အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း ၁၆ [ ပြိုင်ပွဲစတင်ပြီ ]
ဝမ်ဝူလျန် စင်မြင့်ပေါ်ကဆင်းသွားသည်နှင့် စိတ်အားထက်သန်နေပုံရသည့် လုလျင်ကို လုရီကြည့်ရင်း
“ ညီကို လုလျင် အခုပဲစလိုက်ကြမလား “
လုလျင် တစ်ခဏတော့ကြောင်သွားပြီး
“ အငယ်တန်းညီလေး လုက အခုမှပြိုင်ပွဲပြီးထားတာကို မနားတော့ဘူးလား “
လုရီက ပြုံးပြီး
“ ကျွန်တော့်ရဲ့ တိမ်ဖြူချီစင် သိုင်းပညာအဆင့်ကမနိမ့်တာမလို့ ဝိဉာဉ်စွမ်းအင်ပြန်ပြည့်ဖို့လွယ်တယ်။ ဒါကြောင့် နားစရာမလိုပါဘူး”
“ ဝါးး.. “
အနီးအနာရှိ ပွဲကြည့်ပရိတ်သတ်တွေ အံ့ဩကုန်ကြ၏။
“ တိမ်ဖြူဓားရှည်သိုင်းကို စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့်၊ တိမ်ဖြူကိုယ်ဟန်သိုင်း ကို အသွင်ပြောင်းလဲခြင်းအဆင့် ကိုရောက်ပြီးတဲ့အပြင် တိမ်ဖြူချီစင်သိုင်းကိုပါ နက်နဲတဲ့အဆင့်အထိရောက်နေပြီလား။ တကယ့်ကို စီနီယာ လုရီပီသပါပေတယ်”
“ စီနီယာညီကို လုရီရဲ့ နားလည်တတ်မြောက်နိုင်စွမ်းကို အားကျလိုက်တာ။ သူ့တစ်ဝက်လောက်သာ နားလည်နိုင်ရင်ကောင်းမှာပဲ “
“ … “
လူအုပ်ကြီး၏ တီးတိုးပြောဆိုသံတွေကြား လုလျင်သည် လုရီကို သေသေချာချာကြည့်မိလိုက်၏။ ရိုးရိုးသာသားပြောရလျှင် သူကိုယ်တိုင်ကပါ အားကျရသည်မှာ အမှန်ပင်။ မကြာခင်မှာပဲ တဝဲလည်လည်အတွေးတွေကို လုလျင်ရပ်ပစ်လိုက်ပြီး ရယ်မောရင်း
“ ဒီလိုဆိုမှဖြင့် ကျွန်တော်လည်းမညှာတော့ပါဘူး “
ခြေထောက်တွေကို ဖွဖွလှည့်လိုက်ရင်း စင်မြင့်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပျံတက်လိုက်သည်။ လုလျင်သည် သူ့ကဲ့သို့ပင် တိမ်ဖြူကိုယ်ဟန်သိုင်းကို ကျင့်ကြံသူဖြစ်မှန်း လုရီသိလိုက်သည်။ စောနက အကွက်မှာလည်း အတော်လေးကောင်းမွန်သည်လှ၏။
လုလျင်က မတ်မတ်ရပ်ရင်း ဓားရှည်ကိုဆွဲထုတ်ကာ
“ အငယ်တန်းညီကိုလု ခွင့်ပြုပါ “
“ ရပါတယ် လုပ်ပါ ”
ဘာမှသိပ်မပြောတော့ဘဲ နှစ်ဦးသားစတင်တိုက်ခိုက်လိုက်ကြသည်။ လုရီ ဝမ်ဝူလျန်ကို တိုက်ခိုက်သည့်ပုံအတိုင်း လုလျင်ကို တိုက်ခိုက်ရင်းခဏတော့ အချိန်ဖြုန်းလိုက်သည်။ လုလျင်၏ ဓားသိုင်းပညာအဆင့်မှာ ဝမ်ဝူလျန်လောက် မမြင့်သော်ငြား လှုပ်ရှားမှုများက အနည်းငယ်ပိုမြန်သည်။ လုရီအတွက်တော့ အရင်တုန်းကလိုပဲ ကိုင်တွယ်နိုင်မည်ဆိုတာ သေချာသည်။
အချိန်အနည်းငယ်ကြာပြီးသည့်နောက် လုရီ လုလျင်ကို အနိုင်ပိုင်းနိုင်လိုက်ကာ သက်တောင့်သက်သာဖြစ်စေရန် ထွက်ခွါခွင့်ပေးလိုက်သည်။ လုလျင်နှင့် တိုက်ပွဲပြီးသည်အထိ ဝမ်ဝူလျန်၏ ပြန်လည်သုံးသပ်မှု မပြီးသေးသည့်အတွက် အနားယူဖို့ အခွင့်အရေးအဖြစ်အသုံးချဖို့စိတ်ကူးလိုက်သည်။
သူ၏ ဝိဉာဉ်စွမ်းအင်မှာ တစ်ဝက်လောက်ကျန်သေးရာ ပင်ပန်းနေသည်တော့ မဟုတ်ပေမဲ့ အခုချိန်အနားသာမယူရင် သူ့ကိုမကောင်းဆိုးဝါးကြီးလို ထင်ကြတော့မည်။
လုရီ ဝမ်ဝူလျန်နှင့် လုလျန် တစ်ယောက်စီနှင့် ဆက်တိုက် ပညာချင်းဖလှယ်တိုက်နေသည့်အချိန်တွင် ဘေးနားရှိ ကျင့်ကြံသူတွေက စက်ဝိုင်းပုံစံဝိုင်းကာ အသိပညာရရှိဖို့ မျှော်လင့်ချက်ကလေးနှင့် စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူဓားရှည်သိုင်းကို လေ့လာနေကြသည်။
တိုက်ခိုက်မှုက တစ်နေကုန်သွား၏။ လုရီ စုစုပေါင်း ၁၆ကြိမ်တိုက်ခိုက်ပြီး တာဝန်၁၆ခုကိုအပြီးသတ်ကာ ပြီးပြည့်စံုသည့် ချီအားဖြည့်ဆေး ၁၆လုံးကိုရရှိသွားသည်။ ဆေးလုံးတွေမှာ ပြိုင်ပွဲမစခင်အထိ ကျင့်ကြံဖို့အတွက် လုံလောက်သည့် ပမာဏပြည့်သွားပြီဟု လုရီခံစားမိလိုက်သည်။
လုလျင်နှင့်ပြိုင်ပွဲအပြီး လုရီကအနည်းငယ် ပြုံးလိုက်ရင်း
“ ညီကိုလု၊ ညီကိုဝမ် ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျွန်တော်လည်း အများကြီးသင်ယူလိုက်ရတာမို့ အခုလိုပညာချင်း ဖလှယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လုရီနဲ့ ဝမ်ဝူလျန်က အနည်းငယ်ကြောင်သွားပေမဲ့ ခေါင်းကိုခါရင်း
“ ညီလေးလု ဘာတွေပြောနေတာလဲ။ ဒီနေ့မနက် ပညာချင်းဖလှယ်ခဲ့ရတာ ကျွန်တော့်အတွက်အကျိုးရှိပါတယ်။ ညီလေးလု ကျေးဇူးကြောင့် ကြည့်ရတာ ကျွန်တော့်ရဲ့ ဓားသိုင်းပညာလည် အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့မကြာလောက်တော့ဘူး”
ဝမ်ဝူလျန်ကလည်း ထောက်ခံသည့်သဘောနှင့် ခေါင်းညိတ်ကာ
“ ညီကိုလုပြောတာမှန်တယ်။ ကျွန်တော့်ရဲ့ ဓားသိုင်းပညာဆို အားမြှင့်ပြောင်းလဲခြင်းအဆင့်အထိ ရောက်ဖို့အဝေးကြီးလိုသေးပေမဲ့ အငယ်တန်းညီကိုလုကြောင့် ပိုတိုးတက်လာရပါတယ်”
လုရီက ဆေးလုံးတွေရှိနေတဲ့ သူ့ရဲ့ အိတ်ကပ်နဲ့ ရင်ဘတ်ကိုစမ်းကြည့်လိုက်ပြီး ဣန္ဒြေနဲ့ပြုံးလိုက်သည်။
“ စီနီယာညီကိုတို့ ကြင်နာလွန်းလှပါတယ်”
သူတို့သုံးဦးကြား ရင်းနှီးသည့်လေထုကိုခံစားလိုက်ရပြီးသည့်နောက် လုရီနှုတ်ဆက်ပြီး ထွက်ခွါလိုက်သည်။ လုရီရဲ့ စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူဓားရှည်သိုင်းကို အထင်ကြီးသွားကြသည့် ဂိုဏ်းသားတွေဟာ အလိုအလျောက်လမ်းဖယ်ပေးကြသည်။
လူအများစုက ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်ကြသည်။ ဒီပညာချင်းဖလှယ်ပွဲကိုကြည့်ရုံကြည့်ရတာတောင် သူတို့အတွက် တစ်ခုခုတော့ရရှိသွားသည်မဟုတ်ပါလား။
ဒီလိုအားပြင်သည့်တိုက်ပွဲတွေကို ကြည့်ရှုလေ့လာခွင့်ရသည့် ကျင့်ကြံသူတွေသည် သာမန်ကျင့်ကြံသူတွေထက် ပိုပြီးအကျိုးရှိသည့်အတွက် လုရီ၏ မနက်ခင်းပညာဖလှယ်ပြိုင်ပွဲများကို ကြည့်ရုံဖြင့် တစ်ခုခုတော့ ရရှိလိုက်ကြသည်ပင်။
လေ့ကျင့်ရေးကွင်းမှ ထက်ခွါလာသည့် လုရီသည် သိုင်းပညာကျင့်ကြံရန်အတွက် ဝိဉာဉ်ဖြူတောင်ထိပ်ဆီဦးတည်လိုက်တော့သည်။
မနက်တစ်ခင်းလုံး ပညာချင်းဖလှယ်လိုက်ရသည့်အတွက် တိမ်ဖြူဓားရှည်သိုင်းကျင့်ကြံရန် နှောင့်နှေးသွားရမည်မို့ နေ့လယ်ပိုင်းနဲ့ ညနေခင်းကို လက်လွတ်ခံလို့မဖြစ်ပါ။
ပြီးပြည့်စုံသည့် ချီအားဖြည့်ဆေးတွေ အလုံအလောက် ရရှိထားသည့် လုရီတစ်ယောက် နောက်နေ့တွင်မူအပြင်မထွက်တော့ဘဲ အဓိကပြိုင်ပွဲအတွက်သာ အာရုံစိုက်ကျင့်ကြံတော့သည်။
မနက်ခင်းတွင်် တိမ်ဖြူဓားရှည်သိုင်း၊ နေ့လယ်တွင် တိမ်ဖြူကိုယ်ဟန်သိုင်း၊ ညနေခင်းတွင် တိမ်ဖြူချီစင်သိုင်း စသည်ဖြင့် နားချိန်မရှိ။ ဒီနေ့စဉ်လုပ်ဆောင်မှု တွေက လုရီ နေ့မအားညမအားစာလေ့လာခဲ့ရသည့် အထက်တန်းဝင်ခွင့်စာမေးပွဲတွေကိုတောင် သွားသတိရစေသည်။ ပြန်မတွေးချင်လောက်သည့် အတိတ်တွေပင်။
သို့သော်ငြား စာမေးပွဲတွေနှင့် မတူသည်က ကျင့်ကြံရေးတွင် ခွန်အားသိသိသာသာတိုးလာသည်ကို ခံစားရသည်မို့ တော်တော်လေး စိတ်ကျေနပ်စရာကောင်းပြီး စွဲစေသည်။
သည်လိုနှင့် အချိန်တွေအမြန်ကုန်ဆုံးကာ လဝက်ကြာသွားသည်။
လုရီမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဝိဉာဉ်ဖြူအလင်းတန်းလေးကို မြင်နေရသည်။ တဖြည်းဖြည်း အလင်းတန်းလေးပျောက်ကွယ်သွားသည်နှင့် လုရီ လေကိုရှူထုတ်လိုက်သည်။
“အချိန်ကျပြီပဲ”
အဓိကပြိုင်ပွဲယှဉ်ပြိုင်ရမည့်နေ့။
လုရီအခန်းထဲက ထွက်လိုက်ပြီး အိမ်ရှိအဓိကခန်းမဆောင်ထဲသို့ သွားသည်။ ခန်းမဆောင်ထဲတွင် လုကောင်းယန်နှင့် ဝမ်စီးချီက စားပွဲတွင်ထိုင်နှင့်ပြီးနေပြီ။ အစားအသောက်တွေ အဆင့်သင့်ဖြစ်နေသော်ငြား တစ်ယောက်မှ တူနှင့်မထိရသေး။
လုရျဝင်လာသည်နှင့် နှစ်ယောက်လုံးကြည့်လာကြသည်။ လုကောင်းယန်က မျက်နှာထားတင်းတင်းဖြင့်
“ ရိအာ ဒီနေ့အဓိကပြိုင်ပွဲနေ့ပဲ။ သားဘယ်လိုနေလဲ”
ဝမ်စီးချီကပါ သူ့ကိုကြည့်နေ၏။ ဒီအတောအတွင်းမှာ နှစ်ယောက်စလုံးက ပြိုင်ပွဲအကြောင်း လုရီကိုဘာမှမမေးခဲ့ကြ။
အမှန်တွင် အလုပ်ခန်းမအပြင်ဘက်ရှိ အကြီးအကဲတို့က အရင်က လုရီဘယ်လောက်လုပ်ပြနိုင်ခဲ့ကြောင်းပြောရင်း ကျင့်ကြံရေးဘယ်အခြေအနေရှိနေပြီကို ခဏခဏမေးမြန်းနေကြမှာ အများအပြားပင်။
လုရီ တစ်ခါလောက် ကောင်းကောင်းမလုပ်ပြနိုင်သည်နှင့် ဘယ်လောက်တောင်အပြစ်တင်ကြမလဲဆိုတာ မှန်းကြည့်လို့ရသည်။
လုကောင်းယန်နှင့် ဝမ်စီးချီတို့ကမူ လုရီအပေါ်ဖိအားမပေးချင်။
လုရီကပြုံးရင်း
“ မပူပါနဲ့ အဖေ ကျွန်တော်အဆင်ပြေနေပါတယ်”
ပြီးခဲ့သည့်လဝက်လုံး မပျင်းမရိတောက်လျှောက် ကျင့်ကြံခဲ့သည့် လုရီ၏အဆင့်မှာလည်း ပြောင်းလဲသွားပြီ။
[ဇာတ်ကောင်] : လုရီ
[ ကျင့်ကြံရေးအဆင့် ] : ချီကျင့်ကြံရေးအဆင့်၇
[ ကျင့်ကြံရေးနည်းစနစ် ] : တိမ်ဖြူချီစင်သိုင်းပညာ
အဆင့် ၈
[ သိုင်းပညာများ ] : တိမ်ဖြူဓားရှည်သိုင်း (အဆင့်၈) ၊ တိမ်ဖြူကိုယ်ဟန်သိုင်း (အဆင့်၈)
သူ၍ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာအားလုံးသည် အဆင့်၈သို့ရောက်ရှိပြီးသား ဖြစ်၏။
ပြောရရင် လုရီဘယ်လောက်အထိသန်မာနေမှန်း သူ့ကိုယ်သူ မသိ။ အဆင့်၈ ရှိစွမ်းအားတွေဟာ အလွန်ပြင်းထန်လွန်းသည့်အတွက် ဒီလိုခြံဝန်းသေးသေးလေးထဲတွင် စမ်းသက်ပါက ပျက်စီးသွားမှာစိုးရသည်။
သို့သော်ငြား အဓိကပြိုင်ပွဲကို သေချာပေါက်နိုင်ရမည်ဟူသည့် ယုံကြည်ချက်တော့ လုရီမှာရှိသည်။ ရလာမည့် ဆုကိုလည်း သူမမေ့။
သူသာ အဆင့်၁ချိတ်ခဲ့ရင် ဘယ်လိုဆုမျိုးကိုရမည်လဲ။
လုရီမျှော်လင့်နေမိသည်။
လုရီရဲ့ ယုံကြည်မှုရှိတဲ့ပုံကိုမြင်သွားသည့် လုကောင်းယန်နှင့် ဝမ်စီးချီမှာ စိတ်သက်သာရရသွားသည်။ ဝမ်စီးချီက ပြုံးရင်း
“ အမေ့ ရိအာလေးကောင်းကောင်းလုပ်နိုင်မှာ သိပါတယ်”
လုကောင်းယန်လည်း မပြုံးချင်ချင်ပြုံးကာ
“ စကားပုံရှိတယ်လေ။ကျားအဖေကမွေးမှတော့ ခွေးပေါက်လေးဘယ်ဖြစ်မလဲကွ “
လုရီ ဒီလို အရှက်မရှိဘဲ သူ့ကိုယ်သူကျားအဖေလို့ ပြောရဲသည့် အဖေမျိုးကို တစ်ခါမှမတွေ့ဖူးဘူးဟု တွေးရင်း မျက်လုံးလန်ပြီးသာ လုကောင်းယန်ကို စိုက်ကြည့်နေလိုက်တော့သည်။
စိတ်ညစ်တာနော်။
“ စား စား။ မနက်စာစားပြီးတာနဲ့ အဖေတို့ လေ့ကျင့်ရေးကွင်းသိုင်းပညာကွင်း ကိုသွားကြတာပေါ့”
အပြင်ဆောင်ဂိုဏ်း၏ နှစ်စဉ်ပြိုင်ပွဲများသည် နှစ်တိုင်း လေ့ကျင့်ရေးသိုင်းပညာကွင်းတွင် ကျင်းပလေ့ရှိ၏။
အပြင်ဆောင်ဂိုဏ်းအတွက် အကြီးမားဆုံးပြိုင်ပွဲဖြစ်တာနှင့်အညီ အပြင်ဆောင်ဂိုဏ်းသားအကုန်လုံး လာရောက်ကြလေ့ရှိသည်။ လူတိုင်းမပြိုင်သော်ငြား အားကောင်းသည့်ဂိုဏ်းသားတွေ၏ ပြိုင်ပွဲကိုကြည့်ရင်း သင်ယူလို့ရသည်မို့ အဆင့်နိမ့်ဂိုဏ်းသားတွေအတွက် များစွာအကျိုးရှိလှသည်။
ဂိုဏ်းသားတိုင်းပြိုင်ပွဲကိုရောက်နေသည့်အချိန်တွင် အကြီးအကဲများသည်လည်း လုပ်စရာထူးထွေမရှိသည်မို့ ပြိုင်ပွဲသို့လာရောက်ကြည့်ရှုကြသည်။
လုကောင်းယန်နှင့် ဝမ်စီးချီလည်းအပါအဝင်ဖြစ်သည်။ အထူးသဖြင့် မိမိ၏သားကိုယ်တိုင်ပြိုင်ပွဲဝင် မည်မို့သွားကြည့်ရမည်။
အခန်း-၁၇ [ ပုံရိပ်ကတော့သွားပြီ ]
လေ့ကျင့်ရေးသိုင်းပညာကွင်းသည် လူအများအပြားဖြင့် ပြည့်ကျပ်နေသည်။
တချို့က ပြိုင်ပွဲဝင်ဖို့လာကြသသလို အချို့မူကားကြည့်ရုံသာ။
ပြိုင်ပွဲကြည့်ရှုမည့်သူများကမူ သိုင်းပညာကွင်းအတွင်းထဲထိ ဝင်လို့မရသည်မို့ ဘေးပတ်လည်ကနေသာကြည့်ရှုကြရသည်။ ဘေးနား တောင်ကုန်းကနေ ရပ်ကြည့်နေကြသူများမှာ ချီကျင့်ကြံရေးသမားများဖြစ်သည်မို့ ကောင်းမွန်စွာမြင်ရသည်။
အပြင်ဆောင်ဂိုဏ်းသားများအပြင် အကြီးအကဲတွေလည်း ရောက်ရှိနေကြ၏။ အကြီးအကဲအများစုမှာ ဓားပျံကိုစီး၍ လက်ကိုနောက်ပစ်ထားကြကာ မသေမျိူးစွမ်းအင်တွေကို ဖော်ထုတ်ပြသနေကြသည်။
ဓားပျံမစီးနိုင်သည့် ချီကျင့်ကြံရေးသမားတွေနှင့် ယှဉ်လျှင် ထိုသူများမှာ အထင်ကြီးလောက်စရာပင်။
ဒီအချိန်မှာပဲ ဓားပျံနှစ်ချောင်းဟာ လေထဲတွင်ဖြတ်သန်းရင်း ပြိုင်ပွဲနေရာသို့ရောက်ရှိလာပြီး ဆင်းသက်လိုက်သည်။
လုကောင်းယန်နှင့် ဝမ်စီးချီပင်။ လုကောင်းယန်က လုရီကိုပါ ခေါ်ဆောင်လာသည်။
ဘေးနားက လူတွေရဲ့ ဝိုင်းကြည့်ခြင်း ကိုခံရသည့် လုရီနည်းနည်းတော့ရှက်မိသွား၏။ အပြင်ဆောင်ဂိုဏ်းမှာဆို သူ့နာမည်ကကြီးသည်မို့ အခုလိုအဖေဓားပျံကို ကပ်စီးရသည်မှာ နည်းနည်းတော့တစ်မျိုးဖြစ်သလိုပင်။
သူ့ရဲ့ ဉာဏ်ကောင်းပြီး သူရဲကောင်းဆန်သည့်ပုံရိပ်ကလေးတော့ ပလုံပြီ…
အခြေခံထူထောင်ခြင်းလောကအဆင့်ကို ကျော်အောင်လုပ်ပြီး ဓားပျံစီးနည်းကိုမြန်မြန်သင်မှပဲဟု လုရီစိတ်ပိုင်းဖြတ်လိုက်သည်။
လုကောင်းယန်က လုရီကိုဆင်းခိုင်းပြီး ပခုံးကိုဖွဖွပုတ်ရင်း
“ သားလေး အကောင်းဆုံးလုပ်နော် ကိုယ်ကိုယ်ကိုယ်ဖိအားမပေးနဲ့ “
ဝမ်းစီးကလည်း
“ ရိအာ သားလေးအကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ အမေယုံတယ်”
လုရီနှစ်ယောက်စလုံးကိုပြုံးပြလိုက်သည်။
“ သားနားလည်ပါတယ် “
လုကောင်းယန်နဲ့ဝမ်းစီးချီက ခေါင်းကိုငြိမ့်လိုက်ပြီး တခြားအကြီးအကဲတွေရှိရာဆီ ဓားပျံစီးပြီး လေထဲမှာဖျက်ခနဲ ပျံသန်းသွားကြတယ်။
လုရီ ပြိုင်ပွဲနေရာဆီသွားသည့် လမ်းတစ်လျှောက်ရှိ အပြင်ဆောင်ဂိုဏ်းသားများက ပြုံးပြပြီးနှုတ်ဆက်ကြသည်။
“ စီနီယာညီကို လုရီ “
“ စီနီယာညီကိုလုလည်း ဒီကိုရောက်နေတာပဲ “
“ စီနီယာအစ်ကိုကြီး လုပါလား..”
အကုန်လုံးကို ပြန်ပြုံးပြနှုတ်ဆက်ရင်း မကြာခင်မှာပဲ ပြိုင်ပွဲဝင်တွေနေရာယူထားသည့် လေ့ကျင့်ရေးသိုင်းပညာလေးထောင့်ကွင်းဆီ ရောက်လာခဲ့သည်။
အတွင်းနေရာမှာလည်း လူများသည်ပင်။ တရားထိုင်သူကထိုင်၊ စကားပြောသူကပြောနေကြသည့် ပြိုင်ပွဲဝင်အပြင်ဆောင်ဂိုဏ်သားများကပါ လုရီကိုမြင်သည့်အခါ ခေါင်းညိတ်ပြုံးပြကြသည်။
“ အငယ်တန်းညီလေးလု ဒီမှာဟေ့ “
ဒီအချိန်မှာပဲ ရင်းနှီးသည့် အသံတစ်ခုကို လုရီကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ အနီးအနားမှာ ရပ်ပြီး လက်ပြနေသည့် လုလျင်၊ ဝမ်ဝူလျန် နှင့် ဝမ်ရှင်းချီ သုံးယောက်စလုံးကိုတွေ့၏။
လုရီက အနားကိုလျှောက်သွားပြီး
“ စီနီယာညီကိုတို့ “
“ ညီကိုလု နောက်ဆုံးတော့ရောက်လာပြီပဲ။ ပင်လယ်ရွေးချယ်ခြင်းက စတော့မှာမလို့ ရောက်မလာမှာစိုးရိမ်နေတာ”
ဝမ်ဝူလျန်ကအပြုံးတစ်ခုနှင့်ပြော၏။
လုလျင်က ရယ်ရင်း
“ အငယ်တန်းညီကို လုက လုကောင်းယန်အကြီးအကဲရဲ့သားဆိုတော့ သေချာပေါက် အကြီးအကဲကခေါ်လာမှာပေါ့။ မင်းကဘာတွေစိတ်ပူနေတာလဲ “
“ ပြိုင်တဲ့လူနည်းသွားမှာကို ငါကစိုးရိမ်တာပါ “
ဝူလျန်က အံကြိတ်ရင်းပြောသည်။
လုလျင်က မျက်လုံးကိုလှန်ပြီး ငြင်ငြင်သာသာလေးပြန်ပြောသည်မှာ
“ အရင်တစ်ခေါက် ငါတို့နဲ့ပညာချင်ရဖလှယ်တုန်းက နှစ်ယောက်စလုံး တစ်ခါလေးတောင် နိုင်သွားလို့လား “
“ ဒီတစ်ခါကမတူဘူးကွ။ ငါ့ဓားသိုင်းပညာအဆင့်က အားမြှင့်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီ”
ဝမ်ဝူလျန်က အံထပ်ကြိတ်ရင်း ယုံကြည်ချက်ရှိရှိဖြင့်
“ ဒီတစ်ခါတော့ ငါ့ပန်းတိုင်က ထိပ်တန်းအယောက်သုံးဆယ်မှာပါဖို့ပဲ “
ဒါကိုကြားသည့် လုရီက
“ ဂုဏ်ယူပါတယ် စီနီယာညီကိုဝမ် “
“ ငါကသာ မင်းကိုကျေးဇူးတင်ရမှာပါကွာ”
လေးယောက်သား စကားစမြည်ပြောနေရင်းမကြာခင်မှာပဲ ကောင်းကင်ပေါ်က ပျံသန်းလာသည့် ဆံပင်ဖြူဖြူနှင့် ခက်ထန်သည့် မျက်နှာထားရှိသည့် လူကြီးတစ်ယောက် အဓိကစင်မြင့်ထက်သို့ ရောက်ရှိလာသည်။
တိမ်ဖြူအပြင်ဆောင်ဂိုဏ်းရဲ့ အကြီးအကဲ ဒူဂုဖန်။ ဒုဂုဖန်၏ ကျင့်ကြံရေးအဆင့်သည် ပင်မရွှေအူတိုင်အဆင့်ကို ရောက်ရှိပြီး ဖွံ့ဖြိုးဝိဉာဉ်အဆင့်သို့ အချိန်မရွေးရောက်ရှိနိုင်သည်ဟု ပြောကြသည်။ ထို့အပြင် သူသည် တိမ်ဖြူအပြင်ဆောင်ဂိုဏ်းတင်မကဘဲ တိမ်ဖြူဂိုဏ်းတစ်ခုလုံးရှိ စွမ်းအားအကြီးဆုံးလူတွေထဲကတစ်ယောက်ပင်။
ဒူဂုဖန်ပေါ်လာသည်နှင့် ယခင်ကဆူညံလျှက်ရှိသော လူအုပ်ကြီးမှာ ငြိမ်သက်သွားပြီး အဓိကစင်မြင့်ထက်ရှိ ခန့်ညားလေးစားစရာကောင်းသော အကြီးအကဲကိုသာ ကြည့်နေကြသည်။
ဒူဂုဖန်က လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ရင်း
“ နှစ်စဉ်အပြင်ဆောင်ဂိုဏ်း သိုင်းပညာပြိုင်ပွဲရောက်ရှိလို့လာပြီ။ ဒီတစ်ခါလည်း ဒီလူအိုကြီးကိုယ်တိုင် အထင်ကြီးရပြီး တိမ်ဖြူဂိုဏ်းကိုမှတ်ကျောက်တွင်စေမဲ့ လူပေါ်လာဖို့မျှော်လင့်တယ်။ ကဲ.. ပင်လယ်အဆင့်ရွေးချယ်ခြင်းကို အခုပဲစတင်မယ်။ ဒီနှစ် ပင်လယ်အဆင့်ရွေးချယ်ခြင်းက မနှစ်ကနဲ့ဘာမှမကွာခြားဘူး။ ဒီလူအိုကြီးဆီက ဖိအားကို မိနစ်သုံးဆယ်အတွင်းမှာတောင့်ခံဖို့ကြိုးစားပါ “
ပြောနေရင်း ဒူဂုဖန်၏လက်ထဲတွင် အမွှေးတိုင်တစ်ခုပေါ်လာပြီး ဘယ်သူမှသတိမထားမိလိုက်ခင်မှာပဲ မီးညှိလိုက်သည်။
ဒုဂုဖန်က သစ်သားအမွှေးတိုင်ကို အဓိကစင်မြင့်ပေါ်ရှိ ကျောက်တုံးပေါ်တွင် စိုက်လိုက်ရာ အမွှေးတိုင်မှာဖြည်းဖြည်းလောင်ကျွမ်းလျှက်ရှိသည်။
“ စပြီ “
ဒီအချိန်မှာပဲ ဒူဂုဖန်ဆီမှ ထွက်လာသော အားကောင်းလှသည့် ဖိအားတစ်မျိုးဟာ လေ့ကျင့်ရေးသိုင်းပညာကွင်းရဲ့ မျက်နှာအနှံ့အပြားသို့ ပျံ့နှံ့လွှမ်းခြုံသွားတော့သည်။
ချက်ချင်းဆိုသလိုပဲ ပြိုင်ပွဲဝင်အားလုံးရဲ့ ရင်ဘတ်နားတွင် လေးလံသည့်ဖိအားတစ်ခုကိုခံစားရပြီး တော်တော်များများက ဖြူဖျော့ကုန်ကာ၊ တချို့မှာမူ သွေးအန်ပြီး နေရာတွင် လှဲကျသည်အထိဖြစ်ကုန်ကြ၏။
ပြိုင်ပွဲဝင်အများစုမှာ ချီကျင့်ကြံရေးအဆင့် ငါးအထက်ရှိကြသော်ငြား ငယ်ရွယ်ရဲတင်းပြီး မိမိကိုယ်ကိုယ်ထူးခြားသည်ဟု ထင်မှတ်ကြသည့် လူငယ်အချို့လည်း ကျိန်းသေပေါက်ရှိရာ ချီအဆင့် သုံး သို့မှမဟုတ် လေးအဆင့်ထိပဲရှိသော်လည်း နာမည်ရရန်အတွက် ပြိုင်ပွဲဝင်ပြိုင်ကြသည်။
ပြိုင်ပွဲတိုင်းတွင် ထိုသို့သောပြိုင်ပွဲဝင်များရှိတတ်ကြသည်။
သို့သော် ထင်ထားသလောက် အားမရှိသည့်အတွက် ပင်မရွှေအူတိုင်၏ဖိအားအောက်တိုင် အသက်တောင်မရှူနိုင်ကြ။
သူတို့နှင့်ယှဉ်လျှင် ချီအဆင့်၅ ကျင့်ကြံသူတွေဟာ ရင်ဘတ်မှ ဖိအားဒဏ်ကိုခံစားရစေကာမူ ဝိဉာဉ်စွမ်းအင်ကို လှည့်ပတ်ပြီး ကြံ့ကြံ့ခံနိုင်သေးသည်။
ကျင့်ကြံရေးအဆင့်မြင့်လေလေ ပိုကြံ့ကြံ့ခံနိုင်လေပင်။ လုရီမှာမူ ဖိအားကိုခံစားရသည်မှာ လေညှင်းလေးကို ရှုရှိုက်ရသည့်နှယ် ဘယ်လိုအမူအရာကိုမှမပြ။
ဘေးနားတွင်ရှိသည့်လူများကို ဝေ့ဝဲကြည့်ရာ ဝမ်ဝူလျန်နှင့် လုလျင်သည်လည်း အေးဆေးဖြစ်နေပုံပေါ်သည်။ ဝမ်ရှင်းချီမှာမူ ဖြူဖျော့နေပေမဲ့ ချီအဆင့်ငါး ခြောက်မှ ကျင့်ကြံသူများထက်စာလျှင် ပိုအဆင်ပြေနေပုံရှိ၏။
ဒီအချိန်မှာပဲ လုရီတစ်ခုခုကို တွေးလိုက်မိပြီး ရေရွတ်လိုက်သည်။
“ ငါပင်လယ်အဆင့်ရွေးချယ်ခြင်းကို အောင်ရမယ် “
ပြိုင်ပွဲနိုင်ရမည်ဆိုသည့် တာဝန်ကိုလက်ခံပြီးသားဖြစ်ပေမဲ့ ဒီပင်လယ်အဆင့်ရွေးချယ်ခြင်းကို တာဝန်ပေးရင်ရော ရနိုင်မလား။
အချိန်အနည်းငယ်ကြာသွားသည့်တိုင် ဂိမ်းကိုယ်ထည်ကဘာမှ မပြောင်းလဲသည့်ပုံထောက်လျှင် တာဝန်အဖြစ်သတ်မှတ်လို့ရသည်မှာ ရှင်းနေပြီ။
အနည်းငယ်စိတ်ပျက်သွားပေမဲ့ လုရီအံ့တော့မအံ့ဩမိ။ လွတ်ပေါက်တွေက အရမ်းသိသာလွန်းသည်။ သူဓိမ်းကိုယ်ထည်ကို လေ့လာရသလောက်ဆိုလျှင် အောင်မြင်နိုင်ချေနည်းသည်။
အတွေးတွေကိုလုရီရပ်ပစ်လိုက်၍။
အချိန်တွေကြာလာသည်နှင့်အမျှ ချီအဆင့်၅ ကျင့်ကြံသူတွေဟာ တုန်ရီလာပြီး မတ်မတ်ရပ်ဖို့ခက်ခဲလာကြပြီး အချို့မှာ လဲကြကုန်သည့်အတွက် ပင်လယ်အဆင့်ကို ကျရှုံးသွားကြသည်။
ဝမ်ဝူလျန်နှင့် လုလျင်ကမူ ဝိဉာဉ်စွမ်းအားလှည့်ပတ်ခခြင်းကို စတင်လိုက်သည်။ လုရီကိုကြည့်လိုက်တော့
ချီအဆင့်၇ကျင့်ကြံသူပင်ဖြစ်သော်လည်း ဝိဉာဉ်စွမ်းအင်လှည့်ပတ်စရာမလိုဘဲ အကြီးအကဲမှူး၏ ဖိအားကို ကြံ့ကြံ့ခံနိုင်နေသည်။
မကြာခင်မှာပဲ နာရီဝက်ကုန်ဆုံးသွား၏။ ဒူဂုဖန်က ဖိအားကို လွှတ်ပေးလိုက်သည့်အခါ ဂိုဏ်းသားထက်ဝက်ခန့်သာ ရပ်လျှက်ကျန်ရှိနေကြသည်။
ချီအဆင့်ငါးကျင့်ကြံသူ အများစုမှာမအောင်မြင်ကြ။ မတ်တပ်ရပ်နေကြသူများမှာ ငါးအဆင့်နှင့်အထက်ရှိ လူများဖြစ်သည်။
ပြိုင်ပွဲဝင်တွေကိုကြည့်ရင်း ဒူဂုဖန်နည်းနည်း စိတ်ပျက်သွားရသည်။ အပြင်ဆောင်ဂိုဏ်းသားတွေရဲ့ အရည်အချင်းက ဒီတစ်ခါလည်းသိပ်မပြောင်းလဲသေးဘူးပဲ။
သို့သော် သူသိပ်တော့မအံ့ဩ။
“ ပင်လယ်အဆင့်ရွေးချယ်ခြင်း ကိုအောင်မြင်သွားတဲ့လူတွေက ကျန်နေပြီး မအောင်မြင်တဲ့လူတွေက ဒီနေရာကနေ ထွက်ခွါသွားလို့ရပါပြီ”
ကျရှုံးသွားကြသည့် ပြိုင်ပွဲဝင်တွေဟာ စိတ်ပျက်လက်ပျက်နှင့် အချင်းချင်းထူရင်း လေးထောင့်ကွင်း ဆီကနေထွက်သွားကြသည်။ လဲကျသွားကြသူများကိုတော့ သူတို့၏အဖော်များကသယ်မသွားသည်။
မကြာခင်မှာပဲ ပြိုင်ပွဲနေရာတွင် ပင်လယ်အဆင့်ရွေးချယ်ခြင်းကိုအောင်မြင်သည့် လူများသာကျန်ရှိပေမဲ့ လူတစ်သောင်းလောက်ရှိတုန်းပင်။
ပြိုင်ပွဲက ရက်အတော်ကြာကြာမြင့်သည်မှာအံ့ဩစရာမရှိတော့။ တိမ်ဖြူဂိုဏ်း၌ ဂိုဏ်းသားတွေအလွန်များလွန်းသည်။
အခန်း ၁၈ [ နာကျင်မှု၏မျက်နှာဖုံး ]
“ နောက်တစ်ကြိမ်အနေနဲ့ အကြိုပြိုင်ပွဲတွေကို ပြိုင်ရမှာဖြစ်တယ်။ အရင်စည်းမျဉ်းအတိုင်း နှစ်ယောက်တစ်တွဲ တိုက်ခိုက်ရမှာဖြစ်ပြီး အနိုင်ရရှိသူက အဆင့်တက်မယ်။ ရှုံးတဲ့လူတွေကတော့ အထုတ်ခံရမယ် “
ဒူဂုဖန်က ပြောရင်း လက်ကိုဝှေ့ရမ်းလိုက်သည့်အခါ
လေထဲတွင် မရေတွက်နိုင်အောင်များသည့် ကျောက်တုံးအောက်ခံပြားတွေပေါ်လာပြီး အလင်းရောင်ရဲ့ အလျင်လို ပြိုင်ပွဲဝင်တွေရှေ့ဆီ ရောက်လာကြသည်။
လုရီ ရှေ့ရှိ မျောလွင့်နေသော ကျောက်တုံးအောက်ခံကို ကြည့်လိုက်သည်။ ထိုးထွင်းထားသည်က ၁၀၁-၂၅ ။
လုရီတစ်ခါမှပြိုင်ပွဲမဝင်ဖူးသော်လည်း ခဏခဏကြည့်ဖူးသည်ဖြစ်ရာ ဒီလုပ်ဆောင်ချက်တွေနှင့် စိမ်းသက်မနေ။
ကျောက်ပြားပေါ်တွင် ထိုးထွင်းထားသည့် ဂဏန်းနှစ်လုံးမှာ ကျောက်ပြားနံပါတ်နှင့် ပြိုင်ရမည့်ပြိုင်ပွဲ အရေအတွက်ကို ကိုယ်စားပြုသည်။ ဆိုလိုသည်မှာ ကျောက်ပြားနံပါတ် ၁၀၁၊ ပြိုင်ပွဲ ၂၅ ပွဲဖြစ်သည်။
ပြိုင်ပွဲနေရာမှာ အင်မတန်ကြီးမားရာ ကျောက်ပြားပေါင်း ၃၂၀ ရှိသည့်အတွက် ကျောက်ပြား၁၀၁ မှာ ရှေ့ကျသည်ဟု ဆိုရမည်။
ထိုအချိန်မှာပဲ ဘေးနားရှိ ဝမ်ဝူလျန်က သူ၏ကိုယ်ပိုင် ကျောက်ပြားနံပါတ်ကို စစ်ရင်းပြောသည်။
“ ငါက ကျောက်ပြားနံပါတ် ၂၈ ညီကိုတို့ရော “
လုလျင်ကပြုံးပြီး
“ ငါက နံပါတ် ၂၁၁ “
ဝမ်ရှင်းချီက
“ ငါက နံပါတ် ၇ “
သုံးယောက်သားပြောပြီး လုရီဘက်လှည့်လာကြသည်။
“ ကျွန်တော်က ၁၀၁ ပါ “
ချက်ချင်းဆိုသလိုပဲ သုံးယောက်သား စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ကြ၏။ ဝမ်ရှင်းချီက ရယ်ပြီး
“ ကံကောင်းလို့ ညီကိုလုနဲ့ အတူတူမကျတာ မဟုတ်ရင် ငါတော့ ဒုက္ခရောက်ပြီ “
“ ဟုတ်တယ် ညီကိုလုရဲ့ ခွန်အားနဲ့ အတူတူသာကျမယ်ဆိုရင် စောစောအထုတ်ခံရနိုင်တယ် “
ဝမ်ဝူလျန်က ခေါင်းညိတ်ပြီး ဝင်ထောက်ခံတယ်။
လုရီက ရယ်လိုက်ပြီး
“ ညီကိုတို့က မြှောက်နေပြန်ပါပြီ။ ကျွန်တော်အဲ့လောက်အထိ မသန်မာပါဘူး “
သုံးယောက်စလုံးက လုရီရဲ့စကားကိုမယုံသည့်ပုံနှင့် မျက်လုံးသာလှန်ကြည့်လိုက်ကြသည်။ ဒီကောင်လေး ဘယ်လောက်အားကောင်းလဲဆိုတာ သူတို့အသိဆုံးမဟုတ်ပါလား ။
စကားပြောနေကြသည့်အချိန်အတွင်းမှာပဲ ဒူဂုဖန်၏အသံထွက်ပေါ်လာသည်။
“ ပြိုင်ပွဲဝင်တွေအားလုံး မိမိရဲ့ကိုယ်ပိုင် ကျောက်ပြားပေါ်ကိုတက်ကြပြီး ဒိုင်လူကြီးတွေကလည်း နေရာယူထားကြပါ “
ဒူဂုဖန်၏စကားအဆုံးမှာ အပြိုင်ဆောင်ဂိုဏ်း၏ အကြီးအကဲတွေဟာ ကောင်းကင်ပေါ်ကဆင်းသက်ရင်း စင်မြင့်တစ်ခုစီမှာ နေရာယူလိုက်ကြသည်။ အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲအတွက် အဆုံးအဖြတ်ပေးမည့် ဒိုင်လူကြီးတွေပင်။
လုရီက သုံးယောက်လုံးကို ပြုံးပြလိုက်ပြီး
“ ကံကောင်းကြပါစေ စီနီယာညီကိုတို့”
သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
လုလျင်က ရယ်ရယ်မောမောနှင့်
“ ကျေးဇူးပဲ ညီကို။ မင်းရဲ့စကားတွေအရဆို သေချာပေါက် ဒီပွဲမှာလည်းနိုင်မှာပဲ “
ဝမ်ဝူလျန်ကပါ အံ့ကိုကြိတ်လျက်ရယ်ပြီး
“ ဒါဖြင့် ငါအရင်သွားနှင့်ပြီ “
“ ငါလည်းသွားပြီ “ ဝမ်ရှင်းချီကမူ အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။
လေးယောက်သား လမ်းခွဲလိုက်ကြပြီးနောက် လုရီကျောက်သားစင်မြင့် ၁၀၁ ရှိရာဆီလျှောက်သွားရာ မကြာခင်မှာပဲ ရှာတွေ့သွားသည်။ စင်မြင့်အောက်တွင် အတူတူယှဉ်ပြိုင်ရမည့် အပြင်ဆောင်ဂိုဏ်းသား တစ်ရာကျော်ခန့် ရောက်ရှိနေကြပြီ။
အစက အေးဆေးနေပုံရသည့် ပြိုင်ပွဲဝင်တွေဟာ လုရီကိုမြင်သည့်အခါ ကြက်သေသေကုန်ကြသည်။
“ ညီကိုလုလား “
“ သေရော ဘယ်လိုလုပ်ညီကိုလုနဲ့ အတူတူကျလောက်တဲ့အထိ ကံမကောင်းရတာလဲ “
“ အားး အယောက်တစ်ထောင်အထိရောက်အောင် လုပ်ဖို့ မှန်းထားတာကို။ ညီကိုလုနဲ့ စောစောမပြိုင်ရဖို့မျှော်လင့်ရတော့မှာပဲ “
ပြိုင်ပွဲဝင်တွေအားလုံး လန့်ဖျန့်ကုန်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူရွေးချယ်လိုရသည့်ကိစ္စမဟုတ်သည့် အတွက်ကြောင့် လုရီကတော့ အပြစ်ရှိသလိုမခံစားရ။
စင်မြင့်ပေါ်ရှိ သတ်လတ်ပိုင်းအရွယ် ပုံမှန်ရုပ်ရည်နှင့် ဖန်ထျန့်ဟုခေါ်သည့် အကြီးအကဲကလည်း လုရီကိုသတိထားမိသည်။ လုရီသည် အပြင်ဆောင်ဂိုဏ်းမှာ မကြာသေးခင်ကမှ နာမည်ရလာသည့် လူငယ်တစ်ယောက်မို့ ခဏခဏမကြည့်ဘဲမနေနိုင်ပေ။
ဝန်ခံရသည််မှာ လုရီသည် အတော်လေး ချောမောသည့်အတွက် မိန်းကလေးတွေကြား ရေပန်းစားသည်မှာ အသေအချာပင်။ သို့ပေငြား စွမ်းအားမှာ ကြားရသည့်သတင်းတွေအတိုင်း အထင်ကြီးစရာကောင်းလောက်ပါမည်လား။
မကြာခင်တွေ့ရမည်ပင်။
ပြိုင်ပွဲဝင်အကုန်လုံး ကျောက်သားစင်မြင့်ဆီရောက်သည်နှင့် ပင်မစင်မြင့်ပေါ်ရှိ ဒူဂုဖန်က ကြေငြာလိုက်သည်။
“ ပြိုင်ပွဲစလို့ရပါပြီ “
ပြောပြီးသည်နှင့် ဒူဂုဖန်က ပျံတက်သွားပြီး အခြားအကြီးအကဲတွေနှင့် ပေါင်းလိုက်သည်။
ဆံပင်မည်းတွေနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ပြုံးလိုက်ပြီး
“ အကြီးအကဲမှူး ပင်ပန်းသွားပြီ “
ဒူဂုဖန်က စင်မြင့်တွေဆီကြည့်ရင်း ဂရုမစိုက်ဟန်ဖြင့်
“ အပြင်ဆောင်ဂိုဏ်းဆိုတာ တိမ်ဖြူဂိုဏ်းအတွက် အရေးပါတဲ့နေရာတစ်ခုပဲ။ အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲဆိုတာကလည်း အရေးကြီးတယ်။ အပြင်ဆောင်ဂိုဏ်းက အကြီးအကဲမှူးတစ်ယောက်အနေနဲ့ တာဝန်ရှိတာမို့ ဘယ်လိုလုပ်ပင်ပန်းရမှာလဲ “
“ သင့်မြတ်လှပါတယ် အကြီးအကဲမှူး “
“ ကျွန်တော်တို့အားလုံး အကြီးအကဲမှူးဆီက သင်ယူသင့်ပါတယ် “
အကြီးအကဲတွေဆီကနေ အသံတွေထွက်လာ၏။
ဒူဂုဖန် သက်ပြင်းကိုချရင်း
“ စိတ်မကောင်းစရာက အကြိုပွဲကိုအောင်တဲ့လူအရေအတွက်က မနှစ်ကထက် တိုးမလာတာပဲ။ ကြည့်ရတာ ငါတို့ဆီမှာ ပါရမီရှိတဲ့လူငယ်တွေမရှိပုံပဲ..”
ဒါကိုကြားသည့် အလုပ်ဆောင်ခန်းမ အကြီးအက
ချီဖေးယွိက ရယ်ရင်း
“ အကြီးအကဲမှူး ကျွန်တော်တော့် သဘောမတူပါဘူး။ အကြီးအကဲမှူးက ဒီတစ်လလုံးပျောက်နေတာဆိုတော့ သိလောက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အပြင်ဆောင်ဂိုဏ်းက လောလောလတ်လတ် ပါရမီရှင်တစ်ယောက် ပေါ်လာတယ် “
ဒါကိုကြားသည့် ဒူဂုဖန်က အံ့ဩသွားပြီး သည့်လိုသည့်ဟန်ဖြင့် ဖေးယွိကိုမေးလိုက်သည်။
“ ဟုတ်လား။ ဘယ်လိုပါရမီရှင်မျိုးလဲ “
“ အခြားအကြီးအကဲတွေကတော့ သိပြီးလောက်ပါပြီ။ ဝိဉာဉ်ဖြူတောင်ထိပ်က လုရီဆိုတဲ့ကလေးက တိမ်ဖြူဓားရှည်သိုင်းပညာကို ရိုးစင်းလောကပြန်လည်ရရှိခြင်းအဆင့် အထိကျင့်ကြံပြီးပါပြီ “
“ လုရီ ဟုတ်သလား။ ဒီနာမည်ကိုအခုတလော ကြားဖူးနေတာတော့ကြာပြီ။ နားလည်သဘောပေါက်နိုင်စွမ်းအတော် ကောင်းတယ်လို့ ပြောကြတယ် “
“ ဟုတ်ပါတယ် ကြားတာတော့ လင်းဖန်က လျိုနင်ရွှမ်း ကို စာပို့ချခိုင်းပြီးတဲ့နောက် လျိုနင်ရွှမ်းက လုရီကို မျက်စိကျနေတယ်ပြောတယ် “
“ ဒီလို နားလည်လွယ်မှုမျိုးနဲ့သာဆိုရင် ဒီကလေးက အနာဂတ်မှာ ပင်မဂိုဏ်းသားတစ်ယောက် ကျိန်းသေဖြစ်လာနိုင်တယ် “
အကြီးအကဲတွေဟာ လုရီအကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ပြောနေကြတယ်။
ဒါကိုကြားတဲ့ ဒူဂုဖန်က မျက်လုံးကိုလှန်ရင်း
“ တိမ်ဖြူဓားရှည်သိုင်းကို ရိုးစင်းလောကပြန်လည်ရရှိခြင်း အဆင့်အထိကျင့်ကြံနိုင်တယ်ဟုတ်လား။ ဒီအရည်အချင်းက အတော့်ကို အံ့ဩစရာပဲ။ တိမ်ဖြူဂိုဏ်းမှာ သိုင်းပညာကို အစစ်အမှန်အခြေအနေသို့ပြန်သွားခြင်း အဆင့်အထိကျင့်ကြံနိုင်ကြတဲ့လူတွေအကုန်လုံး အောင်မြင်ပေါက်ရောက်ကြတယ်။ ပြီးတော့ လျိုနင်းရွှမ်ရဲ့မျက်စိကျတာခံရတယ်ဆိုကထဲက ဒီကလေးမှာ ဖွံ့ဖြိုးဝိဉာဉ်အဆင့်အထိ ဖြတ်ကျော်သွားနိုင်တဲ့အထိ အခွင့်အရေးရှိနေတာပဲ “
ဒူဂုဖန်က ပြောရင်း ရွှင်ပြလာသည့်ပုံပေါ်သည်။
“ လုရီဆိုတဲ့ကလေး အသက်ဘယ်လောက်ရှိပြီလဲ “
“ အဲ့တာကတော့.. “
အကြီးအကဲတွေအားလုံး အချင်းချင်းကြည့်ကုန်ကြသည်။ အကြီးအကဲတွေပါဆိုမှ ဘယ့်နှယ်လုပ်လို့ သူများအသက်ကို သိပါ့မလဲ။
ဒီအချိန်မှာပဲ ချီဖေးယွိက
“ လုရီရဲ့ မိဘတွေက ကျွန်တော့်ရဲ့ အလုပ်ဆောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တိမ်ဖြူအပြင်ဆောင်ဂိုဏ်း အကြီးအကဲတွေပါ။ ကျွန်တော်သိရသလောက်ဆို ဒီကလေးက အခုမှအသက်၁၆နှစ်ပဲရှိသေးပြီး မကြာသေးခင်ကပဲ ချီကျင့်ကြံရေးအဆင့်၇ ကိုရောက်ရှိထားပါတယ် “
“ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်ပေါ့ “
ဒူဂုဖန်ကပြုံးလိုက်ပြီး
“ လုရီက ဘယ်စင်မြင့်မှာပြိုင်မှာလဲ “
အစကထဲက အာရုံစိုက်ထားသည့် ချီဖေးယွီက ချက်ချင်း ညွှန်ပြလိုက်၏။
“ စင်မြင့် ၁၀၁ ပါ “
ဒူဂုဖန်ရဲ့ ကြေငြာချက်အပြီးမှာ စင်မြင့်ပေါ်က
ဖန်ထျန့်က
“ ကောင်းပြီး နံပါတ်တစ် တက်လာပါ “
ချက်ချင်းပဲ နံပါတ်တစ် ထွင်းထုထားသည့် ကျောက်ပြားတွေကို ရရှိထားသည့် ပြိုင်ပွဲဝင်နှစ်ယောက်တက်လာကြသည်။
လုရီကြည့်လိုက်တော့ နှစ်ယောက်စလုံးက ချီအဆင့်၆ သမားတွေပင်။ အမှန်တော့ အကြိုပြိုင်ပွဲကိုအောင်မြင့်ခဲ့သည့် ကျင့်ကြံသူတွေသာ ချီအဆင့်၅ ၆ ၇ အဆင့်ရှိကြသူများ ဖြစ်သည်။
ချီကျင့်ကြံရေးအဆင့် ၈ သို့ရောက်ရှိနေကြသူများမှာ အပြင်ဆောင်ဂိုဏ်းတွင် သိပ်မများလှ။ တစ်ထောင်ကျော်လောက်ပဲရှိမည်။ ချီအဆင့်၉ သမားတွေဆိုလျှင် ပိုရှားပါးပြီး အဆင့် ၁၀ ဆိုလျှင် ဆယ်ယောက်လောက်ပင် ရှိမည်မဟုတ်။
ချီအဆင့်၆ ကျင့်ကြံသူနှစ်ယောက်ဟာ အချင်းချင်းအရိုအသေပြုပြီးနောက် စတင်တိုက်ခိုက်ကြသည်။ လုရီအစကတော့ စိတ်ဝင်တစားကြည့်နေပေမဲ့ နောက်ပိုင်းတွင် ပျင်းရိလာသည်။ နှစ်ယောက်စလုံးက သိုင်းပညာကို မကျွမ်းကျင်သည့်အပြင် တစ်ယောက်က အသေးစာရအောင်မြင်မှုအဆင့်သာ ရှိပြီး နောက်တစ်ယောက်မှာမူ ရောက်တောင်မရောက်သေး။ သူတို့၏ ချို့ယွင်းချက်အပြည့်နှင့် တိုက်ကွက်တွေကို လုရီကြည့်ပြီး အစားရှက်သလိုလိုပင် ခံစားလာရသည်။
ဒီလိုသိုင်းပညာမျိုးနဲ့ဆို မျက်လုံးပိတ်ပြီးတောင် အနိုင်ယူလို့ရသည်။
ပထမဆုံးပြိုင်ပွဲအပြီးမှာပဲ ဒုတိယပြိုင်ပွဲက လျင်မြန်စွာစသည်။ ပြိုင်ပွဲတွေတစ်ခုပြီး တစ်ခုစောင့်ကြည့်ရင်း လုရီငိုက်မျဉ်းလာရသည်။
ဒီစင်မြင့်မှာ သူ ဘယ်နှခေါက်လောက်ပြိုင်ရမည်ဆိုသည်ကို စဉ်းစားမိပြီး နာကျင်သွားရ၏။