← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း ၃၇ -အတွင်းဂိုဏ်းသို့ဝင်ရောက်ခြင်း....

~ပင်မခန်းဆောင်ထဲက လူအုပ်ကြီးဟာ အပြင်ဆောင်ခန်းမရှေ့က ရင်ပြင်ကျယ်ကြီးဆီ ရောက်ရှိသွား၏။

သုကူးဖန်းက လက်ကိုဝှေ့ယမ်းလိုက်တော့ ဆယ်မီတာခန့်ရှည်လျားသည့် ဓားရှည်တစ်ချောင်း လူတိုင်း၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

လုရီီနှင့် တခြားလူများပါ မျက်လုံးများပြူးကျယ် အံ့ဩသွားပြီး

“ ဒါက ဓားရှည်ပျံကြီးလား။ ပျံနေတဲ့ရတနာပေါ့ ”

ပြောရလျှင် အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူ များသာ သူတို့၏လက်နက်များကို အသုံးပြုပြီး ပျံသန်းလို့ရသည်။ သို့သော် ထိုလက်နက်များမှာ တစ်ကိုယ်ရည်စာသာ ဖြစ်ပြီး တခြားသူများအား သယ်ဆောင်၍ မရချေ။

မဟုတ်လျှင် လုရီီ ပြိုင်ပွဲနေရာသို့သွားရာ၌ လုကောင်းယန်၏ ဓားပျံနောက်တွင် လိုက်စီးမည်မဟုတ်ချေ။

သာမန်ရတနာများအား ပျံသန်းသည့်အရာအဖြစ် သုံးရုံသာမက ပျံသန်းဖို့အတွက် အထူးပြုလုပ်ထားသော ရတနာများလည်းရှိသည်။

ထို ပျံသန်းရတနာများ၏ အဓိကလုပ်ဆောင်ချက်မှာ ခရီးသွားလာဖို့အတွက်ဖြစ်ပြီး ပိုမိုမြန်ဆန်ကောင်းမွန်သည့် လုပ်ဆောင်ချက်များရှိသည်။

သေချာပေါက် ထိုရတနာများမှာလာည်း အတော်လေးစျေးကြီးသည်ပင်။

ယခုသူတို့ရှေ့ရှိ ဧရာမဓားပျံကြီးမှာ ပျံသန်း ရေး ရတနာကြီးမှန်း သိသာသည်။

ထို ပျံသန်းရေး ရတနာများမှာ လွန်စွာအဖိုးတန်ပြီး စျေးလည်းကြီးသည်မို့ လုရီီ

နှင့်တခြားလူများက အားကျစွာကြည့်လိုက်ကြသည်။

သုကူးဖန်း၏ မျက်လုံးများကတော့ ဂုဏ်ယူနေဟန်ပင်။ အကြီးအကဲမှူး၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းသည့်အနေဖြင့် ရေးရေးသာပြုံးကာ ပြော၏။ယ

“ တက်ကြတော့။ ဒါက ပျံသန်းရတနာလေးတစ်ခုပဲ။ မင်းတို့လည်း ကြိုးစားရင် အနာဂတ်မှာ ဒါမျိုး ပိုင်ဆိုင်နိုင်တယ် ”

လူတွေအကုန် ဓားရှည်ပေါ်တက်ပြီးသည်

နှင့် သုကူးဖန်းးက လက်တစ်ချက် ဝှေ့လိုက်ရာ ဓားရှည်မှာ တိမ်စိုင်တွေကြား တိုးဝင်ပြီး အတွင်းဂိုဏ်းသို့ ဦးတည်ပျံသန်းသွားပေတော့သည်။

ဓားရှည်၏ အလျင်မှာ အလွန် မြန်၏။ ပြင်းထန်သည့် လေကို အံတုရန်အတွက် အလင်း အကာအကွယ်လွှာကို ထားထားသည်မို့ လိုက်ပါ စီးနင်းရသည်မှာ သက်တောင့်သက်သာ ဖြစ်စေသည်။

လမ်းတစ်လျှောက်တွင် သုကူးဖန်းက အတွင်းဂိုဏ်းအကြောင်းကို လုရီီနှင့်တခြားလူများအား အတိုချုံး ရှင်းပြလာသည်။

အတွင်းဂိုဏ်းသည် အပြင်ဆောင်ဂိုဏ်းနှင့် အတော်လေးဝေးပေသည်။ အတွင်းဂိုဏ်းသားတို့မှာ အမှန်တကယ်ထူးချွန်ပြောင်မြောက်ကြသူများဖြစ်သည့် အပြင်ဆောင်ဂိုဏ်းတပည့်တို့မှာ တိမ်ဖြူဂိုဏ်းပြင်ပရှိ မြက်ပင်သာသာမျှသာ ဖြစ်သည်။

အတွင်းဂိုဏ်းသို့ဝင်ရောက်သည့် ပြိုင်ပွဲမှာလည်း အပြင်ဆောင်ဂိုဏ်းနှင့် ယှဉ်လျှင် များစွာပြင်းထန်သည်ဖြစ်ရာ အတော်လေးအာရုံစိုက်ဖို့ လိုအပ်သည်။

သူတို့တွေ အာရုံစိုက်ပြီးနားထောင်နေရင်း

မကြာခင်မှာပဲ ဓားပျံဟာ တိမ်လွှာတွေကို ဖောက်ထွင်းပြီး လျှို့ဝှက်သည့်

မြင်ကွင်းဆီ ဆောင်ကြဉ်းသည်။

ကြီးမားသည့် တောင်တန်းတွေကြားက

တောင်ထိပ်ငယ်များ ဝိုင်းရံနေသည့် တိမ်ကြားထဲသို့ထိုးထွက်နေသော တောင်ထိပ်မျှော်စင်၁၂ခုပင်။

ထိုတောင်ထိပ်မျှော်စင် ၁၂ခုကြားတွင် ချိုင့်ဝှမ်းကြီးတစ်ခုရှိပြီး ချိုင့်ဝှမ်းကြားတွင် မြို့ငယ်လေးတစ်ခုရှိသည်။ မြို့ငယ်လေး၏အလယ်တွင် တိမ်ကြားထဲထိ ထိုးထွက်နေသော ကြီးမားသည့်မျှော်စင်ကြီးတစ်ခုရှိနေသည်။

ထိုမျှော်စင်ကြီးမှာ တိမ်ဖြူဂိုဏ်း၏ တရားရေးရာမျှော်စင်ကြီးပင်။

သုကူးဖန်း ပြောပြခဲ့သည့်အတိုင်း ထိုမျှော်စင်ကြီးမှာ ရှေးခေတ်ဘိုးဘွားဘီဘင်တို့ အပျက်အစီးကြားမှ ထိန်းသိမ်းခဲ့သည့် အဖိုးတန် ရတနာတစ်ခု ဖြစ်ပြီး ဂိုဏ်းသားတို့၏ တရားစီရင်မှုတို့တွင် အသုံးပြုသည်။

ထိုတရားစီရင်ရေးမျှော်စင်ကြီး၏ ဘေးပတ်လည်တွင် ခမ်းနားထည်ဝါသော အဆောက်အအုံကြီးများက ပြောင်မြောက်စွာ ခြံရံထားသည်။

နေရာတစ်ခုလုံးတွင် တိမ်ဖြူများ အပြည့်စီးဆင်းနေပြီး ဓားပျံပေါ်တွင် ပျံသန်းနေသည့် ကျင့်ကြံသူအများအပြား နှင့် ကြိုးကြာငှက်ဖြူများကို မြင်ရသည်မှာ မသေမျိုးအရှိန်အဝါဖြင့် ပြည့်နှက်လျှက်ရှိသည်။

အပြင်ဆောင်ဂိုဏ်းနှင့် အလွန်မတူ ခြားနားလှသော မြင်ကွင်းများကို ကြည့်ရှုပြီး လူတိုင်း တမေ့တမောဖြစ်နေရပေသည်။

အထူးသဖြင့် အမျိုးသမီးများ ဖြစ်ကြသော လင်းဝမ်အာနှင့် လျူထျန်းမှာ ပိုမို အံ့ဩနေကြသည်။

လင်းဝမ်အာက “ သိပ်လှတာပဲ ”ဟု ရေရွတ်၏။

လျူထျန်းကလည်း ခေါင်းအခါခါ ညိတ်ကာ ထောက်ခံ၏။

သုကူးဖန်းက ရယ်လိုက်ပြီး

“ ဒါက တိမ်ဖြူဂိုဏ်းရဲ့ အတွင်းနယ်မြေပဲ။ အနာဂတ်မှာ မင်းတို့ရဲ့ ကျင့်ကြံရေးနဲ့ ဘဝနယ်မြေဖြစ်လာလိမ့်မယ် ”

ဓားပျံပေါ်မှ ကြည့်ရှုနေကြသည့်

လုရီနှင့် အခြားလူများ၏ မျက်လုံးများမှာ အရောင်တောက်လာရသည်။

သုကူးဖန်းက တည်ငြိမ်စွာ ပြုံးလျက်

“ အရင်ဆုံး မင်းတို့ကို အတွင်းဂိုဏ်းရဲ့ အလုပ်ဆောင် ခန်းမဆီ ခေါ်သွားပေးမယ်။ အခုမှ ရောက်တဲ့ လူတွေဆိုတော့ အတွင်းဂိုဏ်းရဲ့တပည့်တွေအနေနဲ့ စာရင်းသွင်းပြီး အသိအမှတ်ပြု လက်မှတ်ယူဖို့ လိုတယ် ”

လုရီနှင့် အခြားလူများက ခေါင်းညိတ်ကာ သဘောတူကြောင်း ပြလိုက်သည်။

သုကူးဖန်းက ဓားပျံအား မြို့ငယ်လေး၏ အလယ်ခေါင်ဆီဦးတည်လိုက်ကာ မကြာခင်မှာပဲ ခန်းမဆောင်ကြီးအပြင်ဘက်သို့ ရောက်ရှိသွားလေသည်။

ခန်းမဆောင်၏ အပြင်ဘက်နေရာသည် ရင်ပြင်ကျယ်ကြီး ဖြစ်ပြီး ကျင့်ကြံသူများစွာက ဓားပျံများနှင့် ဆင်းလိုက်တက်လိုက် လုပ်နေကြပြီး အားကောင်းသည့် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ များစွာသော ဂိုဏ်းသားတွေဆီက ကြောက်မက်ဖွယ် ကောင်းသည့် ခံစားချက်ကို လုရီီပင် ခံစားလိုက်ရ၏။

သို့သော် အချို့သော ဂိုဏ်းသားများကိုတော့ ဂရုစိုက်စရာမလိုပင်။

ထိုဂိုဏ်းသားများကိုကြည့်ပြီး အတွင်းဂိုဏ်းသို့ဝင်လာသည်မှာ မကြာသေးဘဲ အားသိပ်မကြီးသည့် ဂိုဏ်းသားများဖြစ်ရမည်ဟု သူသည် မှတ်ယူလိုက်သည်။

တိမ်ဖြူဂိုဏ်းတွင် ဤသို့သော ဓားရှည်မှာ တွေ့ရခဲလှသည်မို့ ဓားပျံပေါ်ရှိ လူအုပ်ကအားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

လုရီီနှင့် အခြားလူများကို ခေါ်ဆောင်လာ

သည့် သုကူးဖန်းကို မြင်သောအခါ စီနီယာအစ်ကို၊ အစ်မတို့က သဘောပေါက်သွားကြသည်။

“ ဒါအကြီးအကဲမှူး သုကူးဖန်းပဲ”

“ ဒီတစ်ခေါက် အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲမှာ ပါရမီရှင်နှစ်ယောက် ထွက်ပေါ်လာတယ် လို့ကြားတယ် ”

ဂိုဏ်းသားတစ်ယောက်က အမှတ်ရသွားပြီးပြောလိုက်၏။

“ ပါရမီရှင် ဟုတ်လား။ ပြောရရင် လူတိုင်းက အပြင်ဆောင်ဂိုဏ်းက လာကြတာပဲလေ။ ဘယ်လိုပါရမီရှင်မျိုးက အပြင်ဆောင်ဂိုဏ်းက လာနိုင်မှာလဲ ”

“ ဟုတ်ပါ့၊ ပါရမီရှင်လို့ ခေါ်တာက နည်းနည်းများ ချဲ့ကားလွန်းမနေဘူးလား ”

“မင်း ဘာမှမသိဘူး။ အပြင်ဆောင်

ဂိုဏ်းပြိုင်ပွဲကို သွားခဲ့တဲ့ အကြီးအကဲ

တစ်ယောက်ဆီက ငါကြားလာတာတော့ ပါရမီရှင် တစ်ယောက်က ချီသန့်စင်ခြင်း အဆင့် ၁၀ အထိ ရောက်ပြီး အခြေခံ အုတ်မြစ် တည်ထောင်ခြင်း စွမ်းရည်ကိုပါ တတ်မြောက်ထားတာတဲ့။ နောက်

တစ်ယောက်ဆို ပိုတောင် အန္တရာယ်များသေးတယ်။ ချီအဆင့် ခုနစ်ပဲ ရှိသေးတာတောင် သိုင်းပညာနှစ်ခုနဲ့ နည်းစနစ်တစ်ခုကို စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်း

အဆင့်ကို ရောက်ပြီးတဲ့အပြင် ဓားစိတ်ဆန္ဒကိုပါ တတ်မြောက်ထားသေးတယ်ဆိုပဲ။ ဒီလို အရည်အချင်းမျိုးနဲ့သာ ဆိုရင် နတ်ဘုရား အသွင် ပြောင်းလဲခြင်း နယ်ပယ်

မပြောနဲ့ ၊ ဟင်းလင်း ဥမင် နယ်ပယ်အထိပါ ရောက်အောင် ကျင့်ကြံနိုင်လောက်တယ်၊ အဲ့လိုလူတွေကိုမှ ပါရမီရှင်လို့ မခေါ်ရင် ဘယ်သူတွေကို ခေါ်မှာလဲကွ”

ဒီစကားတွေက သုကူးဖန်းတို့ အုပ်စုကို

ကြည့်နေကြသည့် လူများအား မှင်သက်သွားစေသည်။ အစက အာရုံထဲ မထည့်ထားခဲ့သော လူများပင် ပါသေးသည်။

မကြာခင်မှာပဲ စီနီယာအစ်ကို၊ အစ်မတို့

ပွက်လောရိုက်ကုန်ကြသည်။

“ တကယ်ကြီးလား။ ပထမတစ်ယောက်က အတော်လေး အရည်အချင်း ရှိတယ်ဆိုတာကို လက်ခံနိုင်ပါသေးတယ်။ ဒါပေမယ့် ဒုတိယ တစ်ယောက်က ဘယ်လိုတောင်လား။ အပြင်ဆောင်ဂိုဏ်းမှာ ဒီလိုဂိုဏ်းသားမျိုး ရှိတယ်ပေါ့လေ။ ဒီလိုအရည်အချင်းနဲ့သာဆိုရင် အတွင်းဂိုဏ်းကိုဝင်ဖို့ တစ်ခါတည်းခေါ်ခံသင့်တဲ့ လူမျိုးမဟုတ်လား ”

“ ဟုတ်တယ်၊ ဒီလိုအရည်အချင်းမျိုးနဲ့သာဆိုရင် အခြေတည် ဝိဉာဉ်အဆင့်အကြီးအကဲ ဒါမှမဟုတ် တောင်ထိပ်သခင် တစ်ယောက်ရဲ့ တိုက်ရိုက်တပည့် ဖြစ်သင့်တယ် ”

“ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ရေတံခွန်တောင်ထိပ်က အကြီးအကဲကိုယ်တိုင်ပြောတာဆိုတော့ မှန်လောက်မယ် ”

“ အဲ့ဂိုဏ်းသားနှစ်ယောက်က ဘယ်သူတွေလဲ”

အတွင်းဂိုဏ်းသားတွေကို သိလိုစိတ်ဖြင့် မေးကြသည်။

“ အခွင့်အရေးရှိရင် ရင်းနှီးမှု ယူထားသင့်တယ် ”

အကြီးအကဲတွေ၏ စကားကို ကြားလာသော ဂိုဏ်းသားတစ်ယောက်က ထူးဆန်းသည့် အမူအရာဖြင့် ပြောသည်။

“ သူတို့ထဲက ချီအဆင့်၇ ရှိတဲ့ကောင်လေးကတော့ ထိပ်တန်းဆယ်ယောက်ထဲမှာ အချောဆုံးလို့ပြောတယ်။ ချီအဆင့်၁၀ တစ်ယောက်ကတော့ သာမန်ရုပ်ရည်အရှိဆုံး လူတဲ့ ”

သုကူးဖန်း ; “????”

လုရီ ; “ …… ”

ပိုင်ယွီလုံနှင့် အခြားလူများ ; “……”

ကျန့်ဖန် ;“?????????”

အတွင်းဂိုဏ်းသားများမှာ ခပ်လှမ်းလှမ်းမှာရှိပြီး အသံကမကျယ်သော်ငြား လုရီကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများမှာ မတတ်နိုင်စွာ အကုန်ကြားနေရ၏။

အကြီးအကဲမှူးဖြစ်သည့် သုကူးဖန်း မှာ မျက်နှာထားကို တင်းထားသော်လည်း လုရီနှင့် တခြားလူတို့၍ မျက်နှာများမှာ အရောင်ပြောင်းကုန်ကြသည်။

လုရီီသည် ကျန့်ဖန်ကို ကြည့်လိုက်ရင်း နည်းနည်းတော့ အားနာမိသွားသည်။

အမှန်တိုင်းပြောရလျှင် သူ၏ရုပ်ရည်မှာ စီနီယာအစ်ကို ကျန့်ဖန်ထက် ပိုပြီး ချောမောသာလွန်သည်မှာ မှန်သော်လည်း ထုတ်ပြောသည်မှာ မသင့်တော်ပေ။

လုရီ နေရခက်သွားသည်။

အေးဆေးသည့်ပုံ ပေါ်နေသည့် ကျန့်ဖန်၏ မျက်နှာတွင်တောင် ဒါကိုကြားသည့်အခါ အမူအရာ ပျက်ယွင်းသွားရသည်။

သူကနှာခေါင်းကို ပွတ်လိုက်ကာပြောသည်။

“ ရုပ်ရည် သာမန်ဖြစ်တာက ဘာမှားနေလို့လဲ ”

လုရီီက အတည်ပေါက် ပြန်ပြောသည်။

“စီနီယာညီကို ကျန့်ဖန် အများကြီးတွေး

မနေပါနဲ့။ အစ်ကို့ရဲ့ အရည်အချင်းနဲ့ ထက်မြက်မှုကို ကျွန်တော်တို့ အကုန်လုံးသိပါတယ် ”

လီယွင်ကလည်း

“ယောကျာ်းတစ်ယောက်အတွက် ခွန်အားကမှ တကယ်အရေးကြီးတာကွ ကျန့်ဖန်ရ။ ရုပ်လှလှလေးရှိတော့ ဘာသုံးလို့ရမှာလဲ။ ဒီတိုင်းကောင်ချောလေးပဲပေါ့ ”ဟု ရှုတ်ချ လေသည်။

လုရီ “????”

သူ့အား စော်ကားခံရသလို ခံစားလိုက်ရသည်။

အနီးနားရှိ ပိုင်ယွီလုံမှာလည်း တောင့်ခဲသွား၏။ သူက ခေါက်ယပ်တောင်ကို ပုတ်လိုက်ကာ မေးသည်။

“ မင်းတို့ တကယ် အငယ်တန်းညီကိုလုက အချောဆုံးလို့ ထင်နေကြတာလား ”

“ မဟုတ်လို့လား ”

လင်းဝမ်အာက ပိုင်ယွီလုံကို ကြည့်ပြီး ဖြေသည်။

ပိုင်ယွီလုံသည် လင်းဝမ်အာကို ကြည့်ကာ လည်ချောင်းရှင်းပြီး ကျောကိုပြန်မတ်လိုက်ရသည်။

လျူထျန်းကပါ ဆိုလာ၏။

“ ပိုင်ယွီလုံ၊ မေ့လိုက်ပါရှင်။ ရုပ်ရည်ပိုင်းနဲ့ပတ်သက်ရင် ရှင် အငယ်တန်း မောင်လေးလုကို ယှဉ်လို့ မရဘူး ”

ပိုင်ယွီလုံမှာ စိတ်ဓာတ်ကျစွာ

ငြိမ်သက်သွားရသည်။

ထိုစဉ် သုကူးဖန်းက ချောင်းဟန့်လိုက်ပြီး ကြေညာသည်။

“ ကောင်းပြီ၊ အထဲကို ဝင်ကြမယ် ”

ထိုအခါမှ တစ်အုပ်စုလုံး အသိပြန်ဝင်လာပြီး စီနီယာအစ်ကိုအစ်မများ၏ သိချင်စိတ်အပြည့် ရှိသော မျက်လုံးများကြားကနေ

ခန်းမထဲ ဝင်သွားကြတော့သည်။

-------------

အခန်း ၃၈ - မင်းက လုရီီပေါ့...

~ခန်းမထဲသို့ ဝင်သွားပြီးသည့်နောက်

သုကူးဖန်း ဦးဆောင်သည့်အဖွဲ့မှာ ကြီးမားသည့် ခန်းမကြီးအား ဖြတ်ကျော်ကာ အပြင်ဆောင်ဂိုဏ်းသားများ စာရင်းသွင်းရန် ပြုလုပ်ပေးထားသည့် အခန်းကလေးဆီသို့ရောက်သွားသည်။

အခန်းထဲတွင် ခုံပေါ်တွင် ကျောမှီကာ ထိုင်လျက်ရှိသော မီးခိုးရောင် ဝတ်ရုံနှင့်အကြီးအကဲတစ်ဦးအား တွေ့လိုက်ရသည်။

သုကူးဖန်းနှင့် အဖွဲ့ကို မြင်သည့်အခါ ထိုလူက မတ်တပ်ရပ်ကာ နှုတ်ဆက်သည်။

“ အကြီးအကဲ သုကူး.. အရင်ကထက် နောက်ကျနေတယ်နော် ”

သုကူးဖန်းက ရွှင်ပျပျ ပြုံးလိုက်ပြီး

“ ဘာပဲဖြစ်ဖြစ် ခင်ဗျားကတော့ ဒီမှာအေးအေးဆေးဆေးပဲလေ။ နောက်ပဲကျကျ စောစောပဲရောက်ရောက် ၊ဘာမှကွာသွားတာမဟုတ်ဘူး ”

မီးခိုးရောင်ဝတ်ရုံနှင့် လူက ရယ်လိုက်ပြီး

“ ဟုတ်ပဗျာ။ နှစ်တိုင်း တိမ်ဖြူအတွင်းဂိုဏ်းကို လက်တစ်ဆုပ်စာလူလေးပဲ ဝင်လာတာဆိုတော့ ဒီလူအိုကြီးမှာ လုပ်စရာဘာထွေထွေထူးထူးမှ မရှိဘူးလေ ”

ပြောနေရင်း ထိုလူက လုရီီတို့ကို ကြည့်ပြီး ပြုံးပြသည်။

“ ဒီကလေးတွေက အပြင်ဆောင်ဂိုဏ်းရဲ့ ထိပ်တန်းအဆင့်ဆယ်ယောက်ကလေးတွေမလား ”

သုကူးဖန်း ခေါင်းညိတ်လိုက်၏။

“ ဟုတ်တယ် ”

ထို့နောက် သူက လုရီီနှင့် အခြားလူများကို ထိုလူကြီးနှင့်မိတ်ဆက်ပေးသည်။

“ ဒါက အလုပ်ဆောင်ခန်းမရဲ့ အကြီးအကဲ လီဝမ်ပဲ ”

ထိုသူမှာ အကြီးအကဲမှူး သုကူးဖန်းနှင့်

စစနောက်နောက် ပြောနေသည်မို့ အကြီးအကဲ ဖြစ်မည်ဟု မထင်ထားခဲ့သည့်အတွက် လုရီီ အံ့ဩသွားရသည်။

ထို့နောက် ရိုရိုကျိုးကျိုး အရိုအသေပြုလိုက်ပြီး

“ နှုတ်ဆက်ပါတယ် အကြီးအကဲ လီ ”

လီဝမ်က ခေါင်းညိတ်ကာ ပြုံးပြသည်။

“ တယ်ယဉ်ကျေးတဲ့ ကလေးတွေပဲ။ လာကြ ၊ လာကြ ဒီအဖိုးကြီးက မင်းတို့ကိုစာရင်းသွင်းပေးမယ်”

ထို့နောက် အနီးအနားရှိစားပွဲသို့လျှောက်သွားပြီး ထိုင်ချလိုက်၏။

သုကူးဖန်းက ညွှန်ကြား၏။

“ လုရီ အရင်သွားလိုက်”

လုရီီက ခေါင်းကို ညိတ်လိုက်ပြီးနောက်

လီဝမ်ရှိရာ စားပွဲဆီ လျှောက်သွားလိုက်သည်။

လီဝမ်က လုရီီအား ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်၏။

“ မင်းက လုရီီလား။ ပြိုင်ပွဲပြီးတော့ အကြီးအကဲအိုကြီးတွေက အပြင်ဆောင်ဂိုဏ်းမှာ ပါရမီရှင်တစ်ယောက် ထွက်လာတယ်လို့ပြောနေကြတာ။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သိုင်းပညာတွေနဲ့ နည်းစနစ်ကို စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်အထိ ရောက်သွားတဲ့အပြင် ဓား စိတ်ဆန္ဒကိုပါ ကျင့်ကြံနိုင်တယ်ဆိုတာက မှတ်ကျောက်တင်စရာပဲ ”

လုရီက ရိုကျိုးစွာ ပြုံးလိုက်ပြီး

“ အကြီးအကဲက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ ”

လီဝမ်က ရယ်သာ ရယ်ကာ မည်သည့်စကားမျှမဆိုတော့ဘဲ လုရီီအား အဖြူရောင် လက်စွပ်တစ်ကွင်းနှင့် အဖြူရောင် လက်မှတ်တစ်ခု မထုတ်ပေးခင်

လိုအပ်သည့်အချက်အလက်ကိုသာ မေးသည်။

“ ဒီသိုလှောင်လက်စွပ်က အတွင်းဆောင်ဂိုဏ်းသားတွေအတွက် အကျိုးခံစားခွင့်တစ်ခုပဲ။ အထဲမှာ အတွင်းဂိုဏ်းဝတ်ရုံတွေနဲ့ စည်းကမ်းမိတ်ဆက်ပေးထားတာတွေပါတယ်။ သေသေချာချာဖတ်ကြည့်ပြီး ဂိုဏ်းရဲ့စည်းကမ်းကို မဖောက်ဖျက်ကြနဲ့။ အတွင်းဂိုဏ်းလက်မှတ်ကိုလည်း လုံလုံခြုံခြုံသိမ်းထားရမယ်။ တာဝန်တွေကိုလက်ခံတာနဲ့ ဂိုဏ်းအမှတ်တွေကို စုဖို့အတွက်လိုအပ်တယ်။ ပျောက်ခဲ့ရင် အစား ပြန်ထိုးဖို့ စိတ်ဝိဉာဉ် ကျောက်တုံး တစ်တုံးပေး

ရလိမ့်မယ် ”

လုရီီ ခေါင်းကို ညိတ်ကာ သိုလှောင် လက်စွပ်နှင့် အတွင်းဂိုဏ်း လက်မှတ်ကို လက်ခံလိုက်သည်။

သိုလှောင် လက်စွပ်မှာ အတော့်ကိုကောင်းမွန်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ အတွင်းဂိုဏ်း လက်မှတ်အကြောင်းကိုတော့ အကြီးအကဲ သုကူးဖန်းက လာသည့်လမ်းတွင် ရှင်းပြပြီးခဲ့ပြီ။ အရင်ဘဝက တက္ကသိုလ်ကျောင်းသား လက်မှတ်ကဲ့သို့ပင် အတွင်းဆောင် ဂိုဏ်းသားများ၏ အခြေခံအချက်အလက်တို့ကို မှတ်တမ်းတင်ထားပြီး အလဲအလှယ်လုပ်သည့် အမှတ်များကို သိမ်းဆည်းကာ အချက်အလက်များကိုပါ ရယူနိုင်သော များပြားသည့် လုပ်ဆောင်ချက်တွေ ပါရှိသည်။

လုရီီသည် သိုလှောင်လက်စွပ်ကို သူ့လက်မှာ ဝတ်လိုက်သည်။ လက်မှတ်ကို လက်စွပ်ထဲသို့ ထည့်သိမ်းကာ နောက်ဆုတ်လိုက်သည်။

ထို့နောက် ကျန့်ဖန်၊ ပိုင်ယွီလုံ

စသည်ဖြင့် အဆင့်အလိုက် နေရာယူကြသည်။

ဝမ်ဟွား၏ အလှည့်ပြီးသည်နှင့် လူတိုင်းစာရင်းသွင်းပြီး သွားပြီဖြစ်သည်။

ထို့နောက် လီဝမ်က မှာကြားသည်။

“ စာရင်းသွင်းပြီးပြီဖြစ်တဲ့အတွက် အခုဆို မင်းတို့ဟာ အတွင်းဂိုဏ်းသားတွေဖြစ်သွားပါပြီ။ အကြီးအကဲ သုကူးက တောင်ထိပ်၁၂ခုအကြောင်းရှင်းပြပြီးလောက်ပြီဆိုပေမဲ့ ဒီထက်ပိုသိချင်တယ်ဆိုရင် လက်စွပ်ထဲက ညွှန်ကြားချက်တွေကို ဖတ်ကြည့်။ မင်းတို့နဲ့ ကိုက်ညီမယ့် တောင်ထိပ်ကိုရွေးချယ်ပြီး အရည်အချင်းတွေကို တိုးတက်အောင် လုပ်ပါ။ အပြင်လောကမှာ တောင်ထိပ်၁၂ခုရဲ့ အဆင့်တွေနဲ့ပတ်သက်ပြီး ကောလဟာလတွေပြန့်နေပေမဲ့ တိမ်ဖြူဂိုဏ်းသားတစ်ယောက် ဖြစ်ပြီဆိုကထဲက သူ့ဟာနဲ့သူ အားကောင်းတဲ့နေရာတွေတော့ ရှိကြတာပါပဲ။ ကိုယ်နဲ့ကိုက်ညီမဲ့ နေရာကိုရွေးချယ်နိုင်ဖို့သာ အရေးကြီးတယ်၊ ကဲ..မင်းတို့ နားလည်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”

လုရီနှင့် အခြားသောဂိုဏ်းသားများက ခေါင်းညိတ် ထောက်ခံကြသည်။

“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”

လီဝမ်က အမှုမထားဟန်ဖြင့် လက်ကာပြကာ ပြောသည်။

“ ကဲ..ဒါဆို သွားနိုင်ပြီ”

ထိုအခါ သုကူးဖန်းက ပြုံးကာ

“ ဒါဖြင့် အကြီးအကဲလီ ၊ ကျုပ်တို့ သွားလိုက်ပါဦးမယ် ”

လီဝမ်က ခေါင်းကို ညိတ်လျက်

“ ဒီအဖိုးကြီးဆီ တစ်ခါတလေတော့

လာလည်ပေါ့ ၊ အတူတူ အရက်သောက်

ရအောင် ”

“ ကောင်းပါပြီ ”

သုကူးဖန်းက လုရီီနှင့် တခြားသူများနှင့်အတူ ထွက်ခွာသွားသည်။

အပြင်သို့ ရောက်သည်နှင့် သုကူးဖန်းက

လုရီီတို့ အုပ်စုကို ပြုံးကာ ကြည့်ရင်း

“ ကောင်းပြီ။ အခုဆိုမင်းတို့က အတွင်းဂိုဏ်းသားတွေ ဖြစ်သွားပြီ။ တိမ်ဖြူကွက်လပ်မှာ တောင်ထိပ်တွေကိုသွားဖို့ လမ်းတွေရှိတာမလို့ မေးပြီးသွားနိုင်တယ်။ မှတ်ထားရမှာက တောင်ထိပ်တစ်ခုချင်းစီက ကိုယ်ပိုင်ထူးခြားချက်ရှိတဲ့အတွက် မင်းတို့ရဲ့ စွမ်းရည်အပေါ်လိုက်ပြီး ရွေးချယ်ကြပါ ”

လုရီီတို့အုပ်စုမှာ နားလည်သည့်

သဘောဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် သုကူးဖန်းက သူတို့အားနှုတ်ဆက်ပြီး ဓားအလင်းတန်းတစ်ခုအသွင် ဖန်တီးကာ လေထု၌ ပျောက်ကွယ်သွားတော့၏။

လုရီီတို့အုပ်စုမှာ မိမိတို့ ဝင်ခွင့်ရလိုသည့် တောင်ထိပ်သို့ သွားရန် ဆ န္ဒပြင်းပြနေသောကြောင့် အချင်းချင်း နှုတ်ဆက်ကာ ရွေးချယ်ထားသော တောင်ထိပ်ဆီဦးတည်လာခဲ့သည်။

လုရီီကတော့ သေချာပေါက် လင်းလောင်တောင်ထိပ်ကို ရွေးချယ်ထားသည်ပင်။

အချောလေးနှင့် အလုပ်တာဝန်လည်း ရှိသေးသည် မဟုတ်ပါလား။

အတွင်းဂိုဏ်းသို့ လာသော လမ်းတွင်

သုကူးဖန်း ညွှန်ပြပေးခဲ့သည့် လင်းလောင်တောင်ထိပ် နေရာကို လုရီီ မှတ်မိသည်မို့ စတင် လမ်းလျှောက်လိုက်၏။

တိမ်ဖြူ ရင်ပြင်ကျယ်သည် ကြီးမားပြီး လမ်းသွယ်တို့ဖြင့် ရှုပ်ထွေးနေသည်။

သို့သော် တောင်ထိပ် ၁၂ခုသို့ သွားသည့်လမ်းများမှာ အလွယ်တကူ မေး၍ရသည်။

သိပ်ပြီး မပင်ပန်းလိုက်ရဘဲ လုရီက

လင်းလောင် တောင်ခြေဆီ ရောက်လာခဲ့သည်။

လင်းလောင် တောင်ထိပ်မှာ တောင်ခြေကပို၍ပင် ကြီးမားသည့်ပုံ ပေါ်သည်။

လုရီီသည် အရင်ဘဝက ဧဝရက်တောင်သို့ မရောက်ဖူးခဲ့သော်လည်း လင်းလောင်တောင်ထိပ်က ထိုဧဝရက်တောင်ထက်

ပိုကြီးမည်ဟုပင် ခံစားလိုက်ရသည်။

လမ်း၏ အဆုံးတွင် ကျောက်တုံးလှေကားထစ်များဖြင့် တောင်ထိပ်ဆီသွားသည့် လမ်းတစ်ခု ဖောက်ထားပြီး ဝင်ပေါက်၌ တံခါးစောင့် နှစ်ယောက် စောင့်ကြပ်နေ၏။

အကြီးအကဲကျင့်ကြံသူနှစ်ယောက်မှာ အတွင်းဂိုဏ်းသားဝတ်ရုံ မဝတ်ထားဘဲ အစေခံဂိုဏ်းသား အဝတ်အစားကိုသာ ဝတ်ထားသည်။

လုရီီလည်း သိပ်တော့ မအံ့ဩပေ။ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသော တိမ်ဖြူဂိုဏ်းသားများမှာ ပုံမှန်အားဖြင့် တောက်တိုမည်ရ အိမ်အလုပ်တွေ မလုပ်ကြပေ။

ထို့ကြောင့် အပြင်ဆောင်နှင့် အတွင်းဂိုဏ်း နှစ်ခုလုံးတွင် အစေခံဂိုဏ်းသားများကို ခန့်အပ်ထားလေ့ရှိမို့ အတွင်းဂိုဏ်းတွင် အစေခံများကို တွေ့ရသည်မှာ ပုံမှန်ပင်။

သို့သော် ထိုအစေခံဂိုဏ်းသားတို့၏ အရှိန်အဝါမှာ ချီသန့်စင်နယ်ပယ်သို့ ရောက်ရှိပြီးဖြစ်ရာ ချီသန့်စင်နယ်ပယ်သို့ပင်

မရောက်ကြသော အပြင်ဆောင်ဂိုဏ်းရှိ အစေခံတို့ထက် များစွာ အားကြီးသည်ပင်။

သူတို့၏ အသက်အရွယ်ဖြင့် အခြေခံအုတ်မြစ် တည်ထောင်ခြင်းလောကသို့ ရောက်ရှိရန်မှာမူ သိပ်မလွယ်ပေ။

အပြင်ဆောင်ဂိုဏ်း ဝတ်ရုံကို ဝတ်ဆင်ထားသော လုရီီ ချဉ်းကပ်လာသည်ကို မြင်သည့် အစေခံဂိုဏ်းသား နှစ်ယောက်မှာ အံ့ဩသွားသည်။

သက်လတ်ပိုင်းအရွယ် ဂိုဏ်းသားက

သူ့လက်များကို ဆုပ်၍ နှုတ်ဆက်ကာ ပြော၏။

“ ညီကို လင်းလောင် တောင်ထိပ်မှာ ဘာကိစ္စရှိလို့ပါလဲ”

ထိုအခါ လုရီီက ပြုံးပြလိုက်ပြီး

“ မင်္ဂလာပါ။ ကျွန်တော်က အခုမှ အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲကနေ အတွင်းဂိုဏ်းကို ဝင်လာတဲ့ လူသစ်ကလေး လုရီီပါ။

လင်းလောင်တောင်ထိပ်ကို ဝင်ဖို့ဆန္ဒရှိတဲ့အတွက် အရည်အချင်းစစ်စာမေးပွဲဖြေဖို့ ခေါ်သွားပေးလို့ရမလားဗျ”

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ အတွင်းဂိုဏ်းလက်မှတ်ကို မြင်အောင် ထုတ်ပြလိုက်သည်။

လက်မှတ်ကို မြင်သွားသည့် အစေခံနှစ်ယောက်က ပျာပျာသလဲဖြင့်

“ ဒါဆို ညီကိုလု ကျွန်တော့်နောက်ကလိုက်ခဲ့ပါ။ ဝင်ခွင့်စာမေးပွဲတွေကို ဦးစီးတဲ့ ဘဏ္ဍာစိုး ရှောင်ဆီ ခေါ်သွားပေးမယ် ”

လုရီပြုံးပြီး ခေါင်းညိတ်လိုက်ကာ ထိုဂိုဏ်းသားနောက်သို့ လိုက်သွားလိုက်သည်။

အနည်းငယ်် လမ်းလျှောက်ပြီးသည့်အခါ သိပ်မဝေးသည့်နေရာရှိ နန်းတော်နှင့် စင်မြင့်တစ်ခုကို မြင်လိုက်ရသည်။ အစေခံဂိုဏ်းသားက လုရီီကို နန်းတော်ရှေ့ ကွင်းပြင်သို့ ဦးဆောင်ခေါ်သွားသည်။

သူက ပြုံးပြပြီး မိတ်ဆက်ပေးလိုက်၏။

“ ညီကို ဒါကတောင်ထိပ်အရည်အချင်းစစ်စာမေးပွဲခန်းမပဲ၊ အထဲမှာ ဘဏ္ဍာစိုးရှောင်

ရှိတယ်”

ပြောပြီး လုရီအား ခန်းမအတွင်းသို့ခေါ်ဆောင်သွားသည်။ တံခါးပေါက်နားသို့ရောက်သည့်အခါ ကျင့်ကြံနေသလိုမျိုး စိတ်ဝိဉာဉ်စွမ်းအင်တွေကို လည်ပတ်စေကာ မျက်လုံးပိတ်လျက်သားထိုင်နေသည့် ကြင်နာပုံပေါက်သော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

လုရီီ ကြည့်မိတော့ လန့်သွားရ၏။

အလုပ်ချိန်ကြီးမှာ ကျင့်ကြံနေတာလား။

အရမ်း နိုင်လိုစိတ်ပြင်းပြတာပဲ။

သူ အနိုင်လိုစိတ်အရမ်းကြီးတဲ့ တောင်ထိပ်ကိုများ မတော်တဆ ဝင်လာမိတာများလား။

အနည်းငယ်တော့ စိုးရိမ်သွားရသည်။

လူသံကြားသည့်အခါ ထိုသက်လတ်ပိုင်းအရွယ် လူမှာ မျက်လုံးဖွင့် ကြည့်လာသည်။

အစေခံဂိုဏ်းသားက အသိပေးသည်။

“ ဘဏ္ဍာစိုးရှောင် ဒါက အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲကနေ အတွင်းဂိုဏ်းထဲကို ဝင်လာတဲ့ ညီကို လုရီီပါ။ သူက လင်းလောင် တောင်ထိပ်ကို ဝင်ချင်တယ်ပြောလို့ အရည်အချင်းစစ်စာမေးပွဲဖြေဖို့အတွက် ဒီကို ခေါ်လာခဲ့တာပါ ”

ဒါကို ကြားသည့် ဘဏ္ဍာစိုးရှောင်၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားပြီး

“ ဒါဆို မင်းက လုရီီပေါ့”

--------------

အခန်း၃၉-လှုပ်ခတ်သွားတဲ့ လင်းလောင် တောင်ထိပ် ...

~ဘဏ္ဍာစိုးရှောင်၏ စကားကိုကြားသည့် လုရီီမှာ အံ့ဩရှုပ်ထွေးသွားသည့် ပုံဖြင့် မေးလိုက်သည်။

“ ဘဏ္ဍာစိုးရှောင်က ကျွန်တော့်ကို သိတာလား ”

ဘဏ္ဍာစိုးရှောင်၏ နှုတ်ခမ်းများမှာ တွန့်ချိုးသွားပြီး မျက်နှာအမူအရာမှာ ရှုပ်ထွေးနေ၏။

“ ဘယ်လိုလုပ် မသိရမလဲ။ လွန်ခဲ့တဲ့ ရက်တွေတုန်းက အဲ့ဒီအကြီးအကဲတွေက ငါ့ဆီနေ့တိုင်းလာပြီး မင်း လင်းလောင် တောင်ထိပ်ကို ရောက်လာခဲရင် ချက်ချင်းအကြောင်းကြားပါလို့ လာပြောနေကြတာ။ ကြည့်ရတာ မင်းကို မျက်စိကျနေကြပုံပဲ။ လင်းလောင် တောင်ထိပ်မှာတောင် မင်းရဲ့အရည်အချင်းက ထူးခြားတယ်လို့ ပြောရမယ် ”

အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲရှိ လုရီီ၏ စွမ်းဆောင်မှုကို ဘဏ္ဍာစိုးရှောင်သည်လည်း ကောင်းကောင်း သတိပြုမိသည်။

တောင်ထိပ်အရည်အချင်းစစ်စာမေးပွဲအတွက် တာဝန်ရှိသည့် အကြီးအကဲတစ်ယောက်အနေဖြင့် အပြင်ဆောင်ဂိုဏ်းထိပ်တန်းဆယ်ယောက်၏ အရည်အချင်း

နှင့် ခွန်အားကိုမသိတာ မဖြစ်နိုင်။ ဒါတွေက စာမေးပွဲအတွက် အမှတ်တွေပင်။

လုရီီ၏ အရည်အချင်းကတော့ ဘဏ္ဍာစိုးရှောင်ကိုပါ ထုံသွားစေသည်။

နှစ်ပေါင်းတစ်ရာလောက် မိုးလင်းကနေ မိုးချုပ်အထိ သူကျင့်ကြံခဲ့တာတောင် ရွှေအူတိုင်နယ်ပယ်သို့ မတက်လှမ်းနိုင်သေးပေ။ အခြေခံသဘောတရားတွေဆို ဝေးစွ။

လူတွေကြားက ကွာခြားမှုက ဒီလောက် ကြီးမားသည်လား။

ဘဏ္ဍာစိုးရှောင်တစ်ယောက် လောကကြီးကိုသာ အငြိုးထားလိုက်တော့သည်။

ကံကောင်းသည်က လင်းလောင်တောင်ထိပ်၏ အရည်အချင်းစစ်အကြီးအကဲတစ်ယောက်အနေဖြင့် ပါရမီရှင်ဂိုဏ်းသား အများအပြားဆီမှ ဒဏ်ကိုခံလာရသည် ဖြစ်ရာ အကြမ်းခံသည့် တာအိုနှလုံးသားတစ်ခုမှာ ကြီးထွားလာပြီး ကျင့်ကြံမှုသွေဖယ်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်စေသည်။

လုရီီက ပြုံးကာ

“ ဘဏ္ဍာစိုးရှောင်က သိပ်ကိုကြင်နာလွန်းနေပါပြီ ”

ဘဏ္ဍာစိုးရှောင်ကမူ ခေါင်းကိုခါလိုက်၏။

“ ဒါဘယ်လိုလုပ် ကြင်နာလွန်းရမှာ။ ငါက နှစ်ပေါင်းများစွာ အရည်အချင်းစစ်စာမေးပွဲတွေကို ကိုင်တွယ်လာတဲ့ လူမို့ သောင်းချီတဲ့ အတွင်းဂိုဏ်းသားတွေကို ကြုံခဲ့ဖူးပြီးပြီ။ သူတို့ထဲမှာ မင်းနဲ့ယှဉ်တိုက်နိုင်တဲ့လူ ဘယ်လောက်မှ မရှိဘူး ”

သူက ဆက်ပြော၏။

“ နေပါဦး ငါအကြီးအကဲတွေကို သတင်းပို့ဖို့လိုတယ် မဟုတ်ရင်… ”

ထိုအချိန်မှာပဲ သူသည် တုန်လှုပ်သွားမိသည်။

“ ငါ့ရဲ့ လက်သေးသေး ခြေထောက်သေးသေးတွေက အကြီးအကဲတွေ မကျေမနပ်ဖြစ်တာကို ခံနိုင်မှာမဟုတ်ဘူး ”

လုရီီက ဘဏ္ဍာစိုးရှောင်အား စာနာစွာကြည့်လိုက်သည်။ အကောင်ကြီးတွေကြား

နေနေရသည့် သူ့ခမျာ ခက်ခဲနေသည့်ပုံပေါ်သည်။

လုရီီ ကြည့်နေတုန်းမှာပင် ဘဏ္ဍာစိုးရှောင်က ဆက်သွယ်ရေး တံဆိပ်ပြားတစ်ခုကို ထုတ်ကာ သတင်းပို့လိုက်သည်။

သတင်းပို့ပြီး မကြာခင်မှာပဲ အားပြင်းသည့်အရှိန်အဝါများ လင်းလောင် တောင်ထိပ်သို့ ဦးတည်လာသည်။၎င်းတို့အားလုံးက အခြေတည် ဝိဉာဉ်နယ်ပယ် စွမ်းအားများပင်။

ကြောက်စရာကောင်းစွာ နိုးထလာသည့် အရှိန်အဝါတို့ကြောင့် ကျင့်ကြံနေကြသည့် လင်းလောင် ဂိုဏ်းသားတို့မှာ မျက်လုံးများ

ပွင့်လျက် ကျင့်ကြံခြင်း အခန်းကလေးများမှ ပြေးထွက်လာကုန်ကြသည်။

“ ဘာဖြစ်တာလဲ။ ငါတို့ တိုက်ခိုက်ခံရတာလား ”

“ ဘယ်မကောင်းဆိုးဝါးက ငါတို့တိမ်ဖြူဂိုဏ်းကို ကျူးကျော်ရဲတာလဲကွ။ ဒါတင်မကသေးဘူး လင်းလောင် တောင်ထိပ်ကို လာရဲသေးတယ်ပေါ့။ တောင်ထိပ်သခင် အရှင်လတ်လတ် အရေခွံစုတ်မှာကို မကြောက်ဘူးလား ”

“ မကောင်းဆိုးဝါးက ဘယ်မှာလဲ။ ငါအခုလေးတင် ရွှေအူတိုင်သိုင်းစနစ်အသစ်တစ်ခုကို ကျင့်လာတာဆိုတော့ အဲ့ကောင်တွေကို မျိုးဖြုတ်ဖို့ကွက်တိ ဖြစ်သွားတာပေါ့ ”

သိပ်မကြာခင်မှာပဲ သူတို့ တစ်ခုခု မှားနေမှန်း သဘောပေါက်သွားကြသည်။

“ ဟင် ဘာတွေဖြစ်နေတာတုန်း။ ဒီအရှိန်အဝါတွေက အကြီးအကဲတွေရဲ့ အရှိန်ဝါတွေလား ”

“ တခြားအပြင်က ရန်သူတွေရဲ့ အရှိန်အဝါမဟုတ်ဘူးပေါ့။ အကြီးအကဲတွေက ဘာဖြစ်နေကြတာလဲ ”

အနီးအနားတောင်ထိပ်ရှိ အလင်းတန်းများမှာ ပုံစံပြောင်းပြီး အရည်အချင်းစစ်စာမေးပွဲခန်းမရှိ ဦးတည်ပျံသန်းနေကြောင်း တွေ့လိုက်ရသည်။

ဂိုဏ်းသားအားလုံး ဝေဝါးသွားကြ၏။

“ စာမေးပွဲခန်းမမှာ ဘာဖြစ်နေလို့ အကြီးအကဲတွေ အားလုံးက အဲ့နေရာကို သွားနေကြတာလဲ ”

“ အကြီးအကဲတွေရဲ့ အရှိန်အဝါကိုကြည့်ရတာ တိုက်ခိုက်ကြတော့မှာလား ”

“လာလေ၊ ငါတို့ သွားကြည့်ရအောင် ”

ဂိုဏ်းသားတစ်ယောက်ပြီး တစ်ယောက် တောင်ထိပ်အရည်အချင်းစစ်စာမေးပွဲ ခန်းမသို့ ပျံသန်းသွားကြသည်။

တောင်ထိပ်အရည်အချင်းစစ်စာမေးပွဲခန်းမအတွင်းရှိ လုရီီမှာမူ တဖြည်းဖြည်းချဉ်းကပ်လာသည့် အရှိန်အဝါများကို ခံစားမိပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။

ဘဏ္ဍာစိုးရှောင်ကို ကြည့်လိုက်တော့ နဖူးတွင်ချွေးစေးများ ထွက်နေသည်ကို မြင်လိုက်ရသည်။

“ ဘဏ္ဍာစိုးရှောင် အကြီးအကဲ

ဘယ်နှယောက်လောက်က ကျွန်တော့်အကြောင်းကို လာမေးထားကြတာလဲ ”

ဘဏ္ဍာစိုးရှောင်က ခဏစဉ်းစားလိုက်ပြီး

“ လာမေးထားတာတော့ အကြီးအကဲအားလုံးနီးပါးပဲကွ”

လုရီ “????”

ရောက်လာကြသည့် အကြီးအကဲများ၏အရှိန်အဝါကြောင့် သူခေါင်းကျိန်းလာရသည်။ အကုန်လုံး၏ ဆွဲလုခြင်းကို ခံရမှာကို နည်းနည်းတော့ စိတ်ပူသည်။

ထိုအချိန်မှာပဲ အပြင်ရှိအလင်းတန်းတို့က လူပုဂ္ဂိုလ်များ အဖြစ်သို့ပြောင်းလဲသွားသည်။

ယောကျာ်း၊ မိန်းမ နှစ်မျိုးလုံးပါဝင်ပြီး တချို့မှာ ချောမော၏ ။တချို့မှာ ပုံမှန်ရုပ်ရည်ရှိပြီး ငယ်သည့်လူလည်း ပါသလို အသက်ကြီးသည့် လူများလည်း ပါသည်။

စုစုပေါင်းလျှင် အယောက်နှစ်ဆယ်ခန့်ရှိမည်။

အယောက်နှစ်ဆယ်လုံးမှာ ‌အခြေတည်

ဝိဉာဉ်နယ်ပယ် ကျင့်ကြံသူများပင်။

အခြေတည် ဝိဉာဉ်နယ်ပယ်ရှိ အကြီးအကဲတို့၏ အရှိန်အဝါမှာ ပြင်းထန်လှသည်ဖြစ်ရာ အစေခံယောကျာ်းကြီးမှာ မူးလဲမတတ်ပင်။

လင်းလောင် တောင်ထိပ်တွင် ဒီလောက်များသည့်အကြီးအကဲများ တစ်ခါတည်းပေါ်လာသည်ကို သူ့ဘဝတစ်လျှောက် မမြင်ဖူးသေးပေ။

မေးခွန်းတွေပြည့်နေသည့် အစေခံယောကျာ်းကြီးက လုရီီအား မကြည့်ဘဲမနေနိုင်ဖြစ်သွားရသည်။

ဒီကောင်လေးက ဘယ်သူမလို့လဲ။

အခြေတည် ဝိဉာဉ်နယ်ပယ် အကြီးအကဲတို့မှာ အချင်းချင်းကြည့်ရင်း

အေးစက် တည်တင်းကာ မကျေနပ်နေကြပုံပေါ်သည်။

ကျောက်စိမ်းပုလွေကို ကိုင်ထားသည့် အဖြူရောင်ဝတ်ရုံဝတ် ရုပ်ရည်ခန့်ညားသော အခြေတည် ဝိဉာဉ်နယ်ပယ် အကြီးအကဲတစ်ယောက်က အနည်းငယ် ပြုံးကာ မေးသည်။

“ အားလုံး ဘာလို့ ဒီကို ရောက်နေကြတာလဲ ”

ရင့်ကျက်သည့် အလှတရားအား ပိုင်ဆိုင်သည့် ခရမ်းရောင်ဝတ်ရုံဝတ် အခြေတည်

ဝိဉာဉ်နယ်ပယ် အကြီးအကဲ အမျိုးသမီးတစ်ယောက်က ခနဲ့တဲ့တဲ့ ဆိုသည်။

“သုန်ဝမ်လျန် ဘာလို့ အံ့ဩချင်ယောင်ဆောင်နေတာလဲ။ အားလုံးက လုရီီအတွက်ရောက်လာကြတာပဲ မဟုတ်ဘူးလား ”

ဆံပင်ဖြူ ပါးရေတွန့်ကာ အလွန်အရပ်ရှည်ပြီး သန်မာပုံပေါ်သည့် သက်ကြီးပိုင်းအရွယ် အကြီးအကဲကပါ ဝင်‌ရောက် ပြောသည်။

“ ဟုတ်တယ် ဘာမှဖုံးကွယ်နေစရာမလိုဘူး။ လုရီီက မြေတောင်မြှောက်ပေးလို့ကောင်းတဲ့ မျိုးစေ့လေးမို့ ငါတို့ရောက်လာကြတာ ”

သုန်ဝမ်လျန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး မနှစ်မြို့သည့် ပုံစံဖြင့် အေးစက်စက်ရယ်ကာ

“ ဒါဖြင့် စည်းမကျော်အောင် ဒီမှာပဲလုပ်ထားကြတာပေါ့ ”

ဖော်ရွေပုံ ရသည့် ခပ်ဝဝ အခြေတည်

ဝိဉာဉ်နယ်ပယ် အကြီးအကဲက ရယ်ကာ ပြော၏။

“ အဲ့လောက်လည်း ရန်လိုမနေကြပါနဲ့၊

တပည့်အဖြစ် ရွေးချယ်တာက အရေးကြီးတဲ့ ကိစ္စဆိုတော့ အရင်ဆုံး လုရီီရဲ့အမြင်ကိုမေးကြတာ မကောင်းဘူးလား ”

အခြားသော အေးစက်စက် အမူအရာရှိပြီး ဆံပင်မည်းကို ခွေရစ်ပတ်ထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ခေါင်းညိတ်သည်။

“ ဒါ့အပြင် လုရီီက အခုထိတောင်ထိပ် အရည်အချင်းစစ်စာမေးပွဲကို မဖြေရသေးဘူးလေ ”

ထိုအကြီးအကဲနှစ်ဦး၏ စကားကြောင့် လူအုပ်ကြီးမှာငြိမ်ကျသွားသည်။

ထိုအချိန်တွင် အစောကထက် အရှိန်အဝါနည်းသော အလင်းတန်းတို့ လျင်မြန်စွာချဉ်းကပ်လာကြသည်။ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်နှင့် ရွှေအူတိုင် နယ်ပယ် ရှိ အကြီးအကဲများပင်။

သို့သော် ထိုလူအကုန်လုံးမှာ ငယ်ရွယ်ကာ အသက်ကြီးသည့် လူသိပ်မပါပါ။

တချို့က အတွင်းဂိုဏ်းသားဝတ်ရုံကို ဝတ်ဆင်ထားကြပြီး အချို့က ပင်မဂိုဏ်းသားနှင့် တိုက်ရိုက်ဂိုဏ်းသားဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

ဂိုဏ်းသားအကုန်လုံးမှာ လင်းလောင်တောင်ထိပ်က လူတွေပင်။

ထိုဂိုဏ်းသားများပေါ်လာပြီးနောက် စာမေးပွဲခန်းမရှိ အကြီးအကဲတို့အားကြည့်လိုက်ကြသည်။

အထဲတွင် လူသုံးယောက် ရှိသည်။

သူတို့အရင်ကမြင်ဖူးနေကျ အစေခံဂိုဏ်းသားနှင့် ရင်းနှီးပြီးသား ဘဏ္ဍာစိုးရှောင်ကို ဖယ်လိုက်လျှင် မျက်နှာသစ်မှာ ငယ်ရွယ်ချောမောသည့်ကောင်လေး တစ်ယောက်ဖြစ်နေ၏။

လင်းလောင် တောင်ထိပ်ရဲ့ ဘယ်တပည့်က ပါရမီ မပါဘဲနေလို့လဲ။ ရုတ်တရတ် အသိလွတ်သွားကြသူတို့မှာ တိုးတိုးတိုးတိုးနှင့် ထင်ကြေးပေးကုန်ကြသည်။

“ဒီကောင်လေးက ဘယ်သူလဲ ”

“ မသိဘူးလေ ဒါပေမယ့့် ကြည့်ရတာအရေးပါမယ့့် ပုံပဲ။ အကြီးအကဲတွေတောင် သူ့ကြောင့် ရောက်လာကြတယ်ဆိုတော့ ”

“ ငါပြောနိုင်တာက… ”

“ ဟေး၊ သူ ဘယ်သူလဲ ငါ သိပြီထင်တယ် ”

ရွှေအူတိုင်နယ်ပယ် လူချောတစ်ယောက်က လုရီီကို ကြည့်ကာ တစ်ခုခုစဉ်းစားမိဟန်

ဖြင့် မျက်ခုံးပင့်လိုက်သည်။

“ သူက ဘယ်သူတုန်း ”

ဂိုဏ်းသားတွေက သိချင်ဇောဖြင့်မေးကြ၏။

“ သူက ဒီနှစ်အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲမှာ ပထမရတဲ့ လုရီီပဲ ဖြစ်ရမယ် ”

လူချောက လုရီီအားစူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်ကာပြောသည်။

“ အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲ ပထမဟုတ်လား။ အဲ့တာဘာကို ပြောချင်တာလဲ ”

ဂိုဏ်းသားအများစုမှာ မေးခွန်းထုတ်ကုန်ကြသည်။

“ စီနီယာညီကို နန်းကုန်း နောက်နေတာလား။ လင်းလောင် တောင်ထိပ်က အပြင်ဆောင်ဂိုဏ်းသားတွေကို လက်ခဲဖို့ခဲယဉ်းပါတယ်ဆိုမှ အကြီးအကဲအများကြီးက လူတစ်ယောက်တည်းအတွက် လာဖို့ဆို ဝေလာဝေးပဲ ”ဟု ဂိုဏ်းသူတစ်ယောက်မှာ

မနေနိုင်ဘဲ ခွန်းတုံ့ပြန်လိုက်သည်။

အခြားသော ပင်မရွှေအူတိုင်ဂိုဏ်းသားတစ်ယောက်ကပါ ထောက်ခံ၏။

“ ဟုတ်တယ် နန်းကုန်း၊ မင်း နောက်နေတာပဲဖြစ်ရမယ် ”

နန်းကုန်းမိုယွီက မျက်လုံးလှန်လိုက်ကာ

“ မင်းတို့ဘာသိလို့လဲ။ အဲ့ကောင်လေးရဲ့ အရည်အချင်းက ဒီကလူတွေအားလုံးထက်သာတယ် ”

“… ”

ဂိုဏ်းသားများမှာ ပြောစရာစကား

ပျောက်ရှကုန်ကြသည်။

“ နန်းကုန်း မိုယွီ မင်းစကားမင်း ပြန်ကြားရဲ့လား ”

“ ဟုတ်တယ် ငါလည်းမယုံဘူး။ ငါတို့က ဂိုဏ်းက ထိပ်တန်းဆယ်ယောက် သူက အပြင်ဆောင်ဂိုဏ်းသား တစ်ယောက်ပဲ ”

နန်းကုန်မိုယွီက သက်ပြင်းချပြီး

“ ဒီကောင်လေးက ချီသန့်စင်ခြင်း နယ်ပယ်အဆင့်၇ နဲ့ ဓားစိတ်ဆန္ဒကို တတ်မြောက်ပြီးပြီ ”

ဂိုဏ်းသားများ “????”

လေထုမှာ ရုတ်ချည်း တိတ်ဆိတ်သွားပြီး ဂိုဏ်းသားများမှာ ကြက်သေသေသွားကာ နေရခက်ကုန်ကြသည်။

ဂိုဏ်းသားအာလုံး မျက်လုံးများပြူးလျက် လူထူးဆန်းတစ်ယောက်ကို တွေ့သလို လုရီီကို ကြည့်လိုက်ကြတော့သည်။

----------------

All Chapters