မဟာမိတ် ၂
Vol. 79 Ch. 784
စုချန်းအနေနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် မည်သို့မည်ပုံ ညှိုနှိုင်းရမည်ကို ရှေးမဆွကတည်းက စဥ်းစားထားပြီးသားပင်။ သားဖောက်မိခင်ပိုးကောင်ကြီးခံတပ်သည် ဤဆွေးနွေးမှု၏ သော့ချက်ပင် ဖြစ်လေသည်။
သားဖောက်မိခင်ပိုးကောင်သည် အရွယ်ရောက်လာသည်နှင့်အမျှ ခံတပ်ကြီးသဖွယ် အသုံးပြုနိုင်လာမည် ဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းသည် အနည်းဆုံး အချုပ်အနှောင်မဲ့အဖွဲ့သား ၅၀၀ပတ်ချာလည်ခန့်ကိုတော့ အသာလေး သယ်ဆောင်ပေးနိုင်သေး၏။
ကျူးမျိုးနွယ်ဘက်မှအတွေးလည်း သိပ်တော့မကွဲပြားပြားလှ။ လက်ရှိအခြေအနေအရ စုချန်းသည် သားဖောက်မိခင်ပိုးကောင်ကို အစာကျွေးရန် ကျူးမျိုးနွယ်ထံမှ ငွေကြယ်မိုင်းတွင်းကို လိုအပ်နေ၏။ ထိုမျှသာမကသေး နောက်ထပ်စမ်းသပ်မှုများအတွက် လူပျံတော်အကျဥ်းသားများရရှိရန် ကျူးမျိုးနွယ်၏ အကူအညီကို လိုအပ်နေသေးသည်။ ဤအနေအထားတွင် သားဖောက်မိခင်ပိုးကောင်ခံတပ်မှ ရရှိလာနိုင်မည့် အကျိူးအမြတ်သာ မရှိလျင် တခြားမည်သည့့်အပေးးအယူနှင့်မှ ကျူးမျိုးနွယ်က ဤဆွေးနွေးမှုကို လက်ခံလိမ့်မည်မဟုတ်။
တနည်းည်းအားဖြင့် သားဖောက်မိခင်ပိုးကောင်ခံတပ်သည် စီးပွားရေးလုပ်ငန်းနှင့် အလားသဏ္ဍာန်တူ၏။ ရေရှည်အကျိုးကို မျှော်တွေးကာ ကျူးမျိုးနွယ်ဘက်မှ အရဲကိုးရင်းနှီးမြှုပ်နှံလိုက်သည့် သဘောပင်။
အခြေခံအချက်အလက်များ သဘောတူညီချက်ရသည်ည်နှင့် စုချန်းနှင့်ကျူးမျိုးနွယ်တို့ အသေးစိတ်အချက်အလက်များအား ထပ်မံညှိုနှိုင်းရပြန်၏။
ကျူးမျိုးနွယ်ဘက်မှယူဆသည်မှာ သားဖောက်မိခင်ပိုးကောင်သည် သူတို့နယ်ပယ်ထဲတွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သားဖောက်မ်ိခင်ပိုးကောင်ခံတပ် သိမ်းပိုက်ရရှိမည့့် နယ်မြေ၏ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းကို သူတို့ပိုင်ဆိုင်သည့်သည်ဟု ယူဆ၏။
သို့သော် စုချန်းကား ၎င်းအဆိုကို လက်မခံ။ သားဖောက်မိခင်ပိုးကောင်သည် သူ့အပိုင် ဖြစ်သည်။ အစီအစဥ်ကို အဆိုပြုသူမှာလည်း သူပင် ဖြစ်သည်။ ထို့ကြောင့် ကျူးမျိုးနွယ်ကို သူ့ဖက်မှ ရာနှုန်းအနည်းငယ်မျှသာ ပေးလို၏။ ၎င်းသည်ပင် သူနှင့်ကျူးရှန်းယောင် မင်္ဂလာပွဲအတွက် သူ့ဖက်မှလက်ဆောင်ဟု ဆိုလိုက်သေးသည်။
ဤသို့နှင့် တဖက်နှင့်တဖက် ငြင်းရင်းခုန်ရင်း အချေအတင်ဖြစ်လာတော့၏။
အဖိုးကလည်း အလျှော့မပေး၊ လူငယ်ကလည်း တင်းခံနေသောအခါ အခြေအနေမှာ ပို၍တင်းမာလာတော့သည်။ တဖက်နှင့်တဖက် ဒေါသထွက်စပြုလာကြ၏။ တချီတွင်တော့ ကျူးချန်းယွန်တယောက်က် သူ့အဆင့်အတန်းကို မငဲ့နိုင်တော့ပဲ စာပွဲခုံကို ဒေါသတကြီး ရိုက်ချရင်း ပြောလိုက်လေသည်။
"ဒီလောက်တောင်ဖြစ်လှတာ ဒီအကြောင်း တလောကလုံးသိအောင် ကြော်ငြာမောင်းခတ်လိုက်မယ်ကွာ ကိုင်း ဘယ်သူကမှဘယ်သူ့ကို အမြတ်ထုတ်လို့မရတော့ဘူး ပြတ်ကရော"
စုချန်းကလည်း မခံ။ အောက်ပါအတိုင်း အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်၏။
"လုပ်လိုက်လေ ဇရှိရင် လုပ်လိုက်လေဗျ ဘာကြီးပဲဖြစ်ဖြစ် ဒီပိုးကောင်ကြီးကတော့ ကျုပ်အပိုင်ပဲ ဒီပိုးကောင်ဟာ အနည်းဆုံး နတ်ဆိုးအရှင်သခင်သားရဲနဲ့ အဆင့်တူတယ် ဒီထက်တောင် သာရင်သာနေအုံးမယ် ဒီလိုသတ္တဝါမျိုးကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုင်ဆိုင်ခွင့်ရတာ ကျုပ်အဖို့ ဘာအရှုံးမှမရှိဘူး"
"ထွီ!!! ဒီကောင်...ဒီကောင်ကတော့ကွာ"
ကျူးချန်းယွန် စုချန်းအား လက်ညိုးငေါက်ငေါက်ထိုးရင်း အော်ဟစ်ပြောဆိုလိုက်ပြန်သည်။
"မင်းသာ ရှန်းယောင်လေးရဲ့ ခင်ပွန်းလောင်းမဟုတ်ရင် ဒီနေရာမှာတင် အမှုန့်ချေပစ်လိုက်စ်လိုက်ပြီ"
စုချန်းကား အနည်းငယ်မျှ ဂရုစိုက်ဟန်မတူ။ တခွန်းမခံ ပြန်ပက်လိုက်ပြန်၏။
"ကျုပ် နည်းနည်းပါးပါး ငြင်းခုန်မိတာနဲ့ပဲ ဒီလို ရိုင်းရိုင်းစိုင်း ပြောရသလား ကျုပ် ပြောလိုက်အုံးမယ် ဘေးတော်ကြီးရဲ့ကျင့်ကြံခြင်းလမ်းကြောင်းဟာ မှားနေတယ် တနေ့ကျရင် မှန်ကန်တဲ့လမ်းကြောင်းကို ကျုပ် ချပြမယ် အဲဒီကျရင် ကျုပ် ဘယ်လောက်ထူးချွန်သလဲဆိုတာ လူတွေအကုန် နားလည်သွားမယ်"
စုချန်း၏ စကားကြောင့် ကျူးချန်းဟွန် ပ်ို၍ ဒေါသထွက်လာ၏။ ထိုအခါ သူက ကျူးရှန်းယောင်အား လှမ်းအော်လိုက်လေသည်။
"သူပြောတာ မင်းကြားတယ်နော် မင်း ရှာလာတဲ့ကောင်က ဘယ်လိုကောင်လဲဆိုတာ ခု တွေ့ပြီလား"
ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်၏။
ထိုစဥ် ကျူးယွဲ့ယန်က အခြေအနေကို ဝင်ထိန်းရန် ကြိုးစားလိုက်လေသည်။
"ကဲ ကဲ အေးအေးဆေးဆေးပြောကြပါ အပြင်လူတွေသာ ကြားသွားရင် ကျွန်မတို့ကို လှောင်နေပါအုံးမယ်"
ဤနေရာတွင် အပြင်လူဟု ကျူးယွဲ့ယန် သုံးလိုက်ခြင်းမှာ စုချန်းသည် အပြင်လူမဟုတ်ဟု ဆိုလိုလိုက်ခြင်းပင်။
မည်သို့ဆိုစေ ကျူးယွဲ့ယန်ကြောင့် ကျူးချန်းဟွန်တယောက် ဒေါသကို ထိန်းချုပ်ရန် အခွင့်အရေးရသွားတော့၏။
"ကောင်းပြီလေ လေးဆယ်ရာခိုင်နှုန်းကွာ ဒါ နောက်ဆုံးစကားပဲ ဒီထက်ပိုပြီး မလျှော့နိုင်တော့ဘူး"
"သုံးဆယ်ရာခိုင်နှုန်းပဲ"
စုချန်းက ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်၏။
"အာ နှစ်ယောက်လုံး နည်းနည်းစီအလျှော့ပေးလိုက်လို့ မရဘူးလား သုံးငါးရာခိုင်နှုန်းဆို အဆင်မပြေဘူးလား ကဲ"
ကျူးယုယန်က အခြေအနေကို ချောမွေ့အောင် ကြိုးစားလိုက်ပြန်သည်။
"လုံးဝမဖြစ်နိုင်ဘူး"
နှစ်ဦးစလုံး၏ ပြိုင်တူအော်ဟစ်သံ ထွက်ပေါ်လာ၏။
သားဖောက်မိခင်ပိုးကောင်ခံတပ်သည် လွန်စွာ တန်ဖိုးကြီးမား၏။ သိမ်းပိုက်ရရှိနယ်မြေအားလုံး၏ ဆယ်ရာခိုင်နှုန်းဆိုလျင်ပင် မူလကျောက်တုံး ဘီလျံနှင့်ချီ၍ တန်ကြေးရှိနေပြီ ဖြစ်သည်။ သူတို့နှစ်ဦး တဖက်နှင့်တဖက် အလျော့မပေးလိုသည်မှာ သိပ်တော့မဆန်း။
စုချန်းက ပြောလိုက်ပြန်သည်။
"ကြယ်ရွှေမိုင်းတွင်းတစ်တွင်းပဲ ရင်းနှီးပြီး လေးဆယ်ရာခိုင်နှုန်းတောင်းတာကတော့ လွန်လွန်းအားကြီးတယ်ဗျ ကျုပ်တော့ သဘောမတူနိုင်ဘူး"
"အဓိပ္ပယ်မရှိတာကွာ လူပျံတော်တွေကို လှည့်စားနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား ကျုပ်အကူအညီမပါပဲ မင်းသွားရင် သေမှာပဲ "
"ဒါကြောင့်မို့လို့လဲ သုံးဆယ်ရာခိုင်နှုန်းထိ ပေးထားတာပေါ့ဗျ"
"ဒါဆို လူပျံတော်အကျဥ်းသားတွေကျတော့ကောကွာ"
"သူတို့က ဘယ်လောက်တန်မှာမို့လို့လဲ သူတို့ကို ကျုပ်ပိုက်ဆံနဲ့ကျုပ် ဝယ်နိုင်သားပဲ"
"ထွီ ဒီလောက်များလွယ်နေရင် ဘာလို့များ ကျူးမျိုးနွယ်ကို အကူအညီတောင်းနေသေးတုန်း ပြီးတော့ ပြသနာက ဒီနှစ်ခုပဲလို့ မင်း ထင်နေတာလား တခြားဖော်မပြနိုင်တဲ့ပြသနာတွေ ပေါ်လာနိုင်သေးတယ်ကွ ဒီကိစ္စကြီးတခုလုံးကို မင်းတယောက်တည်း မလုပ်နိုင်ဘူး လူတွေအများကြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်"
"ကျုပ်မှာ အချုပ်အနှောင်မဲ့အဖွဲ့သားတွေ ရှိနေသားပဲ"
"ဘာပဲပြောပြော မင်းကောင်တွေ ကျူးမျိုးနွယ်ဝင်တွေလောက်တော့ မတော်နိုင်ပါဘူးလေ"
"ဒါတော့မမှန်ဘူးထင်တယ်ဗျ ပြီးတော့ လှည့်စားမှုဆိုတာ အင်အားကြီးတာငယ်တာနဲ့ ဆိုင်မှမဆိုင်တာပဲ"
"ဒီတော့ မင်းမှာ အစီအစဥ် ရှိပြီးသားပေါ့ ဟုတ်လား"
"ကျုပ်မှာ အစီအစဥ် ဘာလို့မရှိရမှာလဲ ဘေးတော်ကြီးခင်ဗျာ"
ထို့နောက်တွင်တော့ နှစ်ဦးသား တယောက်မျက်နှာကို တယောက်က်ကြည့်ပြီး ပြိုင်တူ ရယ်မောလိုက်ကြလေသည်။ ရယ်သံများသည် အဝေးသို့တိုင် ပျံ့လွင့်သွားတော့၏။
ထို့နောက် ကျူးချန်းယွန်က ဝမ်းခေါင်းသံကြီးနှင့် ပြောလိုက်လေသည်။
"ကောင်းတယ် သိပ်ကောင်းတယ် ကောင်လေး မင်းဟာ သတ္တိကောင်းတယ် စိတ်အားထက်သန်တယ် ငါတို့ရှန်းယောင်လေး မင်းကို သဘောကျသွားတာ ဘာမှမဆန်းဘူး ဒါဆိုလဲ သုံးဆယ်ရာခိုင်နှုန်းကိုပဲအတည်ထားလိုက်တော့"
ကနဦးတွင် နှစ်ယောက်သား အသည်းအသန် ငြင်းခုန်နေကြသော်လည်း ယခုတွင်တော့ ကျူးချန်းယွန် အလွယ်တကူ အလျှော့ပေးလိုက်ပြန်၏။
စုချန်း ပြုံးစေ့စေ့နှင့် ပြောလိုက်ပြန်သည်။
"သိပ်ကောင်းတာပေါ့ အဖိုးကြီးရာ ခုနတည်းကသာ ဒီလိုပြောလိုက်ရင် ကျုပ်တို့ ငြင်းနေစရာမလိုတော့ဘူးပေါ့"
စုချန်းက ကျူးချန်းဟွန်ကား အဖိုးကြီးဟု သုံးလိုက်သော်လည်း ကျူးချန်းဟွန် အနည်းငယ်မျှ စိတ်ဆိုးဟန်မပေါ်။ ကျူးချန်းဟွန်သည် ကျူးမျိုးနွယ်တည်ထောင်သူဖြစ်၍ နှယ်နှယ်ရရ မဟုတ်။ တခြားလူသာ ဤသို့သွားခေါ်လျင် သေချာပေါက် လက်ဝါးစာ မိသွားပေလိမ့်မည်။
စုချန်းတို့နှစ်ဦး၏ အခြေအနေကိုကြည့်ရင်း ကျူးရှန်းယောင်မှာ ဘာပြောရမှန်းမသိ ဖြစ်နေ၏။ သူမ၏ စိတ်ထဲတွင်တော့ အနောက်အရပ်မှ နေထွက်သည့်ပမာ ခံစားနေရလေသည်။
ထိုစဥ် ကျူးချန်းယွန်က ပြောလိုက်ပြန်သည်။
"ကျုပ်တော့ မင်းကို တော်တော်လေး အထင်ကြီးသွားပြီ ကောင်းတယ် သိပ်ကောင်းတယ် ဒါနဲ့ ကောင်လေး မင်း စစ်တုရင်ထိုးတတ်သလား"
"နည်းနည်းပါးပါးတော့ ရပါတယ်ခင်ဗျာ"
"မင်းအနေနဲ့ မိုးပျံခံတပ်ရဲ့ သခင်ဖြစ်လာဖို့ဆိုရင် စတုရင်ကို ပညာရှင်အဆင့်လောက်ထိ တတ်ထားမှ ဖြစ်မယ်ကွ ဟေ့ ယုယန် စစ်တုရင်ခုံ သွားယူစမ်း သူ့ကို နည်းနည်းပါးပါး ပြပေးလိုက်မယ်"
ကျူးယုယန်လည်း စုချန်းတို့နှစ်ဦ်း စစ်တူရင်ထိုးနိုင်ရန် ကပျာကသီပင် ပြင်ဆင်ပေးလိုက်ရပြန်သည်။
ထို့နောက် ကျူးချန်းဟွန်က ပြောလိုက်၏။
"ကဲ မင်းတို့သွားနိုင်ပြီ ကျုပ် ဒီကလေးနဲ့ စစ်တုရင်ထိုးလိုက်အုံးမယ်"
အပြင်သို့ရောက်သည်နှင့် အခြေအနေကို နားမလည်နိုင်ပဲဖြစ်နေသော ကျူးရှန်းယောင်က မေးခွန်းထုတ်လိုက်၏။
"အမေ ဘာဖြစ်လို့ ဘေးတော်ကြီးက စုချန်းတောင်းတာကို ချက်ချင်းလက်ခံလိုက်တာလဲ"
ကျူးယုယန် ရယ်မောလိုက်၏။
"သမီးက သိပ်ရိုးလွန်းတယ် သူတို့နှစ်ယောက် အကျိုးအမြတ်နဲ့ပတ်သက်ပြီး ငြင်းခုန်နေကြတယ်လို့ သမီး တကယ်ထင်နေသလား"
"ဟင် မဟုတ်ဘူးလား အမေ"
ကျူးရှန်းယောင်ကား နားမလည်နိုင် ဖြစ်နေရှာ၏။
"ဟုတ်လဲဟုတ်တယ် ဟုတ်လဲမဟုတ်ဘူး"
ကျူးယုယန် သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။ သို့တိုင်အောင် ကျူးရှန်းယောင် နားမလည်နိုင်သေး။ ထိုအခါ ကျူးယုယန်က အောက်ပါအတိုင်း ပြောလိုက်ပြန်သည်။
"သားဖောက်မိခင်ပိုးကောင် လူပျံတော်နယ်မြေက ပြန်လာမယ်လို့ စုချန်း ဘာလို့ယုံကြည်နေရသလဲ သမီး သိလား"
"ဘာလို့ယုံကြည်နေရသလဲဆိုတော့ သူ ပိုးကောင်မကြီးအပေါ် ဝိညာဥ်တံဆိပ်နည်းစနစ်ကို သုံးထားလို့ပေါ့ အဲဒီကောင်ကြီးက သူ့စကားက်ိုပဲ နားထောင်တာလေ"
"မှန်တာပေါ့ ဒီပိုးကောင်မကြီးဟာ ခံတပ်ရဲ့ဝင်ရိုးပဲ ဒါကြောင့် သူ့ဆန္ဒက သိပ်အရေးပါတယ် ခု သမီးကပြောတယ် ဒီပိုးကောင်မကြီးဟာ စုချန်းတယောက်တည်းရဲ့စကားကိုပဲ နားထောင်တယ်ဆိုတော့ စုချန်းဟာ ခံတပ်ရဲ့ပိုင်ရှင် ဖြစ်နေပြီပဲ ဘယ်သူနဲ့ ဘာအတွက် ဝေစုခွဲနေစရာလိုသေးလို့လဲ"
ကျူးရှန်းယောင် မျက်လုံးပြူးသွား၏။
ဟုတ်ပေသားပဲ...
ခံတပ်၏ အဓိကဝင်ရိုးဖြစ်သော သားဖောက်မိခင်ပိုးကောင်အား ထိန်းချုပ်ထားပြီးမှတော့ စုချန်းအနေနှင့် ဘာကြောင့် သူများနှင့် ဝေစုခွဲနေတော့မည်နည်း။
သို့သော် စုချန်းက သားဖောက်မိခင်ပိုးကောင်ခံတပ်အသုံးပြုသိမ်းပိုက်ရာမှ ရရှိလာသော နယ်မြေ၏ သုံးဆယ်ရာခိုင်နှုန်းကို ကျူးမျိုးနွယ်စုအား ပေးရန် သဘောတူခဲ့၏။ အကယ်၍ စုချန်းကသာ ထိုနယ်မြေများအားလုံးကို ရာနှုန်းပြည့် ကျူးမျိုးနွယ်လက်ထဲ ထည့်ပေးပါမည်ဟု လွယ်လင့်တကူ သဘောတူခဲ့လျင် ၎င်းမှာ မည်သည့်အဓိပ္ပါယ်ကို သွား၍ သက်ရောက်နေမည်နည်း။
နောက်ဆုံးတွင် ထိုနယ်မြေများအားလုံးကို ပိုးကောင်မကြီးအား အမိန့်တခွန်းပေးလိုက်ရုံနှင့် ကျူးမျိုးနွယ်လက်ထဲမှ စုချန်း အလွယ်တကူ ပြန်သိမ်းယူနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
ကျူးရှန်းယောင် ထိုတချက်ကို မျက်စေ့ရှမ်းနေ၏။ သို့သော် နှစ်ရာချီအသက်ရှင်လာသော ကျူးချန်းယွန်ကတော့ ထိုအချက်ကို ကောင်းစွာ နားလည်သဘောပေါက်ထားလေသည်။
"ဒါပေမဲ့ ဘေးတော်ကြီးက စုချန်းနဲ့ ခံငြင်းနေတယ်နော်"
"မှန်တာပေါ့ သူ ငြင်းရမှာပေါ့ ဒါမှ စုချန်းရဲ့စိတ်ထား မှန်မမှန်ှန် သူ သိနိုင်မှာလေကွယ်"
အကယ်၍ စုချန်းကသာ သုံးဆယ်ရာခိုင်နှုန်းတွင် တင်းခံမထားပဲ သဘောတူလိုက်ပါက နောက်တွင် သူတို့အား ကလိန်ကကျစ်ကျရန် ကြံစည်ထားသည်ဟု ကျူးချန်းဟွန် ယူဆလိုက်မည်သာ။ သို့သော် စုချန်းကတော့ သုံးဆယ်ရာခိုင်နှုန်းထက် တပြားသားမှ ပိုမပေးနိုင်ဟု နောက်ဆုံးအချိန်ထိ တင်းခံထား၏။ ထိုအချက်ကြောင့် စုချန်းအား ကျူးချန်းဟွန် ယုံကြည်သွားခြင်းပင်။
အခန်းထဲတွင်တော့ ကျူးချန်းဟွန်၏ မျက်နှာသည် တဖြည်းဖြည်း မဲမှောင်လာ၏။ ပထမဆုံးနှစ်ပွဲတွင် သူ နိုင်လိုက်သော်လည်း နောက်ဆုံးသုံးပွဲဆက်တိုက် သူ ရှုံးသွားသည် မဟုတ်ပါလား။
ခွေးကောင်လေး...ကစားတတ်ရဲ့သားနဲ့ မကစားတတ်ချင်ယောင်ဆောင်နေတယ်...မင်းက ငါ့ကို လှောင်နေတာပေါ့လေ...
တကယ်တော့ စုချန်းတယောက် မှားယွင်းစွတ်စွဲခံနေရခြင်းသာ ဖြစ်သည်။
သူ နိုင်ပွဲဆက်လာသည့် တခုတည်းသောအကြောင်းမှာ စိတ်ဝိညာဥ်သလင်း၏ တွက်ချက်မှုသည် ကျူးချန်းဟွန်၏ ဦးနှောက်ထက် မြန်ဆန်နေသောကြောင့်ပင်။
***