← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

စာစဥ္ ၁ အပိုင်း ၇

စက်ဘီးမှသည် ဆိုင်ကယ်သို့

လုရီတင် မဟုတ် ။ အခြားသော ဂိုဏ်းသားတို့ကလည်း မိန်းမပျိုကို မြင်လျှင် ကြောင်အမ်းအမ်း ဖြစ်ကုန်၏ ။ ထို့အတူ တီးတိုးသံတို့ကလည်း ရုတ်ချည်း ထွက်ပေါ်လာ၏ ။

" အဲဒါ ဂိုဏ်းတူ အစ်မ လျူနင်းရွှမ် မဟုတ်ဘူးလား ။ သူက သည်ကို ဘယ်လို ရောက်လာတာလဲ "

" ဟင် .... အဲဒါက တကယ်ပဲ ဂိုဏ်းတူအစ်မ လျူနင်းရွှမ်လား ။ အသက်၁၉နှစ်နဲ့ ရွှေအမြုတေကို ဖွဲ့စည်းထားနိုင်တဲ့ ပင်မ တပည့် ဆိုတာလား ။ပြီးတော့ အခု သူက လင်းလောင် တောင်ထွတ်သခင်ရဲ့ လက်ရင်းတပည့် ဖြစ်သွားပြီလေ "

" အေး .... အဲသည် လျူနင်းရွှမ်ပဲ ။ လင်းလောင် တောင်ထွတ် သခင်က ဘယ်တုန်းကမှ တပည့် လက်မခံဖူးဘူး ။ ဒါပေမဲ့ ဂိုဏ်းတူအစ်မ လျူနင်းရွှမ်ကိုတော့ ချွင်းချက်အဖြစ် ထားပြီး လက်ခံလိုက်တာ ။ အဲဒါက တကယ် မနာလိုစရာပဲ "

လူတွေအားလုံးက ဝတ်စုံဖြူနှင့် မိန်းမချောလေးအား လေးစား အားကျသည့် အကြည့်တို့ဖြင့် ကြည့်လျက် စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည် ။

လျူနင်းရွှမ်က အင်မတန် ချောမောလှပသည့် မိန်းမပျိုလေး တစ်ဦး ဖြစ်၏ ။သို့သော်လည်း အပြင်စည်း ဂိုဏ်းသားတို့က သူမအား ချစ်ခင်စုံမက် မြတ်နိုးသည့် အရိပ်အယောင်တို့ မပြသဝ့ံပေ ။သူတို့က သူမ၏ ရှေ့မှောက်၌ ရပ်နေလျှင်ပင် သိမ်ငယ်စွာ ခံစားရပြီး သူမကဲ့သို့ ကောင်းကင်ဘုံ သမီးတော်အား လေးစား အားကျရုံသာ တတ်နိုင်ပေသည် ။

လုရီကလည်း သင်ခန်းစာ ပို့ချသည့် စင်မြင့်ထက်မှ မိန်းမချောလေးအား အ့ံဩမင်သက်စွာဖြင့် ကြည့်နေမိ၏ ။

အပြင်စည်းဂိုဏ်းတွင်ပင် သူက ဂိုဏ်းတူအစ်မ လျူနင်းရွှမ်၏ အကြောင်းအား ကြားဖူးလေသည် ။

အသက်၁၉နှစ်ဖြင့် ရွှေအမြုတေအား ဖွဲစည်းထားနိုင်သည့် ကျင့်ကြံသူ ဟူသည်က နောက်စရာ မဟုတ်ပေ ။ တိမ်ဖြူဂိုဏ်းတွင်ပင် မဆိုထားနှင့် ။ထို့ကဲ့သို့သော ပါရမီမျိုးက အရှေ့ပိုင်း နယ်မြေ တစ်ခုလုံး၌ပင် မရှိသလောက် ရှား၏ ။

အချက်အလက် တိတိကျကျ ဆိုရလျှင် သူမ၏ ပါရမီက အရှေ့ပိုင်း နယ်မြေ လူငယ် ပါရမီ စာရင်း၌ ထိပ်ဆုံး ၅ နေရာတွင် ရှိလေသည် ။

လုရီက ဂိုဏ်းတူအစ်မ၏ နာမည် ဂုဏ်သတင်းတို့အားသာလျှင် ကြားဖူးပြီး ယနေ့ကဲ့သို့ အရှင်လတ်လတ် တွေ့ရလိမ့်မည်ဟု တစ်ကြိမ်မျှပင် မမျှော်လင့်ထားခဲ့ပေ ။

အကယ်၍ ယခင်တုန်းက ဆိုလျှင်တော့ လုရီသည် ဂိုဏ်းတူအစ်မအား မော်၍ပင် ကြည့်ရဲမည် မဟုတ်ပေ ။ သို့သော်လည်း ယခုတွင်တော့ သူသည် ရွှေလက်ချောင်း အားကိုးဖြင့် အနည်းငယ် စိတ်ကြီး ဝင်နေပြီ ဖြစ်သည် ။

တစ်ခု ဝန်ခံရမည်ကတော့ ဤဂိုဏ်းတူအစ်မသည် လက်ဖျား ခါလောက်အောင်ပင် လှ၏ ။ လုရီ၏ ဘဝ သက်တမ်း နှစ်ခုလုံး၌ပင်လျှင် သူမကဲ့သို့ အလှပိုင်ရှင်မျိုးအာ မမြင်ဖူးခဲ့ပေ ။ အကယ်၍ ညွှန်းဆိုရမည်ဆိုလျှင် သူမ၏ အလှက လူသားတို့၏ စံသတ်မှတ်နှုန်း၌ ထိပ်ဆုံးပင် ဖြစ်ပေလိမ့်မည် ။

သို့သော်လည်း ဂိုဏ်းတူအစ်မသည် ရေခဲတုံးတစ်တုံးနှင့် အတော်ပင် တူညီ၏ ။ ထို့အတွက် အနာဂတ်တွင် မည်သူက သူမ၏ နှလုံးသားအား လှုပ်ယမ်းနိင်မည်နည်း ။

' အင်း ... အေးစက်လွန်းနေတာက ပြသနာပဲ '

လုရီက စိတ်ထဲမှ မှတ်ချက် ချနေမိ၏ ။

ထိုအခိုက်အတန့်၌ ရဲတင်းသည့် အကြံတစ်ခုက သူ၏ ခေါင်းထဲသို့ ဝင်လာလေသည်။

အကယ်၍ သူ့အနေနှင့် ဂိုဏ်းတူအစ်မနှင့် ချစ်ကြိုက်ရန် တာဝန် တစ်ခု ထုတ်လိုက်လျှင် ထိုအရာက အလုပ် ဖြစ်မည်လော ။ဆုလာဘ်တို့ကော ရမည်လော ။

အတွေးဆုံးလျှင် လုရီက စိတ်ထဲမှ ရေရွတ်လိုက်၏ ။

" ဂိုဏ်းတူအစ်မ လျူနင်းရွှမ် ငါ့ကို ချစ်လာရမယ် "

[ တာဝန် ]:

ဂိုဏ်းတူအစ်မ လျူနင်းရွှမ် ချစ်ကြိုက်လာစေရန်

ဆုလာဘ် : ပြီးပြည့်စုံသည့် ရေခဲဆန္ဒနယ်ပယ် ၊ ဟင်းလင်းပြင် ဥမင် နယ်ပယ် ကျင့်ခြံခြင်း နည်းစနစ် " ရွှမ်ပင်း စိတ်နှလုံး မန္တာန် "

အဆင့်နိမ့် စိတ်ဝိညာဥ္ အသုံးအဆောင်ဓ ား " ကျောက်စိမ်းရေခဲဓား"

လက်ခံခြင်း : လက်ခံမည် / လက်မခံပါ ။

ဆုလာဘ်တို့ကို မြင်လျှင် လုရီ၏ စိတ်တစ်ခုလုံးက ဗလာကျင်းသွား၏ ။ ထို့နောက် အာမေဍိတ်တို့က နောက်မှ လိုက်လာလေသည် ။

" သောက်ကျိုးနည်း .... နင့်မေကလွှားတဲ့မှဘဲ "

အမှန်တကယ် အလုပ်ဖြစ်သည်လော ။

အမှန်တကယ်ကြီး ဆုလာဘ်တု့ိ ရှိနေသည်လော ။

ရည်ရွယ်ချက်စိတ်စွမ်းအင်တွေဆိုတာငဟင်းလင်းဥမင်ကြီးမားစွမ်းအင်က ဖမ်းဆုတ်နိုင်တဲ့အရာတစ်ခုပဲ။ သေချာပေါက် တချို့ဉာဉ်ကြီးရှင်တွေက ကျင့်ကြံနိုင်လို့ ပေါပေါများများရှိကြသည်။ လူတစ်ယောက်ကအစောကြီး ရယူနိုင်သည်ဆိုရင် သူ့မှာသင့်တော်တဲ့ အရည်အချင်းရှိသည်လို့ ယူဆလို့ရပြီး ဟင်းလင်းဥမင်လောကကို ဖြတ်သွားနိုင်သည်ဆိုတဲ့အဓိပ္ပာယ်ပဲ။ ပြီးပြည့်စုံတဲ့ရေခဲရည်ရွယ်ချက်စိတ်စွမ်းအင်လောက ဆိုတာက တွေးကြည့်ရုံနဲ့တင် မယုံကြည်နိုင်စရာကောင်းလောက်အောင် အင်အားကြီးမားသည်။

ဟင်းလင်းဥမင်ကျင့်ကြံရေးသိုင်းပညာနည်းစနစ် ကလည်း အရမ်းအားကောင်းတဲ့ စနစ်တစ်ခု။ ဘယ်လောက်ပဲ အရည်အချင်းရှိတဲ့လူပဲဖြစ်ဖြစ် ကျင့်ကြံရေးနည်းစနစ်တွေက သိပ်မမြင့်ဘူးဆိုရင် ပိုပြီးမြင့်တဲ့ အဆင့်တွေကိုတက်နိုင်မှာမဟုတ်ဘူး။ ပြောချင်တာကတော့ အဆင့်မြင့်ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကိုယ်တိုင်ဖန်တီးလို့ရသည်ဆိုတာပဲ။ တိမ်ဖြူဂိုဏ်းရဲ့ ကျင့်ကြံရေးနည်းစနစ်တွေထဲက ဂိုဏ်းထိန်းချုပ်ကျင့်ကြံရေးနည်းစနစ်ကတောင် နတ်သဖွယ်အားမြှင့်အဆင့် မှာပဲရှိသည်။ လုရီ ကဆုအနေနဲ့ ဂိုဏ်းထိန်းချုပ်ကျင့်ကြံရေးအဆင့်ထက်တောင် ပိုအားပြင်းတဲ့ နည်းစနစ်ကိုရမှာပဲ။

ဝိဉာဉ်စွမ်းအင်အသုံးအဆောင်တွေကိုတော့ ကျင့်ကြံရေး ရတနာတွေအဖြစ် သတ်မှတ်ပြီး မှော်အသုံးအဆောင်နဲ့ ဝိဉာဉ်စွမ်းအင်အသုံးအဆောင် ဆိုပြီး ခွဲခြားထားသည်။ မှော်အသုံးအဆောင်တွေကတောင် အလွန်အမင်းရှားသည်ဆိုရင် ဝိဉာဉ်စွမ်းအင် အသုံးအဆောင်ဆိုတာကတော့ ပြောမနေနဲ့တော့။ အဆင့်နိမ့် ဝိဉာဉ်စွမ်းအင်အသုံးအဆောင်လေးဆိုရင်တောင် ဟင်းလင်းဥမင်ရဲ့အကြီးဆုံးနေရာအလွန်မှာပဲ တွေ့ရှိနိုင်သည်။

လုရီ ရဲ့မျက်လုံးတွေ နီရဲသွားသည်။ သူအစကတော့ ဆုလေးဘာလေးရမလား သိချင်ရုံသက်သက် စမ်းလိုက်ပေမဲ့ အခုတော့..

လုရီ ပြောချင်တာတစ်ခုကတော့ စီနီယာအစ်မက သိပ်ဆွဲဆောင်မှုရှိသည်ဆိုတာပဲ။

သူ တိတ်တိတ်လေး တာဝန်ကိုလက်ခံလိုက်သည်။ အပြစ်ဒဏ်ဆိုတာမျိုးမရှိတာမလို့ သူမလုပ်နိုင်ခဲ့ရင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ သူလုပ်နိုင်ခဲ့ရင်ရော။

အိပ်မက်မရှိတဲ့လူတစ်ယောက်နဲ့ ဆားသိပ်ထားတဲ့ ငါးတစ်ကောင်ကြားမှာ ဘာများကွာခြားသွားလို့လဲ။

နည်းနည်းလောက်ရင်းလိုက်တာနဲ့ စက်ဘီးကနေ မော်တော်ဆိုက်ကယ်ပြောင်းသွားမဲ့ အချီကြီး။

အနိုင်ယူပြီး အလှလေးကိုယူမလား အရှုံးခံပြီး နောက်လိုက်လုပ်မလား။

ဒါဖြင့် မေးခွန်းက လျိုနင်ရွှမ်း သူ့ကိုချစ်မိသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ။

စိတ်ထဲကနေ လုရီ ခေါင်းကုတ်လိုက်သည်။ သူက ကျင့်ကြံရေးနဲ့ ပတ်သက်ရင် အတော်လေးယုံကြည်ချက်ရှိပေမဲ့ မိန်းမလိုက်ဖို့ ကိစ္စနဲ့ပတ်သက်ရင်ကျ အင်း တစ်ခုမှမသိဘူး။

အရင်ဘဝ ကောလိပ်ကနေ ဘွဲ့ယူပြီးရုံလေးမှာပဲ

ဒီကိုဝိဉာဉ်ကူးပြောင်းလာခဲ့ရတာ။ ကောလိပ်တင်တုန်းက သူ့ဘဝရဲ့အချိန်တွေအကုန်လုံးကို LOL၊ King Of Glory၊ Warcraft လိုဂိမ်းတွေကစားဖို့ကိုပဲ အာရုံစိုက်ထားခဲ့တာ။ အတန်းတက်တာအပြင် လုပ်တာက ဂိမ်းဆော့တာပဲ။ တက္ကသိုလ်က အဖွဲ့တွေမှာ အသင်းဝင်ထားပေမဲ့ ဝင်ပါတာရှားသည်။ အတန်းတွင်းလှုပ်ရှားမှုတချို့ရှိပေမဲ့ သူ့မေဂျာက ကွန်ပျူတာသိပ္ပံဆိုတော့ အတန်းထဲမှာ မိန်းကလေးဆိုလို့ လေးယောက်ပဲရှိသည်။

အလယ်တန်းနဲ့ အထက်တန်းတုန်းကလည်း စာလုပ်လိုက်၊ ဝတ္ထုလေးဖတ်လိုက်၊ ဂိမ်းလေးကစားလိုက်နဲ့ပဲ အချိန်ကုန်ခဲ့တာမလို့ မိန်းကလေးတွေကို လုံးဝအာရုံထဲမရှိခဲ့ဘူး။ သူ့ကိုစိတ်ဝင်စားတဲ့ မိန်းကလေးအချို့ရှိခဲ့ပေမဲ့ သူကတော့ ပြန်ကြိုက်ချင်တဲ့အတွေးမျိုးမရှိခဲ့ဘူး။ နောက်ပိုင်း သူကောလိပ်ရောက်တော့ သူလွတ်သွားတာတွေအတွက် တော်တော်လေးနောင်တရမိသည်။

သူသဘောပေါက်လိုက်တာက ရင်ခုန်စရာအခိုက်အတန့်လေးတွေလွတ်သွားပြီး ပလေးဘွိုင်းလေးမလုပ်လိုက်ရတာပဲ။

အကျဉ်းချုပ်ပြောရရင် သူ့ဘဝနှစ်ခုလုံးမှာ ဘယ်သူနဲ့မှ သမီးရည်းစားမဖြစ်ဖူးတာမလို့ ကောင်မလေးတွေကို ဘယ်လိုလိုက်ရမလဲဆိုတာ လုံးဝမသိတာပဲ။

သေစမ်း! ဘာလို့တက္ကသိုလ်မှာ ရည်းစားထားနည်းမသင်ပေးခဲ့တာလဲ။ ဒါက လူသားတွေမျိုးပွါးဖို့အတွက် အရေးကြီးတဲ့အရာတစ်ခုလေ။ ကြာရင် လူသားမျိုးနွယ်မျိုးသုဉ်းတော့မယ်။ Lu Yi သူ့အရင်ဘဝက ပညာရေးကို ပက်ပက်စက်စက်ဝေဖန်လိုက်သည်။

ပြီးတော့ ဝိဉာဉ်ကူးပြောင်းလာသူတစ်ယောက် ဖြစ်နေတာတောင် ကောင်မလေးတွေကိုလိုက်ရဦးမှာတဲ့လား။ ဝိဉာဉ်ကူးပြောင်းသူတွေကို အရှက်ရအောင်လုပ်နေတာပဲ!

သူ့ရှေ့အရင် ဝိဉာဉ်ကူးပြောင်းလာတဲ့လူတိုင်းမှာ မပြောင်းခင်ကထဲက မိန်းမလေးတွေအုပ်လိုက်ကြီးရှိပြီးသားဆိုပေမဲ့ သူကျတော့ ကိုယ်တိုင်မိန်းမပိုးရဦးမယ်တဲ့လား။ ဒီစကားတွေသာ လူတွေသိရင် လှောင်ကြတော့မှာပဲ။

ဝိဉာဉ်ကူးပြောင်းသူတွေရဲ့ အရှက်ရစရာလေးဖြစ်တဲ့ လုရီ အလွန်အမင်းဝမ်းနည်းသွားသည်။

အဲ့အချိန်မှာပဲ လျုနင်းရွှမ် ရဲ့အေးစက်တည်ငြိမ်တဲ့အသံ ပေါ်ထွက်လာသည်။

“ အငယ်တန်း မောင်လေးညီမလေးတို့ ဒီနေ့ အကြီးအကဲ လင်းဖန် က လာဖို့ကိစ္စလေးတွေရှိသွားတဲ့အတွက် ကျွန်မကပဲ တစ်နေ့လုံးသင်ခန်းစာပို့ချပါ့မယ်”

ဒါကိုကြားတဲ့လူတိုင်းက တိတ်ဆိတ်သွားပြီး ငြိမ်ငြိမ်လေးထိုင်လိုက်ကြရင်း လျိုနင်ရွှမ်း ကိုအာရုံစိုက်လိုက်ကြသည်။

စီနီယာအစ်မက တကယ့်ကိုဉာဏ်ကြီးရှင်မလို့ ကျင့်ကြံရေးနဲ့ပတ်သက်တဲ့ထူးခြားတဲ့ အမြင်တွေရှိမှာသေချာသည်။ နည်းနည်းလောက်နားထောင်လိုက်တာနဲ့တင် တော်တော်အကျိုးရှိမှာပဲ။

အကုန်လုံးက ထိုင်ချလိုက်ပေမဲ့ လီချီ ကမတ်တပ်ရပ်ရင်း ပေါက်ထွက်တော့မတတ် နေရခက်နေသည်။ သူ့မှာထိုင်စရာ ခုံမရှိတော့ဘူး။

လျိုနင်ရွှမ်း ရဲ့ ငြိမ်သက်တဲ့အကြည့်တွေကြောင့် လီချီ တစ်ယောက် မျက်ရည်ကျမတတ်ပဲ။ ကြံရာမရဖြစ်နေတဲ့ မျက်နှာနဲ့ ဝမ်ရှင်းချီကိုကြည့်ရင်း ပြောသည်။

“ ဝမ်ရှင်းချီ မင်းစောင့်နေ”

ဝမ်ရှင်းချီ ကဘာလဲဆိုတဲ့ပုံနဲ့ကြည့်လိုက်ရင်း

“ မင်းမှငါ့ကို မနိုင်နိုင်တာ ဘာလို့အပြစ်တင်နေရတာလဲ”

လီချီ ရဲ့မျက်နှာက ဒေါသကြောင့်နီသထင်နီလာသည်။ လူအများကြီးက သူ့ကိုကြည့်နေကြတာကိုမြင်တော့ မျက်နှာကိုကွယ်ရင်း စင်မြင့်ပေါ်ကနေဆင်းသွားသည်။

လျိုနင်ရွှမ်း ရဲ့ တည်ငြိမ်တဲ့အသံကထပ်ထွက်လာသည်။

“ နောက်ထပ် ပြဿနာတွေရှိသေးလား။ မရှိရင် သင်ခန်းစာစတော့မယ်”

“ မရှိတော့ပါဘူး”

“ စီနီယာအစ်မ လျို စလို့ရပါပြီ”

လူတိုင်းစိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ကြသည်။

လျိုနင်ရွှမ်း ကခေါင်းငြိမ့်ပြီး စလိုက်သည်။

“ မောင်လေးညီမလေးတို့က ချီကျင့်ကြံရေးလောကကလူတွေပဲမလို့ ကျင့်ကြံရေးအခြေခံတွေနဲ့ သိုင်းပညာအခြေခံကို ဆွေးနွေးသွားမှာဖြစ်သည်။ လောကကြီးရဲ့ လမ်းတွေက ကြမ်းတမ်းသည်။ စိတ်ဝိဉာဉ်စွမ်းအင်ဆိုတာ မူလရင်းမြစ်ဖြစ်သည်။ မသေမျိုးကျင့်ကြံသူတွေက မသေမျိုးခန္ဓာကိုယ်ရဖို့အတွက် ဝိဉာဉ်စွမ်းအင်ကိုစုပ်ယူကြပြီး လွတ်လပ်တဲ့ အခြေအနေတစ်ခုနဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြား အသက်ရှည်မှုကို ရောက်ရှိသည်..”

အခြေခံကျင့်ကြံရေးနည်းတွေကို ရှင်းပြနေတဲ့ လျိုနင်ရွှမ်း ရဲ့ ဝိဉာဉ်စွမ်းအားပြည့်ဝနေတဲ့အသံလေးက နေဖြူတောင်ထိပ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ဒီပို့ချမှုမှာ ချီကျင့်ကြံရေးလောကက သူ့ရဲဲ့ ကိုယ်ပိုင် အသိအမြင်တွေနဲ့ တိမ်ဖြူချီစင်သိုင်းပညာရဲ့ သဘောပေါက်နားလည်မှုတွေပါဝင်သည်။

လျိုနင်ရွှမ်း ရဲ့အတွေးအမြင်တွေက ရီုးရှင်းပြီး နားလည်ရလွယ်သည်။ စင်မြင့်ပေါ်က ဂိုဏ်းသားတွေတင်မကဘဲ တောင်ထိပ်၊ တောင်ဘေး၊ တောင်အောက်ခြေက လူတွေပါမကျန် အတွေးတွေနစ်ဝင်ပြီး အလင်းပွင့်တဲ့ခံစားချက်ကို ခံစားလိုက်ရသည်။

လီချီ လို တိမ်ဖြူချီစင်အဆင့်၆ လိုကျင့်ကြံရေးလောကမှာ နားလည်လွယ်တဲ့အဆင့် ကိုရောက်ပြီးတဲ့လူတစ်ယောက်တောင် တိမ်ဖြူချီစင်သိုင်းပညာကို သေချာနားလည်ဖို့ ကန့်သတ်ချက်တွေရှိသေးသည်။ လျိုနင်ရွှမ်း ရဲ့ပို့ချမှုကြောင့် သူအတွေးအမြင် အသစ်တွေအများကြီး ရရှိသွားသည်။

တကယ်တော့ လုရီမှာ တခြားဂိုဏ်းသားတွေထက် ပိုအားသာတဲ့ အခြေခိုင်တဲ့အုတ်မြတ်တစ်ခုရှိတာမို့ တိမ်ဖြူချီစင်သိုင်းပညာ အဆင့်၇ရောက်ဖို့ဆို သိပ်အချိန်ယူရမှာမဟုတ်ဘူး။

စာစဥ် ၁ အပိုင်း ၈

လျူနင်းရွှမ်၏ ဖိတ်ခေါ်မှု

ဤသို့ဖြင့် အချိန်တို့ ကုန်ဆုံးလာပြီးလျှင် နေမင်းကြီးက ကောင်းကင် အလယ်တည့်တည့်သို့ ရောက်လာ၏ ။ထို့အတူ လျူနင်းရွှမ်၏ သင်ခန်းစာကလည်း အဆုံးသတ်ရန် နီးကပ်လာလေသည် ။

နေဝန်းဖြူ တောင်ထိပ်၌မူ အပ်ကျသံမျှပင် ကြားရသည်အထိ တိတ်ဆိတ်နေလေ၏ ။ ဂိုဏ်းတပည့် အားလုံးကလည်း လျူနင်းရွှမ်၏ ဟောပြော ပို့ချက်တို့၌ နစ်မျောနေပြီးလျှင် ဥာဏ်အလင်းပွင့်ရန် ကြိုးစားနေကြလေသည် ။

လျူနင်းရွှမ်က ထိုဂိုဏ်းတပည့်တို့အား မနှောင့်ယှက်ပေ ။ သူမက သင်ခန်းစာ ပို့ချသည့် စင်မြင့်ထက်မှနေ၍ ဂိုဏ်းတပည့်တို့အား ဆိတ်ငြိမ်စွာ ကြည့်ရှုနေလေည် ။

ထို့နောက် အချိန် အနည်းငယ် ကြာလျှင် ဂိုဏ်းသားအချို့သည် ဥာဏ်အလင်း ပွင့်ခြင်းမှ ဖြည်းညင်းစွာ သတိ ပြန်လည်လာကြ၏ ။ သတိပြန်လည်လာသည့် ဂိုဏ်းသားတိုင်း၏ မျက်လုံးတို့၌လည်း ဝမ်းသာ ပျော်ရွှင်မှုတို့က အတိုင်းသားပင် ။သူတို့က ဥာဏ်အလင်း ပွင့်ခြင်းမှ အကျိုးအမြတ်တို့ ရရှိခဲ့သည်ကို ယုံမှား သံသယ ဝင်ဖွယ် မရှိပေ ။

ဂိုဏ်းတပည့်တို့ တစ်ဦးပြီးတစ်ဦး နိုးထလာကြသည့်နောက်တွင် လုရိီသည်လည်း နိုးထလာ၏ ။ သူက အသိတရား ရလာသည့် အခိုက်အတန့်၌ပင် သူ၏ ကျင့်ကြံခြင်း အခြေခံ နားလည်မှုက သိသိသာသာ တိုးတက်လာသည်ကို ခံစားမိလေသည် ။

လူအားလုံး အသိပြန်ဝင်လာသည်ကို မြင်ရပြီးနောက်တွင် လျူနင်းရွှမ်က တဖန် ထပ်မံ၍ ပြောပြန်၏ ။

" သည်နေ့ ကျင့်ကြံခြင်း အခြေခံ အကြောင်း ပို့ချချက်ကို အစ်မတို့ သည်​ေနရာမှာပဲ ရပ်မယ် ။ဂိုဏ်းတူ မောင်လေး ၊ ညီမလေးတို့ ကျန်တာကို နောက်ပိုင်းမှ ကိုယ့်ဘာသာ ဆင်ခြင် သုံးသပ်ကြတော့ ။ အခုထပ်ပြီး အစ်မ ပြောမှာက အခြေခံ သိုင်းပညာရပ်တွေ အကြောင်းပဲ ။ မင်းတို့အားလုံးက ချီကျင့်ကြံခြင်း အဆင့်မှာဆိုတော့ အစ်မက အခု ဂိုဏ်းတော်ရဲ့ အခြေခံ ဓားသိုင်းတွေထဲမှာ အသုံးအများဆုံး တိမ်ဖြူဓားသိုင်း အကြောင်း ရှင်းပြမယ် "

လျူနင်းရွှမ်၏ စကားဆုံးလျှင် ဂိုဏ်းသားတို့၏ မျက်နှာက မသိမသာ ပြောင်းသွားကြ၏ ။ အများစုကဆိုလျှင် လုရီ ရှိနေသည့် ဘက်သို့ပင် လှည့်ကြည့်ကုန်ကြလေသည် ။

ချီကျင့်ကြံခြင်း အဆင့်၆မှ အနှီ ဂိုဏ်းတူညီလေးသည် တိမ်ဖြူဓားသိုင်းအား ​မူလဘူတသို့ပြန်ခြင်း အဆင့်အထိ ကျင့်ကြံထားနိုင်သည် မဟုတ်ပါလော ။

လုရီက စင်မြင့်၏ အနောက်ဘက်ခြမ်း အစွန်အဖျား၌ ထိုင်နေသည့်အတွက် လျူနင်းရွှမ်၏ အာရုံစိုက်မှုကို ရရှိခြင်း သိပ်မရှိပေ ။ သို့သော်လည်း အရှေ့ဘက်ခြမ်းမှ ဂိုဏ်းသားတို့ကပင် လှည့်ကြည့်နေသည့်ကို မြင်လျှင် သူမက စိတ်ဝင်စားသွား၍ အကြည့်တို့၏ နောက်သို့ လိုက်ကြည့်မိလေ၏ ။

အကြည့်တို့၏ အဆုံးတွင်တော့ ချီကျင့်ကြံခြင်း အဆင့့်၆ ဂိုဏ်းသားငယ်လေး တစ်ဦး ရှိနေလေသည် ။

စင်မြင့်ပေါ်၌ ချီကျင့်ကြံခြင်း အဆင့်၆ ဂိုဏ်းသား တစ်ဦး ရှိနေသည်က ထူးဆန်းသော်လည်း ဤအချင်းအရာက အာရုံစိုက်ခံရမှုတို့၏ အကြောင်းရင်း မဖြစ်နိုင်သေးပေ ။

ိထို့အတွက် လျူနင်းရွှမ်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏ ။

" ဘာဖြစ်တာလဲ"

ရှေ့ဘက်ခြမ်းမှ ခပ်ချောချော ဂိုဏ်းသူ တစ်ဦးက ​ဖြေလေသည် ။

" ဂိုဏ်းတူအစ်မလျူ .... အဲသည် ဂိုဏ်းတူမောင် အချောလေး လုရီက တိမ်ဖြူဓားသိုင်းကို မူလဘူတသို့ပြန်ခြင်း အဆင့်အထိ လေ့ကျင့်ပြီးထားပါပြီ "

အနီးအနားရှိ ဂိုဏ်းတပည့်တို့ကမူ ထိုဂိုဏ်းတူ ညီမလေးအား ဆလံသကုန်ကြ၏ ။

" အချောလေး" ဟူသည့် စကားလုံးသည် အမှန်တကယ် လိုအပ်ပါ၏လော ။

သူမ၏ အဖြေကို ကြားလျှင် လျူနင်းရွှမ်၏ အေးစက်စက် မျက်လုံးအစုံက အနည်းငယ် အံအားသင့်သွားပုံ ရ၏ ။

သူမက လုရီအား ဆန်းစစ်ကြည့်မိလျှင် ဤဂိုဏ်းတူမောင်လေးသည် အတော်ပင် ချောမောသည်ဟုသည့် အချက်ကို မည်သို့မျှ ငြင်းချက် မထုတ်နိုင်ပေ ။သို့သော်လည်း ရုပ်ရည်က အဓိက အချက် မဟုတ် ။

" အခြေခံ သိုင်းပညာတစ်ရပ်ကို ချီကျင့်ကြံခြင်း အဆင့်၆မှာတည်းက မူလဘူတသို့ပြန်ခြင်း အဆင့်အထိ ကျင့်နိုင်တယ်ဆိုတာ တကယ် မလွယ်ဘူး ။ မင်းရဲ့ ပါရမီက အတော်လေး ကောင်းလွန်းတယ် "

နဂိုမူလက လုရီသည် ဂိုဏ်းတူအစ်မ လျူနင်းရွှမ် အနားသို့ မည်သို့ ချဥ်းကပ်ရမည်နည်းဟု ခေါင်းကိုက်နေရာ ယခုတော့ သူသည် " ရေငတ်တုန်း ရေတွင်းထဲကျ" ဖြစ်ပေပြီ ။

အခွင့်အရေးက မြန်လွန်းလှပေသည် မဟုတ်ပါလော ။

ထို့အပြင် ဂိုဏ်းတူအစ်မက လူတို့အပေါ် အကဲဖြတ်ရာ၌ ကောင်းမွန်သည့် မျက်လုံး အစုံကို ပိုင်ဆိုင်ထားသေးလေသည် ။

လုရီက ရိုးသားဟန် အပြည့်ဖြင့် ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏ ။

" ဂိုဏ်းတူအစ်မက ကျွန်တော့်အပေါ် ​ ချီးမြှောက်လွန်းနေပါပြီ "

လျူနင်းရွှမ်က ခေတ္တခဏ တွေးပြီးလျှင် အကူအညီ တောင်းလာပြန်သည် ။

" ဂိုဏ်းတူမောင်လေး လုရီက တိမ်ဖြူဓားသိုင်းကို မူလဘူတသို့ပြန်ခြင်း အဆင့်အထိ ကျင့်ထားနိုင်တယ်ဆိုတော့ အစ်မနဲ့လာပြီး စင်ပေါ်မှာ သရုပ်ပြပေးပါလား ။ ဒါကို ဂိုဏ်းသားအချင်းချင်း ကူညီတယ်လို့ သဘောထားလိုက်ပေါ့ "

လုရီက စိတ်ထဲ၌ မသိုးမသန့် ဖြစ်သွား၏ ။ ဤသည်က တက္ကသိုလ်၌ သင်ကြားရေး လက်ထောက် လုပ်ရသည်နှင့် တူညီနေသည် မဟုတ်လော ။ သူက မော်ဒန်ကမ္ဘာ၌ပင် သင်ကြားရေး လက်ထောက် မလုပ်ဖူးပေ ။ သို့သော်လည်း ခေတ်ကူးပြောင်းပြီးနောက် ဤနေရာ၌ သင်ကြားရေး လက်ထောက် လုပ်နေရလေသည် ။

" ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်မလျူ"

လုရီက လျူနင်းရွှမ်၏ အကူအညီ တောင်းခံမှုအား မငြင်းပေ ။

အကယ်၍ ဤသည်ကသာ အချစ်စုံတွဲဂိမ်းတစ်ခု ဖြစ်လျှင် ယခုကဲ့သို့ ရုတ်တရက် ထိတွေ့မှုမျိုးက သူရဲကောင်းမလေး၏ ချစ်ခင်စုံမက်မှုကို တိုးစေလာနိုင်သည် မဟုတ်ပါလော ။ ထိ့အတွက် သူ့အနေဖြင့် အခွင့်အရေးအား မည်သို့မျှ လက်လွှတ်ခံမည် မဟုတ်ပေ ။

ပြီးလျှင် သူ့အနေဖြင့် တာဝန် တစ်ခုကိုပင် သတ်မှတ် နိုင်သေးလေသည် ။

ထို့နောက်တွင် လုရီက စိတ်ထဲမှ ရေရွတ်လိုက်၏ ။

" ငါ တိမ်ဖြူဓားသိုင်းကို စင်မြင့်ပေါ်မှာ သရုပ်ပြချင်တယ်"

[ တာဝန်] :

တိမ်ဖြူဓားသိုင်းအား သရုပ်ပြပါ ။

ဆုလာဘ် :

တိမ်ဖြူဓားသိုင်း နည်းစနစ် အဆင့် +၁

လက်ခံခြင်း - လက်ခံမည် / လက်မခံပါ ။

ဆုလာဘ်ကိုမြင်လျှင် လုရီက ပို၍ စိတ်လှုပ်ရှားသွား၏ ။

တိမ်ဖြူဓားသိုင်း၏ အဆင့် မြင့်လာသည်နှင့်အမျှ အဆင့်တက်ရန် တောင်းဆိုသည့် ကျင့်ကြံမှု အရေအတွက်က ပို၍ များလာလေသည် ။ ယခု တိမ်ဖြူဓားသိုင်း အဆင့်၆သို့ ရောက်ပြီးသည်မှာ လေးရက်တိုင်ပြီ ဖြစ်သော်လည်း လုရီက အဆင့်တက်မည်ဟု အနည်းငယ်ပင် မခံစားရသေးပေ ။ထို့အတွက် သူက နောက်ထပ် အနည်းဆုံး သုံးရက် သို့မဟုတ် လေးရက်ခန့် လေ့ကျင့်ရဦးမည်ဟု ယူဆ ထားခဲ့သည် ။

မည်သူကကော သရုပ်ပြရုံဖြင့် ယခုကဲ့သို့ တိုက်ရိုက် အဆင့် တက်နိုင်မည့် အခွင့်အရေးမျိုးနှင့် ကြုံမည်ဟု ခန့်မှန်းထားနိုင်မည်နည်း ။

'ဒါပဲကွ.... ငါကိုယ်က ကံကောင်းလွန်းတာ '

လုရီက စိတ်ထဲမှ ဟစ်ကြွေးလိုက်ပြီး လျူနင်းရွှမ်ရှိရာ သင်ကြားရေး စင်မြင့်ပေါ်သို့ ဝမ်းသာအားရ တက်သွား၏ ။

လျူနင်းရွှမ်ကလည်း ဘေးသို့ တစ်လှမ်း တိုးပေးလိုက်လေသည် ။ထို့နောက် သူမက " ဂိုဏ်းတူမောင်လေး .... အဆင်သင့် ဖြစ်ပြီလား"ဟု မေးလာလေသည် ။

" အဆင်သင့် ဖြစ်ပါပြီ"

"ဒါဆိုရင် စလိုက်ရအောင်"

စကားဆုံးလျှင် ဓားရှည် တစ်လက်က သူမ၏ လက်ထဲသို့ ရုတ်တရက် ရောက်လာလေ၏ ။ ဓားက လက်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အရှိန်အဝါ ၊ အငွေ့အသက်ကလည်း တမုဟုတ်ချင်း ပြောင်းလဲသွားလေသည် ။

ထိုအချင်းအရာကို မြင်လျှင် လုရီက သူမ၏ လက်ချောင်းပေါ်ရှိ အဖြူရောင် လက်စွပ်အား မနာလိုစွာဖြင့် ကြည့်လိုက်မိသည် ။

သိုလှောင်လက်စွပ် ......

သူသည်လည်း ထိုကဲ့သို့ လက်စွပ် တစ်ကွင်း ပိုင်ဆိုင်လျှင် မည်မျှ ကောင်းမည်နည် း ။

သို့သော်လည်း ၎င်းအရာတို့က အတော်လေး အဖိုးထိုက်ပေသည် ။

ရှင်းရှင်း ပြောရမည်ဆိုလျှင် အရည်အသွေး အနိမ့်ဆုံး သိုလှောင်လက်စွပ် တစ်ကွင်းသည်ပင် အဆင့်နိမ့် မှော်ဝင်ပစ္စည်း တစ်ခုထက် များစွာ တန်ဖိုးကြီးပေသည် ။ ထို့အတွက် သူ့အ​ေနဖြင့် မတတ်နိုင်ပေ ။

သူ၏ မိဘ နှစ်ပါးကလည်း အဆင့်နိမ့် မှော်ဝင် ဓားရှည် ဝယ်ပေးပြီးသည့် နောက်ပိုင်း၌ အခြားသော ပစ္စည်းတို့အား မဝယ်ပေးနိုင်တော့ပေ ။

လုကောင်းယန်ကတော့ အကယ်၍ လုရီအနေဖြင့်သာ အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်နိုင်လျှင် ဂိုဏ်းတော်မှ သိုလှောင်လက်စွပ် တစ်ကွင်း ပေးအပ်လိမ့်မည်ဟု ပြောဖူးလေသည် ။ ထို့အတွက် သူ့အနေဖြင့် ဖခင်ဖြစ်သူ ဝယ်ပေးသည့် သိုလှောင်လက်စွပ်ထက် ထိုလက်စွပ်အား စောင့်နေသည်ကသာ ပို၍ ဖြစ်နိုင်ပေလိမ့်မည် ။

သူ၏ ဖခင်ဖြစ်သူ လုကောင်းယန်က ကုန်းဆင်းရာ၌ ကျွမ်းကျင်သူ ဖြစ်ကြောင်း အသိသာကြီးပင် ။

" တောက် .... သိုလှောင်လက်စွပ် ရမယ့် တာဝန် တစ်ခုလောက် ရလိုက်ရင်တော့ကွာ"

လုရီက မကျေမချမ်း တွေးလိုက်မိလေည်။

ချွမ်.....

လုရီကလည်း သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီ ဖြစ်၏ ။ ထို့နောက် သူက လျူနင်းရွှမ်အား ကြည့်ကာ

" ဂိုဏ်းတူအစ်မ .... ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါဦး "

လျူနင်းရွှမ်ကလည်း ခေါင်းညိတ်လိုက်ပြီး

" သရုပ်ပြဖို့ စလို့ရပြီ "

လျူနင်းရွှမ်၏ စကားဆုံးလျှင် လုရီက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏ ။

ထို့နောက် စိတ်ဝိညာဥ္ စွမ်းအင်တို့က သူ၏ ခန္ဓာကိုယ် တစ်လျောက် လည်ပတ်သွားပြီးလျှင် အဖြူရောင် အခိုးအငွေ့တို့ကလည်း သူ၏ ဓား၌ ရစ်သိုင်း လာလေသည် ။

" ဂိုဏ်တူအစ်မ သတိထားပါ"

သူ့ကိုယ်သူ အဆင်သင့် ဖြစ်ပြီဟု ခံစားမိသည့်နောက်တွင် လုရီက သူ၏ တိမ်ဖြူခြေလှမ်းအား အသက်သွင်း၍ လျူနင်းရွှမ်းထံသို့ တိုးဝင် သွားလေသည် ။

လုရီ၏ ဓားထက်မှ အဖြူရောင် အခိုးအငွေ့တို့ကို မြင်လျှင် လျူနင်းရွှမ်က မပြုံးမိဘဲ မနေနိုင်ပေ ။ ဤဂိုဏ်းတူမောင်လေးက အမှန်တကယ်ပင် ပါရမီ ရှိလွန်းလှသည် မဟုတ်ပါလော ။

" လာခဲ့ "

သူမက ဓားရှည်ကို ဝှေ့ယမ်းလိုက်လျှင် တိမ်တိုက်ကဲ့သို့ အဖြူရောင် အခိုးအငွေ့တို့က ဓားထက်၌ ဖြစ်တည်လာ၏ ။ သူမသည်လည်း တိမ်ဖြူဓားသိုင်း၌ မူလဘူတသို့ပြန်ခြင်း အဆင့် ရောက်နေမှန်း အသိသာကြီးပင် ။

ပါရမီတကာ့ ပါရမီရှင် ဖြစ်သည့်အလျောက် လျူနင်းရွှမ်၏ ထိုးထွင်း သိမြင်မှုက အခြားသူတို့ထက် တမူ ထူးခြား၏ ။ ထို့အတွက် မူလဘူတသို့ပြန်ခြင်း အဆင့် အထိ သူမ လေ့ကျင့်ထားနိုင်သည့် သိုင်းပညာရပ်တို့မှာ တစ်ခု ၊နှစ်ခုပင် မကပေ ။

ထန်.....

ဓားရှည်နှစ်လက်က ထိပ်တိုက် တွေ့ဆုံကြလေပြီ ။

သတ္တုချင်း ပွတ်တိုက်မိသည့် အသံက ထွက်ပေါ်လာပြီးလျှင် ဓားနှစ်လက်၌ ရစ်သိုင်းနေသည့် အဖြူရောင် အခိုးအငွေ့တို့က စင်မြင့် တစ်ခုလုံးအား လွှမ်းခြုံ သွား၏ ။

စင်မြင့်အောက်ရှိ ဂို္ဏ်းတပည့်တို့က စင်မြင့်ထက်ရှိ လူနှစ်ဦးကို သေချာ ရှင်းလင်းစွာ မမြင်ရတော့ပေ ။ သို့သော်လည်း သူတို့က ထက်မြသည့် ဓားဆန္ဒ နှစ်ခု ထိပ်တိုက် အားပြိုင်နေသည်ကိုတော့ ခံစားမိ၏ ။ထို့အတွက် သူတို့က မျက်တောင်ပင် မခတ်ဘဲ မျက်လုံး အပြူးသားဖြင့် တိုက်ပွဲအား ကြည့်နေကြလေသည် ။

စင်မြင့်ထက်တွင်တော့ လုရီ နှင့် လျူနင်းရွှမ်တို့သည် အပေးအယူ မျှတစွာဖြင့် ဓားကွက်တို့အား တစ်ကွက်ပြီးတစ်ကွက် ပြောင်းနေကြ၏ ။

ထန်.... ထန်.... ထန်..... ထန်.....

သူတို့၏ ရည်ရွယ်ချက်က တိုက်ခို်က်ရန် မဟုတ်ပေ ။ တိမ်ဖြူဓားသိုင်းအား သရုပ်ပြရန်သာ ဖြစ်၏ ။ ထို့အတွက် သူတို့၏ ဓားကွက်တိုင်း၌ တိမ်ဖြူဓားသိုင်း၏ သဘောသဘာဝ နှင့် အနှစ်သာရတို့က အပြည့်အဝ ခိုဝင် ကိန်းအောင်းနေလေသည် ။

ထို့အပြင် သူတို့၏ အတွဲညီညီ လှုပ်ရှားမှုတို့ကြားမှ ဖြစ်တည်လာသည့် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုက လူတို့၏ အာရုံအား ဖမ်းစားနေလေသေး၏ ။

ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံသံမှလွဲ၍ အခြားအသံတို့ မကြားရတော့ပေ ။

ယင်းအခိုက်အတန့်၌ပင် လျူနင်းရွှမ်၏ နီထွေးနေသည့် နှုတ်ခမ်းအစုံက ပွင့်လာလေ၏ ။

" တိမ်ဖြူဓားသိုင်းရဲ့ အနှစ်သာရက သဘာဝ တရားအေပါ်မှာ မူတည်တယ် ။ " သိုင်းပညာတွေရဲ့ အနှစ်သာရကတော့ သိုင်းဆန္ဒအပေါ်မှာ မူတည်တယ် ။သို်င်းကွက်တွေ အပေါ်မှာ မူတည်တာ မဟုတ်ဘူး ။ဂိုဏ်းတူ မောင်လေး၊ ညီမလေးတို့ တိမ်ဖြူဓားသို်င်းရဲ့ အနှစ်သာရကို ရအောင် ဖမ်းဆုပ်ကြ "

ဓားကွက်အချို့ ဖလှယ်ပြီးသည့်နောက်တွင် သူတို့၏ အစစ်အမှန် တိမ်ဖြူ ဓားပညာရပ်က ထွက်ပေါ်လာပြီ ဖြစ်၏ ။ထို့အတွက် ဂိုဏ်းတပည့် အတော်များများသည် ဥာဏ်အလင်း ပွင့်ကုန်ကြလေသည် ။ အချို့သော ဂိုဏ်းတပည့် အချို့ဆိုလျှင် အနှစ်သာရတို့ကို ဖမ်းဆုပ်မိသည့်ဟန်ပင် ပြသလာ၏ ။

" လက်စသတ်တော့ သည်လိုကိုး.... တတိယ ဓားကွက်က သည်လို သုံးတာလား ။ အဲဒါက တိမ်တိုက်တွေ ရွေ့သလို ညင်ညင်သာသာလေး အသုံးပြုရမှာ ။ ငါက တစ်ချိန်လုံး မှားနေခဲ့တာပဲ"

" ငါသိပြီ..... ငါသိသွားပြီကွ ။ ဟား ဟား ဟား ဟား ဟား "

" ဒါက မူလဘူတသို့ ပြန်ခြင်း နယ်ပယ်လား ။ ကြောက်ဖို့ ကောင်းလိုက်တာကွာ

" ငါကတော့ ဂိုဏ်းတူအစ်မရဲ့ ရှင်းပြမှုအောက်မှာတောင် မဟာအောင်မြင်မှု နယ်ပယ် အထက်ရောက်ဖို့ ဝေဝါးဝါးပဲ ။ ဒါကို ဂိုဏ်းတူညီလေးလုက မူလဘူတသို့ပြန်ခြင်း အဆင့်ရောက်အောင် တစ်ယောက်တည်း ဘယ်လို ကျင့်လိုက်တာလဲ "

' ဂိုဏ်းတူအစ်မက အစွမ်း ထက်လိုက်တာ '

သင်ကြားရေး စင်မြင့်ပေါ်၌ ရှိနေသည့် လုရီက ဂိုဏ်းတူအစ်မအား မချီးကျူးဘဲ မနေနိုင်တော့ပေ ။ဂိုဏ်းတူအစ်မ နင်းရွှမ်သည် ကောင်းကင်ဘုံ၏ သမီးတော် အဖြစ် သတ်မှတ်ရန် ထိုက်တန်လွန်းလှပေသည် ။သူမက တိမ်ဖြူဓားသိုင်း၏ အနှစ်သာရအား ရှင်းလင်းစွာပင် ကြည့်မြင်နိုင်၏ ။

တိမ်ဖြူဓားသိုင်းအား အဆင့်၆အထိ မြှင့်တင်ထားနိုင်သည့် လုရီသည်လည်း သူမ ပြောသည်ကို သတိ မပြုမိဘဲ မနေပေ ။ သိုင်းပညာရပ်တို့၏ အဓိက အနှစ်သာရသည် အမှန်တကယ်ပင် သိုင်းကွက်တို့၌ အခြေခံခြင်း မရှိပေ ။

တိမ်ဖြူဓားကွက်တို့ ကုန်ဆုံး၍ သရုပ်ပြခြင်း ပြီးဆုံးလျှင် လျူနင်းရွှမ် နှင့် လုရီတို့သည် ဓားတို့အား တိုင်ပင်ထားသကဲ့သို့ ပြိုင်တူ သိမ်းလိုက်ကြ၏ ။

ထိုအခိုက်အတန့်၌ လေပြည် တစ်စင်းကလည်း တိုက်ခတ်သွားလေရာ လျူနင်းရွှမ်၏ နဖူးထက်မှ ဆံစလေး တစ်မျှင်သည် လွှင့်တက် သွားလေသည် ။သူမက လုရီအား ကြည့်ရာတွင် မြင်ရခဲလှသည့် အပြုံးတစ်ပွင့်ကလည်း ခပ်ဟဟ ထွက်ပေါ်လာရာ သူမ၏ အလှသည်ကား အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသည်ဟု ဆိုရပေမည် ။

" ဂိုဏ်းတူမောင်လေး လုရီရဲ့ တိမ်ဖြူဓားသိုင်းက တစ်မူ ထူးခြားပါပေတယ် ။ မောင်လေးရဲ့ ထိုးထွင်းသိမြင်မှုကလည်း အံ့မခန်းပါပဲ ။ တကယ်လို့ မောင်လေးသာ အတွင်းစည်းဂိုဏ်းထဲ ရောက်လာရင် အစ်မတို့ လင်းလောင် တောင်ထွတ် ဝင်ခွင့်ကို ဖြေဖို့ စဥ္းစားပေးပါဦး "

Chapter 9: ရိတ်သိမ်းချိန်

ထိုစကားကိုကြားလျှင် စင်မြင့်ထက်ရှိ နေရာ ယူထားကြသည့် ဂိုဏ်းတပည့်တို့ကြား အားလုံး၌ အုတ်အော်သောင်းတင်း ဖြစ်သွား၏ ။

" ဂိုဏ်းတူအစ်မ လျူနင်းရွှမ်က ဂိုဏ်းတူညီလေးလုရီကို လင်းလောင်တောင်ထွတ်ကို ဝင်ဖို့ ကိုယ်တိုင် ဖိ်တ်လိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး "

" လင်းလောင် တောင်ထွတ်က အတွင်းစည်းဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး တောင်ထွတ် သုံးခုထဲက တစ်ခုလို့ ငါကြားဖူးတယ် ။ သူတို့ရဲ့ တစ်လစာ အရင်းအမြစ်တွေကလည်း မယုံနိုင်လောက်အောင်ပဲတဲ့ ။ ငါလည်း လင်းလောင်တောင်ထွတ်ကို ဝင်ချင်လိုက်တာကွာ "

“ဟီးဟီး မင်းဆိုရင်တော့ ဆက်သာ အိပ်မက် မက်နေလိုက်တော့ ။ အကြီးအကဲ လင်းလောင်က သူတို့တောင်ထွတ်က အစစ်အမှန် ပါရမီရှင်တွေကိုပဲ လက်ခံမယ်လို့ ​ကြေညာချက် ထုတ်ပြီးပြီ ။ မင်းက မင်းကိုမင်း ညီလေးလုလို ပါရမီရှင် ထင်နေတာလား ။ မင်းက ဘာအရည်အချင်း ရှိလို့လဲ "

“ငါလား ဟဟ ။ ငါက ကြွားပြောတာတော့ မဟုတ်ဘူး ။ ငါက အသုံးမကျတဲ့ နေရာမှာ နံပါတ်၁ကွ ။ ငါက ဂိုဏ်းတူအစ်မလျူ နဲ့ ဂိုဏ်းတူညီလေးလုတို့ သရုပ်ပြတာကနေ တစ်ခုမှ မရလိုက်ဘူး "

" တိုက်ဆိုင်လိုက်တာကွာ ။ ငါလည်း အသုံးမကျတဲ့ နေရာမှာ သရဖူ ဆောင်းထားတာကွ"

ဂိုဏ်းတပည့် အားလုံး၏ မျက်လုံးတို့က မနာလိုမှုကြောင့် စိမ်းနေပြီ ဖြစ်သည် ။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည်လည်း လင်းလောင် တောင်ထွတ်သို့ ဝင်ရောက်ချင်သည်သာ ။

စင်မြင့်ပေါ်မှ လုရီကတော့ လျူနင်းရွှမ်၏ တောက်ပသည့် အပြုံးလေးကြောင့် မျက်တောင်ပင် မခတ်နိုင်တော့ပေ ။

အပြုံး ..... ထိုအပြုံးက အလွန်အမင်း တောက်ပလွန်းလှပေသည် ။

လုရီက ပြုံး၍ ပြန်ဖြေလိုက်သည် ။

" ကျွန်တော် သေသေချာချာ စဥ္းစားဆုံးဖြတ်ပါ့မယ် ။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ "

တင် .......

လျူနင်းရွှမ်၏ ချစ်ခင်နှစ်သက်မှု +၁

ဂိုဏ်းတူအစ်မ လျူနင်းရွှမ်က သူ့အား လင်းလောင် တောင်ထွတ်သို့ ဝင်ရောက်ရန် အမှန်တကယ်ပင် ဖိတ်ခေါ်ခဲ့လေပြီ ။အကယ်၍ ဖူးစာဖက် ဂိမ်း၌ဆိုလျှင် ဤကိစ္စက အင်တာနက်ပေါ်တွင် ပေါက်နေလောက်ပြီ ဖြစ်၏ ။ ကံဆိုးသည်က သူ့၌ ရွှေလက်ချောင်း ဖူးစာဖက်ဂိမ်း မရှိပေ ။

လင်းလောင်တောင်ထွတ်သို့ ဝင်ရောက်ရန် ကိစ္စကိုမူ လုရီအနေဖြင့် ငြင်းဆိုရန် စိတ်ကူး မရှိ ။ အဘယ်ကြောင့်ဆိုသော် လင်းလောင် တောင်ထွတ်က တိမ်ဖြူ အတွင်းစည်းဂိုဏ်း၌ အင်မတန် အစွမ်းထက်သော တောင်ထွတ်တစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်၏ ။

အထူးသဖြင့် တောင်ထွတ်သခင် ဖြစ်သူ အကြီးအကဲလင်းလောင်သည် ဂိုဏ်းထဲ၌ အသက် အငယ်ဆုံး တောင်ထွတ်သခင် ဖြစ်သလို အစွမ်း အထက်ဆုံးလည်း ဖြစ်ပေသည် ။

ထို့အပြင် ၎င်းတောင်ထွတ်သို့ ဝင်ရောက်နိုင်လျှင် အစွမ်းထက် ထိပ်သိီး ပညာရှင် တစ်ဦး၏ အကာအကွယ်ကို ရမည် ဖြစ်သလို အခြားသော အကျိုးအမြတ်များလည်း များစွာရဦးမည် မဟုတ်ပါလော။

လျူနင်းရွှမ်က ခေါင်းကို အသာအယာ ညိတ်လိုက်၏ ။ ထို့နောက် သူမ၏ ဖြူဖွေးလျနေသည့် လက်ကလေးအား လှန်လိုက်လျှင် ဆေးပုလင်း တစ်လုံးက ပေါ်လာ၏ ။

" ဒါက ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးပဲ ။ အစ်မကို ကူညီပြီး သရုပ်ပြပေးတဲ့အတွက် မောင်လေးကို အစ်မက ဆုချတာ ။ ဂိုဏ်းတူမောင်လေးရဲ့ ကျင့်ကြံခြင်း အခြေခံက အတော် နိမ့်သေးတယ် ။ သည်တော့ ကျင့်ကြံခြင်းဘက်မှာ သိပ်ပြီး ပျင်းမနေနဲ့ "

စကား ပြောနေစဥ်တွင်ပင် ဆေးပုလင်းက လုရီထံသို့ ပျံလွင့်လာ၏ ။

လုရီက နောက်သို့ ခြေတစ်လှမ်းဆုတ်၍ လက်ခံလိုက်သည် ။ သူက လျူနင်းရွှမ်ထံမှ ကြွယ်ဝသည့် နောက်ခံ အင်အားကို ခံစားမိလိုက်သယောင်ယောင်ပင် ။

ဤအရာက ထိပ်တန်းအဆင့် ဆေးလုံး မဟုတ်ပါလော ။ ယေဘုယျအားဖြင့်ဆိုလျှင် ဂိုဏ်းသား တစ်ယောက်သည် ဤကဲ့သို့ ဆေးလုံးမျိုးကို ပိုင်ဆိုင်နိုင်စရာ အကြောင်း မရှိပေ ။ သို့သော်လည်း ယခုတော့ ဂိုဏ်းတူအစ်မလျူက သူ့အား လက်ဆောင်အဖြစ် တိုက်ရိုက် ပေးလာ၏ ။

ယခင်အချိန်တုန်းဆိုလျှင် ဤကဲ့သို့ ဆေးလုံးမျိုးကို ရပါက လုရီသည် ခုန်ပေါက်၍ှ အောင်ပွဲ ခံနေမည် ဖြစ်၏ ။ သို့သော်လည်း ယခုတော့ သူသည် ရွှေလက်ချောင်းထံမှ ပြီးပြည့်စုံခြင်း အဆင့် ဆေးလုံးပင် ရထားပြီးပြီ ဖြစ်သည့်အတွက် ခံစားချက် သိပ်မရှိတော့ပေ ။

သို့သော်လည်း လျူနင်းရွှမ်၏ စိတ်ကောင်း စေတနာအား လုရီအနေဖြင့် ငြင်းဆန်ရန် အကြောင်း မရှိပေ ။ ထို့အတွက် သူက ချီသိပ်သည်းခြင်း ဆေးလုံးအား အပြုံးဖြင့် လက်ခံလိုက်လေ၏ ။

" ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ ။ကျွန်တော်က ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပြီး အစ်မရဲ့ မျှော်လင့်ချက်ကို အလဟသ မဖြစ်အောင် ကြိုးစားပါ့မယ် "

စင်မြင့်ထက်ရှိ ဂိုဏ်းတပည့်တို့သည် လုရီကိုကြည့်၍ မဲ့ရွဲ့ကုန်၏ ။ မသိလျှင် သူတို့က သံပုရာသီးအား အစိမ်းလိုက် ဝါးစားလိုက်ရသည့်ပုံပင် ။

ိထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံး......

ထိုအရာက အလယ်အလတ် အဆင့် ချီသိပ်သည်းခြင်း ဆေးလုံးထက် ပို၍ ကောင်းမွန်သည် ဖြစ်ရာ သူတို့အနေဖြင့် အဘယ်ကြောင့် မလိုချင်ဘဲ နေမည်နည်း ။

ထို့အပြင် ယင်းဆေးလုံးက ဂို္ဏ်းတော်၏ ဒဏ္ဍာရီလာ သမိီးတော် တစ်ဦးဖြစ်သူ လျူနင်းရွှမ်ထံမှ ရသည့် လက်ဆောင် မဟုတ်ပါလော ။

သူတို့က ဤအကြောင်းကို တစ်နှစ်ပတ်လုံး ကြွားဝါ၍ ရသည့်အပြင် ဆေးလုံးအား အိမ်ဦးခန်း၌ပင် ထား၍ပင် ကိုးကွယ်နိုင်လေသည် ။

၎င်းတို့အထဲမှ အဓိက အကျဆုံး အချက်ကတော့ ဂိုဏ်းတူအစ်မ လျူနင်းရွှမ်၏ အပြုံးပင် ။

ဂိုဏ်းတော်၏ အလှပဆုံး တော်ဝင် ရေခဲပန်းကလေးသည် ဤဘာမျှ မဟုတ်သည့် အနုတ်ဂုတ်စုတ် လုရီအား အမှန်တကယ်ပင် ပြုံးပြလိုက်သည်လော ။

ယင်းအချက်က သူတို့အားလုံးကို ထိန်းချုပ်မှု ကင်းမဲ့သွားစေသည့် အချက်ပင် ။

" ဟုတ်ပြီ ။ ဒါဆိုရင် အခု ဆင်းလိုက်တော့ "

လျူနင်းရွှမ်က ခေါင်းညိတ်ပြကာ လုရီအား သင်ခန်းစာ ပို့ချသည့် စင်မြင့်မှ ဆင်းလိုက်စေသည် ။

ထို့နောက်တွင် လုရီက သူ၏ နဂိုမူလ နေရာသို့ ပြန်ရောက်လာလေ၏ ။

နံဘေး၌ နေရာယူထားသည့် ဝမ်ရှင်းချီကတော့ လုရီအား ကြည့်ရင်းနှင့် သူ၏ မနာလိုမှုတို့ကို ဖုံးကွယ် မထားနိုင်တော့ပေ ။

" ဂိုဏ်းတူညီလေးလုက တကယ် အစွမ်းထက်တာပဲ ။ ဂိုဏ်းတူအစ်မလျူတောင်မှ ညီလေးကို သူများနဲ့ မတူတဲ့ အမြင်မျိုးနဲ့ ကြည့်နေပြီ ။ အစ်ကိုကတော့ အရမ်း မနာလိုလာပြီကွာ "

" အဲလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ ။ လူဆိုတာ သိုသိုသိပ်သိပ် နေရတယ်ဗျ "

လုရီကတော့ သူ့ကိုယ်သူ သိုသိုသိပ်သိပ် နေထိုင်တတ်သူဟု ထင်နေဆဲပင် ။

" ကဲ.... နောက်ထပ် ဆက်ပြောမယ် ။ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သံသယ ဖြစ်နေသူတွေ လက်ထောင်ကြ ။ အစ်မက အဲသည်ထဲက သုံးယောက်ကို ကျပန်းရွေးပြီး ရှင်းပြမယ် "

လျူနင်းရွှေက ယနေ့ သူမ၏ သင်ခန်းစာ ပို့ချချက်ကို အဆုံးသတ်ရန် စကားစလိုက်၏ ။

သူမ၏ စကားကို ကြားလျှင် ဂိုဏ်းတပည့် အားလုံးက လက်တို့ကို တိုင်ပင်ထားသကဲ့သို့ ပြိုင်တူ မြှောက်လိုက်ကြသည် ။ထို့အပြင် သူတို့၏ မျက်လုံးတို့ကလည်း အရောင် တဖျတ်ဖျတ် တောက်နေကြ၏ ။

အကယ်၍ လျူနင်းရွှမ်ကသာ သူတို့၏ သံသယကို ​ဖြေရှင်းပေးနိုင်လျှင် သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းသည် ပို၍ ချောမွေ့သွားလိမ့်မည် မဟုတ်ပါလော ။

လုရီက ခေတ္တခဏ တွေးလိုက်မိလျှင် သူ၏ လမ်းကြောင်း၌ မည်သည့် သံသယ အတားအဆီးမျှ မရှိသည်ကို သတိပြုမိလိုက်၏ ။ ထို့အတွက် သူက လက်မထောင်တော့ပေ ။

သူ၏ ရွှေလက်ချောင်း ဟူသည့် ဂိမ်းစနစ်က သူ့အား ချောမွေ့စွာ ကျင့်ကြံနိုင်ရန် ထောက်ပ့ံပေးနေလေရာ သူသည် အဘယ်ကြောင့် လက်ထောင်စရာ လိုဦးမည်နည်း ။

လျူနင်းရွှမ်က လုရီ ရှိရာဘက်သို့ ကြည့်လိုက်လျှင် လုရီတစ်ယောက် လက်ထောင်ခြင်း မရှိသည်ကို မြင်လိုက်ရ၏ ။ သူမက ထိုအချင်းအရာနှင့် ပတ်သက်၍ အံ့ဩသည့်ပုံ မပြပေ ။

ချီကျင့်ကြံခြင်း နယ်ပယ်၌ ကျင့်ကြံနိုင်သည့် ပညာရပ်တို့က နည်းပါးလှ၏ ။ ထို့အပြင် ၎င်းတို့ထဲမှ အများစုသည် တူညီသော ပန်းတိုင် တစ်ခုကိုသာ ဦးတည်နေသည် ။

လုရီက တိမ်ဖြူဓားသိုင်းကိုပင် မူလဘူတသို့ ပြန်ခြင်း အဆင့်အထိ လေ့ကျင့် ထားပြီးပြီ ဖြစ်ရာ သူ့အနေဖြင့် မည်သည့် သံသယ အတားအဆီးနှင့် ကြုံရဦးမည်နည်း ။

အတွေးဆုံးလျှင် လျူနင်းရွှမ်က လုရီအား အာရုံ မထားတော့ပေ ။ သူမက ဂိုဏ်းသား၃ဦးအား ကျပန်း ရွေးချယ်၍ သူတို့၏ သံသယ မေးခွန်းတို့အား ဖြေရှင်းပေးလိုက်၏ ။

ဤသို့ဖြင့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံး သွားလေသည် ။

နောက်ဆုံး ဂိုဏ်းသား၏ သံသယ မေးခွန်းကို ဖြေရှင်းပေးပြီးသည့် နောက်တွင် လျူနင်းရွှမ်က သင်ခန်းစာ ပို့ချမှုအား အဆုံးသတ်လိုက်လေသည် ။

" သည်နေ့ သင်ခန်းစာ ပို့ချမှုကို သည်မှာပဲ အဆုံးသတ်မယ် ။ ဂိုဏ်းတူမောင်လေး ၊ ညီမလေးတို့ အားလုံး သွားလို့ ရပါပြီ "

စကားဆုံးလျှင် လျူနင်းရွှမ်သည် ဓားအလင်းတန်း တစ်ခု အသွင် ပြောင်း၍ မိုးကုပ်စက်ဝို်င်းသို့ ဦးတည် ပျောက်ကွယ် သွားလေ၏ ။ သူမက ထိုသို့ မသွားခင်တွင် လုရီအား မသိမသာ ခေါင်းတစ်ချက် ညိတ်ပြသွားလေသေးသည် ။

လျူနင်းရွှမ် ထွက်ခွာသွားပြီးသည့် နောက်၌ စင်မြင့်ထက်မှ ဂိုဏ်းသားတို့သည် လုရီအား ကြည့်လျက် တစ်ဦးချင်းစီ တိုးကပ်လာကြ၏ ။

" ဂိုဏ်းတူညီလေး လုရီ .... အစ်ကိုက ​မြေဖြူတောင်က လီလုံပါ ။ နောင်ကျရင် အစ်ကိုတို့ ရင်းရင်းနှီးနှီး နေကြရအောင် "

" ဂိုဏ်းတူမောင်လေးလု ...... မမကလေ ဓားသိုင်းဘက်မှာ နည်းနည်းလေး အားနည်းနေတာ ။ မောင်လေးမှာ အချိန်ရှိရင် အစ်မတို့ နှစ်ယောက် သီးသန့် သင်ခန်းစာ အချိန်လေး သတ်မှတ်ပြီး တွေ့ကြရအောင်လေ "

" ဂိုဏ်းတူမောင်လေး ......ဂိုဏ်းရဲ့ ဇီးပန်းတောအုပ်ထဲက ဇီပန်းပွင့်လေးတွေက အရမ်းလှတာပဲတဲ့ ။ မမက တစ်ခါမှ သွားမကြည့်ဖူးသေးလို့ မောင်လေးက လိုက်ပြပါလားဟင် "

လုရီကတော့ မျက်လုံး အကြောင်သားဖြင့် ရပ်နေ၏ ။ သူက ဤကိစ္စနှင့် ပတ်သက်၍ မည်သို့ မည်ပုံ လုပ်ရမည် ပင် မသိတော့ပေ ။

ဤသည်ကလည်း သူ၏ ဂိုဏ်းတူ အစ်ကို၊ အစ်မတို့၏ အပြစ် မဟုတ်ပေ ။

လုရီက ဂိုဏ်းတော်၏ ပါရမီရှင်ဖြစ်သူ လျူနင်းရွှမ်၏ တန်ဖိုးမြင့်မြင့် ထားခြင်းကို ခံထားရသူ ဖြစ်သည့်အပြင် ထိပ်တန်း အဆင့် ဆေးလုံး တစ်လုံးပင် ရထားသည် မဟုတ်ပါလော ။ ထို့အတွက် လုရီနှင့် ခင်မင်ရခြင်းသည် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများမည်မှာ အသိသာကြီးပင် ။

လုရီက သူ့အား ဝန်းရံနေသော ဂိုဏ်းတူ အစ်ကို ၊ အစ်မတို့အား ကြည့်နေရင်းနှင့် ခေါင်းပင် ကိုက်လာ၏ ။

ဤဂိုဏ်းတူ အစ်ကို ၊ အစ်မတို့၏ စိတ်အားထက်သန်မှုက နောက်စရာ မဟုတ်ပေ ။ ယခုပင်လျှင် ချောမောလှပသည့် ဂိုဏ်းတူအစ်မ တစ်ဒါဇင်ကျော်သည် သူနှင့် သီးသန့် သင်ခန်းစာ ယူရန် ကမ်းလှမ်းနေကြပြီ မဟုတ်ပါလော ။

သို့သော်လည်း လုရီက သူတို့၏ စိတ်အား ထက်သန်မှုကို နားလည်ပေးနိုင်လေသည် ။အထူးသဖြင့် ဂိုဏ်းတူအစ်မတို့ အပေါ်၌ သူက ပို၍ နားလည်ပေးနိုင်၏ ။

မကွယ်မဝှက်တမ်း ပြောရမည် ဆိုလျှင် သူက ရုပ်ရည် ချောမောလွန်းသည့် အပြင် ပါရမီ အရာ၌လည်း ထူးချွန် ထက်မြက်လွန်းနေသည် မဟုတ်ပါလော ။

' မဟုတ်သေးဘူး ။ ယောကျာ်း တစ်ယောက်မှာ အရေးအကြီးဆုံးက ခွန်အားပဲ '

ရုတ်တရက် လုရီက အရာတစ်ခုကို သဘောပေါက်သွား၏ ။

သူက ရုပ်ရည် ချောမောလွန်းသည်မှာ မှန်သော်လည်း ဂိုဏ်းတူအစ်မများသည် ယခင်တုန်းက သူ့အပေါ်၌ ယခုကဲ့သို့ စိတ်အားထက်သန်မှုမျိုးကို မပြသခဲ့ကြပေ ။

ထို့အတွက် ယောကျာ်း တစ်ဥိီးအတွက် ခွန်အားသည် အရာရာ ဖြစ်သည်ဟူသော အချက်မှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်ကြောင်း အသိသာကြီးပင် ။

လုရီက သက်ပြင်း တစ်ချက်ချ၍ ပြုံးလိုက်၏ ။

" ဂိုဏ်းတူအစ်ကို ၊ အစ်မတို့ .... ကျွန်တော် အခုပဲ ဥာဏ်အလင်း ပွင့်လာလို့ ပြန်ပြီး ကျင့်ကြံ လိုက်ပါဦးမယ် ။ ကျေးဇူးပြုပြီး ခွင့်ပြုပါဦး ။ စိတ်မရှိပါနဲ့ "

စကားဆုံးလျှင် လုရီက သူ၏ တိမ်ဖြူခြေလှမ်းကို အသုံးပြု၍ လူအုပ်ကြားထဲမှ လျောထွက် သွားလေသည် ။ သူက အနောက်သို့ပင် တစ်ချက်မျှ လှည့်မကြည့်တော့ပေ ။

လုရီက အကယ်၍ သူသာ ဤနေရာ၌ ဆက်နေမည်ဆိုလျှင် ထွက်ခွာရန် အခွင့်အရေးပင် ရတော့မည် မဟုတ်ဟု ခံစားမိနေ၏ ။ အဘယ်ကြောင့် ဆိုသော် ယခုပင်လျှင် ဂိုဏ်းတူအစ်မ တစ်ယောက်က ရုန့်ရင်းဆန်ခတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ သူ၏ တင်ပါးအား လာရောက် ထိတွေ့နေသည် မဟုတ်ပါလော ။ ထိုကဲ့သို့ အသားယူခြင်းမျိုးက မည်သို့မျှ လက်သင့်ခံစရာ အကြောင်း မရှိပေ ။

နေဝန်းဖြူ တောင်ထိပ်မှ ထွက်ခွာလာပြီး မကြာခင်တွင်ပင် လုရီက အိမ်သို့ ပြန်ရောက်လာ၏ ။ သူက အိမ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ အိပ်ခန်းအတွင်းသို့ တန်း၍ ဝင်သွားလေသည် ။

သူ၏ အခန်းတွင်းသို့ ရောက်လေမှ လုရီက သက်ပြင်း ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်လိုက်လေသည် ။ ယခုအချိန်သည်က သူ၏ ဆုလာဘ်တို့ကို ရိတ်သိမ်းရမည့် အချိန်ပင် ။

လုရီက ဂိမ်းတာဝန်အား ကြည့်လိုက်လျှင်

[ တာဝန် ]

ချီကျင့်ကြံခြင်း အဆင့်၈ အပြင်စည်း ဂိုဏ်းသားအား အနိုင်ယူရန် ( အောင်မြင် )

နေဝန်းဖြူ တောင်ထိပ် စင်မြင့်သို့ တက်ရန်

( အောင်မြင်)

ချီကျင့်ကြံခြင်း အဆင့်၈ အပြင်စည်း ဂိုဏ်းသားအား အနိုင်ယူရန်

(အောင်မြင်)

တိမ်ဖြူဓားသိုင်းအား သရုပ်ပြရန်

( အောင်မြင်)

တာဝန် လေးခုက အောင်မြင်သွားပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ဆုလာဘ်တို့အား ထုတ်ယူ၍ ရလေပြီဖြစ်၏ ။

ထို့အတွက် လုရီက ဆုလာဘ်တို့အား တစ်ခုပြီးတစ်ခု ရယူရန် ပြင်ဆင်လိုက်လေသည် ။

လင်းကန်ကို အနိုင်ယူကာ ရထားသည့် ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ။

လုရီက ခလုတ်ကို နှိပ်လိုက်လျှင် ဆေးလုံးက သူ၏လက်ထဲသို့ တိုက်ရိုက် ရောက်မလာသည်ကို သတိပြုမိလိုက်၏ ။ ထိုအစား ဆုအား မည်သည့်နေရာ၌ ပေါ်စေမည်ကို စိတ်ဖြင့် စေစားနိုင်သည့် လုပ်ဆောင်ချက် တစ်ခုက ထွက်ပေါ်လာလေသည် ။

လုရီက အကြံမရခင် ခေတ္တခဏတော့ တုန့်ဆိုင်းသွား၏ ။ ထို့နောက်တွင်မှ သူက သူ၏ စိတ်ကို အာရုံပြု၍ ဆေးလုံးအား အိတ်ကပ်အတွင်း၌ ပေါ်လာစေရန် စေစားလိုက်လေသည် ။

လုရီက သူ၏ အိတ်ကပ်အတွင်း၌ တစ်စုံတစ်ခု ပေါ်လာသည်ကို ခံစားမိလိုက်၏ ။ ၎င်းးအရာသည်ကတော့ ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံးမှတစ်ပါး အခြားမရိှပေ ။

ဆေးလုံးက လုံးဝန်းနေပြီးလျှင် သလင်းကျောက်ကဲ့သို့ ကြည်လင် တောက်ပနေ၏ ။ ထို့အပြင် အဖြူရောင် အခိုးအငွေ့တို့ကလည်း ရစ်သိုင်း နေလေသေးသည် ။

" ဟဟ ဒါပဲကွ"

လုရီ၏ မျက်လုံးတို့က အရောင် တောက်ပ သွား၏ ။ ဤလုပ်ဆောင်မှုသက လွယ်ကူလွန်းလှပေသည် မဟုတ်ပါလော ။

နဂိုမူလက သူသည် ဆုလာဘ်တို့ အခြားနေရာ၌ ပေါ်လာ၍ အခြားသူတို့၏ အာရုံကို ဆွဲဆောင်မိမည်ကို စိုးရိမ်ခဲ့မိသေးသည် ။ သို့သော် ယခု လုပ်ဆောင်မှုနှင့်ဆိုလျှင် အခြားသူတို့ အနားတွင် ရှိနေလျင်ပင် သူ့အနေဖြင့် ဆုလာဘ်တို့အား အလွယ်တကူ စိတ်ချလက်ချ ရယူနိုင်ပေပြီ ။

လုရီက အကယ်၍ အနာဂတ်၌ သူ့တွင် သိုလှောင်လက်စွပ် ရှိလာလျှင်ကော ထိုလက်စွပ်ထဲ၌ ဆုလာဘ်တို့ ပေါ်လာမည်လောဟု သံသယ ဝင်နေမိ၏ ။အကယ်၍ ထိုသို့ လုပ်နိုင်မည်ဆိုလျှင် အတိုင်းထက်အလွန်ပင် ဖြစ်ပေလိမ့်မည် ။

" အင်း ... နောက်ပို်င်း သိုလှောင်လက်စွပ် ရမှပဲ သည်ကိစ္စကို စမ်းကြည့်ရမယ်"

လုရီက အလွန်အကျူး တွေးတောနေသည်ကို ရပ္၍ ဆုလာဘ်တို့ ရယူခြင်းကို ဆက်လက် လုပ်ဆောင်လိုက်၏ ။

All Chapters