေသည် ။
အကယ်၍ စကာတင် ထိပ်ဆုံး ၁၀ယောက် အတွင်းသာ ဝင်ရောက်နိုင်ခဲ့လျှင် အတွင်းစည်း ဂိုဏ္းထဲသို့ တန်း၍ ဝင်ရောက်နိုင်မည် ဖြစ်ပြီး ထိုအရာက အစောပိုင်း သူတွေးထင်ထားသည့် အချိန်ထက်ပင် ပို၍ မြန်ဆန်သွားပေမည် ။
ထို့မျှတင် မကသေး ။ အပြင်စည်းဂိုဏ်း ပြိုင်ပွဲမှ ရမည့် ဆုလာဘ်တို့ကလည်း ကောင်းမွန်မည်မှာ အသေအချာပင် ။
ယင်းအခိုက်အတန့်တွင်ပင် ပိုင်လင်းလင်းက သူ့ထံ ရောက်လာလေ၏ ။
“ နေ့လယ်စာ စားချိန် ရောက်ပါပြီ သခင်လေး”
“ ကောင်းပြီလေ”
နံနက်ခင်း တစ်ခုလုံး လေ့ကျင့်ထားရသည့်အတွက် လုရီအဖို့ အားအင်များ ပြန်လည် ဖြည့်တင်းရန်မှာ လိုအပ်ပေသည် ။ ထို့အတွက် သူ့အနေဖြင့် ခေတ္တခဏ အနားယူ၍ နေ့လယ်ခင်းမှ တဖန် ပြန်လည် လေ့ကျင့်ရပေမည် ။
နေ့လယ်စာ စားပြီးသည့် နောက်တွင် လုရီက အနားယူရန် သူ၏ အခန်းထဲသို့ ဝင်သွားလေ၏ ။
တိမ်ဖြူဓားသိုင်းကို လေ့ကျင့်ရမည့် တာဝန် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ယခုအချိန်၌ သူ မလုပ်ဆောင် နိုင်သေးသည့် အပြင်စည်းဂိုဏ်း အစမ်း စစ်ဆေး တာဝန်က ရှိနေသေးသည်။ ကြည့်ရသည်ကတော့ သူ့အနေဖြင့် လုပ်ဆောင်ရ လွယ်ကူသည့် အခြားသော တာဝန်တို့ကို ရှာဖွေရဦးမည့်ပုံပင် ။
နေစမ်းပါဦး ။
ထိုအခိုက်အတန့်တွင်ပင် ရဲတင်းသည့် အကြံ တစ်ခုကို လုရီရလိုက်သည်။
ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အတည်ပေါက် ချောင်းဟန့်လိုက်ရင်း လေးလေးနက်နက်ပြောလိုက်၏ ။
“ ဒီနေ့လယ်မှာ ငါ တိမ်ဖြူ ခြေလှမ်းသိုင်းကို ဆယ်ခါ လေ့ကျင့်မယ်”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဂိမ်းမျက်နှာပြင်က ထပ်ပြီးပြောင်းလဲသွားပြန်သည်။
[ တာဝန် ]
တိမ်ဖြူခြေလှမ်းသိုင်းကို ဆယ်ကြိမ်လေ့ကျင့်ရန် ။ ( လုပ်ဆောင်ချက် ၀/၁၀)
ဆုလာဘ် : : တိမ်ဖြူခြေလှမ်းသိုင်းကို ပို၍ သိမြင်နားလည်စေရန် အသိပညာမြှင့်တင်ပေးခြင်း။
လက်ခံခြင်း : : လက်ခံပါမည် / လက်မခံပါ။
ဘုရားရေ!
လုရီတစ်ယောက် တာဝန် ဇယားကြီးကိုကြည့်ပြီးသည့်နောက်တွင် ကမ္ဘာသစ်တစ်ခုအား ဖွင့်လိုက်မိသကဲ့သို့ ခံစားလိုက်ရ၏ ။
သူကိုယ်တိုင် တာဝန်တို့အား ပေးအပ်၍ ရသည်လား ။
ထိုအရာက အမှန် တကယ်ပင် အလုပ်ဖြစ်သည်ပေါ့ ။
တွေးရင်းတွေးရင်းဖြင့် သူ့ခေါင်းထဲ၌ အကြံသစ်တို့ ပြည့်နှက်လာ၏ ။
ထို့နောက် သူက ချောင်းဟန့်လိုက်ရင်း
“ အဟမ်း ... ပြီးတော့ ငါဘယ်ခြေထောက်ကိုအရင်ကြွမယ်” ဟု ရေရွတ်လိုက်လေသည် ။
လုရီက ဂိမ်းမျက်နှာပြင်ပေါ်သို့ မျှော်လင့်တကြီး စောင့်ကြည့်လိုက်သော်လည်း တုံ့ပြန်ချက် တစ်စုံတစ်ရာမှ ဖြစ်ပေါ်မလာခဲ့ပေ ။
ဘယ်ဘက် ခြေထောက်အား လှမ်းလိုက်ရသည်ကပင် အမြတ်ဟု ဆိုရပေမည် ။
သို့သော် သူက လက်မလျော့သေး ။သူက ခေါင်းကိုမော့ ရင်ကိုကော့၍ မာန်ပါပါ ဟစ်အော်လိုက်၏ ။
“ နောက်ခြေလှမ်းကို နှစ်မီတာလောက်လှမ်းမယ်”
...............
အရာအားလုံးက တိတ်ဆိတ်နေပြန်သည် ။ ဂိမ်းမျက်နှာပြင်ကလည်း အစောပိုင်းကနှင့် ထူးမခြားနားသာ ။
" အင်း .... ကြည့်ရတာ အလုပ် မဖြစ်ဘူးနဲ့ တူတယ် "
အစောပိုင်းက နေ့စဥ် နိစ္စဓူဝ လှုပ်ရှားမှုတို့ကိုပါ တာဝန်အနေနှင့် ပေးအပ်မည်လားဟူသည့် မျှော်လင့်ချက်ကလေးသည် ရေစုန် မျှောသွားခဲ့ရပြီ မဟုတ်လော ။
" အေးဆေးပါ ။ သိပ်ပြီး လောဘမကြီးရင် အဆင်ပြေတာပဲ မဟုတ်လား "
ခေတ္တခဏမျှ စိတ်ပျက်လက်ပျက် ဖြစ်ပြီးသွားသည့် နောက်တွင်တော့ လုရီက အကောင်းမြင်စိတ်ကို အတင်းအဓမ္မ မွေးမြူလိုက်လေသည်။
မည်သို့ပင် ဖြစ်နေပါစေ ။သူ့အနေဖြင့် သူကိုယ်တိုင် တာဝန်တို့ ပေးအပ်လို့ရသည်ကပင် အတော်လေး ကျေနပ်ဖို့ ကောင်းနေပြီ ဖြစ်သည် ။ ထို့ပြင်
" အလိုကြီးက အရနည်းတတ်သည်"ဟူသည့် စကားပုံပင် ရှိသေးသည် မဟုတ်ပါလော ။
စဥ္းစားခန်း ဖွင့်နေရင်းနှင့် လုရီက ယခုတစ်ကြိမ်၌ တစ်ခုခု လွဲမှားနေသည်ကို သတိထားမိလိုက်၏ ။
ယနေ့ နံနက် တိမ်ဖြူဓားသိုင်းကို သူလေ့ကျင့်စဥ်က တိုက်ရိုက် တန်း၍ အဆင့်တက်သွားသော်လည်း ယခု တိမ်ဖြူကိုယ်ခြေလှမ်းသိုင်းတွင်မူ တိုက်ရိုက် အဆင့် တက်ပေးခြင်း မရှိဘဲ အသိပညာကိုသာ တိုးမြှင့်ပေးနေလေသည် ။
" အင်း... သည်လိုပဲ ဖြစ်ရမယ် "
ဦးနှောက်အား အတန်ကြာ အလုပ် ပေးပြီးသည့် နောက်တွင်တော့ ကွာဟချက်ကို လုရီတစ်ယောက် သဘော ပေါက်သွား၏ ။
သူ၏ တိမ်ဖြူ ခြေလှမ်းသိုင်းက အဆင့်သုံးသို့ ရောက်နှင့်နေပြီ ဖြစ်သည့်အတွက် ဓားသိုင်း အဆင့်၂ထက် တစ်ဆင့် ပိုမြင့်နေသည် မဟုတ်လော ။
ထို့အတွက် လေ့ကျင့်သည့် အရေအတွက် ပမာဏ တူနေသော်လည်း ရလဒ် ကွာခြားနေခြင်း ဖြစ်ပေမည် ။
ဂိမ်းအသုံးအနှုန်းဖြင့် ပြောရမည်ဆိုလျှင်
အဆင့်တစ်ခုသို့ တက်နိုင်ရန် အတွေ့အကြုံ ရမှတ်တို့ လိုအပ်လေသည် ။ ထို့နောက် အဆင့်က ပို၍ မြင့်လာလျှင် အဆင့်တက်ရန် လိုအပ်သည့် အတွေ့အကြုံ ရမှတ်ကလည်း ပို၍ များလာကာ ပို၍ ခက်ခဲလာ၏ ။ ထို့အတွက် တူညီသည့် တာဝန်တစ်ခုက တူညီသည့် အတွေ့အကြုံ ရမှတ်ကိုသာ ပေးသဖြင့် အဆင့်နိမ့် စွမ်းရည်တစ်ခု အဆင့်တက်နိုင်သည့် ရမှတ် ပမာဏသည် အဆင့်မြင့် စွမ်းရည်အဖို့တော့ မလုံလောက်ပေ ။
ထိုအချက်ကို နားလည် သဘောပေါက်သွားသည့် နောက်တွင်တော့ လုရီက သူ၏ ပညာရပ်တို့ ပို၍ အစွမ်းထက်လာစေရန် တာဝန်တို့ကို ထပ်ပြန်တလဲလဲ ကြိုးစား လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်လိုက်လေသည် ။
မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူကို်ယ်တိုင် ကျင့်ကြံခြင်းထက် ပို၍ မြန်သည် မဟုတ်ပါလော ။
" ဒီနေ့ကစပြီး ငါ လုရီ ဆိုတာပြိုင်ဘက်ကင်း ပါရမီရှင်ပဲကွ ... ဟား... ဟား...ဟား ... "
လုရီက အတော်လေး စိတ်ကျေနပ်သွား၏ ။
အနားယူပြီးသည့် နောက်တွင်တော့ သူက တိမ်ဖြူ ခြေလှမ်းသိုင်းကို တဖန် ပြန်၍ လေ့ကျင့်ပြန်သည် ။
လုရီအဖို့ လေ့ကျင့်ရသည်က သိပ်ပြီး အခက်ခဲကြီး မဟုတ် ။ အနည်းငယ် ပင်ပန်းရုံ ရှိသည် ။
ဤသို့ဖြင့် နေ့လယ်ပိုင်း အချိန်ကို ကျော်လျှင် လုရီ၏ တာဝန်က ပြီးဆုံးသွားတော့သည် ။
ညနေခင်း လုကောင်းယန် နှင့် ဝမ်စီးချီ ပြန််ရောက််လာသည့် အချိန်တွင် ပိုင်လင်းလင်းက ညစာ ပြင်ဆင်ပြီး အသင့် ဖြစ်၏ ။ သားအမိ၊သားအဖ သုံးယောက်သား ညစာ စားပြီးသည့်နောက်တွင်တော့ အနားယူရန် အခန်းသို့ ကိုယ််စီကိုယ်စီ ပြန်သွားကြသည်။
ဤကျင့်ကြံခြင်းလောက၌ ညနေပိုင်းသည် သီးသန့် ပညာရပ်များ လေ့ကျင့်ရန် အချိန်ဖြစ်သည် ။ ထိုအချက်က လုရီတို့ မိသားစု သုံးယောက်အတွက်ပင် ချွင်းချက် မဟုတ်ပေ ။
အခန်းသို့ ပြန်ရောက်ပြီးနောက်တွင် လုရီက ခြေထောက်နှစ်ဖက်ကိုချိတ်၍ သူ့ကိုယ်သူ “ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်" ကို ဆယ်ကြိမ် လေ့ကျင့်ရန် ဟူသည့် တာဝန်တစ်ခုပေးလိုက်သည်။
“ တိမ်ဖြူ ချီသန့်စင်ခြင်း” ပညာရပ်ကလည်း တိမ်ဖြူဓားသိုင်းကဲ့သို့ အဆင့်၂၌ ရှိနေသည့်အတွက် ဆုလာဘ်အနေဖြင့် အဆင့် နောက်တစ်ခုတက်သွားလေသည်။
ချီသန့်စင်ခြင်း ပညာရပ် ဆိုသည်က ပြင်ပမှ ဝိညာဥ်စွမ်းအင်တို့ကို စုပ်ယူ၍ ခန္ဓာကိုယ်တွင်း၌ အစီအစဥ်တကျ လည်ပတ်စေရန် ထိန်းချုပ်ရသည့် ပညာရပ် ဖြစ်၏ ။
ယေဘုယျအားဖြင့်ဆိုလျှင် ပင်ကို ပါရမီ အရည်အချင်း အားကောင်းလေလေ ၊ ကျင့်ကြံခြင်း နည်းစနစ်က ပို၍ အစွမ်းထက်လေလေ ဖြစ်သည် ။ နည်းစနစ်ကို ပို၍ နားလည်သဘောပေါက် ကျွမ်းကျင်လာလျှင်တော့ ဝိဉာဉ်စွမ်းအင်တို့ကို ပို၍ စုပ်ယူနိုင်လေမည် ။
လုရီ၏ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်က အဆင့်၂သာ ရှိသေးသည့်အတွက် တာဝန် ပြီးဆုံး အောင်မြင်ရန်အတွက် အချိန်တော့ အတော် ယူရသည်။ သို့သော်လည်း တစ်ညနေအတွင်း၌ ဆယ်ကြိမ်ဆိုသည်က ဖြစ်နိုင်ပါသေးသည်။
ဤသို့ဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေသည် ။
လုရီတစ်ယောက် ကျင့်စဥ်ကို ဆယ်ကြိ်မ်တိုင်တိုင် ကျင့်ကြံပြီးစီး၍ မျက်လုံး ဖွင့်လိုက်သည့် အချိန်တွင်တော့ ညနေခင်းကား စောင်းနေလေပြီ ။
တာဝန်ကလည်း ပြီးဆုံးသွားပြီ ဖြစ်သည့်အတွက် ဆုလာဘ်တို့ ထုတ်ယူရန်သာ လိုတော့သည် မဟုတ်ပါလော ။
ရွှီး.....ရွှီး.....ရွှီး.....
လက်ခံမည် ဟူသည့် အရာကို ရွေးချယ်ပြီးသည့် နောက်တွင်တော့ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်နှင့် သက်ဆိုင်သည့် ဥာဏ္အလင်းတို့က လုရီ၏ စိတ်ထဲသို့ အတားအဆီး မရှိ ဝင်ရောက်လာလေတော့သည် ။
စာစဥ် ၁ အပိုင်း -၃
.သည်အရိုင်းအစိုင်းက ဘယ်က ရောက်လာတာလဲ ..
အချိန် ခေတ္တခဏမျှ ကြာပြီးနောက်တွင် လုရီက တိမ်ဖြူ ချီသန့်စင်ခြင်း ပညာကို ယခင်ကထက် ပို၍ နက်ရှိုင်းစွာ သဘောပေါက်လာသည်ဟု ခံစားမိလိုက်သည်။
၎င်းကို အချိန်မဆိုင်းဘဲ လည်ပတ်လိုက်လျှင် ဝိဉာဉ်စွမ်းအင် စီးဆင်းမှုက ယခင်ကထက် ပို၍ချောမွေ့လာပြီးလျင် စီးဆင်းမှု အချိန်ကိုလည်း ပိုလျှော့ချနိုင်သည်ကို တွေ့လိုက်ရ၏ ။
ခြုံငုံ၍ ပြောရလျှင် ကျင့်စဥ် အသုံးဝင် သက်ရောက်မှုက ၅၀ ရာခိုင်နှုန်း အထိပင် တိုးတက်လာလေသည် ။
ယင်းတိုးတက်မှုသည်က အတော်လေး ဩချရမည့် အရာ ဖြစ်၏ ။
နဂိုမူလက လုရီသည် သူ့အနေဖြင့် ချီကျင့်ကြံခြင်း အဆင့်၇သို့ ရောက်ရန် အနည်းဆုံး ခုနစ်လ ၊ ရှစ်လခန့် ကျင့်ကြံရဦးမည်ဟု တွက်ထားသော်လည်း ယခုနှုန်းအတိုင်း ဆိုလျှင် ငါးလ၊ခြောက်လသာ ကြာမြင့်တော့မည် ဖြစ်သည်။
ထိုမျှတင် မကသေး ။ ဝိဉာဉ်စွမ်းအင် စီးဆင်းမှုကလည်း ပို၍ ချောမွေ့လာသည့်အတွက် သိုင်းပညာ အသုံးပြုရာ၌ ပို၍ သေသပ် အသားကျလာကာ တိုက်ရည်ခိုက်ရည်ကလည်း ပို၍ တိုးတက်လာသေးသည်။
ချီကျင့်ကြံခြင်း၌ တိုးတက်လာခြင်းက လုရီ၏ ဘက်ပေါင်းစုံ တိုက်ခိုက်နိုင်စွမ်းပါ သိသိသာသာ တိုးတက်လာသည်ဟုလည်း ပြော၍ရသည်။
ထို့အတွက် လုရီက တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်ကို ဆယ်ကြိမ် ကျင့်ကြံပြီးသည့်တိုင် အနား မယူသေးဘဲ ဆက်၍ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်၏ ။
ဤသို့ဖြင့် အချိန်တွေက ကုန်ဆုံးသွားခဲ့ပြန်သည် ။
နေ့စဥ် လုရီက နံနက်ခင်းတွင် တိမ်ဖြူဓားသိုင်း၊ နေ့လယ်ပိုင်းတွင် တိမ်ဖြူခြေလှမ်းသိုင်း နှင့် ညနေပိုင်းတွင် တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်တို့အား ကျင့်ကြံရန် သူ့ကိုယ်သူ တာဝန်ပေးထားလေသည် ။
တာဝန်တို့ ပြီးဆုံးသည်နှင့်အမျှ သူကျင့်ကြံထားသည့် ပညာရပ် သုံးခုလုံး၏ အစွမ်းကလည်း အဆက်မပြတ်တိုးတက်လာသည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ်ပတ်ဟူသည့် အချိန်ကာလအား ကျော်လွန်သွားပြီးလျှင် လတစ်လ၏ အစပိုင်းသို့ ရောက်လာ၏ ။
နံနက်ခင်း တစ်ခုတွင်တော့ လုရီ ၊ လုကောင်းယန် နှင့် ဝမ်စီးချီတို့သည် နံနက်စာကို အတူ စားသောက် နေကြသည်။
ထိုသို့ စားသောက်နေရင်း လုကောင်းယန် က တစ်ခုခုကို တွေးမိသည့် ပုံစံဖြင့် လုရီကို ကြည့်ရင်း ပြောလာ၏ ။
“ ရီအာ ဒီနေ့က အကြီးအကဲသင်ခန်းစာပို့ချမဲ့နေ့ပဲ ။ အချိန်ကို မမေ့နဲ့ဦး”
လုရီက အသားပေါက်စီကို တစ်ချက် ကိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည် ။
" ဟုတ်... ကျွန်တော် သိပါပြီ "
လတစ်လ၏ အစ ရောက်တိုင်းလျှင် အပြင်စည်းဂိုဏ်းမှ အကြီးအကဲက နေဝန်းဖြူ တောင်ထိပ်၌ ကျင့်ကြံခြင်းအခြေခံ နည်းစနစ်အချို့ကို သင်ကြားပေးပြီးလျှင် အပြင်စည်းဂိုဏ်းတပည့်တို့ သိချင်သည့် မေးခွန်း အချို့ကို ဖြေကြားပေးလေ့ ရှိသည် ။
အရေးကြီးသည်က ထိုအကြီးအကဲသည် အပြင်စည်းဂိုဏ်းမှ ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်း အခြေခံက ရွှေအမြုတေ နယ်ပယ်၌ ရှိလေသည် ။
ထို့အတွက် သူ၏ ကျင့်ကြံခြင်း အတွေ့အကြုံ အနည်းငယ်ကို ဝေမျှလျှင်ပင် ထိုအရာက အပြင်စည်းဂိုဏ်းရှိ ချီကျင့်ကြံခြင်း ဂိုဏ်းသားတို့အတွက် အင်မတန် တန်ဖိုး ရှိလေသည် ။
အပြင်စည်း ဂိုဏ်းသားတို့သည် အရေးကြီး ကိစ္စမရှိသရွေ့ အကြီးအကဲ သင်ခန်းစာပို့ချခြင်းကို လာရောက် နားထောင်ကြလေ့ရှိသည်။ ထိုအထဲတွင် လုရီ တစ်ယောက်လည်း ချွင်းချက် မရှိပေ ။
ရွှေအမြုတေ အဆင့်ရှိသည့် ဆရာကြီး တစ်ပါး၏ အခမဲ့ သင်ခန်းစာကို မလိုချင်သည့်လူ ရှိလျှင် ထိုလူကို လူဟုပင် ခေါ်ဖို့ လိုအပ်မည်လော ။
ယခု လုရီထံ၌ ရွှေလက်ချောင်း ရှိနေပြီး ထိုအရာကြောင့် ကျင့်ကြံခြင်း စွမ်းရည်က သိသိသာသာ တိုးတက်လာသည် ဆိုသော်လည်း သူက ပြိုင်ဘက်ကင်း ဖြစ်နေသည် မဟုတ် ။
သူ၏ ချီကျင့်ကြံခြင်း နယ်ပယ်က ကျင့်ကြံခြင်း လောက၌ ပမွှားလေးသာ ဖြစ်နေသေးလေသည် ။
မဟာ ဆရာသခင်တို့ ကိုယ်တိုင်လျှင်တောင်မှ လမ်းညွှန်ချက်တို့ လိုအပ်လေသေးသည်ဖြစ်ရာ သူလို ပမွှားလေး တစ်ဦးက ရွှေအမြုတေ အကြီးအကဲ တစ်ဦး၏ သင်ကြားမှုကို အဘယ်ကြောင့် မခံယူရမည်နည်း ။
လုရီ ခံယူထားသည်က လူတစ်ယောက်သည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ ၊ မောက်မာဝ့ံကြွားမှု မရှိသင့်ပေ ။ ထိုသို့ မဟုတ်လျှင် မိမိကိုယ်ကိုယ်သာ ထိခိုက်စေပေလိမ့်မည် ။
နံနက်စာကို ခပ်သွက်သွက် စားပြီးသည့်နောက်တွင်တော့ လုရီက နေဝန်းဖြူ တောင်ထိပ်သို့ သုတ်ေခြတင်တော့သည် ။
“ အမေနဲ့အဖေ ကျွန်တော် နေဝန်းဖြူတောင်ထိပ်ကို သွားတော့မယ်နော်”
ပြေးထွက်သွားသည့် လုရီကို မြင်လျင် ဝမ်စီးချီက လှမ်း၍ သတိပေးလိုက်သေး၏ ။
“ ရီအာ .. ...သတိထားသွားဦး ။ အရမ်း မြန်မြန် မပြေးနဲ့ "
“ ဟုတ်ကဲ့ပါ ... အမေရ ”
လုရီကို အနောက်ကို လှည့်ပင် မကြည့်တော့ပေ ။ သူက အပြုံးတစ်ခုနှင့် ပြန်ဖြေလျက် အိမ်ဝန်းထဲမှ ပြေးထွက်သွားပြီ ဖြစ်သည် ။
တိမ်ဖြူဂိုဏ်းသည် တိမ်ဖြူတောင်တန်း နယ်နိမိတ် တစ်လျောက် တည်ရှိပြီး ကီလိုမီတာ ရာပေါင်းများစွာကို နေရာ ယူထားကာ မြင့်မားသည့် တောင်ကြီးပေါင်း များစွာတို့ကိုလည်း ပိုင်ဆိုင်ထား၏ ။
အပြင်စည်းဂိုဏ်းကတော့ တိမ်ဖြူဂိုဏ်း၏ အစွန်ဘက် အကျဆုံး အရပ်၌ တည်ရှိပြီး အပြင်စည်း အကြီးအကဲ သင်ခန်းစာ ပို့ချသည့် နေဝန်းဖြူ တောင်ထိပ် အပါအဝင် အခြားသော တောင်ထိပ်ပေါင်း ရာချီကလည်း တည်ရှိလေသည် ။
လုရီ နေထိုင်သည် တောင်ထိပ်ကတော့
လ “ဝိဉာဉ်ဖြူတောင်ထိပ်” ဟု အမည်ရပြီး ယခု သွားနေသည့် နေဝန်းဖြူ တောင်ထိပ်နှင့် ကွာဝေးခြင်း သိပ်မရှိလှပေ ။၎င်းတို့ ကြားထဲ၌ တောင်ထိပ်ခြောက်ခုသာ ပိုင်းခြားထားလေသည် ။
အချိန်ကို ကြည့်လိုက်လျှင် သင်ခန်းစာ ပို့ချရန် စောနေသေးသည်ဟု သိလိုက်ရသဖြင့် လုရီက အလျင်မလိုတော့ပေ ။ထို့အတွက် သူက သွားနှုန်းကို လျော့ချ၍ ခြေလှမ်းကို ပုံမှန် အတိုင်းသာ လှမ်းကာ နေဝန်းဖြူ တောင်ထိပ်သို့ သွားနေတော့သည် ။
လမ်းတစ်လျှောက်၌ အခြားသော အပြင်စည်း ဂိုဏ်းသားတို့ကိုပင် သူက တွေ့နေရ၏ ။ အချို့ကတော့ သူ့ကဲ့သို့ တစ်ကိုယ်တည်း ဖြစ်ကာ အချို့ကတော့ အပေါင်းအဖော်တို့နှင့် ဖြစ်သည် ။
တောင်ထိပ်တစ်ခုတည်း၌ နေကြသည့် ဂိုဏ်းသား အချင်းချင်း ဖြစ်သည့်အတွက် အများစုက သူနှင့် မျက်နှာ မစိမ်းကြပေ ။ ထို့အတွက် လုရီက ၎င်းတို့အား ခေါင်းညိတ်လျက် နှုတ်ဆက်လိုက်လေသည် ။
လုရီက အမြဲလိုလိုပင် ကျင့်ကြံခြင်းနှင့် လုံးပန်းနေသည့်အတွက် ခင်မင် ရင်းနှီးသည့် မိတ်ဆွေ၊ အပေါင်းအဖော်က မရှိသလောက်ပင် ။ သို့သော်လည်း သူက ဂရုမစိုက် ။ ကျင့်ကြံခြင်း လောက၌ ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးသည် မှန်သော်လည်း တန်ခိုး ၊ ခွန်အားက ပို၍ အရေးကြီးသည်ဟု လုရီ ခံယူထားသည် ။
အထူးသဖြင့့် ယခုအချိန်ကဲ့သို့ အစွမ်းထက်ရန် ကျင့်ကြံနေသည့် အချိန်တွင် ကျင့်ကြံခြင်းကိုသာ ခေါင်းထဲ ထည့်ထားသည်က အကောင်းဆုံး ဖြစ်ပေမည် ။ ထိုသို့ မဟုတ်ပါက အသက်အရွယ် ကြီးရင့်လာသည့် အချိန်တွင် နောင်တ ရနေရမည် ဖြစ်သည် ။
" လသာတုန်း ဗိုင်းငင် "
" မိုးရွာတုန်း ရေခံ " အစရှိသည့် ဆိုရိုးစကားတို့ကလည်း ရှိနေသေးသည် မဟုတ်လော ။
ဟုတ်ပေသည် ။ လုရီ၌ အခြားသော ဂိုဏ်းသားတို့နှင့် ခင်မင်ရင်းနှီးခြင်း မရှိဆိုသည့် အချက်က မှန်၏ ။ သို့သော် ထိုအချက်က လုရီသည် အခြားသော ဂိုဏ္းသားတို့နှင့် ဆိုးရွွားသော ဆက်ဆံရေး ရှိသည်ဟုလည်း မဆိုလိုပေ ။ သူ၏ မိဘ နှစ်ပါးက အပြင်စည်း ကြီးကြပ်ရေးမှူးတို့ ဖြစ်သည့်အတွက် ဂိုဏ်းသားများက သူ့အား ကောင်းမွန်စွာ ဆက်ဆံကြလေ့ ရှိသည် ။
ထို့အပြင် လုရီ၏ ကျင့်ကြံခြင်း ပါရမီကလည်း အပြင်စည်းဂိုဏ်း၌ ထိပ်တန်းဟု သတ်မှတ်၍ ရသဖြင့် ဂိုဏ်းသားတို့က သူ့အား အားကျကြပြီး ကြီးမားသည့် အကြောင်းအရင်း မရှိလျှင် မည်သူကမျှ ရန်မစလိုပေ ။
လူတို့ဟူသည်က သူတို့ထက် အားနည်း နိမ့်ပါးသည့် သူတို့ကိုသာ ပစ်မှတ်ထား အနိုင်ကျင့်တတ်ကြသည် မဟုတ်ပါလော ။
အမှန်စင်စစ်တွင်မူ ထိုအရာသည် မလိုအပ် ။ အဆင့်ပိုနိမ့်သည့် လူတစ်ယောက်ကို ရန်စ စော်ကားလိုက်ခြင်းက သူတို့၏ အဆင့်ကို တိုးတက် သွားနိုင်စေသည်လည်း မဟုတ် ။ ထိုအပြုအမူသည် မည်သည့် အကျိုးအမြတ်မှ ရရှိနိုင်ခြင်း မရှိ ။ အချိန်ကုန်ရုံ သက်သက်သာ ရှိသည် ။
ိထို့အပြင် ရန်စ စော်ကား ခံရသူက ကံကောင်းခြင်း တစ်စုံတစ်ရာကို ကြုံ၍ ပြန်လည် ကလဲ့စား ချေနိုင်သည်အထိ အစွမ်း ထက်လာလျှင် မိမိအတွက်လည်း အခြေအနေ ကောင်းမည်မဟုတ် ။
ထိုအချက်က မဖြစ်နိုင်ဟု ပြောမရပေ ။ ထျန်းမင် ကုန်းမြေတိုက်ကြီးမှာက နေရာ အနှ့ံအပြား၌ ရှေးဟောင်းဂိုဏ်းကြီးများ ၊ အစွမ်းထက် ကျင့်ကြံသူတို့၏ အမွေအနှစ်များ ၊ အမေ့လျော့ခံ ပညာရပ်များအပြင် ကောင်းကင်ဘုံမှ သနားချီးမြှင့်သော မှော်ဝင် ရတနာပေါင်းများစွာ ရှိလေသည် ။ ထိုအထဲမှ တစ်ခုခုကို လူတစ်ယောက်က ရရှိသွားသည့် အဖြစ်မျိုးမှာ ဖြစ်နိုင်ချေများသည့် အဖြစ်မျိုးပင် ။
လုရီက စကားပုံတစ်ခုကိုပင် တွေးမိလိုက်သေး၏ ။
“ သိုင်းလောက ဟူသည် ရန်ပွဲ ၊ သတ်ပွဲတွေချည်း မဟုတ် ။ လူသားချင်း ရင်းနှီးခင်မင်မှုလည်း ကျန်၏ ”
ကျင့်ကြံခြင်း လောက၌လည်း ထို့အတူပင် ။ အငြင်းပွားစရာ ကိစ္စရပ်တို့ မဖြစ်သေးသရွေ့ လူတိုင်းက ငြိမ်းချမ်းစွာ နေထိုင်နိုင်သည် ။
နေဝန်းဖြူ တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ အပြင်စည်း ဂိုဏ်းသားတို့အား ခပ်စိပ်စိပ် တွေ့လာရသည် ။
အပြင်စည်းဂိုဏ်းမှာက တပည့်တပန်းပေါင်း ထောင်၊သောင်းပေါင်း များစွာရှိသည့်အတွက် လတစ်လ၏ ပထမဆုံးနေ့တွင် နေဝန်းဖြူ တောင်ထိပ်သို့ တက်ရောက်လာမည့် ဂိုဏ်းတပည့်တို့၏ အရေအတွက်အား စိတ်ကူးဖြင့်ပင် မခန့်မှန်းနိုင်ပေ ။ ထိုဂိုဏ္းသားတို့အား အပေါ်စီးမှ ကြည့်လိုက်မည်ဆိုလျှင် ပုရွတ်ဆိတ် ကလေးများ အုံလိုက်၊ကျင်းလိုက် နေရာ ရွှေ့ပြောင်းနေကြသည်နှင့်ပင် တူသေး၏ ။
ထို့အပြင် နေဝန်းဖြူ တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ ဂိုဏ်းသားတို့ အကြားရှိ လေထုကလည်း ပို၍ ဖိအား များလာသည်ကို ခံစားရမည် ဖြစ်သည် ။
သင်ခန်းစာ ပို့ချသည့် နေရာကတော့ တောင်ထိပ် အစွန်းတစ်ဖက်၌ ရှိ၏ ။ထိုတောင်ထိပ်စွန်း၌ မြေကွက်လပ် ရင်ပြင်ကျယ် တစ်ခု ရှိနေပြီးလျှင် ၎င်းအထက်၌ စင်မြင့် တစ်ခုကို ဆောက်လုပ်ထားလေသည် ။
စင်မြင့် အထက်တွင်တော့ ခုံပေါင်း တစ်ထောင်ကိုသာ ခင်းကျင်းထားသည့်အတွက် ၎င်းအဓိပ္ပါယ်သည် ဂိုဏ်းသားပေါင်း တစ်ထောင်သာ ထိုင်ခွင့်ရှိသည်ဟု ဆိုလိုသည်နှင့် မခြားနားပေ ။
ဤနေရာ၌ ထိုသို့ဆိုလျှင် အခြားသော ဂိုဏ်းသားတို့သည် မည်သို့ လုပ်မည်နည်းဟု မေးစရာ ရှိလာပေမည် ။
မည်သို့မျှ လုပ်စရာ မရှိပေ ။ ထိုင်ခုံ မရသည့် ဂိုဏ်းသားတို့သည် တောင်တက်လမ်းတစ်လျှောက် သို့မဟုတ် တောင်ကြား နေရာလွတ်တို့၌ နေရာ ယူရင်း သင်ခန်းစာ ပို့ချသည်ကို နားထောင်ရပေလိမ့်မည် ။
မကွယ်မဝှက်တမ်း ပြောရမည်ဆိုလျှင် သင်ကြားပို့ချချက်များကို တောင်ထိပ်ပိုင်း၌ နားထောင်ရသည်က ပို၍ ကြည်ကြည်လင်လင် ကြားရသည့်အပြင် အကြီးအကဲကလည်း တစ်ခါတစ်ရံ၌ ဂိုဏ်းတပည့် အချို့အား ကျပန်း ရွေးချယ်ကာ မေးခွန်းတို့ကို ဖြေပေးလေ့ ရှိသေးသည် ။
ထို့အတွက် မည်သူက တောင်ထိပ်ပိုင်း၌ မထိုင်ချင်၍ နေမည်နည်း။
ဤသို့ဆိုလျှင် တောင်ထိပ်ပိုင်း၌ မည်သူတို့က ထိုင်ခွင့်ရသနည်း ။ ထိုအရာသည်ကတော့ သက်ဆိုင်ရာ ကိုယ်ပိုင် ခွန်အား အပေါ်၌ မူတည်၏ ။
ဂိုဏ်းသား တစ်ယောက်က ခွန်အား အစွမ်း ထက်လျှင် ထက်သလောက် တောင်ထိပ်ပိုင်း၌ နေရာ ရလေသည် ။
လုရီသည်ကတော့ အမြဲလိုလိုပင် တောင်ခါးပန်း တစ်နေရာမှပင် သင်ခန်းစာ ပို့ချသည်ကို နားထောင်လေ့ ရှိ၏ ။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူသည် တောင်ထိပ်သို့ တက်၍ ထိုင်ခုံ နေရာ တစ်နေရာ ရယူရန် ဆုံးဖြတ်ထားလေသည် ။
တောင်ခြေပိုင်းမှ အထက်သို့ အနည်းငယ် တက်လာလျှင် ချီကျင့်ကြံခြင်း အဆင့်၁ နှင့် ၂ မှ ဂိုဏ်းသားတို့သည် ရပ်တန့်နေသည်ကို မြင်ရမည် ဖြစ်၏ ။ သူတို့သည် ရပ်တန့်ချင်၍ ရပ်တန့်သွားခြင်းတော့ မဟုတ် ။ သူတို့က ရှေ့ဆက်သွားရန် သတ္တိ မရှိတော့၍သာ ဖြစ်သည် ။
ရှင်းရှင်းပြောရမည် ဆိုလျှင် ဤနေဝန်းဖြူတောင် တစ်တောင်လုံးက သူ့နေရာနှင့်သူ ရှိ၏ ။ အကယ်၍ သူတို့သာ မရပ်တန့်ဘဲ အခြား အစွမ်းထက်သည့် ဂိုဏ်းသား တစ်ဦး၏ နေရာကို ယူလိုက်မိလျှင် ထိုအစွမ်းထက် ဂိုဏ်းသား၏ ပညာပေး ဆုံးမခြင်းကို ခံရမည် ဖြစ်သည် ။
ဤနေရာ၌တော့ တိမ်ဖြူအပြင်စည်းဂိုဏ်းသားများက ပါးနပ်လွန်း၏ ။ သူတို့က သူတို့၏နေရာကို သူတို့ ကောင်းကောင်းကြီး သိလေည် ။ သူတို့က သူတို့နှင့် သင့်တော်သည့် နေရာကို ရောက်လျှင် ခြေတစ်လှမ်းမျှပင် ရှေ့ဆက် မတိုးတော့ပေ ။
သိပ်မကြာခင်၌ ချီကျင့်ကြံခြင်း အဆင့်၃ နှင့် ၄မှ ဂိုဏ်းသားတို့ပင် ရပ်တန့် သွားကြလေပြီ ဖြစ်သည် ။
နေဝန်းဖြူတောင်၏ တစ်ဝက်သို့ လုရီ ရောက်လျှင် တောင်ထိပ်သို့ ဦးတည်နေသည့် ဂိုဏ်းသား အရေအတွက် သိသိသာသာပင် လျော့ကျသွား၏ ။
ဤနေရာသို့ အရောက်တွင်တော့ ချီကျင့်ကြံခြင်း နယ်ပယ် အဆင့်၅နှင့် အဆင့်၆မှ ဂိုဏ်းသားတို့ပင် ရှေ့ဆက် မတက်ကြတော့ပေ ။ ရှေ့ဆက်သွားလျင်ကား ချီကျင့်ကြံခြင်း နယ်ပယ် အဆင့်၇ နှင့် အထက် ဂိုဏ်းသားတို့နှင့် ကြုံရတော့မည် မဟုတ်ပါလော ။
သို့သော် လုရီသည်ကတော့ ရပ်တန့်သွားခြင်း မရှိဘဲ ရှေ့သို့ ဆက်သွားနေ၏ ။ထို့အတွက် အပြင်စည်း ဂိုဏ်းသားတို့က သူ့အား ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြလေသည် ။
ကြည့်ရသည် ပုံကတော့ တစ်ယောက်ယောက်သည် သူ့ထက် အားကြီးသည့် ဂိုဏ်းသားတို့ကို စိမ်ခေါ်ချင်နေသည့် ပုံပင် ။ ဤကဲ့သို့သော ရဲတင်းမှုမျိုးက ပေါ်မလာသည်မှာ အတော်လေး ကြာလှပြီဟု ဆိုရပေမည် ။
ချီကျင့်ကြံခြင်း အဆင့်၇နှင့် အထက်မှ ဂိုဏ်းသားတို့ကလည်း လုရီကိုမြင်လျှင် မနှစ်မြို့သည့် ဟန်ဖြင့် မျက်မှောင် ကြုတ်ကြလေ၏ ။
ဤနေရာ၌ ယခုပင် လူတို့ ပြည့်နှက်နေသည်ကို ချီကျင့်ကြံခြင်း အဆင့်၆မှ ဂိုဏ်းသား တစ်ယောက်က သူတို့ထံမှ နေရာ တစ်နေရာကို ခွဲတမ်း ရယူချင်နေသည်လော ။ ၎င်းက အဓိပ္ပါယ် လားလားမျှပင် မရှိချေ ။
လုရီကတော့ သူအား မနှစ်မြို့သည့် ဟန်ဖြင့် ကြည့်နေသည့် အကြည့်တို့ကို လျစ်လျူရှု၍ အထက်သို့ ရှေ့ဆက် တက်သွား ပြန်လေသည် ။
လုရီအား စိုက်ကြည့်နေသည့် ဂိုဏ်းသားတို့၏ မျက်နှာအမူအရာတို့က တဖြည်းဖြည်း ထူးဆန်းလာကြသည်။ ချီကျင့်ကြံခြင်း အဆင့်၇က ဂိုဏ်းသားတို့ပင် ရပ်တန့်နေသည်ကို ဤချီကျင့်ကြံခြင်း အဆင့်၆မှ ဂိုဏ်းသားငယ်ကတော့ ရပ်တန့်မည့် အရိပ်အယောင် မပြသေပေး ။
ဤနေရာသည်က တောင်ထိပ်သို့ပင် ရောက်လုနီးပြီ ဖြစ်သည် ။ အထူးသဖြင့် ဤနေရာက အစွမ်းက်သည့် ချီကျင့်ကြံခြင်း အဆင့်၇ ဂိုဏ်းသားတို့ နှင့် ချီကျင့်ကြံခြင်း အဆင့်၈မှ ဂိုဏ်းသားတို့အတွက် သီးသန့် နေရာဟုပင် ဆိုနိုင်လေသည် မဟုတ်ပါလော ။
ရွေးချယ်စရာ နေရာလွတ်တို့ အများအပြား ရှိနေသည်ကို အဘယ့်ကြောင့် ဤဂိုဏ်းသားငယ်က ရှေ့သို့ ဆက်သွားချင်နေရသနည်း ။
" အဲသည်ကောင်က ဘာကောင်လဲ ။ သည်အရိုင်းအစိုင်းကောင်က ဘယ်က ရောက်လာတာလဲ ။ သူ့ဆီမှာ ဆင်ခြင်တုံတရားဆိုတာ မရှိဘူးလား"
" အဲသည်ကောင်က အထု၊အထောင်း ခံရမှာကို မကြောက်တာလား ။ ကြည့်ရတာ မွေးကတည်းက သံမဏိခေါင်း ပါလာတာနေမှာ "
"ငါကတော့ သည်ကောင် တောင်ပေါ်ကနေ ကန်ချ မခံရဘဲ ဘယ်လောက် နေနိုင်မလဲ ဆိုတာ တအား လောင်းချင်နေပြီ"
တီးတိုး ပြောဆိုသံတို့က ဂိုဏ်းသား အချင်းချင်း ကြား၌ ဖြစ်ပေါ်လာလေ၏ ။
ယင်းအခိုက်အတန့်တွင် အရပ်ရှည်ရှည် အပြင်စည်းဂိုဏ်းသား တစ်ဦးက အပြုံးတစ်စနှင့် လုရီ၏ လမ်းကို ပိတ်လိုက်လေသည် ။
"ဂိုဏ်းတူညီလေး ..... မင်းသွားနေတဲ့ဘက်က မှားနေပြီ ။ မင်းက အောက်ကို ဆင်းရမှာ"
ဇာတ်လမ်းကတော့ စချေပြီ ။
အနီးအနား၌ ရှိနေသည့် ဂိုဏ်းသားတို့၏ မျက်လုံးတို့ကလည်း ဇာတ်ပွဲ တစ်ပွဲ ကြည့်ရတော့မည် ဟူသည့် ပုံမျိုးဖြင့် အလင်းရောင် တောက်ပသွားကြ၏ ။