← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း၄၀- လျိုနင်ရွှမ်းရဲ့ နားလည်တတ်မြောက်နိုင်စွမ်းထက် ပိုတယ်...

~“ ချီသန့်စင်နယ်ပယ်မှာပဲ ရှိသေးတာကို ဓားစိတ်ဆန္ဒကို နားလည်နိုင်တယ်ပေါ့လေ ”

“အိုး.. အကြီးအကဲတွေအများကြီးပေါ်လာကြတာ မထူးဆန်းတော့ပါဘူး။ ဒီကောင်လေးက တကယ်အပြင်ဆောင်ဂိုဏ်းကလား ”

အကုန်လုံး အလွန်အမင်း အံ့ဩကုန်ကြ၏။

ထိုအချိန်တွင် သုန်ဝမ်လျန်နှင့် အခြားသောအကြီးအကဲများမှာ ခန်းမအတွင်းသို့ဝင်သွားပြီ ဖြစ်သည်။

ဘဏ္ဍာစိုးရှောင်က ပျာပျာသလဲ နှုတ်ဆက်လိုက်သည်။

“ မဂ်လာပါ..အကြီးအကဲတို့ ”

လုရီီကပါ နှုတ်ဆက်၏။

“ အကြီးအကဲတို့ကို လုရီနှုတ်ဆက်ပါတယ် ”

အကြီးအကဲတွေက လုရီီကို ခေါင်းညိတ်ကာ နူးနူးညံ့ညံ့ ပြုံးပြကြသည်။

“ လင်းလောင် တောင်ထိပ်က ကြိုဆိုပါတယ် ကောင်လေး ”

“ ကလေး စာမေးပွဲကို ကောင်းကောင်းဖြေပါ။ ငါအများကြီး မျှော်လင့်ထားတယ် ”

“….”

ထို့နောက် ဘဏ္ဍာစိုးရှောင်ကိုကြည့်လိုက်ကြပြီး သုန်ဝမ်လျန်က ပြောလိုက်သည်။

“ ဘဏ္ဍာစိုးရှောင် ဘာလို့ အခုထိစာမေးပွဲမစသေးတာလဲ “

အခြေတည်ဝိဉာဉ် နယ်ပယ်အကြီးအကဲများ ဝိုင်းကြည့်နေခြင်းကို ခံနေသည့်

ဘဏ္ဍာစိုး ရှောင်မှာ စိတ်လှုပ်ရှားနေသည်။

သူသည် ခေါင်းကို ထပ်တလဲလဲညိတ်၍ ရိုကျိုးစွာ နာခံသည်။

“ ဟုတ်ကဲ့ပါ ၊ အကြီးအကဲ သုန်ဝမ် ”

သူက လုရီီကို ပြုံးကြည့်ပြီး

“ လုရီ... လင်းလောင် တောင်ထိပ်ရဲ့ အရည်အချင်းစစ်စာမေးပွဲက တောင်ထိပ်တွေအကုန်လုံးထဲမှာ အခက်ခဲဆုံးပဲ။ တောင်ထိပ်သခင်ရဲ့ ရည်ရွယ်ချက်က အရေအတွက်ထက် အရည်အသွေးကို ပိုဦးစားပေးပြီး ကျင့်ကြံဖို့ ထိုက်တန်တဲ့လူတွေအတွက်ပဲ ကျင့်ကြံရေး ရင်းမြစ်တွေကို ကန့်သတ်ထားတယ်။ ဒါပေမဲ့ သာမန်ဂိုဏ်းသားတွေအတွက်တော့ အတော်လေးခက်ခဲလောက်မယ်ဆိုပေမဲ့ မင်းအတွက်တော့ ပုံမှန်လောက်ပဲနေမယ်။ ယေဘုယျအားဖြင့် ပြောရရင် ဂိုဏ်းထဲကို ဝင်ခွင့်ရတဲ့ ဂိုဏ်းသားတွေရဲ့ ကျင့်ကြံရေးပါရမီက ပြောစရာမရှိဘူး။ ဒါကြောင့် ဝင်ခွင့် စာမေးပွဲဟာ

နည်းလမ်းနှစ်မျိုးနဲ့ အဓိက စစ်တယ်။ နားလည်တတ်မြောက်နိုင်စွမ်းနဲ့ တိုက်ပွဲအရည်အသွေးပဲ။ နားလည်တတ်မြောက်နိုင်စွမ်း စာမေးပွဲမှာ သိုင်းပညာတွေကိုနားလည်ခြင်း စစ်ဆေးခြင်း ပါဝင်တယ် ”

ပြောနေရင်း ဘဏ္ဍာစိုးရှောင်က လက်ဖဝါးကို လှန်လိုက်ရာ စာအုပ်တစ်အုပ် ထွက်ပေါ်လာ၏။

“ လုရီီ၊ ဒါက ချီသန့်စင်နယ်ပယ်စွမ်းရည် ဖြစ်တဲ့ အရိပ်ကိုးခု ဓားရှည်သိုင်းပဲ။

ချီသန့်စင်နယ်ပယ်စွမ်းရည်တွေထဲမှာ အတော်လေး ခက်တယ်လို့ ပြောနိုင်တယ်၊ မင်းရဲ့တာဝန်က အချိန်နှစ်နာရီနှစ်ဆအတွင်းမှာ ဒီစွမ်းရည်ကို တတ်မြောက်အောင် လုပ်နိုင်ဖို့ပဲ..”

လုရီ စာအုပ်ကို ယူလိုက်ပြီး မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

“ ကျွန်တော်နားလည်ပါပြီ ”

လင်းလောင် တောင်ထိပ်ရဲ့ အရည်အချင်းစစ်စာမေးပွဲက ခက်ခဲသည်ဟု သတ်မှတ်ကြတာ မအံ့ဩတော့ပါ။ အချိန် နှစ်နာရီ၊

နှစ်ဆဆိုသည်မှာ လေးနာရီ။ လေးနာရီအတွင်း စွမ်းရည်တစ်ခုကို တတ်မြောက်ဖို့ဆိုတာ ချီအဆင့်စွမ်းရည်ဖြစ်လျှင်တောင် မလွယ်လှ။

ထိုအချိန်မှာပဲ လုရီီသည် စိတ်ထဲမှ တာဝန်ပေးလိုက်သည်။

“ ငါ အရိပ်ကိုးခု ဓားရှည်သိုင်း စာအုပ်ကို ပြီးအောင် ဖတ်ချင်တယ် ”

[တာဝန်]

အရိပ်ဓားရှည်ကိုးချောင်း စာအုပ်ကိုပြီးအောင်ဖတ်ရန် (၀/၁)

ဆုလာဘ် :: အရိပ်ကိုးခုဓားရှည်သိုင်း

အဆင့်+၁

လက်ခံမည်လား: လက်ခံမည်/ လက်မခံပါ

ဟားဟား၊ သေချာပေါက် လက်ခံမှာပေါ့ဟ…

လုရီီသည် ကြိတ်၍ ဝမ်းသာသွားရသည်။

အခြေခံစွမ်းရည်တစ်ခုကို တတ်မြောက်ဖို့အတွက် သူ့အနေနှင့် တစ်ခေါက်သာဖတ်လို့လိုအပ်သည်။

ပြောရလျှင် အခက်အခဲ မရှိချေ။

ထိုအချိန်မှာပဲ လုရီီတစ်ခုခုကိုစဉ်းစားမိပြီး ကြုံးဝါးလိုက်ပြန်သည်။

“ ငါ လင်းလောင် တောင်ထိပ်ရဲ့ ဝင်ခွင့်စစ်ဆေးခြင်း အောင်ချင်တယ် ”

[တာဝန်]

လင်းလောင် တောင်ထိပ်ဝင်ခွင့် စစ်ဆေးခြင်းအား အောင်မြင်ရန်။

ဆုလာဘ် : ရေစိတ်ဝိဉာဉ်စွမ်းအင်နှင်းစက်/ အလယ်အလတ်အဆင့် ဝိဉာဉ်ခါးပတ်ဖြူ

လက်ခံမည်လား: လက်ခံမည်/ လက်မခံပါ

လုရီီ၏ မျက်လုံးတွေမှာ အံ့ဩမှုကြောင့်

ပြူးသွားရသည်။

ဘုရားရေ။

ဝင်ခွင့်စာမေးပွဲတစ်ခုရဲ့ ဆုကအဲ့လောက်တောင် မြင့်တာလား။

အဓိကပြိုင်ပွဲတွင်ရသည့် ဆုတွေလောက် တန်ဖိုးမမြင့်သော်လည်း အတော်လေးတော့ စိတ်ကျေနပ်စရာကောင်းနေသေးသည်။

သူတာဝန်ကို ချက်ချင်း လက်ခံလိုက်၏။

ထိုစဉ် ဘဏ္ဍာစိုးရှောင်က ခန်းမထဲရှိ အခင်းတစ်ခုကို ညွှန်ပြကာပြောသည်။

“ မင်း လေ့လာနေရင်း ဒီအခင်းပေါ်မှာထိုင်လို့ရတယ်။ ငါတို့မနှောင့်ယှက်ဘူး ”

လုရီ ခေါင်းညိတ်၍ ပြုံးပြကာ ထိုအခင်းပေါ်သို့သွားပြီး အရိပ်ဓားရှည်ကိုးခု စာအုပ်ကို ဖွင့်ဖတ်လိုက်သည်။

အရိပ်ကိုးခုဓားရှည်မှာ တိမ်ဖြူဓားရှည်သိုင်းပညာနှင့် ကွာခြားသည်။ တိမ်ဖြူဓားရှည်သိုင်းမှာ တိမ်ဖြူသဘောတရားတို့အား ပုံဖော်ထားသည့် သိမ်မွေ့နူးညံ့ ခန့်မှန်းရခက်သော သိုင်းပညာမျိုးဖြစ်သည်။

အရိပ်ကိုးခုဓားရှည်သိုင်းမှာမူ အရှိန်ကို အခြေပြုကာပိုမို ရှုပ်ထွေးအနုစိတ်လှသည့်အပြင် တိုက်ပွဲအတွင်း၌ ဓားရှည်ပေါင်းများစွာကို သုံးရပြီး အားပြင်းသောကြောင့် နားလည်တတ်ကျွမ်းရန် ပိုခက်ခဲလှသည်။

လုရီီက စာအုပ်အား တည်ငြိမ်စွာဖတ်လိုက်သည်။

သူ ဖတ်နေသည့် တစ်ချိန်လုံးတွင် အကြီးအကဲများမှာ အနှောင့်အယှက်မပေးကြဘဲ စိတ်စွမ်းအင်ဖြင့်သာအဆက်အသွယ် လုပ်ကြသည်။

“ စနေပြီကွ ”

“ ဒီကောင်လေး နားလည်ဖို့ အချိန်ဘယ်လောက်ယူမလဲဆိုတာ လောင်းရအောင် ”

“ မင်းက တောင်ထိပ်သခင်ရဲ့ လွှမ်းမိုးတာခံနေရတာလား။ တစ်နေ့လုံး လောင်းမယ် လောင်းမယ် ဆိုတာချည်းပဲ ငါနှစ်နာရီလို့ ထင်တယ်။ ဒီကောင်လေးရဲ့ ချီကျင့်ကြံရေးအဆင့်က နိမ့်နေတုန်းဆိုတော့ သူသာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို ရောက်ပြီးသားဆိုရင် ပိုမြန်မှာပဲ ”

“ ဟေးး.. မဖြစ်နိုင်တာ။ လုရီိီက ဓားစိတ်ဆန္ဒကိုတောင် တတ်မြောက်ပြီးပြီနော်။ သူ့ကျင့်စဉ်က နိမ့်နေပေမဲ့ စွမ်းရည်တစ်ခုကိုတတ်မြောက်ဖို့ဆိုတာ ကြာမယ်မထင်ဘူး။ တစ်နာရီလို့ ငါ လောင်းတယ်ကွာ ”

“ တစ်နာရီ ဟုတ်လား။ မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး။ အရိပ်ကိုးခုဓားရှည်သိုင်းဆိုတာ ကျင့်ကြံဖို့ အရမ်းခက်ခဲတာ။ ဒီကလေးဘယ်လောက်လဲ နားလည်တတ်ကျွမ်းပါတယ်ဆိုဦးတော့ တစ်နာရီအတွင်းတော့မဖြစ်နိုင်ဘူး ”

“ဟက်.. ကြည့်ကြတာပေါ့ ”

“ ကောင်းပြီလေ ကြည့်ကြတာပေါ့ ”

“……”

လုရီ စာအုပ်အား ဆယ်မိနစ်မျှ ဖတ်လိုက်၏။

ဖတ်ပြီးသည့်နောက် ဂိမ်းကိုယ်ထည်ကို

ကြည့်လိုက်ရာ ပေးထားသည့် စာအုပ်ဖတ်ခြင်းတာဝန်မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။

လုရီက ဝမ်းမြောက်စွာဖြင့် ဆုကိုလက်ခံလိုက်သည်။ အရိပ်ကိုးခုဓားရှည်သိုင်း ၏အချက်အလက်များမှာ သူ့စိတ်ထဲသို့ချက်ချင်း ဝင်ရောက်လာပေသည်။

အချက်အလက်များကို စုပ်ယူပြီးသည့်နောက်တွင် လုရီီမှာ အရိပ်ဓားရှည်ကိုးခုသိုင်းအား တတ်မြောက်သွားပြီ ဖြစ်သည်။

၎င်းက အလွန် မြန်ဆန်လွန်းသည်။

လုရီ ရုတ်တရတ်ကြီး စာတော်သူ ဖြစ်ရခြင်း၏ ဒုက္ခကို ခံစားလိုက်ရ၏။

ယခင်ဘဝတွင် စာမေးပွဲ၌ စာတော်သည့်သူများက အချိန်တစ်ဝက်နှင့်ပင် အမြဲ ပြီးနေကြသည်မို့ မနာလိုအားကျခံရလေ့ ရှိသည်။

သူကိုယ်တိုင်လည်း ဒီလိုလူမျိုး တစ်ယောက် ဖြစ်လာမည်ဟု မထင်ထားခဲ့ပါ။

လေးနာရီ စာမေးပွဲကို ဆယ်မိနစ်အတွင်းပြီးသွားသည့်အတွက် အတော်လေးတော့ အထင်ကြီးမိသွားသည်။

သို့သော် လုရီီ ဒုက္ခရောက်သလို ခံစားလိုက်ရသည်။ အခုသာ ထရပ်လိုက်လျှင် သိပ်သိသာသွားမည်မလား။

လုရီီက ကြွားဝါလွန်းသည့် လူမျိုး မဟုတ်ချေ။

အရည်အချင်းစစ် စာမေးပွဲအောင်ပြီးလျှင် မည်သည့် အခြေတည် ဝိဉာဉ်နယ်ပယ်အကြီးအကဲအား ရွေးချယ်ရမည်ကို စဉ်းစားနေတုန်းမှာပဲ စာအုပ်ကို ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။

တစ်နာရီ ကုန်လွန်ပြီးသည့်နောက် အချိန်ကျပြီဟု လုရီီ သိလိုက်သည်။

အခုအချိန် ထရပ်လိုက်လျှင် သိပ်တော့သိသာမည်မဟုတ်။

ထို့ကြောင့် သူ မတ်တပ်ရပ်လိုက်၏။

လုရီီ မတ်တပ်ထရပ်သည်ကို မြင်သည့် အကြီးအကဲများနှင့် ဂိုဏ်းသားများသည် မျက်လုံးများ ပင့်လိုက်ကြပြီး လေသံ တိုးတိုးနှင့် ဆွေးနွေးကြတော့သည်။

“ သူဒီလောက်မြန်မြန်ကြီး နားလည်သွားတာလား။ တစ်နာရီရဲ့ နာရီဝက်လောက်ပဲရှိဦးမှာကို ဒါကြီးက မယုံနိုင်လောက်စရာကို မြန်တာပဲ ”

“ မလောပါနဲ့ဦး သူအခုထိမလေ့ကျင်ရသေးဘူး။ နည်းနည်းတော့ လေ့ကျင့်ဖို့ လိုသေးတယ်လေ ”

“ ဟုတ်သားပဲ… သိုင်းပညာတတ်ကျွမ်းဖို့

လုရီီ ဘယ်နှခါလောက် လေ့ကျင့်ရမယ်လို့ မင်းထင်လဲ ”

“ ဆယ်ကြိမ်လောက်ပေါ့ကွ ”

“ အဲ့လိုဆိုရင်တောင် သူတစ်နာရီအတွင်းမှာ သိုင်းတတ်သွားတာပဲ ဟုတ်တယ်မလား ”

“ စောင့်ကြည့်ကြတာပေါ့ကွာ ”

“… ”

သူတို့ပြောနေတုန်းမှာပဲ လုရီသည် သိုလှောင်လက်စွပ်ထဲက ဓားရှည်ကိုထုတ်ယူကာ လွှဲလိုက်၏။

ဝှစ်!!!

ဓားရှည်ဟာ လေထဲသို့ ဖြတ်သွားပြီး အရိပ်တို့ကို ထင်ကျန်စေခဲ့ကာ အရိပ်ကိုးခုဓားရှည်သိုင်း စစချင်းတတ်မြောက်သည့်

အဆင့် အဖြစ်ထင်ကျန်စေသည်။

လူတိုင်း ဆွံ့အသွားကြသည်။

ခန်းမကြီးဟာ တိတ်ဆိတ်သွားပြီး အကြီးအကဲနှင့် တပည့်များအားလုံး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော ဓားရိပ်များအား ကြည့်ကာ ကြောင်အကုန်ကြသည်။

ထို့နောက် ဂိုဏ်းသား တစ်ယောက်က ပြော၏။

“ နားလည်တတ်ကျွမ်းသွားပြီပေါ့။ ဘယ်လောက်မှလည်း မကြာသေးဘဲနဲ့လေ ”

တခြားသူတို့မှာလည်း ပွက်လောရိုက်ကုန်ကြသည်။

“ နာရီဝက်လောက်ထဲနဲ့ အရိပ်ဓားရှည်ကိုးခုကို တတ်သွားတယ်...! လုရီီက ဘယ်လိုတောင် မကောင်းဆိုးဝါးဆန်လိုက်လဲ ”

“ ဟုတ်တယ်ကွ၊ ဒီကောင်လေးက အစမ်းတောင်မလေ့ကျင့်ရသေးဘူးလေ။ စာအုပ်ကိုဖတ်နေရင်း စိတ်ထဲမှာ ကျွမ်းကျင်သွားတာလားကွ ”

“ ချီသန့်စင်နယ်ပယ်မှာတင် ဓားစိတ်ဆန္ဒကိုတတ်မြောက်တယ်ဆိုတာ မအံ့ဩတော့ပါဘူး။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက လူမှ မဟုတ်တာ ”

ဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် အံ့ဩတကြီးပြောကုန်ကြ၏။

အကြီးအကဲတို့မှာလည်း အလန့်တကြားဖြစ်ကုန်ကြပြီး အချင်းချင်း အကြည့်ချင်း

မဖလှယ်ဘဲ မနေနိုင်တော့။

“အလို...ဒီလိုနားလည်တတ်ကျွမ်းမှုမျိုးက… ”

“ ဒီကောင်လေးသာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်မှာ ရှိခဲ့ရင် အရိပ်ဓားရှည်သိုင်းကို နာရီဝက်အတွင်းမှာ တတ်မြေက်နိုင်တာကို မအံ့ဩပေမဲ့ အခုမှ ချီသန့်စင်နယ်ပယ်မှာပဲ ရှိသေးတာလေကွာ ”

“ ဟုတ်ပ ဒီလိုကျင့်ကြံရေး အဆင့်နဲ့ နာရီဝက်အတွင်း ဒီသိုင်းကိုတတ်မြောက်နိုင်တာ တကယ်အံ့မခန်းပဲ ”

“ ဒီလို နားလည်တတ်ကျွမ်းခြင်းမျိုးက

လျိုနင်ရွှမ်းနဲ့တောင် ယှဉ်နိုင်တယ်၊အဲ၊ မဟုတ်သေးဘူး… လျိုနင်ရွှမ်းထက် ပိုတောင် သာဦးမယ် ”

အခြေတည်ဝိဉာဉ် နယ်ပယ် အကြီးအကဲ တစ်ယောက်က ဖြည်းညင်းစွာ ပြောလိုက်သည်။

--------------

အခန်း ၄၁ -အရမ်းရေပန်းစားသွားရင် မင်းဘာလုပ်မလဲ...

~ဒီစကားကို ကြားသည့် အခြားသောအကြီးအကဲများမှာ တိတ်ဆိတ်သွားပြီး နောက် လုရီီကို ကြည့်ရင်း မျက်လုံးတွေ မီးတောက်ကုန်ကြသည်။

ဒီလို အရည်အချင်းမျိုးနှင့် တပည့်ကို

ဘယ်သူက မလိုချင်ဘဲ နေမလဲ။

တောင်ထိပ်သခင်ခေါ်သွားသည့်

လျိုနင်ရွှမ်းကိုတော့ သူတို့အနေနှင့် အကြိမ်တစ်ရာလောက် သတ္တိရှိလျှင်တောင် မခေါ်ရဲခဲ့သော်လည်း အခုတော့…

လုရီီလို တောင်ထိပ်သခင်က မျက်စိမကျသေးသည့် ရတနာလေးကတော့ သူတို့အတွက်အခွင့်အရေးပင်။

တစ်ခဏလောက် တစ်ယောက်ကို

တစ်ယောက် ကြည့်လိုက်ကြရာ အကြံတူနေကြသည်ကိုတွေ့ရသည်။

တစ်ဆက်တည်းမှာပဲ အချင်းချင်း

နှာခေါင်းရှုံ့လိုက်ကြပြီး ဘေးနားရှိ အရှိန်အဝါများမှာ ပိုမိုအားပြင်းလာပြီး ခန်းမအတွင်းသို့ ကြောက်စရာကောင်း

သည့်အရှိန်အဝါများ ပျံ့နှံ့လာသည်။

သုန်ဝမ်လျန်က ကျောက်စိမ်းပုလွေကို

လွှဲရမ်းလိုက်ပြီး ပြော၏။

“ ဟဲဟဲ လုရီီကို သင်ကြားဖို့ ဘယ်သူ အရည်အချင်းမီလဲဆိုတာ ကြည့်လိုက်ကြတာပေါ့ ”

“ ကျွန်မ ပြောချင်နေတာလဲဒါပဲ ”

လှပသော အမျိုးသမီးအကြီးအကဲကလည်း ရယ်လိုက်ပြီးနောက် အနီရောင်သလင်းကျောက်တစ်ခု လက်ထဲတွင်ပေါ်လာသည်။

“ လာစမ်းပါ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ ”

“ လုရီီက ကျိန်းသေပေါက် ငါ့တပည့်ပဲဖြစ်ရမယ် ”

အမြဲ ဂုဏ်သိက္ခာထိန်းကာပြုမူကြသည့် အခြေတည်ဝိဉာဉ် နယ်ပယ် အကြီးအကဲများမှာ လုရီီကို ရဖို့အတွက်နှင့် စတင်တိုက်ခိုက်ကြတော့မည်ကို မြင်သော အဝေးကဂိုဏ်းသားများက လုရီီအား အားကျစွာ ငေးကြည့်လိုက်ကြတော့၏။

“ အကြီးအကဲတွေအားလုံး ရူးများသွားပြီလား။ ဒီလိုရုတ်ရုတ်သဲသဲ လုပ်ရင် တောင်ထိပ်သခင် အပြစ်ပေးမှာကို

မကြောက်ကြတော့ဘူးလား။ အကြီးအကဲက ဒီလိုသောင်းကျန်းတာတွေကို မကြိုက်ပါဘူးဆိုမှ ”

ရွှေအူတိုင် ဂိုဏ်းသားတစ်ယောက်က တောင်ထိပ်သခင်၏ ဒေါသထွက်နေသည့်

ပုံကို မြင်ယောင်ရင်း နှုတ်ခမ်းများ

တွန့်ကွေးကာ ခေါင်းကျိန်းသွားရသည်။

နန်းကုန်းမိုယွီမှာမူ ပုခုံးကို အသာတွန့်လိုက်ပြီး

“ ဒီလိုမှမလုပ်ရင် ဘယ်ပြီးတော့မလဲ။ ဒီလိုထက်မြက်တဲ့ပါရမီမျိုးနဲ့ လူသစ်လေးကို ဘယ်သူက ပေးချင်မှာလဲ ”

“ အမှန်ပဲ တခြားဟာတွေမပြောနဲ့ နားလည်တတ်မြောက်မှုကတောင် စီနီယာအစ််မ လျိုနင်ရွှမ်းထက် သာနေတာ ”

“ ကြည့်ရတာ အနာဂတ်ကျရင် ဒီအငယ်တန်းညီလေးနဲ့ အဆင်ပြေအောင်နေရတော့မှာပဲ ”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ဓားကိုယ်စီ ဆွဲထုတ်လာကြသည့် အကြီးအကဲတွေကို မြင်တော့ လုရီီမှာ ပြောစရာစကား ပျောက်ရှသွားရ၏။

သူ လုပ်ပြလိုက်တာ နည်းနည်းများ များသွားသလား။

ထို့အပြင် သူ၏နားလည်နိုင်စွမ်းမှာ စီနီယာအစ်မ လျိုနင်ရွှမ်းထက်သာသည် ဆိုသော အကြီးအကဲအချို့၏ မှတ်ချက်တချို့ကိုပါ ကြားလိုက်ရသေးသည်။

ဒီလိုဆိုရင်တော့ မဆိုးလှ။

လုရီီ စိတ်ကျေနပ်သွားရ၏။

ဘဏ္ဍာစိုး ရှောင်မှာလည်း ဓားထုတ်နေကြသောအကြီးအကဲများကို မြင်သည့်အခါ ခေါင်းကိုက်စရာတွေ လာတော့မည်ဟု သိလိုက်ရသည်။

သူက သတ္တိမွေးကာ ဖျောင်းဖျလိုက်ပါ၏။

“ အကြီးအကဲတို့ လုရီီက အခုထိ အရည်အချင်းစစ်ဆေးခြင်း မပြီးဆုံးသေးပါဘူး။ ပြီးတဲ့အထိ စောင့်ပြီးမှ တပည့်လက်ခံဖို့ကိစ္စကို ဆွေးနွေးကြရင် မကောင်းဘူးလား ”

ဒါကိုကြားသည့် အကြီးအကဲအများစုမှာ သတိပြန်ဝင်လာပြီး ခွန်အားစစ်ဆေးခြင်းမပြီးသေးမှန်း သဘောပေါက်သွားကြသည်။

လုရီီ၏ နားလည်တတ်မြောက်ခြင်းစာမေးပွဲအတွက် စွမ်းဆောင်ရည်မှာ အခြေတည်

ဝိဉာဉ် နယ်ပယ် အကြီးအကဲများအတွက်တောင် တုန်လှုပ်စရာကောင်းလှသည်။

“ အမှန်ပဲ အရင်ဆုံး စစ်ဆေးခြင်းကိုပြီးအောင်လုပ်ရမယ် ”ဟု အကြီးအကဲ

တစ်ယောက်က ပြောလိုက်သည်။

“ ဒါဖြင့် တိုက်ပွဲခွန်အားစာမေးပွဲကို စလိုက်ကြတာပေါ့ ”

ကမူးကရှူးဖြစ်နေသည့် အကြီးအကဲတစ်ဦးက “ ပြောရမယ်ဆိုရင် လုရီက အပြင်ဆောင်ဂိုဏ်း ပြိုင်ပွဲမှာ ချီအဆင့်၁၀ရှိတဲ့ ကျန့်ဖန်ကို နိုင်လောက်တဲ့ ခွန်အားကို ပြပြီးပြီဆိုတော့ မလုံလောက်သေးဘူးလား ”ဟုဇွတ်ပြောလာသည်။

“ နိုင်တာက နိုင်တာပဲ စည်းမျဉ်းစည်းကမ်းက စည်းမျဉ်းစည်းကမ်းမို့ ကျော်သွားလို့မသင့်ဘူး ”

ဆံဖြူနှင့် အကြီးအကဲတစ်ဦးက ဘဏ္ဍာစိုး ရှောင်အား

“ ရှောင် ဒီလိုဆိုရင် တိုက်ပွဲခွန်အား စစ်ဆေးခြင်းကို စလိုက်ရအောင် ” ဟု အမိန့်ပေးသည်။

ဘဏ္ဍာစိုး ရှောင်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ အကြီးအကဲ”

သူက လုရီီကို ပြုံးပြကာ

“ လုရီီ...မင်းရဲ့ စစ်ဆေးခြင်းအတွက် ပြိုင်ဘက်က ငါပဲ။ ပြောရရင် ဒီစာမေးပွဲရဲ့ စံနှုန်းက ကိုယ့်ရဲ့ ကျင့်စဉ်ထက် အနည်းဆုံး တစ်ဆင့် မြင့်တဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ပဲ။ ဒါပေမဲ့ မင်းကိုတော့ ငါ

ချီအဆင့်၁၀ ခွန်အားသုံးပြီး တိုက်မယ်။ ပြဿနာ မရှိဘူးမလား ”

လုရီ အသာ ပြုံးလိုက်ပြီး

“ သေချာပေါက် မရှိပါဘူး ”

“ ဒါဖြင့် အပြင်ဘက်က ကွင်းပြင်ကို

သွားမယ် ”

လုရီီ နာခံစွာ ခေါင်းညိတ်ကာ ဘဏ္ဍာစိုး ရှောင်နောက်သို့ လိုက်လာပြီး ခန်းမထဲမှ ထွက်သည့်အခါ သူ့နောက်ကနေ အကြီးအကဲ တစ်တန်းလိုက်ကြီးလည်း လိုက်ပါလာလေသည်။

လုရီသည် ဖရုံစေ့စားကာ ပွဲကြည့်နေ

ကြသည့် ဘေးရှိ ဂိုဏ်းသားများကို ကြည့်လိုက်ရာ အားကောင်းသည့် အရှိန်အဝါများထုတ်လွှတ်နေကြသည်ကို မြင်လိုက်ရသောကြောင့် အထင်ကြီးမိသွားသည််။

လူတိုင်းမှာ ခွန်အားကြီးသည့် ပုံ

ပေါက်သည့်အတွက် လင်းလောင် တောင်ထိပ်သို့ တပည့် ဂိုဏ်းသားအနေဖြင့် ဝင်လာလိုက်သည်မှာ တန်၏။

သူတို့နှစ်ယောက် ထွက်လာသည်ကို မြင်သည့် ဂိုဏ်းသားများမှာ ဘေးသို့ရွှေ့ကာလမ်းဖယ်ပေးကြသည်။

သူနှင့် ဘဏ္ဍာစိုး ရှောင်မှာလည်း မျက်နှာချင်းဆိုင်လျက် နေရာယူလိုက်သည်။

ရှောင်၏ လက််တွင် ချီအဆင့်၁၀ရှိ

ဝိဉာဉ်စွမ်းအင်တို့ ရစ်သိုင်းနေသော

ဓားရှည်တစ်လက် ပေါ်လာသည်။

သူက လုရီီကို ပြုံးကာ ပြော၏။

“အဆင်သင့် ဖြစ်ပြီလား”

ဝိဉာဉ်စွမ်းအင်တို့ လွှမ်းခြုံထားသည့် ရင်သပ်ရှုမောစရာ ဓားရှည်တစ်လက်ကို လက်က ကိုင်ထားသည့် လုရီီက ခေါင်းညိတ်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“ ဖြစ်ပါပြီ ”

ဘဏ္ဍာစိုး ရှောင်၏ မျက်လုံးတွင်အလင်းတန်းများ ဖြတ်ပြေးသွားပြီး ချက်ချင်းဆိုသလိုပဲ ချီဓားရှည်ဖြင့် လုရီီကိုချိန်ရွယ်လိုက်သည်။

သူက လုရီီထက် အားပျော့သော သာမန်ချီသန့်စင်နယ်ပယ် ၁၀ ကျင့်ကြံသူတစ်ယောက် ခွန်အားမျိုးဖြင့် စီးဆင်း

လေဓားရှည်သိုင်းကို အသုံးပြုသည်။

လုရီီအတွက်ဆိုလျှင် ထိုကဲ့သို့သောစွမ်းအားမှာ မထိခိုက်နိုင်ပေ။

သာမန် သာမန်ချီသန့်စင်နယ်ပယ် ၉ လူတစ်ယောက်သည် အဆင့်၁၀ လူကို အနိုင်ယူရန် လုံးဝမဖြစ်နိုင်ပေ။

အနိုင်ယူနိုင်ကြသူများမှာ မွေးရာပါ ပါရမီရှင်များသာ ဖြစ်ကြသည်။

အားပြင်းသော ဓား စိတ်ဆန္ဒကို သယ်ဆောင်ထားသော ဓားရှည်အား

ကိုင်ထားရင်း လုရီီ၏မျက်နှာမှာ တည်ငြိမ်နေသည်။ ဓားပတ်လည်၌ တိမ်ဖြူစွမ်းအင်များ ထုတ်ဖော်ရင်း ဓားအား ဘဏ္ဍာစိုးရှောင်ဆီ ခုတ်လွှဲလိုက်သည်။

တိမ်ဓားရှည်မှာ ရှောင်၏အရှေ့တွင်

ရုတ်ချည်းဆိုသလို ပေါ်လာသည်မို့ ပြင်းထန်သည့် ဓားစွမ်းအင်ကို ခံစားမိသည့် ရှောင်မှာ တောင့်တင်းသွားရသည်။

ဒီစွမ်းအားမျိုးနှင့်ဆိုလျှင် သူသာ

အမှန်တကယ်ချီအဆင့်၁၀ သိုင်းသမားလေးဆိုပါက သေသွားနိုင်သည်မလား။

အလိုအလျောက်ပင် ရှောင်က တိမ်ဖြူဓားရှည်အား အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် စွမ်းအားဖြင့် တားဆီးလိုက်သည်။

တိမ်ဖြူဓားရှည် ပျောက်ကွယ်သွားသည်နှင့် ရှောင်က မကောင်းသည့် လေများကိုရှူထုတ်လိုက်ကာ တုန်လှုပ်နေမိ၏။

“ လုရီ..တိုက်ပွဲခွန်အားစစ်ဆေးခြင်း အောင်မြင်တယ် ”

ဘေးနားရှိ အကြီးအကဲတို့မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည့် တိမ်များအားကြည့်နေကြသည်။

ကောင်လေး၏ ခွန်အားအား သိပြီးကြသော်လည်း အခုမှ မျက်မြင် တွေ့လိုက်ရ

သည့် တပည့် ဂိုဏ်းသားများမှာ အကြီးအကျယ် ကြောင်အကုန်ကြသည်။

“ ဓား စိတ်ဆန္ဒနဲ့ တွဲနေတဲ့ စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း တိမ်ဖြူဓားရှည်သိုင်းပါလား။ အငယ်တန်းညီကိုလုက

တကယ့်ကိုကြောက်စရာပဲ ”

“ အငယ်တန်းညီကိုလုက သိပ်

အသက်မကြီးသေးဘူး။ ငါတော့ သူစီနီယာအစ်မလျိုနင်ရွှမ်းလို လူမျိုး ဖြစ်လာမလားလို့ သိချင်မိသေးတယ် ”

“ မတူဘူးမလား။ စီနီယာအစ်မက မွေးရာပါ ရေခဲဝိဉာဉ်ခန္ဓာနဲ့ မွေးဖွားလာတာ။ အငယ်တန်းညီကိုလုရဲ့ နားလည်တတ်မြောက်ခြင်းက အားကောင်းတယ်ဆိုရင်တော့ အစ်မရဲ့ ကျင့်ကြံရေးပါရမီကိုတော့ မလိုက်နိုင်လောက်ဘူး ”

“ ဘာပဲဖြစ်ဖြစ် သူ ငါတို့ လင်းလော်တောင်ထိပ်ကို ဝင်လာတယ်ဆိုတော့ ငါတို့တောင်ထိပ်က ထူးချွန်သူ နောက်တစ်ယောက် ရလိုက်တာပဲ ”

“ ဒါက ဆယ်နှစ်စာလောက် လိုမယ်၊ အငယ်တန်းညီကိုလု ဘယ်အချိန်လောက်

ရွှေအူတိုင် နယ်ပယ် တက်လှမ်းနိုင်မလဲ ဆိုတာပဲ ပြောရအောင် ”

“ ဟားဟားဟား အမှန်ပဲ။ သူ့ အရင်က ရောက်လာတဲ့ စီနီယာတွေအနေနဲ့ အငယ်တန်းညီကို လုရီကို ငါတို့ စောင့်ရှောက်ရမယ် ”

“ စောင့်ရှောက်ရမှာပဲ မဟုတ်ဘူးလား ”

“စကားပြောတာ ၊ရပ်လိုက်တော့၊ စနေပြီ”

ထိုအချိန်မှာပဲ နန်းကုန်းမိုယွီမှာ စိတ်အားပြင်းပြနေသည့် အကြီးအကဲများကိုကြည့်ပြီး ပွဲကြည့်ဖို့ စိတ်အားထက်သန်နေသည်။

ဒါကို မြင်သည့် အခြားသော ဂိုဏ်းသားများကလည်း ပျော်ရွှင်စွာ ပွဲကြည့်ဖို့ အဆင်သင့်ဖြစ်နေကြသည်။

တိုက်ပွဲခွန်အား စစ်ဆေးမှု အောင်မြင်သွားသည့်အခါ ဘဏ္ဍာစိုးး ရှောင်က လုရီီကို ပြုံးပြလိုက်ပြီး

“ လုရီ မင်းက တောင်ထိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားပြီဆိုတော့ လင်းလောင် တောင်ထိပ်ကို ဝင်ဖို့သေချာသွားပြီလား ”

လုရီီက ခေါင်းညိတ်ပြီး ပြုံးကာ

“ သေချာပါတယ် ”

“ ဒီလိုဆိုရင် ဒီနေ့ကစပြီး မင်းဟာ

လင်းလောင်တောင်ထိပ်ရဲ့ တပည့်ဂိုဏ်းသားတစ်ဦး ဖြစ်သွားပြီ။ အကြီးအကဲတွေဆီက လမ်းပြမှုကို ခံယူနိုင်သလို တစ်ယောက်တည်းလည်း ကျင့်ကြံနိုင်တယ်။ ကျင့်ကြံရေးလမ်းမှာ အခက်အခဲတစ်ခုခုရင်ဆိုင်ရရင် အကြီးအကဲတွေဆီက လမ်းညွှမ်မှုကို တောင်းခံနိုင်ပြီး ဂိုဏ်းအမှတ်တွေတော့ လိုလိမ့်မယ် ”

လုရီီက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ ကျွန်တော်နားလည်ပါတယ် ”

ထိုစကားကို ကြားလိုက်ရသည့် အကြီးအကဲများသည် လုရီီဘေးသို့ ချက်ချင်း ဝိုင်းလာကြသည်။

“ လုရီ ငါ့ဆီလာခဲ့၊ မင်းကို တိုက်ရိုက်အထူးတပည့်အနေနဲ့ လက်ခံပြီး လိုသမျှ ကျင့်ကြံရေးရင်းမြစ်တွေ ထောက်ပံ့ဦးမယ် ”

“ ကောင်လေး ငါ့ဆီဝင်ခဲ့ရင် ထူးခြားတဲ့

ကျင့်ကြံရေး စွမ်းရည်ဖြစ်တဲ့ နတ်ဘုရားအသွင် ပြောင်းလဲခြင်း စွမ်းရည်ကို သင်ပေးမယ် ”

“ ကလေး.. မင်းက ဓားစိတ်ဆန္ဒကို တတ်မြောက်ပြီးပြီဆိုတော့ ဒီအဘိုးကြီးဆီ လာကွ၊ မင်းရဲ့ ဓားစွမ်းအင် တိုးတက်ဖို့အတွက် ငါ့ရဲ့ ဓားနှစ်လက် နားလည်သဘောပေါက်မှုကို အမွေပေးမယ် ”

စျေးထဲကို ရောက်နေသလို တစ်ယောက်တစ်ပေါက်နှင့် အကြီးအကဲတို့၏ အသံများမှာ လုရီီအား ခေါင်းကိုက်စေ၏။

...အား...အကြီးအကဲတွေကြားမှာ အရမ်းရေပန်းစားတာကို ဘယ်လို ကိုင်တွယ်ရမလဲ။

အခုချက်ချင်း အွန်လိုင်းကနေ ရှာကြည့်ဖို့လိုပြီ။...

ထိုအချိန်မှာပဲ အသံပြတ်ပြတ် တစ်ခု ထွက်ပေါ်လာ၏။

“ အကြီးအကဲတို့ တောင်ထိပ်အရှင်သခင်က အငယ်တန်းညီကို လုကို တွေ့ဖို့ ကြွရောက်လာပါတယ် ”

ထိုအသံကို ကြားသည့် လုရီီကို ခေါ်ဖို့ ကုန်စိမ်းရောင်းသလို အော်ဟစ်ဆူညံနေကြသော အကြီးအကဲများမှာ စျေးဗန်းများသိမ်းလိုက်သည့်နှယ် တိတ်ဆိတ်သွားကြလေသည်။

---------------

အခန်း၄၂ -မွေးရာပါ ဝိဉာဉ်ခန္ဓာကိုယ်...

~အသံကြားရာ နေရာသို့ လုရီီ ခေါင်းလှည့်လိုက်ရာ တောင်ထိပ်ဝင်ခွင့် စာမေးပွဲခန်းမနားတွင် ရပ်နေသော မိန်းမငယ်တစ်ဦးကို မြင်လိုက်ရသည်။

ဆံပင်မည်းကို ကျစ်ဆံမြီး နှစ်ခုချည်ထားပြီး မျက်လုံးကြီးကြီး၊ ချယ်ရီသီးကဲ့သို့ ရွှန်းစိုနေသောနှုတ်ခမ်းသေးသေး၊ နှာတံ

မြင့်မြင့်၊ ပါးဖောင်းဖောင်းရှိသော မိန်းကလေးမှာ သူမတူအောင် ချိုမြိန်ကြည့်ကောင်းသော အလှရှိသည်။

သတိပြုစရာ အကောင်းဆုံး တစ်ချက်မှာ သာမန်မျက်ဆံနက်တွေ မဟုတ်ဘဲ

ခရမ်းနုရောင်မျက်လုံးတွေပင်။

ခရမ်းနုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့်မိန်းက‌လေးက ဆန်းကြယ်သည့် လက်ရာလေးလိုပင်။

လုရီီ အံ့ဩသွားရ၏။ သူတွေ့ဖူး သမျှ မိန်းကလေးထဲ၌ ဒီမိန်းကလေးမှာ စီနီယာအစ်မ လျိုနင်ရွှမ်းပြီးလျှင် ဒုတိယမြောက်အလှဆုံးဖြစ်သည်။

လုရီီ စိတ်ထဲကနေ ပြောနေတုန်းမှာပဲ အကြီးအကဲအချို့က ထိုမိန်းကလေးအား လှည့်ကြည့်ကြသည်။

ဆံဖြူ အကြီးအကဲတစ်ယောက်က ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်ကာ

“ ဟားဟားဟားဟား မင်ယွဲ့၊

တောင်ထိပ်သခင်က လုရီကိုခေါ်ဖို့ လွှတ်လိုက်တာလား ”

ရှေ့က သူတို့ပြောခဲ့သမျှကို မကြားပါစေနဲ့ ဆိုသောမျှော်လင့်ချက်များဖြင့် အကြီးအကဲအားလုံးက ထိုမိန်းကလေးအား ကြည့်နေကြသည်။

ထိုအခါ ကောင်မလေးက ပါးပေါ်ရှိ ပါးချိုင့်လေးပေါ်လာသည်အထိ ပြုံးပြီး ဖြည်းညင်းစွာ ခေါင်းညိတ်သည်။

“ ဟုတ်ပါတယ် အကြီးအကဲပိုင်လျူ။ ကျွန်မ ဒီကို တောင်ထိပ်သခင်ရဲ့ အမိန့်အရရောက်လာတာပါ ”

အကြီးအကဲများ ဆွံ့အသွားကြသည်။

မျက်နှာများမှာ တောင့်ခဲသွားကြသည်။

တစ်ယောက်ယောက်က အဖိုးတန်ရတနာကို လုယူသွားသလို မျက်နှာထားမျိုး ဖြစ်နေကြသည်။

လုရီ စိတ်ထဲ နည်းနည်းတော့ ထူးဆန်းသွား၏။

တောင်ထိပ်သခင်က သူ့ကို တပည့်အနေနဲ့ ခေါ်ချင်တယ်ပေါ့လေ။

ဘယ်လောက်တောင် ပြောင်မြောင်လိုက်လဲ။

တိမ်ဖြူတစ်ဂိုဏ်းလုံးတွင် လင်းလောင် တောင်ထိပ်သခင်သည် သူ၏ ရင်သပ်ရှုမောဖွယ်ရာ အရည်အချင်းများကြောင့် သမိုင်းတွင်နာမည်ကြီးသည်။

ထိုလို အကောင်ကြီးမျိုး၏ တပည့်ဖြစ်ရသည်မှာ သေချာပေါက်ကို ကောင်းသည့်အရာပင်။

မျှော်လင့်ထားသလိုပင် ရုပ်ရည် ချောမောသော အခြေတည် ဝိဉာဉ် နယ်ပယ်အကြီးအကဲတစ်ဦးက မပြုံးချင်ပြုံးချင်

ပြုံးကာ ဆိုလာသည်။

“ တောင်ထိပ်သခင်က လုရီီကို တွေ့ချင်တယ်ဆိုတော့လဲ ကျုပ်တို့တွေ ဘေးဖယ်နေကြတာပေါ့ ”

သုန်ဝမ်လျန်ကလည်း လက်တွင်ကိုင်ထားသော ကျောက်စိမ်းပုလွေကို ခါးတွင် ချိတ်ကာ ခြောက်ကပ်ကပ် ရယ်လိုက်သည်။

“ တောင်ထိပ်သခင်ရဲ့ ဆန္ဒက အရေးအကြီးဆုံးပါပဲ ”

“ ဒါပေါ့ သေချာတယ် ”

“ ဒီလိုဆို လုရီ..မင်း လိုက်သွားပါ”

ဟန်ဆောင်ပြုံးထားကြသော အကြီးအကဲများမှာ တစ်ယောက်ပြီးတစ်ယောက် ဘေးသို့ ဖယ်ကုန်ကြသည်။

သူတို့၏ ငိုတော့မလိုတောင့်ခဲနေသော မျက်နှာအမူအရာများကို တွေ့နေရသည့်

လုရီီခမျာ သနားစိတ်ကလေးတောင် ဝင်သွားရသည်။

ကြည့်ရတာ လင်းလောင် တောင်ထိပ်သခင်ကတော့ တကယ့်အကြီးဆုံးခေါင်းကြီး ပါပဲ။ အခြေတည် ဝိဉာဉ်အဆင့်အကြီးအကဲတွေတောင် လွယ်ကူနေပုံမပေါ်ဘူး။

သူက ပြုံးကာ ပြောလိုက်ပါ၏။

“ လေးစားရတဲ့ အကြီးအကဲတို့က အခုလို ကြင်နာပေးကြတဲ့အတွက် ကျေးဇူးအထူးပါ။ တောင်ထိပ်သခင်က အမိန့်ရှိတဲ့အတွက် ကျွန်တော်စီနီယာအစ်မနဲ့အတူ လိုက်သွားလိုက်ပါဦးမယ် ”

လုရီီသည် ယဉ်ကျေးလိမ္မာသော အပြုအမူကြောင့် အကြီးအကဲအချို့၏ မျက်နှာမှာ နူးညံ့သွားရသည်။

“ ဒါဆိုလည်း သွားပါ ”

“ ကောင်လေး မင်းက မရွေးချယ်ခဲ့ရင်တောင် ကျုပ်ရဲ့ကမ်းလှမ်းမှုက အရင်အတိုင်းပဲ ဓားနှစ်လက်သိုင်းကို အချိန်မရွေး လာဆွေးနွေးလို့ရပါတယ် ”

“ ဟားဟားဟား ငါ့ရဲ့ထူးခြားတဲ့ သိုင်းပညာနည်းစနစ်တွေကို လက်ဆင့်ကမ်းမပေးနိုင်တော့ပေမဲ့ ကျင့်ကြံရေးမှာ အခက်အခဲတစ်ခုခုရှိရင် အချိန်မရွေးလာမေးနိုင်ပါတယ် လုရီ ”

တစ်ယောက်ပြီး တစ်ယောက်ပြောလာကြသည့် အကြီးအကဲတစ်ဦးချင်းစီအား လုရီကျေးဇူးတင်စကားပြောရင်း လင်းလော်တောင်ထိပ်ကလူတွေ ဘယ်လောက်ကောင်းကြောင်း တွေးနေမိသည်။ သူဒီလိုနေရာမျိုးကို ကြိုက်၏။

လုရီီက ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေးဆီသွားလိုက်ရာ မိန်းကလေးက

နှိုးဆော်၏။

“ အငယ်တန်းမောင်လေး လုရီ သွားကြရအောင် ”

လုရီီက အပြုံးတစ်ခုဖြင့် ပြန်ပြော၏။

“ လမ်းပြခေါ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

“ တောင်ထိပ်သခင်ရဲ့ အမိန့်မို့ ကိစ္စမရှိပါဘူး ”

ကျစ်ဆံမြီးနှစ်ဖက်နှင့် မိန်းကလေးကပြောရင်း ခန်းမတစ်လျှောက်ရှိ ကျောက်ခြေနင်းများပေါ် ဦးတည်သွားသည်။

ထွက်ခွာသွားသည့် လုရီီနှင့် မိန်းကလေးကိုကြည့်ပြီး ကျန်ခဲ့သော အကြီးအကဲအုပ်စုမှာ ခေါင်းကိုက်သွားကြသည်။

လှပသော အကြီးအကဲတစ်ဦးက သက်ပြင်းချကာ

“ အမယ်လေးနော်.. တောင်ထိပ်သခင်က ဘာလို့ ငါတို့အတွက် ပါရမီရှင် တစ်ယောက်လေးတောင် ချန်ထားမပေးတာလဲ ”

ထိုအခါ

“ ဟုတ်တယ်၊ အခုဆို လျိုနင်ရွှမ်းနဲ့

သုန်းကုန်းမင်ယွဲ့နှစ်ယောက်တောင်ရှိပြီ။ နှစ်ယောက်လုံးကလည်း မွေးရာပါ ဝိဉာဉ်ခန္ဓာကိုယ်တွေနဲ့ … ”

ဟု သုန်ဝမ်လျန်မှာ မကျေနပ်သည့်အကြည့်ဖြင့် ပြော၏။

အကြီးအကဲ လူအိုကြီးတစ်ဦးက ခေါင်းကိုခါကာ

“ ကောင်းပြီ တော်လိုက်ကြတော့။ တောင်ထိပ်သခင်က လုရီီကို တန်ဖိုးထားတာ ကောင်းတဲ့အရာပဲ။ ရိုးရိုးသားသားပြောရရင် လုရီီလို နားလည်တတ်မြောက်မှုနဲ့ဆိုရင် ကျုပ်တို့ သင်ပေးနိုင်တာ သိပ်မရှိဘူး။ တောင်ထိပ်သခင် နောက်သာလိုက်မယ်ဆို အောင်မြင်မှုတွေ ပိုရမှာ သေချာတယ်”

အကြီးအကဲ အများစုမှာ တိတ်ဆိတ်သွားပြီး ဘာမှ ထပ်မပြောတော့ချေ။

အကြီးအကဲကြီး ပြောသွားသည်မှာ မှန်သည်ဆိုတာ သူတို့ သိ၏။

“ကဲ... ကဲ.. ပြန်ရအောင်၊ ပြန်ကြရအောင် ”

အကြီးအကဲအများအပြားဟာ ကိုယ့်ကိုယ်ကို အလင်းတန်း အသွင်ပြောင်းလဲကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

အကြီးအကဲတွေ မရှိတော့သည့်အတွက်

ကြည့်စရာမရှိတော့သည်မို့ ဂိုဏ်းသားများကလည်း မနေတော့။

“ ပြန်ပြီး ကျင့်ကြံတော့မယ်”

“ သေစမ်း။ လင်းလောင် တောင်ထိပ်မှာ နောက်ထက် ပါရမီရှင်က ပေါ်ပြန်ပြီ။ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ထင်ထားပါတယ်ဆိုမှ ဒီနေရာက တော်တော် ခက်ခဲတာပဲ”

“ ဟုတ်ပ။ မြန်မြန်ပြန်ပြီး ကျင့်ကြံရေး

စရအောင်။ အနည်းဆုံးတော့ အဲ့မကောင်းဆိုးဝါးလေး လုရီ အများကြီးကျော်တက်တာ မခံကြရအောင် ”

“ အခုအချိန်ကစပြီး ငါ့ရဲ့ အားလပ်ချိန်တွေအားလုံးကို ကျင့်ကြံရေးနည်းစနစ်တွေအတွက်ပဲ သုံးတော့မယ် ”

“ သေစမ်း။ မင်းက လူရော ဟုတ်ရဲ့လား။ ဒီလိုသာဆိုရင် ငါလည်း သိုင်းစနစ်တွေကို နားလည်ဖို့ အချိန်ပိုပေးမှပဲ ”

“… ဆိုတော့ မင်းတို့က ဒီလိုပြိုင်ချင်တယ်ပေါ့။ ဒါဆို ငါလည်း ကျင့်ကြံရေးလုပ်တာကလွဲရင် ရွေးချယ်စရာမရှိတော့ဘူး ”

အပြိုင်အဆိုင် ကျိန်ဆဲနေကြသည့် ဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားရင်း ကျင့်ကြံရေးကို ပိုမိုအားစိုက်ထုတ်ဖို့ အားသန်နေကြသည်။

တောင်တန်းလမ်းမထက်ရှိ စီနီယာအစ်မနောက်မှ လိုက်လာသော လုရီီမှာ လမ်းကိုဖြည်းဖြည်းချင်းလျှောက်ရင်း အပေါ်သို့တက်နေရသည်။

လမ်းတစ်လျှောက်တွင် စီနီယာအစ်မက

လုရီအား ပြုံးပြကာ ပြောသည်။

“ငါ့နာမည်က သုန်းကုန်းမင်ယွဲ့၊ နင်က လုရီီမလား။ အကြီးအကဲအများကြီးက တပည့်အနေနဲ့ခေါ်ဖို့ လုပ်နေပုံထောက်ရင် အရည်အချင်းက တော်တော်လေး အထင်ကြီးစရာကောင်းမယ့့် ပုံပဲ ”

“ ဆိုတော့ ဒါက စီနီယာအစ်မ သုန်းကုန်းပေါ့ ”

လုရီက ရိုကျိုးစွာ ခေါ်ဝေါ်သည်။

“ အငယ်တန်းမောင်လေးရဲ့ အရည်အချင်းက ပုံမှန်ပါပဲ။ အကြီးအကဲတွေက သဘောကျသွားလို့ပါ။ စီနီယာအစ်မရဲ့ အရည်အချင်းကတော့ အတော်လေးမြင့်မှာပဲနော် ”

ဒါကိုကြားသည့် သုန်းကုန်းမင်ယွဲ့၏ နှုတ်ခမ်းတွေဟာ တွန့်ချိုးသွားပြီး မျက်နှာမှာ ဂုဏ်ရောင် လက်လာကာ ခေါင်းကို အနည်းငယ် လှုပ်ရင်း ပြောသည်။

“ သေချာတာပေါ့။ ကျွန်မက မွေးရာပါ မိုးကြိုးဝိဉာဉ်ခန္ဓာကိုယ်နဲ့ မွေးလာတာလေ။ စီနီယာ လျိိုနင်ရွှမ်းလိုပဲ နှစ်ယောက်လုံးမှာ အင်အားကြီးပြီး အထင်ကရဖြစ်စေမဲ့ မွေးရာပါ ခန္ဓာကိုယ်တွေရှိတယ် ”

“ မွေးရာပါ မိုးကြိုးဝိဉာဉ်ခန္ဓာကိုယ် ဟုတ်လား ”

လုရီီ အံ့ဩမှုဖြင့် သုန်းကုန်းမင်ယွဲ့ကို ကြည့်ကာ မေးလိုက်သည်။

သူ အမှန်တကယ် အံ့ဩသွားရသည်ပင်။

ဒီကမ္ဘာကြီးတွင် လူတိုင်းက ညီတူညီမျှမွေးဖွားမလာပေ။

တချို့မှာ ကျင့်ကြံရေးအတွက် ပါရမီပါလာကြပြီး အချို့မှာ သာမန်သေမျိုးများ ဖြစ်နေကြသည်။

ကျင့်ကြံရေး ပါရမီပါသည့် သူများတောင် တစ်ယောက်နှင့်တစ်ယောက် မတူပေ။

ပါရမီအရှိဆုံးလူများမှာ သေချာပေါက် ထူးခြားသည့်ခန္ဓာကိုယ်နှင့် မွေးရာပါလက်ဆောင်များရှိပြီး အစစ်အမှန်ပါရမီရှင်များပင်ဖြစ်သည်။

ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင်

မွေးရာပါ ဝိဉာဉ်ခန္ဓာကိုယ်မှာ ချွင်းချက်မရှိ အားကြီးကာ ထူးခြားသည့် ဖွဲ့စည်းတည်ဆောက်ပုံကို ပိုင်ဆိုင်သည်ဟု နာမည်ကြီးသည်။

ထိုသို့သော် လူများမှာ ကံခေခြင်းဖြင့် ထိပ်တိုက် မကြုံတွေ့ရသရွေ့ ဟင်းလင်းဥမင်လောကသို့ ရောက်ဖို့သေချာသည်။

ထို့အပြင် ပေါင်းစည်းခြင်း၊ မဟာယန

အဆင့်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေးများရှိသည့်အပြင် မသေမျိုး အဆင့်သို့ ဆင်းရဲဒုက္ခဖြတ်သန်းခြင်း အဆင့်သို့ပင်

မရောက်နိုင်စရာ မရှိ။

လျိုနင်ရွှမ်းတွင် မွေးရာပါရေခဲဝိဉာဉ်ခန္ဓာကိုယ် ရှိသည်ဟူသော သတင်းများထွက်သော်လည်း အတိအကျ မသိရပေ။

ဒီစီနီယာအစ်မတွင်လည်း မွေးရာပါစိတ်

ဝိဉာဉ်ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု လုရီ မထင်ထားခဲ့ပေ။

တကယ့်ကို ပါရမီရှင်တွေပါလားဟ။

သူ၏အရည်အချင်းမှာ သာမန်သာဖြစ်သည်မို့ အနည်းငယ် အားကျမိသည်ကို လုရီ ဝန်ခံရမည်။

သူ အားကျစွာ ဆိုလိုက်၏။

“ စီနီယာအစ်မ သုန်းကုန်းရဲ့ အရည်အချင်းက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ စီနီယာအစ်မကလည်း

လင်းလောင် တောင်ထိပ်သခင်ရဲ့ တပည့်တစ်ဦးပဲလား ”

လုရီ နည်းနည်းတော့ သိချင်မိသည်။

လင်းလောင် တောင်ထိပ်သခင်က တပည့်အဖြစ်ခေါ်ယူသည်ဆိုသည်မှာ ကိစ္စအကြီးကြီးဖြစ်သည်။ လျိုနင်ရွှမ်းကို တပည့်အဖြစ်လက်ခံတုန်းကဆိုလျှငိ တိမ်ဖြူတစ်ဂိုဏ်းလုံးသိကြပြီး ဒုတိယ မြောက်တပည့်ရှိသည်ကိုတော့ သူဘယ်ကြောင့် မကြားဖူးနေရသနည်း။

ဒါကိုကြားသည့် သုန်းကုန်းမင်ယွဲ့၏ အပြုံးများမှာ ခဲသွားရသည်။ သူမက စိတ်ပျက်လက်ပျက်နှင့်ပြော၏။

“ ဘယ်လိုလုပ် လွယ်ကူမှာလဲ။ လင်းလောင်တောင်ထိပ်သခင်မှာ တပည့်အနေနဲ့

လက်ခံဖို့ ထူးခြားတဲ့ လိုအပ်ချက်တွေ ရှိတယ်။ ကျွန်မကတော့ အဲ့ဒီလိုအပ်ချက်တွေ မပြည့်မီသေးဘူး ”

-------------

All Chapters