← Chapters

မဟာမိတ် ၁

Vol. 79 Ch. 783

မဟာမိတ် ၁

Vol. 79 Ch. 783

ပိတ်လော့၏ စကားမှာ အမှန်ပင်။ သားဖောက်မိခင်ပိုးကောင်ကြီးအား လူပျံတော်များထံ ပြန်ပို့ရန်မှာ အတော်ပင် မလွယ်ကူလှသော ကိစ္စ ဖြစ်လေသည်။

ယုန်မျိုးနွယ်စု လူသားမျိုးစိတ်အား သစ္စာဖောက်ခြင်းမှာ ကြီးမားသော ကိစ္စရပ်ကြီး ဖြစ်လေရာ ခုနှစ်ပြည်ထောင်လုံး ဤသတင်းအား မသိသူ မရှိတော့။

ထို့ကြောင့် ဤသတင်းအား လူပျံတော်များ မုချသိထားပြီး ဖြစ်ရပေလိမ့့်မည်။

"ကျုပ် စဥ်းစားလိုက်အုံးမယ်"

စုချန်း တီးတိုးရေရွတ်လိုက်လေသည်။

"ဒါကို ခင်ဗျား ဘယ်လိုသဘောရသလဲ"

ကိုယ့်ကိုယ်ကို အိုရီအိုးလ်၏ ပုံစံအဖြစ် ပြောင်းလဲပြီး စုချန်းက မေးခွန်းထုတ်လိုက်ခြင်းပင်။

"သတ်ဖြတ်သူနယ်မြေမှာ သုံးခဲ့တဲ့ဗျူဟာအတိုင်း ပြန်သုံးမလို့လား သခင်"

ပိတ်လော့ တအံ့တသြနှင့် မေးလိုက်၏။

"မှန်တာပေါ့ ခင်ဗျား ဘယ်လိုထင်သလဲ ဒါ ဖြစ်နိုင်မယ်လို့ ထင်သလား"

စုချန်းက ပြန်မေးလိုက်လေသည်။

"သခင် ဒီထက်ပိုကောင်းတဲ့နည်းလမ်းကို စဥ်းစားသင့်တယ် လူပျံတော်တွေဟာ သတ်ဖြတ်သူတွေနဲ့ မတူဘူး သူတို့ကို အလွယ်တကူ လှည့်စားလို့မရဘူး သခင့်ရဲ့ပုံပြောင်းတဲ့နည်းလမ်းက ကောင်းပါတယ် ဒါပေမဲ့ လူပျံတော်တွေနဲ့ကျရင် အလုပ်ဖြစ်လ်ိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး"

ပိတ်လော့က စနစ်တကျပင် သုံးသပ်ပြလိုက်၏။

စုချန်း ပြုံးလိုက်လေသည်။

"ခင်ဗျားပြောတာ မှန်ပါတယ် သူတို့ကို လွယ်လွယ်နဲ့ လှည့်စားလို့မရဘူး ဒါပေမဲ့ ကျုပ်ဟာလဲ သတ်ဖြတ်သူနယ်မြေက ပြန်လာခါစ စုချန်း မဟုတ်တော့ဘူးလေ"

သတ်ဖြတ်သူနယ်မြေမှ ပြန်လာသည်မှာ နှစ်တချို့သာ ရှိသေးသော်လည်း စုချန်း၏ အင်အားကတော့ များစွာ တိုးပွားနေခဲ့လေပြီ။

"အလုပ်ဖြစ်မယ်မထင်ဘူးသခင် တိုင်းတပါးမျိုးစိတ်ပိုင်နယ်မြေထဲ ဝင်ရောက်သွားလာနိုင်ဖို့ဆိုရင် အင်အားထက် လှည့်စားနိုင်စွမ်းက ပိုအရေးပါတယ် သခင် သတ်ဖြတ်သူနယ်မြေမှာ ရုပ်လုံးပေါ်မသွားဘူးဆိုတာ သခင်ကိုယ်တိုင် မူလစွမ်းအင်ကျောင်းတော်မှာ နှစ်ခြင်းခံခဲ့ရလို့ပဲ နည်းလမ်းအဖုံဖုံ ဗျူဟာအသွယ်သွယ် ပိုင်ဆိုင်ထားကြတဲ့ လူပျံတော်တွေရှေ့မှာ သခင်ရုပ်လုံးမပေါ်အောင် လှည့်စားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါကြောင့်မို့လို့လဲ ကျုပ် သူတို့ရဲ့ကိရိယာတွေ နည်းလမ်းတွေကို ပိုပြီးနားလည်ဖို့ လိုအပ်နေသေးတာပေါ့ စိတ်မပူနဲ့ ပိတ်လော့ ကျုပ် လူပျံတော်နယ်မြေထဲ သေချာပေါက် ထိုးဖောက်ဝင်ရောက်မယ်လို့ မပြောသေးပါဘူး ဒီကိစ္စကို စီစဥ်ဖို့ ကျုပ်တို့မှာ အချိန်တွေအများကြီး ကျန်သေးတယ် ဒီမတိုင်ခင်တော့ လူပျံတော်တွေရဲ့အကြောင်းကို ကျုပ်တို့ ပိုပြီးနားလည်အောင်လုပ်ရမယ် ကျုပ် ပုံဖျက်ထားတာကို သူတို့ ဘယ်လိုသိသွားနိုင်သလဲဆိုတာကို ရှာရမယ် ခင်ဗျား မှန်ပါတယ် လူပျံတော်တွေဟာ အရူးမဟုတ်ဘူး သာမာန်လူပျံတော်တကောင်တောင် ကျုပ် ဘယ်သူဆိုတာ အလွယ်တကူ သိမြင်သွားနိုင်တယ်"

စုချန်း၏ စကားကိုကြားသောအခါ ပိတ်လော့ ပါးစပ်ပိတ်သွား၏။ စုချန်း၏ အတွေးအခေါ်သည် များစွာ လက်တွေ့ကျနေသည် မဟုတ်ပါလား။

အတန်ကြာသော် သူက ပြောလိုက်ပြန်သည်။

"ဒါဆိုရင်တော့ ကျုပ်တို့ ဒီထက်ပိုများတဲ့ လူပျံတော်အကျဥ်းသားတွေ ဝယ်ဖို့လိုပြီနဲ့တူတယ်"

"သိပ်မှန်တာပေါ့"

စုချန်း အားရပါးရ ပြုံးရင်း ပြောလိုက်လေသည်။

ထို့နောက်တွင်တော့ စုချန်းတယောက် လေဟာနယ်အတွင်းမှ ထွက်လာခဲ့၏။

သိပ်မကြာမီ ကျူးရှန်းယောင်တို့လူစု ထိုနေရာသို့ ရောက်ရှိလာလေသည်။ စုချန်း ဘေးမသီရန်န်မခပဲ ရှိနေသည်ကို မြင်သည်နှင့် ကျူးရှန်းယောင်သည် အလွန်ဝမ်းသာသွားပြီး အိန္ဒြေပင် မဆည်နိုင်တော့။ စုချန်းကို အားရပါးရ ပွေ့ဖက်နမ်းရှုပ်လိုက်တော့သည်။ ထိုအခါ လူတိုင်းလိုလိုပင် အလိုက်တသိိ မျက်နှာလွှဲထားလိုက်ရတော့၏။

ထို့နောက် သူမက မေးလိုက်၏။

"ဒီတော့ ဘယ်လိုလဲ ရှင် ဘာတွေတွေ့ခဲ့လဲ"

စုချန်းအကြောင်း ကောင်းကောင်းသိနေသော ကျူးရှန်းယောင်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်တော့၏။

"ကျုပ် ရှာတွေ့ခဲ့တာတချို့တော့ ရှိတယ် ပြန်ရောက်ရင် ပြောပြမယ်"

စုချန်းက ပြန်ဖြေလိုက်လေသည်။

ဤနေရာတွင် ရှိနေသူတိုင်း ယုံရမှန်းသိသော်လည်း သားဖောက်မိခင်ပိုးကောင်အကြောင်း သိသူနည်းလေ ပိုကောင်းလေဟု စုချန်း ယူဆထားသည် မဟုတ်ပါလား။

ကျူးအိမ်တော်သို့ ပြန်ရောက်သည်နှင့် သူ ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များကို စုချန်းက ကျူးရှန်းယောင်အား ဖောက်သည်ချလိုက်တော့သည်။

လူပျံတော်များ၏ အစီအမံကို ကြားရသောအခါ ကျူးရှန်းယောင် မျက်လုံးပြူးသွား၏။ သားဖောက်မိခင်ပိုးကောင်ကြီးအပေါ် စုချန်းက ဝိညာဥ်တံဆိပ်ခတ်နှိပ်ထားကြောင်း သိရသောအခါ ကျူးရှန်းယောင်တယောက်က် အံ့သြလွန်း၍ ထခုန်မ်ိမတတ် ဖြစ်ရလေသည်။

ထိုထပ်ပို၍အရေးကြီးသည်မှာ စုချန်းက အထက်ပါအကြောင်းအရာများအား သံမဏိနှင့် တိမ်တိုက်ကျားသစ်ကိုပင် ပြောပြမထားခြင်းပင်။ ၎င်းကိုကြည့်လျင် သူမအပေါ် စုချန်း ဘယ်လိုသဘောထားမှန်း ကျူးရှန်းယောင် နားလည်လိုက်၏။

ထိုအခါ ကျူးရှန်းယောင်တယောက်က် ဝမ်းသာလွန်း၍ မျက်ရည်မဆည်နိုင်တော့။

အလွန်လျှို့ဝှက်ဆန်းကြယ်သောအကြောင်းအရာများကို ပြောပြနေချိန်တွင် မဆီမဆိုင် ကျူးရှန်းယောင် ကျူကျူပါအောင် ငိုချလိုက်သောကြောင့် စုချန်း မည်သို့မှနားမလည်နိုင်ပဲ ဖြစ်နေ၏။

ညဏ်အထက်ဆုံးသူများပင် မိန်းမတယောက်က်၏ အတွေးအခေါ်ကို နားလည်နိုင်စွမ်းမရှိပဲ ဖြစ်နေတတ်ချေသည်တကား။ သူမ ဘာကြောင့်ငိုရမှန်း ရှင်းပြလိုက်သောအခါ စုချန်းခမျာ ဘာပြောရမှန်းပင် မသိတော့။

အတန်ကြာအောင် ငိုကြွေးပြီးမှ စုချန်း၏ ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ရင်း ကျူးရှန်းယောင်က ပြောလိုက်၏။

"ဒီကိစ္စကို အမေနဲ့ဘိုးဘေးတွေကို အသိပေးလိုက်ကြမလား"

စုချန်းး တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက မေးလိုက်သည်။

"မင်း ဘယ်လိုစဥ်းစားထားသလဲ ကျုပ်ကို ပြောပါအုံး"

သူ့အနေနှင့် သဘောတူသည်လည်းမဟုတ်။ မတူဟုလည်းမဆို။ ကျူးရှန်းယောင်၏ သဘောထားကို မေးခွန်းထုတ်လိုက်ခြင်းသာ ဖြစ်သည်။

စုချန်းက သူမကို အရေးတယူ မေးလိုက်သဖြင့် ကျူးရှန်းယောင် သဘောကျသွား၏။

"စုချန်း နောက်ဆုံးမှာတော့ ရှင်ဟာ ကျွန်မကို လက်ခံခဲ့တယ် ကျွန်မကို နှစ်နှစ်ကာကာ ချစ်ပေးခဲ့တယ် ဒီအတွက် ကျွန်မ အတိုင်းမသိအောင် ပျော်မိတယ် ဒါပေမဲ့ ရှင် ကျွန်မရဲ့ အမြင်ကို မေးလာတော့ ကျွန်မ မြင်တဲ့အတိုင်းပဲ ပြောချင်တယ် ဒီလိုပြောလို့ ကျွန်မရဲ့အမေနဲ့ဘိုးဘေးတွေဘက်ကို ကျွန်မပါနေတယ်လို့ အပြစ်တော့မတင်စေချင်ဘူး ကျွန်မရဲ့အမြင်အရ ဒီကိစ္စဟာ အင်မတန်ကြီးမားတဲ့ ကိစ္စဖြစ်တယ် ဒီအကြောင်းကို ကျွန်မအမေနဲ့ ဘိူးဘေးတွေသိအောင် ရှင် အသိပေးလိုက်သင့်တယ် ဒါကို ရှင်တယောက်တည်း မကိုင်တွင်တွယ်နိုင်မှာ ကျွန်မ စိတ်ပူတယ် ရှင့်ဘေးနားမှာ ကူညီပေးမဲ့လူတွေလိုတယ် အချုပ်အနှောင်မဲ့အဖွဲ့မှာ တပည့်လက်သားတွေအများကြီးမှန်း ကျွန်မ သိပါတယ် ဒါပေမဲ့ အချုပ်အနှောင်မဲ့အဖွဲ့နဲ့ ကျူးမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်ကတော့ မတူသေးဘူး"

စုချန်း ခေါင်းညိတ်လိုက်၏။

ကျူးရှန်းယောင်၏ စကားမှာ မှန်ကန်၏။ အချုပ်အနှောင်မဲ့အဖွဲ့တည်ထောင်သည်မှာ ကာလတိုသာ ရှိသေးသည်။ အခြေမခိုင်သေး။ ဂုဏ်သိက္ခာအားဖြင့်လည်း တော်ဝင်မျိုးနွယ်စုတစုနှင့်ယှဥ်လျင် ဘာမှမရှိသေး။

"မင်းပြောတာ ကျုပ် နားလည်ပါတယ် ကဲ ဆက်ပြောပါအုံး"

ကျူးရှန်းယောင်က စကားဆက်ပြန်သည်။

"ရှင့်အနေနဲ့ ဒီအစီအစဥ်အတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်တယ် ဥပမာ ကြယ်ရွှေမိုင်းတွင်းလုံခြုံဖို့နဲ့ နောက်ထပ် လူပျံတော်အကျဥ်းသားတွေ ရဖို့အတွက် ကျူးမျိုးနွယ်စုရဲ့ပူးပေါင်းမှုကို ရှင်လိုအပ်တယ် ရှင် အရာတိုင်းကို ဂဃနဏ မရှင်းးပြနိုင်ရင် သူတို့ ရှင့်ကို ဘယ်လိုလုပ်ကူညီမလဲ ဒီထက်ပိုပြီးအရေးကြီးတာတခု ရှိသေးတယ် ရှင့်ရဲ့ပုံပြောင်းတဲ့နည်းစနစ်ဟာ လူပျံတော်တွေကို မလှည့်စားနိုင်ဘူး ရှင် တယောက်တည်းသွားရင် သေမှာပဲ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဘေးတော်ကြီးသာ ကူညီရင် ဒီအတွက် အဖြေတခုတော့ ရှိနိုင်တယ်"

"ဒီတော့ သူ့မှာ ဒီလိုစွမ်းရည်မျိုး ရှိနေတယ်ပေါ့"

စုချန်း တအံ့တသြနှင့် မေးလိုက်၏။

ကျူးရှန်းယောင်က ပြန်ဖြေလိုက်လေသည်။

"သူ့မှာ ဒီလိုစွမ်းရည်မျိုး မရှိဘူး ဒါပေမဲ့ သူ့မှာ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိတယ်လေ"

လူတိုင်းတွင် အပေါင်းအသင်းကိုယ်စီရှိ၏။ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်များတွင်လည်း အလားတူ သူငယ်ချင်းများ ရှိလိမ့်မည်သာ။

"ကောင်းပြီလေ မင်းပြောတာ ကျုပ် သဘောတူတယ် အဲဒီအတိုင်း လုပ်ကြတာပေါ့"

စုချန်း ခေါင်းညိတ်သဘောတူလိုက်လေသည်။

စုချန်း သဘောတူပြီးသည့်နောက်တွင်တော့ အရာအားလုံးမှာ လွယ်ကူချောမွေ့သွားတော့သည်။

ထိုကနေ့ညနေခင်းမှာပင် စုချန်းသည် ကျူးမျိုးနွယ်တည်ထောင်သူဘိုးဘေးဖြစ်သည့် ကျူးချန်းဟွန်ဖြင့် တွေ့ဆုံခွင့်ရလေသည်။ အသက်လေးရာကျော်နေသည့်တိုင် ကျူးချန်းဟွန်သည် နုပျိုနေ၏။ အားမာန်ပြည့်ဝနေ၏။

စုချန်းကို မြင်သည်နှင့် သူက ဖော်ဖော်ရွေရွေပင် နှုတ်ဆက်လာလေသည်။

"ထိုင်ပါအုံး အမှန်တော့ ယုန်မျိုးနွယ်စုနဲ့ တိုက်ပွဲပြီးသွားကတည်းက ကျုပ် မင်းနဲ့ တွေ့မလို့ပါပဲ ဒါပေမဲ့ ယုန်ကုလွှာ ထွက်ပြေးသွားတော့ သူ ဘယ်သူ့ကိုမှ ဒုက္ခမပေးတာ သေချာအောင် လုပ်ရသေးတယ် ဒါကြောင့် ခုမှပဲ တွေ့ဖြစ်တော့တယ်"

ထို့နောက် စုချန်းက သားဖောက်မိခင်ပိုးကောင်နှင့် ပတ်သက်သည့်အကြောင်းအရာများအား ကျူးချန်းဟွန်ကို ရှင်းပြလိုက်၏။

စုချန်း၏ စကားကိုနားထောင်ရင်း ကျူးချန်းဟွန် ပြုံးလိုက်လေသည်။

"မိုးပျံမြို့တော်ငယ်တည်ဆောက်မဲ့ လူပျံတော်တွေရဲ့အကြံအစည်ကို ဖျက်ဆီးမဲ့ မင်းရဲ့စိတ်ကူးကတော့ တကယ်ကို ချီးကျူးလောက်ပါပေတဲ့ မင်းဟာ ငယ်ရွယ်နုပျူပြီး ရည်မှန်းချက်ကြီးမားတဲ့ လူငယ်မှန်း ကျုပ် မြင်ပါတယ် ဒါကြောင့်မ်ို့လို့လဲ အသက်ငယ်ငယ်နဲ့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင် ဖြစ်နေတာပေါ့ ဒါပေမဲ့ စုချန်း လကျောက်မိုင်းတွင်းဟာ တနည်းနည်းနဲ့ ကျူးမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှု ဖြစ်နေတုန်းပဲ ကျူးမျိုးနွယ်ပိုင်နက်ထဲမှ တွေ့တဲ့ ရတနာတခုကို မင်း ဒီလိုယူသွားမှာကတော့ မသင့်တော်ဘူးလေကွာ"

အကျိုးအမြတ်နှင့် ပတ်သက်၍ ကျူးချန်းဟွန်က စကားစလိုက်ခြင်းပင်။

ကျူးချန်းဟွန် ထိုသို့ပြောလာခြင်းကို စုချန်း အနည်းငယ်မှ မအံ့သြ။ ထိုအခါ သူက ပွင့်ပွင့်လင်းလင်းပင် ဆွေးနွေးရန် ဆုံးဖြတ်လိုက်၏။

စုချန်း တဟဲဟဲ ရယ်မောလိုက်၏။

"ဘေးတော်ကြီးခင်ဗျာ ဒီစကားက အလုံးစုံတော့ မမှန်ှန်ဘူးလို့ ထင်ပါတယ် တကယ်တော့ လကျောက်မိုင်းတွင်းဟာ ယုန်မျိုးနွယ်တွေ ပိုင်တာပါ ကျုပ်ကတော့ ယုန်မျိုးနွယ်တွေရဲ့ သစ္စာဖောက်မှုကို ဖောက်ထုတ်နိုင်ခဲ့သူပါ ဒါတင်မကသေးဘူး လကျောက်မ်ိုင်းတွင်းရဲ့ လျှို့ဝှက်ချက်ကိုပါ ကျုပ် ဖော်ထုတ်နိုင်ခဲ့ပါပြီ တောင်ပြားတမြို့လုံးကို ကျူးမျိုးနွယ်လက်အောက်ရောက်အောင် ကူညီပေးခဲ့တဲ့သူကို ဒီလိုတော့ မပြောသင့်ဘူးလေဗျာ"

ထိုအခါ ကျူးယွဲ့ယန်က ပြန်ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ယုန်မျိုးနွယ်စု ပြိုကွဲသွားတော့ လကျောက်မိုင်းတွင်းဟာ ကျူးမျိုးနွယ်လက်ထဲ ရောက်လာတာပဲလေ ဒါပေမဲ့ သခင်လေးစုသာ ကျူးအိမ်တော်ရဲ့သမက်ဖြစ်လာရင် ဒါက ဆွေးနွေးစရာကိစ္စတောင် မဟုတ်တော့ပါဘူးလေ လကျောက်မိုင်းတွင်းဟာ မင်္ဂလာလက်ဆောင် ဖြစ်လာမှာပေါ့"

စုချန်း ပြုံးလိုက်၏။

"ဘာမှတူးထုတ်မရတော့ပဲ ခန်းကုန်တဲ့မိုင်းတွင်းနဲ့ ကျူးအိမ်တော်ရဲ့ တန်ဖိုးကြီးသမီးရတနာကို တန်ဖိုးဖြတ်တာတော့ မသင့်တော်ပါဘူးဗျာ ကျုပ်အထင် ရွှေကြယ်မိုင်းတွင်းကမှ ပိုပြီးသင့်တော်လိမ့်မယ်ထင်တယ်"

စုချန်း၏ စကားကြောင့် ကျူးယွဲ့ယန် အားရပါးရ ရယ်မောလိုက်၏။

"မင်းကတော့ အတော်လေး လောဘကြီးတဲ့ သူငယ်ပါလား"

စုချန်း သက်ပြင်းချလိုက်၏။

"ကြယ်ရွှေမိုင်းတွင်းကို လိုချင်တာ ကျုပ် လောဘကြီးလို့မဟုတ်ပါဘူးဗျာ သားဖောက်မိခင်ပိုးကောင်ကြီးအတွက်ဆို ပိုလို့တောင်မဟုတ်သေးတယ် ဒါကို ကျုပ် လိုချင်တာ ကျုပ်တို့အကျိုးအတွက်ပါ ဒီကိုပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ရင် ကျုပ်တို့အတွက် ကိုယ်ပိုင်ခံတပ်ကြီး ရလိုက်သလိုပဲ"

ကျုပ်တို့ ဟုတ်လား"

ကျူးချန်းဟွန်က ထိုစကားလုံးအား အလေးထားဟန်ဖြင့် ရေရွတ်လိုက်သည်။

"ကျုပ်တို့ဆိုတာ ဘယ်သူလဲ မင်းလား ကျုပ်တို့ကျူးအိမ်တော်လား"

"အချုုပ်အနှောင်မဲ့အဖွဲ့နဲ့ ကျူးမျိုးနွယ်စုပါ ခင်ဗျာ"

***

All Chapters