အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း ၄၃ - ဒီ...ဒီအမျိုးသမီးက လင်းလောင် တောင်ထိပ်ရဲ့ အရှင်သခင် ဖြစ်နိုင်လို့လား...
~ ထိုစကားကို ကြားလိုက်ရသည့် လုရီီ မျက်လုံးတို့မှာ ဝိုင်းစက်သွား၏။
“လိုအပ်ချက်ဟုတ်လား။ ဘာလိုအပ်ချက်လဲ စီနီယာအစ်မမှာ မွေးရာပါ ဝိဉာဉ်ခန္ဓာကိုယ်ရှိတာတောင် အရည်အချင်း
မပြည့်မီဘူးတဲ့လား”
“ အရည်အချင်းမပြည့်မီဘူးလို့ ဘယ်သူပြောလဲ ”
သုန်းကုန်းမင်ယွဲ့က လုရီီကိုမျက်စောင်းထိုး၏။
သူမသည် အလိုမကျ၍ ပါးဖောင်းလိုက်ကာ..
“ အချိန်လေးနည်းနည်းလိုရုံလေးပါ ”
သူမက ဆက်မပြောခင် ခဏရပ်ပြီး
“ အသေးစိတ်လိုအပ်ချက်တွေကိုတော့ ရှင်တောင်ထိပ်သခင်ကိုတွေ့ရင် သိရလိမ့်မယ် ”
သိချင်စိတ် ဖြစ်မိသော်လည်း လင်းလောင် တောင်ထိပ်သခင်ကို တွေ့ပြီးစောင့်ကြည့်ရုံကလွဲလို့ ရွေးချယ်စရာ မရှိပေ။
ထိုအချိန်မှာပဲ သုန်းကုန်းမင်ယွဲ့က သိချင်စိတ်ဖြင့်မေးလာသည်။
“ ဒါနဲ့ ရှင်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ ဘယ်လောက်ကြာခဲ့လဲ။ ကျွန်မက နှစ်နာရီပဲကြာခဲ့တာ ”
ပြောနေရင်းနှင့် မင်ယွီ၏ မျက်နှာလှလှလေးမှာ ဘဝင်ခိုက်နေပုံ ပေါ်သည်။ သူကဆက်ပြော၏။
“ မမျှော်လင့်တဲ့အရာတွေ ဘာမှမဖြစ်ဘူးဆိုရင် ကျွန်မတို့က အခုဆို စီနီယာနဲ့ ဂျူနီယာတွေဖြစ်နေသင့်တာ။ ရှင့်ရဲ့ သိုင်းပညာတွေနဲ့ပတ်သက်ပြီး အနာဂတ်မှာ အခက်အခဲရှိရင် လာပြီးအကြံတောင်းလို့ရတယ်နော်။ သေချာလေး သင်ပေးပါ့မယ် ”
စကားပြောနေရင်း သူမမှာ ကာကွယ်ပေးမည်ဆိုသော သဘောဖြင့် လုရီီ၏ပုခုံးကိုတောင် ပုတ်လိုက်သေး၏။
လုရီီက ရှက်ရယ် ရယ်ကာ
“ အငယ်တန်းမောင်လေးက နာရီဝက်ကြာပါတယ် ”
သုန်းကုန်းမင်ယွဲ့၏ မျက်နှာမှာ တောင့်ခဲသွားသည်။
“ နာ ..နာရီဝက် ဟုတ်လား ”
မျက်လုံးများပြူးကာ ပါးစပ်ကလေးဟသွားသော ထိုမိန်းကလေးမှာ အမှတ်တမဲ့ ချစ်စရာကောင်းနေ၏။
လုရီီသည် ခေါင်းကို ညိတ်လိုက်သည်။
“ ဟုတ်ပါတယ် ”
လန့်သွားသည့် သုန်းကုန်းမင်ယွဲ့က
“ ဒါသာအမှန်ဆိုရင် ရှင့်ရဲ့ နားလည်တတ်မြောက်နိုင်စွမ်းက စီနီယာအစ်မ
လျိုနင်ရွှမ်းထက် ပို တော်တယ်လို့ ဆိုလိုတာပေါ့ ”ဟု မေးလိုက်သည်။
လုရီီက ရယ်လျက်
“ စီနီယာအစ်မ လျိုနင်ရွှမ်းထက် ပိုတော်လားဆိုတာတော့ ကျွန်တော် မသိပါဘူး ဒါပေမဲ့ ဝင်ခွင့်စာမေးပွဲမှာ တကယ်ကို နာရီဝက်ပဲကြာခဲ့တာပါ ”
သုန်းကုန်းမင်ယွဲ့၏ မျက်နှာလှလှလေးမှာ ရုတ်တရက် နီရဲသွားရသည်။
စောစောက သူမသည် ယုံကြည်ချက်ချက်ပြောခဲ့သော်လည်း အခု လုရီီ၏ နားလည်တတ်မြောက်မှုက သူမထက် ပိုတော်နေသည်။
ဒီလူ့ရဲ့ နားလည်နိုင်စွမ်းက ဘယ်လိုတောင်လား။
တကယ့်ကို အန္တရာယ်များတာ မဟုတ်ဘူးလား။
သုန်းကုန်းမင်ယွဲ့သည် အကြည့် လွှဲလိုက်ပြီး ခပ်ရှက်ရှက်နှင့်ပင် ပြောင်ပြောင်တင်းတင်းပြောလိုက်သည်။
“ အဟမ်း နားလည်တတ်မြောက်ခြင်းအနေနဲ့ဆို မဆိုးပါဘူး ဟုတ်လား။ နင်က တကယ်ကို ငါ့ရဲ့ အငယ်တန်းမောင်လေး ဖြစ်ဖို့ထိုက်တန်တယ်။ ဒါပေမဲ့ ကျင့်ကြံတဲ့ အရည်အချင်းမှာတော့ ဒီအစ်မနဲ့ ပြိုင်လို့မရဘူးနော်။ ငါက နည်းနည်း ပိုကြောက်စရာကောင်းတယ် ”
သုန်းကုန်းမင်ယွဲ့၏ အပြောင်းအလဲမြန်
သည့် အမူအရာကိုမြင်လိုက်ရသည့် လုရီီမှာ မရယ်ဘဲ မနေနိုင်တော့။
သူက လေးလေးနက်နက်ပြောလိုက်သည်။
“ စီနီယာအစ်မ သုန်းကုန်းရဲ့ ကျင့်ကြံရေးပါရမီက ကျွန်တော်နဲ့ ယှဉ်ဖို့တောင်မသင့်ပါဘူး။ စီနီယာအစ်မဆီက အများကြီးသင်ယူရပါဦးမယ် ”
ဒါကိုကြားသည့် သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများမှာ အရောင်တောက်သွားရသည်။ သူမက ခါးထောက်လိုက်ပြီး အထင်ကြီးစရာကောင်းသည့် ဟန်ပန်ဖြင့် ခေါင်းညိတ်ကာ
“ အငယ်တန်းမောင်လေး လုရီီကလည်း
မဆိုးပါဘူး။ ဒီလို နားလည်တတ်မြောက်မှုအဆင့်နဲ့ဆိုရင် ဒီအစ်မက မသေမျိုးဖြစ်လာတဲ့အခါ နင့်ရဲ့ ဆင်းရဲဒုက္ခဖြတ်သန်းခြင်းအတွက် ကူညီပါ့မယ် ”
လုရီီက ရွှင်ပျစွာ ရယ်လိုက်သည်။
“ ဒါဆိုရင်တော့ စီနီယာအစ်မ သုန်းကုန်းကို ကျွန်တော် ကျေးဇူးအများကြီး တင်ရတာပေါ့ ”
“ ပြောစရာမလိုပါဘူး၊ စီနီယာအစ်မအနေနဲ့ အငယ်ကိုစောင့်ရှောက်ဖို့က ငါ့ရဲ့တာဝန်ပဲဟာ ”
သုန်းကုန်းမင်ယွဲ့က မျက်လုံးကို လခြမ်းကွေးလေး ပေါ်သည်အထိ ရယ်ပြီး ပြောသည်။
လုရီီ ပြုံးလိုက်ပြီး
“ စီနီယာအစ်မက တကယ်ကို ကြင်နာတတ်တာပဲ ”
“ ဒါပေါ့ ”
ထို အချိန်မှာပဲ လုရီ တစ်ခုခုကို သတိရမိသွားသည်။
လင်းလောင် တောင်ထိပ်သခင်ကို
တွေ့တော့မည််မို့ တာဝန်အဖြစ် ပေး၍ ရနိုင်မလားပင်။
သူ စိတ်ထဲက ပြောလိုက်၏။
“ လင်းလောင် တောင်ထိပ် သခင်နဲ့
တွေ့မယ် ”
ထိုအချိန်တွင် ဂိမ်းကိုယ်ထည်ပေါ်၌ စာသားများ ရုတ်တရက် ပေါ်လာသည်။
[တာဝန်]
လင်းလောင် တောင်ထိပ်သခင်ကို တွေ့ဆုံပါ။
ဆုလာဘ် : နှစ်တစ်ရာဝိဉာဉ်နှင်းစက် ဆယ်စက်
လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ
လုရီီ ဝမ်းသာသွားရ၏။
တကယ်ပဲ တာဝန်ပေးလို့ ရတယ်ပေါ့။
ဆုက နှစ်တစ်ရာဝိဉာဉ် နှင်းစက်
ဆယ်စက်တောင်လားဟေ။
သူ့အနေဖြင့် အခုလို နှစ်တစ်ရာဝိဉာဉ်နှင်းစက်ကို ဆုအနေဖြင့် အများအပြားရဖူးခြင်းမှာ ပထမဆုံးပင်။
လုပ်ရမည်မှာလည်း လင်းလောင် တောင်ထိပ်သခင်ကို သွားတွေ့ရုံသာ။
နှစ်တစ်ရာဝိဉာဉ်နှင်းစက် တစ်စက်ကလေးရဖို့အတွက် စီနီယာအစ်ကို ကျန့်ဖန်နှင့် တိုက်ခဲ့ရသည်များကို သတိရမိသွားသည်။
ကွာခြားချက်က အလွန်ကြီးမား၏။
လုရီီက တာဝန်ကိုလက်ခံလိုက်ပြီး အပေါ်တက်နေစဉ် သုန်းကုန်းမင်ယွဲ့နှင့် စကားဆက်ပြောရင်း လင်းလောင်တောင်ထိပ်အခြေအနေကို နားထောင်နေလိုက်သည်။
တောင်ထိပ်မှာ လွန်စွာမြင့်မားလှသည်မို့ တောင်ထိပ်တစ်ဝက်ရောက်သည်နှင့်ပင် တိမ်များစတင်စုဝေးလာပြီး အပူချိန်မှာလည်း ကျဆင်းလာသည်။
သို့သော် နွေဦးဖြစ်သည်မို့ ဘေးနားပတ်ဝန်းကျင်တွင် သစ်တောစိမ်းများ၊ ကျောက်လှေကားဘေးတွင် မြက်ခင်းစိမ်းများ၊ စီးဆင်းနေသော စိမ်းချောင်းကလေးများနှင့် မသေမျိုးလောကနှယ် လှပနေသည်။
လင်းလောင် ပင်မတောင်ထိပ်တွင် အကြီးအကဲများ၊ အဓိကတပည့်များနှင့် ရာထူးမြင့်သော လူများအတွက် ဂူစံအိမ်များရှိကြသည်။ လင်းလောင် တောင်ထိပ် လူဦးရေမှာ နည်းပါးသောကြောင့် ဂူစံအိမ်များမှာလည်း တစ်နေရာနှင့်တစ်ရာ ကွာဝေးပြန့်ကျဲလျှက်ရှိရာ သုန်းကုန်းမင်ယွဲ့က
မိတ်မဆက်ပေးလျှင် လုရီ သိမည် မဟုတ်ပေ။
အပေါ်သို့ရောက်လေလေ ရှားပါးပန်းပွင့်များနှင့် အပင်များအားတွေ့ရလေ ဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအင် ကြွယ်ဝမှုမှာလည်း အလွန်အမင်း မြင့်တက်လာသည်။
သုန်းကုန်းမင်ယွဲ့က ရှင်းပြ၏။
“ ဒီကနေစပြီး ဘယ်အကြီးအကဲရဲ့ ဂူစံအိမ်မှ မရှိတော့ဘူး။ တောင်ထိပ်သခင်ရယ်၊
စီနီယာအစ်မ လျိုနင်ရွှမ်းရယ် ငါ့ရဲ့ စံအိမ်ရယ်ပဲ ရှိတော့မယ် ”
လုရီ လန့်ဖျန့်ကာ မော်ကြည့်မိလိုက်တော့ တောင်ထိပ်ကို မမြင်ရသေးပေ။
သူက သံသယဖြစ်ကာ မေးသည်။
“ ဘာလို့လဲ။ အပေါ်မှာ လမ်းမရှိတော့လို့လား။ အကြီးအကဲတွေရဲ့ ဂူစံအိမ်တွေက ဒီမှာဆောက်လို့ မရဘူးလား ”
သူ့မေးခွန်းကြောင့် သုန်းကုန်းမင်ယွဲ့၏ မျက်နှာမှာ ထူးဆန်းသွား၏။
“ ကောင်းပြီလေ.. နောက်ကျရင် တိကျတဲ့အကြောင်းပြချက်ကို သိလာလိမ့်မယ် ”
လုရီ : “ … ”
သုန်းကုန်းမင်ယွဲ့၏ ထူးဆန်းသည့် မျက်နှာအမူအရာကိုမြင်ရသည့် လုရီီမှာ တစ်ခုခု မမှန်ကန်နေကြောင်း ခံစားလိုက်ရသည်။
လင်းလောင် တောင်ထိပ်သခင်မှာ အားနည်းချက် ကြီးကြီးမားမားရှိနေတာရော မဖြစ်နိုင်ဘူးလား။
ဒီလိုမဖြစ်သင့်ဘူးမလား။ ဘာပဲဖြစ်ဖြစ်သူက တိမ်ဖြူဂိုဏ်းမှာ အရည်အချင်းအရှိဆုံးလူတစ်ယောက်လေ။ တကယ်သာ ပြဿနာရှိတယ်ဆိုရင် ဂိုဏ်းကဖြေရှင်းပေးဖို့ ဘာမဆိုလုပ်မှာပေါ့။
ထို့နောက် လုရီီ အတွေးလွန်ခြင်းကို ရပ်လိုက်ပြီး အပေါ်သို့ ဆက်တက်လာရာ တောင်ထိပ်နှင့် နီးကပ်သည့် နေရာသို့ရောက်လာသည်။
ထိုနေရာပတ်လည်ရှိ စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ ကန့်သတ်ချက်ရောက်သည်အထိ ပေါများလှသည်။ လုရီီ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ရာ သူ၏ကျင့်ကြံရေး အဆင့်မှာ အနည်းငယ် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်ရသောကြောင့်
စိတ်ဝိဉာဉ် စွမ်းအား ပေါကြွယ်မှုကို
အံ့အားသင့်သွားရသည်။
အနီးအနားကို ကြည့်လိုက်ရာ စာအုပ်ထဲတွင် တွေ့ခဲ့ဖူးသည့် ကောင်းကင်ဘုံသိုင်းပညာနှင့် ကမ္ဘာမြေရတနာများကို သူတွေ့လိုက်ရသည်။ အချို့ဆိုလျှင် သူမြင်တောင်မမြင်ဖူးပေ။
တောင်ထိပ်တွင် ဝါးရုံသစ်တောကြီးတစ်ခုရှိပြီး သစ်တောအဆုံးတွင် ခမ်းနား၍ အနုစိတ်သော ဝါးစံအိမ်ကြီး တစ်ခုနှင့် မနီးမဝေးတွင် ရေကန်ငယ်လေး တစ်ခု ပါရှိသည်။
ရေကန်မှာ ရေခိုးများ ရစ်သိုင်းနေကာ
ရေအပြည့်ဖြစ်သည်။
ရေပူကန်လား။ ဒီလိုအမြင့်ကြီးမှာ ရေပူကန်ရှိနေတယ်ပေါ့။
ထိုရေပူကုန်မှာ နက်ရှိုင်းသော စိတ်ဝိဉာဉ်စွမ်းအင်တို့ နစ်ဝင်နေပုံ ရကာ အထဲရှိ ရေတို့မှာလည်း သာမန်ရေများ မဖြစ်နိုင်။
လုရီီက လင်းလောင် တောင်ထိပ်သခင်၏ ခမ်းနားကြီးကျယ်မှုကို စိတ်ထဲ၌ အလွန် အံ့ဩမိသွားရသည်။
ထို့အပြင် ပတ်ဝန်းကျင်မှာလည်း ကောင်းမွန်သည်ဖြစ်ရာ လင်းလောင် တောင်ထိပ်သခင်မှာ ဘဝကို မည်သို့ ခံစားရမည်ကို သိသည်နှင့် တူသည်။
လုရီီ စိတ်ထဲက တွေးလိုက်ပြီး ဝါးရုံစံအိမ်နောက်သို့ သုန်းကုန်းမင်ယွဲ့ အနောက်ကနေ လိုက်သွားလိုက်သည်။
သုန်းကုန်းမင်ယွဲ့က လေးစားသော အမူအရာဖြင့်ပြော၏။
“အငယ်တန်းမောင်လေး လု ကို ခေါ်ခဲ့ပါပြီ ...တောင်ထိပ်သခင်မ...”
ဝါးစံအိမ်ကိုကြည့်ရင်း တိမ်ဖြူဂိုဏ်း၏ သမိုင်းဝင် ပုဂ္ဂိုလ်အား တွေ့ဆုံရတော့မည်
ဖြစ်သည့်အတွက် သူ စိတ်လှုပ်ရှားနေမိသည်။
စောင့်နေသော်လည်း စံအိမ်ထဲမှပြန်ဖြေသံမကြားရသဖြင့် ခေါင်းရှုပ်သွားရသည်။
လုရီသည် သုန်းကုန်းမင်ယွဲ့ကို နားမလည်ခြင်းများစွာဖြင့် ကြည့်လိုက်၏။
သူ ဘယ်မှာလဲ။
သို့သော် သုန်းကုန်းမင်ယွဲ့က မတုန်မလှုပ်
ဖြင့် ဆက်ပြောသည်။
“ တောင်ထိပ်သခင်မ အကြိုက်ဆုံး ယွီလန်းကိတ်မုန့်တွေ ကျွန်မ ဝယ်ခဲ့ပါတယ် ”
ထိုစကားပြောပြီး သိပ်မကြာခင်မှာပဲ မွှေးကြိုင်သည့် လေပြေတစ်ခု တိုက်ခတ်သွားပြီး လုရီီ၏ အရှေ့တွင် အစကထဲက ရပ်နေခဲ့သလို လူတစ်ယောက်ပေါ်လာတော့သည်။
လုရီီ နှလုံးခုန်မြန်ကာ နောက်ကျောမှချွေးစေးတွေ ကျနေပြီး သေမှာကို စိုးရိမ်သွား၏။
သရဲမ လား ။
လုရီ ရှေ့က လူကို သေချာအကဲခတ်လိုက်ရာ ရိုးရှင်းသည့် အဖြူရောင်ဝတ်ရုံ ဝါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးမှန်း သိလိုက်ရသည်။
အမျိုးသမီးမှာ ဆံပင်နက်အရှည်ကြီးနှင့် ရင်သပ်ရှုမောဖွယ်ကောင်းလှသော်လည်း အခုထိ မနိုးသေးသည့်နှယ် ဆံပင်များပွကာ မျက်စိမှာ မှုန်ဝါးဝါးနှင့် အိပ်မှုန်စုံမွှားဖြစ်နေသည်။
လုရီသည် ဖရိုဖရဲနှင့် သေချာ မနိုးသေးသော သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ရင်း စိတ်ထဲတွင်မေးခွန်းတို့ပေါ်လာရသည်။
.....ဒီ...ဒီအမျိုးသမီးက..တကယ်ကြီး
လင်းလောင် တောင်ထိပ်ရဲ့ သခင်မလား။
...မဟုတ်လောက်ပါဘူး။.....
-------------
အခန်း၄၄ -ကောင်းကင်ဘုံတာအို ကန့်သတ်ချက်...
~လုရီီ ကြောင်နေတုန်းမှာပဲ အဖြူရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် လက်ကို
ကာပြီး သမ်းလိုက်ကာ
သုန်းကုန်းမင်ယွဲ့အား ညှို့ဓာတ်ပါသော ပျင်းတွဲတွဲအသံဖြင့် ပြောသည်။
“မင်ယွဲ့လေး ၊ ယွီလန်းကိတ်က
ဘယ်မလဲ ”
သုန်းကုန်းမင်ယွဲ့က အပြုံးဖြင့် ဖြေသည်။
“ တောင်ထိပ်သခင်မ ကျွန်မကို အငယ်တန်းမောင်လေး လုရီီကိုခေါ်လာဖို့ ပြောခဲ့တယ်မလား။ အခု အငယ်တန်းမောင်လေး လုရီရောက်နေပါပြီ ”
ဆိုတော့ သူကတကယ်ကို တောင်ထိပ်သခင်မပေါ့။
လုရီီနှုတ်ခမ်းတို့ တွန့်သွားပြီး
သူ့စိတ်ထဲရှိ ရင်သပ်ရှုမောဖွယ်ရာကောင်းသော လင်းလော်တောင်ထိပ်သခင်မ၏ ပုံရိပ်တို့မှာ တစ်စစီ ကွဲကြေသွားသည်။
လင်းလောင် တောင်ထိပ် သခင်မ၏ ဝါးတားတားဖြစ်နေသာ မျက်လုံးများက အနည်းငယ်ကြည်လင်လာကာ ပျင်းရိပျင်းတွဲ ပြုံးပြီး
“ မှတ်မိသလောက်ဆိုရင် ဒီကောင်လေးကိုခေါ်လာဖို့ ပြောခဲ့တယ် ”
ပြောနေရင်း သခင်မက လုရီီကို
သေချာကြည့်ပြီး မျက်ခုံးတွေကို ပင့်ကာ
“ မဆိုးပါဘူး။ နင်ရွှမ်း ငါ့ကိုပြောခဲ့တုန်းက မင်းကချီအဆင့်၆ မှာပဲရှိသေးတာကို တစ်လခွဲအတွင်းမှာပဲ ချီအဆင့်၈ ကိုရောက်သွားပြီပေါ့။ မင်းရဲ့ စွမ်းအင်က ခိုင်မာတယ်၊ အခြေခံ အားမနည်းဘူး တကယ်ကို တစ်ခုခုထူးခြားတာတော့ အမှန်ပဲ။ အဖိုးအိုကြီးတွေ တစ်ယောက်ပြီးတစ်ယောက် မင်းကိုဖမ်းဖို့လုပ်နေကြတာတော့ မထူးဆန်းတော့ပါဘူး ”
လုရီီ တွန့်သွားရသည်။
တစ်ချက်တည်းကြည့်ရုံဖြင့် သူ၏ခွန်အားကို သိမြင်လိမ့်မည်ဟု မထင်ထားသောကြောင့် အံ့ဩမိသွားသည်။
ဒီအမျိုးသမီးက အိပ်မှုန်စုံမွှား ဖြစ်နေတာတောင် ဒီလိုဆိုလျှင် တကယ့်စွမ်းအားမှာ အတော်လေးကြောက်စရာကောင်းလိမ့်မည်လား။
လုရီီက ရယ်လိုက်ကာ ပြောသည်။
“ တောင်ထိပ်သခင်မ ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ။ လုရီီက အခုထိအားနည်းနေတုန်းမို့ ကြိုးကြိုးစားစား ကျင့်ကြံဖို့ လိုပါသေးတယ် ”
လင်းလောင် တောင်ထိပ် သခင်မက ပျင်းကြောဆန့်လိုက်ကာ အပြုံးတစ်ခုဖြင့်ပြောသည်။
“အရမ်းနှိမ့်ချလွန်းရင်လည်း မကောင်ဘူး။ မင်းက နင်ရွှမ်းနဲ့ မင်ယွဲ့လေးတို့နဲ့ မတူဘူး။ သေမျိုး ခန္ဓာကိုယ်နဲ့ ဒီလို အဆင့်ကိုရောက်လာတယ် ဆိုတော့ မင်းရဲ့
အခွင့်အလမ်းက မသေးဘူး ဆိုတာကိုပြတာပဲ ”
လုရီီ ရင်တုန်သွားပြီး ချွေးစေးများ
ထွက်လာသည်။
သူ တကယ့်ကို ရခဲ့သည့် အခွင့်အလမ်းမှာ မသေးလှ။ ရွှေလက်ချောင်းက ပေးသည့်
အခွင့်အလမ်းမှာ ဘယ်လိုလုပ် သေးနိုင်မည်လဲ။
လင်းလောင် တောင်ထိပ်သခင်မက
အကြည့်တစ်ချက်တည်းဖြင့် အကုန်သိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့။
အတိတ်ဘဝက ဖတ်ခဲ့သော ဝတ္ထုများတွင်ပါသော ရတနာပစ္စည်းကြောင့် သတ်သည့်အခန်းလို အခန်းမျိုးတွေအား ပြန်မြင်ယောင်ရင်း လုရီီ ရင်ဘတ်တွင် ထုံပေပေနှင့် ဖိအားတစ်ခုအား ခံစားလိုက်ရသည်။
ဒါ တကယ့်ကို ပြသနာကြီးပဲ။ သူထွက်ပြေးချင်လျှင်တောင် မလွတ်မြောက်နိုင်တော့။
ထိုအချိန်မှာပဲ တောင်ထိပ်သခင်မ၏
လေးတွဲ့သောအသံက ထွက်ပေါ်လာပြန်သည်။
“ ကံကြမ္မာသိုင်းနည်းစနစ်ကို ငါနည်းနည်းတော့ နားလည်တယ်။ မင်းက မကောင်းတဲ့လူမဟုတ်ဘူးဆိုတာသိရတော့ မင်းရဲ့အနာဂတ်မှာဘာတွေပဲ ဖြစ်လာဖြစ်လာ ငါဝင်ရှုပ်ဖို့ ပျင်းလွန်းတယ်။ မင်းကိုခေါ်တွေ့တယ်ဆိုတာက မင်းအရည်အချင်းရဲ့ ဖြစ်နိုင်ချေကို မြင်ရလို့ပဲ ”
ဒါကိုကြားသည့် လုရီခမျာ စိတ်ထဲ ကြိတ်၍ သက်ပြင်းချလိုက်၏။
ကျင့်ကြံသူများအတွက် တစ်ယောက်ယောက်၍ စိတ်ထားအစစ်အမှန်ကို အတည်ပြုနိုင်ရန်မှာ လွန်စွာအရေးကြီးသည်။ လင်းလောင်တောင်ထိပ်သခင်မက ထိုသို့ဆိုလျှင် ကြည့်ရတာ လုရီနှင့်ပတ်သက်ပြီး လျှို့ဝှက်သည့် အကြံအစည် ရှိပုံ မပေါ်။
ထို့နောက် တိမ်ဖြူဂိုဏ်း၏ အရည်အချင်းအရှိဆုံးပါရမီရှင်တစ်ယောက်ဖြစ်သည့် လင်းလောင် တောင်ထိပ်သခင်မအနေဖြင့် ပင်ကို အသိ အားကောင်းပြီး အရည်အချင်းရှိသည့် ပါရမီရှင် များနှင့် ဘယ်လောက်တောင် ရင်ဆိုင်ခဲ့ရမလဲဆိုသည်ကို လုရီ တွေးပြီး ရယ်လိုက်မိသည်။
ထို့အပြင် စိတ်ထားမကောင်းသည့် ကျင့်ကြံသူမဟုတ်ဘဲ မြင့်မြတ်သည့် ကျင့်ကြံသူပင်။
ဒိီလို အကျင့်စရိုက်မျိုးနှင့်လူက သူ့ အရည်အချင်းလေးကို စိတ်အနှောင့်အယှက်ဖြစ်နေစရာမရှိပါ။
သဘောပေါက်ပြီးနောက် သူက အတွေးလွန်ခြင်းကို ရပ်လိုက်ပါတော့သည်။
သို့သော် လင်းလောင် တောင်ထိပ်သခင်မက ကံကြမ္မာသိုင်းပညာစနစ်ကို နားလည်နေသည်။ သူကိုယ်တိုင်ပင် ထိုသိုင်းနည်းစနစ်ကို နားမလည်နိုင်သော်လည်း နတ်ဘုရား အသွင်ပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူများမှာ ထိုကဲ့သို့သော အရာများအား သိသည်ဟု သူ ကြားဖူးသည်။
နတ်ဘုရား အသွင်ပြောင်းလဲခြင်း နယ်ပယ်ကျင့်ကြံသူများကို စာရင်းထဲက ပယ်လိုက်လျှင် ဟင်းလင်းပြင်ဥမင် နယ်ပယ်ရှိ သူများတောင် ထိုနူးညံ့သိမ်မွေ့သည့် သဘောတရားအား နားလည်နိုင်သည့် လူကို မြင်ရခဲသည်။
ပြောသမျှ စကားတွေမှာ လေးနက်ပြီး အထင်ကြီးစရာကောင်းသည့်အတွက်
လင်းလောင် တောင်ထိပ်သခင်မ ဖြစ်လျှင် အမှန်ပင် ထိုက်တန်၏။
လုရီီက လေးစားသမှုဖြင့်
“တောင်ထိပ်သခင်မက ကျွန်တော့်ကို
တပည့်အနေနဲ့ လက်ခံမယ်လို့ ဆိုလိုတာလားခင်ဗျာ...”
တောင်ထိပ်သခင်မက ထပ်ပြီး ပျင်းကြောဆန့်လိုက်ရာ ဝတ်ရုံဖြူမှာ သွယ်လျသောခါးနှင့် ရင်ဘတ်တို့ ပေါ်လာသည့်အတွက် အသက်သေမှာ ကြောက်သည့် လုရီီမှာ
မကြည့်ဝံ့ပေ။
“အထဲကို သွားပြီး စကားပြောရအောင်။ ဒီမှာ ရပ်နေရတာ ပင်ပန်းတယ်”
ဝါးစံအိိမ်ထဲသို့ ဝင်သွားသည့် သခင်မအားကြည့်ရင်း လုရီီ မေးခွန်းများ ပြည့်သွားရသည်။ နတ်ဘုရား အသွင်ပြောင်းလဲခြင်းနယ်ပယ်ကို ရောက်နေသည့် ကျင့်ကြံသူတစ်ဦးမှာ ရပ်နေရုံဖြင့် ပင်ပန်းသည်လား။
မင်ယွဲ့က ကြောင်နေသော လုရီီကို မြင်တော့ ပြုံးပြကာ
“ အငယ်တန်းမောင်လေးလု သွားလေ ”
လုရီီ အသိဝင်လာပြီး ခေါင်းညိတ်ကာ
လင်းလောင် တောင်ထိပ်သခင်မနှင့် အရှေ့နန်းတော် မင်ယွဲ့တို့နောက်နေ ဝါးစံအိမ်ထဲသို့ ဝင်လိုက်သည်။
အိမ်ထဲတွင် ကြီးမားသည့် ဝါးလက်ဖက်ရည်စားပွဲကြီး တစ်ခုရှိပြီး ပျော့ပျောင်းသော ထိုင်ခုံမွေ့ရာများက တစ်ဖက်တစ်ချက်တွင် နေရာယူထားသည်။
လင်းလောင် သခင်မက အေးအေးလူလူ
ဖြင့် ထိုင်ခုံမွေ့ရာပေါ် တက်လိုက်ကာ နောက်တွင် ခေါင်းအုံးပွပွကို မှီရင်း ကျေနပ်နေသည့်ပုံနှင့် လုရီီကို ပြောသည်။
“ မင်းကို တပည့်အနေနဲ့ လက်ခံဖို့ဆိုတာ မင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာမူတည်တယ် ”
လုရီက အစောက မင်ယွဲ့ ပြောခဲ့သော လိုအပ်ချက် အခြေအနေ ဆိုသည့်စကားကို ပြန်သတိရသွားသည်။
ဘာအခြေအနေများ ဖြစ်မလဲ။
လုရီီက မရှင်းလင်းသည့် ပုံနှင့် မေးလိုက်၏။
“ တောင်ထိပ်သခင်မ ရှာဖွေနေတာက ဘယ်လိုစွမ်းဆောင်မှုမျိုးလဲ
သိချင်ပါတယ် ”
လင်းလောင် တောင်ထိပ်သခင်မက ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ပြုံးကာ
“လုရီ ချီသန့်စင်နယ်ပယ် အဆင့်၁၀ ရဲ့အထက်မှာ ဘာရှိလဲ ဆိုတာ သိလား”
အံ့ဩသွားသည့် လုရီီ၏ စိတ်ထဲတွင် မေးခွန်းတွေ ပြည့်နှက်သွား၏။
တောင်ထိပ်သခင်မ၏ ထူးဆန်းသော ပြောဆိုပုံကို မြင်လိုက်ရသည့် လုရီီဟာ နှုတ်ခမ်းတွေကို တွန့်ကာ ပြန်ဖြေသည်။
“အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အဆင့် မဟုတ်လားဗျ”
ထိုအခါ လင်းလောင် တောင်ထိပ်သခင်မက ပြုံးကာ
“ သာမန်ကျင့်ကြံသူတစ်ယောက် အတွက်ဆိုရင်တော့ အဲ့လိုပေါ့။ ချီသန့်စင်နယ်ပယ်အဆင့်၁၀ ဆိုတာ ကောင်းကင်ဘုံ တာအို ကန်သတ်ချက်ပဲ။ ပြီးပြည့်စုံတာနဲ့ တာအိုအခြေခံကို အကျဉ်းချုံးပြီး အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို ဝင်လို့ရတယ်။ ဒါပေမယ့် ကောင်းကင်ဘုံ
တာအိုရဲ့ ကန့်သတ်ချက်ကို မကြိုက်တဲ့လူတွေ အချို့လည်း ရှိနေတယ် နားလည်ရဲ့လား ”
လုရီီ၏ မျက်လုံးများ ပြူးသွားပြီး မှင်သက်သွားကာ
“တောင်ထိပ်သခင်မ… ဆိုလိုတာက ချီသန့်စင်နယ်ပယ် အဆင့်၁၀ မှာ အခြေခံထူထောင်ခြင်းအဆင့်ပဲ ရှိတာမဟုတ်ဘူးပေါ့ ”
လင်းလောဘင်တောင်ထိပ် သခင်မက လှပစွာ မျက်ခုံးပင့်ချီလိုက်ကာ
“ ကလေး..မင်းရဲ့ သဘောပေါက်နိုင်စွမ်းက အတော်လေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ လုံးဝတော့ မမှန်သေးဘူး ”
သူမက ဆက်ရှင်းပြလာ၏။
“ သာမန်ကျင့်ကြံသူတွေအတွက်တော့ ချီသန့်စင်နယ်ပယ် အဆင့်၁၀ ဆိုတာ
ချီသန့်စင်နယ်ပယ်ရဲ့ ကန့်သတ်ချက်တစ်ခုပဲ။ ဒါပေမဲ့ ဒါက ကောင်းကင်ဘုံတာအို ကန့်သတ်ချက်တစ်ခုပဲမို့ အဲ့ဒီကန့်သတ်ချက်ကိုကျော်လွန်တာနဲ့ ချီသန့်စင်နယ်ပယ်မှာ ထပ်ပြီး လေ့လာစရာတွေ ရှိနေတုန်းပဲ ”
လုရီီက ထိုအကြောင်းကို ကြားပြီး တွေးဆကြည့်လိုက်၏။
“ ချီသန့်စင်နယ်ပယ် အဆင့်၁၀ဟာ ချီသန့်စင်နယ်ပယ်ရဲ့ ကန့်သတ်ချက် မဟုတ်ဘူးလားခင်ဗျာ”
ဒီသဘောတရားကို လုရီီ ပထမဆုံး ကြားဖူးခြင်းပင်။ သူ နားလည်ထားသလောက်ဆိုလျှင် ချီသန့်စင်နယ်ပယ်မှာ အဆင့်၁၀ အထိ ကန့်သတ်ထားပြီး အဲ့အထက်တွင်အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်၊ ထိုအဆင့် ပြီးလျှင် ရွှေအူတိုင် ဖြစ်သည်..။
သို့သော် ဒီနေ့ လင်းလောင် တောင်ထိပ်သခင်မ၏ ပြောစကားများမှာ လုရီီအတွက် ကမ္ဘာအသစ်ကို ဖွင့်ပေးသကဲ့သို့ပင်။
ချီသန့်စင်နယ်ပယ် အဆင့် ၁၀ က
ကန့်သတ်ချက် မဟုတ်ဘူးပေါ့။
သခင်မက ပြုံးလိုက်ပြီး
“ မဟုတ်ဘူး ၊ချီသန့်စင်နယ်ပယ် အဆင့်၁၀ ရဲ့အပေါ်က ကောင်းကင်ဘုံတာအိုကန့်သတ်ချက်ကို ဖောက်ထွက်နိုင်တဲ့လူက ချီသန့်စင်နယ်ပယ် အဆင့်၁၁ ကိုဝင်ရောက်နိုင်တယ်။ ချီသန့်စင်နယ်ပယ်မှာ ကောင်းကင်ဘုံတာအိုကန့်သတ်ချက် သုံးခုရှိတယ်။ အဲ့ကန့်သတ်ချက် သုံးခုကို ဖောက်ထွက်နိုင်ရင် ချီသန့်စင်နယ်ပယ်ရဲ့ အစစ်အမှန် ကန့်သတ်ချက်ဖြစ်တဲ့
အဆင့်၁၃ ကို ရောက်နိုင်တယ် ”
“… ချီကျင့်ကြံရေးအဆင့်၁၃ ဟုတ်လား ”
လုရီ မှင်သက်သွားရသည်။
လင်းလောင် တောင်ထိပ်သခင်မ၏ စကားအရဆိုလျှင် ကန့်သတ်ချက်ကို ဖောက်ထွက်ပြီး ချီသန့်စင်နယ်ပယ် အဆင့်၁၁ ကိုရောက်နိုင်ဖို့ အလွန် ခဲယဉ်းလိမ့်မည်။
ဒါတောင် အဆင့်၁၁ အထက်မှာ ထက်ရှိသေးသည်လား။ အဆင့်၁၃ ထိတောင်။
ချီသန့်စင်နယ်ပယ် အဆင့်၁၃
အထိ ကျင့်ကြံနိုင်ခဲ့သော လူတစ်ယောက်တွင် မည်သို့သော အရည်အချင်းများ ရှိနိုင်မည််နည်း။ လုရီ တွေးတောင် မတွေးရဲချေ။
အခြေခံ ထူထောင်ခြင်းအဆင့် အနိမ့်ပိုင်းရှိ ကျင့်ကြံသူများနှင့် အေးအေးဆေးဆေး တိုက်ခိုက်နိုင်မည်လား။
ထိုသို့ဆိုလျှင် လောက နှစ်ခုကြားက တိုက်ပွဲ ဖြစ်သွားလိမ့်မည်။
အတော်လေးတော့ ယုတ္တိ မရှိပေ။
“ဟုတ်တယ်၊ ချီသန့်စင်နယ်ပယ် အဆင့် ၁၃ ပဲ ”
လုရီီ အသိ ပြန်ဝင်လာပြီး တောင်ထိပ်သခင်မကို ကြည့်ကာ မေးလိုက်သည်။
“ တောင်ထိပ်သခင်မ အဲ့ ကန့်သတ်ချက်ကို ဘယ်လိုဖောက်ထွက်သင့်ပါလဲ ”
ထိုအချိန်မှာပဲ သူ၏ ကျင့်ကြံရေးလမ်းစဉ်အတွက် အသေးစားပန်းတိုင်တစ်ခုကို လုရီချမှတ်လိုက်၏။
ချီကျင့်ကြံရေးလောကရှိ အဆင့်၁၃ ဆင့်လုံးအား ဖောက်ထွက်နိုင်ရန် ဖြစ်သည်။
လင်းလောင် တောင်ထိပ်သခင်မက ပြုံးကာ
“ ကန့်သတ်ချက်တွေ အကုန်လုံးကိုဖောက်ထွက်ဖို့ဆိုတာ အတော်လေးတော့ ရိုးရှင်းပါတယ်။ ငါတို့ ကျင့်ကြံရေးသမားတွေရဲ့
ဝိဉာဉ်က နယ်ပယ်တွေကို ဖောက်ထွက်ပြီး အထွတ်အထိပ်ကိုရောက်ဖို့ ရှာဖွေရင်း အမြဲသန့်စင်နေရတာမလား။ ကန့်သတ်ချက်ကိုဖောက်ထွက်ဖို့ ဆိုတာကလည်း အတူတူပဲ။ ခန္ဓာကိုယ်စွမ်းအင်၊ စိတ်ဝိဉာဉ်စွမ်းအင် အပါအဝင် ဝိဉာဉ်စတဲ့ မင်းရဲ့ အခြေခံကို အမြဲသန့်စင် ဆန်းစစ်နေ။ မင်းအခြေခံခိုင်တာနဲ့ ကောင်းကင်ဘုံတာအို ကန့်သတ်ချက်ကို သဘာဝအတိုင်း ခံစားမိလာလိမ့်မယ် ”
အတွေး၌ နစ်မျောသွားသည့် လုရီီကို
မြင်သည့် တောင်ထိပ်သခင်မမှာ ပြုံးကာ ကမ်းလှမ်းလာသည်။
“ ငါ့ရဲ့တပည့်ဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်နေတယ် မလား။ ရိုးရိုးလေးပါပဲ။ ကောင်းကင်ဘုံတာအို ကန့်သတ်ချက် အလွှာကို ချိုးဖျက်ပြီး ချီအဆင့်၁၁ ကို ရောက်လာနဲ့ တပည့်အဖြစ် ငါ လက်ခံမယ်”
----------------
အခန်း၄၅- ဂိမ်းကိုယ်ထည်ရဲ့ မရေးထားတဲ့ စည်းမျဉ်း...
~ချီသန့်စင်နယ်ပယ် အဆင့် ၁၁ ကိုဖောက်ထွက်ရမယ်ဟုတ်လား။
အင်း.. အခုထိ စီနီယာအစ်မ လျုနင်းရွှမ်တစ်ယောက်တည်းသာ တောင်ထိပ်သခင်မ၏ တပည့် ဖြစ်နေတာက
မထူးဆန်းတော့ပါဘူး။
တွေးကြည့်ရုံနဲ့တင် ကောင်းကင်ဘုံတာအိုကန့်သတ်ချက်ကို ဖောက်ထွက်ဖို့ဆိုသည်မှာ မလွယ်ကူ။
စီနီယာအစ်မ သုန်းကုန်းမင်ယွဲ့လို မွေးရာပါမိုးကြိုး ဝိဉာဉ်ခန္ဓာကိုယ်နှင့် မွေးဖွားလာသော လူတစ်ယောက်သည်ပင် ထိုအဆင့်ကို မကျော်ဖြတ်နိုင်သေး။
သာမန်လူများအတွက်ဆိုရင် ထိုအခြေအနေမှာစိတ်ပျက်လက်ပျက်ဖြစ်စရာပင်။
လုရီီစိတ်ထဲကနေ သက်ပြင်းချနေတုန်းမှာပဲလင်းလော်တောင်ထိပ်သခင်မက မေးလာပြန်သည်။
“ ဘယ်လိုလဲ။ လက်ခံဖို့ဆန္ဒရှိလား။ လက်ခံဖို့ဆန္ဒမရှိဘူးဆိုရင် အောက်ကိုပြန်ဆင်းသွားပြီး မင်းကိုတပည့်အနေနဲ့ လက်ခံမဲ့အကြီးအကဲတစ်ယောက်ကို ရှာလို့ရတယ် ”
တောင်ထိပ်သခင်မက မွေ့ရာပေါ်မှာ အေးအေးလူလူထိုင်ရင်း လုရီီ၏ ဆုံးဖြတ်ချက်ကို ဝင်မပါချင်သည့်နှယ် အိပ်ချင်နေသည့်ပုံဖြင့် ပြောသည်။
ဒါကိုကြားသည့် လုရီီက ချက်ချင်း
ပြန်မပြောဘဲ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
...ငါ လင်းလောင် တောင်ထိပ်သခင်မရဲ့
တပည့်တစ်ယောက် ဖြစ်ချင်တယ် ...
[တာဝန်]
လင်းလောင် တောင်ထိပ်သခင်မ၏ တပည့်ဖြစ်လာရန်။ (လုပ်ဆောင်ချက် ၀/၁)
ဆုလာဘ် : အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် “ ဖုံးကွယ်အသက်ရှူခြင်း” စွမ်းရည် ၊ ထိပ်တန်းအဆင့် ပျံသန်းရေး လှေ၊ နှစ်တစ်ထောင်စိတ်ဝိဉာဉ်နှင်းစက်် ငါးစက်၊ မီးဝိဉာဉ်အရည် တစ်စက်။
လက်ခံမည်လား: လက်ခံမည်/ လက်မခံပါ
ဆုကို မြင်သည့် လုရီီမှာ အလွန်အမင်း
ထိတ်လန့်သွား၏။
ကောင်းပြီလေ။ တကယ့်ကို
အမြင့်စား ဆုကြီးပါပဲလား။
လင်းလောင် တောင်ထိပ် သခင်မနှင့် ပတ်သက်သည့် တာဝန်တွေကို လက်ခံတိုင်း တစ်ခုခုက ထူးဆန်းနေသလို လုရီီ ခံစားရသည်။
ထိုတာဝန်များမှာ ဘာကြောင့် အမြဲအကောင်းစား အမြင့်စားတွေ ဖြစ်နေရသနည်း။
တောင်ထိပ်သခင်မကပဲ ခွန်အားကြီးလို့လား ဒါမှမဟုတ် အရည်အချင်းကပဲ အရမ်းတော်လွန်းနေလို့လား။
လုရီ ဂိမ်းကိုယ်ထည်၏ အလုပ်တာဝန်ပေးပုံ၊ ဆုပေးသည့် စနစ်နှင့် ဖြစ်လာနိုင်သော စည်းမျဉ်းများအား သေချာမသိသေးသလို ခံစားလိုက်ရသည်။
တာဝန်နှင့် ပတ်သက်သည့် လူတစ်ဦးချင်းစီတွင်ရှိသည့် လူတို့၏ ခွန်အားနှင့် အရည်အချင်းက ပိုမြင့်လေ၊ဆုက ပိုမြင့်လေများ ဖြစ်မလား။
ထိုသို့ တွေးမိတော့ စီနီယာ အစ်မ
လျိုနင်ရွှမ်းအား သူ့ကို ချစ်မိဖို့ လုပ်ဆောင်ရန်အတွက် ရရှိမည့် ဆုလာဘ်မှာ အဓိပ္ပာယ်မရှိလောက်အောင် မြင့်ကြောင်း သတိရလိုက်မိသည်။
၎င်းကလည်း အပေါ်ကအကြောင်းပြချက်ရဲ့ တစ်စိတ်တစ်ပိုင်းများဖြစ်မလား။
ထို့နောက် လုရီ စီနီယာအစ်မ
သုန်းကုန်းမင်ယွဲ့ကို စဉ်းစားမိပြီး ရဲတင်း
သည့်အကြံများ ပေါ်လာပြန်သည်။
လင်းလောင် တောင်ထိပ်သခင်မဖြစ်ဖြစ်
စီနီယာအစ်မ လျုနင်ရွှမ်းဖြစ်ဖြစ် စီနီယာ
အစ််မ သုန်းကုန်းမင်ယွဲ့ဖြစ်ဖြစ် သုံးယောက်စလုံးဟာ ထူးကဲသည့် အရည်အချင်းများ
ရှိကြသည့်သူများမို့ တာဝန်ရလာသည့်
ဆုလာဘ်တွေဟာလည်း မိုးထိုးနေမလား။
အနာဂတ်တွင် မသေမျိုး အရှိန်အဝါဖြင့် တောက်ပနေသည်် သူ့ကိုယ်သူ ပြန်
မြင်ယောင်ရင်း လုရီီ ကျေနပ်သွားရသည်။
လုရီီက တိတ်တိတ်လေး တာဝန်ကိုလက်ခံလိုက်ပြီး ပြောလိုက်သည်။
“ ကျွန်တော် တောင်ထိပ် သခင်မရဲ့ တပည့်ခံယူဖို့ ဆန္ဒရှိပါတယ် ..”
လင်းလောင် တောင်ထိပ်သခင်မက
လုရီီအား တစ်ချက် ကြည့်ပြီး အပြုံးတစ်ခုချိတ်ဆွဲကာ
“ ဒီိလိုဆိုရင် အခု..မင်းက မင်ယွဲ့လေးလို ငါ့တပည့် ဖြစ်လာမယ့် စာရင်းပေးလူပဲ.. ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကိုကျော်လွန်ပြီးတာနဲ့ တရားဝင်တပည့်အဖြစ် သတ်မှတ်မယ် ”
ဒါကို ကြားသည့် လုရီီဟာ ရိုရိုသေသေ
ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ သခင်မ ”
တောင်ထိပ်သခင်မကက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ အပြာရောင်ဓားရှည်ပြာ
နှင့် အဆောင်တစ်ခု ပေါ်လာသည်။
“ မင်းက အခုမှစာရင်းသွင်းထားတဲ့ ဂိုဏ်းသားပဲဆိုပေမဲ့ ဂိုဏ်းသားဖြစ်လာတဲ့အတွက် လက်ဆောင် ရမယ်။ ဒါက မင်းသုံးဖို့ သင့်တော်တဲ့ အဆင့်မြင့်မှော်လက်နက်အသုံးအဆောင် ဝိဉာဉ်စိမ်းဓားရှည်ပဲ။ ဒီလက်ဖွဲ့အဆောင်က မိုင်ထောင်ချီအဆောင်။ မင်းအန္တရာယ်နဲ့တွေ့တဲ့အချိန် စိတ်ဝိဉာဉ်စွမ်းအင်နဲ့ပေါင်းစပ်လိုက်ရင် အန္တရာယ်ကိုရှောင်ဖို့အတွက် မိုင်တစ်ထောင်ဝေးရာဆီ ခေါ်သွားလိမ့်မယ်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ တိုက်ပွဲတွေနဲ့ သတ်ဖြတ်တာတွေက မလွှဲမရှောင်သာကြုံရမှာမလို့ ရှင်သန်ဖို့က အဓိကဦးစားပေးပဲ၊ မင်းမှာရှင်သန်ဖို့ အနာဂတ် ရှိသလိုနေပါ ”
တပည့်အနေဖြင့် ရသည့် ဆုနှစ်ခုမှာလည်း ကြီးမားသည်မို့ လုရီ စိတ်လှုပ်ရှားသွား၏။ ဒီဆုကလည်း အကြီးကြီးပဲ။
တောင်ထိပ်သခင်မ၏ စကားက သူ့အတွေးနှင့် တူသည်ဟု ပြောရမည်။
သူ အရင်ဘဝက ဂိမ်းဆော့ခဲ့သလို အန္တရာယ်များသည့် ကစားပွဲတွေကို
သိပ်မကြိုက်လှပါ။
သူပျော်ရွှင်စွာပင် ဝိဉာဉ်စိမ်းဓားရှည်နှင့် နှစ်တစ်ထောင် အဆောင်လက်ဖွဲ့ကိုလက်ခံလိုက်ကာ ပြုံးရင်း ဆို၏။
“ ကျေးဇူးတင်ပါတယ် သခင်မ ”
လင်းလောင် သခင်မက ခေါင်းညိတ်ပြီး သမ်းကာဖြေသည်။
“ မင်းနားမလည်တာရှိရင် မင်ယွဲ့လေးကိုမေးပါ။ ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုတော့ မင်း လိုအပ်သလောက် ကိုယ်တိုင်ယူနိုင်တယ်။ ငါ ယူခွင့်ပေးတာနဲ့ပဲ ဖြုန်းတော့
မဖြုန်းတီးပစ်နဲ့ နော် ၊ လင်းလောင် တောင်ထိပ်မှာ တခြား ဂိုဏ်းသားတွေလည်း ရှိသေးတယ် ”
လုရီသည် မယုံကြည်နိုင်လောက်အောင် အံ့ဩသွားရ၏။
သူ အခု အရင်းအမြစ်တွေကို အကန့်အသတ်မရှိ သုံးနိုင်တယ်လို့ ဆိုလိုတာလား။
“ ဒါက စာရင်းသွင်းထားတဲ့ တပည့်တွေအတွက်ပဲ ပေးတာလား တိုက်ရိုက်လက်သပ်တပည့်တွေကရော ဒါတွေကိုရတယ်မလား ”
တောင်ထိပ်သခင်မဟာ အိပ်ချင်မူးတူးဖြစ်နေသည့်ပုံစံဖြင့်တောင် ချောမောလှပလွန်းသည်ဟု လုရီီ ခံစားလိုက်ရသည်။
ထိုအချိန်မှာပဲ အတွေး တစ်ခု ပေါ်လာကာ မေးလိုက်သည်။
“ ဒါနဲ့ သခင်မ ..ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိလာရင် ဘယ်လိုလုပ်ရပါမလဲ ”
လင်းလောင်သခင်မက ခေတ္တရပ်သွားပြီး ချောမောလှပသည့် မျက်နှာမှာ စဉ်းစား
သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားကာ
“ အဟမ်း မင်းက ငါ့တပည့်ဆိုတော့ သေချာပေါက် ငါ့ဆီလာရမှာပေါ့ ”
ထို့နောက် သူမက ဆက်ပြောသည်။
“ ဒါပေမဲ့… ခဏခဏတော့ မလာနဲ့ ၊
တစ်လတစ်ခါက အများဆုံးပဲ။ မဟုတ်ရင် အရမ်းပင်ပန်းဖို့ ကောင်းတယ် ”
လုရီ; “….”
တောင်ထိပ် သခင်မ၏ အပျင်းကြီးမှုကို သူနားလည်လာပြီ ဖြစ်သည်။
ကံကောင်းတာတစ်ခုက သူ၏ကျင့်ကြံရေးတွင်လည်း မည်သည့် အခက်အခဲမျှ မကြုံတွေ့ရသည်မို့ ရမည့်ဆုသည်လည်း လုံလောက်ပေသည်။
လုရီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
“ ဟုတ်ကဲ့၊ နားလည်ပါပြီ ကျေးဇူးတင်ပါတယ်... တောင်ထိပ်သခင်မ “
ထို့နောက် လင်းလောင် သခင်မက ခေါင်းညိတ်ကာ
“ ကောင်းပြီ ဒါအကုန်ပဲ။ မင်း မင်ယွဲ့လေးနဲ့ လိုက်သွားပြီး အနီးအနားက ဂူစံအိမ်တစ်ခုကို ရွေးပေတော့ ”
ထိုအခါ သုန်းကုန်းမင်ယွဲ့ မတ်တပ်ထရပ်ကာ လုရီီအား စိတ်လှုပ်ရှားစွာ ကြည့်လျက် ပြောသည်။
“အငယ်တန်းမောင်လေးလု၊ နင်နဲ့ငါ အခုဆို တကယ့်ကို မောင်နှမတွေ ဖြစ်သွားပြီပဲ။ လာပါ ဂူစံအိမ်တွေ ကြည့်ဖို့ လိုက်ပြမယ်”
“ ကောင်းပြီလေ ”
ထိုအချိန်မှာပဲ သုန်းကုန်းမင်ယွဲ့အား ကြည့်နေသည့် တောင်ထိပ်သခင်မမှာ အပြုံး
တစ်စဖြင့် ပြောလိုက်သည်။
“ မင်ယွဲ့လေး... ဒီနေ့ ငါ့ကို လှည့်စားထားတယ်နော် ”
သုန်းကုန်းမင်ယွဲ့မှာ ကြက်သေသေသွားပြီး နေရာမှာတင် ရပ်နေ၏။
ခေါင်းကို လှည့်လိုက်ပြီး နေရခက်စွာ ရယ်သည်။
“ သခင်မက အဲ့အချိန်တုန်းက ကျွန်မ
ခေါ်တာကို မထူးတော့ ရွေးချယ်စရာ
မရှိတော့လို့ပါ ”
လင်းလောင် တောင်ထိပ် သခင်မက နှာရှုံ့လိုက်ပြီး
“အဲ့တော့ ဘာဖြစ်လဲ။ ငါ့ကိုလှည့်စားတဲ့အတွက် အပြစ်ပေးမယ်။ ပြီးရင် ယွီလန်းကိတ်မုန့်တစ်ဘူးဝယ်ပြီး ပြန်လာခဲ့ ”
သုန်းကုန်းမင်ယွဲ့မှာ မဲ့ရှုံ့သွားပြီး
မကျေမနပ် ပြန်ဖြေသည်။
“ အိုး ဟုတ်ကဲ့ပါ ”
မင်ယွဲ့၏ သနားစရာကောင်းသော ပုံစံလေးကိုကြည့်ရင်း လုရီီ နည်းနည်းတော့ ရှက်သွားရသည်။ သူ့ကြောင့် မင်ယွဲ့ အပြစ်ပေးခံရသည် မဟုတ်လား။
သူက ဘာမှမပြောဘဲ ရပ်နေလျှင် မကောင်းဘဲဖြစ်တော့မည်။
“ တောင်ထိပ် သခင်မ ကျွန်တော်..သွားဝယ်ပေးပါရစေ ”
လုရီ၏ စကားကိုကြားသည့် သခင်မက သူ့ကိုစိုက်ကြည့်ရင်း ဖွဖွလေးပြုံးကာ
“ အိုး အခုမှ အငယ်တန်းမောင်လေး ဖြစ်တာကို မင်းက မင်ယွဲ့ ဘက်က ကာနေပြီပေါ့။ ဒါဖြင့် မင်းပဲ သွားဝယ်တော့ ”
သုန်းကုန်းမင်ယွဲ့က လုရီီအား အံ့ဩတကြီးကြည့်လိုက်သည်။ ဒီလို ပြောလာလိမ့်မည်လို့ သူ မထင်ထားခဲ့ပေ။
“ အငယ်တန်း မောင်လေး တစ်ယောက်
ရတာ တကယ် ကောင်းလိုက်တာနော်။ ကျေးဇူးပါ ”
လုရီီက ပြုံးလိုက်ပြီး
“ စီနီယာအစ်မ သုန်းကုန်းက ယဉ်ကျေးလွန်းနေပါပြီ။ အနည်းဆုံးတော့ ဒါကျွန်တော် လုပ်ပေးနိုင််တာပဲလေ ”
လင်းလောင် တောင်ထိပ် သခင်က သမ်းလိုက်ကာ ပြောသည်။
“ ဒီလိုဆို ယွီလန်းဝိုင်ပါ တစ်ပုလင်းလောက်ဝယ်ခဲ့ပေးပါ။ မင်းတို့ သွားလို့ ရပြီ ၊ငါ
အိပ်ဖို့ လိုတယ်.. ပြောချင်တာက ငါ ကျင့်ကြံရဦးမယ် ”
လုရီ; “ ????? ”
ခုနလေးတင် အိပ်ချင်တယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား။
အိပ်ချင်နေတာတဲ့လား။
လုရီီ ကြောင်တောင်တောင်တော့ ဖြစ်သွားရသည်။
ဒီလို လူမျိုးက ဘယ်လိုလုပ် တိမ်ဖြူဂိုဏ်းရဲ့ အရည်အချင်း အရှိဆုံး ပါရမီရှင်
တစ်ယောက် ဖြစ်လာရလဲ။
ဒီလိုလူကို သူ ဆရာတင်လိုက်တာ ယုံကြည်ရပါ့မလားဟု လုရီီ တွေးမိသွားသည်။
သို့သော် ဆုတွေကို တွေးကြည့်လိုက်ရင်တော့ မယုံကြည်ရလည်း တန်ပါသည်။
ဟိုတွေးဒီတွေးဖြင့် လုရီီက သုန်းကုန်းမင်ယွဲ့ အနောက်မှ လိုက်ကာ တံခါးမှထွက်လိုက်သည်။
အပြင်သို့ ရောက်သည်နှင့် သုန်းကုန်းမင်ယွဲ့က လုရီအား ချိုလွင်စွာ ပြုံးကြည့်ကာ
“အငယ်တန်းမောင်လေးလု.. ဂူစံအိမ်ကို
အရင်ဆုံး သွားကြရအောင် ပြီးမှ ယွီလန်းဝိုင်နဲ့ ကိတ်မုန့်တွေ သွားဝယ်ကြတာပေါ့ ၊
ရတယ်မလား ”
လုရီီက ခေါင်းညိတ်ကာ
“ကျေးဇူးအများကြီး တင်ပါတယ်.. စီနီယာအစ်မ သုန်းကုန်း”
သုန်းကုန်းမင်ယွဲ့က နှုတ်ခမ်းလေး
စူလိုက်ကာ အလိုမကျသည့် ပုံဖြင့်..
“ ငါ့ကို စီနီယာအစ်မ သုန်းကုန်းလို့ ခေါ်နေတာက အရမ်း ယဉ်ကျေးလွန်းနေတယ်။ အခုနင်က ငါ့ရဲ့ အငယ်တန်းမောင်လေး ဖြစ်သွားပြီလေ။ ဒုတိယ စီနီယာအစ်မ ဒါမှမဟုတ် စီနီယာအစ်မ မင်ယွဲ့ လို့ပဲခေါ်ပါ ”
လုရီ နာခံသည့်သဘောဖြင့် တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့ပါ ၊ ဒုတိယစီနီယာအစ်မ ”
ထိုအခါမှ သုန်းကုန်းမင်ယွဲ့က ကျေနပ်သွားပုံရကာ ရွှင်ရွှင်ပျပျ ပြောလိုက်သည်။
“ သွားရအောင်။ ဂူစံအိမ်ကို အရင်ကြည့်မယ်။ ငါ့အတွက် အရင်ရွေးပြီးရင် အဲ့အနား ပိုကောင်းတဲ့နေရာမှာပဲ နင့်အတွက်ရွေးပေးမယ် ”
--------------