← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း ၂၈ : ဟိတ်ဟန်များသော။

စင်မြင့်ပေါ်ရှိ ထျဲ့မန်ကား ကြက်သေသေနေသော မျက်နှာထားဖြင့် အံ့ဩစွာကြည့်နေသည်။ လုရီနှင့် တစ်ခဏတာ အကြည့်ချင်းဖလှယ်ပြီးနောက်

“ အစစ်အမှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူကိုယ်ဟန်သိုင်းလား “

“ ဟုတ်ပါတယ် “

လုရီအပြုံးတစ်ခုနဲ့ ခေါင်းညိတ်၍ ဓားရှည်ကို ရုတ်သိမ်းလိုက်သည်။

ထျဲ့မန် ခေါင်းကိုကုတ် လက်ကိုစုကာ

“ အရှုံးကို လက်ခံပါတယ်။ အငယ်တန်းညီလေးလုရဲ့ အရည်အချင်းက အံ့ဩစရာပါ။ကျွန်တော်ရှုံးသွားပါပြီ “

ထျဲ့မန် စင်ပေါ်က ဆင်းသွားပြီးနောက် အသက်ရှူမှန်အောင် ပြန်ချိန်ညှိနေလိုက်သည်။ ထိပ်တန်းဆယ်ယောက် အဆင့်သတ်မှတ်ပွဲသည် တစ်ပွဲတည်း ပြိုင်ရသည်မဟုတ်ချေ။ ပြိုင်ပွဲတစ်ခုရှုံးလျှင် ထိပ်တန်းအဆင့် သုံးယောက်အထိ မတတ်နိုင်တော့သည်မို့ ကျန်သည့်နေရာများအတွက် တိုက်ခိုက်ဖို့ လိုသေးသည်။ သူသာအခု ပြန်မကုစားလျှင် အခြေအနေကဒီထက်ပိုဆိုးသွားနိုင်သည်။

လုရီစင်ပေါ်ကဆင်းပြီးနောက် သူ့ကိုကြည့်နေသည့် ကျန့်ဖန်နှင့် တခြားလူများအား ရှက်ပြံးလေးပြုံးပြကာ။

“ စီနီယာအစ်ကိုတို့ အစ်မတို့ ဘာဖြစ်နေကြတာလဲ “

ပိုင်ယွီလောင်းက ချောင်းဆိုးလိုက်ပြီး လက်တွေကိုစုကာ

“ အငယ်တန်းညီကိုလု ကျွန်တော်တို့ကို အမှန်အတိုင်းပြောပြပါ။ တိမ်ဖြူချီစင်သိုင်းပညာကရော စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့်ကို ရောက်နေပြီလား “

လုရီ ခဏတော့ကြောင်သွားပြီး အံ့ဩသည့်အသံဖြင့် ပြော၏။

“ စီနီယာညီကို ပိုင်ယွီလောင်းက တကယ်တော်တာပဲ၊ မှန်အောင် ခန့်မှန်းနိုင်တယ် “

ပိုင်ယွီလောင်းသာမက တခြားလူတွေပါ တိတ်ဆိတ်သွားသည်။

အသက်ရှူခြင်းကိုချိန်ညှိနေသည့် ထျဲ့မန်ပါ လုရီ၍စကားကိုကြားလိုက်ရ၏။

တိတ်ဆိတ်နေကြတုန်းမှာပဲ ဒူဂုဖန် စင်ပေါ်ကိုရောက်လာပြီး

“ အမှတ်စဉ်၂ တွေ တက်လာလို့ရပါပြီ “

ထိုအခါမှ လူတိုင်း အသိပြန်ဝင်လာကြပြီ လင်းဝမ်အာနှင့် ချီအဆင့်ကိုးရှိ ကျင့်ကြံသူအစ်ကိုတစ်ယောက် စင်ပေါ်ကို တက်လာသည်။

အဆင့်၉ ရှိ စီနီယာညီကိုမှာ လင်းဝမ်အာကို မနိုင်နိုင်မှန်းသည်သိမို့ အားထည့်မတိုက်ဘဲ တည်ငြိမ်စွာပင်ရှိသည်။ အချည်းအနှီးပဲဆိုသည်ကို သိနှင့်ပြီးသား ထိုသူဟာ သူ၏အကောင်းဆုံးအရည်အသွေးကိုပဲချပြသွားပြီး ပြိုင်ပွဲကိုအဆုံးသတ်လိုက်သည်။

တတိယပြိုင်ပွဲမှာမူ ကျန့်ဖန်နှင့် ချီအဆင့်၁၀ ရှိစီနီယာအစ်မတို့ ယှဉ်ပြိုင်ရသည့်ပွဲဖြစ်သည်။ ဝတ်ရုံဖြူဝတ်ဆင်ထားသော စီနီယာအစ်မထံတွင် အားမြှင့်အဆင့် ဓားသိုင်းပညာနှင့် သိုင်းကွက်နည်းစနစ်များရှိသော်လည်း ကျန့်ဖန့်၏ ခွန်အားက ပိုသန်မာသည်မှာ ထင်ရှားသည်။

ကျန့်ဖန်မှာ ရွှေချွန်ဓားကောက်ရှည်ဟူသည့် သိုင်းစနစ်ကို ကျင့်ကြံသူဖြစ်ပြီး သူ၏ဓားရှည်မှာ သာမန်ဆန်သော ကျန့်ဖန်၏ပုံနှင့် ကွဲပြားစွာ အလွန်ချွန်ထက်၏။ ပြိုင်ပွဲစသည်နှင့် ကျန့်ဖန်က အသာစီးရပြီး စီနီယာအစ်မမှာ ဆက်တိုက်နောက်သို့ဆုတ်နေရကာ ဓားတစ်ချက်အဝှေ့မှာပင် စင်အောက်သို့ရောက်ရှိသွားလေသည်။

လုရီ ကျင့်ဖန်၏ ဓားကောက်ရှည်နည်းစနစ်ကို အကြည့်ရောက်နေရင်း အစွမ်းကုန်ထုတ်မသုံးဘဲ ချုပ်တည်းထားကြောင်း သိလိုက်ရသည်။

စီနီယာညီကို ကျန့်ဖန်၍ ရွှေချွန်ဓားကောက်ရှည်သိုင်းမှာလည်း စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့် အထိ ရောက်ရှိနေလောက်မည်။

လုရီနည်းနည်းတော့ ခံစားသွားရသည်။ ထင်ထားသည့်အတိုင်း သူ့အန္တရာယ်ရှိသည်ဟု ခံစားမိခဲ့သော စီနီယာညီကိုမှာ တကယ့်ကိုအားကောင်းလွန်းသည်။

လေးကြိမ်မြောက်ပြိုင်ပွဲမှာ ပိုင်ယွီလောင်းနှင့် ချီအဆင့် ၉ ရှိစီနီယာညီကို ဖြစ်သည်။ လုရီ အံ့ဩသွားသည်က ပိုင်ယွိလောင်းမှာ ခေါက်ယပ်တောင်ကို လက်နက်အဖြစ်အသုံးပြုခြင်းပင်။

အခြေခံထူထောင်ခြင်းလောကနှင့်အထက် အဆင့်များတွင် ကျင့်ကြံရေးရတနာများဖြင့် လက်နက်ပြုလုပ်ခြင်းသည် ကွဲပြားခြားနားပြီး ချီကျင့်ကြံရေးလောကတွင်မူ လူတော်တော်များများက ဓားရှည်၊ ဓားကောက်နှင့် လှံတံများကိုသာ အသုံးပြုလေ့ရှိကြသည်။

သို့သော်လည်း ပိုင်ယွီလောင်း၏ ခေါက်ယပ်တောင်မှာ အဆင့်နိမ့်မှော်လက်နက်ဖြစ်သော်ငြား အလွန်အားပြင်း၏။ ယပ်တောင်နှင့်တိုက်ခိုက်တိုင်း ဓားကောက်ကဲ့သို့ စွမ်းအင်မျိုးထွက်လာသည်မှာ ရှိန်စရာကောင်းလှသည်။

ဝတ်ရုံဖြူနှင့် ပိုင်ယွီလောင်းကို ကြည့်ရင်း လုရီမဲ့သွားရသည်။ စီနီယာညီကိုပိုင်က တစ်ကိုယ်ကောင်းသမားပင်။

ဓားကောက်ရှည် သိုင်းပညာကို အသုံးပြုမည်ဆိုလျှင် ဓားကောက်ရှည်ကိုသာ အသုံးပြုလို့ရသော်လည်း ခေါက်ယပ်တောင်ကို သုံးလိုက်သည်နှင့် ပိုပြီးကြည့်လို့ကောင်းမည်ဟု ထင်နေပုံရသည်။

ပိုင်ယွီလောင်း၏ အမူအရာအနေအထားတွေကို ကြည့်ရင်း သူလည်း စတိုင်လ်ကျတဲ့ သိုင်းပညာနဲ့ မှော်လက်နက်တွေကို သုံးသင့်လားဟုပင် လုရီတွေးလိုက်မိ၏။

သန်မာသည်ဆိုသည်မှာ တစ်ခဏသာအရေးကြီးသော်လည်း တစ်ဘဝလုံးချောနေဖို့ကတော့ ပိုအရေးကြီးသည်ပင်။

ပိုင်ယွီလောင်း၏ ခွန်အားမှာ အလွန်အားကြီးသည့်အတွက် ချီအဆင့်၉ စီနီယာအစ်ကိုမှာ ရုန်းကန်နေရာမှ ပိုင်ယွီလောင်း၏ ခေါက်ယပ်တောင်ကြောင့်ပင် စင်ပေါ်ကကျသွားရရှာသည်။

ကျန်ရှိနေသည့် ဓားမနှစ်ခုကိုကိုင်ဆောင်သော စီနီယာညီကို လီယွန်းမှာမူ ချီအဆင့်၉ စီနီယာအစ်မနှင့် ယှဉ်ပြိုင်ရသည်။

လီယွန်းမှာ မိန်းကလေးများကို သက်ညှာမည့်လူမျိုးမဟုတ်။ သူ၏ ဓားကောက်ရှည်နည်းစနစ်မှာ ကြမ်းတမ်းရက်စက်ပြီး စီနီယာအစ်မအား နှစ်ချက်တည်းနဲ့တင် စင်အောက်အရောက်ပို့လိုက်ရာ စီနီယာအစ်မခင်ဗျာ မျက်လုံးများနီရဲလျှက် ငိုချမတတ်ပင်။

လီယွန်း ဒီလူကတော့ တစ်သက်လုံး တစ်ကိုယ်တည်းဖြစ်တော့မှာပဲဟူသည့် အကြည့်ဖြင့် လုရီကကြည့်လိုက်သည်။

ထိပ်တန်းအဆင့်ငါး သတ်မှတ်ပြီးသည့်အချိန်တွင် ပြန်လည်အားဖြည့်ရန်အတွက် တစ်နာရီအချိန်ရသည်။

ဒုတိယကျော့ ပြိုင်ပွဲများတွင်မူ အတွဲလိုက်တိုက်ခိုက်ရမည်ဖြစ်ပြီး မဲကျသည့်လူက တာ့တာလုပ်ရမည်ဖြစ်သည်။

ဒူဂုဖန်က လူငါးယောက်နှင့် စင်ပေါ်တွင်ရပ်နေပြီး ကျောက်စိမ်းလက်မှတ်ငါးခုက ရှေ့တွင်ဝဲနေသည်။ ဒူဂုဖန်ကပြုံးရင်း

“ တစ်ခုရွေးပါ “

ငါးယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပိုင်ယွီလောင်းက ပြုံးကာ

“ အငယ်တန်းညီကိုလူက အငယ်ဆုံးဆိုတော့ အရင်ရွေးလိုက်ပါ “

လုရီမငြင်းဘဲ ပြုံးလိုက်သည်။

“ သေချာတာပေါ့ “

သူ ကျောက်စိမ်းလက်မှတ် ငါးခုကိုကြည့်ရင်း တိတ်တိတ်လေး ဆုတောင်းနေမိသည်။

“ တာ့တာ မလုပ်ရပါစေနဲ့၊ တာ့တာမလုပ်ရပါစေနဲ့ “

ဆုရရင်အတွက် နောက်တစ်ကျော့ ထပ်ပြိုင်မည်ဟုသူစီစဉ်ထားသည်။

လုရီကျောက်စိမ်းလက်မှတ်တစ်ခုကို လက်ထဲထည့်ပြီးလှန်လိုက်ရာ နံပါတ်၁ ကျသည်။

သူချက်ချင်းပြုံးလိုက်၏။ မတာ့တာရတော့ဘူး ကောင်းလိုက်တာ။

ကျန်သည့်လေးယောက်က လုရီကိုကြည့်ပြီး ကိုယ်ပိုင် ကျောက်စိမ်းလက်မှတ်တစ်ခုစီ ရွေးလိုက်သည်။

ရွေးပြီးသည့်နောက် ကျန့်ဖန်က ပြုံးပြီး

“ ကြည့်ရတာ ကျွန်တော် ကံကောင်းပြီထင်တယ် “

သူ၏ ကျောက်စိမ်းနံပါတ်ပြားမှာ ဗလာကြီးပင်။

ပိုင်ယွီလောင်း နှုတ်ခမ်းကိုမဲ့ကာ လက်မှတ်ကိုကြည့်လိုက်တော့ ၁ ကိုတွေ့လိုက်ရသည်။

“ အငယ်တန်းညီလေးလု နဲ့ ပြိုင်ရမယ်လို့မထင်ထားခဲ့ဘူး “

ပိုင်ယွီလောင်း၏ နံပါတ်ကိုမြင်လိုက်ရသည့် လင်းဝမ်အာနှင့် လီယွန်းတို့မှာ စိတ်အေးသွားသည့်ပုံပင်။

လင်းဝမ်အာက ပြုံးစစနှင့်ပြောသည်။

“ အငယ်တန်းမောင်လေးလုရော ဒီမျက်စိနောက်စရာကောင်းတဲ့ ပိုင်ယွီလောင်းနဲ့ရော မပြိုင်ရတာကောင်းတယ်။ နှစ်ယောက်လုံးက ခေါင်းကိုက်စရာပဲ “

လီယွန်းက လင်းဝမ်အာကိုကြည့်လျှက် အေးစက်စွာဆိုသည်။

“ ငါက သူတို့ထက်အားနည်းတယ်လို့ မင်းကထင်လို့လား “

လင်းဝမ်အာက လီယွန်းကိုကြည့်ပြီး ရယ်လိုက်ရာ လီယွန်း၏ အမူအရာမှာ ပိုအေးစက်သွားသည်။

ဒီအချိန်မှာပဲ ဒူဂုဖန်က တည်ငြိမ်စွာပြောလာသည်။

“ တခြားလူတွေအောက်ဆင်းပြီး လုရီနဲ့ ပိုင်ယွီလောင်းက နေခဲ့ပါ “

လင်းဝမ်အားက လုရီကိုပြုံးပြလိုက်ပြီး

“ အငယ်တန်းမောင်လေးလု အဲ့ ဟိတ်ဟန်များတဲ့ ကောင်ကို ကောင်းကောင်းလေး သမပေးလိုက်နော် “

လုရီ တောင့်ခဲနေသော ပိုင်ယွီလောင်း၏ မျက်နှာကိုကြည့်ရင်း စိတ်ထဲကနေသာ ကြိတ်ရယ်လိုက်သည်။ ကြည့်ရတာ စီနီယာအစ်မ ဝမ်က ပိုင်ယွီလောင်းနဲ့ မောက်မာမှုကို ကောင်းကောင်းသိနေသည့်ပုံပင်။

ကျန့်ဖန်က လုရီ၏ပခုံးကိုပုတ်ရင်း ပြော၏။

“ လုပ်လိုက် ညီလေး “

လင်းဝမ်အာ၏ အထင်သေးခြင်းကို အခဲမကြေဖြစ်နေသေးသည့် လီယွန်းမှာမူ ဘာမှမပြောဘဲ စင်အောက်သို့ ဆင်းသွားလေပြီ။

သုံးယောက်လုံးဆင်းသွားသည့် အချိန်တွင် လုရီနှင့် ပိုင်ယွီလောင်းသာ စင်ပေါ်တွင် ကျန်ရှိတော့သည်။

အောက်ရှိ ပွဲကြည့်သူတို့မှာ ဆူညံလာကြပြန်သည်။

“ အဲ့တော့ ငါတို့ကအခု အငယ်တန်းညီကိုလုရီနဲ့ စီနီယာညီကို ပိုင်ယွီလောင်းတို့ပွဲကို ကြည့်ရတော့မှာပေါ့ “

“ အငယ်တန်းညီကို လုရီရဲ့ တိမ်ဖြူဓားရှည်သိုင်းနဲ့ တိမ်ဖြူကိုယ်ဟန်သိုင်းနှစ်ခုလုံးက အားကောင်းသလို စီနီယာညီကို ပိုင်ယွီလောင်းကလည်း အပြင်ဆောင်ဂိုဏ်း ထိပ်တန်းသုံးယောက်ထဲက တစ်ယောက်ပဲ။ သူတို့ပွဲကတော့ အတော်ကောင်းမှာ “

“ ဟုတ်တယ် နှစ်ယောက်လုံးက အပြင်ဆောင်ဂိုဏ်းရဲ့ ပါရမီရှင်တွေမို့ ဘယ်သူကပိုသန်မာလဲ သိချင်မိတယ် “

ဂိုဏ်းသားတွေဟာ မျှော်လင့်တကြီးစောင့်ကြည့်နေကြသည်။

သူတို့ထင်မကဘဲ ကောင်းကင်ပေါ်ရှိ အကြီးအကဲများမှာလည်း မျှော်လင့်နေကြသည်။ လုကောင်းယန်နှင့် ဝမ်စီးချီမှာ လုရီထိပ်တန်းဆယ်ယောက်သို့ ဝင်ပြီးကထဲက ဘာမှ မစိုးရိမ်တော့။ ဘာပဲဖြစ်ဖြစ် အတွင်းဂိုဏ်းသို့ ဝင်ခွင့်ရမည်မှာ ကျိန်းသေနေပြီမို့ အနိုင်ရလျှင် အပိုဆုရသလိုပင် ဖိအားမရှိ။ နှစ်ယောက်စလုံးကတော့ လုရီဘယ်လောက်ထိ သန်မာနိုင်မလဲဆိုတာကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။

စင်ထက်တွင် လုရီ ပိုင်ယွီလောင်းကိုကြည့်ရင်း ရေရွတ်လိုက်၏။

“ စီနီယာညီကို ပိုငိယွီလောင်းကိုအနိုင်ယူမယ် “

ထို့နောက် စကားလုံးတွေဟာ လုရီရှေ့ပေါ်လာသည်။

သူပေါ်လာသည့် စကားလုံးတွေကိုကြည့်ရင်း အံ့ဩပြီး ရင်ထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရသည်။

ဒီလိုဆုလာဘ်မျိုးရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

အခန်း၂၉ : လုရီ ဒီအဖိုးကြီးနှင့်ကံပါသည်။

[တာဝန်]

ပိုင်ယွီလောင်းကို အနိုင်ယူပါ။ (လုပ်ဆောင်ချက် ၀/၁)

ဆုလာဘ် : ဓားရည်ရွယ်ချက်စွမ်းအင်အမျှင်တန်း

လက်ခံမည်လား : လက်ခံပါမည်/ လက်မခံပါ

ဓားရည်ရွယ်ချက်စွမ်းအင်ပါလား။

လုရီဒီဆုလာဘ်ကို မမျှော်မှန်းထားခဲ့ပေ။ နောက်ဆုံးအကြိမ် ရည်ရွယ်ချက်စွမ်းအင် ဆုလာဘ်ကို သူတွေ့ခဲ့သည့်အချိန်မှာ စီနီယာအစ်မ လျိုနင်းရွှမ် သူ့ကိုချစ်မိအောင်လုပ်ရမည့် တာဝန်၏ ဆုလာဘ်ပင်။

ဓားရည်ရွယ်ချက်စွမ်းအင်အမျှင်တန်း ကလေးသာဖြစ်သော်လည်း ရည်ရွယ်ချက်စွမ်းအင်ကတော့ ရည်ရွယ်ချက်စွမ်းအင်ပင်။ ဒီအားကြီးမားသည့်အရာမှာ ဟင်းလင်းဥမင်လောကရှိ လူများသာပိုင်ဆိုင်နိုင်သည်။ အမျှင်တန်းကလေးဖြစ်လျှင်တောင် အလွန်ရှိန်စရာကောင်းပြီး လုရီ၏တိုက်ပွဲခွန်အားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်သည်။

ပိုင်ယွီလောင်းကိုကြည့်နေရင်း မျက်လုံးအရောင်တောက်လာသည့် လုရီသည် စိတ်လိုလက်ရပြုံးကာ ပြော၏။

“ စီနီယာညီကို ပိုင်ယွီလောင်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြသပေးပါဦး “

လုရီ၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသည့် ပိုင်ယွီလောင်းမှာ အံ့ဩသွားသည်။

“ အငယ်တန်းညီလေးလုလည်း ကျွန်တော့်ကို ပြသပေးပါဦး “

ဒူဂုဖန်၏ အသံထွက်ပေါ်လာသည်။

“ စတော့ “

ပိုင်ယွီလောင်း သူ၏ခေါက်ယပ်တောင်ကို ဖြန့်ထုတ်ပြီး စိတ်ဝိဉာဉ်စွမ်းအင်ကို စီးဆင်းစေကာ လေတွေကို အဝိုင်းပုံစုလျှက် သူ့ကိုယ်သူပျောက်ကွယ်သွားအောင်လုပ်လိုက်သည်။

လုရီကလည်း တိမ်ဖြူကိုယ်ဟန်သိုင်းကိုသုံးကား မြင်ကွင်းက ပျောက်ကွယ်သွား၏။

တစ်ခဏကြာပြီးနောက် စင်ပေါ်တွင် နှစ်ယောက်လုံးပြန်ပေါ်လာပြီး လုရီ၏ ဓားရှည်နှင့် ပိုင်ယွီလောင်း၏ ခေါက်ယပ်တောင်မှာ အချင်းချင်းတိုက်ခိုက်ရင်း ဝိဉာဉ်စွမ်းအင်များမှာလည်း ရောထွေးနေကြသည်။

အုံးးး။

ချီဓားရှည်နှင့် ချီဓားကောက်တို့ တွေ့ဆုံသည့်အခါ လှိုင်းတိုများအဖြစ်ပြောင်းသွားပြီး စင်မြင့်ထက်တွင် ဓားရာများ ချန်ရစ်သည်။

မကြာခင်မှာပဲ နှစ်ဦးလုံး ထပ်မံပျောက်ကွယ်သွားပြီး ဓားချင်းထိခတ်မိသံများနှင့်အတူ ပြန်ပေါ်လာကြပြန်သည်။

ပိုင်ယွီလောင်း၏ သိုင်းကွက်များမှာ ထျန့်မန်ထက် ပိုအားကောင်းပြီး ပိုမြန်၏။ ထျန့်မန်နှင့် ယှဉ်ပြိုင်စဉ်က လုရီမှာ သူ၏အရှိန်ကိုမြှင့်ကာ ထျန့်မန်၏အားနည်းချက်ကိုရှာပြီး ချက်ချင်းအနိုင်ယူနိုင်ခဲ့သော်လည်း ပိုင်ယွီလောင်းမှာမူ မတူညီပေ။

ကြမ်းတမ်းသည့် သိုင်းကွက်တွေထဲတွင် ပိုင်ယွီလောင်း ဓားမသိုင်းကွက်မှာ အတော်လေး ကြောက်စရာကောင်းလှသည်။ လုရီ၏ တိမ်ဖြူဓားရှည်သိုင်းနှင့် သိသာသည့် ကွာခြားမှုရှိသော်ငြား ပိုင်ယွီလောင်း၍ ကျင့်ကြံရေးအဆင့်မှာ မြင့်နေသည်။ ချီကျင့်ကြံရေးအဆင့်၁၀ မှာရောက်နေသည့် သူဖြစ်သည့်အတွက် စိတ်ဝိဉာဉ်စွမ်းအင်မှာ နက်ရှိုင်းပြီး အားပြင်းသည်။

ရလဒ်အနေဖြင့် နှစ်ဦးလုံးမှာ သူမသာကိုယ်မသာအခြေအနေသို့ ရောက်နေပြီး လုရီက အနည်းငယ် အသာစီးရနေသည်ဆိုသော်ငြား အနိုင်ရဖို့အထိတော့ မလုံလောက်သေးပေ။

စင်ပေါ်ရှိ ပြင်းထန်သည့်တိုက်ပွဲရလဒ်အနေဖြင့် တစ်ဝက်ဖောက်ထွင်းမြင်နေရသည့် စွမ်းအင်လှိုင်းတို့မှာ လေနှင့်အတူနေရာအနှံ့ရောက်ရှိသွားသည်။ အနီးအနားရှိ အပြင်ဆောင်ဂိုဏ်းသားတို့မှာလည်း အံ့ဩကြကုန်၏။

“ အငယ်တန်းညီကိုလုရော စီနီယာညီကို ပိုင်ယွီလောင်းရော နှစ်ယောက်လုံးအားပြင်းလိုက်တာ “

“ အမှန်ပဲ သူတို့ရဲ့ သာမန်ရိုက်ချက်လေးဆိုရင်တောင် ငါခံနိုင်မှာမဟုတ်ဘူး “

စီနီယာညီကို ပိုင်ကတော့ ချီကျင့်ကြံရေးအဆင့်၁၀ ရှိတဲ့အပြင် အခြေခံထူထောင်ခြင်းလောကကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုထားတဲ့လူဆိုတော့ မှန်းထားတဲ့အတိုင်းပဲဆိုပေမဲ့ ချီအဆင့်၇ ပဲရှိသေးတဲ့ ညီကိုလု က ဒီလောက်တောင် အားပြင်းရလား “

“ တကယ်ကို ကြောက်စရာပဲ “

အုံးးး။

နောက်ထပ် တိုက်မိသံဖြစ်ပြီး လုရီရော ပိုင်ယွီလောင်းပါ နောက်ဆုတ်ရင်း စင်အဖျားသို့ရောက်သွားကြသည်။

ပိုင်ယွီလောင်းက အသက်ကိုရှူထုတ်ရင်း စိတ်ဝိဉာဉ်စွမ်းအင်ကို တည်ငြိမ်အောင်လုပ်သည်။ အသက်ပြင်းပြင်းရှူလိုက်ရင်း လုရီကိုကြည့်ကာ

“ အငယ်တန်းညီကို လုရီ သတိထားတော့ “

စိတ်ဝိဉာဉ်စွမ်းအင် အများအပြားကို ခေါက်ယပ်တောင်ဆီ စီးဆင်းစေလိုက်၏။ ယပ်တောင်ကနေ ချွန်မြသည့် အရှိန်အဝါထုတ်လွှတ်နေရင်း ယွီလောင်း၏ အရှိန်အဝါကပါ တိုးလာသည်။

ပိုင်ယွီလောင်းမှာ သူ၏မှော်လက်နက်ကို ဝိဉာဉ်စွမ်းအင်အပြည့်ဖြင့် အသက်သွင်းပြီးသွားပြီပင်။

ဒါကိုမြင်သည့်လုရီကလည်း ဓားရှည်ထီ စိတ်ဝိဉာဉ်စွမ်းအင်များအား ထည့်သွင်းလိုက်ပြီး ချွန်မြသည့် ဓားရည်ရွယ်ချက်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

သူ့လက်ထဲရှိ ဓားရှည်မှာအခြားသော မှော်အသုံးအဆောင်လက်နက်ကဲ့သို့ပင်။ အဖိုးကြီးလုက ဒီဓားတွင် ထင်ရှားသည့် စိတ်ဝိဉာဉ်ကျောက်တုံးအချို့ ထည့်သွင်းထားသည်။

မှော်လက်နက်များ အသက်သွင်းပြီးကြချိန်တွင် နှစ်ဦးစလုံးမှာ ထပ်မံပျောက်သွားပြီး ပြန်တိုက်ကြပြန်သည်။

အုံးးးးးး။

ချွန်မြပြီး တစ်ဝက်ဖောက်ထွင်းမြင်ရသည့် အရှိန်အဝါနှစ်ခုဟာ စင်မြင့်ထက်တွင်ထိပ်တိုက်တွေ့ပြီး ဆယ်မီတာကျော်လောက်အထိ ပျံ့လွင့်သွားသည်။ မှော်လက်နက်များကို အသက်သွင်းပြီးသည်နှင့် သိုင်းပညာစွမ်းအားမှာလည်း ထင်ရှားစွာ မြန်ဆန်လာသည်။

နှစ်ဦးလုံးမှာ ရှောင်ရှားရင်း တိုက်ခိုက်ရင်းနှင့်ပင် ပြင်းထန်ကြီးမားသည့် စွမ်းအားကြောင့် စင်မြင့်မှာ ဖျက်ဆီးမှုဒဏ်ကို ခံနေရသည်။

တစ်ရာကျော်လောက် တိုက်ခိုက်အပြီးတွင် ပိုင်ယွီလောင်း၏ အရှိန်အဝါမှာ စတင်အားဖျော့လာပြီး တစ်ချက်တည်းနှင့် လုရီ၍ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။

နောက်ဆုံးရင် စင်ဖျားနားဆီရောက်သွားပြီး မြေကြီးနှင့် ခြေထောက်ထိမိနေသည့် ပိုင်ယွီလောင်းက လုရီကိုအဝေးကနေကြည့်နေ၏။ မောဟိုက်နေသည့် ပိုင်ယွီလောင်းက

“ အငယ်တန်းညီကိုလုရီ မင်းရဲ့စိတ်ဝိဉာဉ်စွမ်းအင်က မကုန်သေးဘူးလား “

လူရိသူ့ဆီတွင် စိတ်စွမ်းအင် သုံးပုံနှစ်ပုံခန့်ကျန်သေးကြောင်း ခံစားလိုက်ရသည်။ ပိုင်ယွီလောင်း၍ လျော့ပါးလာသည့် စွမ်းအင်ကိုမြင်သည့်အခါ လည်ချောင်းရှင်းလိုက်ပြီး။

“ ကျွန်တော့် စိတ်ဝိဉာဉ်စွမ်းအင်လည်း ကုန်ခါနီးနေပြီ “

ဒါကို ကြားတဲ့ ပိုင်ယွီလောင်းဟာ အသက်ကိုပြင်းပြင်းရှုလိုက်ရင်း လုရီဆီ ချိန်ရွယ်လိုက်ပြန်သည်။

အုံး အုံး အုံး။

တိုက်ပွဲ၏ ပဲ့တင်သံတွေထပ်သွားသည်။ ပိုင်ယွီလောင်း အောက်ကိုကျမသွားခင်အထိ နောင်ထပ်၁၂ကြိမ်လောက်သာ ဓားချင်းခတ်လိုက်ရသည်။ အောက်ရောက်သွားသည့် ပိုင်ယွီလောင်းတစ်ယောက် ဒယီးဒယိုင်ခြေလှမ်းတွေနှင့် ပါးစပ်ကပါသွေးတွေစီးကျလာသည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး တက်ကြွနေဆဲ လုရီကိုကြည့်ကာ အော်တော့သည်။

“ ညီကိုလု မင်းကလူလိမ်ပဲ။ မင်းကြည့်ရတာ ဝိဉာဉ်စွမ်းအင် ကုန်တော့မဲ့ ပုံလည်းမပေါ်ဘူး “

ပိုင်ယွီလောင်း၏ မကျေမချမ်းနိုင်အမူရာကိုမြင်သည့် လုရီဟာ လည်ချောင်းကိုရှင်းပြီး လေးလေးနက်နက်ပြောသည်။

“ လေးပုံတစ်ပုံလောက်ကျန်သေးတယ်လို့ ပြောတာပါ “

ပိုင်ယွီလောင်း “ ???? “

လုရီကို မယုံကြည်နိုင်သည့်ပုံနှစ့်ကြည့်လိုက်ပြီး

“ ဝိဉာဉ်စွမ်းအင်လေးပုံတစ်ပုံတောင်ကျန်သေးတာကို မင်းကကုန်ခါနီးပြီလို့ ပြောတယ်ပေါ့ “

စင်အောက်က ကျန့်ဖန်နှင့် တခြားလူများပါ ထူးဆန်းသွားကြသည်။

လင်းဝမ်အာက ဆို၏။

“ အငယ်တန်းမောင်လေးလုက မကောင်းဆိုးဝါးလား။ ချီအဆင့်၇ ကျင့်ကြံရေးသမားက ပိုင်ယွီလောင်းလို ချီအဆင့်၁၀ ရှိတဲ့ကျင့်ကြံရေးသမားရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ထက် ဘယ်လိုလုပ် ပိုများနေရတာလဲ “

ကျန့်ဖန်ကလည်း တည်ငြိမ်စွာပြော၏

“ မကြားလိုက်ဘူးလား။ သူ့ရဲ့ တိမ်ဖြူချီစင်သိုင်းစနစ်ကလည်း စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းကို ရောက်နေပြီလေ။ သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအင် စုပ်ယူမှုက သာမန်ချီအဆင့်၇ ကျင့်ကြံသူတစ်ယောက်ထက် အများကြီးပိုတယ် “

သာမန် အေးစက်နေတတ်သည့် လီယွန်းက စိတ်တိုတိုနှင့် ပြောလာသည်။

“ ဒါက ချီကျင့်ကြံရေးအဆင့်၇ ကျော်တာကိုပြောနေတာမှမဟုတ်တာ။ စီနီယာညီကို ပိုင်ယွီလောင်းရဲ့ ဝိဉာဉ်စွမ်းအင် အကုန်ကုန်သွားတာတောင် ဒီကောင်လေးက လေးပုံတစ်ပုံကျန်သေးတယ်ဆိုတာက ချီအဆင့်၁၀ တောင်မကတော့ဘူး “

ကောင်းကင်ရှိ ဒူဂုဖန်နှင့် တခြားသောအကြီးအကဲများပါ အံ့ဩနေကြသည်။

အတွင်းဂိုဏ်းက အကြီးအကဲတစ်ယောက်က လုရီကို ချီးမွမ်း၏။

“ ဒီကောင်လေးက အံ့ဩစရာပဲ။ ချီကျင့်ကြံရေးလောကမှာ နည်းစနစ်တစ်ခုကို အပြည့်အဝကျွမ်းကျင်နေရုံမက သိုင်းပညာနှစ်ခုကိုလည်း စစ်မှန်လောကပြန်လည်ရရှိခြင်းအထိကျင့်ကြံနိုင်ခဲ့တာပဲ “

“ အမှန်ပဲ ဒီလိုနားလည်နိုင်စွမ်းက ရှားပါးတယ်။ ပင်မတပည့်ဂိုဏ်းသားတွေထဲမှာတောင် သူ့ကိုယှဉ်နိုင်တဲ့လူ နည်းနည်းပဲရှိလောက်မှာ “

“ ဒီကလေးရဲ့ ဓားသိုင်းပညာက ကျုပ်ရဲ့အမွေအနှစ်ကိုခံယူဖို့ သင့်တော်တယ်။ ဒီကောင်လေးကို တပည့်အနေနဲ့ခေါ်ရမယ် “

ဆံပင်ဖြူနဲ့ အဖိုးကြီးဟာ နှုတ်​ခမ်းမွေးကို သပ်တင်ရင်း ပြော၏။

ချက်ချင်းပဲ အကြီးအကဲတွေကြားက လေထုဟာ အေးခဲသွားပြီး ထိုအဖိုးကြီးကိုအော်ပြောကြသည်။

“ ဒီလူအိုကြီးကတော့ ဘာတွေပြောနေတာလဲ။ ခင်ဗျားကိုယ်ခင်ဗျား သူ့ဆရာလုပ်ဖို့ ထိုက်တန်တယ်ထင်နေတာလား “

“ ဟုတ်ပ။ ဒီကောင်လေးရဲ့ သိုင်းကွက်တွေက အံ့မခန်းမို့ ကျုပ်ဆီက ပြေးထွက်သိုင်းပညာကိုပဲ သင်ယူသင့်တယ် “

“ ဖယ်ကြစမ်းပါ။ အရှက်မရှိတဲ့လူတွေ။ ကျုပ်က နတ်သဖွယ်အားမြှင့်ပြောင်းလဲခြင်းအဆင့်ကိုရောက်ခါနီးပြီ။ ကျုပ်နားမလည်သေးတဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းဖို့အတွက် ဒီကလေးကို ရွေးမယ်။ ကျုပ်တပည့်လုပ်ခိုင်းမှာ “

“ လုရီနဲ့ငါက ကံတရားက ရွေးချယ်ပြီးသလို ခံစားရတယ် “

အတွင်းဂိုဏ်းရှိ အကြီးအကဲတစ်ယောက်ပြီးတစ်ယောက် စကားများကုန်ကြတော့လေသည်။

အခန်း ၃၀ : ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည့် ဓားရည်ရွယ်ချက်စွမ်းအင်။

ထိုအချိန်မှာပဲ ဒူဂုဖန်က နှာကိုရှုံ့ရင်း အေးစက်စွာပြောသည်။

“ တော်ကြတော့ “

သူ၏ ပင်မရွှေအူတိုင်တောင်ထိပ် အရှိန်အဝါဟာ တခြားသော ပင်မရွှေအူတိုင်ကျင့်ကြံရေးလောကရှိ အတွင်းဂိုဏ်းအကြီးအကဲတို့ကို လှည့်ကြည့်စေသည်။

ဒူဂုဖန်က အားလုံးကို သရော်ပြုံးပြုံးရင်း

“ အရှက်မရှိတဲ့လူတွေ။ ဖွံ့ဖြိုးဝိဉာဉ်အဆင့်တောင် မရောက်သေးဘဲ လုရီလိုလူမျိုးကို တပည့်တော်လို့ရမယ်ထင်နေတာလား။ သူ့ကိုလမ်းမှားရောက်အောင် ပို့မိမှာ မကြောက်ကြဘူးလား “

အကြီးအကဲအားလုံးက မကျေနပ်ကြ။

“ မဖြစ်နိုင်တာ။ လူအိုကြီး ဒူဂု မမှန်ဘူး။ ပင်မရွှေအူတိုင်အဆင့်ဖြစ်တော့ရော ဘာဖြစ်သလဲ။ ပင်မရွှေအူတိုင် ကျင့်ကြံသူတွေကရော လူမဟုတ်တော့ဘူးလား။ ဖွံ့ဖြိုးဝိဉာဉ်အဆင့်က မကောင်းဆိုးဝါးတွေကို ကြောက်နေရမှာလား။ တပည့်တွေကို သင်ကြားပေးတဲ့နေရာမှာတော့ ကျုပ်က ဆရာတစ်ဆူပဲ “

“ ဒီစကားတွေကို ခင်ဗျားရဲ့ ရေတံခွန်တောင်ထိပ်မှာရှိတဲ့ ဖွံ့ဖြိုးဝိဉာဉ်အဆင့်အကြီးအကဲတွေကို သွားပြောပါလား”

ဒူဂုဖန်က မထိတထိပြောလိုက်သည်။

စကားပြောနေသည့် အကြီးအကဲမှာ တိတ်ဆိတ်သွားလေပြီ။ ဖွံ့ဖြိုးဝိဉာဉ်ကောင်တွေကို ပင်မရွှေအူတိုင် အဆင့်ကလူတွေ မယှဉ်နိုင်တာတော့ အမှန်ပင်။

ဒူဂုဖန်က ဆက်ပြောသည်။

“ အပြင်ဆောင်ဂိုဏ်းသားတွေကျင့်ခွင့်ရှိတဲ့ နည်းစနစ်နဲ့ သိုင်းပညာတွေက နည်းနည်းပဲရှိလို့သာ လုရီက နည်းစနစ်တစ်ခုနဲ့ သိုင်းပညာနှစ်ခုကို စစ်မှန်လောကပြန်လည်ရရှိခြင်းအဆင့်ကိုရောက်တာ။ ဒီကလေးရဲ့ လုပ်နိုင်စွမ်းက ဘယ်လောက်အထိရှိနိုင်မလဲဆိုတာ ခင်ဗျားတို့ဘယ်လိုသိမှာလဲ။ ဒီလိုအရည်အချင်းမျိုးနဲ့ဆို မေ့လိုက်ပြီး တခြားတပည့်တွေသာရှာတော့ “

အကြီးအကဲတွေမျက်နှာဟာ ဒါကိုကြားတော့ ပြောင်းလဲကုန်သည်။

“ မေ့လိုက်ပြီ မေ့လိုက်ပြီ။ ဒီပြိုင်ပွဲကြီးပြီးတာနဲ့ ဒီကောင်လေးရဲ့ အရည်အချင်းက ဖွံ့ဖြိုဝိဉာဉ်အဆင့်ကလူတွေကို ကျိန်းသေပေါက် စွဲဆောင်မှာပဲ “

“ ပိုင်ယွီလောင်းလည်း တော်ရှာပါတယ်။ အခြေခံခိုင်တော့ ငါ့တပည့်အနေနဲ့ခေါ်လို့ရလောက်မယ် “

အကြီးအကဲတစ်ယောက်ပြီး တစ်ယောက်လက်လျှော့ရင်း တခြားဂိုဏ်းသားတွေကိုသာ အာရုံစိုက်ကုန်ကြသည်။

ထိပ်တန်းအဆင့်၁၀ သို့ဝင်ရန်မှာ အရည်အချင်းလိုအပ်မျိုး သူတို့အတွက်လည်း တပည့်ကောင်းတွေ ရွေးချယ်ဖို့ အခွင့်ကောင်းဖြစ်သည်။

သူတို့စကားပြောနေစဉ်မှာပဲ ပြိုင်ပွဲခေါင်းလောင်းက ရလဒ်ကို အဆုံးအဖြတ်ပေးလိုက်၏။ ဝိဉာဉ်စွမ်းအင် လေးပုံတစ်ပုံခန့်ကျန်သေးသည်ဟူသော လုရီ၏စကားကိုကြားသည့် ပိုင်ယွီလောင်းမှာအတော်လေး ထုံနေပြီဖြစ်သည်။ လုရီ၏ တိုက်ခိုက်မှုကို ဝိဉာဉ်စွမ်းအင်ကုန်သွားသော ပိုင်ယွီလောင်းမှာ ခုခံဖို့မဖြစ်နိုင်တော့။

သိပ်မကြာခင်မှာပဒ ပိုင်ယွီလောင်းရှုံးသွားရသည်။

ပိုင်ယွီလောင်း တစ်ယောက် ဒယီးဒယိုင်ဖြစ်တဲ့ ကိုယ်ကို ငြိမ်အောင်ပြန်ထိန်းလိုက်သည်။ လုရီကိုကြေကွဲသည့် မျက်နှာဖြင့်ကြည့်ရင်း ခါးသက်သက်ပြုံးကာ လက်ကိုစုလိုက်၏။

“ အငယ်တန်းညီကိုလုရဲ့ ခွန်အားက လက်ဖျားခါလောက်ပါတယ်။ စီနီယာညီကိုအနေနဲ့ ရှက်ရွံ့မိပါတယ် “

လုရီကလည်း လက်ကိုစုရင်း

“ စီနီယာညီကိုကသာ ကျွန်တော့်ကို နိုင်ခွင့်ပေးခဲ့တာပါ “

ဒူဂုဖန်က စင်ပေါ်ကိုတက်လာပြီး လုရီကို ခေါင်းတညိတ်ညိတ်ဖြင့် ကြည့်ကာ ညင်သာစွာပြုံးပြီးပြော၏။

“ မဆိုးပါဘူး မဆိုးပါဘူး သွားပြီး အနားယူတော့ “

လုရီခေါင်းညိတ်ပြီး စင်ပေါ်မှဆင်းခဲ့လိုက်သည်။

ကျန့်ဖန်နှင့် တခြားလးတွေ၏ အထူးအဆန်းဖြစ်နေသာ အမူအရာကိုမြင်တော့ လုရီရှက်ရှက်နှင့် ပြုံးလိုက်ကာ

“ စီနီယာအစ်ကိုအစ်မတို့ ကျွန်တော့်ကို ဘာလို့ အဲ့လိုကြည့်နေကြတာလဲ “

“ .. မောင်လေးက မကောင်းဆိုးဝါးကြီးလား “

လင်းဝမ်အာကမေးလိုက်သည်။

လုရီမျက်နှာမှာ မှောင်မဲသွားပြီး

“ စီနီယာအစ်မလင်း ကျွန်တော်က သာမန်လူသားကျင့်ကြံသူလေးတစ်ယောက်ပါ “

မဟုတ်လို့လား။

လုရီ၍အဖြေကိုကြားသည့် လူတွေခင်မျာ ဘာပြန်ပြောရမယ်မှန်းမသိတော့။

ဒီကောင်လေးမှာ “ သာမန် “ ဆိုသည့်စကားလုံးနှင့်ပတ်သက်ပြီး နားလည်မှုလွဲစရာ အကြီးကြီးရှိနေတာများလား။

ထိုအချိန်မှာလဲ ဒူဂုဖန်၏အသံကထွက်ပေါ်လာသည်။

“ လင်းဝမ်အာနဲ့ လီယွန် စင်ပေါ်ကိုတက်လာပေးပါ “

လင်းဝမ်အာနှင့် လီယွန်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စင်မြင့်ဆီတက်သွားလိုက်ကြသည်။

ကျန့်ဖန်ကပြုံးပြီးပြောလာသည်။

“ အငယ်တန်းညီကိုလုရီ ကောင်းကောင်းနားလိုက်ပါ။ တခြားပွဲတွေရှိသေးတယ် “

လုရီခေါင်းညိတ်ပြလိုက်ပြီး ခြေချောင်းတွေကိုချိတ်ကာ မျက်လုံးကိုမှိတ်ရင်း အနားယူသည့်ပုံဟန်ဆောင်လိုက်သည်။

အမှန်တွင် လုရီ၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ သိပ်မကုန်သေးဘဲ ပြိုင်ပွဲပြီးသည့်အချိန်တွင် သုံးပုံနှစ်ပုံလောက် ကျန်သေးသည်ဖြစ်ရာ ပြန်ပြည့်နှုန်းကလည်း မြန်သည်။ တစ်ခဏအတွင်းမှာပဲ တော်တော်လေးပြန်ပြည့်သွားပြီဖြစ်သည်။

သူသာမဟန်ဆောင်လျှင် မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်သွားကြလိမ့်မယ်။ လုရီကတော့ သူ့ကိုယ်သူ သာမန်လူတစ်ယောက်ဟုသာ စဉ်းစားသည်ပင်။

မျက်လုံးပိတ်လျှက်သားနှင့် ပြီးဆုံးသွားသည့်တာဝန််များကို ကြည့်လိုက်သည်။

ပိုင်ယွီလောင်းတာဝန် အတွက် ဆုသည် ပြီးဆုံးကြောင်းပြထားသည်မို့ ဘယ်အချိန်မဆို ရယူနိုင်သည်။

လုရီခဏတော့တွေးလိုက်၏။ ဓားရည်ရွယ်ချက်စိတ်စွမ်းအင်သည် အရာဝတ္ထုမဟုတ်ဘဲ ဉာဏ်အလင်းပွင့်မှုမျိုး ဖြစ်သည့်အတွက် အခုယူလိုက်လျှင်လည်း ပြဿနာမရှိချေ။

ဓားရည်ရွယ်ချက်စွမ်းအင် ဘယ်လောက်အစွမ်းထက်ကြောင်း ကြည့်ဖို့ သူစိတ်အားထက်သန်နေသည်။

ဆုကိုလက်ခံဖို့ ရွေးပြီးသည်နှင့်တစ်ပြိုင်နက် ဓားရှည်အလင်းရောင်တစ်ခုဟာ သူ၏စိတ်အတွင်းသို့ရောင်ပြန်ဟပ်လာသည်။

ဓားရှည်အလင်းရောင်ဟာ အလွန်ချွန်မြသန့်စင်ပြီး သူ့စိတ်အမှောင်ကို ဖြတ်သွားသကဲ့သို့ရှိသည်။

ထို့နောက် ဓားရည်ရွယ်ချက်စွမ်းအင်၏ လျှို့ဝှက်အချက်အလက် အများအပြားဟာ လုရီ၏စိတ်ထဲတွင် ပေါ်လာတော့သည်။

ရေမြှုပ်ဖော့တုံးလို လုရီစုပ်ယူလိုက်ပြီး သူ၏ဓားသိုင်းပညာ နားလည်နိုင်စွမ်းမှာလည်း ချက်ချင်းတိုးတက်လာသည်။

ဓားရည်ရွယ်ချက်စွမ်းအင်ကို စုပ်ယူပြီးခဏအကြာ လုရီမျက်လုံးကို ဖွင့်လိုက်ရာ ဓားအလင်းရောင်တစ်ခု၏ ရောင်ပြန်ကိုမြင်လိုက်ရသည်။

လုရီအသက်ရှုထုတ်လိုက်ရင်း ပျော်ရွှင်မှုကိုခံစားလိုက်ရသည်။

ဓားရည်ရွယ်ချက်စွမ်းအင်ကိုသာ စစ်မှန်အခြေအနေသို့ပြန်လည်ရောက်ရှိခြင်း တိမ်ဖြူဓားရှည်သိုင်းပညာသို့ ထပ်ပေါင်းလိုက်လျှင် သူ၏စွမ်းအားမှာ သိသိသာသာတိုးလာပေလိမ့်မည်။

အဆင့်၇ နှင့်အထက် တိမ်ဖြူဓားရှည်သိုင်းနှင့်သာတွဲသုံးရင် စွမ်းအားက အံ့မခန်းပင်။

လုရီစိတ်လှုပ်ရှားစွာ အနီးရှိ ပိုင်ယွီလောင်းကိုကြည့်ရင်း ရေရွတ်လိုက်၏။

“ စီနီယာညီကို ပိုင်ယွီလောင်းကို အနိုင်ယူမယ် “

[တာဝန်]

ပိုင်ယွိလောင်းကိုအနိုင်ယူပါ။ ( လုပ်ဆောင်ချက် ၀/၁ )

ဆုလာဒ်: ဓားရည်ရွယ်ချက်စွမ်းအင် အမျှင်တန်းတစ်ခု

လက်ခံမည်လား : လက်ခံပါမည်/ လက်မခံပါ။

လုရီပိုပျော်သွား၏။

ကောင်းလိုက်တာ။ အနာဂတ်မှာ စီနီယာညီကို ပိုင်ယွီလောင်းနှင့် ရင်းနှီးအောင်နေရမည်။

လုရီ၏အကြည့်ကို ခံစားမိသည့် ပိုင်ယွီလောင်းက လှည့်ကြည့်ရာ ဖော်ရွေသည့်မျက်နှာထားတစ်ခုကို မြင်လိုက်ရသည်။ ဘာလို့မှန်းမသိ ပိုင်ယွီလောင်း စိတ်ထဲတွင် ချမ်းစိမ့်စိမ့်ဖြစ်သွားရသည်။

“ အငယ်တန်းညီကိုလု ဘာများဖြစ်လို့လဲ “

လုရီ ဝမ်းမြောက်ဝမ်းသာ တာဝန်ကိုလက်ခံလိုက်ပြီး ရွှင်မြူးသည့်အပြုံးတစ်ခုဖြင့်ပြော၏။

“ ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး။ စီနီယာအစ်ကို ပိုင်ယွီလောင်းရဲ့ အမူအရာကကြည့်ကောင်းပြီး ရုပ်ချောတယ်လို့ တွေးမိလို့ပါ “

ပိုင်ယွီလောင်း၏ မျက်လုံးမှာ အရောင်လက်သွားကာ ခေါက်ယပ်တောင်ကို ဖြန့်ရင်း

“ အငယ်တန်းညီလေးလုက အမှန်တွေပြောတာပဲ။ အဲ့လိုအမှန်တွေပြောတတ်တဲ့ လူတွေကိုကြိုက်တယ် “

လုရီ ကအတည်ပေါက်ပြန်ဖြေ၏။

“ ကျွန်တော့်ရဲ့ အကြီးမားဆုံးအားသာချက်က ရိုးသားပြီး အမှန်ပြောတာလေ။ အတွင်းဂိုဏ်းကိုရောက်သွားရင် အစ်ကိုနဲ့ကျွန်တော် မကြာခဏ ပညာချင်းဖလှယ်ရအောင် “

“ ကောင်းသားပဲ “ ပိုင်ယွီလောင်းက အပြုံးနှင့်ပြန်ပြောသည်။

အနီးနားရှိ ကျန့်ဖန်က လုရီကို ထူးဆန်းသလိုကြည်ရင်း

“ အငယ်တန်းညီလေးလူ နည်းနည်းပြောင်းလဲသွားသလိုပဲ။ ကျွန်တော်ပဲထင်နေတာလားမသိဘူး “

လုရီခဏတော့ အံ့ဩသွားမိသည်။ စီနီယာအစ်ကို ကျန့်ဖန်တွင် ဒီလိုအားကောင်းသည့် ဝမ်းတွင်းအသိမျိုးရှိနေသည်လား။ အခုမှ ဓားရည်ရွယ်ချက်စွမ်းအင်ကို ရရုံလေးရှိသေးတာကို စီနီယာညီကို ကျန့်ဖန်က တစ်ခုခုခံစားမိတယ်ပေါ့။

လုရီကပြုံးကာပြောသည်။

“ စီနီယာညီကို ပိုင်ယွီလောင်းနဲ့ တိုက်ခိုက်ရင်း အသိပညာအချို့ရလိုက်တာနေမယ် “

ပိုင်ယွီလောင်းက ဘာမှမသိဘဲ မေးခွန်းထုတ်သည့်အကြည့်ဖြင့် လုရီအားကြည့်သည့်။

နေပါဦး..နှစ်ယောက်လုံး အတူတူတိုက်ခိုက်ကြတာမလား။ ငါကျဘာလို့ ဘာအသိပညာမှမရရတာလဲ။

ပိုင်ယွီလောင်း အဖြေမရှာနိုင်သလို ကျန့်ဖန်လည်း ဘာစကားမှ ဆက်မပြောနိုင်တော့။

“ … အငယ်တန်းညီကို လုရဲ့ နားလည်တတ်မြောက်နိုင်စွမ်းကတော့ တကယ့်ကိုအားကျစရာပါပဲ “

လုရီသဘောတကျရယ်ရင်း

“ စီနီယာညီကိုက မြှောက်ပင့်လွန်းနေပါပြီ “

တိုအချိန်တွင် စင်မြင့်ထက်က အသံတစ်ခုကြားရသည်မို့ လုရီကြည့်လိုက်မိတော့ လီယွန်မှာ စင်ပေါ်ကပြုတ်ကျပြီး ရှုံးနိမ့်သွားသည်ကို တွေ့လိုက်ရသည်။

စင်ပေါ်ရှိ လင်းဝမ်အာ၏မျက်နှာမှာလည်း ဖြူဖျော့နေပြီး လက်မောင်းရှိ ဓားရှရာနှစ်ခုမှာသွေးထွက်နေသည်။ သို့သော် အပြုံးရေးတေးတေးတစ်ခုရှိနေဆဲပင်။

ဒူဂုဖန်၏ အသံထွက်ပေါ်လာပြန်သည်။

“ လင်းဝမ်အာအနိုင်ရရှိသွားပါတယ် “

လီယွန်းဟာ စိတ်ညစ်သွားသည့်ပုံနှင့် နှာရှုံ့လိုက်ကာ စတင်အားပြန်ဖြည့်တော့သည်။

လင်းဝမ်အာက စင်ပေါ်ကခုန်ဆင်းလာပြီး တခစ်ခစ်နှင့်

“ လီယွန်း ဘယ်လိုနေလဲ။ ကျွန်မ မသန်မာဘူးလား “

လီယွန်း ကြွားလုံးထုတ်နေသည့် လင်းဝမ်အာကိုကြည့်ရင်း ပိုစိတ်ဆင်းရဲသွားပြီး အမူအရာမှာ ပိုခါးသက်သွားရသည်။

စင်မြင့်ထက်ရှိ ဒူဂုဖန်က အေးဆေးစွာပြောသည်။

“ နောက်ထပ်တစ်နာရီအတွင်းမှာ အားပြန်ဖြည့်ထားကြပါ။ ဒါပြီးတာနဲ့ ထိပ်တန်းအဆင့်သုံး ရွေးချယ်ပွဲစမယ် “

All Chapters