အခန်' (၂၅-၂၇)
Vol. 2 Ch. 25-27
အခန်း၂၅ : အငြိုးတရားဆိုတာဘာလဲ၊ အမုန်းတရားဆိုတာ ဘာလဲ။
လေ့ကျင့်ရေးကွင်း အလယ်ပြိုင်ပွဲဝင်နေရာမှာအတော်လေးတိတ်ဆိတ်သွား၏။ ထိပ်တန်းဆယ်ယောက်ကို စိန်ခေါ်နိုင်သည့်ခွန်အား ရှိသော်ငြား ကံမကောင်းသဖြင့် ပြုတ်သွားသူတို့၏ မျက်လုံးများမှာ စင်ပေါ်ကို ကြည့်ရှုနေကြသည်။
တိတိကျကျဆိုရင်လျှင် ချီကျင့်ကြံရေးအဆင့် ၉ရှိ လူသုံးယောက်နှင့် လုရီကိုကြည့်နေကြခြင်းပင်။
ချီအဆင့်၉ ရှိ သုံးယောက်မှာ အေးစက်သောအမူအရာဖြင့် အောက်ရှိဂိုဏ်းသားတို့အား စုန်ချည်ဆန်ချည်ကြည့်ရှုပြီး စိန်ခေါ်ချင်သူများအား နှစ်ခါပြန်စဉ်းစားရန် ရည်ရွယ်ချက်ဖြင့် ကြောက်စရာကောင်းသည့် အရှိန်အဝါများအား ထုတ်လွှတ်လျှက်ရှိသည်။
လုရီကမူ ဘာအရှိန်အဝါမှမရှိသည့် အန္တရာယ်ကင်းသော ယုန်ဖြူလေးတစ်ကောင်နှယ်။
ထိုအချိန်တွင် မိုလင်းရှီမှာ ရှေ့သို့တိုးလာရင်းဆို၏။
“ ယွီမင် ကိုစိန်ခေါ်ချင်ပါတယ် “
မျက်ခုံးထူထူနှင့် သာမန်ရုပ်ရည်ရှိသော ချီအဆင့်၉ ယွီမင်က မိုလင်းရှီကို မျက်မှောင့်ကြုံ့ကြည့်ကာ
“ မိုလင်းရှီ မင်းငါ့ကိုစိန်ခေါ်ချင်တာ သေချာလား။ ငါက အားအနည်းဆုံးလို့ထင်တယ်ပေါ့ “
မိုလင်းရှီက သွားပေါ်အောင်ရယ်ရင်း
“ မတတ်နိုင်ဘူး။ ထျန့်လုနဲ့ လင်းယွီ နဲ့ယှဉ်ရင် ငါက နည်းနည်းလိုသေးသလို ခံစားရတယ်။ အငယ်တန်းညီကိုလု ကတော့ ငါ့ကိုအနိုင်ယူခဲ့တဲ့လူမလို့ ထျန့်လုနဲ့ လင်းယွီ ထက်ပို အားကောင်းတယ်။ ဆိုတော့ မင်းက ငါတွေးသမျှထဲ စိန်ခေါ်လို့ရမဲ့လူပဲ “
ဒါကိုကြားသည့် လူများမှာ အမူအရာများပြောင်းကာ လုရီကို ကြည့်လာကြသည်။
“ ဘာ မိုလင်းရှီက အငယ်တန်းညီကိုလု ကို ရှုံးသွားတာလား “
“ ဒါအမှန်လား ညီကိုလုက အဲ့လောက်တောင် အားကြီးတယ်ပေါ့လေ “
“ မင်းမသိဘူးလား အငယ်တန်းညီကို လုရီနဲ့ စီနီယာညီကို မိုလင်းရှီက နောက်ဆုံးနေရာအတွက် စင်မြင့်၉ မှာတိုက်ခိုက်ကြတာလေ။ ညီကိုလုရဲ့ တိမ်ဖြူဓားရှည်သိုင်းပညာက အားကောင်းလွန်းလို့ မျက်လုံးတောင်ပြူးသွားရတယ် “
“ မသိလိုက်ဘူး။ ငါတို့က ပင်မစင်မြင့်ဟိုးဘက်က စင်မြင့်လေး မှာရှိနေတာမလို့ အာရုံမစိုက်မိလိုက်တာ “
“ ဒါဆို မင်းပွဲကြီးပွဲကောင်းလွတ်သွားတာပဲ။ အငယ်တန်းညီကို လုက စီနီယာညီမ ထျန့်လုနဲ့ စီနီယာညီကို လင်းယွီထက် အားကောင်းတယ်လို့ထင်တယ် “
“ ဟ “
အစက လုရီအား စိန်ခေါ်ရန် ကြည့်နေကြသော လူတွေမှာ အကြည့်ကိုချက်ချင်းလွှဲလိုက်ကြသည်။
ဒီလိုဆိုရင် တခြားလူကိုပဲ စိန်ခေါ်ရတော့မှာပင်။
လူတွေရဲ့အကြည့်ကို သတိထားမိသည့် လုရီခင်ဗျာ နာကျင်သွားရသည်။
သူ မိုလင်းရှီနှင့် အခြားသောစကားပြောနေကြသည့် ဂိုဏ်းသားတွေကိုကြည့်ရင်း တော်တော်လေးစိတ်ညစ်သွား၏။
ငါမင်းတို့အပေါ်ဘာ အငြိုးတွေများ ထားခဲ့မိလို့လဲကွာ။
သူ ပြီးပြည့်စုံသည့် ချီအားဖြည့်ဆေးတွေ ထပ်စုဖို့ စဉ်းစားထားပေမဲ့ အခုတော့သွားလေပြီ။
ငါ့ပုံကအရမ်းအားပြင်းတဲ့ပုံပေါက်နေလို့လား။
တကယ်တော့ အားနွဲ့သူပါကွာ။
မျက်နှာလွှဲသွားကြသည့် ချီအဆင့်၉ ပြိုင်ပွဲဝင်တွေကိုကြည့်ကာ လုရီ စိတ်ပျက်အားလျော့လာရသည်။
မိုလင်းရှီနဲ့ အောက်က စကားသံများကို ကြားသည့် ယွီမင်ဟာ လုရီကိုတစ်ချက်ကြည့်ပြီး အံ့ကြိတ်ကာ မိုလင်းရှီအား အေးစက်စွာဆိုသည်။
“ ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့။ ငါကလည်း လွယ်လွယ်နဲ့ လာရှုပ်လို့ရတဲ့ကောင်မဟုတ်ဘူး “
ဒါကိုမြင်သည့် ဒူဂုဖန်သည် ရယ်ရယ်မောမောပင်။
“ ဒီလိုဆိုမှတော့ စိန်ခေါ်ကြပါ “
ထိပ်တန်းအဆင့် စိန်ခေါ်ပွဲများမှာ ပင်မစင်မြင့်ထက်တွင်ကျင်းပသည်မို့ လုရီနှင့် အခြားလူများမှာအောက်ကို ဆင်းလိုက်ကြသည်။ ဒူဂုဖန်ကလည်း အေးဆေးဟန်နှင့် လေပေါ်ပျံတက်လိုက်ပြီး မိုလင်းရှီနီင့် ယွီမင်မှာမူ စင်ပေါ်သို့ရောက်လာကြပြီ ဖြစ်သည်။
စင်မြင့်အောက်ကို ရောက်သွားသည့် လုရီကား စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက်ကင်းမဲ့ပြီး ဟာသတစ်ခုလိုခံစားနေရ၏။
ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် မိုလင်းရှီကို ပိုပြီးအချိန်ဆွဲခဲ့မည်ဖြစ်သည်။ အခုတော့ ဒီခွေးကောင်က သူ့အစွမ်းကို ချဲ့ကားပြောသဖြင့် စိန်ခေါ်သူတစ်ယောက်မှ မရှိခဲ့လျှင် အားလုံးက မိုလင်းရှီအပြစ်ပင်။
ထို့နောက် လုရီတွေးမိသည်။ အကယ်၍သူ့ကိုသာ ဘယ်သူမှမစိန်ခေါ်ကြလျှင် တခြားလူတွေကပါ ပိုပြီးတွန့်သွားနိုင်သေးသည်။
ဒါကိုထပ်တွေးမိသည့် လုရီခင်ဗျာ ပိုလို့တောင် စိတ်ဓာတ်ကျသွားရှာသည်။
သူ့ဘေးရှိ လင်းဝမ်အာကမူ လုရီကိုကြည့်ကာ တခစ်ခစ်ရယ်ရင်း
“ မောင်လေးလုက အဲ့လောက်စွမ်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး “
လုရီအတွေးတွေကိုဖျောက်လိုက်တော့ သူ့ကိုကြည့်နေကြသည့် ချီအဆင့်၁၀ စီနီယာအစ်ကိုအစ်မ များအားမြင်လိုက်ရသည်။
သူရှက်ပြုံးလေးပြုံးကာ
“ စီနီယာညီကို မိုလင်းရှီက ချဲ့ကားပြီးပြောနေတာပါ။ ကျွန်တော်က သာမန်ပါပဲ “
ဘေးနားတွင် ရပ်နေသည့် ကျန့်ဖန်ကရယ်ရင်း
“ အငယ်တန်းညီကိုလု နှိမ့်ချဖို့မလိုပါဘူး။ ညီကိုရဲ့အစွမ်းကို ကျွန်တော်ကြည့်ရသလောက်ဆို တိမ်ဖြူဓားရှည်သိုင်းရဲ့ ကန့်သတ်ချက်ကိုတောင်ရောက်လုနီးပါး ဖြစ်နေပြီမလား “
ဒါကိုကြားသည့် ဘေးကလူတွေသည် လုရီအား ပိုအံ့ဩသည့်ပုံနှင့် ကြည့်လာကြသည်။
“ ကျင့်ကြံရေးသိုင်းပညာကို ကန့်သတ်ချက်အထိရောက်အောင် ကျင့်ကြံနိုင်တယ်တဲ့လား “
ဓားရှည်နှစ်လက်နှင့် အေးစက်စက်လူငယ်က တိုက်ခိုက်ချင်သည့် မျက်လုံးများဖြင့်လုရီကို ကြည့်ကာ
“ စိတ်ဝင်စားစရာပဲ။ မနက်ဖြန် ထိပ်တန်းဆယ်ယောက်အဆင့်သတ်မှတ်ပွဲမှာ ယှဉ်ပြိုင်ဖို့မျှော်လင့်နေပါ့မယ် “
တခြားသော ချီအဆင့်၁၀ ပြိုင်ပွဲဝင်တို့မှာလည်း လုရီကိုကြည့်ရင်း ပိုပြီးလေးနက်လာကြသည်။
ဒါကိုမြင်သည့် လုရီမှာ အနည်းငယ်စိတ်သက်သာရာရသွား၏။ ချီအဆင့်၉ ကလူတွေကို စိန်ခေါ်ဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရသည်ဆိုသော်လည်း မနက်ဖြန် အဆင့်သတ်မှတ်သည့်ပြိုင်ပွဲတွင် ကျိန်းသေပေါက် တိုက်ပွဲအချို့ပါမည်ဖြစ်သည့်အတွက် ဆုတွေလည်း ရမည်ပင်။
တွေးကြည့်လိုက်ရုံနဲ့တင် လုရီ၏ စိတ်ခံစားချက်ကောင်းလာရသည်။
သူက ကျန့်ဖန်အား မြူးတူးစွာကြည့်ရင်း
“ စီနီယာညီကို ကျန့်ဖန်က ကြင်နာလွန်းနေပါပြီ။ မနက်ဖြန် ပြိုင်ပွဲကျရင် အကုန်လုံးက ကျွန်တော့်အတွင် ပူစရာမရှိပါဘူး “
သူတို့ပြောနေရင်းနှင့်ပင် စင်မြင့်ရှိတိုက်ပွဲက စလေပြီ။
မိုလင်းရှီ၏ အစွမ်းမှာ ချီအဆင့်၉ သမားများထဲတွင် ထိပ်တန်းဆိုသော်လည်း ယွီမင်း၏ အစွမ်းမှာလည်း တူညီသဖြင့် ရှိန်လောက်စရာပင်။
တိုက်ပွဲကိုကြည့်နေရင်း ယွီမင်၏ သိုင်းမှာ အားမြှင့်ပြောင်းလဲခြင်းအဆင့် သို့ရောက်နေမှန်း လုရီသတိထားမိလိုက်သည်။ နောက်ထပ် သိသာသည့်အားသာချက်တစ်ခုမှာ မိုလင်းရှီတွင်မရှိသည့် အဆင့်နိမ့်မှော်လက်နက်ဖြစ်သော အဖျားချွန်ဓားရှည်ရှိနေခြင်းပင်။
ပြိုင်ပွဲက ပြင်းထန်၏။ နောက်ဆုံးတွင် ယွီမင်မှာ သူ၏မှော်လက်နက်ကြောင့် အနိုင်ရရှိသွားပေသည်။
မိုလင်းရှီမှာ ရွေးချယ်စရာမရှိတော့။
ယွီမင်နှင့် မိုလင်းရှီ၏ တိုက်ပွဲအပြီးတွင် အခြားသော စိန်ခေါ်ပြိုင်ပါပွဲများရှိသော်ငြား မိုလင်းရှီစကား၏ ကျေးဇူးကြောင့် လုရီအား အကုန်လုံးကရှောင်ကြ၏။
ယွိမင်မှာ ချီအဆင့်ကိုး သုံးယောက်ထဲတွင် အားအနည်းဆုံးဖြစ်နိုင်သည်မို့ စိန်ခေါ်သူပိုများသည်။ နောက်ဆုံးတွင် ဓားရှည်နှစ်လက်ကို ကိုင်ဆောင်ထားသည့် ဂိုဏ်းသားတစ်ယောက်သည် ယွီမင်ကိုအနိုင်ရကာ ထိပ်တန်းဆယ်ယောက်ထဲသို့ ဝင်လာသည်။
လုရီဒီ ဓားရှည်နှစ်လက်နှင့် လူကိုသိသည်။ အပြင်ဆောင်ဂိုဏ်းရှေ့တန်းရှိ အရည်အချင်းရှိသော ဝမ်ဟွ ပင်။
ခွန်အားနှင့် ကံကြောင့် ထိပ်တန်းဆယ်ယောက်သို့ ရောက်ခဲ့သော ယွီမင်ကပိုပြီး အားနည်း၏။
ကံမကောင်းစွာပဲ ဝမ်ဟွကိုရှုံးကာ နေရာဖယ်ပေးလိုက်ရသည်။
ထိုအချိန်တွင် ညနေစောင်းသွားပြီဖြစ်ပြီး ပြိုင်ပွဲများကို အဆုံးသတ်လိုက်သည်။ မနက်ဖြန်မှာ ပြိုင်ပွဲ၏ နောက်ဆုံးနှင့် အရေးကြီးဆုံးနေ့ ဖြစ်သည်။
ထိပ်ဆန်းအယောက်၁၀ ၏အဆင့်များကို သတ်မှတ်မည်။
နောက်ဆုံးစိန်ခေါ်ပွဲများမှာ အံ့ဩစရာကောင်းသော်လည်း ပြီးပြည့်စုံသည့် ဆေးလုံးတွေကို ရနိုင်သည်မို့ လုရီပျော်နေမိ၏။
ဒူဂုဖန်က ထုံးစံအတိုင်း နောက်ဆုံးပြိုင်ပွဲကိုကြေငြာပြီးနောက် လူတိုင်းပြန်သွားသည့်အချိန်တွင် လုရီက လုကောင်းယန်နှင့် ဝမ်စီးချီတို့နောက်မလိုက်ဘဲ တစ်ယောက်တည်းသာ အိမ်ပြန်ခဲ့သည်။
နောက်နေ့မနက်စောစောတွင်ဖြစ်သည်။
အပြင်ဆောင်ဂိုဏ်းသားများနှင့် အကြီးအကဲများအကုန်လုံးမှာ စောစောနိုးနေကြ၍ ပြိုင်ပွဲနေရာသို့သွားကြလေပြီ။
လုရီလည်း အပါအဝင်ပင်။ ပြိုင်ပွဲနေရာဖြစ်သည့် လေ့ကျင့်ရေးကွင်းသို့ ရောက်သည့်အချိန်တွင် ကောင်းကင်ပေါ်ရှိလူများမှာ အရင်ကထက်ပိုများနေကြောင်း တွေ့လိုက်ရသည်။
အတွင်းဆောင်ဂိုဏ်းရှိ အကြီးအကဲများပါ ကြည့်ရှုလေ့လာဖို့ ရောက်နေကြောင်း လုရီသိလိုက်သည်။
ထိပ်တန်းအဆင့်ပြိုင်ပွဲဝင်များမှာ အတွင်းဂိုဏ်းသို့ စာမေးပွဲဖြေစရာမလိုဘဲ ဝင်နိုင်ပြီး အတွင်းဂိုဏ်းသားအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ အချို့သော အတွင်းဂိုဏ်းအကြီးအကဲများမှာ ပြိုင်ပွဲဝင်တွေ၏ ခွန်အားကို အကဲဖြတ်ရင်း နှစ်သက်လျှင် တပည့်အနေနဲ့ပါခေါ်ယူလေ့ရှိကြသည်။
ပြိုင်ပွဲအား လာရောက်ကြည့်ရှုကြသည့် အတွင်းဂိုဏ်းအကြီးအကဲများမှာ သာမန်အကြီးအကဲများသာဖြစ်ပြီး ခွန်အားကြီးမားသည့် တောင်ထိပ်သခင်များမှာမူ လာရောက်ခြင်းမရှိကြ။
အပြင်ဆောင်ဂိုဏ်းသားများ မည်သို့ပင် အရည်အချင်းရှိစေကာမူ အနည်းငယ်သာ အတွင်းဂိုဏ်းကို ဝင်ခွင့်ရပြီး ပါရမီရှင်အနေဖြင့် အသိအမှတ်ပြုခံရသည်။
ဂိုဏ်းတွင်းကမဟုတ်ဘဲ အပြင်ရှိ ငယ်ရွယ်ပြီး ထူးချွန်ပြောင်မြောက်သည့် ပါရမီရှိသည့် လူငယ်အချို့ကိုလည်း ခေါ်ယူလေ့ရှိသည်။
ထိပ်တန်းအကြီးအကဲများအတွက်မူ အပြင်ဆောင်ဂိုဏ်း၏ ထိပ်တန်းဆယ်ယောက်ပြိုင်ပွဲသည် ပမွှားလေးပင်။ အတွင်းဂိုဏ်းကို ဝင်ပြီးသည့်အချိန်အရည်အချင်းပြနိုင်သည့် လူတွေကိုသာ အသိအမှတ်ပြုလေ့ရှိသည်။
အခန်း၂၆ [ သွေးပူအောင်လုပ်ရုံလေးပါ ]
လူတိုင်းရောက်နှင့်နေပြီဖြစ်သည့် ပင်မစင်မြင့်ပေါ်သို့ လုရီမြန်မြန် တက်လိုက်သည်။
ခေါင်းနောက် လက်ပစ်ထားရင်း ဘယ်ကမှန်းမသိသည့် မြတ်ပင်ကိုပါးစပ်ထဲထည့်ထားသည့် ကျန့်ဖန်က လုရီကို နှုတ်ဆက်သည်။
“ အငယ်တန်းညီကိုလု ရောက်လာပြီလား “
တခြားသူများကလည်း လှည့်ပြီးခေါင်းညိတ်နှုတ်ဆက်နေချိန်တွင် လင်းဝမ်အာကမူ ပြုံးပြီး လက်ပြနှုတ်ဆက်၏။
“ အငယ်တန်းမောင်လေးလုက အတွင်းဂိုဏ်းကိုဝင်ပြီးရင် ဘယ်တောင်ထိပ်ကို သွားချင်လဲ “
ဒါကိုကြားသည့် အခြားလူများကပါ သိချင်စိတ်ဖြင့် လုရီကိုကြည့်လာကြသည်။
လုရီပြုံးကာပြော၏။
“ ကျွန်တော် စီနီယာအစ်မ လျိုနင်ရွှမ်းကို လင်းလော်တောင်ထိပ် စာမေးပွဲကိုဖြေမယ်လို့ ကတိပေးထားတယ် “
ခမ်းနားသည့် ဝတ်ရုံကိုဝတ်ဆင်ထားပြီး ချောမောသည့် ချီအဆင့်၁၀ စီနီယာကပြုံးကာ
“ အငယ်တန်းညီကိုလုရဲ့ နားလည်နိုင်စွမ်းနဲ့ဆို လင်းလော် တောင်ထိပ်ကိုဝင်ဖို့ ဖြစ်နိုင်ပါတယ် “
သူ့နာမည်မှာ ပိုင်ယွီလောင်း ဖြစ်ပြီး အပြင်ဆောင်ဂိုဏ်း၏ ထိပ်တန်း သုံးယောက်ထဲမှ တစ်ယောက်ပင်။
သန်မာထောင်မောင်းသည့် ချီအဆင့်၁၀ စီနီယာအစ်ကိုက ခေါင်းကိုကုတ်လျှက်ပြောသည်။
“ ကံမကောင်းတာက ကျွန်တော့်ရဲ့ အရည်အချင်းကမပြည့်မှီတော့ လင်းလော်တောင်ထိပ်ကိုသာသွားရင် နှင်ထုတ်ခံရနိုင်တယ် “
ထိုသူမှာ ထျဲ့မန်ဖြစ်ပြီး အတော်လေးသန်မာကာ ခန္ဓာသန့်စင် သိုင်းပညာကို ကျင့်ကြံသူဖြစ်သည်။
“ လင်းလော်တောင်ထိပ်ဆိုတာ အတွင်းဂိုဏ်းက ပါရမီရှင်တွေပဲ ဝင်လို့ရတဲ့နေရာမို့ သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ဝင်လို့ရမှာလဲ “
“ ကျွန်တော်ကတော့ မတူဘူး။ ကြက်သွေးနီတောင်ထိပ်ကို သွားဖို့စဉ်းစားထားတယ်။ အဲ့မှာ မီးသိုင်းကျင့်ကြံသူတွေ အများကြီးရှိတာမလို့ အခြေခံထူထောင်ခြင်းအဆင့်ကိုရောက်တာနဲ့ မီးသိုင်းကို ကျင့်ကြံဖို့ လုပ်ထားတယ် “
“ ငါတို့ အတွင်းဂိုဏ်းကိုရောက်ရင်တောင် လူသိခံရပါ့မလားဆိုတာ သိချင်မိတယ် “
“ သေချာပေါက် မခံရလောက်ဘူး။ ဒါပေမဲ့ အငယ်တန်းညီကိုလုကတော့ ကိစ္စမရှိလောက်ဘူး “
လူတိုင်းက မျှော်လင့်ချက် အလင်းရောင်လေးနှင့်အတူ အတွင်းဂိုဏ်းမှာဖြစ်လာမဲ့ အနာဂတ်ကိုပြောနေကြ၏။
မကြာခင်မှာဘဲ ဒူဂုဖန် ပင်မစင်မြင့်ဆီရောက်လာသည့်အတွက် ဆယ်ယောက်လုံးစကားပြောခြင်းကို ရပ်လိုက်ကြသည်။
အောက်ကနေ ပြိုင်ပွဲကိုကြည့်နေကြသည့် ဂိုဏ်းသားများမှာ ဆူညံနေကြဆဲပင်။
ဒူဂုဖန်တစ်ချက်ကြည့်ရင်း အော်ပြောလိုက်၏။
“ တိတ်ကြစမ်း “
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်အထိ ဒူဂုဖန်၏ ဩဇာအာဏာမှာ ကြီးမားသည်။
သူက ထိပ်တန်းဆယ်ယောက်ကို ကြည့်ကာ
“ အခုဆိုရင် ထိပ်တန်းအဆင့်သတ်မှတ်ပွဲကို စတင်တော့မှာ ဖြစ်တယ်။ ခါတိုင်းလိုပဲ နှစ်ယောက်တစ်တွဲစီ ယှဉ်ပြိုင်ရင်း အဆင့်ကို ဆုံးဖြတ်မယ် “
စကားပြောနေတုန်းမှာပဲ ကျောက်စိမ်းလက်မှတ်ဆယ်ခုဟာ လုရီနှင့် အခြားသောကိုးယောက်ထံ ရောက်ရှိလာသည်။
လုရီိ ကျောက်စိမ်းလက်မှတ်ကိုကြည့်လိုက်တော့ အမှတ်စဉ် ၁ ကိုမြင်သည်။
ပထမဆုံးပြိုင်ရမည်ဟု မမျှော်လင့်ထားသည့်အတွက် အနည်းငယ်တော့ ကြောင်သွားရသည်။
ဘေးဘီတွင်လည်း လူတိုင်းက ကိုယ့်နံပါတ်ကိုယ် စစ်ကြရင်း အခြားလူများကိုလည်း သိချင်နေကြပုံပေါ်သည်။
ထိုအချိန်မှာပဲ ဒူဂုဖန်က ဆိုလာသည်။
“ ပြိုင်ပွဲစပါပြီ။ အမှတ်စဉ် ၁ ရတဲ့လူတွေက စင်ပေါ်ကိုတက်လာပြီး ကျန်တဲ့လူများကတော့ အောက်ကိုဆင်းပေးပါ “
လူရှစ်ယောက် အောက်ကိုဆင်းသွားသည့်အချိန်တွင် လုရီနှင့် ထျဲ့မန်တို့ နှစ်ယောက်သား အချင်းချင်းကြည့်လိုက်ကြသည်။
လုရီက ထျဲ့မန်အား ပြုံးပြကာ
“ စီနီယာညီကို ထျဲ့မန်ပဲ တိုက်ဆိုင်လိုက်တာ “
“ စီနီယာညီကို ထျဲ့မန်ကို အနိုင်ယူမယ် “
စိတ်ထဲတွင် တာဝန်ပေးလိုက်သည်။
[တာဝန်]
ထျဲ့မန်ကို အနိုင်ယူပါ။ ( လုပ်ဆောင်ချက် ၀/၁ )
ဆုလာဘ် : ထိပ်တန်းအဆင့် ခန္ဓာသက်စောင့်ဆေး အလုံး ၄၀/ ပြီးပြည့်စုံသည့် ဆေးလုံးဝါ ၄လုံး
လက်ခံမည်လား : လက်ခံပါမည်/ လက်မခံပါ
လုရီတစ်ခဏ ကြောင်အသွားရသည်။
ချီအားဖြည့်ဆေး မဟုတ်ဘဲ ခန္ဓာသက်စောင့်ဆေးတဲ့လား။
ခန္ဓာသက်စောင့်ဆေးကို ခန္ဓာသန့်စင်သိုင်းပညာ ကျင့်ကြံရာတွင်သုံးလေးရှိပြီး ခန္ဓာသန့်စင်သိုင်းပညာ၏ အရှိန်ကို တိုးမြှင့်ပေးသည်။ ခန္ဓာသန့်စင်သိုင်းကို မကျင့်ကြံသူ မှီဝဲခဲ့လျှင်လည်း တန်းတူသက်ရောက်မှု မရှိစေကာမူ ခန္ဓာကိုယ်ကို သန်မာစေသည်။
ဒီလောက် အဖိုးတန်သည့် ပစ္စည်းမျိုးရလိမ့်မည်ဟု လုရီမမျှော်လင့်ခဲ့ချေ။
ဤဆေးလုံးတွေသည် ချီအားဖြည့်ဆေးတွေထက် ပိုအဖိုးတန်သည်။
ကျင့်ကြံသူတစ်ယောက်၏ ခွန်အားသည် ကျင့်ကြံသည့်သိုင်းလောက အပေါ်မှီတည်လေ့ရှိသည်။ ခန္ဓာသန့်စင် သိုင်းပညာကို ကျင့်ကြံလျှင် ခွန်အားကိုတိုးမြှင့်ပေးသော်လည်း ကျင့်ကြံရန် ရင်းမြစ်များစွာ လိုအပ်သည့်အပြင် အချိန်နှင့်လုံ့လပါ စိုက်ထုတ်ရသည်မို့ လူအနည်းငယ်သာ ကျင့်ကြံလေ့ရှိသည်။
လုရီ၏ယခင်က အရည်အချင်းမှာ မပြည့်မှီသည့်အတွက် ထိုသိုင်းပညာအား တစ်ခါမှမကျင့်ကြံခဲ့ပေ။ ရွှေလက်ချောင်းနိုးလာပြီးနောက်ပိုင်း တိုက်ပွဲခွန်အား တိုးပြီး ပြိုင်ပွဲတွင် ရလဒ်ကောင်းရရန်အတွက် စိတ်ဝိဉာဉ်ကျင့်ကြံရေးလမ်းစဉ်ကိုသာ ပိုပြီးအာရုံစိုက်ခဲ့သည်။
ပြိုင်ပွဲပြီးလျှင် ခန္ဓာသန့်စင်သိုင်းကွက်များအား လေ့လာဖို့တွေးထားနေဆဲကပင် အခုဆို ဆေးလုံးတွေကို မမျှော်လင့်ဘဲ ရတော့မည်။
အနာဂတ်တွင် ပညာချင်းဖလှယ်ရနိုင်သည်ဟူသော အတွေးဖြင့် လုရီ ထျဲ့မန်ကို ဖော်ရွေစွာကြည့်လိုက်ပေသည်။
လုရီ၏ ဖော်ရွှေသည့်အပြုံးကိုမြင်သည့် ထျဲ့မန်မှာမူ ရိုးရိုးသားသား ပြန်ပြုံးပြရင်း
“ တော်တော်တိုက်ဆိုင်တာပဲ။ ဒါဖြင့် အငယ်တန်းညီလေးလု စလိုက်ကြရအောင် “
ပထမပွဲအဖြစ် ချီကျင့်ကြံရေးအဆင့်၁၀ နှင့် လုရီ၏ ပြိုင်ပွဲကို အောက်ရှိဂိုဏ်းသားတို့က စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
စင်ပေါ်ရှိနှစ်ယောက်ကို ကြည့်လိုက်ကာ ဒူဂုဖန်ပြောလိုက်၏။
“ စလို့ရပြီ “
ထျဲ့မန်သည် မီးခိုးရင့်ရောင်ရှိသည့် စိတ်ဝိဉာဉ်အခိုးအငွေ့များကို စီးဆင်းစေလိုက်ပြီး အသံမြည်သည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ အငယ်တန်းညီကိုလု လမ်းညွှန်ပေးပါဦး “
လုရီက သူ၏ စိတ်ဝိဉာဉ်တိမ်စုတို့ ရစ်သိုင်းနေသည့် ဓားရှည်အားထုတ်ကာ
“ စီနီယာညီကို ထျဲ့မန် လမ်းညွှန်ပေးပါဦး @
ထျဲ့မန် သူ၏ခြေသလုံးတုတ်တွေအား အားတင်လိုက်၏။
အုံးး။
သူရပ်နေသည့်မြေကြီးမှဋ ပင့်ကူအိမ်ကဲ့အက်ကွဲသွားပြီး ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားကာ လုရီခေါင်းထက်တွင်ပေါ်လာပြီးနောက် သားရဲတစ်ကောင်ကဲ့သို့အရှိန်အဝါများ ထုတ်လွှတ်လျှက်ရှိသည်။
လက်သီးဆုပ်ပြီး လုရီ၏ ခေါင်းစီ ပစ်သွင်းရာ လက်သီးဘေးရှိ ဖောက်ထွင်းမြင်ရသော စွမ်းအင်တို့မှာ လုရီဆံပင်များ တွန့်လူးသွားသည်အထိ အားကောင်းလှသည်။
လက်သီးဆုပ်၏ အားကြောင့်် ပြင်းထန်သည့်ခံစားမှုတစ်ခုကို လုရီခံစားလိုက်ရပြီး ထျဲ့မန်၏ အထင်ကြီးစရာ ပုံရိပ်ကို စိတ်ထဲကနေ အံ့ဩချီးကျူးလိုက်၏။
သူကိုယ်တိုင်ကမူ စိတ်ဝိဉာဉ်စွမ်းအင်တွေကို စီးဆင်းစေပြီး တိမ်ဖြူကဲ့သို့ပေါ့ပါးစွာ ရွေ့လျားက အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ထျဲ့မန်၏ လက်သီးမှာ ဘာကိုမျှ မထိုးမိဘဲ စင်မြင့်ပေါ်၌ ချိုင့်ခွက်သေးသေးလေးကို ဖြစ်ပေါ်စေသည်။
ထျဲ့မန်၏ ခြေထောက်တွေ ထပ်မံတင်းမာလာပြီး နောက်တစ်ခါပျောက်သွားပြန်သည်။
ထိုအချိန်တွင် လုရီက တိမ်ဖြူဓားရှည်ကို ညာဘက်သို့ လွှဲချလိုက်ရာ ထျဲ့မန်မှာလည်း ညာဘက်တွင်ပေါ်လာသည်။
တိမ်ဖြူဓားရှည်၏ ချွန်မြမှုကို ခံစားမိသော ထျဲ့မန်မှာ တွန့်သွားပြီး အော်ဟစ်လိုက်ရာ မီးခိုရောင် စိတ်ဝိဉာဉ်အငွေ့များထွက်ပေါ်လာပြီး သူ၍ ခန္ဓာကိုယ်တစ်လျှောက် လွှမ်းခြုံသွားလေသည်။
ထျဲ့မန် လက်သီးကိုဆုပ်ကာ တိမ်ဖြူဓားရှည်ထံတည့်တည့် ပစ်သွင်းလိုက်သည်။
အုံးးး။
စိတ်ဝိဉာဉ်စွမ်းအင်တွေဟာ တိမ်ဖြူဓားရှည်နှင့် ရောထွေးတိုက်မိပြီး အသံကျယ်ကြီးဟိန်းထွက်သွားသည်။ လှိုင်းတိုများက မုန်တိုင်းကဲ့သို့ ပျံ့လွင့်သွားပြီး ဘေးပတ်လညှိ အပြင်ဆောင်ဂိုဏ်းသားတို့မှာ ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားရပြီး မျက်လုံးပြူးကုန်ကြသည်။
“ ဟ တော်တော်လေးကို ကြီးမားပျက်စီးစေတဲ့ စွမ်းအားပါလား “
“ ဒီစွမ်းအားက… ငါချဲ့ကားပြောတာတော့မဟုတ်ဘူး ငါ့ကိုသာထိရင် မြေကြီးပေါ်ပြားပြားဝပ်ပြီး ငါ့အတွက်အမွှေးတိုင်ကလေးသာ ထွန်းပေးဖို့ စီနီယာအစ်ကိုတွေကို တောင်းပန်လိုက်မှာ “
“ မင်းတကယ် ချဲ့ကားပြောနေတာတော့ မဟုတ်ဘူးပဲ”
ပိုင်ယွီလောင်းနှင့် တကွအခြားလူများသည်လည်း စင်မြင့်အစပ်ကနေ ပြင်းထန်သည့် ပြိုင်ပွဲကိုကြည့်ကာမျက်နှာအမူအရာပြောင်းလဲကုန်ကြသည်။
ဝမ်ဟွနှင့် တခြားချီအဆင့်၉ ကလူတွေက စိတ်ရှုပ်ထွေးကုန်၏။
“ ဒါက ချီအဆင့်၇ တဲ့လား။ လာနောက်နေတဲ့ပုံပဲ “
“ ထိပ်တန်းဆယ်ယောက်အထိ ပါပြီးပြီဆိုတော့ ငါတော့ လက်လျှော့လိုက်တော့မယ်။ အတွင်းဂိုဏ်းကို ဝင်ရမှာပဲဆိုတော့ ထိပ်ဆုံးအဆင့်တွေဘာတွေ မက်မနေတော့ဘူး “
“ အငယ်တန်းညီကိုလုက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ ငါလက်ခံသွားပြီ။ တစ်ယောက်နဲ့တစ်ယောက် သက်သက်ညှာညှာ လုပ်ရအောင်ကွာ။ သူတို့နှစ်ယောက်လို အားကုန်သုံးစရာမလိုပါဘူး နော် “
သုံးယောက်သား ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။
လင်းဝမ်အာကတော့ ထိုသုံးယောက်ကိုကြည့်ကာ ရွှတ်နောက်နောက်ဖြင့်
“ မင်းတို့က ဒါကို အားကုန်သုံးတယ်ထင်နေကြတာလား။ အခုမှ သွေးပူရုံပဲရှိသေးတာကွ “
ဝမ်ဟွနှင့် တခြားလူများ “ ??? “
အခန်း၂၇ [ ဖြစ်နိုင်ချေရော ရှိရဲ့လား ]
အလားတူစွာ ဒူဂုဖန်နှင့် တခြားသောအကြီးအကဲများမှာ ကောင်းကင်ထက်ကနေ ပြိုင်ပွဲကိုစောင့်ကြည့်နေကြသည်။
ဝတုတ်တုတ် အဖိုးအိုတစ်ယောက်ဟာ အောက်က လုရီကို ကြည်ရင်း ပြော၏။
“ ဒီကောင်လေးက တကယ့်ကို ပါရမီရှင်ပဲ။ ချီကျင့်ကြံရေးအဆင့်၇ လောက်နဲ့ ဒီလိုအားပြင်းတဲ့ စွမ်းအားကို ထုတ်နိုင်တယ်ဆိုတာ။ အကြီးအကဲ ဒူဂု ကျုပ်တို့ ဍအပြင်ဆောင်ဂိုဏ်းမှာ ဒီတစ်ခါတော့ သူမတူတဲ့တပည့်တစ်ယောက်ရှိပြီပဲ “
ဘေးနားရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားကပါ ခေါင်းညိတ်လျှက်
“ ဒီလိုမျိုးသာ ခွန်အားကို ထိန်းသိမ်းထားနိုင်ရင် အနာဂတ်မှာ ကျုပ်တို့ ချင်းကျိုးရဲ့ လူငယ်ပါရမီရှင်အဆင့်တွေထဲတောင် ဝင်ဖို့အခွင့်အလမ်းရှိတယ် “
အကြီးအကဲတွေအကုန်လုံး မှင်သက်သွားကြပြန်သည်။ အကြီးအကဲတစ်ယောက်က
“ အကြီးအကဲလင်း ဒါကတော့ နည်းနည်းချဲ့ကားလွန်းတယ်ထင်တယ်။ လူငယ်ပါရမီရှင်အဆင့်ဆိုတာ ကျင့်ကြံရေးသိုင်းစနစ်တွေကို သူမတူအောင် ထူးချွန်တဲ့လူတွေပဲရှိတာ။ လုရီရဲ့ နားလည်နိုင်စွမ်းက ထူးချွန်ပြောင်မြောက်ပေမဲ့ ကျင့်ကြံရေးပါရမီကတော့ အဲ့လောက်အထိ အားကောင်းပုံမရဘူး။ အသက်၁၆နှစ်နဲ့ အခုမှ ချီအဆင့်၇ ပဲရှိသေးတာမို့ သိသာတဲ့ ကွာခြားချက်ကတော့ ရှိမှာပဲ “
တချို့သော အကြီးအကဲများကပါ ထိုစကားကို ခေါင်းညိတ် ထောက်ခံကြသည်။
သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ပြုံးလိုက်ပြီး
“ နားလည်သဘောပေါက်နိုင်စွမ်းမြင့်တယ်ဆိုကထဲက ဒီကလေးက ကျင့်ကြံရေးသိုင်းပညာတွေကို မြန်မြန်လေ့လာနိုင်တာပဲ။ ဒီကောင်လေးမှာသာ အားပြင်းတဲ့ ကျင့်ကြံရေးနည်းတွေနဲ့ ကျင့်ကြံရေး ရင်းမြစ်တွေရှိမယ်ဆိုရင် ကျင့်ကြံရေးအဆင့်ကပါ အလိုလိုမြင့်လာမှာ။ အပြန်အလှန်အနေနဲ့ဆို ဘူးစို့အဆင့်ကို ခံစားမိဖို့ဆိုတာ နားလည်သဘောပေါက်နိုင်စွမ်းမရှိဘဲ မဖြစ်နိုင်တာမလို့ ဒီကောင်လေးကို ကျုပ်တော့ အတော်လေး သဘောတွေ့မိတယ် “
ဒီစကားတွေကကို အခြားသောအကြီးအကဲတွေက ထောက်ခံကြသည်။
“ ဘယ်လိုပဲဖြစ်ပါစေ တိမ်ဖြူဂိုဏ်းမှာ နောက်ထပ်ပါရမီရှင်တစ်ယောက်ပေါ်လာတာက ကောင်းမွန်တဲ့အရာတစ်ခုပဲ “
စင်မြင့်ပေါ်တွင်ဖြစ်သည်။
ပေါက်ကွဲပြီးသည့်နောက် လုရီရော ထျဲ့မန်ပါ နောက်ကိုဆုတ်လိုက်ကြသည်။ လုရီ အနည်းငယ်ထုံနေသည့် သူ၏လက်ကို ခါလိုက်သည်။
ရွှေလက်ချောင်းစနစ်နိုးလာပြီးကထဲက တိုက်ခိုက်ခဲ့သည့်လူတွေထဲတွင် ထျဲ့မန်၏ခွန်အားမှာ အားအကောင်းဆုံးဖြစ်သည်။ အခု စစ်မှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူဓားရှည်သိုင်းပညာကို အပြည့်အဝထုတ်သုံးတာတောင် ထျဲ့မန်ကို မနိုင်သေးပေ။
ဒါ့အပြင် ထျဲ့မန်၏ ခွန်အားမှာ ကြီးမားလှသည်မို့ တိုက်မိပြီးနောက်ပိုင်းတွင် လုရီလက်မှာ အနည်းငယ်ကျင်ထုံသွားရသည်။
ဒါပေမဲ့ ဒီလိုဆို ပိုတောင်စိတ်ဝင်စားစရာကောင်းပေသည်။
လုရီဒီထက်ပိုပြီး စိတ်ဝိဉာဉ်စွမ်းအင်တို့အား စီးဆင်းစေလိုက်သည်။ သူယခင်ကအသုံးပြုသော စွမ်းအင်တို့မှာ သာမန်ချီအဆင့်၇ ကျင့်ကြံသူတစ်ဦး၏ အဆင့်သာရှိသည်။ သူ၏ တိမ်ဖြူချီစင်သိုင်းပညာမှာ အဆင့်၈ သို့ရောက်နေပြီဖြစ်ရာ စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ အငွေ့ပျံပြီး အရည်အဖြစ်ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။ ဒီလို ဝိဉာဉ်စွမ်းအင်မျိုးနှင့်ဆိုလျှင် ပုံမှန် ချီအဆင့်၁၀ကျင့်ကြံရေးသမားတွေ မယှဉ်နိုင်လောက်သည့် ပမာဏပင်။
သူ၏ စိတ်ဝိဉာဉ်စွမ်းအင်အရည်အသွေးမှာ အစပိုင်း ပြန်လည်ထူထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်လို့ရမှန်း လုရီသိသည်။
ဝိဉာဉ်စွမ်းအင် ထုတ်လွှတ်မှုပမာဏကို အနည်းငယ်ပိုမြှင့်လိုက်လျှင် တိမ်ဖြူဓားရှည်သိုင်းပညာအစွမ်းကို ယခင်ကထက် ပိုသိသာစွာတိုးမြှင့်နိုင်သည်။
ဝိဉာဉ်စွမ်းအင် ထုတ်လွှတ်နေသည့် လုရီ၏ အရှိန်အဝါမှာ ပြင်းထန်နေသည်။ သူက ထျဲ့မန်ကိုပြုံးကာကြည့်ရင်း
“ စီနီယာအစ်ကို ထျဲ့မန် သွေးပူလေ့ကျင့်ခန်းက ပြီးသွားပြီဆိုတော့ ပိုပြီးခွန်အားတွေ ထုတ်သုံးလိုက်ရအောင် “
လုရီ၏ ခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအင်ကို ခံစားလိုက်ရသည့် ထျဲ့မန်မှာ တွန့်သွားပြီး ဖိအားတွေ ခံစားလာရသည်။ လေးနက်တဲ့ပုံနဲ့ ပြုံးလိုက်ပြီး
“ အငယ်တန်းညီလေးလုရီကို အထင်သေးခဲ့မိပုံပါပဲ။ ချီအဆင့်၇ နဲ့တင်ဒီလိုခွန်အားမျိုးရှိတယ်ဆိုတာ ဒီက စီနီယာညီကိုအတွက်တော့ ရှက်စရာကောင်းပေမဲ့ ထိန်းချုပ်မထားတော့ပါဘူး “
စကားပြောနေသည့်အချိန်တွင် ထျဲ့မန်၏ ဝိဉာဉ်စွမ်းအင်တွေဟာ ပိုမိုစီးဆင်းလာပြီး လက်သီးဆုပ်လိုက်ရာ ကျားတစ်ကောင်၍ မာန်ဖီသံကဲ့သို့ အသံမြည်ဟီးသွားသည်။
ချီကျင့်ကြံရေးသိုင်းပညာလောက ကျားလက်သီး။
ကျားလက်သီးနှင့် ကျားဓားမနှစ်ခုလုံးမှာ ကျားရည်ရွယ်ချက်မှ ဆင်းသက်လာသော တိမ်ဖြူဂိုဏ်း၏ အခြေခံ သိုင်းပညာနှစ်ခုဖြစ်သည်။
အရင်ကတွေ့ခဲ့သည့် လင်းဂန်၏ ကျားဓားမမှာ အားမပြင်းသော်လည်း ထျဲ့မန်ကမူမတူ။ သူ၏ ခွန်အားမှာ အလွန်ကြီးမားပြီး ချီစွမ်းအင်းနှင့် သွေးတို့မှာ သားရဲတစ်ကောင်နှယ် ဆူပွက်နေသည်။ ကျားဟိန်းသံမြည်သည့် ကျားလက်သီးကို သုံးလိုက်သည့်အခါ ထျဲ့မန်၏ အရှိန်အဝါမှာ ယခင်ကထက်ကြောက်စရာကောင်းလာပေသည်။
သူ့ဘေးနားရှိ လေထုမှာ လေမုန်တိုင်းကဲ့သို့ နေရာအနှံ့အပြား ပျံ့နှံ့သွားသည်။ ထုတ်လွှတ်လိုက်သည့် ကျားတစ်ကောင်ကဲ့သို့ အရှိန်အဝါက အောက်ရှိ အပြင်ဆောင်ဂိုဏ်းသားတို့အပေါ် ဖိအား သက်ရောက်စေပြီး ရင်ဘတ်များလေးလံလာကြသည်။
ပွဲကြည့်သူများအားလုံး ကြောက်ရွံ့သွားကာ စင်မြင့်ထက်သို့ ကြည့်နေကြသည်။
ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည့်လုရီက
“ စီနီယာညီကိုက အားကုန်သုံးမှတော့ အငယ်တန်းညီလေးကလည်း မညှာတော့ပါဘူး “
အင်း စီနီယာ ထျဲ့မန်က သူထင်ထားတာထက်ပိုအားပြင်းသည်မို့ တိမ်ဖြူကိုယ်ဟန်သိုင်းအဆင့် ၆ လောက်သုံးရပေမည်။
လုရီတွေးနေတုန်းမှာပဲ ထျဲ့မန်ဟာ ကြမ်းပြင်မှာ အက်ရာပေါ်တဲ့အထိ ခြေကိုစောင့်လိုက်ပြီး ကျားတစ်ကောင်၏အရှိန်မျိုးဖြင့် လုရီထံ ဗြုန်းစားကြီးပစ်ဝင်လာသည်။
တစ်ခဏတော့ ကြီးမားသည့် ကျားတစ်ကောင်၏ အားကို လုရီခံစားလိုက်ရသည်။
ဓားရှည်အလင်းရောင် ဟာ အလင်းပြန်ပြီး အရင်ကထက် အင်အားကြီးသည့် တိမ်ချီဓားဟာ ထျဲ့မန်ဆီရောက်ရှိသွားပေသည်။
အုံးးးး။
ထိခတ်မှုအပြီးမှာပဲ ထျဲ့မန်၏ အသားပေါ်တွင် တိမ်ချီဓားရှည်မှ ရသည့် ဒဏ်ရာတို့ပေါ်လာသည်။
သို့သော် သွေးအချို့ကို မြင်လိုက်သည့် ထျဲ့မန်ဟာ ပိုစိတ်လှုပ်ရှားသွားပြီး အော်ဟစ်ကာ တိမ်ချီဓားရှည်ကိုဖောက်ထွင်းပြီး လုရီဆီသို့ပြေးလာသည်။
လုရီမတတ်နိိုင်ဘဲ ပြုံးလိုက်ကာ ခြေထောက်ကို ထိလိုက်တော့ ခန္ဓာကိုယ်က ရပ်နေရာကနေ ပျောက်ကွယ်သွားသည်။
အုံးးးးး။
ထျဲ့မန်၏ လက်သီးမှာ မြေကြီး၌ကပ်နေပြီး နောက်ကျောကနေ ချွန်မြသည့်ဓားစွမ်းအင်ကို ခံစားလိုက်ရသည်။ သိစိတ်အရနောက်ကိုလှည့်ကြည့်လိုက်သည့်အခါ သူ့အားချိန်ရွယ်ထားသည့် တိမ်ချီဓားရှည်ကို မြင်လိုက်ရလေသည်။
ထျဲ့မန် ကျုံ့သွား၏။ ပြန်ပြီးတိုက်ခိုက်ဖို့ အချိန်မရဘဲ လက်မောင်းကို ရင်ဘတ်နားကပ်ဟာ ဝိဉာဉ်စွမ်းအင်ကို ထုတ်လွှတ်ရင်း အော်ပဲအော်နိုင်သည်။
အုံးးးးးး။
ထျဲ့မန်၍ အဝတ်အစားများမှာ ပြဲထွက်သွားသည်။ တိမ်ချီဓားရှည်မှာ ခန္ဓာကိုယ်ထဲဖောက်ဝင်သားပြီး သွေးတို့စီးဆင်းကာ ခန္ဓာကိုယ်မှာ ပျံတက်သွားသည်။
ထျဲ့မန်၏ ခွန်အားမှာ အင်မတန်အားကောင်းသည်ဖြစ်ရာ ဤမျှဒဏ်ရာလောက်က မပြင်းပေ။ သူလဲကျပြီးသည်နှင့် ချက်ချင်းထရပ်လိုက်၏။
ထိုအချိန်မှာပဲ ဓားရှည်ဟာ လည်ပင်းနားကိုရောက်လာသည်မို့ ထျဲ့မန်အေးခဲသွားရသည်။
လုရီက ထျဲ့မန်၏အရှေ့တွင်ရပ်ကာ ပြုံးရင်း
“ စီနီယာညီကို ထျဲ့မန် ကျွန်တော့်ကို နိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
စင်မြင့်တစ်ဝိုက်ရှိ လေထုမှာ အလွန်အမင်းတိတ်ဆိတ်သွားသည်။
ထို့နောက် ဂိုဏ်းသားတို့ ပွတ်လောရိုက်ကုန်ကြ၏။
“ ဘာတွေဖြစ်သွားတာလဲကွ “
“ စီနီယာညီကို လုရီရဲ့ အရှိန်က ဘယ်လိုလုပ်အဲ့လောက် မြန်သွားရတာလဲ “
“ ဟုတ်တယ် ဒါလုံးဝအရင်ကနဲ့မတူဘူး။ ငါညီကို လု ကိုတွေ့တောင်မတွေ့လိုက်ရဘူး “
“ စီနီယာညီကိုလုရဲ့ တိမ်ဖြူကိုယ်ဟန်သိုင်းကပါ စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့်ကို ရောက်နေတာ ဖြစ်နိုင်လို့လား “
ဒီစကားတွေဟာ လုရီကို အံ့ဩတကြီးကြည့်နေကြသူများကြား ပျံ့နှံ့သွားသည်။
“ ဒါကြီးကဖြစ်ရောဖြစ်နိုင်လို့လား။ ညီကိုလုက အခြေခံသိုင်းပညာနှစ်ခုကို စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့်အထိ ကျင့်ကြံနိုင်တာ။ နားလည်သဘောပေါက်နိုင်စွမ်းက ဘယ်လောက်တောင်ရှိနေတာလဲကွ “
“ ဒီကြီးကတော့ နောက်စရာမဟုတ်တော့ဘူး။ အငယ်တန်းညီကိုလုက က တကယ်တော့ ကျင့်ကြံရေးအဆင့်၈ ရောက်နေတာကို ဖုံးကွယ်ထားတယ်လို့ ပြောရင်တောင် ယုံလိုက်ဦးမယ် “
စင်ပေါက်ရှိ လင်းဝမ်အာနဲ့ ကျန့်ဖန်အပါအဝင်တခြားသော လူများက လေးနက်သော အမူအရာများဖြစ်နေကြသည်။ ပိုင်ယွီလောင်း၊ လင်းဝမ်အာနှင့် ချီအဆင့်၁၀ ရှိကျင့်ကြံသူ တွေအားလုံး တည်ငြိမ်ကုန်ကြသည်။
ကျန့်ဖန်က လုရီကို သေသေချာချာကြည့်ရင်း ပြော၏။
“ ဒီ အငယ်တန်းညီကိုလုက တကယ့်ကို လက်ဖျားခါလောက်စရာပဲ။ တိမ်ဖြူဓားရှည်နဲ့ တိမ်ဖြူကိုယ်ဟန်သိုင်းကို စစ်မှန်လောကအဆင့်အထိရောက်ပြီးပြီပဲ။ တစ်ခုခုထပ်ဖုံးကွယ်ထားတာများလား။ တိမ်ဖြူချီစင်သိုင်းပါ ကန့်သတ်ချက်ကိုရောက်နေတာ များဖြစ်မလား “
ဒါကိုကြားသည့် အခြားလူတွေက ပြောစရာစကားမဲ့စွာ ကျန့်ဖန်ကို ကြည့်နေကြသည်။
ဓားမနှစ်လက်နှင့် အေးစက်ခက်ထန်သည့် လူငယ်ကပြော၏။
“ ကျန့်ဖန် မမွှေစမ်းနဲ့ “
လင်းဝမ်အာကပါ ခေါင်းညိတ်လျှက်
“ ဟုတ်တယ်။ တကယ်လို့ ရှင့်ရဲ့ခန့်မှန်းချက်ကမှန်ခဲ့ရင် တော်တော်တော့ ခက်ခဲလိမ့်မယ်။ ကျွန်မထက် ကျင့်ကြံရေးအဆင့်နိမ့်ပြီး ငယ်ရွယ်တဲ့ အငယ်တန်းမောင်လေးတစ်ယောက်ကို မရှုံးချင်ဘူး။ ပြီးတော့သူက ချောလွန်းနေတော့ သိပ်ရှက်စရာကောင်းတာပဲ “
ပိုင်ယွိလောင်းက သက်ပြင်းချကာ ပြောသည်။
“ မင်းတခြားဖြစ်နိုင်ချေတွေကိုရော ထည့်တွက်ပြီးပြီလား။ အပြင်ဆောင်ဂိုဏ်းသားတွေက ပုံမှန်ဆို နည်းစနစ်တစ်ခုနဲ့ အခြေခံသိုင်းပညာနှစ်ခုကိုပဲ ကျင့်ကြံကြတာ။ ဒီကောင်လေးရဲ့ ကျင့်ကြံရေးနည်းစနစ်ကလည်း ရိုးစင်းလောကပြန်လည်ရရှိခြင်းအထိ ရောက်ပြီဆိုတာ ဖြစ်နိုင်လို့လား “
ကျန့်ဖန် တင်းကြပ်ကြပ်ပြုံးလိုက်ရာ လင်းဝမ်အာနှင့် တခြားလူများပါ တောင့်တင်းကုန်ကြသည်။
“ မဖြစ်နိုင်စရာမရှိဘူး ဟုတ်တယ်မလား “
တခြားတစ်ဖက်တွင် ချီအဆင့်၉ ရှိသည့်သုံးယောက်လုံးမှာ လက်လျှော့လိုက်ပြီး နောက်ပိုင်း ဒီမြင်ကွင်းကို ပျော်ပျော်ကြီးကြည့်နေကြသည်။ သူတို့ထဲက တစ်ယောက်မှ လုရီကိုမနိုင်နိုင်သည့်အတွက် ကိစ္စမရှိတော့။ သူတို့မှာ ဒီအတိုင်း ပေါက်ပေါက်ဆုပ်ကလေးကိုင်ပြီး ပွဲကြည့်ပရိတ်သတ်ပဲ လုပ်တော့မည်ဖြစ်သည်။